ပိုလီကျောင်းသားဟောင်းတယောက်ရဲ့ဖွင့်ဟဝန်ခံချက်** အဟီး**





နာပါတယ်လို.ကြည့်လိုက်တော့ ဒူးမှာ အညိုအမဲတွေစွဲနေတာတွေ.တယ်။ ဘယ်မှာ ခိုက်မိမှန်းတောင် မသိတော့ဘူး။ မခိုက်ပဲနေမလား  Yearly PM(preventive maintainance) လုပ်ရတာ လူတကိုယ်လုံး စက်ထဲဝင်တော့မယ်။ အညိုအမဲ စွဲတာတော့ စာတောင်မဖွဲ.တော့ဘူး။ အရင်တုံးကမှ ဦးစိုင်းလေးဘာလေး လိမ်းသေးတယ်။ အခုကတော့ အရေးသိပ်မလုပ်တော့ဘူး။ အိမ်သာမြန်မြန်သွားပြီးတော့ လေဆာ စက်တွေ troubleshoot လုပ်တဲ့ လေဆာ Lab ထဲကို ပြေးရပြန်တယ်။ ဟောလီးဒေး season မှာ နားများနားရမလားမှတ်တယ် စက်တွေက တလုံးပြီးတလုံး ပျက်နေတော့တာပဲ။ Cleanroom ထဲဝင်ရမှာဆိုတော့ hair net ရယ်။ Mask နဲ. Glove တွေကို မြန်မြန်သွက်သွက်ဝတ်လိုက်ပြီးတော့ Cleanroomဝတ်စုံကြီးကို ခေါင်းကနေ စွပ်ချလိုက်တယ်။ တကိုယ်လုံး ပူစပ်ပူလောင်ခံစားလိုက်ရတယ်။ ဟိုပြေး ဒီပြေးလုပ်နေရတာဆိုတော့ ချွေးတွေကလဲ ပြန်နေတယ်။ လေဆာခန်းထဲ မဝင်ခင် Air Shower အခန်းထဲကို ဝင်ရသေးတော့ အဲဒီ အခန်းရောက်မှ လေတွေတဝူးဝူးနဲ. တကိုယ်လုံးနည်းနည်းအေးပြီး အမောလေးပြေသွားတော့မယ်။ အမလေး မောပ။ လုပ်စားကိုင်စားရတာ မလွယ်ပလား။

လေဆာခန်းထဲရောက်တော့ ပါတနာက ဂိမ်းလေးဆော့နေတယ်။ Temperature Optimization လုပ်နေတယ်တဲ့။ ကိုယ်ကြမ်းပြင်ပေါ်မှာ ခြေပစ်လက်ပစ်ထိုင်ချပြီး ခဏနားလိုက်တယ်။  ခဏကြာတော့ လေဆာ Head က Temperature Optimization ပြီးသွားတယ်။ ကိုယ်လေဆာ မျက်မှန်ကိုတပ်ပြီးတော့ Shutter ကိုဖွင့်လိုက်တယ်။ အစိမ်းရောင်လေဆာတန်းကြီးက ကြည့်ရတာ လှတောင်လှနေသလိုပဲ။လေဆာ ပါဝါက ၃၀ ဝပ်တောင် လက်နဲ.များထိလို.ကတော့ သွေးစိမ်းရှင်ရှင်ထွက်သွားမယ်။ မျက်မှန်မပါပဲ ၂ စက္ကန်.လောက်ကြည့်ရင်တောင် ကာလာဘလိုင်းဖြစ်သွားနိုင်တယ်။ အရင်တုန်းက တော့လေဆာကို ရဲရဲမကြည့်ရဲဘူး။ ခုတော့လည်း ရိုးသွားပါပြီ။ တခါတလေ ပါဝါလေးကိုလျှော့ပြီး လေဆာကို လက်နဲ.တောင် သွားကာပြီးကြည့်လိုက်သေးတယ်။ မျက်မှန်မတပ်ပဲလဲ ကြည့်တာပဲ ကိုယ်ကတော့။ မဟုတ်ရင်သေချာမှ မမြင်ရတာ။ အလိုင်းမန်. (alignment) တွေဘယ်လိုသွားလုပ်မလဲ။

