မန္တလေးစတိုင် Food Review အပိုင်း (၂)

"ရှည်ရှည်ဝေးဝေးမပြောချင်ဘူး။ စားဖို.သောက်ဖို.ထွက်မယ်။ အရသာရှိရင် ရှိမယ်၊ မရှိရင်မရှိဘူး။ ရင်ပြည့် ရင်ကယ် ဖြစ်ချင် ဖြစ်မယ်။ ဗိုက်လေးမယ်။ အခန်.မသင့်ရင် ဝမ်းပျက် ဝမ်းလျှောဖြစ်မယ်။ ကံမကောင်းရင် အစာအဆိပ်သင့်ပြီး အထက်လှန် အောက်လျှောနဲ. အသက်ဆုံးရှုံးမယ်။ အားလုံး အသင့်ပြင်ထားကြ။ "

အဲဒါက စစ်ထွက်မိန်. ပါ။ အားလုံးအဆင်သင့်ပြင်ဆင်ထားကြပါတယ်။ comfortable ဖြစ်တဲ့ အင်းကျီ၊ သိပ်မကျပ်တဲ့ ဘောင်းဘီ ရှော့ပင် (ဆိုင်က လက်ဖက်ရည်ဆိုင်လို ခုံပုလေးတွေနဲ.ဆိုတော့ မီနီစကပ်ဝတ်ပြီးသွားထိုင်ရင် ပွဲကြီးပွဲကောင်းဖြစ်သွားမယ်) ဝတ်ထားတယ်။ အင်းကျီက ချောင်မှဖြစ်မယ်။ ပြီးမှ ဗိုက်ထွက်လာရင် မမြင်ရမှာ။ အတိုချုံးရမယ်ဆိုရင်တော့ ဒီလိုနဲ.ပဲ နွယ်နီလင်းရယ်၊ ကောင်းသူဝင်းရယ်၊ ပုံ.ပုံ.ရယ်၊ ကိုယ်ရယ် မန္တလေးစတိုင် ဆိုင်ကို ချီတက်သွားကြတယ်ဆိုပါစို.။

၆နာရီခွဲလောက်ရောက်သွားတော့ ဆိုင်ကလူတွေပြည့်နေတယ်။ ၁၀မိနစ်လောက်စောင့်လိုက်တော့ နေရာရသွားတယ်။ အစားအသောက်ချပေးတာ မြန်ပါတယ် (အင်းလေးနဲ. ကွာချက်)။ မှာတာတွေကတော့
  • ငါးကင်
  • မာလာဟင်း
  • ပေါက်စီအလွတ်
  • ဝက်ခြေထောက်စွပ်ပြုတ်
  • အကင်အစုံ တမျိုး ၂ကင်စီ
  • ထမင်းအလွတ်တပွဲ 
  • ဘီယာတဂျား
စွပ်ပြုတ်အရင်ရောက်လာတယ်။ အရင်တခါထက်ပိုကောင်းပါတယ်။ ချဉ်စပ်ကလေး။ အကျယ်ချဲ့ပြီးမပြောတော့ဘူး။ ပြီးတော့ မာလာဟင်း။ ဒီနှစ်ခုကတော့ ၂ခါစားတာ ၂ခါလုံးကြိုက်ပါတယ်။ မြည်းဖြစ်အောင်မြည်းကြည့်ကြပေါ့။ ကိုယ်က ငါးကင်ကို အဓိက စောင့်နေတာ။ သိပ်မကြာပါဘူး။ ရောက်လာတယ်။ ငါးကင်ပုံစံက စားချင်စရာလေး။ သိသိသာသာ အနံ.မွှေးတယ်။ မရတာ ကြာတဲ့ အနံ.။ ငါးထဲက အစာသွပ်ထားတဲ့ အစာတွေက နံတဲ့ အနံ.။ မန္တလေးနံ.။  ငါးကင်ကို မမြည်းကြည့်ခင် အထဲက အစာကို အရင်မြည်းကြည့်လိုက်တယ်။ အမလေး မန္တလေး ငါးကင်စစ်ပါတယ်။ ဒီအရသာကို မစားရတာ ခြောက်နှစ်တောင်ရှိပြီ။ 

