တိုလီမုတ်စ

ဆံပင်ညှပ်လိုက်တယ်။ စာမေးပွဲနီးလာပြီဆိုတော့ ခေါင်းပူပြီး စိတ်တွေရှုပ်နေလို.။ နှမြောတော့ နှမြောသား အနှစ်နှစ်အလလ မွေးလာရတာ ဒီပြောင်းဖူးမွှေးဆံပင်လေးကို။း(

ဆံပင်ရှည်ကြိုက်တဲ့ ရီးစားကို အားတော့နာတယ်။ တစ်သက်လုံး ဆံပင်ပါးလွန်းလို. ဆံပင်ရှည်ထားလို.ရမယ် မထင်ခဲ့ဘူး။ သူအားပေးလို. ထားဖြစ်သွားတာ။ အဲ ဆံပင်ရှည်နဲ.လှတယ်ရယ်လို.လဲ မှုတ်ဘူး။ ဒီရုပ်ခွက်က ဒီရုပ်ခွက်ပဲ။ ဟီးဟီး။ ဆံပင်ညှပ်ထားတာ ၂ ရက်ရှိသွားပြီ။ ဘယ်သူကမှ လှတယ်လို.လဲမပြောကြဘူး။ စိတ်နာဒယ်။ နောက်တွေ.ရင် ဟယ်ဆံပင်ညှပ်လိုက်တာလား လှသွားတယ်နော်လို. ပြုံးပြုံးကြီးပြောဖို.မမေ့နဲ.။

Vivo City မှာ နေ.လည်စာသွားစားတုံးက တွေ.ခဲ့တာ။ Jay Park ပုံလေး။ သဘောကျသကွယ်။ အဟီး။
မွေးသဖခင် ကျေးဇူးရှင်ဆီက သမီးနှစ်ယောက်အတွက်လက်ဆောင်။ အဖေကို ချစ်ကြတာလဲမပြောနဲ.။း) အဲ ကြွားတယ်ထင်ရင် မျက်စိမှိတ်ပြီးကျော်ကြည့်ကြပါ။  ကြွားရအောင် Ipad က ခေတ်တောင်နောက်ကျနေပြီ။ Ipad ၂ ပဲထွက်တော့မယ့်ဟာကို။
Zenko Shoes. Clementi Mall ဝယ်တာ။ အရောင်လေးစိုနေတာပဲ။ ၂၀ ပဲပေးရတယ်။ လုံးဝ ခြေထောက်မနာစေရဘူး။ အသစ်ဖွင့်တဲ့ ကလီမန်တီ မောလ် ရောက်ပြီးပြီလား။ လာခဲ့လေ လိုက်ပို.မယ်။ အဟီး။ အိမ်ရှေ.တင်မို.လို.။  ဆိုင်တွေတော့ တစ်အားအစုံကြီးမဟုတ်ဘူး။ ဒါပေမဲ့ မဆိုးပါဘူး။ ဈေးဝယ်လို.ကောင်းတယ်။း)

အကြိုက်ဆုံးရေခဲမုန်.။ နေ.တိုင်းဝယ်မစားနိုင်ဘူး။ ဈေးကြီးတယ်။ အရမ်းစားလို.ကောင်းတယ်။  သူဈေးကြီးတာက Eva Longoria ကြော်ငြာခပေးရလို.ဈေးကြီးတာဖြစ်မယ်။ ကြယ်နီရေခဲချောင်းကို ပိုကြိုက်တယ်။း)
  Pepper Lunch မှာ Double Beel Rice သွားစားတယ်။ နောက်မစားတော့ဘူး။ မကောင်းဘူး။ ဆားမပါဘာမပါနဲ.။ နောက်ဆိုသွားတဲ့နေရာ ဆားဘူးလေးဆောင်သွားရရင်ကောင်းမလား စဉ်းစားနေတယ်။ ပေါ့လွန်းလို.။း(

ခုနလေးတင် Chewy Junior တွေ.လို. ဝယ်လာခဲ့တယ်။  အပေါ်ဆုံးက Mango Cheese Flake နဲ.  Oreo,  အောက်က Blueberry နဲ. Blueberry Cheese. Durian လေးစားချင်တာ ကုန်သွားပြီ။ နောက်ဆို ဒီလို စိတ်ဝင်စားလို.ကောင်း စားလို.လဲကောင်းတဲ့ Street Food ဆိုင် ရီဗျူးလေးတွေ ရေးရမယ်။ Chewy Junior ရှိမယ်။ Tori Q ရှိမယ်။ တခြား Bubble Tea ဆိုင်လေးတွေရှိမယ်။ ဈေးလည်းသိပ်မကြီးဘူး။

ရေးစရာမရှိလို. ရှိတဲ့ တိုလီမုတ်စ လေးတွေကို ကောက်ပြီးတင်လိုက်တာ။ နောက်ရေးမဲ့တော့ပစ်က
Top 8 Things I wear most . ဘာရယ်လို.တော့ မဟုတ်ဘူး။ Youtube မှာ လုပ်နေကြလို. ပျော်စရာကြီး ဆိုပြီး လုပ်ကြည့်မလို.။ တို.များငယ်ငယ်တုန်းက အပိုင်း (၅) လည်းဆက်ရအုံးမယ်။ ဘီးစီး သကွယ်။

