ဆူရှီတေးသို. တခေါက်

တယဲ ၂ကောင် 

ဒီနေ. ညီမတော်က ကျူရှင်လခတွေရလို. လိုက်ကျွေးမယ်တဲ့။ ကျားသားမိုးကြိုး။ ဒါကြောင့်မို. စင်္ကာပူ ရာသီဥတုအေးနေတာ ၂လလောက်ရှိနေတာကိုး။ ကောင်းကင်က အပ်တစင်းနဲ. မြေကြီးနဲ. အပ်တစင်းထိပြီနဲ.တူတယ်။  ရတုန်းစားထားမှ ရတုန်းစားထားမှ။ သူဒီလိုစိတ်ကူးပေါ်တာက ၁၀နှစ်၁ခါ လောက်ပဲရှိတယ်။

အဲဒါနဲ. ဘာစားမလဲဆိုတော့ ထုံးစံအတိုင်း ဆူရှီပေါ့။  Vivo City ကိုသွားမယ်တဲ့။ အိုကေ  ဖြစ်တယ်။ Vivo City မှာ ကောင်းကောင်းကန်းကန်း ဆူရှီဆိုင်ဆိုလို. Sushitae တစ်ခုပဲရှိတာကို။ စားချင်နေတာတော့ ကြာပြီ။ ဈေးသင့်တင့်ပါတယ်။ ညနေစာ စားမယ်ဆိုရင် တယောက်ကို ၃၀ ဒေါ်လာလောက်တော့ မှန်းထားရတာပေါ့။  ဒီဆိုင်က Sake Sushi တို.  Sakura တို.လိုဆိုင်ထက်စာရင် အများကြီးကောင်းပါတယ်။ ဈေးလဲ ဘယ်လောက်မှမကွာဘူး။ အရသာလဲ တော်တော်ရှိတယ်။

နောက်သွားချင်တဲ့ ဆိုင်တဆိုင်ကတော့ Tatsuya ဆူရှီဆိုင်ပါ။ Orchard  က Goodwood Hotel မှာရှိတယ်တဲ့။. မရောက်ဖြစ်သေးပါဘူး။ ဈေးကတော့ တယောက်ကို ၁၀၀ လောက်မှန်းလို.ရပါတယ်။ စင်္ကာပူမှာ အကောင်းဆုံးဆူရှီလို.  Food Review တွေကဆိုပါတယ်။ တွေ.ကြသေးတာပေါ့ ဘယ်လောက်ကောင်းလဲဆိုတာ။ ခုတော့ မစားနိုင်သေးဘူး။ ပိုက်ဆံရှိဝူး။ ဟီးဟီး။


Asama (sashimi set of tuna, salmon and yellow fin)
ဆိုးပါဝူး။ salmon ကတော့ အကောင်းဆုံးပဲ။ တူနာ ငါးက နည်းနည်း ညှီတယ်။ သိပ်မကြိုက်ဘူး။

Spicy Seafood Paper Soup
တခြားဂျပန်ဆိုင်တွေနဲ. ကွာတဲ့ အချက်က ဒီဆိုင်က ဟင်းရည်ကလေးတယ်။ မြန်မာ ပါးစပ်နဲ.တွေ.တယ်။ ဒီတပွဲက ၂ ယောက်အေးဆေး ရှယ်သောက်လို.ရတယ်။ တော်တော် ကောင်းပါတယ်။

 Unagi Toridori
ဂျပန်ဆိုင် ကောင်းမကောင်းသိချင်ရင် ရိုးရိုး ဆူရှီကိုပဲ အရင်မြည်းကြည့်ပါ။ ဒီဆိုင်က ဆူရှီက စားဖူးသမျှထဲမှာ အကောင်းဆုံးလို.ပြောလို.ရတယ်။ 

ဆူရှီအကြောင်းချည်းပဲ ရေးရတာ ပျင်းတယ်။ နောက်တခေါက်ကတော့ Tatsuya မှာ စားပြီးမှရေးမယ်။ ကျန်တဲ့ စားစရာ သောက်စရာတွေဘက်ကို ခြေဦးလှည့်ရအုံးမယ်။ နောက်တရက်နှစ်ရက်ကျရင်တော့ ဆိတ်ရိုးစွပ်ပြုတ် Tulang အကြောင်းရေးအုံးမယ်။ ကိုယ့်အိမ်က Mr. Prata ဆိုင်နဲ. နီးနီးလေးရယ်။ ခွိခွိ။ ရေကန်အသင့် ကြာအသင့်ပေါ့။ 

Fake Eyelashes


မျက်တောင်တု ၁ စုံဝယ်ခဲ့တယ်။ The Face Shop က။ ပြောပြန်ရင်လည်း ဇာတ် က စားမလို.လား အမေးခံရမယ်။ အခုခေတ်မှာ မိန်းကလေးတိုင်း မျက်တောင်တု တပ်နေကြတာ သူသူ ကိုယ်ကိုယ်။ လိုက်မလိုက် စမ်းကြည့်ချင်တာပေါ့။

ကိုယ့်မျက်စိ အကြောင်းတော့ ကိုယ်သိပါတယ်။ မျက်ကွင်းကြီးက ရေတောင်ခပ်သောက်လို.ရနေတာကို။ ဒီထက်မျက်ကွင်းညိုလာရင်လဲ Singapore Zoo ထဲသွားပြီး ပန်ဒါရုံထဲ ဝင်နေဖို.ပဲရှိတော့တယ်။ အမှန်က ဒီလို မျက်ကွင်းညိုတဲ့ လူမျိုးက မျက်လုံးကို သူများအာရုံစိုက်မိအောင် မလုပ်ရဘူး။ ကိုယ့်မျက်တောင်ကို လူမမြင်ဘဲနဲ. မျက်တွင်းဟောက်ပတ်ကြီးပဲ မြင်သွားတတ်တယ်။