ကြားဖူးတာကတော့ ဆေးရုံမှာ ဓါတ်မှန်ရိုက်တဲ့ စက်နဲ. အလုပ်လုပ်တဲ့ ဝန်ထမ်းတွေက ကင်ဆာနဲ.သေတာများတယ်တဲ့။ လေဆာပါတာဆိုတော့ radiation နဲ. အမြဲတမ်းထိတွေ.နေရလို.ပဲ။ အဲလိုသာဆိုရင်တော့ ကိုယ်လဲ ကင်ဆာနဲ.ပဲ သေမှာပဲလို. စဉ်းစားမိတယ်။ ကိုယ်က radiation တင်မကဘူး လေဆာ ray  ကြီးနဲ. တိုက်ရိုက်ကြီးထိတွေ.နေရတာကိုး။ မတတ်နိုင်ဘူးလေ။ ကိုယ်ရွေးချယ်ခဲ့တဲ့ ဘဝလမ်းကြောင်းပဲ။ ကိုယ့်ဇာတ်ကို နိုင်အောင်ကိုယ့်ဘာကို ကရတော့မှာပေါ့။ ကိုယ့်အမေ မြင်လို.ကတော့ အရမ်းစိတ်ပူမှာ ပဲလို.စဥ်းစားမိတယ်။ အဖေကတော့ သေချာပေါက်ပြောလိမ့်မယ် သမီးဒီအလုပ်ကထွက်လိုက်တော့လို.။ ဒါပေမယ့် ပိုလီကဆင်းပြီးတော့ ပိုက်ဆံလေးပုံမှန်ရှာနိုင်တာ ဒီအလုပ်ပဲရှိတယ်။ OT လေး ၄ ၅ ရက်လောက်ရလိုက်ရင် ပိုက်ဆံမြိုးမြိုးမြက်မြက်ကလေး ရနေတဲ့ အလုပ်တခုကို ရပ်ရဲတဲ့ သတ္တိ ကိုယ့်မှာ မရှိသေးဘူး။ အိမ်ကို ဘယ်လိုပိုက်ဆံပြန်ပို.မလဲ (အမှန်တော့ ခုလဲမပို.ဖြစ်ပါဘူး)။ ကျောင်းလခ ဘယ်လိုလုပ်ပေးမလဲ။

ပိုလီတုန်းကတော့ Seagate တို. HP တို. Chartered တို.လို. Manufacturing ကုမ္ပဏီကြီးတွေမှာ အလုပ်ရချင်တာ နန်.နန်.ကို တက်လို.။ ဘာရယ်လို.မဟုတ်ပါဘူး။ ကိုယ့်စီနီယာတွေ အဲလိုနေရာတွေမှာလုပ်ပြီး ဆိုင်ကယ်လေးတဝီဝီနဲ. သွားနေကြတာမြင်တော့အားကျခဲ့တာပေါ့။ အိုတီ ရလို.ကတော့ လခဘယ်လောက်ရတယ် ညာလောက်ရတယ်နဲ. ပြောသံတွေကလည်း အားရစရာကြီးကိုး။ ပြီးတော့ ပိုလီဆင်းတဲ့ လူတွေမှ သူတို.က ခန်.တာဆိုတော့ ကိုယ့်စိတ်ထဲမှာ အဲဒီတချက်နဲ.တင် တော်တော်လေးကျေနပ် နေပြီ။ ကိုယ်ကပင်ပင်ပန်းပန်းနဲ. ပိုလီသုံးနှစ်သင်လာရပြီးတော့ ကိုယ့်အထက်စီနီယာက ဗမာပြည်ကဘွဲ.နဲ.ဖြစ်နေရင် တော်တော် ဖီးလ်အောက်ရမှာ။ ဟိုကဘွဲ.နဲ. ဒီမှာ NUS မှာ ဘွဲ.လွန်လာတက်ရင်ပိုတောင်ဆိုးသေးတယ်။ သူတို.က မာန်တွေကလဲတက်သေးတာလေ။ NUS ကမာစတာပြီးပါတယ်ဆိုပြီးတော့။ ကိုယ်တို. ပိုလီတွေကတော့ အမြင်ကတ်ကြတာများတယ်။ ဟိုမှာ သက်သက်သာသာလေးတက်လာပြီးတော့ ဒီလာရင် ကိုယ့်ထက် ဘွဲ.သာသွားတာကိုး။ ကြည့်လိုက်တော့ အင်္ဂလိပ်စကားကလဲ လေးလုံးကွဲအောင်မပြောတတ်ဘူး၊ ဝတ်တာစားတာကလဲ အောက်သေးတယ်ပေါ့လေ။ တော်တော်များများက ဘွဲ.ရပြီးမှလာကြတာဆိုတော့ အသက်တွေကြီးကုန်ကြပြီကိုး။ နောက်မှကိုယ်ပြန်စဉ်းစားမိတယ်၊ ကိုယ့်တို. အင်္ဂလိပ်လို ပြောတာကရော ဘယ်လောက်များ ပီနေလို.လဲလို. ဒီစလုံးစကားကိုပဲ အဟုတ်ကြီးလုပ်ပြီး ယားလား နိုးလားနဲ.ပြောနေကြတာပဲဟာကို။ ခုတော့လဲ နားလည်ပေးတတ်ပါပြီ သူတို.ဘက်က။ ဒါပေမယ့် အမြင်ကတ်သလားဆိုတော့ ကတ်သေးတဲ့။ တချို. အထာကြီးနဲ.လုပ်နေတဲ့ ကိုကိုမမများကိုပေါ့။ NTU NUS မှာ ဒီဂရီတန်းတက်တယ်ဆိုရင်တော့ တမျိုးပေါ့လေ။ အင်ပရက်ရှင်က မတူဘူးပေါ့။