စားနိုင်ရင်ကိုယ့်ဖို.
ခိုင်ဝေဇံ

၂၀၁၁သင်္ကြန် အမှတ်တရ

ရခိုင်သင်္ကြန် highlight ဆိုပေမဲ့ အားလုံးဖတ်လို.ရအောင် မြန်မာလိုပဲရေးလိုက်တော့မယ်။ ပထမဆုံး  အိုင်ဒီယာကတော့ အေးမြတ်မွန် (ရခိုင်သမချေ) နဲ. ဓညဝတီဆိုင်က မလုံဆီက စတယ်ထင်ပါတယ်။ သူက လုပ်ချင်ရင် ဝုန်းဝုန်းထလုပ် တတ်တာ။ ထုံးစံအတိုင်း ရခိုင်အသင်းက ပုံမှန် ရခိုင်မုန်.တီ စတုဒီသာ ကျွေး၊ သီချင်းဖွင့်တာကလွဲပြီး ဘာမှ သိပ်မလုပ်ဖြစ်တော့ ဒီနှစ်သူက ရခိုင်မဏ္ဍပ်လုပ်ပြီး လှေ (လောင်း) နဲ.ရေလောင်းမယ် ဆိုတော့ စိတ်ဝင်စား သွားတယ်။ ကိုယ်တော့ အဖွားကြီးဆိုတော့ ဝင်မပါတော့ဘူး လူတော့ စုပေးမယ်လို.ပြောလိုက်တယ်။ ဓညဝတီဆိုင်လည်း ခဏခဏသွား တိုင်ပင်ပေါ့လေ။ အေးမြတ်မွန်က လုပ်ရဲတယ်။ ဖြစ်အောင်လုပ်တတ်တယ်။  ကိုယ်တို.ရခိုင်က အိုင်ဒီယာသာရှိပေမဲ့ တကယ်တမ်းလုပ်ရဲတဲ့လူ တက်လုပ်ပစ်မယ့်လူ မရှိဘူး။ ခုလိုမျိုး Participate လုပ်ရဲတဲ့လူ စိတ်ပါတဲ့လူ ရှိတာ တော်တော်ကောင်းတယ်။ ရခိုင်ထုံးစံအတိုင်း မနက်နံသာသွေးမယ် (ဘုရားရေချိုးတယ်လို.ခေါ်တယ်၊ သင်္ကြန်မှာ ဘုရားကိုလည်း နံသာရည်နဲ. လောင်းတဲ့သဘောပေါ့ ၊ ရခိုင်မှာဆိုရင် ပြိုင်ပွဲကြီးလုပ်ပြီးတော့ကို နံသာသွေးတာ) နေ.လည်ဖက်ရေလောင်းမယ် မုန်.တီ စတုဒီသာကျွေးမယ်ပေါ့။  ဓညဝတီက အမက ဖြစ်အောင်လုပ်ချင်တယ်။ သူအရမ်းဝါသနာပါတယ် ပျော်ချင်တယ်ပေါ့။ အားလုံး ပိုက်ဆံစုပြီးလုပ်ကြပါမယ်တဲ့။  ဓညဝတီက စပွန်ဆာလည်းပေးမယ်ပေါ့လေ။ နောက်တော့ ဘယ်လိုဖြစ်သွားတယ် မသိ။ အကြံကောင်းတော့ ၇ခိုင်အသင်း ဝင်ဂျွိုင်းတယ် နေမပေါ့။ ရခိုင်အသင်းနဲ့ပေါင်းလုပ်မယ်ဖြစ်သွားရော။ အော် ဆိုတာကလွဲလို. No Comment ပါ။

အိမ်းအဲဒါနဲ. စီစဉ်လိုက်ကြတာ (ကိုယ်မပါဘူး) နံသာသွေးလဲဖြစ်သွားတယ်။ မဏ္ဍပ်လည်းဖြစ်သွားတယ်။ မုန်.တီစတုဒီသာလည်းကျွေးဖြစ်သွားမယ်။  ကိုယ်ကတော့ ဟိုလုပ်ပေးမလိုလို ဒီလုပ်ပေးမလိုလိုနဲ. မဏ္ဍပ်လည်း မဝင် ပိုက်ဆံလည်း မထည့် ကျောက်ပျဉ်လည်း မပေးဖြစ် (နံသာသွေးဖို.) နဲ.ထုံးစံအတိုင်း လုပ်တဲ့ နေ.မှ ယောင်လည်လည်နဲ.ရောက်သွားပါတယ်။ အိပ်ရာထတာနောက်ကျလို. မုန်.တီငတ်သွားတယ် (နည်းတောင်နည်းသေး)။  သင်္ကြန်နဲ.ပတ်သတ်ရင် နဂိုတည်းက သိပ်စိတ်လှုပ်ရှားတတ်သူမဟုတ်လေတော့ Gathering လုပ်တဲ့ သဘောမျိုးပဲ သဘောထားရတယ်။

