ကျွန်တော်ကြိုက်တဲ့ movie website များ

ကျွန်တော်ကရုပ်ရှင်ကြည့်တာ ၀ါသနာပါတယ်။ ကျွန်တော့်အလုပ်က တပါတ်ကို အနဲဆုံး ၃ ရက်လောက်နားရတာ ဆိုတော့ ခိုင်တို.ကအချိန်သူဌေးဖြစ်နေတယ်။ ဒီတော့ online ကရုပ်ရှင်တွေ အများကြီးကြည့်ဖြစ်တယ် ဆိုပါတော့။ ဗမာကားသိပ်မကြည့်ဖြစ်ဘူး။ ကျန်တာအကုန်ကြည့်တယ်။ ဘာရယ်လို.ဟုတ်ပါဘူး။ ကြိုက်တဲ့သူရှိရင် သွားကြည့်လို.ရအောင် link လေးပေးမလို.။

English movies ကောင်းကောင်းတွေရှိတာက http://movie6.net/movie-/
အဲဒီ link ကခုလောလောလတ်လတ် ထွက်တဲ့ကားတွေအကုန်ရှိတယ်။ movie တွေရဲ. resolution ကတော့ ဒီလောက်မကောင်းဘူး။ အသစ်ထွက်တဲ့ ကားကောင်းတွေချည်းပဲ စုထားတာ။

Chinese, Korea Japan movies တွေကောင်းတာက crunchyroll မှာ။ တော်တော်စုံတယ်။
http://www.crunchyroll.com/drama
Index နဲ.ရှာရလွယ်အောင်လုပ်ပေးထားတယ်။ loading လုပ်တာလည်း မြန်တယ်။ ဇာတ်ကားတော်တော်များများက quality ကောင်းတယ်။ ကျွန်တော့် favorite ကားတွေကတော့

1. My wife is a gangster
2. Into the mirror
3. Shaolin Soccer
4. Ringu
5.Naked ambition

တခြားကောင်းတဲ့ Horror movie ကားတွေ အများကြီးရှိသေးတယ်။ ကျွန်တော်က Drama ဆိုရင်သိပ်မကြည့်ချင်ဘူး။ ငိုရလို.။ အထူးသဖြင့် မိဘမိတ္တာအကြောင်းတို.၊ မောင်နှမ အကြောင်းတို.ဆိုရင် အရမ်းကိုငိုချင်တာ။ My fragile little heart and weak soul just cant take the sad endding story. ဒါကြောင့် ကိုယ့်အကြောင်းကိုယ်သိ Horrorတို. Action တို. Comedy တို.ပဲကြည့်တာ။ အမေနဲ.တူတာလေ မျက်ရည်လွယ်တာက။ ငယ်ငယ်တုန်းက မှုန်ရွှေရည် သွားကြည့်တယ် အမေနဲ.။ ကျွန်တော့် မှာဝမ်းနည်း လွန်းလို. ၀တ်လာတဲ့ ထမီတောင် ချွတ်ပြီးမျက်ရည်သုတ်ရတဲ့ ဘ၀ရောက်သွားတယ် (ကလေးပဲရှိသေးတာနော်)။ အမေကလုသုတ်လိုက် သမီးကလုသုတ်လိုက်နဲ. လုပ်လိုက်ကြတာ ထမီက နှစ်ခြမ်းပြဲရော။ ဖြစ်ပြုံ ဖစ်ပုံ။ ဒါကြောင့် Drama ဆိုမကြည့်ဘူး။

တခြားကောင်းတဲ့ website တခုက http://aznv.tv/en/
resolution အကောင်းဆုံးပဲ။ တကယ့် TV ကြည့်ရသလိုပဲ။ သူက download အရင်လုပ်ရသေးတယ်။ ပြီးရင်တော့ right click လုပ်ပြီး save as လုပ်လိုက်ရုံပဲ။ loading ကစက္ကန်.ပိုင်းပဲကြာတယ်။ တော်တော်မိုက်တယ်။ သူကကျတော. series တွေများတယ်။ crunchyroll ကတကားချင်းတွေများတယ်။ ဒီ website နဲ.ကြည့်ရတာအရမ်း စိတ်ချမ်းသာတယ်။

တခြားကြည့်လို.ကောင်းတဲ့ website တွေအများကြီးရှိအုံးမှာပါ။ ဒါတွေက ကိုယ်တိုင်သုံးပြီးမှကြိုက်လို. recommend ပေးတာ။ ဒီထက်ကောင်းတဲ့ website တွေရှိရင် အသိပေးကြပါအုံး။