မန္တလေးကျုံးဘေးမှာ တွန်းလှည်းလေးတွေနဲ. ရောင်းတဲ့ အကင်ဆိုင်လေးတွေရှိတယ်။ ဘီယာတွေဘာတွေမရဘူး။ အအေးလေးနဲ. တွဲရောင်းတာဆိုတော့ မိန်းကလေးထိုင်လို.ကောင်းတယ်။ ၂၆ဘီလမ်း ကျုံးဘေးလေးမှာ ပလတ်စတစ်ခုံလေးတွေနဲ.ထိုင်ပြီးတော့ စားရတယ်။ စားပွဲမပေးဘူး။ ပန်းကန်ကို ကိုယ့်ဟာကိုယ်ကိုင်ပြီးစားရတာ။ မကျီးသီးချဉ်လေးနဲ.။ အရမ်းစားလို.ကောင်းတယ်။ ကျုံးကလေလေးတဖြူးဖြူးနဲ.။ ရွှေခိုင်တို.လို ဆိုင်ကြီးတွေက ကောင်းပေမယ့် ဘီယာနဲ.တွဲရောင်းတော့ ကိုယ်က မသွားချင်ဘူး။ အရက်သမားများတယ်ပေါ့လေ။ စားနေကျ ကောင်းတဲ့ဆိုင် ၂ ဆိုင် ၃ ဆိုင်ပဲ ရှိတယ်။ တလားပီးယား ငါလတ်လတ် တွေကို ကင်ရောင်းတာ။ ငါးတွေက နည်းတာ မဟုတ်ဘူး တကောင် တကောင်ဆို အကြီးကြီးပဲ။ ကိုယ်ဆို ၂ ကောင်တောင်စားတာ တခါစားရင်။  အစကတော့ စင်္ကာပူမှာ အဲလိုမျိုး လုပ်ကျွေးတတ်တဲ့သူရှိရင် လူတောင်သတ်ပေးမယ် လို.ကိုယ်ပြောဖူးတယ်။ ခုတော့ လူသတ်စရာ မလိုတော့ဘူးပေါ့။ ဟီး။

ကဲကဲ ပြန်စပါမယ်။ အစားအသောက် အကြောင်း။ ငါးကင်ကကောင်းပါတယ်။ လေးလေးပင်ပင်နဲ.။ ဘယ်လောက်ဈေးကြီးတဲ့ စလုံးဆိုင်မှာပဲ စားစား အဲလိုအရသာကို ရမှာမဟုတ်ဘူး။ ငါးကနဲနဲလေး ခြောက်သလို ခံစားရတယ်။ Moisure သိပ်မရှိဘူး။ စလုံးက ငါးတွေအရသာမရှိတာလဲ ပါပါလိမ့်မယ်။ ပြောဖူးတဲ့ အတိုင်း စလုံး အစားအစာလတ်တယ်ဆိုတာ မြန်မာပြည်က အပုပ်လောက်တောင် အရသာရှိတာမှ မဟုတ်တာ။ ဒီလိုနေရာက ငါးကို ဒီလောက်ကောင်းအောင်ချက်တတ်တယ်ဆိုတာ ချက်တဲ့လူကို တော်တော်ချီးကျူးရမယ်။

မှာထားတဲ့ အကင်တွေကလည်း တခုပြီးတခုရောက်လာတယ်။  ကြက်ဖင်ဆီဖူးကို အရမ်းသဘောကျတယ်။ Ar fa တို.က ရိုမန်.တစ် သမားထင်တာပဲ။ ကြက်ဖင်ဆီဖူးကိုတောင် အသည်းပုံလေးဖြစ်အောင်လုပ်ပြီး ကင်ထားတာ။ ဟီးဟီး။ နောက်ပြီးတော့ ငုံးဥကင်၊ မပါမဖြစ် ရုံးပတီသီးကင်၊ ကြက်အသည်းအမြစ်ကင် (မီနူးထဲမှာတော့  နှစ်လုံးကင်လို.ရေးထားတယ်)၊ ဝက်နံရိုးကင်နဲ. ဝက်ခေါက်ကင်။ အကင်အရသာကတော့ နည်းနည်းပိုလေးသလိုပဲ။ ကိုယ့်ပါးစပ်နဲ.တော့ ကိုက်ပါတယ်။ ကောင်းသူဝင်းက တော့ ဝက်ခြေထောက်စွပ်ပြုတ်ချဉ်စပ်ကလေး သောက်လိုက်၊ ငါးကင်လေးဖဲ့လိုက်၊ ဖင်ဆီဖူးလေးကိုက်လိုက်၊ ဘီယာလေးတကျိုက်ကျိုက်လိုက်နဲ. တော်တော်ကောင်းနေတယ်။ စားရင်းစားရင်းနဲ. မလောက်လို. ဝက်ခြေထောက်စွပ်ပြုတ်တပွဲနဲ. မာလာဟင်းတပွဲ ထပ်မှာရတယ်။
ကိုယ့်မှာ ဓါတ်ပုံရိုက်ချင်တာကို ကောင်းကောင်းမရိုက်ရဘူး။ အားလုံးက အပီဆွဲတဲ့လူတွေချည်းပဲဆိုတော့ ကိုယ်ဓါတ်ပုံရိုက်နေတုန်း အားလုံးကုန်သွားမှာစိုးလို. ကင်မရာအသာချပြီး အသကုန်တီးရတယ်။ စိတ်ကြိုက် အသေအချာ မရိုက်ခဲ့ရဘူး။  စားတာကတော့ ဝက်ဝက်ကွဲပဲ။ ပြီးလည်းပြီးရော ထတောင် မထနိုင်ဘူး ဗိုက်ကလေးပွေ.ပြီး ၁၅ မိနစ်လောက်ထိုင်နေရတယ်။