ဒါပေမယ့် စမ်းကလည်း ကြည့်ချင်သေးတယ်။ ဘူပြောလဲ မလှဘူးလို.။ ကိုယ် မလုပ်ကြည့်ပဲနဲ. လှမလှ ဘယ်လို သိမလဲ။ အဲဒါနဲ. ပဲ ၄.၉၀ ဒေါ်လာနဲ. မျက်တောင်တု ဝယ်လိုက်တယ်။ မလိုက်လဲ ဘာအရေးလဲ ၄.၉၀ လောက်များ။ ငွေရေးကြေးရေး ခွေးချေးပေါ့။
ဝတ်ကြည့်တော့ တကယ်မလိုက်ပါဘူး။ ကိုယ့်မျက်တောင်ကလည်း သိပ်အပါးကြီးမဟုတ်ဘူး။ ဝယ်လာတဲ့ မျက်တောင်က နည်းနည်းထူနေတယ်။ ဒီတော့ ဇာတ်မင်းသမီးနဲ.တူနေတယ်။ ဒီထက်ပါးပါး လျားလျားလေး သုံးရင်တော့ လိုက်လောက်တယ်ထင်တယ်။
ဓါတ်ပုံတွေ တင်ပေးလိုက်တယ်။  ဓါတ်ပုံကိုကြည့်ပြီး လှတယ်လို.တော့ လာမပြောနဲ.။ အပုံ ၅၀ကျော် ရိုက်တာကို မှ လှတဲ့ပုံ အဲလောက်ပဲပါတာ။ လက်တော့ မလျှော့ပါဘူး။ နောက်တစုံ စမ်းကြည့်အုံးမယ်။ ဟီး။


 




ခိုင်ဝေဇံ

SNACK OF THE DAY




ဟေးဟေး

ဒီနေ. ဈေးဝယ်ထွက်တယ်။ Tiong Baru Plaza မှာ။

ဈေးဝယ်ထွက်ရင် တခုခု စားနေကျဆိုတော့ ပျော်တာပေါ့။ ဒါပေမယ့် အချိန်မရလို.ရယ် လကုန်ရက် ပိုက်ဆံ သိပ်မရှိလို.ရယ် မစားခဲ့ဝူး။ ဒါပေမယ့် အချိုတည်းစရာလေးတော့ ဝယ်ခဲ့တယ်။  ဆိုင်လေး ချစ်စရာလေးတွေ.လို.ပါ။ Bakery ဆိုင်လေး။ မြည်းစရာလေးတွေလည်းပေးနေတော့ မြည်းကြည့်ဖြစ်တယ်။ ကောင်းရှာတယ်တော့။ အဲဒါနဲ.ပဲ Chewy Junior Creamy Puff လေးဝယ်ဖြစ်ခဲ့တယ် ဆိုပါတော့။ အတော်လေး စားလို.ကောင်းတယ်။ ပုံစံလေးကလည်း ချစ်စရာလေးတွေ။ ဈေးနှုန်းကလည်း တခုမှ ၁.၆၀ ဒေါ်လာပဲပေးရတယ်။ သမီးတို.အကြိုက် မွန်းလိုက် ဖြစ်နေတာပေါ့။ ကိုယ်က ဈေးချိုလေ ကြိုက်လေထဲကပဲ။ ဟီး။ ကြုံရင် စားခဲ့ကြပေါ့။ Bugis Junction  မှာလည်းရှိတယ်တဲ့။ ဝက်ဘ်ဆိုဒ် မပေးတော့ဘူး။ သိချင်ရင် Chewy Junior နာမည်နဲ. ရှာကြည့်လို.ရပါတယ်။



Blueberry Cheese puff, another blueberry and shredded cheese, Apple Cheese & Mango Cheese
Cheesy Puffs Heaven .. Mwahahahahahaha.. 




စင်္ကာပူမှာ ဈေးအချိုဆုံး ဆူရှီဆိုင်

ဆူရှီဆိုင်ထဲမှာ ဈေးအချိုဆုံးဆိုင်ကို ပြပါဆိုရင် ဒီဆိုင်ကိုပြရမယ်။ ဟီးဟီး ကိုယ်က ဈေးချိုတဲ့ဆိုင်ပဲသိတယ်။ ဈေးအကြီးဆုံးဆိုင်ကတော့သိဘူး။ ဈေးချိုပြီးတော့ အစားအသောက် အသင့်အတင့်ကောင်းတာပေါ့။

အားလုံးသိတယ်ဟုတ်!!
ကောင်းတဲ့ဆိုင်က ဈေးသိပ်မချိုဘူး။
ဈေးချိုတဲ့ဆိုင်က သိပ်မကောင်းတတ်ဘူး။
ကောင်းလဲကောင်း ဈေးလဲချိုတဲ့ဆိုင်ဆိုရင် ဘယ်တော့မှနေရာမရဘူး အမြဲအကြာကြီးစောင့်ရတယ်။

ဒီဆိုင်ကလည်းလက်ရာအသင့်အတင့်ပါ။ စားလို.ဖြစ်တယ်လို.ပြောရမယ်။

 ဆိုင်နာမည်က SUMO SUSHI & BENTO တဲ့။  ကလီမန်တီ က Fair Price (near KFC) နားမှာ တခုရှိပါတယ်။ သူ.ရဲ. Website ကိုပေးလိုက်ပါတယ်။ ဘယ်နေရာတွေမှာ ဆိုင်ခွဲ ရှိလဲဆိုတာ သိချင်ရင်ပေါ့။


ဘန်တို(Bento) One set ကိုမှ ဈေးနှုန်းက ၃.၉၀  ဒေါ်လာကနေ ၈.၉၀ ဒေါ်လာ(ဈေးအကြီးဆုံး - ငါးရှဥ့်(UNAGI)) အထိ ပေးရတယ်။ ဘယ်မှာ ဒီလောက်ဈေးနဲ.ရမလဲ။ တန်တာပေါ့ စားရတာ။ တပွဲကို သေးသေးလေးမဟုတ်ဘူးနော် အကြီးကြီး မနည်းကုန်အောင်စားရတယ်။ ၃.၉၀လောက် ကတော့ ဝယ်ပြီးလွှင့်ပစ်ရင်တောင် တန်တယ် လို.ပြောရမယ်။ Green Tea အပူ သို. အအေး အလကားပေးသောက်ပါသေးတယ်။ ကောင်းတော့ သိပ်မကောင်းဘူး။ ဒါပေမယ့် အလကားကတော့ ဘာရရပေါ့။ သိတယ်မလား။း)





ကိုယ်စားခဲ့တဲ့ Salmon Teriyaki Bento (၄.၉၀ ဒေါ်လာ)

 
ပုံ.ပုံ. Sashimi Bento ( ၅.၉၀ ဒေါ်လာ)

 
နွယ်နီ Saba Teriyaki Bento (၃.၉၀ ဒေါ်လာ)  **Recommended**

 

စားပြီဟေ့ဆိုလို.ကတော့ ဟန်မလုပ်ပါဘူး။ အပီဆွဲတာပဲ။

အားယားနေရင် သွားကြည့်လိုက်ကြပေါ့။

ခိုင်ဝေဇံ

Botak Jones Steak !!