ကိုယ်တသက်လုံး မဏ္ဍပ် မဝင်ဖူးဘူး။  ၇ခိုင်မှာ မိန်းကလေးများ အပျိုအရွယ် ရောက်လာရင် အားလုံးမဏ္ဍပ်ဝင် ရတယ် သင်္ကြန်အတွင်းမှာ။ အများစုကဝင်ကြတာပေါ့။ ရခိုင်ဓလေ့ကို နည်းနည်းရှင်းပြပါ့မယ်။ ရခိုင်သင်္ကြန်ကျရင် မဏ္ဍပ်ကြီးချပြီး လှေနဲ.ရေလောင်းကြပါတယ်။ ဒါထုံးစံပဲ။ မဏ္ဍပ်တစ်ခုမှာ မဏ္ဍပ်ဝင် ရေလောင်းမဲ့မိန်းကလေး ၁၀ယောက် အယောက် ၂၀ စသည်ဖြင့်ရှိတယ်။ မဏ္ဍပ်တစ်ခုမှာ မဏ္ဍပ်ရှင် လို.ခေါ်တဲ့ ဦးစီးတဲ့ အမျိုးသမီးကြီးပေါ့ ဒါမှမဟုတ် မိန်းစပွန်ဆာလို ပိုက်ဆံထုပ်ပေးတဲ့လူ ပုံစံမျိုး လူတွေရှိတယ်။ ခန်.ခန်.ကြီးထိုင်ပြီးကွပ်ကဲတာပေါ့။ ပြီးတော့ မဏ္ဍပ်ထိန်းလို.ခေါ်တဲ့ ရေလောင်းတဲ့ မိန်းခလေးတွေကို လိုက်ပြီး ကာကွယ် ပေးရတဲ့ အမျိုးသမီးများရှိပါတယ်။  ရေလောင်းချင်တဲ့လူတွေက ရေကိုတစ်ပုံး ဘယ်လောက်နှုန်းစသည်ဖြင့် သတ်မှတ်ဈေးနှုန်းနဲ.ဝယ်ရတယ်။ မဏ္ဍပ်ဖွင့်ပြီဆိုတာနဲ. ရေလောင်းမဲ့ကောင်လေးတွေက မဏ္ဍပ်ရှေ.တန်းစီနေတာပေါ့။ မဏ္ဍပ်သူတွေက သူတို.ကို ကျောပေးပြီး တန်းစီပြီးထိုင်ရတယ်။ လောင်းနောက်ဖက်မှာပေါ့။ ကောင်လေးတွေက လောင်းချင်တဲ့ ကောင်မလေးကို ရေလှမ်းပက်ရတယ်။ တချို.ကတော့ ဘယ်သူ ဘယ်ဖက်မှာထိုင်နေလဲဆိုတာ သိပြီးသားပေါ့။ တချို.ကလည်း သိဘူး ရတဲ့လူ လှမ်းပက်တာ။ တချို.ကလည်း ပက်တဲ့လူကတခြား ထိတဲ့လူကတခြား။ လိုချင်တဲ့လူကို ထိထိမထိထိ ဆောရီးပြောလို.မရဘူး။ ရေပက်ခံထိတဲ့ ကောင်မလေး က ထပြီး ရေပက်ရတယ်။ အဲဒီမှာ ရေတစိမ့်စိမ့်လောင်းပြီး အနီးကပ် စကားတွေပြော။ အပြောမတတ် အနေမတတ်ရင် ကောင်မလေးဆီမှာလည်း ခွက်နဲ.ထုခံရမယ်။ မဏ္ဍပ်ထိန်းဆီမှာလည်း ရေပုံးနဲ.ထုခံရမယ်။ မဏ္ဍပ်ထိန်းက ရေပုံးယူပေး ဘာပေးနဲ. ကောင်မလေးဘေးမှာ အချိန်ပြည့်ရှိနေတာ။ တချို.ကလည်း ဒီလိုနဲ.ပဲ သင်္ကြန်ဇာတ်လမ်းတွေရှိခဲ့တာပေါ့။ အဲဒီမှာ ရေရောင်းလို.၇တဲ့  ပိုက်ဆံနဲ. သင်္ကြန်ပြီးရင် မဏ္ဍပ်သူ မဏ္ဍပ်သားတွေ ပစ်ကနစ်ထွက်ကြတယ်။ ချစ်စရာကောင်းတဲ့ ဓလေ့ပါ။ ခု ရန်ကုန်ခါတော်မီ မဏ္ဍပ်များလို သရုပ်ပျက်နေတဲ့ ဟာတွေမဟုတ်ဘူး။ Culture ဆိုတာ အဲဒီမှာကွာသွားတာပဲ။ မန်းလေးက မဏ္ဍပ်တွေလည်း တချို.သန်.တဲ့ မဏ္ဍပ်တွေ ရှိသေးတယ်။ ရန်ကုန်ကတော့ ပျက်သွားပြီ။