အခုတော့လဲ ကိုယ်အခုတက်နေတဲ့ ဒီဂရီကို ပိုက်ဆံပေးပြီးတော့သာ ဝယ်လိုက်ချင်တယ်။ အသက်လဲကြီးပြီဆိုတော့ ကျောင်းလဲမတက်ချင်တော့ဘူး၊ စာလဲမကျက်ချင်တော့ဘူး။ ဒါပေမယ့် ဒီဂရီလေးရှိမှ နောက်ထပ် ပရိုမိုးရှင်းလေး ဘာလေးက ရမှာကိုး။ ဒီပလိုမာ အဆင့်လောက်နဲ.လဲ မကျေနပ်နိုင်ပါဘူး။ ခုမှ ပိုလီတက်မိတာ ကိုယ်နောင်တရတယ်။ ကိုယ့်မှာ အဆက်အသွယ် အဲလောက်မရှိတော့ နိုင်ငံခြားမှာ ကျောင်းတက်ချင်တာပဲသိတယ်။ အရှည်ကို မစဉ်းစားမိဘူး။ ပိုလီလေးတက်ရတာပဲ တော်တော်ဟုတ်လှပြီထင်ခဲ့တယ်။ ခုအချိန်တွေပြန်လှည့်လို.ရရင် ဘယ်လောက်ပဲခက်ခက် ဒီဂရီတန်းယူဖို.ပဲ စဉ်းစားမယ်။ ခုတော့ ကြည့်လေ။ ပိုလီက သုံးနှစ် ဒီဂရီကလေးနှစ် နဲ. ဘွဲ.လေးတခုလောက်ရဖို.ကို ခုနှစ်နှစ်လောက်အချိန်ယူရတယ်။ SAT 1 ရယ် 2 ရယ်ကို ၂ နှစ်လောက်အချိန်ပေးပြီးဖြေလိုက်ရင် ကိုယ့်အရည်အချင်းနဲ. အသာလေး အမှတ်ကောင်းကောင်းနဲ.အောင်တယ်။ ၄ နှစ်နဲ. ဒီဂရီအေးအေးဆေးဆေးပြီးသွားရင် မာစတာတက်ဖို. ကို စဉ်းစားလို.ရပြီ။ အင်း ကိုယ့်ညီမလေးတော့ ကိုယ့်လိုမဖြစ်စေချင်ဘူး။ ခုမှနောင်တရနေလို.လဲ သိပ်တော့မထူးပါဘူး။ တခါတလေ ကိုယ့်ထက်အခြေအနေဆိုးတဲ့လူတွေ အများကြီးပါလားလို.တွေးပြီး စိတ်ဖြေ၇တယ်။

ခုတော့လဲ ဒီစက်တွေကြားမှာနေသားကျသွားပါပြီ။ ပလာယာနဲ. စပါနာဆိုတာ ခွဲသိသွားပြီ။ မိန်းကလေးဆိုပြီး နုနုရွရွလုပ်နေလို. မရတော့ဘူး။ ရာသီလာလို. ဗိုက်တွေနာနေပါတယ်လို.လဲ ထိုင်နေလို.မရဘူး။ မစရာရှိတာ မ ရတယ်။ တင်စရာရှိတာ တင်ရတယ်။ လေဆာရယ်လို.ကြောက်နေလို.မရဘူး။ နဂိုကမှ မနွဲ.တတ်တဲ့ ကိုယ်ကပိုကြမ်းသွားတယ်။ ဒါပေမယ့် မိန်းကလေးဆိုတော့ ဘယ်လောက်ပဲမာမာ တချို.နေရာမှာ ကိုယ့်အားနဲ. မနိုင်တဲ့အလုပ်တွေရှိတယ်။ အဲလိုဆိုတော့ ကိုယ့်ပါတနာကို မျက်နှာပူရသေးတယ်။ ကိုယ်ကံကောင်းပါတယ်။ ကိုယ့်အလုပ်ကလူတွေက အရမ်းကောင်းတယ်။ စလုံးငပျင်းတွေသိပ်မရှိတာလဲပါတယ်။ Manufacturing Company ဆိုတော့ ခြေလက်မလှုပ်ချင်တဲ့ စလုံး တရုတ်တွေသိပ်မရှိဘူး။ အတော်ကိုစိတ်ချမ်းသာတယ်။ အချင်းချင်းလဲ ဖေးဖေးမမ ရှိကြပါတယ်။ ဗမာတွေလည်းအများကြီးပဲ။ ကိုယ့် department ကဗမာတွေအားလုံး ဘက်ညီတယ် စည်းလုံးတယ်။ ပျော်စရာကောင်းတယ်။