Botak Jones မှာ အမြဲတမ်းစားဖြစ်တာက Cajun Chicken. ကျန်တာ သိပ်မစားဖြစ်ဘူး။  Hawker Center တွေမှာ ရောင်းတယ်လို.သာပြောတာ သူ. လက်ရာက တော်ရုံတန်ရုံ စားသောက်ဆိုင်တွေထက် အပုံကြီးသာပါတယ်။ ဈေးလဲ သင့်တင့်တယ်။ ကလီမန်တီမှာ ကိုယ့်အိမ်ရှေ.တင် တဆိုင်ရှိတယ်။ အလုပ်နားမှာ လည်း တဆိုင်ရှိတယ်။ ဒီတော့ ဘိုတနဲ. ညားတာ အဆန်းလားလို.ပြောရမယ်။ Botak (ဘိုတ) ဆိုတာ ကတုံး သို. ထိပ်ပြောင်ကိုပြောတာ။ ဆိုင်ရှင်က Ang Moh( westerner) ပါ။ ကတုံးကြီး။ တခါတခါသူ.ဆိုင်ကို လာလာကြည့်တတ်တယ်။ ဟုတ်လားတော့ သိပါဘူး။ အဲဒီဆိုင်မှာ ဆွဲထားတဲ့ ပုံနဲ. ကွက်တိမို.လို. ဆိုင်ရှင်လို.ယူဆလိုက်တာ။

စတိတ်ခ် ကို စားခဲတယ်။ မကြိုက်လို. မဟုတ်ပါဘူး။ နေ.တိုင်းစားနိုင်တဲ့ အစားအသောက်ထဲမှာ မပါလို.။ ၁ လ ၂ ခါ ၃ ခါ လောက်တော့ စားဖြစ်တယ်။ ဘိုတ ဆိုင်က ဈေးမဆိုးပါဘူး။ Sirloin Steak အသားကောင်းကောင်းကို ၁၂.၉၀ ဒေါ်လာ ပေးရတယ်။ အသားက ၂၀၀ ဂရမ်ရှိတယ်ထင်တယ်။ အာလူးချောင်းကြော်နဲ. ပြောင်းဖူးကိုSide dish ယူလိုက်တယ်။ ဘိုတ ပြောင်းဖူးက သူများပြောင်းဖူးနဲ. မတူဝူး။ အဟီး။ ထောပတ်လေးနည်းနည်းသုတ်ထားပေးတယ်။ ချိုနေတာပဲ။

ကျက်အောင်လုပ်ပေးပါလို. ပြောပေမဲ့ လှီးလိုက်ရင် အထဲမှာတော့ သွေးတွေရဲနေတာပဲ။  သွေးအရသာလေးနဲ.မှ ပိုချိုလားလို.။ ညှီတော့မညှီဘူး။ ကိုယ်က Well Done လို.ပြောတာတောင် သွေးတွေရဲနေတာ Medium Raw လို.များသွားပြောလို.ကတော့ သွေးတစက်စက်ကျနေမယ်ထင်တယ်။ သူငယ်ချင်း ဖဦးထုပ် တယောက်က ပြောဘူးတယ်။ အမဲသားက သွေးပါမှ ပိုချိုတာတဲ့။ အင်း ဟုတ်လောက်တယ်။ Botak Jones ကိုသွားရင် စတိတ်ခ် ကို မြည်းကြည့်ဖို.မမေ့ပါနဲ.။း)


ခိုင်ဝေဇံ

Things that annoys me today!!

This week has been a bad week and today is a bad day.


I drank two bottle of green tea (cuz its 1 for 1.85$ and 2 for 2.20$ so I took two lor) at night shift. And then I pee every 15 minutes. (My water intake is only two bottles and I cant believe my output is like 4 bottles.)
I came back from night shift with a weary bladder. I still keep going toilet.


One singaporean lady (40plus) who does not speak a proper english tried to scold us in the afternoon. Dont want to mention the details as it was a silly matter. Apparently she went back with burning anger as I told her off and I couldnt sleep as I was so furious and utterly annoyed.


I couldnt sleep so I surfed net and found this terrible pic of kanye West and his Gf, Amber Rose. I was annoyed yet again to see the horrible dress.






pic credit;http://dlisted.com/node/35748/images/spl152376_038.jpg

I hate Kanye. I am not a fan of Taylor swift. But I hate Kanye for disturbing her speech in last VMA. I hated him for using the Cap lock key in his twitter messages. Now the GF??

Horrible tatoo? Check!

Sluttiest Dress(its not even dress, its a tattered ragged piece of cloth)? Check!

Fatty thigh? Check!

Screwed up face?? Check!

Kanye's tacky shoes?? Check!

For god sake, what are they thinking?? So not cool. Just looking at them made my heart sink.
I came to work in the evening without having a wink the whole day. I watched my favorite beatbox version of 'Pants on the Ground' on Youtube and then as usual, I proceeded to search for weird  food video online and found this annoying video.




I can eat anything but worms. I can eat ants or lizards or cocroaches but not worms. I hate worms. I hate all creepy little creatures like worms and maggots. If its getting bigger like snake or eel, I dont mind eating.  :(


I feel sick and tired. Its sickening to be a second citizen in other's country. It is even more sickening that I have no other option but to continue to stay here.

Mood Swing!!


pic credit ; http://flyingicarus.files.wordpress.com/2009/06/pissed-off.png


What a  terrible week this is!!

Time table just came out a few days ago. I felt like I was going to faint after having a look. 4 days per week??

R U BEING SERIOUS???

It is not part time school anymoreeeeeeeee.

And the next day I went down to school to collect my course materials.

Filter theory... I thought it sounds rather easy when I decided to go for it. After going the first page of the subject, I need to take a rest for 15 mins.  I am doomed. I got screwed.

Laplace????
Fourier Transform????

I dont remember a single thing about those anymore.

I lost my mood to go out, lost my mood to eat, lost my mood to work, and even lost my mood to glam myself up. Heck nooooooooooooooooooo!! how am I supposed to survive this semester??