သမီးမိုက်

အလုပ်တွေများနေလို. အသစ်မတင်ဖြစ်ဘူး။ ဒီတစ်ရက်နှစ်ရက်ကနေလို.ထိုင်လို.ကောင်းနေတယ်။ အမေနဲ.အဖေကို webcam မှာတွေ.လိုက်ရလို.တော်တော်ဝမ်းသာသွားတယ်။ တော်တော်ဝမ်းသာတာမဟုတ်ဘူး။ အတင်းကိုဝမ်းသာတာ။ အမေကမျက်ရည်ကျတယ်။ ကျွန်တော်လည်းကျတာပေါ့။ ဘာသားနဲ. ထုထားတာမို.လို.လဲ။ အမေတို.က နယ်မှာဆိုတော့ Internet သုံးလို.ရတာမဟုတ်ဘူး။ တခါတလေ ရန်ကုန်လာမှ တွေ.ရတာ။ အဖေ့ကိုဆို မျက်နှာမမြင်ရတာ တနှစ်ကျော်ပြီ။ Oversea မှာနေရတာ မမိုက်ပါဘူး။ တခါတလေ ဆားနဲ.ပဲစားရစားရ( ပြောတာပါ။ အတိဿယ၀ုတ္တိ အလင်္ကာလေးပေါ့။) မိသားစှနဲ.အတူတူနေချင်စိတ်တွေပေါက်မိတယ်။ အခုမှ အရင်အတူတူနေတုန်းက အချိန်တွေကိုတန်ဖိုးထားရကောင်းမှန်းသိလာတယ်။


ကျွန်တော်ကတော်တော်မလိမ္မာတဲ.သမီးထဲမှာပါတယ်။ ဒီအသက်အရွယ်အထိ မိဘတွေကို ကော်ဖီလေးတောင်ဖျော်မတိုက်ဖူးဘူး။ ပြန်လည်းပြောတယ်။ လိမ်သလားလဲ မမေးနဲ.။ ပိုက်ဆံတွေလည်းခိုးခဲ့တယ်။ ကျောင်းသွားတယ် ကျောင်းသွားတယ် ဆိုပြီး သူငယ်ချင်းတွေနဲ. ဖဲသွားသွားရိုက်လိုက်၊ ဆိုင်ကယ်တစီးနဲ.မန္တလေး တခွင်ပြဲပြဲစင်အောင် လျှောက်သွားပြီး အလေလိုက်လိုက်နဲ. ကူဖော်လောင်ဖက်မဖြစ်ခဲ့တဲ့သမီး၊ အချိန်တန်လည်း အိမ်ပြန်မရောက်တဲ့သမီး။ ယောကေ်ျားလိုလို မိန်းမလိုလိုနဲ. လူမိုက်လုပ်ခဲ.တဲ.သမီး။ ဆိုးခဲ့ မိုက်ခဲ့ မိဘကိုဒုက္ခပေးတဲ့ သမီး။ ခှအဲဒီအချိန်တွေပြန်ပေးမယ်ဆိုရင် တန်ဖိုးထားပြီး ကောင်းကောင်းမွန်မွန် ဖြစ်အောင် နေချင်ပါသေးတယ်။

အမေမျက်ရည်ကျတာမြင်တော့ စိတ်ထဲမှာမကောင်းဘူး။ အသိတခုကလည်း ၀င်လာတယ်။ အမေ လွမ်းရကျိုးနပ်တဲ့ သမီဖြစ်အောင် ကြိုးစားရအုံးမယ်လို.။

ခေါင်းမာတယ်လို.စောတည်းကမပြောဘူးလား ???

