ပထမဆုံးခြေလှမ်း xxx Skin Care သင့် မ Care သင့်

အင်း  ဒီရုပ်ဒီရည်လေးနဲ. Skin care အကြောင်းကိုရေးမယ် ဆိုလို. လန်.မသွားကြပါနဲ.အုံး။ ဟီးဟီး။ မှီငြမ်းကိုးကားပြီးတော့ရေးတာပါ။ ဘလိုင်းကြီးမရေးဘူး။

ကိုယ်က မိတ်ကပ်မပြင်တတ်ပါဘူး။ သိပ်လည်း ဝါသနာမပါသလို မိတ်ကပ်ပြင်ရင်လည်း ထူးခြားပြီး လှမလာတဲ့ အတွက်ပါ။ ဒါပေမယ့် Skin care ကိုတော့ မိန်းကလေးတွေအားလုံး ( ယောက်ျားလေးတွေတာ တတ်နိုင်ရင်ပေါ့) အတိုင်းအတာ တစ်ခုအထိ လုပ်သင့်တယ် လို.ထင်တယ်။ အရေးလေး နည်းနည်း ပိုစိုက်ပေးတာလောက်ပေါ့။ အသားအရေ ဘယ်လိုထိမ်းသိမ်းမယ်။ အဆီမပြန်အောင် သို. မခြောက်အောင် သို. အရေးအကြောင်းတွေမပေါ်အောင်ဘယ်လိုလုပ်မယ် ဘာညာစသည်ဖြင့်ပေါ့လေ။ ခုခေတ်မှာ အဲလိုမျိုးဟာတွေကို အရမ်းအရေးစိုက်လာတာ တွေ.ရပါတယ်။  မြန်မာပြည်က မဂ္ဂဇင်းတိုင်းမှာ ဘယ်စာအုပ်လှန်ကြည့်ကြည့် မျက်နှာအသားအရေ ကိုဘယ်လိုလုပ်မယ် ညာလိုလုပ်ရမယ်နဲ. လတိုင်းလတိုင်း ဒီအကြောင်းကိုပဲ ထပ်တလဲလဲ ရေးနေကြတာတွေ.ပါလိမ့်မယ်။ အင်တာနက်မှာ ရှာကြည့်လဲဒီအတိုင်းပါပဲ။ မထူးဘူး။


 By right ပေါ့ မိန်းကလေးတွေအပြင်ထွက်တော့မယ်ဆိုရင် လုပ်ရမဲ့အဆင့်တွေကတော့

  1. Makeup remover (not necessarily have to be the first step)
  2. Cleanser
  3. Facial Foam
  4. Toner
  5. Facial Essence
  6. Moisturizer (day cream/ night cream)
  7. Foundation
  8. Concealer 
  9. Make up
  10. Eye make up
  11. Bronzer
  12. Lipstick

အဲဒီအထဲမှာ နံပါတ် ၁ ကနေ ၆ အထိက Skin care ထဲမှာပါပါတယ်.။ ကျန်တာကတော့ မိတ်ကပ်ဖြစ်သွားပြီ။  အဲ သူတို.ပြောတဲ့အဆင့်အတိုင်းသာလုပ်မယ်ဆိုရင်တော့ ကိုယ်အလုပ်တောင်ပြုတ်သွားလိမ့်မယ်။ ဒီလောက် မနက်စောစောစီးစီး ပြေးလွှားပြီး ရထားမှီအောင် မနည်းလုပ်နေရတာ။ ဒါတောင်ကျန်ပါသေးတယ်။ Scrubbing ရယ် ပြီးတော့ Facial mask ရယ်တောင်မပါသေးဘူး။ ဒါတွေက မျက်နှာအတွက် ။ ဘော်ဒီမပါသေးဘူးနော်။း) ဒီတော့ သဘောပေါက်တယ် မဟုတ်လား။ ဘာလို.မိန်းကလေးတွေ ဒီလောက် ဘီးစီးလဲ ဆိုတာကို။

 တစ်ခါတလေ စာအုပ်ကြီးထဲက လုပ်ရမဲ့ အဆင့်တွေက ကိုယ်တို. အတွက်သိပ်ပြီး ပရက်တီကယ် မကျဘူးလို.ထင်တယ်။ မလိုအပ်ဘူးပေါ့။ ပြီးတော့ အလှကုန်ပစ္စည်းကလည်း ဈေးစုံ တံဆိပ်စုံနဲ. ဆိုင်ထဲဝင်ရင် ပြန်မထွက်ချင်အောင် ရောင်းနေကြတာဆိုတော့ ဘယ်ကိုဝယ်လို.ဝယ်ရမှန်းမသိဘူးဖြစ်ကုန်တယ်။ ဘယ်ဟာကောင်းမလဲ ဈေးကြီးတဲ့ဟာသုံးရင်ကောင်းမလား ပေါပေါလောလောပဲ ဝယ်ရရင်ကောင်းမလားပေါ့လေ။  ဒီတော့ တဆင့်ချင်းလိုအပ်တယ် မလိုအပ်ဘူးဆိုတာကို Justify လုပ်ချင်တယ်။ ကိုယ့်အမြင်ပေါ့။ အားလုံးအကုန် လိုက်လုပ်နိုင်ရင်တော့ ကောင်းပါတယ်။ အချိန်မရှိသော သို. အချိန်ရှိရဲ.သားနဲ. အပျင်းထူသူများအတွက် ဆိုပါစို.။

၁.   Makeup remover
      မော်ဒယ်တို. မင်းသမီးတို. တချိန်လုံးမျက်နှာမှာ မိတ်ကပ်တစ်ပိသာလောက် နေ.စဉ်နဲ.အမျှလိမ်းတဲ့ ကောင်မလေးတွေက လွဲရင် Makeup remover ဟာအဲဒီလောက်အထိအရေးမပါပါဘူး။ ပုံမှန်အသင့်အတင့် ခပ်ပါးပါး မိတ်ကပ်လိမ်းသူများအတွက် အရေးတကြီး မလိုအပ်ပါဘူး။ ပုံမှန် မျက်နှာသစ်ဆေးကို သုံးရုံနဲ. လုံလောက်ပါတယ်။ ဈေးကြီးစရာ မလိုပါဘူး။ ပေါပေါလောလော (Nivea/ Olay/ Loreal/ Neutrogena) Watson တို.လောက်မှာရောင်းတဲ့  တစ်ဆယ် နှစ်ဆယ်အောက် ဈေးလောက်ရှိတဲ့ ပစ္စည်းတွေကို သုံးရင်ဖြစ်ပါတယ်။