I feel like giving up. I dont want to do this shit anymore. U work like hell from 7 pm to 7am night shift and then u go to school the next morning from 9am to 12pm and you go lab in the evening around 7pm to 10pm and you continue to work untill the next morning and you will still need to go to the next morning class. What kind of life would I be living?????? It is called HELL. I will see how long I can survive.

I, thereby, salute to all those full time workers, part-time degree students.

A lot of stupid things happening during this month. I am having a constant mood swing.  Why? going to have Menopause already mae? I oso dont know liao. One fine day, I am going to delete this C box. It annoys me for IDKW reason. (IDKW = I Dont Know Why)

ကောင်းခြင်းငါးဖြာကို ချိန်ဆခြင်း




 photo credit;   www.seasite.niu.edu/.../myanmar_mosaic_art.htm

ကိုယ်ငယ်ငယ်တုန်းတည်းက ယောက်ျားလေးလိုပဲ ဝတ်စားပြီး နေလာတာ။ ပိုလီဒုတိယနှစ် အရောက်မှာမှ မိန်းမစိတ်နည်းနည်းဝင်လာတယ်။ လှချင်ပချင်လာတယ်ဆိုပါစို.။ ခုပြန်စဉ်းစားရင် ယောက်ျားလေးလို ဝတ်တာကလည်း တကယ်ယောက်ျားစိတ်ပေါက်လို.မဟုတ်ဘူး။ မိန်းကလေးလို ဝတ်ရင် ကိုယ့်ကိုယ်ကို confidence မရှိဘူး။ မလှဘူးလို.ထင်တယ်။ ယောက်ျားလေးလို ဝတ်ရင် ကိုယ်နဲ.လိုက်တယ်ထင်လို.။ အချစ်တော်တောင် ထားလိုက်သေးတယ်။ ထားလိုက်ပါတော့ ဒါတွေက။

တကယ်တမ်း အလှတွေပြင်ပြီး မိန်းမစိတ်ပေါက်လာပြီဆိုတော့ ကိုယ့်ကိုကိုယ် ဆင်ခြင်သုံးသပ်လာတယ်။ ကိုယ်က လှတဲ့အထဲမှာ ပါတာလား။
ချစ်စရာကောင်းတဲ့ အထဲမှာပါတာလား။
ကြည့်ကောင်းတဲ့အထဲမှာ ပါတာလား။
ဆက်စီဖြစ်တဲ့အထဲမှာပါတာလား။
ခပ်မိုက်မိုက်ထဲမှာ ပါတာလားပေါ့။
အဲဒီအချိန်မှာ သိလိုက်ရတာက ကိုယ်က ရွက်ကြမ်းရေကျို အထဲမှာ ပါတယ် ဆိုတာပဲ။

ဒါပေမယ့် အလှဆိုတာကို ဘယ်လို Define လုပ်မလဲ။ မြန်မာ မိန်းကလေးဖြစ်ပီဟေ့ဆိုရင် စံရှိတယ်၊ ကောင်းခြင်းငါးဖြာထဲမှာ ဘယ်တဖြာနဲ. ကိုက်မကိုက် သုံးသပ်ကြည့်ရတယ်။ ဒါဘေ့စစ် ပဲ။ လှတယ် မလှဘူးဆိုတာ ကြည့်တဲ့သူအပေါ်မှာပဲ မူတည်တာ (ဖြေတွေးလေးပေါ့)။ ဒီတော့ ကိုယ်ကောင်းခြင်း ငါးဖြာထဲမှာ ပါလား မပါလားတိုက်ကြည့်မယ်။

အရေဧ။်ကောင်းခြင်း 
 အသားအရေကောင်းတယ်ဆိုတာဘာလဲ။ ညိုသည်ဖြစ်စေ ဖြူသည်ဖြစ်စေ အသားအရေချောမွတ်ရမယ်။ အနာ အဆာမရှိရဘူး။  အဲ အဲ စစချင်း တွေ.ပြီ။ ကိုယ်အသားကောင်းတယ်လို. ထင်တယ်။ ဘာကြောင့်လဲ ဆိုတာ ပြောပြမယ်။
ကိုယ်က အသားမည်းတယ်။ ဒါပေမယ့် မဲခြောက်ခြောက်ကြီး မဟုတ်ဘူး ( ဘယ်အသားမဲကမှ ကိုယ့်ဟာကိုယ် မဲခြောက်ခြောက်ပါလို.လဲ ဝန်မခံပါဘူး)
ပြီးတော့ ကိုယ့်မှာ အနာရွတ် တွေ သိပ်မရှိဘူး။ ကိုယ့်ခြေထောက်မှာ ငယ်ငယ်တုန်းက ဝဲတွေပေါက်တာ ပုလဲလုံးလေးတွေ စီထားတာကျနေတာပဲ။ သူများတွေလို အနာရွတ်မကျန်ခဲ့ဘူး အကုန်ပျောက်သွားပြီ။ ကြီးကြီးမားမားဆိုလို. ခြေဖမိုးမှာ ငယ်ငယ်တုန်းက ဝတ်ထားတဲ့ဂါဝန်ကို ကိုယ့်ဟာကိုယ်မီးတိုက်လို. မီးစကျပြီး လောင်ထားတဲ့ အမာရွတ်တခုပဲကျန်တယ်။  ငယ်ငယ်တုန်းက မီးပွင့်အောင်ဆော့တာ။ အဲဒီအမာရွတ်တွေ ဘာမှ မရှိတော့ဘူး။ အဲဒါအသား ကောင်းလို.ပေါ့။
ဟုတ်တာ မဟုတ်တာ အပထား။ ကိုယ်ကတော့ ကိုယ့်ဟာကိုယ် အသားဧ။်ကောင်းခြင်းနဲ. ပြည့်စုံတယ်လို.သတ်မှတပစ်လိုက်တယ်။ ဘယ်သူတွေဘာပြောပြော အရေးမစိုက်ပါဘူး။