အားရ၀မ်းသာ ဗမာလိုရေးအပြီးမှာ ပြန်ကြားရတာကတော့ မဆိုးပါဘူးတဲ့။ ဆက်ပြီးတော့ကြိုးစားလိုက်ပါအုံးတဲ့။ အမလေး အရပ်ကတို.ရေ ကောင်းတယ်ဆိုလို.ကော ဆက်ရေးမယ်များ မှတ်သလား? မကောင်းဘူးဆိုရင်ကော မရေးပဲနေမယ် မှတ်သလား? ရေးချင်စိတ်ရှိနေလို.ကတော့ သိကြားမင်းတောင် ဆင်းတားလို.တောင် မရဘူးမှတ်။

ဒီblog က self entartainment သတ်သတ်အတွက်ပါလို.ပြောပြီးသား။ တချို.ကပြောတယ်။ ဗမာပြည် အကြောင်းလည်း မပါဘူး၊ နိုင်ငံရေးလည်း မပါဘူးတဲ့။ အင်းစိန်ကိုမသွားချင်ဘူးလို. အရပ်ကတို.ကို ပြောဖူးပါတယ်။ ၀င်မပါချင်ဘူး။ Blog content တွေနဲ.ပတ်သက်ရင်တော့ Music နဲ. dancing ကိုကြိုက်လို. အဲဒီဘက်ပဲ အလေးပေးပြီး လုပ်သွားမယ်လို. စိတ်ကူးထားတယ်။ ၀ါသနာပါတာလေးကိုပဲလုပ်ချင်လို.ပါ။ ဖတ်တာ မဖတ်တာကတော့ အရပ်ကတို.သဘောပေါ့။ Educational purpose နဲ.လုပ်တဲ့ blog မဟုတ်ပါဘူး။ Education လုပ်ဖို.လည်းအရည်အချင်း မရှိသေးဘူး။ သိတာလေးတွေကို ဝေမျှပေးတဲ့သဘောပါ။ ရေးချင်တာ ရေးစရာရှိတာကို ဆက်ရေးသွားမှာပဲ။

ဗမာပြည်အကြောင်းကို ရေးနေတဲ့ နာမည်ကြီး blog အထောင်အသောင်း ရှိပါ့။ ကျွန်တော်က ဗမာပြည်မှာမဟုတ်တော့ ဟိုကသတင်းတွေ ဘယ်လိုလုပ် ဦးဦးဖျားဖျား ရနိုင်ပါ့မလဲ။ ဒီတော့ သူများ blog တွေကပဲအမြဲတမ်းကူးချနေရမှာပေါ့။ အဲဒါကြောင့် အဓိကပါတယ်။

ရှင်းပြနေလည်း မောရုံပဲရှိမယ်။ ဒီတော့ အပင်ပန်းခံမယ့်အစား စိုင်းစိုင်းခမ်းလှိုင် ဟသာင်္တမှာ ရှိုးဆိုတုန်း စင်ပြိုကျတဲ့ video ကိုသွားကြည့်ပြီး ရီလိုက်ဦးမယ်။

http://www.youtube.com/watch?v=z1s1S8I9Uzw

အဲဒီမှာကြည့်လို.ရတယ်။ That is halirious. LOLLLLLz

DANCEHALL

Dancehall is a type of Jamaican popular music which developed in the late 1970s, with exponents such as Yellowman and Shabba Ranks. It is also known as bashment.

The style is characterized by a deejay singing and toasting (or rapping) over raw and danceable music riddims. The rhythm in dancehall is much faster than in reggae, sometimes with drum machines replacing acoustic sets. In the early years of dancehall, some found its lyrics crude or "slack", particularly because of its sexual tones, popular among youths in Jamaica.

ဘိုလိုတွေမှုတ်လိုက်လို.အထင်မကြီးနဲ.ဦး။ စွယ်စုံကျမ်းက ကူးချထားတာ။ ဟီးဟီး။
ဒါပေမယ့်တော်တော် dancehall ကိုကြိုက်ပါတယ်။ မြန်မာမျက်စိနဲ.ကြည့်ရင်တော့ နဲနဲရိုင်းတယ်ထင်မှာပေါ့။ ဆိုတဲ့သီချင်းစာသားတွေကလည်း နဲနဲ raw ဖြစ်ပါတယ်။ အက ကလည်း နဲနဲ animalistic ဖြစ်တယ်။ ကျွန်တော်က ကပြီဟေ့ဆိုရင် စိတ်လွတ်ကိုယ်လွတ် ကတာမြိုးမှ သဘောကျတယ်။ တမင်မလှ လှအောင်လုပ်ကတာမြိးကို မကြိုက်ဘူး။ ဒါကြောင့်ဒီအကကိုကြိုက်တာ။ ဒီအက က Jamaican base အက။ Black girls တွေကမှ လှတယ်၊ ကြည့်လို.ကောင်းတယ်။ အကထဲမှာ Ballroom ရယ် Contemporary ရယ်ကလွဲရင် အဖြူမတွေကလို. ဘယ်လိုမှကြည့်မကောင်းဘူး။ Black girls rule the dance floor. Other have to kneel down and hands up once they start to dance.