၂.  Cleanser
     Cleanser နဲ. Facial Foam ကအတူတူပါပဲ။ Cleanser က အသားအရေခြောက်သူများအတွက် သုံးရတာဖြစ်ပြီးတော့ ပိုပြီး Creamy ဖြစ်ပါတယ်။ သုံးရင် အမြုပ်သိပ်မထွက်ဘူး။ ဒါကိုတော့ ပစ္စည်းကောင်းကောင်းထဲက ဝယ်သုံးပေးပါ။ Drug Store ပစ္စည်းတွေနဲ. သုံးရင် ရေရှည်မှာ အရမ်းသိသာပါတယ်။ ကိုယ်ထိုင်းကိုသွားတော့ ကိုယ့် Facial Wash ကျန်ခဲ့လို. ထိုင်းက ပေါပေါပဲပဲ Nivea တစ်ခုဝယ်သုံးတာ မျက်နှာကတော်တော် ကြမ်းသွားပါတယ်။ အိမ်ပြန်ရောက်တော့ နည်းနည်းလေးဂရုစိုက်လိုက်တော့ ခုသက်သာသွားပြီ။


၃. Facial Foam
    အထက်မှာပြောထားတဲ့အတိုင်း မျက်နှာသစ်ဆေးပါပဲ။ အဆီပြန်တဲ့အသားအရေတွေအတွက်ပါ။ ကိုယ်က အသားခြောက်ပေမဲ့ မြန်မာတို.ထုံးစံအတိုင်း အမြုပ်တစ်ဖွားဖွားနဲ.မှ သန်.ပြီး ပြောင်သွားတယ်ထင်တဲ့  စိတ်ကလေးရှိလို. Facial Foam ကိုပဲသုံးပါတယ်။ ဘယ်တော့မှ ပစ္စည်းကောင်းကောင်း Brand ကောင်းကောင်း Facial Foam တစ်ခုကို ဝယ်ဖို.မနှမြောပါနဲ.။


၎. Toner
     တစ်ခုသိထားရမှာက Toner ကို အဆီပြန်တဲ့အသားအရေ ရှိသူများပဲ မဖြစ်မနေ သုံးဖို.လိုပါတယ်။ အသားခြောက်သူများက Skip လုပ်လို.ရပါတယ်။ ဝယ်တဲ့အခါမှာ Alcohol Free ဖြစ်တဲ့ Toner လေးကို တကူးတက ရှာဝယ်ပေးပါ။ ဈေးကြီးစရာမလိုပါဘူး။ Watson မှာရောင်းတဲ့ Brand တွေက ဝယ်လဲရပါတယ်။

၅. Facial Essence
    Essence ကိုတော့ ကိုယ်တိုင်မသုံးဖြစ်ပါဘူး။ ဒါပေမယ့် သုံးရင်ကောင်းတယ်လို.တော့ လက်ခံပါတယ်။ ဈေးအသင့်အတင့်ကို ဝယ်သုံးရင် ရပါပြီ။ သူအဓိက လုပ်ပေးတာက Toner နဲ. တူပါတယ်။ သူကပိုပြီး မျက်နှာကို Brighten ဖြစ်စေတယ်ပေါ့။  Dull မဖြစ်အောင်လုပ်ပေးတယ်လို.ပြောတယ်။ ကိုယ်တိုင်မသုံးဖူးတဲ့အတွက် သိပ်မပြောနိုင်ပါဘူး။  SK II Facial Treatment Essenceကတော့ တော်တော်လူပြောများပါတယ်။


၆. Moisturizer
   Moisturizer အကြောင်းကိုပြောရင် Day cream, Night Cream. Eye cream တွေအကြောင်းပါထည့်ပြောသွားပါမယ်။ Moisturizer ဝယ်ဖို.ကိုလည်း ဘယ်တော့မှ မနှမြောပါနဲ.။ အဆီပြန်တဲ့အသားအရေရော၊ အသားခြောက်သူများရော သုံးဖို.လိုအပ်ပါတယ်။ Moisturizer က skin's hydration(water-content of the skin) ကိုပဲ ပြင်ပေးတာပါ။ အဆီပိုပြန်တယ်။ မျက်နှာကပြောင်ပြောင်ကြီးဖြစ်နေတယ် ဆိုပါ မဟုတ်ပါဘူး။  Oil free moisturizer တွေအများကြီးရှိပါတယ်။ Night Cream နဲ. Day cream တွေကို တံဆိပ်တစ်ခုတည်းက သုံးရင်ပိုကောင်းပါတယ်။  အသားအရေ အမျိုးမျိုးအတွက် မတူတဲ့ Moisturizer တွေရှိတယ် ဆိုတာ မမေ့ပါနဲ.။ ကိုယ်ကတော့ နိုက်ကရင်မ် ကို အလေးထားပြီးသုံးဖြစ်ပါတယ်။  ဈေးနှုန်း အသင့်အတင့်ထဲက သုံးချင်တယ် ဆိုရင် Olay Regenerist Micro-sculpting Cream ရှိပါတယ်။ အလွယ်တစ်ကူ ဝယ်လို.ရပါတယ်။ ၃၀ ကျော်လောက်ပေးရမယ်ထင်တယ်။ သူက Best review တွေရထားပြီးတော့ ဆုတွေလည်းတော်တော်များများရထားပါတယ်။