ဆံပင်ဧ။်ကောင်းခြင်း

ကိုယ့်ဆံပင်က လေပြင်းပြင်းတိုက်ရင်တောင် ကျွတ်တယ်။ ခုထိပ်မှာ ဆံပင်သိပ်မရှိတော့ဘူး။  ဒါတောင် ငယ်ငယ်တုန်းက ၆တန်းနှစ်အထိ အမေက ကတုံးတုံးပေးထားတာ။ နို.မို.ရင်တော့ ခုလောက်ဆို ဆံပင်မွှေးကို ရေကြည့်ရင်တောင်ရလောက်တယ်။  ကိုယ်က ကတုံးနဲ.မလှဘူး။ အဲဒါကြောင့် တသက်လုံးသီလရှင်မဝတ်ဘူး။  ယောဂီလောက်ပဲလုပ်မယ်။ ဟီး။ ဆံပင်ဧ။်ကောင်းခြင်းနဲ.ကတော့ ပြည့်စုံဖို.ဝေလားဝေး။

အရိုးဧ။်ကောင်းခြင်း                                                                                                                                      


အရိုးကောင်းတယ်ဆိုတာ အရိုးအဆစ်ပြေပြစ် ညီညွတ်မှုရှိရမယ်။ လက်သည်းကအစ လှရမယ်လို.ပြောတာ။ ဒါကတော့ သေချာတယ် မဖြစ်ဘူး။
ကိုယ်က အရပ်လေးက ပုတုတု ကွတတ
လက်ဆစ်ခြေဆစ်ကလည်းမလှ
လက်ချောင်း ခြေချောင်းလေးတွေကလည်း ဘဲခြေဘဲလက် တွေလို ကားကားလေးတွေ
ဒီအချက်ကတော့ ကိုယ်နဲ.မဆိုင်ရေးချ မဆိုင်

အသံဧ။်ကောင်းခြင်း                                                                                                                                         


အဟဲဟဲ အသံဧ။်ကောင်းခြင်းကတော့ ရှင်းပါတယ်။ အသံသာတာပေါ့။ အသံအကြောင်းပြောရင်တော့ ဟစ်လို.သာ ရီချင်ပါတော့တယ် ဆိုတာမျိုး။ ကိုယ့်အသံက ကီးကြောင်သံ။ ဘယ်ကီးနဲ.မှ မကိုက်ဘူး။ ကိုယ်သီချင်းဆိုရင် ကိုယ့်ဘဲတောင်မှ ငိုချင်တယ်။ မဆိုရင်ဘယ်လောက်ပေးရမလဲ ဆိုတဲ့သူကရှိသေးတယ်။  ကိုယ်တင်မဟုတ်ဘူး၊ ကိုယ့်ညီမလဲ အဲလိုပဲ ၊ နွယ်နီလင်းလဲအဲလိုပဲ (အဖော်ရအောင် ဆွဲထည့်အုံးမယ်) ဒီတော့ အသံဧ။်ကောင်းခြင်းထဲမှာလဲ မပါပြန်ဘူး။

အရွယ်ဧ။်ကောင်းခြင်း                                                                                                                                       


အရွယ်ဧ။်ကောင်းခြင်းက နုတာပေါ့။ ကလေး ၁၀ယောက်ရလဲ အပျိုအတိုင်းပဲတို.ဘာတို. နေမှာပေါ့။ အဲဒါလည်းဖြစ်နိုင်ခြေတော့သိပ်မရှိဘူး။ ခုအသက် ၃၀တောင် မပြည့်သေးဘူး။ တော်တော်အိုနေပြီ။  ယောက်ျားသာယူရင်တော့ ဒီနေ. ယူပြီးရင် မနက်ဖြန်ဘိုးဘွားရိပ်သာ တန်းဝင်ရလောက်တယ်။

အင်း ကိုယ့်ဟာကိုယ်အတင်းအားဒမ ရအောင်ဆွဲထည့်ထားတဲ့ အရေဧ။်ကောင်းခြင်းကလွဲရင် ကျန်တဲ့ ၄ ပါးကတော့ ကိုယ်နဲ. ကတုံးနဲ. ဘီးလိုဖြစ်နေတယ်။

ဒါပေမယ့် ဘာအရေးလဲ။
အသံမကောင်းလဲ ဘာဖြစ်လဲ။ ကိုယ်က အဆိုတော်လုပ်စားမှာလဲမဟုတ်။
အရိုးအဆစ်မလှ အရပ်ပုလဲ ဘာဖြစ်လဲ။ ဒေါက်မြင့်ဖိနပ်စီးမှာပေါ့။
ဆံပင်မလှလဲ ဘာဖြစ်လဲ။ ဆံပင်တုစွပ်လို.ရတယ်။
အရွယ်မကောင်းလဲဘာဖြစ်လဲ။ ဗီတာမင်အီးတွေ များများစားပေးမှာပေါ့။ ၂၀၁၂ နှစ်မှာ ကမ္ဘာမပျက်ရင်တော့ ဗိုက်တာမင်အီး ပုံမှန်သောက်တော့မယ်လို. စိတ်ကူးတယ်။

ဒီလို. အိပ်စ်ကျု.စ်တွေ ပေးပြီးတဲ့ နောက်ပိုင်းမှာ ကိုယ့်ဟာနဲ.ကိုယ် စိတ်ချမ်းသာသွားပါတယ်။း) လောကမှာ ဒါအရေးအကြီးဆုံးပဲ။ စိတ်ချမ်းသာအောင်နေတတ်ဖို.။း)

ခိုင်ဝေဇံ

အဆီချကြစို.

မှန်ထဲမှာ ကြည့်လိုက်တော့ လိပ်ခါးဖားဖင်နဲ. ကိုယ့်ကိုယ်လုံးကို မြင်ရတယ်။ ခိုင်၊ နင့်ကြည့်ရတာ စကွဲယား(square) ဖြစ်နေပြီနော်တဲ့။ သူငယ်ချင်းတယောက်က လွန်ခဲ့တဲ့ ၁နှစ်ခွဲကပြောဖူးတယ်။ ခါးတုတ်လာတော့ ကိုယ်လုံးက သိပ်မမိုက်တော့ဘူးဆိုတဲ့သဘော (အရင်တုန်းကလည်းမမိုက်ပါဘူး၊ ဒါပေမယ့် အဂုမမိုက်ဘူးဆိုတာထက် နည်းနည်းတော့သာသေးတာပေါ့)။ အခုတော့ သူမြင်ရင် နင် ပိုလီဂွန် (Polygon) ဖြစ်နေပြီလို.ပြောလိမ့်မယ်။ အကောင်းမြင်တတ်တဲ့ကိုယ်ကတော့ တြိဂံမဟုတ်ရင်ပြီးတာပဲလို.ပြန်ပြောဖြစ်မယ် ထင်တယ်။