စားသောက်ပြီးတော့ ဗိုက်ပေါ့သွားအောင် ထုံးစံအတိုင်း ဒူးရင်းသီးနားလမ်းလျှောက်ထွက်ကြစို.ဆိုပြီးတော့ လမ်း ၅ မိနစ်လောက်လျှောက်ပြီးသကာလ မြစ်နားမှာ ၁နာရီလောက်ထိုင်ပြီး အာလူးတွေဖုတ်ကြတယ်၊ အတင်းတွေတုတ်ကြတယ်။ ၁၀နာရီလောက်မှ ပြန်ကြမယ်ဟေ့ဆိုတော့ နာမည်အသစ်နဲ.နွယ်နီလင်း (ခေါ်) ကီးကြောင် က လူလည်မလုပ်ပြီး သွားနေကျ ဖူလတန် ဟိုတယ်ဘက်ကမသွားဘဲနဲ. ဘုတ်ကီး (boat quey) ဘက်က သူသွားတတ်တယ် ဆိုပြီး ခေါ်သွားပါတယ်။ ဖတ်ဖတ်မော လမ်းလျှောက်ပြီးတော့မှ မသိတော့ဘူးဆိုတော့ ပြန်ပတ်ပြီး ဖူလတန်ဟိုတယ်ဘက်ကနေ Raffel City MRT ကိုပြန်ပြီးလမ်းလျှောက်လာရတယ်။ မောလိုက်တာ မပြောနဲ. ဗိုက်ကပေါ့ရုံတင်မက ချောင်ပြီး ပြန်တောင် ဆာသလိုလိုဖြစ်သွားတယ်။  ဓါတ်ပုံတွေတင်ပေးလိုက်ပါတယ်။း)

ငါးကင်၊ ဒီပွဲမှာတော့ သူကမင်းသားပေါ့



  ဝက်ခြေထောက်စွပ်ပြုတ်၊ သံပုရာသီးညှစ်ခိုင်းဖို. မမေ့ပါနဲ.။

း)အကင်စုံ


မာလာဟင်း



အသည်းပုံကြက်ဖင်ဆီဖူး၊ လှတယ်ဟုတ်??




ဓါတ်ပုံရိုက်တာကို လှည့်မကြည့်အားဘူး

 ကင်မရာ ကောင်းချက်ကတော့ ကမ်းကုန်ပဲ ဘာမှ မမြင်ရဘူး


တယဲ

:) :) :) ပျော်ခဲ့ပါတယ်။

ခိုင်ဝေဇံ




4 comments:

Tun Tun said...

အနောက်ကလူကြီး သွားတွေကို ခေါထွက်နေအောင် ကြည့်ပြီး သဘောကျနေလိုက်တား)

shin said...

ခိုင်ရဲ့ တယဲပုံ ကြည့်ပြီး ခွီးခနဲ ရီလိုက်မိတယ်။ ဟားဟား။

khine wai zan said...

လာဖတ်တာကျေးဇူး ဝင်းဟန်ရေ။

Unknown said...

စားသောက်ပြီး ဘိုင်ပြတ်လို့ ဒီတပတ် ငတ်ပြတ်ပြီ... ဘဝ ဘဝ...