ကိုယ်ကတော့ ဘယ်တော့မှ မဏ္ဍပ်မဝင်ဘူး။ ရုပ်ဆိုးတော့ ရေလောင်းမဲ့သူ မရှိမှာကြောက်လို.။ အိမ်ကို ရေလာလောင်းမှပဲ အလောင်းခံတယ် (တစ်ယောက်လား ၂ယောက်လားပဲလာလောင်းဖူးကြောင်းး( ။ ) အိမ်ထဲကနေ သူများလောင်းတာတွေပဲ ထိုင်ကြည့် မဟုတ်ရင် ကလေးတွေနဲ. အိမ်ရှေ.မှာ စည်ပိုင်းနဲ. ရေပက်။ အဲလိုပဲ။ ၈ တန်းနှစ်မြောက်ဦးမှာနေတုန်းကတော့ ရေလောင်းဖူးတယ်။ ကိုယ့်အဖေက အရမ်းရေလောင်းစေချင်တယ်။ သမီးမပူနဲ. အဖေ့တပည့်တွေကို ပြောထားမယ် သမီးကို ရေမလောင်းမနေရလို. မဏ္ဍပ်ဝင်နော် စသည်ဖြင့် ဆွဲဆောင်တယ်။ သမီးက ဟင့်အင်း ဟင့်အင်း။ ဒါပေမဲ့ သင်္ကြန်အတက်နေ. မြောင်းဘွေ ကိုသွားတော့ (မြောက်ဦးနယ်က မြို.နယ်တစ်ခု) အမေ့သူငယ်ချင်း အရီးဘုမရဲ.သား ကျော်ခိုင်ဖြိုးကို ရေလောင်းချင်တယ်လို. အဖေ့ကို ပြောလိုက်တယ်။ အမေက လှမ်းဆူတာပေါ့ ဟဲ့ ဘယ့်နှယ် သူများမိန်းကလေးတွေကို မဏ္ဍပ်ထဲမှာ အိနြေ္ဒရရ မလောင်းဘူး။ ယောက်ျားလေးအိမ်သွားချင်တယ် ငါတခါမှ မကြားဖူးဘူး စသည်ဖြင့်။ ပါပါက ဘာမှာမပြောဘူး ရော့တဲ့ ငွေဖလားတစ်လုံး ၊ ရေမွှေးတစ်ပုလင်းပေးတယ်။ သွားလောင်းချည်တဲ့။ အဖော်အဖြစ် မမသိန်းချေကို ထည့်ပေးလိုက်တာပေါ့။ အဲဒါနဲ. ရွာလယ်က ကျော်ခိုင်ဖြိုးတိုအိမ်ကို ချီတက်သွားတယ်။ ကျော်ခိုင်ဖြိုး ငါရေလာလောင်းတယ်လို .အိမ်အောက်က အော်တာပေါ့။ ကျော်ခိုင်းဖြိုးခမျာ ရှက်ကလည်းရှက်နဲ. ဒူးတွေတုန်ပြီး အိမ်ပေါ်ကဆင်းလာတယ် မျက်လုံးလေး ကလယ်ကလယ်နဲ.။ အိမ်နီးချင်းတွေကလည်း ပြုံးစိပြုံးစိနဲ. ဝိုင်းပြီးကြည့်ကြတာပေါ့။ ကိုယ်က သူတို.အိမ်က ရေခပ် ငွေဖလားထဲ ရေမွှေးဘာညာ အဆင်သင့် ဆွတ်ပြီး မိန်.မိန်.ကြီး စောင့်တာပေါ့။ သူက ရှက်လို.။ ပြောင်းပြန။် အဲဒီတစ်ခါပဲကောင်းကောင်းရေလောင်းဖူးတယ်။ ပြောသာပြောရတယ်။ ကျော်ထူးအောင်များ စိတ်ဆိုးနေမလားမသိ။ စိတ်မဆိုးပါနဲ.ကွယ်။ နောက်နှစ် စပရိန်းဖီးကိုအဲလိုရေလာလောင်းပါ့မယ်။း) ဟီးဟီး

အန်းနီးဝေး ကိုယ့်အကြောင်းတော်ပြီ။ ဓါတ်ပုံတွေပဲ ကြည့်တော့။
  
ထုံးစံအတိုင်း ကိုယ့်ပုံကို တစ်ပုံလောက်ဖြစ်အောင်တင်လိုက်ရမှဆိုတော့ တင်လိုက်ပါအုံးမယ် တာဝန်အရ။ အီိဂို တွေ အီဂိုတွေ။


 ဒါကတော့ သတ်သတ်မဲ့ လက်စွပပ်ြကိုကြွားတာ (ညီမဟာ) နာမည်ထည့်မပြောရင် ဘလော့ လာပြီး အရှက်ခွဲမှာလည်း စိုးရသေးတယ်။ ငါ့ဘဝနှယ်။ ကြွားတဲ့လို.ဆိုရအောင်လည်း အဖိုးကမတန်တော့ ဂွကျသား။

ဟောရောက်ပါပြီ ဆန်ဘာဝမ် သင်္ကြန်။ ပြဇာတ် အငြိမ့် သင်္ကြန်အကတွေရှိတယ်။ စင်ကြီးထိုးထားတယ်။ စတုဒီသာ စားနေကျတဲ့ လူတွေနဲ. ကျိတ်ကျိတ်တိုး။ 

ကိုယ်လာတော့ ပြဇာတ်ကနေတယ်။ ဒါက စတုဒီသာလည်စားတုန်း ကြုံလို.ရိုက်ခဲ့တာ။

ရောက်ပါပြီ ရခိုင်မဏ္ဍပ်ကို။ မုန်.တီလည်းကုန်ပြီ။ နံသာလည်းသွေးပြီးသွားပြီတဲ့။ အပင်ရိပ်အောက်ကို ကမန်းကတန်းဝင်ခိုပြီး ရေလောင်းမဲ့အချိန်လေးစောင့်ရပါတယ်။ မျက်စိကလည်း ဒေါက်ထောက်ပြီး ဘယ်သူ.တွေ.တယ် ဘယ်ဝါ့တွေ.တယ် မှတ်ကသေးတယ်။ တွေ.နဲ.လူနဲ.လည်း အမှတ်တရ ဓါတ်ပုံပြေးရိုက်ရသေးတယ်။မောပ။း( ထုံးစံအတိုင်း ဘော်ဘော်သရဲများဖြစ်တဲ့ မြတ်ရှင် ဇံတင်တို.နဲ.တကွ ကလေးအုပ်စုဖြစ်တဲ့ အောင်မျိုးဥ ရတနာကျော်ဆန်းနှင့်အပေါင်းအပါတွေနဲ.တွေ.ပါတယ်။ မစောနန်းကျော်နဲ.တွေ.တယ်။ ညီမအေးအေးသော်နဲ.တွေ.တယ်။ သူက ပိုပိုလှလာတယ် တခါတွေ.တိုင်း။နောက် တခြား တခါတလေမှတွေ.ရသော သူငယ်ချင်းတွေနဲ.တွေ.တယ်။ လူပျိုကြီး  ထွန်းမင်းစိုးတို.အုပ်စုကိုလည်းလှမ်းတွေ.တယ်။ နှုတ်မဆက်သွားဘူး။ ကိုက်စားမှာကြောက်လို.တဲ့။ 
 