မဝပဲနေရိုးလား
အစားကပုတ်
ကိုယ်လက်လှုပ်ရှားမှုက မရှိ
လေ့ကျင့်ခန်းနဲ. ကိုယ်နဲ.ဆိုတာ ကတုံးနဲ.ဘီး
အလုပ်မှာလည်း နေကုန်နေခန်းထိုင်
အိမ်မှာနေရင် Laptop နဲ.ဖက်နေတာ
..
..
..
..
ကိုယ်မဝရင်ဘယ်သူဝမလဲ။

ပြသနာကဝတာမဟုတ်ဘူး၊ ကိုယ်လုံး ပုံပျက်သွားတာ။ နဂိုတည်းက အမေနဲ.တူတဲ့ ကိုယ်က ကိုယ်လုံး မသွယ်ဘူး။ ခါးမြင့်တယ်။ သူများတွေလို ခါးပြေပြေလေးနဲ. မဆင်းသွားဘူး။ ခါးလေးက မွေးတည်းက တုတ်ချင်ချင်။ အဲဒါက မြန်မာပြည်မှာ ထဘီတွေဝတ်တော့ ထိန်းထားသလိုဖြစ်ပြီးမသိသာဘူး။ စင်္ကာပူကို ရောက်ပြီး ဘောင်းဘီဖင်ကျွတ် ဟစ်ပ်စတား တွေဝတ်တော့ အဲဒါက ခါးအောက် တင်ပါးမှာ ဝတ်ရတာလေ။ ဒီတော့ ခါးက အထိန်းမရှိလွတ်သွားပြီး အသားတွေပိုထွက်လာတာပေါ့။ ရှင်းရှင်းလင်းလင်းမြင်ရအောင် ကိုယ်ပုံဆွဲပြအုံးမယ်။



ကဲမြင်တဲ့အတိုင်းပါပဲ။

ဒီတော့ ကိုယ်စဉ်းစားတယ်။ အသက်အရွယ်ကလည်း ရလာပြီ။ ဒီလို ဆက်ပြီး စားနေသောက်နေချင်သေးတယ်ဆိုရင် လေ့ကျင့်ခန်းနည်းနည်းပါးပါးလုပ်မှ ဖြစ်တော့မယ်လို.။ နည်းနည်းပြန်ထိန်းမှ ဖြစ်တော့မယ်ပေါ့။ ဆိုတော့ခါ ကိုယ်လေ့ကျင့်ခန်းလုပ်ဖို. စဉ်းစားပါတယ်။ ဗိုက်ပူတယ် ဘာလုပ်ရမလဲ - အဖြေကလွယ်လွယ်လေး  အိပ်ထလုပ်ပေါ့။ အိုကေ  လုပ်မယ်။

တခေါက်
နှစ်ခေါက်
..
..
သုံးခေါက်မြောက်မှာ အိပ်ပဲအိပ်နိုင်တယ် ပြန်မထနိုင်တော့ဘူး။
မဖြစ်သေးဘူး။ ကိုယ့် ဘော်ဒီကို အသေအချာပြန်ကြည့်ပြီး ဘယ်နေရာက မလှတာလဲဆိုတာ ပြန်စဉ်းစားတယ်။ ကိုယ်က ဗိုက်ပူတာမဟုတ်ဘူး။ ဘေးဘက်ကနေ ခါးထွက်တာ။



အဲဒီပုံလိုပေါ့။  ဆိုးဝါးတယ်နော်။ အဲဒီနေရာကို အင်္ဂလိပ်လို ဘယ်လိုခေါ်ရမှန်းမသိဘူး။ ရှာကြည့်တော့ oblique muscle သို.  Love Handle လို.ခေါ်တယ်တဲ့။ တညှိုးကြီးပဲ။ တခြားအခေါ်ရှိသေးလားလို.ကြည့်လိုက်တော့ Muffin Top လို.ခေါ်တယ်တဲ့။ အစားအသောက်နာမည်လေးနဲ.ဆိုတော့ ကိုယ်သဘောကျသွားတယ်။ ကိုယ့်ရဲ. Muffin Top ကသူ.လောက်တော့ မဆိုးပါဘူး။ အဲဒါနဲ.ကိုယ် လေ့ကျင့်ခန်းတွေ အင်တာနက်မှာ ရှာကြည့်တယ်။ ပြီးတော့ Simple ဖြစ်တဲ့ လွယ်တဲ့ လေ့ကျင့်ခန်းလေး တခု နှစ်ခုလုပ်ဖို. ဆုံးဖြတ်လိုက်တယ်။



အဲဒီလေ့ကျင့်ခန်းလေးကတော့ လွယ်လည်းလွယ်တယ်။ ထိလည်းထိရောက်တယ်။ အိပ်ထကတော့ ဘယ်နည်းနဲ.မှ မဖြစ်နိုင်ပါဘူး။ အဲဒီ လေ့ကျင့်ခန်းမလုပ်ခင် ရိုးရိုး အကြောလျှော့တာလေးတော့ လုပ်ပေးပေါ့။ ကိုယ့်အတွက် အကောင်းဆုံး အလွယ်ဆုံး အထိရောက်ဆုံး ကတော့ အခု အောက်မှာ ကြည့်လို.ရပါတယ်။



ကောင်းသလား ထိသလားလို.မမေးနဲ. ။ အဲဒီ ခါးအသားတုံးက ကိုင်ရိုက်ထားသလိုနာတယ်။ ၃ရက်ပဲ စမ်းလုပ်ကြည့်လုံးဝသိသာတယ်။ အာမခံ။  လွယ်သလားလဲမမေးနဲ.။ 