Original Dancehall ကဒီလောက်မဆိုးပါဘူး။ ခုနောက်ပိုင်းအကတွေကို အဆန်းထွင်ရင်းနဲ.Dancehall ကနေ stripper dance လိုလို ဘာလိုလိုတွေဖြစ်ကုန်ကြတယ်။ သူ.ရဲ.လူသိများတဲ့ singnature ကကွက် ကတော့ dirty wine လို.ခေါ်တယ်။ တော်တော်ခေါင်းမူးမယ့် အကပါ။ ass slap ဆိုတာလည်း ရှိလိုက်သေးတယ်။ တချို.ကလည်း stripper dance တွေနဲ.မှားတတ်ကြလို. Dancehall သန်.သန်.လေးကတဲ့ Dancehall Queen "Angel" ရဲ.အက ကိုပဲထည့်ပေးထားတယ်။



0.50 second မှာသူကတဲ့အက က dirty wine ပေါ့။ Frog back တွေ tic toc တွေလည်း လုပ်သွားသေးတယ်။ သူက ၂၀၀၆ ရဲ. Dancehall Queen ပါ။

SEX TAPES?? NO, NOT AGAIN!!!

This summary is not available. Please click here to view the post.

ရတနာပုံ

မန္တလေး ရတနာပုံဈေး မီးလောင်သွားလို့တဲ့။ How the hell on earth could this happen? ယုံတောင်မယုံဘူး။ တော်တော်စိတ်မကောင်းဖြစ်မိတယ်။ မန္တလေးနဲ့ပတ်သတ်သမျှmemory တွေကိုစဉ်းစားလိုက်ရင် ရတနာပုံဈေး ကထိတ်ဆုံးကပါတယ်။ ကျွန်တော်တို့အိမ်က ၂၆ ဘီလမ်းနဲ့ ၆၆-၆၈လမ်းဆုံမှာဆိုတော့ ဈေးချိုထက်စာရင် ရတနာပုံဈေးနဲ့ပိုနီးတယ်။ မန္တလေးမှာ ရတနာပုံဈေးက ဈေးအချိုဆုံးအစုံဆုံးပဲ။ ကျောင်းတက်တော့လဲအဲဒီမှာပဲ။ ကျွန်တော်ကတော့မိုးလင်းရင်ဆိုင်ကယ်လေးဖင်ကြားညပ်ပီးအိမ်က ထွက်လာလိုက်တာပဲ။ ဘယ်ကိုသွားမလဲဆိုတာကိုလမ်းရောက်မှစဉ်းစားတယ်။ ၁၀ခေါက် မှာ ၇ခေါက်ကတော့ရတနာပုံဈေးကိုပဲရောက်တာများတယ်။ နီးတာကိုး။ အားအားယားယားနဲအ၀တ်အစားတွေသွားငမ်းတာပေါ့။ Skywalk Shopping Mall ကိုတောင်မရောက်ဖူးလိုက်ဘူး။ ကျွန်တော်တို့ သူငယ်ချင်း၆ယောက်တပတ်မှာ ၆ ရက်လောက်သွားလေ့ရှိတဲ့နေရာလေး ခုတော့သွားရှာပြီပေါ့။ ဇာနည်မတို့ဆိုင်ခန်းလဲသွားပြီထင်ပ။

ဒီစာတစ်ပိုဒ်ကို ၁နာရီတိတိထိုင်ရေးရတယ်ဆိုရင် blogger ကိုကို မမ တွေရီကြမလားမသိဘူး။ တော်တော်လေးကိုပင်ပန်းပါတယ်။ myanmar font နဲ့ typing မကျွမ်းကျင်လို့။ typeယင်းtypeယင်းနဲ့သောက်မြင်ကတ်လာလို့ english လိုပဲဆက်typeတော့မယ်။

The sweet memory of madalay is still lingering around me. Yadanar pont zay, Fayar Gyee, Pharmacy School, No 8 Police Station and 26 B road. I was having such a great time in mandalay with my friends. I will cheish those moments of joy till I die. Now that one of my favorite hang-out spot in madalay has gone. But the momery of it inside me will always be alive with me.

BYE BYE YADANAR PONE MARKET YAY,
REST IN PEACE.

with love
ခိုင် khine