အလုပ်ဆိုတာကတော့ ကောင်းတဲ့အချက်ရှိသလို ဆိုးတဲ့အချက်လဲ ရှိမှာပဲ။ ဂျီးများနေလို.မရဘူးဆိုတာ ကိုယ်နားလည်တယ်။ ဒါပေမယ့် ကိုယ်လုပ်နေရတဲ့ အလုပ်က ကိုယ်လုပ်ချင်တဲ့အလုပ်မဟုတ်ဘူး။ ကိုယ်အင်ဂျင်နီယာ အလုပ်ကိုလုံးဝ ဝါသနာမပါဘူး။ ကိုယ်က Litreature ဝါသနာပါတယ်။ ကိုယ် UN တို.NGOတို.မှာ အလုပ်လုပ်ချင်တယ်။ ဒါမှ မဟုတ် ဟိုတယ်ဝန်ထမ်းလုပ်ချင်တယ်။ ကိုယ်က Customer Service ကိုဝါသနာပါတယ်။ ဒါမှ မဟုတ်ရင်တော့ Food Show Host လုပ်ချင်တယ်။ ဒါကတော့ ကိုယ့်ရဲ့ Life Long Ultimate ရည်မှန်းချက်ပဲ ဟီးဟီး။ ဒါပေမယ့် ကိုယ်ပိုလီလျှောက်တဲ့ နှစ်က Engineering Courses တွေပဲယူလို.ရတယ်။ ကျန်တဲ့ ဟာတွေ ပေးမလျှောက်ဘူး။ ဒီတော့ မြန်မြန်လာချင်ဇောနဲ. ရတာယူလိုက်တာ။

ပေးချင်တဲ့ မက်ဆေ့ခ်ျကတော့ အသက်ငယ်သေးရင် ကိုယ့်လျှောက်ရမဲ့လမ်းကို အသေအချာစဉ်းစားပါ။ ခဏလေးကို မကြည့်နဲ.။ PLAN ကို အသေအချာချပြီးတော့မှ လုပ်စရာရှိတာကို ရဲရဲသာလုပ်တော့။ အသက်မွေးဝမ်းကြောင်းတခုကိုရွေးပြီးရင် နောက်တခုကို ပြောင်းဖို.ဆိုတာအတော်ကို ခက်ပါတယ်။ ကိုယ်ဒီဂရီယူမယ်လို. စဉ်းစားတော့ အင်ဂျင်နီယားရင်း နဲ. မဟုတ်ပဲ တခြားဟာတွေပြောင်းယူဖို. စဉ်းစားတယ်။ ဒါပေမယ့် သတ္တိမရှိဘူး။ ကိုယ်လိုင်းကြောင်သွားမှာအရမ်းကြောက်တယ်။ အဲဒီလိုနဲ.ပဲ ဒီလမ်းမှားကြီးကို ဆက်လျှောက်ရတော့တယ်။ ခုတော့လဲ စိတ်ဒုန်းဒုန်းချလိုက်ပြီ။ ဖြစ်အောင်တော့လုပ်မယ်လို.။  အငယ်လေးတွေကတော့ စဉ်းစားကြပေါ့။ ကိုယ်ကရေးသာရေးရတာ သူတို.နားထောင်မယ်လဲ မထင်ပါဘူး။ ကိုယ့်တုန်းကလဲ လာချင်ရက် စက်စက်ယို နားမှ မထောင်တာ။း) နောက်ဆုံးတော့လည်း ကံကိုပဲ အပြစ်ပုံချရတော့မယ်ထင်ပါရဲ့။

ခိုင်ဝေဇံ

3 comments:

Tun Tun said...

ပီအာ လွယ်လွယ်နဲ.ရသွားလို. ပိုလီကို တော့ ကျေးဇူးတင်ပါတယ်။ ကိုယ့်နဲ.ရွယ်တူတွေ မာစတာ ရကုန်သွားတော့ လဲ စိတ်ထဲမှာ တမျိုးကြီးပဲ။း) ကိုယ့်အရည်အချင်းနဲ. ဒါနဲ.ပဲ ထိုက်တန်လို.ပဲ လို. ဖြေလိုက်ပါတယ်။

]-[twe said...

ဆက်ကြိုးစားပါ မ..မက တော်ပါရေ အကျွန်အားကျ ပါရေ... အကျွန့်မှာက အခြေအနေက ယလောက်မပီးပါ... ၀ါးတား၂နန့် ဘ၀ကိုလျှောက်နီရပါရေ...

khine wai zan said...

Thanks for the comment Htwe!! :) u ll make it oneday if u keep trying. dont give up. :)