မဏ္ဍပ်ဝင်လှပျိုဖြူများ။ အချောလေးတွေပါပါတယ်။ ထမိန်ပါးလို. ကိုယ်တို.တွေ နောက်က ရင်နည်းနည်းတုန်ရတာကလွဲရင် မဏ္ဍပ်ဆင်ကလှပါတယ်။ ဓညဝတီကအမ ဆင်ပေးတာ။ ရိုးရိုးရှင်းရှင်းနဲ.ကြည့်လို.ကောင်းတယ်။ ကိုယ့်အတွက် အပိုတစ်စုံခြုပ်ထားပေးတယ်လို.ပြောတယ်။ အားနာလိုက်တာ။ ကိုယ်က အမည်းရောင် အညိုရောင် ခဲရောင် အစရှိတဲ့ (အမေ့အခေါ် ဖွတ်ရောင်) လေးတွေကိုသာ ဝတ်တတ်တာမို. ခုလို အဝါရောင်တောက်တောက်ကလေး ဝတ်ခိုင်းတဲ့အခါ ကိုယ့်ခါးလေးကိုယ်မြင်ယောင်ပြီး အတင်းငြင်းမိတာပါ။ ဓညဝတီသွားရမှာ အားတောင်နာတယ်။
ရေလောင်းရန် Q နေသူများ
 
ရေလောင်းကြပြီ။နား နားပြီးလောင်းရတယ်။ ရေလောင်းတယ်ဆိုတာ တော်တော်မောတာကိုး။ ရှေ.ဆုံးက ပြုံးပြုံးကြီးဘယ်သူလဲလို.ကြည့်လိုက်တော့ ကိုယ့်ဦးလေးဖြစ်နေတယ်။ ဟီးဟီး။
ပရိတ်သတ်များကတော့ တာလပတ်လေးခင်းတဲ့အပ်ါမှာထိုင်ရင်း ဟိုလူ.လှမ်းကြည့်ဒီလူ.လှမ်းကြည့်ပေါ့။ စတုဒီသာလည်စားဖို.ကြိုးစားတော့လည်း နောက်ကျလို.ကုန်သွားပြီ။ ဆမ်ဘာဝမ် ပန်းခြံကြီးတစ်ပတ် ဒေါက်ဖိနပ် တဂွက်ဂွက်နဲ. စတုဒီသာ အကျန်လေးတွေ လိုက်ရှာစားရတာကို မပြောပြတော့ဘူး။ ပရိတ်သတ်များ မျက်ရည်ကျသွားမှာစိုးလို.။ ကျူရှင်ဆရာမဖြစ်တဲ့ညီမက သူ.ကလေးတွေနဲ.ပေါင်းပြီး ရေသွားပက်တာ ပေါ်မလာတော့ဘူး။ တော်တော်တော်တဲ့ ဆရာမ။ 
ခဏကြာတော့ ရေပက်တဲ့ကောင်မလေးတွေမောလို. မဏ္ဍပ်ရှင်ကနေပြီးတော့ ရသမျှ လူကိုဆွဲပြီးပက်ခိုင်းပါလေရော။ ကိုယ်တွေက အကြောင်းပြချက်ခိုင်လုံတော့ မလိုက်ရဘူး။ အဲ ထိုင်ကြည့်နေတဲ့ လူတွေအားလုံးနီးပါး ပါသွားကြတယ်။ ကိုယ်တွေကတော့ ဓါတ်ပုံရိုက်ဖို. အကွက်ကောင်းဆိုပြီး တပြုံးပြုံးပေါ့။း)




ရတနာကျော်ဆန်းကတော့ သိပ်မပျော်ဘူး။ စိုးမိုးညီမလေး ကို ဖင်ဒရွတ်တိုက်ပြီးဆွဲခေါ်သွားတာ။  ကိုယ်တွေက ဗလတောင့်ပြီး သိုင်းသမားလိုလို ခါးပတ်နက်ကြီးပတ်ထားတော့ အရီးခင်ခင်ညွန်.လက်လျှော့သွားတာ။ ဟီးဟီး။




ရခိုင်သူများ အမှတ်တရ။

အဲ ဆန်ဘာဝမ်းကို အသွားတုန်းက တက်ကစီလေးနဲ. ပဲလေးနဲသွားပြီးတော့ အပြန်ကျတော့ နေပူကြီးထဲ လမ်းလျှောက်ပြီးပြန်လာရတယ်။ နေ.လည်နေပူကျက်ကျက်ဆူမှာ အမည်းဝမ်းဆက်ဝတ် ခါးပတ်မည်းကြီးပတ် ဒေါက်ဖိနပ်အမည်းကြီးစီးပြီး လမ်းလျှောက်ရတဲ့ဒုက္ခကို မျှဝေခံစားသာကြည့်ကြတော့ ပရိတ်သတ်တို.။ ဘော်ဘော်သရဲတွေနဲ.ဆိုတော့ နည်းနည်းတော်သေးတာပေါ့။ အဲဒါနဲ. အမ်အာရ်တီမရောက်ခင် လမ်းတဝက်မှာ ရေဆာပြီး ဆိုင်တစ်ဆိုင်မှာ ဝင်ထိုင်ကြပါလေရော။
 