ဘော်ဒီ ကို ရှိပ်ရအောင်လုပ်တယ်ဆိုတာ လေ့ကျင့်ခန်းတခုတည်းနဲ. မရဘူး။ အဟဲ အကူလေးဘာလေးလိုသေးတယ်။ ဒီတော့ ကိုယ့်မှာ သုံးနေကျ  အဆီကျ လိမ်းဆေးတဘူး ရှိတယ်။ အမှန်က ဝယ်ထားတာကြာပြီ။ မကုန်တာ။ လိမ်းရင်လည်းမသိသာဘူး။ ဘယ်လိုလုပ်သိသာမလဲ။ လိမ်းချင်စိတ်ရှိမှ ကောက်လိမ်း တလလောက်မလိမ်းပဲ ပစ်ထားနဲ.။ ခုတော့ လေ့ကျင့်ခန်းလုပ်ပြီးတိုင်းလိမ်းမယ်။ ဈေးပေါပေါထဲက ဝယ်ထားတာပါ။  တခုမှတ်ထားဖို.က ဘယ်တော့မှ ဆေးတခုတည်းလိမ်းရုံနဲ. မကျဘူး။ လေ့ကျင့်ခန်းနဲ. တွဲလုပ်မှ ထိရောက်တာ။ ဘယ်တော့မှလဲ ပိန်ဆေးမသောက်ပါနဲ.။ ကိုယ့် Metabolism ထဲကို ဝင်သွားမှာ အရမ်းကြောက်ဖို.ကောင်းတယ်။

နောက်တခုက ကိုယ်က ဗိုက်ခေါက်ရှိတော့ အဆီချဖို.ဝယ်ထားတာ။ Osim ကထုပ်လုပ်တဲ့  Ukimono အဆီချစက်ကလေးပါ။ Vibrating နဲ. Kneading လုပ်ပေးတယ်။ Fat Layer တွေကို break down လုပ်ပေးတဲ့ အထဲမှာ မြန်တယ် လို.ဆိုပါတယ်။ သုံးတော့ သုံးနေတယ်။ ခုထိတော့ သိပ်မသိသာသေးဘူး။ သိသာအောင် နေ.တိုင်း ၂လဆက်တိုက်သုံးပေးရမယ်လို. ပြောတယ်။ သုံးရတာ လွယ်သလို. နေရာလည်းသိပ်မယူပါဘူး။ အဟဲ ကိုယ်ဝယ်တုန်းက ဈေးချိုတယ်။ ခုတော့ ပရိုမိုးရှင်း ကာလ ကုန်သွားပြီ ။ ခုမှ ပြောတာ ဆောရီး။

 


ဒီတော့ ကိုယ်အဆီ ကျမကျ ဒီ ၂လ အတွင်း စောင့်ကြည့်လိုက်အုံးမယ်။ ပြီးမှ ဘလော့မှာ ပြန်ပြီး Update ပြန်လုပ်ပါမယ်။း) အဟီး။ ၂လနဲ. မကျရင်တော့.......

...
.....
......
.........
...........
...............
..................

မကျရင်တော့ ဆက်မလုပ်တော့ဘူးပေါ့။

ခိုင်ဝေဇံ

ရခိုင်မုန်.တီ အမှတ်တရတိ

အေနိခါ အိမ်မှာရခိုင်မုန်.တီ ချက်တေ။ စစ်တွေက ကြွီတဲဆရာတော် စင်္ကာပူမှာ ရောက်နီလို. အရီးမမှာ မုန်.တီအာရုဏ်ဆွမ်းကပ်စော်။ မုန်.တီဟင်းရည်ကို သင်္ဘောထိုးနဲ. ညဥ့်ခါကပင် ကြိုထားရေ။ ငရုတ်ချက်ကို ငါးတိအများကြီးနဲ. အားရပါးရ တဒုံပျင်ထားရေ။ သစ်သီးကိုးမျိုး၊ ပန်းကိုးမျိုးလေ့ အဆင်သင့်။ ကိုယ်က ညဇကပင် ကကောင်းဝမ်းဆာပိုင်တွိနီဗျယ်။

ရခိုင်မုန်.တီ အကြောင်းကိုပြောကေ စစ်တွေမြို.ကို သတိရယင့်။ စစ်တွေ အမှတ် (၁) ရဲစခန်းမှာ နီခခါက အိမ်နားမှာ စစ်တွေမှာ နာမည်အကြီးဆုံး ဂြိုးချေ မုန်.တီရှိရေ။ တခါလေ့ လူပွဲရေလို.မရှိ။ လားလိုက်ကေ မိနစ် ၂၀၊ နာရီဝက်လောက်အနည်းဆုံးစောင့်ရရေ။ ဝက်ဆီဖတ်တိအများကြီးနဲ.၊ ငါးမှုန်. အဝါချေနဲ.။ ကိုယ်ကတော့ စံပြရွာအိမ်နားက မစောမေမုန်.တီလောက် မကြိုက်။ မစောမေမုန်.တီက အချေခါကပင်စားလာစော် လက်ရာက ကိုယ့်ပါးစပ်နဲ. တွိပြီးသား။ ယပြီးကေ စံပြရွာနဲ. ပြည်တော်သာဖက်မှာ အထမ်းချေနဲ.လာရောင်းရေ ဝါကြီးမုန်.တီ ရှိရေ။  အနည်းစားလို.ကောင်းရေမသိ။ ဈီးကလေ့တန်ရေ။ အသုပ်တပွဲလို.ပြောလိုက်ကေ ခွက်ချေမှာ ဆား၊ အချိုမှုန်.ချေနဲ.၊  ငရုတ်သီးချက်တဖေ့ချေနဲ. ဝါကြီးလက်နဲ.နယ်လို.သုပ်ပီးလိုက်ကေ စားကောင်းသလားမမီးကေ့။ ဝါကြီးကလေ့ ခြောင်းတဟွတ်ဟွတ်နဲ. ဆိုးလို.။ အသက်က ၇၀လောက်ရှိဗျယ်။ အဂုဆိုကေ သီယောင့်မေ။ မစောမေတောင်သီလို. သမီးသည်ဆိုင် ဆက်လို.ဖွင့်နီယင့်။

ကျောက်ဖြူမှာနီခခါက ရဲစခန်းနဲ. မနီးမဝီးမှာ ကျောက်ဖြူ လက်ညှစ်မုန်.တီဆိုစော်ရှိရေ။ အဖတ်ကို လူစားဖို.လာခါမှ ဆုံနန်. ညှစ်ပီးစော် လလတ်ဆဆတ်။ အဖတ်ချေက ဖွေးလို. ဖြူလို. ပပျော့ချေ။ အသုပ်သုပ်စားကေ ပဲကြော်ချေနဲ. ကကောင်းကောင်းရေ။ ၃တန်းလောက်ခါက စားခရစော်ဆိုကေလေ့ တခါလေ့ယင်းအရသာကို မိပိုင်မတွိ။ မောင်တောမှာ မုန်.တီဆိုင် ကောင်းကောင်းကန်းကန်း စားခရပိုင်မတွိ။ အလယ်ရွာနားမှာ စားစော်မုန်.ဟင်းခါးဆိုင် တဆိုင်ရာမှတ်မိရေ။ ပဲတိအများကြီးနဲ. ပျစ်နီအောင်ချက်ထားစော်။ ၇တန်းနှစ် မောင်တောမှာ အပျိုခါဝင်ခါစ စားလိုက်တေ သောက်လိုက်တေဆိုစော် လူရုပ်မပေါက်။ ပုတ်ပိုင်သန်ရေ။ ယင်းမုန်.ဟင်းခါးကို စားလို.မနားယေ။