 An Allure Magazine 2010 Readers' Choice Award winner
ဒီထက်နည်းနည်းကောင်းတဲ့ တံဆိပ်သုံးချင်ရင်တော့ Top Review ရထားတဲ့ Lancôme Absolue Night Precious Cells Advanced Regenerating and Restoring Night Cream ရှိပါတယ်။ SK II ကလည်းဆုတွေ တော်တော်များများရထားတာတွေ.ပါတယ်။  ဒါလည်း ကိုယ်မသုံးဖြစ်ပါဘူး။ ၁၈၅ ဒေါ်လာက ကိုယ့်အတွက် ဈေးကြီးတဲ့အထဲမှာပါလို.။
၇. Body Lotion
    ဒါကတော့ မသုံးရင် မဖြစ်တဲ့ အရာပါ။ ဘယ်လောက်ပျင်းပျင်း ဒါကိုတော့ တစ်နေ.တစ်ခါ လိမ်းဖို.ကို မမေ့နဲ. လို.ပြောချင်ပါတယ်။ ဒါပေမယ့် ဈေးကြီးတာ ဝယ်သုံးဖို.မလိုပါဘူး။ ပုံမှန်သုံးပေးရင်တော်ပါပြီ။ ကိုယ် ငယ်ငယ်တုံးက ခြင်ကိုက်လို.အနာတွေဖြစ်တယ်။ ခြေထောက်တစ်ခုလုံးက မိန်းကလေး ခြေထောက်နဲ.ကို မတူဘူး။ အနာရွတ်အသေးလေးတွေအပြင် ဆိုင်ကယ် အက်ဆီးဒန်. နှစ်ခေါက်သုံးခေါက်ဖြစ်လို. ရထားတဲ့ အမာရွတ်တွေက ခြေထောက်မှာ အပြည့်ပါ။ စကပ်တို ဝတ်ရဲဖို.နေနေသာသာ ထမီကိုတောင် ဒရွတ်ဆွဲပြီးဝတ်ရတယ်။ ပေါ်မှာစိုးလို.။ ဒီရောက်တော့ မီနီစကပ်ဝတ်ချင်လာပါတယ်။ ဒါနဲ. Nivea Extra Whitening Milk Repair တစ်ဘူးဝယ်ချလာပါတယ်။ Nivea ကိုလက်ဟောင်းကတည်းက သုံးလာတာ။ ဒါပေမယ့် ပုံမှန်မသုံးဖြစ်ပါဘူး။ အဲဒီတုန်းကတော့ ညအိပ်ခါနီးတိုင်း လက်မှာ တစ်ပုံကြီးထည့်ပြီး ခြေထောက်တစ်ချောင်းလုံး ကို နှံ.နေအောင်လိမ်းပါတယ်။ ၁၀ မိနစ်လောက်ကို စိတ်ရှည်လက်ရှည် လိမ်းတယ်။ ၂လခွဲလည်းကြာ အဲဒီဘူးလည်းကုန်ရော တော်တော်များများ အမာရွတ်အကုန်ပျောက်သွားတယ်။  ခြေထောက်လည်း သိပ်ကြည့်ရမဆိုးတော့ဘူး။ ဒီတော့မှ စကပ်အတို စဝတ်ရဲတာ။ အဲလိုအမြဲတမ်းသုံးလာပေမယ့် Nivea လိမ်းရတာ ကပ်စီးကပ်စီးနဲ. Creamy ဖြစ်တယ်။ အဲဒါနဲ. ပြောင်းသုံးကြည့်မယ်ဆိုပြီး လိုက်ရှာတော့ Vaseline ကိုတွေ.ပါတယ်။ ခုသုံးနေတာ အဆင်ပြောတယ်။ လုံးဝ Sticky မဖြစ်ဘူး။ သူက Moisturizing Effect ကိုပေးတာပါ။ အနံ. ကလည်း Nivea လောက်မဆိုးပါဘူး။ ပြောခဲ့တဲ့အတိုင်း လိမ်းဖြစ်အောင်လိမ်းပါ။ ဒါပေမဲ့ ဈေးကြီးဖို.မလိုဘူး။
၈. Facial Scrub/ Body Scrub
    ဒါကတော့ လုပ်နိုင်ရင်ကောင်းတယ်လို.ထင်ပါတယ်။ ဈေးသိပ်ကြီးစရာမလိုပါဘူး။ ဈေးချိုချိုနဲ. ကောင်းတဲ့ ပစ္စည်းတွေရှိပါတယ်။ တကယ်တန်း အသားအရေညီချင်တယ်ဆိုရင်တော့ လုပ်ပေးဖို.လိုပါတယ်။ နေ.တိုင်းမဟုတ်ပါဘူး။ တစ်ပါတ်မှာ အများဆုံး ၂ ခေါက်အထိလုပ်ပေးလို.ရပါတယ်။ Body Scrub လုပ်တဲ့အချိန်မှာ တံတောင်ဆစ်တို. ဒူးခေါင်းတို. ခြေမျက်စိတို.လို. မည်းတတ်တဲ့ နေရာတွေကို များများလုပ်ပေးရပါတယ်။  အဆီပြန်တဲ့ အသားအရေ ရှိသူတွေက Facial Scrub လုပ်ပေးဖို.လိုပါတယ်။ ဈေးအသင့်အတင့်နဲ. ကောင်းတဲ့ Scrub လေးတွေကို Bodyshop မှာ ရနိုင်ပါတယ်။


၉. Facial Mask
    သူများတော့ မသိဘူး။ ကိုယ်ကတော့ ပုံမှန် ၁လမှာ ၂ခေါက်လောက် လုပ်ပါတယ်။ ၁ ပတ်မှာ တစ်ခေါက် ၂ ခေါက်လုပ်သင့်တယ် လို. Facial Mask ဘူးတွေမှာ ဆိုပေမယ့် ကိုယ်ကမအားတော့ ပုံမှန်မလုပ်ဖြစ်ပါဘူး။ သတိထားရမှာက အဆီပြန်ရင် ရိုးရိုး မျက်နှာမှာ ကပ်ရတဲ့ Mask မသုံးပါနဲ.။ အဲဒါ အသားအရေ ခြောက်တဲ့လူတွေအတွက်များပါတယ်။ အဆီပြန်တဲ့လူတွေက Mud လိုမျိုး Pasty ဖြစ်တဲ့ ဘူးလိုက်လာတဲ့ Mask တွေနဲ. Peel Off Mask တွေသုံးသင့်ပါတယ်။ ကိုယ့်ဟာကို အိမ်မှာ သခွားသီး သို. ခရမ်းချဉ်သီးတို. ကပ်ရင်လည်း ရပါတယ်။ ထောပတ်သီးကိုခြေပြီးတော့လည်း ကပ်ကြပါတယ်။ ကိုယ်ကတော့မရဘူး။ ထောပတ်သီးဝယ်ရင် ကပ်ရမှာ နှမြောလို. နို.လေး သကြားလေး ထည့်ပြီးဖျော်သောက်လိုက်တယ်။ အခုဒီမှာ ပေးထားတဲ့ ဗွီဒီယိုကတော့ ကိုယ်အမြဲလုပ်တတ်တဲ့ Home Facial Treatment ပါ။ ကိုယ်လုပ်လာတာ နှစ်နဲ.ချီနေပြီ။ အမြဲတမ်းတော့ မလုပ်ဖူးပေါ့။ အရမ်းကို အသုံးဝင်ပါတယ်။ အိမ်မှာ မျက်နှာပေါင်းတင်တာပေါ့။ ဘာထူးထူးခြားခြား ပစ္စည်းမှလဲ သုံးစရာမလိုပါဘူး။ လုပ်ကြည့်ဖို. တိုက်တွန်းချင်တယ်။ ဒီတော့ Facial mask ဝယ်မယ်ဆိုရင် ဈေးကြီးတာ မလိုပါဘူး။ အသင့်အတင့်ကို ဝယ်သုံးလို.ရပါတယ်။