 
စားရင်းသောက်ရင်းနဲ. စားဖို.သောက်ဖို.တိုင်ပင်ကြပါတယ်။ ဘာလုပ်စားကြရင် ကောင်းမလဲပေါ့။ အောင်မျိုးဥက ဟောင်ကောင်ခေါက်ဆွဲကြီးစားပြီးပြောတယ် အိမ်မပြန်ချင်ဘူးတဲ့ တစ်ခုခုလုပ်စားရအောင်တဲ့။ မြတ်ရှင်က ကြက်ပေါင်ကြီးကိုက်ပြီးတော့ ငှက်ပျောအူလေးသုပ်စားကြရင်ကောင်းမယ်တဲ့။ ကိုယ်က ခေါက်ဆွဲကျော်ပလုပ်ပလောင်းနဲ. လုပ်မဲ့လုပ်တော့ ထုံးစံအတိုင်း မုန်.တီနဲ. သင်္ဘောသီးသုပ်ပြီးတော့ ဟင်းခါးပါချက်လိုက်မယ်တဲ့။ အဲဒါနဲ.အားလုံး စုပြီး ထုံးစံအတိုင်း ရတနာကျော်ဆန်းတို.အိမ်ရောက်သွားကြတယ်။ စားပွဲသောက်ပွဲကြီးစလေသတည်းပေါ့။
ငှက်ပျောအူ နွှာပြီ။ သင်္ဘောသီးနေရာမှာ ငှက်ပျောအူ ထည့်သုပ်တာပါပဲ။ ဗမာပြည်ဖက် စားမစားတော့ မသိဘူး။ ကိုယ်တွေ ရခိုင်ဘက်မှာငှက်ပျောပင်ပေါတော့ အားယားနေရင် ခုတ်စားလိုက်ကြတာပဲ။
ငရုတ်သီး စထောင်းပြီ။
သုပ်မယ်။
စားရန်အဆင်သင့် ငှက်ပျောအူသုပ်။

ထမင်းဖြူလေးနဲ. ဟင်းခါးတော့ မလုပ်လိုက်ရဘူး။ မိုးအေးအေးမှာ သင်္ဘောသီးသုပ်စပ်စပ်လေးစားလိုက်၊ စပ်ရင် စပရိုက်ဘူးလေးသောက်လိုက်၊ လူပျိုကြီး ကိုဇော်ရီက ရေနွေးကြမ်းလေးမှုတ်သောက်လိုက်နဲ. စားလို.သောက်လို. ဝင်သလားမမေးနဲ.း)

သင်္ကြန်အကြောင်းသက်သက်ရယ်လို.မဖြစ်တော့ဘူး။ ဒါပေမဲ့ တော်တော်ကို စားရသောက်ရတဲ့ နေ.တစ်နေ.ပါ။း) ဘော်ဘော်သရဲများကို အဆိုပြုလိုက်မယ်။ သင်္ကြန်မကျလည်း သင်္ဘောသီးသုပ် နောက်တစ်ရက်စားကြအုံးမယ်။ နော် နော် နော်။ 

စားနိုင်ရင်ကိုယ့်ဖို.
ခိုင်ဝေဇံ

နာမည်မသိတဲ့ဆိုင်

ရေးစရာတွေ ပေါပါလျက် မအားတော့ (အလုပ်ကြီးအကိုင်ကြီး - ဇူးမား ဆော့တယ်) မရေးဖြစ်တာ အတော်ကြာပြီ။ ဘလော့ဂါလုပ်စားရတာ လွယ်တယ်မထင်နဲ.။ လူတွေက ကိုယ့်ဆို အလကားနေရင်း ကုန်ကြမ်းရှာတယ်မှတ်တာကိုး (အမှန်ကတော့ ဟုတ်တယ်)။ ဒါပေသိ ဘယ်ဟာတွေကို ရေးသင့်တယ် မရေးသင့်ဘူးဆိုတာကိုတော့ သတိထားရတာပေါ့။ ခုဟာက ကိုယ့်ရှေ. အီးလေးပေါက်မိရင်တောင် ဟဲ့ ငါအီးပေါက်တာကို ဘလော့ထဲထည့်မရေးရဘူးနော် ဆိုပြီး ငိုကြီးချက်မဖြစ်ကုန်ကြရော။ အဟီး။ သိပါတယ်။ ရေးပါဘူး။ တကယ်တည်းမှပဲ။ ဒါပေမဲ့ ကိုယ့်ဘလော့ကို နည်းနည်းပါးပါး ဂရုစိုက်ပြီးလာဖတ်တာကို သိရတော့ ဝမ်းသာပါတယ်။

ဒီနေ.သင်္ကြန်သွားတယ်။ ရေးသေးဘူး အဲဒီအကြောင်းကို ဓါတ်ပုံစုလိုက်အုံးမယ်။ ပြီးမှ ရေးမယ်။ စိတ်ချ။ အသကုန်ရေးမှာ မညှာဘူး။ ညှင်းညှင်းညှင်း။

