ကောင်းခြင်းငါးဖြာကို ချိန်ဆခြင်း




 photo credit;   www.seasite.niu.edu/.../myanmar_mosaic_art.htm

ကိုယ်ငယ်ငယ်တုန်းတည်းက ယောက်ျားလေးလိုပဲ ဝတ်စားပြီး နေလာတာ။ ပိုလီဒုတိယနှစ် အရောက်မှာမှ မိန်းမစိတ်နည်းနည်းဝင်လာတယ်။ လှချင်ပချင်လာတယ်ဆိုပါစို.။ ခုပြန်စဉ်းစားရင် ယောက်ျားလေးလို ဝတ်တာကလည်း တကယ်ယောက်ျားစိတ်ပေါက်လို.မဟုတ်ဘူး။ မိန်းကလေးလို ဝတ်ရင် ကိုယ့်ကိုယ်ကို confidence မရှိဘူး။ မလှဘူးလို.ထင်တယ်။ ယောက်ျားလေးလို ဝတ်ရင် ကိုယ်နဲ.လိုက်တယ်ထင်လို.။ အချစ်တော်တောင် ထားလိုက်သေးတယ်။ ထားလိုက်ပါတော့ ဒါတွေက။

တကယ်တမ်း အလှတွေပြင်ပြီး မိန်းမစိတ်ပေါက်လာပြီဆိုတော့ ကိုယ့်ကိုကိုယ် ဆင်ခြင်သုံးသပ်လာတယ်။ ကိုယ်က လှတဲ့အထဲမှာ ပါတာလား။
ချစ်စရာကောင်းတဲ့ အထဲမှာပါတာလား။
ကြည့်ကောင်းတဲ့အထဲမှာ ပါတာလား။
ဆက်စီဖြစ်တဲ့အထဲမှာပါတာလား။
ခပ်မိုက်မိုက်ထဲမှာ ပါတာလားပေါ့။
အဲဒီအချိန်မှာ သိလိုက်ရတာက ကိုယ်က ရွက်ကြမ်းရေကျို အထဲမှာ ပါတယ် ဆိုတာပဲ။

ဒါပေမယ့် အလှဆိုတာကို ဘယ်လို Define လုပ်မလဲ။ မြန်မာ မိန်းကလေးဖြစ်ပီဟေ့ဆိုရင် စံရှိတယ်၊ ကောင်းခြင်းငါးဖြာထဲမှာ ဘယ်တဖြာနဲ. ကိုက်မကိုက် သုံးသပ်ကြည့်ရတယ်။ ဒါဘေ့စစ် ပဲ။ လှတယ် မလှဘူးဆိုတာ ကြည့်တဲ့သူအပေါ်မှာပဲ မူတည်တာ (ဖြေတွေးလေးပေါ့)။ ဒီတော့ ကိုယ်ကောင်းခြင်း ငါးဖြာထဲမှာ ပါလား မပါလားတိုက်ကြည့်မယ်။

အရေဧ။်ကောင်းခြင်း 
 အသားအရေကောင်းတယ်ဆိုတာဘာလဲ။ ညိုသည်ဖြစ်စေ ဖြူသည်ဖြစ်စေ အသားအရေချောမွတ်ရမယ်။ အနာ အဆာမရှိရဘူး။  အဲ အဲ စစချင်း တွေ.ပြီ။ ကိုယ်အသားကောင်းတယ်လို. ထင်တယ်။ ဘာကြောင့်လဲ ဆိုတာ ပြောပြမယ်။
ကိုယ်က အသားမည်းတယ်။ ဒါပေမယ့် မဲခြောက်ခြောက်ကြီး မဟုတ်ဘူး ( ဘယ်အသားမဲကမှ ကိုယ့်ဟာကိုယ် မဲခြောက်ခြောက်ပါလို.လဲ ဝန်မခံပါဘူး)
ပြီးတော့ ကိုယ့်မှာ အနာရွတ် တွေ သိပ်မရှိဘူး။ ကိုယ့်ခြေထောက်မှာ ငယ်ငယ်တုန်းက ဝဲတွေပေါက်တာ ပုလဲလုံးလေးတွေ စီထားတာကျနေတာပဲ။ သူများတွေလို အနာရွတ်မကျန်ခဲ့ဘူး အကုန်ပျောက်သွားပြီ။ ကြီးကြီးမားမားဆိုလို. ခြေဖမိုးမှာ ငယ်ငယ်တုန်းက ဝတ်ထားတဲ့ဂါဝန်ကို ကိုယ့်ဟာကိုယ်မီးတိုက်လို. မီးစကျပြီး လောင်ထားတဲ့ အမာရွတ်တခုပဲကျန်တယ်။  ငယ်ငယ်တုန်းက မီးပွင့်အောင်ဆော့တာ။ အဲဒီအမာရွတ်တွေ ဘာမှ မရှိတော့ဘူး။ အဲဒါအသား ကောင်းလို.ပေါ့။
ဟုတ်တာ မဟုတ်တာ အပထား။ ကိုယ်ကတော့ ကိုယ့်ဟာကိုယ် အသားဧ။်ကောင်းခြင်းနဲ. ပြည့်စုံတယ်လို.သတ်မှတပစ်လိုက်တယ်။ ဘယ်သူတွေဘာပြောပြော အရေးမစိုက်ပါဘူး။