ဒီလောက်ဆိုရင်တော်တော်လေး စုံသလောက်ရှိသွားပြီ။ မိတ်ကပ်ဆိုတာက အဖျားအနား Skin care လုပ်ပေးမှ အရောင်နည်းနည်းထွက်တာပါ။ Skin ကောင်းလေ မိတ်ကပ်လိမ်းရသက်သာလေ ပါပဲ။ မိတ်ကပ်အများကြီးလိမ်းရင် အရေတွေတွန်.လွယ်တယ်။ မြန်မာမိန်းကလေးတွေ လိမ်းတတ်တဲ့ ပရိုမီနာ တို.အာချီတို.ဆိုတာ အမြဲတမ်းစွဲသုံးရင်မကောင်းပါဘူး။ အဲဒါတွေအလိမ်းများရင် မျက်နှာက အသားအရေကို စားသွားပြီးတော့ မျက်နှာကြီးကွက်ပြီး ဖြူနေတဲ့ မိန်းကလေးတွေအများကြီးပါ။ သနပ်ခါးလိမ်းတာကလည်းလိမ်းပေါ့။ ဒါပေမဲ့ အနည်းဆုံး ညအိပ်တဲ့အခါမှာတော့ သနပ်ခါးပိန်းနေအောင်လိမ်းပြီး အိပ်တာထက် Night Cream ပါးပါးလေးတစ်ခု လိမ်းပြီးအိပ်တာက ပိုပြီး Skin အတွက်ကောင်းပါတယ်။ အိမ်ကလူတွေကို အဲလိုသွားပြောရင် အကန်တောင်ခံရလိမ့်မယ် ထင်တယ်။ သူတို.က သနပ်ခါးချစ်သူတွေ။း)

ပထမဆုံး Skin Care အကြောင်းကတော့ မထင်မှတ်ပဲနဲ.တော်တော်ရှည်သွားတယ်။

ဘာမှတော့မဆိုင်ပေမဲ့ မနေ.က နိုက်ဂျူတီမှာ စားခဲ့တဲ့ ငှက်ကင်လေးကို တင်ပေးလိုက်ပါတယ်။ အဟီး။ မနေနိုင်လို.။ အတင်းကို ချိုတာပဲ အသားက။ မလေးရှား ကိုသွားတဲ့ ရထားဘူတာ မှာသွားစားတာ။ အဲဒီလို ထူးထူးဆန်းဆန်းဟင်းလေးတွေ ရတတ်ပါတယ်။ ဒီနေ.လည်း သွားစားရင် စားအုံးမယ်။း)
စားနိုင်ရင်ကိုယ့်ဖို.
ခိုင်ဝေဇံ

Fish & Co သို.မဟုတ် အတိတ်က အရိပ်တစ်ခု

Fish & Co ကို ကိုယ့်လောက်  ဒီတေးလ် Review လုပ်နိုင်တဲ့လူ ရှားပါလိမ့်မယ်။ ဘာလို.လဲ ဆိုတော့ ကိုယ်က အဲဒီမှာ အလုပ်လုပ်ခဲ့တာကိုး။  အဲဒီက ဟင်းတိုင်းနဲ. အကျွမ်းဝင်သလို အားလုံးနီးပါးမြည်းစမ်းကြည့်ဖူးပါတယ်။ Fish & Co အကြောင်းကိုရေးမယ်ဆိုရင် ဟင်းအကြောင်းတင်မကဘူး ကိုယ့်အကြောင်းတွေကိုပါ ထည့်ရေးရလိမ့်မယ် ထင်တယ်။

စင်္ကာပူကိုရောက်လို. ကျောင်းစတက်ပြီး ၃ လမှာ ကိုယ်အလုပ်ရှာပါတယ်။ ပါတ်တိုင်း အလုပ်ကလေးများရမလားပေါ့။ လူချမ်းသာ သားသမီး မဟုတ်သလို၊ ဒီကိုရောက်တဲ့ အချိန်မှာ ကိုယ့်အသက်ကလည်း သူများတွေလို ၁၆ ၁၇နဲ.လာတာ မဟုတ်တော့ဘူးလေ။ နည်းနည်း ကြီးတယ်ဆိုတော့ မိဘဆီက ပိုက်ဆံလတိုင်းလှမ်းတောင်းရမှာ ရှက်လို.ပါ။ ကိုယ်အလုပ်တခါမှ မလုပ်ဖူးဘူး။ သူငယ်ချင်းတွေက ပြောပြတာပေါ့။ ဟိုတယ် မှာလုပ်လို.ရတယ်။ စားသောက်ဆိုင်မှာ လုပ်လို.ရတယ်တဲ့။ ဘယ်မှာလုပ်မလဲဆိုတော့ ကိုယ်က ကိုယ့်အိမ်နဲ.နီးတဲ့  စားသောက်ဆိုင်ပဲရွေးလိုက်တယ်။ ဗမာမန်နေဂျာဆိုလို.လည်းပါတယ်။ လက်ထောက်မန်နေဂျာကလည်း ဗမာပဲ။ ရောက်စ တုန်းကတော့ ဗမာမြင်ရင် နှုတ်ဆက်စကားပြောချင်တယ်။ အလိုလိုကို ဝမ်းသာနေတာ။ ဗမာ များတယ် မသွားနဲ. ဆိုတဲ့ စကားမျိုးပြောရင် အံ့သြမိတာပေါ့။ ကိုယ်ကတော့ ဗမာမန်နေဂျာတွေဆိုတာနဲ. ဝမ်းကိုသာလို. သွားအလုပ်လျှောက်ပါတယ်။ အင်တာဗျူးခံရတာပေါ့လေ။ မန်နေဂျာက ဗမာတရုတ်ပါ။ ကိုနော်မန်တဲ့။ ရုပ်မြင်တာနဲ.ကို သဘောကောင်းတဲ့ရုပ်ဆိုတော့  အားတက်တာပေါ့။ အလုပ်လုပ်နိုင်လားတဲ့။ လုပ်နိုင်တယ်ပေါ့။ ဘယ်သူက မလုပ်နိုင်ဘူးလို. ပြောမှာလဲ။ ပင်ပန်းမယ်နော်တဲ့။ ရတယ်ပေါ့။ ကဲဒါဆိုရင် အလုပ်ဆင်းလို.ရပြီ ဆိုတော့ ကိုယ့်မှာ ထီပေါက်တဲ့ အတိုင်းပဲ။ အဲဒါနဲ.ပဲ Fish & Co မှာ စပြီးအလုပ်လုပ်ဖြစ်ပါတယ်။