ခုတော့ အစားအသောက်အကြောင်းနည်းနည်းပြန်ကောက်အုံးမယ်။ တမြန်မနေ.ညနေက မခင်ငြိမ်းချမ်းက ဖုန်းခေါ်တယ်။ မိန်းကလေးတွေစုပြီးအပြင်ထွက်တစ်ခုခုစားမယ်တဲ့။ အဲ့ အမနဲ. တစ်ကြိမ်ပဲ ဆုံဖူးပါတယ်။ အရမ်းယဉ်ကျေးတယ်။ စကားပြောရင် ကြီးကြီးငယ်ငယ်  ပါ ထည့်ထည့်ပြီးပြောတယ်။ ခင်စရာကောင်းပါတယ်။ ဘယ်နှစ်ခေါက်ပဲဆုံဖူးဖူး  တစ်ခုခုစားမယ် ဆိုတာ ပါမှတော့ ထုံးစံအတိုင်း လာထားပေါ့။ လာခဲ့မယ် အမလို.။ ပြီးတော့ အလုပ်စောစောဆင်းပြီး Bugis ကိုရောက်သွားပါလေရော။ ထုံးစံအတိုင်း ကလေးတစ်အုပ်နဲ.ပေါ့။ ရောက်တော့ ဆိုင်တစ်ဆိုင်ကို ခေါ်သွားတယ်။ ဗမာဆိုင်တဲ့။ တရုတ်မတွေရောင်းတာပါ။ ငါးစားလို.ကောင်းတယ်တဲ့။ Bugis Village ထောင့်က KFC  ဆိုင်နားမှာ ဆိုတာပဲမှတ်မိတယ်။ ကျောက်ဖြူသူက ဦးဆောင်ပြီးခေါ်သွားတယ်။ ငါးအင်မတန်စားကောင်းတဲ့ အကြောင်း သူဆို အတင်းလာချင်လွန်းလို. ခဏခဏ လာကြောင်းစသည်ဖြင့် ရွှန်းရွှန်းဝေ အင်ထရိုဝင်ပါတယ်။ ဆားဗစ်မကောင်းတဲ့အကြောင်းလည်းကြိုပြောထားတယ်။ ဆားဗစ်ကတော့ အောချလောက်ပါပေတယ်။ စောင့်ရတာကြာ။ ရေတောင်းတာတောင်ချမပေး။  မျက်နှာထားကတင်း စသည်ဖြင့်ပေါ့။ သို.သော်လည်း စားကောင်းရင် ပြီးတာပဲ ဆိုပြီး အောင့်အီးသည်းခံပြီး စောင့်ရတော့တာပေါ့။ စောင့်ရတာက ၄၅ မိနစ်လောက်တောင် ရှိတယ်နဲ.တူတယ်။ 

ငါးက  သုံးကောင်၊ ဟင်းနှစ်ပွဲ၊ ဝက်နားရွက်သုပ်က တစ်ပွဲ မှာပါတယ်။ လူက ၆ယောက်။ ဒါတောင်မှ ငါး၎ ကောင်မှာမလို. နောက်မှ မကုန်မှာစိုးလို. အတင်းထိန်းထားရတယ်။ အားလုံးက စားမယ် ဆိုတာကြီးပဲ။ ဗိုက်ဆာလွန်းအားကြီးလို. တော်တော် အိနြေ္ဒ မဆောင်နိုင်တွေ ဖြစ်ကုန်ကြတယ်။  တော်တော်ကြာလို. နှုတ်ခမ်း တွေ တစ်တောင်လောက်စူထွက်ပြတဲ့ အခါ ဟင်းတစ်ပွဲ လာချပါတယ်။ စားမယ်ဟဲ့ သောက်မယ်ဟဲ့ လုပ်နေကြတာကို တားပြီးဓါတ်ပုံ အရင်ဖမ်းရိုက်ရတယ်။ စမယ်။

Sour Plum Fish Soup. 
ကြောက်စရာကြီးလို.မထင်နဲ.။ ကိုယ်က အဲဒီငါးခေါင်းကို စားခဲ့တာ။ ဟင်း ဟင်း ဟင်း ။ မြန်မာလိုပြန်တော့ ဆားငံစေ့ ငါးပေါင်းပေါ့။ တော်တော် အရသာရှိတယ်။ အဲဒီငါးနဲ.တွဲစားဖို. ဟင်းရည်ခွက်ကြီးပေးသေးတယ်။ ငါးပေါ်မှာ ဆမ်းပြီး ပူပူလေးခပ်သောက်ပေါ့။ အဲ ကျန်တဲ့ ဟင်းတွေမလာသေးဘူး။ ငါးကအရိုးထွက်နေပြီ။

ဒီငါးကတော့ မစားရညှော်ခံငါး ။ ဝိုင်းမှားပြီးတော့ လာချပေးတာ။ ဓါတ်ပုံတွေဝိုင်း ရိုက်နေတုန်း လာပြန်ဆွဲသွားတော့ လက်တောင်ရှက်သွားတယ်။း(
နောက်ဟင်းပွဲကတော့ ကိုက်လန်ခရုဆီပုံစံမျိုး။ ဆိုးပါဝူး။ အကောင်းကြီးတော့ မဟုတ်ဘူး။

နောက်တစ်ပွဲကတော့ ငါးသံပုရာပေါင်းလို. ခေါ်မှာပေါ့။  ဆိုင်မှာ မြန်မာတရုတ်ဆိုင် ဆိုတော့ တရုတ်အစားအသောက်ဖြစ်ပေမဲ့ မြန်မာအကြိုက် ချဉ်စပ်လေးတွေ လုပ်ထားတာ။ စလုံးတော်တော်များများလာစားကြတာတွေ.တယ်။ ဈေးလည်းနည်းနည်းကြီးတယ်။ ဒါပေမယ့် စားပျော်ပါတယ်။

ဒါကတော့ ကန်စွန်းရွက် ကို Sambal Sauce နဲ.ကြော်တာ။ စားလို.ကောင်းတယ်။ 
နောက်ငါးကတော့ ဘာခေါ်မှန်းတော့မသိဘူး။ မဆလာတွေနဲ.ချက်တာထင်တယ်။ ငါးရောက်လာတော့ စားလို.တောင် ပြီးနေပြီ။ မကုန်နိုင်တော့ဘူး။ သိပ်တောင်မမြည်းခဲ့ရဘူး။ 