ဆံပင်ဧ။်ကောင်းခြင်း

ကိုယ့်ဆံပင်က လေပြင်းပြင်းတိုက်ရင်တောင် ကျွတ်တယ်။ ခုထိပ်မှာ ဆံပင်သိပ်မရှိတော့ဘူး။  ဒါတောင် ငယ်ငယ်တုန်းက ၆တန်းနှစ်အထိ အမေက ကတုံးတုံးပေးထားတာ။ နို.မို.ရင်တော့ ခုလောက်ဆို ဆံပင်မွှေးကို ရေကြည့်ရင်တောင်ရလောက်တယ်။  ကိုယ်က ကတုံးနဲ.မလှဘူး။ အဲဒါကြောင့် တသက်လုံးသီလရှင်မဝတ်ဘူး။  ယောဂီလောက်ပဲလုပ်မယ်။ ဟီး။ ဆံပင်ဧ။်ကောင်းခြင်းနဲ.ကတော့ ပြည့်စုံဖို.ဝေလားဝေး။

အရိုးဧ။်ကောင်းခြင်း                                                                                                                                      


အရိုးကောင်းတယ်ဆိုတာ အရိုးအဆစ်ပြေပြစ် ညီညွတ်မှုရှိရမယ်။ လက်သည်းကအစ လှရမယ်လို.ပြောတာ။ ဒါကတော့ သေချာတယ် မဖြစ်ဘူး။
ကိုယ်က အရပ်လေးက ပုတုတု ကွတတ
လက်ဆစ်ခြေဆစ်ကလည်းမလှ
လက်ချောင်း ခြေချောင်းလေးတွေကလည်း ဘဲခြေဘဲလက် တွေလို ကားကားလေးတွေ
ဒီအချက်ကတော့ ကိုယ်နဲ.မဆိုင်ရေးချ မဆိုင်

အသံဧ။်ကောင်းခြင်း                                                                                                                                         


အဟဲဟဲ အသံဧ။်ကောင်းခြင်းကတော့ ရှင်းပါတယ်။ အသံသာတာပေါ့။ အသံအကြောင်းပြောရင်တော့ ဟစ်လို.သာ ရီချင်ပါတော့တယ် ဆိုတာမျိုး။ ကိုယ့်အသံက ကီးကြောင်သံ။ ဘယ်ကီးနဲ.မှ မကိုက်ဘူး။ ကိုယ်သီချင်းဆိုရင် ကိုယ့်ဘဲတောင်မှ ငိုချင်တယ်။ မဆိုရင်ဘယ်လောက်ပေးရမလဲ ဆိုတဲ့သူကရှိသေးတယ်။  ကိုယ်တင်မဟုတ်ဘူး၊ ကိုယ့်ညီမလဲ အဲလိုပဲ ၊ နွယ်နီလင်းလဲအဲလိုပဲ (အဖော်ရအောင် ဆွဲထည့်အုံးမယ်) ဒီတော့ အသံဧ။်ကောင်းခြင်းထဲမှာလဲ မပါပြန်ဘူး။

အရွယ်ဧ။်ကောင်းခြင်း                                                                                                                                       


အရွယ်ဧ။်ကောင်းခြင်းက နုတာပေါ့။ ကလေး ၁၀ယောက်ရလဲ အပျိုအတိုင်းပဲတို.ဘာတို. နေမှာပေါ့။ အဲဒါလည်းဖြစ်နိုင်ခြေတော့သိပ်မရှိဘူး။ ခုအသက် ၃၀တောင် မပြည့်သေးဘူး။ တော်တော်အိုနေပြီ။  ယောက်ျားသာယူရင်တော့ ဒီနေ. ယူပြီးရင် မနက်ဖြန်ဘိုးဘွားရိပ်သာ တန်းဝင်ရလောက်တယ်။

အင်း ကိုယ့်ဟာကိုယ်အတင်းအားဒမ ရအောင်ဆွဲထည့်ထားတဲ့ အရေဧ။်ကောင်းခြင်းကလွဲရင် ကျန်တဲ့ ၄ ပါးကတော့ ကိုယ်နဲ. ကတုံးနဲ. ဘီးလိုဖြစ်နေတယ်။

ဒါပေမယ့် ဘာအရေးလဲ။
အသံမကောင်းလဲ ဘာဖြစ်လဲ။ ကိုယ်က အဆိုတော်လုပ်စားမှာလဲမဟုတ်။
အရိုးအဆစ်မလှ အရပ်ပုလဲ ဘာဖြစ်လဲ။ ဒေါက်မြင့်ဖိနပ်စီးမှာပေါ့။
ဆံပင်မလှလဲ ဘာဖြစ်လဲ။ ဆံပင်တုစွပ်လို.ရတယ်။
အရွယ်မကောင်းလဲဘာဖြစ်လဲ။ ဗီတာမင်အီးတွေ များများစားပေးမှာပေါ့။ ၂၀၁၂ နှစ်မှာ ကမ္ဘာမပျက်ရင်တော့ ဗိုက်တာမင်အီး ပုံမှန်သောက်တော့မယ်လို. စိတ်ကူးတယ်။

ဒီလို. အိပ်စ်ကျု.စ်တွေ ပေးပြီးတဲ့ နောက်ပိုင်းမှာ ကိုယ့်ဟာနဲ.ကိုယ် စိတ်ချမ်းသာသွားပါတယ်။း) လောကမှာ ဒါအရေးအကြီးဆုံးပဲ။ စိတ်ချမ်းသာအောင်နေတတ်ဖို.။း)

ခိုင်ဝေဇံ

1 comments:

Unknown said...

နင်ပြောမှဘာတွေကိုယ်မှာရှိလဲစစ်မိတော့တယ်...
စိတ်ချမ်းသာဖို့အဓိဖြစ်လေတော့ အားလုံးကောင်းတယ်လို့ပဲကိုယ်ဘာကိုယ်မှတ်ယူလိုက်တော့မယ်ဟာ.....ဒဒဒ