အဲဒီက အစားအသောက်တွေကို စပြီးမြည်းနဲ.နေ.တုန်းကများဆိုရင် ကိုယ့်မှာကြိုက်လွန်းလို. ငါဒီဆိုင်ကိုရွေးတာ မှန်လိုက်လေခြင်းဆိုပြီး တပြုံးပြုံးနဲ.ပါ။ ဒါပေမယ့် ဧည့်သည်တွေကို Serve လုပ်ရမဲ့အချိန်ကိုရောက်လာရင်တော့  ကိုယ့်လောက်စိတ်ညစ်တာမရှိဘူး။ စားပွဲထိုးလုပ်ရတယ်ဆိုတာ မလွယ်ပါလား ဆိုတာ အဲဒီတော့မှသိတာ။ တခါတလေ ကိုယ့်ဘဝကိုတွေးပြီး ငါတော်တော်အဖြစ်ဆိုးတာပဲလို.တွေးမိတယ်။ မြန်မာပြည်က စားပွဲထိုးတွေလုပ်သလို မျက်နှာထားတင်းတင်းနဲ. လုပ်လို.မရပါဘူး။ မျက်နှာပေါ်ကို သကာလောင်းထားသလို ပြုံးချိုအောင် ထားရပြီးတော့ ဧည့်သည်အကြိုက် ရေဆိုရေ၊ ဆော့စ်ဆိုဆော့စ် အပြေးအလွှားလုပ်ပေးရတာပါ။ အစတုန်းက ကိုယ့်အတွက် အ၇မ်းခက်ခဲပေမဲ့ နောက်ပိုင်းကျတော့ ဒီအလုပ်ကို ကိုယ်သဘောကျပါတယ်။ ကိုယ်က စေတနာနဲ.လုပ်ပေးတယ်။ အဖြစ်လုပ်ပေးတာ မဟုတ်ဘူး။ ဝါသနာပါတယ် ဆိုတာကို သိလာတယ်။ ကျောင်းထက် အလုပ်ကို ပိုပြီး ဦးစားပေးချင်လာတယ်။ ကိုယ် တစ်ပါတ်မှာ ခြောက်ရက် ပုံမှန် အိုတီရှိရင် ၇ရက် စလုံးဆင်းပါတယ်။ လောဘပေါ့လေ။ ညောင်းတာကတော့ ညောင်းသလားလို.မမေးနဲ.။ ညညကျရင် ခြေထောက်နာလွန်းလို. မျက်ရည်ပူတွေကျတယ်။ မနက်ကျတော့ ထပြီးကျောင်းသွားရတယ်။ ဒါပေမယ့် ကိုယ်က ကျောင်းမှာ သိပ်မပျော်ဘူး။ Fish & Co က ကိုယ့်အိမ်လိုကို ခံစားရတာ။ ကိုယ်အိမ်မှာ ထမင်းမစားဘူး။ အဲဒီမှာပဲစားတယ်။ Staff Meal ဆိုပြီးသက်သက်လုပ်ကျွေးတာကိုး။  ကိုယ် ၃ နှစ်တိတိ ကျောင်းပြီးတဲ့အထိ အဲဒီမှာလုပ်ခဲ့တာ။ ကိုယ့်ကို Fish & Co က  စာသင်ပေးလိုက်တယ်လို.တောင် ခံစားရတယ်။ ကိုယ်ပိုလီတလျှောက် အိမ်က ပိုက်ဆံမတောင်းခဲ့ရဘူး။ ပျော်ခဲ့တာရှိသလို တခါတလေ ကွန်ပလိန်း အတက်သန်တဲ့ စလုံးတွေကြောင့်စိတ်ညစ်ခဲ့ရတာရှိတယ်။ ဧည့်သည်ဆူလို. မျက်ရည်တောင်ကျခဲ့ဘူးတယ်။ ခုတွေးကြည့်တော့လဲ ဘာမှမဟုတ်တော့သလိုပဲ။