ဝက်နားရွက်သုပ်ကတော့ စိတ်နာလို.ဓါတ်ပုံတောင်မရိုက်ခဲ့ဘူး။ ကိုယ် မှာပြီးတော့ စားလို.မကောင်းလို.။ ဖွယ်ဖွယ်ကြီး မြန်မာတရုတ်ဖြစ်ပြီး မြန်မာကြိုက်လေးတောင် မသုပ်တတ်ဘူး။ လွန်လွန်းတယ်။

အဲ မကုန်ဘူး မကုန်ဘူး နဲ. စားလိုက်ကြတာ အရိုးတွေချည်းထွက်သွားတယ်။ ဟီးဟီး။ သိပ် ကျွေးချင်စရာ ကောင်းတာပဲ။ ဝက်ကလေးတွေလို ခြံခတ်ပြီး ကျွေးထားဖို.ကောင်းတယ်။ 










စားသောက်လည်းပြီးမှ သိတာက မခင်ငြိမ်းချမ်းမွေးနေ.မို.ကျွေးတာပါတဲ့။ ကြိုလည်းပြောမထားဘူး။    စိတ်ထဲကတော့ ကျိတ် ဝမ်းသာနေတာပေါ့ (ဟယ် ငါပိုက်ဆံမကုန်တော့ဘူး) ဆိုပြီးတော့။ ဘာလက်ဆောင်မှလည်း မပေးလိုက်ရဘူး။ အားနာစရာ အရမ်းကောင်းတယ်။ အမရေ ကျေးဇူးပါပဲ။  ဒီဘလော့ပို.စ်ပဲ လက်ဆောင်အဖြစ်ပေးလိုက်မယ်။ နောက်တစ်ပွဲစားဖို.  စောင့်မယ်အမ။ ပွဲကြီးနော် ပွဲကြီး။း)
ကျောက်ဖြူသူနဲ.မွေးနေ.ရှင်
အားလုံးသူတို.နှစ်ယောက်စားထားတာ။ ရှေ.က ပန်းကန်များသက်သေရှိကြောင်း။ 
သွယ်ဇင်
စားသောက် ဟီးဟီးဟားဟားနဲ. လမ်းရောက်မှ မေးဖို. သတိရတာက ဆိုင်နာမည်။ ဘာတုန်းဆိုတော့ သိဘူးတဲ့။ အေးရော။ Bugis Village ထောင့်လေးမှာ ရှိပါတယ်။ စားချင်ရင် လိုက်ပို.ပေးမယ်။ ဆိုင်နာမည် မသိတာ ဆောရီး။ ဟီး။
ကျောက်ဖြူသူရေ လုပ်ပါအုံး အုပ်စုပုံလေး။ အချောအလှ တွေနဲ. ပို.စ်ကို အဆုံးသတ်ချင်လို.။း)


စားနိုင်ရင်ကိုယ့်ဖို.
ခိုင်ဝေဇံ

စားခဲ့သမျှ

ဘာရယ်လို.မဟုတ်ဘူး။ တစ်ပတ်အတွင်း စားဖြစ်ခဲ့တာ လေးတွေ တင်ပေးလိုက်တာ။း)

နံပြား

တန်ဒိုရီ ကြက်သား နံပြား နဲ. ဆိတ်သားဟင်းရည်း)
Mango AloeVera Ice
Rojak   (အီကြာကွေး ပဲပြား သစ်တော်သီး ပန်းသီး နာနတ်သီး သရက်သီး စတာတွေကို ဆော့စ်နဲ.နယ်ပြီး မြေပဲမှုန်.ဖြူးထားတာ။  ဆော့စ်က ငါးပိပါတယ်ထင်တယ်။ ငါးပိနဲ.သင်းပြီး လေးလေးချိုချိုနဲ. စားလို.ကောင်းတယ်။ 
Saba Fish လို.ခေါ်တယ်။  မြန်မာလိုအခေါ်သိဘူး။ Bukit Timah ဘက်က ABC Canteen မှာစားခဲ့တာပါ။ ၅ ကျပ်ပဲပေးရတယ်။  အရမ်းစေးချိုတာပဲ။ ပုံမှန် ၆ ကျပ် ၇ ကျပ်လောက် နေရာတိုင်းမှာပေးရတာ။ စားလို.လဲကောင်းတယ်။ သံပုရာခြမ်းလေး ထည့်ပေးတာကို ငါးပေါ်ညှစ်လိုက် ကင်ချီ ကြွပ်ကြွပ်ကလေးနဲ. ကောင်းမှကောင်း။ 
ဒါလဲ အဲဒီကန်တင်းက ဝယ်တာပဲ။ Fish&Chips. အကြီးကြီးပဲ။ အဲဒါ လည်း ၅ကျပ်ပဲ။ စားလို.လဲကောင်းတယ်။
ဒါက ကြီးတာကို သိစေချင်လို. ဟီးဟီး။ အဲဒါလေးနဲ. Grass Jelly Juice နဲ. ရှယ်။း) 

တခြားမယ်မယ်ရရ ရေးစရာမရှိပါဘူး။ လောကကြီးကပြသနာတွေသိပ်ရှုပ်တယ်။ စားစားသောက်သောက် နားနားနေနေ  အေးအေးလူလူပဲနေတော့မယ်။

စားနိုင်ရင်ကိုယ့်ဖို.
ခိုင်ဝေဇံ