အလုပ်လောဘကြီးတဲ့ကိုယ်က ကျောင်းပိတ်ရက်ဆို Fish & Co တစ်ခုတည်းမှာ မလုပ်ပါဘူး။ Orchard က Takashimaya ကုန်တိုက်မှာ ကတ်ရှာ သွားလုပ်သေးတယ်။ အဲဒါက လုပ်ရတာတန်တယ်။ တရက်ကို ၁၀ နာရီ ဆင်းရပြီးတော့ တနာရီ ၆ ကျပ်နှုန်းရတယ်။  ကိုက်တာပေါ့။ ရပ်တာကတော့ အသကုန်ရပ်ရပါတယ်။ ဒါပေမယ့် စားသောက်ဆိုင်မှာလုပ်သလိုတော့ တစ်ဆိုင်လုံး ပတ်မပြေးနေရဘူးပေါ့။ ကိုယ်တို.ကို ငှားတာက ပရိုမိုးရှင်းအတွက်ငှားတာ။ Sale ချတဲ့အချိန်ပေါ့။ လုပ်ပျော်ပါတယ်။ အဲဒီမှာ ၂ လလောက်လုပ်ပြီးရင် ကိုယ် မြန်မာပြည် တစ်ခေါက်ပြန်နိုင်တယ်။    ပြီးတော့ အဲဒီမှာ အလုပ်မရှိတော့ရင် စက်ရုံတွေ လိုက်ကြည့်သေးတယ်။ စက်ရုံတွေဆိုလည်း အလုပ်သက်သာတယ်။ သူတို.က အလုပ်ချိန်ကြာတယ်။ ဒါပေမယ့် အလုပ် ၄ရက် ဆို၎ ရက် ဆင်းပြီးတာနဲ. ပိုက်ဆံရှင်းပေးတယ်။ ဒီတော့ လုပ်ရတာ တန်တယ်။ ခုကိုယ် စဉ်းစားကြည့်တာနဲ.တင်မောတယ်။ ဟိုတုန်းက တော့ မောတော့မောတာပေါ့ ဒါပေမယ့် မမောဘူးပဲ။  တချို.ကတော့ ပိုက်ဆံရလွယ်တဲ့ ဘားတို.ဘာတို.မှာ သွားလုပ်ကြတယ်။ ကိုယ်ကတော့ သဘောမကျလို. သွားမလုပ်ဘူး။ အနည်းဆုံး သူတို.က တွဲက ဆိုကရတယ်။ လက်ဆွဲ ပခုံးလှမ်းဖက်တာတွေရှိတယ်လို. ဘားမှာလုပ်တဲ့ ကိုယ့်ရဲ. ယောက်ျားလေး သူငယ်ချင်းတွေကပြောတယ်။  ကိုယ်ကတော့ အမေတို. စိတ်ပူမှာစိုးလို.ပါ။ သူတို.မှာ ကိုယ် စားပွဲထိုးလုပ်တာကိုတောင် တော်တော် သနားပြီး စိတ်ပူနေပြီ။ Fish & Co က မိသားစုဆိုင်ဆိုတာကို မနည်းပြောယူရတယ်။ သူတို.က အဆိုတော်တွေဘာတွေနဲ. သူချင်းတွေဆိုပြတဲ့ မြန်မာပြည်က ဆိုင်တွေလိုမှတ်နေတာ။ အမေလာတော့ လိုက်ပြလိုက်ပါတယ်။ အဲဒီတုန်းက ကျောင်းပြီးလို. ကိုယ်ဘွဲ.ယူတော့ အမေရောက်လာတယ်။ ကိုယ်က ၁ရက် ၂ရက်စီ Fish & Co မှာ အလုပ်ဆင်းဖြစ်သေးတယ်။ အမေ့ကို ဆိုင်ပိတ်ချိန် တရက် သူငယ်ချင်းက ခေါ်လာပေးလို. ဆိုင်ထဲမှာ ထိုင်စောင့်ခိုင်းပြီး ကျွန်တော်က တံမြက်စည်းလှဲ ပြီး မော့ပ် တိုက်တာပေါ့ ကြမ်းပြင်ကို။ ကိုယ်ကတော့ အမေ့ရှေ.မှာ အလုပ်လုပ်တွေလုပ်ပြတာကို ဂုဏ်ယူနေတာပေါ့။ အမေက မကြည့်ဘူး။ အလုပ်ပြီးလို. အပြင်ကို ထွက်လာကြတော့ အမေကပြောတယ်။ ငါမကြည့်ရက်ဘူး။ ရင်ဘတ်တွေတောင် ဆို.တက်လာတယ်တဲ့။ အိမ်မှာ ရိုက်ခိုင်းရင်တောင်မှ ပန်းကန်လေးတစ်ချပ်ကောက်မဆေးတဲ့လူက ဒီလိုလုပ်နေရတော့ အမေ ရင်ကွဲတာမဆန်းပါဘူး။ ကိုယ်လည်း စိတ်မကောင်းဘူး။

အဲဒီလို ပလီစိချောက်ချက်ပြောနေတာနဲ.တင် အစားအသောက်အကြောင်းမရေးရသေးဘူး။ ကိုယ်အလုပ်လုပ်ကတည်းက အဲဒီက အစားအသောက်တွေကို ဝယ်စားတာ။ Fish & Co ကိုရဲ. အကောင်းဆုံးကတော့ Fish &Chips ပါ။ သူတို.သုံးတဲ့ Garlic Lemon Butter Sauce ဆိုတာ သူတို.ကို သူဌေးဖြစ်အောင်လုပ်ပေးလိုက်တဲ့ ဆော့စ် လို.ပြောလို.၇တယ်။ တော်တော်ကို အရသာရှိပါတယ်။ Fish & Co ကိုရောက်ခဲ့မယ်ဆို ဒီ အစားအသောက်တွေကို ရအောင်စားကြည့်ပါ။

  1. Fish & Chips
  2. Fried Calamari
  3. Mussels in garlic lemon butter sauce with baguette (Mussels from New Zeland)
  4. Seafood Platter for 2 (Prawns are Myanmar Tiger Prawns- kwi kwi so proud to say)
  5. Swordfish Collar
  6. Chili Crab (Indonesia Mud Crab)
  7. Baked Salmon (Salmon form Norway)
  8. Big Fish drinks (Sharkie Freeze etc)
Fish & Co က Fish & Chips ကိုစားပြီးရင် ကျန်တဲ့ နေရာတွေက Fish & Chips ကိုစားလို. ဝင်ဖို.တော်တော်ခက်ပါတယ်။ Fish & Chips ကို ဘယ်နေရာမှာမှ ကိုယ်စားလို.မဝင်တော့ဘူး။ အဲဒီဆိုင်ရောက်မှ စားဖြစ်ပါတယ်။ နောက် ဖေးဗရိတ်ကတော့ Mussels in garlic lemon butter sauce ပါ။ အဲဒီ garlic lemon butter sauce က Fish & Co ကိုဆုတွေ ဘယ်နှစ်ဆုများရအောင် လုပ်ပေးပြီးပြီလဲ မသိဘူး။ အရသာအရမ်းရှိတယ်။ တစ်ပွဲကို ၁၄.၅၀ ကနေ  ၄၅ ကျပ်အထိ ဈေးနှုန်းအစုံရှိတဲ့အတွက် ဈေးမချိုသလို ဈေးကြီးတယ်လို.မဆိုနိုင်ပါဘူး။ တော်ရုံတန်ရုံ ဆိုင်တိုင်းနီးပါးက အဲဒီဈေးအတိုင်းရှိပါတယ်။ Newyork Newyork လိုဈေးကြီးပြီး သိပ်မကောင်းတဲ့ ဆိုင်မှာ စားမဲ့အစား Fish & Co ကိုသွားစားလိုက်ရင် ဈေးချင်းတူပေမယ့် ကွာလတီကောင်း အရသာရှိတဲ့ အစားအသောက်ကို စားရပြီး Customer Service ကလည်းပိုသာပါတယ် (လူအင်မတန်ရှုပ်နေရင်တော့ တစ်မျိုးပေါ့ အဟီး)။

ကဲအပိုတွေ သိပ်မပြောတော့ဘူး။ ဓါတ်ပုံလေးတွေ တင်ပေးလိုက်ပါတယ်။ အရင်တုန်းက စားထားတဲ့ ဓါတ်ပုံတွေက ပျောက်သွားတယ်ဆိုတော့ သိပ်တော့ ပုံမစုံတော့ဘူး။ မနေ.က ION က Fish & Co မှာ ဝင်စားဖြစ်လို. ရိုက်လာတဲ့ ပုံလေးတွေပဲ တင်ပေးလိုက်ပါတယ်။

 Fried Calamari (Squid Ring) ကကောင်းပေမယ့် ကျန်းမာရေးအတွက် Grilled လုပ်ထားတာလေးပဲ စားဖြစ်ခဲ့ပါတယ်။ အဟက်။ အမှန်က အကျော်တွေစားတာများနေလို. နည်းနည်းလျှော့တာပါ။ သူက Starter ပါပဲ။
်Fish & Chips စားဖြစ်အောင် စားကြည့်ပါ။ ကြွပ်ကြွပ်ရွရွ နဲ. lemon butte Sauce ကလေး အပေါ်ကဆမ်းပေးထားတယ်။ သူတို.ပေးတဲ့ Tar Tar Sauce ကလေးကိုသုပ်၊ Garlic ကလေးထည့်ပြီး စားလိုက်မယ် ဆိုရင်တော့ နတ်ပြည်ရောက်တဲ့အတိုင်းပဲ။

ဒါကတော့ Sword Fish Collar ပါ။ ကြက်သားလို.အထင်မှားတတ်ကြပါတယ်။ အရိုးတုံးဆိုပါတော့။ ဒါပေမယ့် အသားတွေက စားတောင် မနိုင်ပါဘူး။ ပွဲကကြီးတော့ ၂ ယောက်အသာလေး ရှယ်စားလို.ရတယ်။ ချက်တဲ့အချိန်က မိနစ် ၂၀ ကြာတဲ့အတွက် မှာရင် မိနစ် ၂ ၅ ကနေ မိနစ် ၃၀ အထိစောင့်ရပါတယ်။ ငါးအသားက အဲလောက်ထိ မချိုပေမယ့် တွဲပေးတဲ့ ဆော့စ်က အရမ်းကောင်းတဲ့ အတွက် အရသာရှိပါတယ်။ ဆော့စ်က တော့ Spicy Mango Venegratte (might spell wrong) လို.ခေါ်ပါတယ်။ ငါးကို အပြင်ကနေ ကြွပ်နေအောင်ကျော်ထားပြီး အတွင်းသာားတွေကတော့ နူးညံ့ပြီး အရာသာရှိပါတယ်။ Sword Fish က ဆိုင်တိုင်းမှာ ရောင်းတတ်တဲ့ ငါးမဟုတ်တော့ တခုတ်တရ မြည်းကြည့်သင့်ပါတယ်။
Fish & Co Ion Outlet

နောက်အားမှ  Fish & Co မှာစားထားတဲ့ အရင်က ပုံလေးတွေကို ပြန်ရှာပြီး ပြန်တင်လိုက်ပါ့မယ်။ နောက်စားရင်လဲ အသစ်ထပ်မရေးတော့ဘူး။ ဒီမှာပဲ လာပြန်ပေါင်းရေးတော့မယ်။ ပျင်းလို.။ အဟီး။ လာမယ့် နိုဝင်ဘာကျရင် တောင်ကြီးကိုသွားဖို. မစောင့်နိုင်တော့ဘူး။ သွားချင်လှပြီ။ တောင်ကြီးက ပြန်လာရင်တော့ ရှမ်းစာတွေကို သရေယိုဖို.သာပြင်ထားကြ ။
စားနိုင်ရင် ကိုယ့်ဖို.
ခိုင်ဝေဇံ

New York New York ဆိုင် Review

New York New York ဆိုင်အကြောင်းကို ကြားနေတာကြာပြီ။ ဝင်မစားဖြစ်ပါဘူး။ Fish & Chips တို.လို Dish တွေ စားမယ်ဆိုရင် ကိုယ့်ရဲ့ မူလလက်ရင်း ဖေးဗရိတ်ကြီးဖြစ်တဲ့ Fish & Co မှာပဲစားဖြစ်တာများလို.။ သူ. မီနူးကိုလည်း သေချာမသိပါဘူး။ တမြန်မနေ.က  သူငယ်ချင်း စန္ဒီနဲ. ဇံဇံ နဲ. Choa Chu Khan MRT နားက ရှော့ပင်းမောလ်မှာ ဆုံဖြစ်တယ်။ ကိုယ့်ထုံးစံ အတိုင်း လူစုံရင် စားလိုက်သောက်လိုက်ရမှဆိုတော့ ဆိုင်ရှာရင်းနဲ. New York New York ကို တွေ.တယ်။ ကိုယ်လည်း စမ်းစားကြည့်ချင်တာနဲ. သူတို.နှစ်ယောက်ကို အတင်းခေါ်ပြီး ဝင်စားတာပေါ့။ Fish & Co နဲ. ညီအစ်မ ဆိုင်လို.ပြောလို.ရတယ်။ Menu ကိုလုပ်ထားတဲ့ပုံက အစ၊ recommendation တွေ ပေးတာက အစ အိုင်ဒီယာ အကုန်ဆင်တယ်။ ဟင်းတွေကို History လေးတွေနဲ. ရှည်ရှည်ဝေးဝေး သေချာ ရှင်းပြထားတဲ့ အိုင်ဒီယာလေးကတော့ ကောင်းပါတယ်။


ကိုယ့်သူငယ်ချင်းက ပြောဖူးတယ်။ New York New York က Fish & Chips က အရမ်းကောင်းတယ်တဲ့။ သူကလည်း ကိုယ့်လိုပဲ Fish & Co မှာ အလုပ်လုပ်ခဲ့တဲ့ လူပဲဆိုတော့ သူကိုယ်တိုင်က recommend လုပ်ရင် တော်တော့ကို ကောင်းရမယ် ထင်ထားတာ။ စန္ဒီက Fish & Chips မှာတယ်။ ကိုယ်က မီနူးကို လျှောက်ဖတ်နေသေးတယ်။ အဲ တွေ.တာက Grilled Dory fish with mushroom sauce တဲ့။ အဲဒီဟင်းက အင်မတန် Clumsy ဖြစ်တဲ့ စားဖိုမှူးတယောက် က Grilled Dory Fish ပေါ်ကို Mushroom sauce တွေ မှောက်သွားရာကနေ အိုင်ဒီယာရလာတာပါတဲ့။ ကိုယ်တော်တော်သဘောကျသွားတယ်။ ဘဝတူ ကိုးရိုးကားရား တွေဆိုတော့ပေါ့လေ။ အဲဒါနဲ.ပဲ အဲဒီဟင်းမှာဖြစ်သွားတယ်။  သူ.မီနူးထဲမှာ Steak တွေရော၊ Pasta တွေရောရတယ်။  ဈေးကြီးလို.မစားဖြစ်ခဲ့ဘူး။ အဟီး။ ဇံဇံကတော့ ထမင်းစားပြီးထွက်လာတာ မို.လို. အချိုပွဲပဲစားမယ်ဆိုပြီး အချိုပွဲပဲမှာလိုက်တယ်။ ပြီးတော့ Starter ထဲမှာ Fried Squid Ring ( Calamari) ကိုတွေ.တာနဲ. Fish & Co က  Fried Cala နဲ. ယှဉ်ကြည့်ချင်လို.မှာလိုက်တယ်။ ဈေးနှုန်းက Fish & Co ထက်ကိုဈေးကြီးပါတယ်။


ဆိုင်က အဲလောက်ကြီးအထိ ခမ်းခမ်းနားနားမရှိပါဘူး။ Service ကောင်းတယ်။ ဝိတ်တာတွေက  ဖိလစ်ပိုင်တွေများတယ်။ ၁၀ မိနစ်လောက်ကြာတော့ မှာထားတာတွေလာချပေးတယ်။ ဟင်း presentation ကောင်းပါတယ်။ စားချင်စဖွယ်လေးပေါ့။ Fish & Chips ကြီးကလဲ အယ်နေတာပဲ။ တကယ်တမ်းစားကြည့်တော့ Grilled Dory က အီအီကြီးဖြစ်နေတယ်။ အဲဒီထဲမှာ Mushroom sauce ကလဲ အီဆိုတော့ ကိုယ်မကုန်ဘူး။ ထင်ထားသလောက် မကောင်းပါဘူး။ အမြင်လှတာပဲ ရှိတယ်။ စန္ဒီ.ဆီက Fish & Chips ကို ယူစားကြည့်တော့လည်းဘာထူးခြားတဲ့အရသာမှ မတွေ.ပါဘူး။ Fish & Co နဲ.လုံးဝ ယှဉ်လို.မရဘူး (သံယောဇဉ်တွေ၊ သံယောဇဉ်တွေ) ။ အေးလေ ပိုလီ သုံးနှစ်လုံးလုံး  Fish & Co က စာသင်ပေးခဲ့တာလို. ပြောရလောက်အောင် လုပ်ခဲ့၊ အဲဆိုင်က ဟင်းတွေနဲ. ရင်းနှီးခဲ့တော့လည်း သံယောဇဉ်လက်ကျန်တွေ တပုံတပင်ရှိနေတာ မဆန်းပါဘူး။ ဒါပေမယ့် ဘက်လိုက်တာတော့ လုံးဝမဟုတ်ဘူး။ New York New York က  Fish & Co ကို ဘယ်နည်းနဲ.မှ မမှီနိုင်တာပါ။ သူ.ရဲ. Calamari ကလည်း မကြွတ်တဲ့ အပြင် တစ်ကိုက်ကိုက်လိုက်ရင် အကွင်းလိုက်ကြီး ကင်းမွန်က အပြင်ထွက်ထွက်လာလို. တော်တော် ဖုံးရဖိရပါတယ်။ Calamari  နဲ. တွဲစားရတဲ့ Homemade Sauce လို.ပြောတဲ့ ဆော့စ်ကြီးကလည်း မကောင်းပါဘူး။  ဒီဆိုင်က ဘာကောင်းလို. ဒီလောက်နာမည်ကြီးရလဲတော့ မပြောတတ်ဘူး။ မြည်းခဲ့ရသမျှထဲမှာ ကောင်းတာ သိပ်မပါပါဘူး။ Fish & Chips တစ်ပွဲကို ၁၅.၉၀ ဒေါ်လာပေးရတာ တန်တယ်လို. မထင်ပါကြောင်း။ နောင်လည်း သွားမည်မဟုတ်ပါကြောင်း။ ကိုယ်ဆွဲခေါ်ရာကို လိုက်လာပေးတဲ့ စန္ဒီနဲ. ဇံဇံ့ကို ကျေးဇူးတင်ရှိပါကြောင်း။း)

 Love the stuff behind posing!
Zan Zan Mars Bar
Sandy's Fiery Devil Fish & Chips
My Pan Fried Dory with mushroom sauce! Looks Yumm. but not!
Fried Calamari Rings (Squid Rings)

စားနိုင်ရင်ကိုယ့်ဖို.
ခိုင်ဝေဇံ