မြောက်ဦးမှာခါတော့ခါ တောင်ရပ်မှာ စားနီကျဆိုင်တဆိုင်ရှိရေ။ နန်းရာကုန်းနားမှာလေ့ ရဲစခန်းကမိသားစု တစု ဖွင့်ထားစော် လဖက်ရည်ဆိုင်မှာ တခါတလီစားရေ။ ယေဂေလေ့ ယင်းခါ မက်မက်မောမော လားစားစော် မုန်.တီဆိုင်မရှိ။ အိမ်ကလူတိကလေ့ မုန်.တီအချက်ကောင်းခါ အိမ်မှာပဲ ချက်စားဖြစ်စော်များရေ။
အဂုတော့ခါ ကောင်းကောင်း မကောင်းကောင်း မုန်.တီဆိုဂေ ကျီဗျယ်။ ကိုယ့်စော်ကို ကျပိုင် ယပိုင် ပဒကြောမပါ၊ ငါးဆုပ်မပါ၊ ငါးမှုန်.မပါ၊ ပုဇွန်ခြောက် အဆိုးအဆာနန်. ချက်ထားကေလေ့ စားလို.ရရေ။ အေနိခါတော့ ငါးနန်.ချက်ထားစော်ရာ ဒေ။ ပပိုက်နနိုက်။ မုန်.တီဖတ်ကတော့ ထုံးစံအတိုင်း အခြောက်ထုပ်။ စားကေဇက်ကြောတက် ခေါင်းကိုက် သွီးနည်းနည်းတက်စော်ကလွဲပြီးကေ အထွေအထူးမဖြစ်ပါဘူး။ ယင်းချင့်ချေကို ပြုတ်။ မုန်.ဖတ်ချေပူလို. သသွက်ချေရှိတုံး၊ ငါးငရုတ်သီးချက် ၂ဇွန်းထည့်ရေ၊ မင်းကျိုးသီး အချဉ်ချေထည့်၊ ဆား အချိုမှုန်.ချေထည့်ရေ။ ယပြီးကေ ဟင်းရည်အိုးက ငါးအနှစ်ချေတဇွန်းထည့်သိယင့်။ ယပြီးကေ သုပ်ပလိုက်တေ။ ချဉ်ငံစပ်ချေ ရဗျယ်ဆိုခါမှ အထက်က နံနံပင်ချေအုပ်ပြီးကေ ငါးဆုပ်ချေညှပ်ထည့်ပလိုက်တေ။ အူး စားလို.ကောင်းလိုက်တေဂ။ စားလီဂတ်ပါထော။ အောက်မှာ ဧည့်ခံလိုက်ယင့် ဓါတ်ပုံနန်.။း)

ခိုင်ဝေဇံ

မန္တလေးက ကိုကျော်ကျော်လွင်အတွက် ရခိုင်မုန်.တီ အာပူလျှာပူသုပ်နည်းလေးရေးပေးလိုက်ပါတယ်။

အဓိက က အာပူလျှာပူ ငရုတ်သီးလုပ်ရပါမယ်။ အသားများများနဲ.ငါးကိုပြုတ်ထားပါ။ ငရုတ်သီးကိုသတ်သတ်ပြုတ်ပြီးတော့မှ ထောင်းပါ။ ငါးကိုအသားထွင်ပြီးချေရမယ်။ ပြီးမှငါးပြုတ်ရည်ထဲမှာ ချေထားတဲ့ငါးရယ် ထောင်းထားတဲ့ငရုတ်သီးရယ်ကိုထည့်ပြီး နည်းနည်းပွက်အောင်ပြုတ်ပေးရမယ်။ ဆား အချိုမှုန်.လည်းနည်းနည်းထည့်ပေးပါ။ ဒါဆို အာပူလျှာပူလို.ခေါ်တဲ့ ငါးငရုတ်ချက်ကိုရပြီ။

သုပ်တာကလွယ်တယ်။ မုန်.ဖတ်မှာ ငါးငရုတ်ချက်ထည့်၊ ဆီကျက်တဇွန်းထည့်၊ အချဉ်အတွက် သံပုရာသီး သို. မကျီးချဉ်ထည့်၊  အသုပ် ခြောက်ကပ်ကပ်ကြီးမဖြစ်အောင် မုန်.တီဟင်းရည်လေးတဇွန်းလောက် ခပ်ထည့်။ ဆား အချိုမှုန်.တော်သင့်ရုံထည့်ပြီးရင် နယ်လိုက်ရုံပါပဲ။

မန္တလေးစတိုင် Food Review အပိုင်း (၂)

"ရှည်ရှည်ဝေးဝေးမပြောချင်ဘူး။ စားဖို.သောက်ဖို.ထွက်မယ်။ အရသာရှိရင် ရှိမယ်၊ မရှိရင်မရှိဘူး။ ရင်ပြည့် ရင်ကယ် ဖြစ်ချင် ဖြစ်မယ်။ ဗိုက်လေးမယ်။ အခန်.မသင့်ရင် ဝမ်းပျက် ဝမ်းလျှောဖြစ်မယ်။ ကံမကောင်းရင် အစာအဆိပ်သင့်ပြီး အထက်လှန် အောက်လျှောနဲ. အသက်ဆုံးရှုံးမယ်။ အားလုံး အသင့်ပြင်ထားကြ။ "

အဲဒါက စစ်ထွက်မိန်. ပါ။ အားလုံးအဆင်သင့်ပြင်ဆင်ထားကြပါတယ်။ comfortable ဖြစ်တဲ့ အင်းကျီ၊ သိပ်မကျပ်တဲ့ ဘောင်းဘီ ရှော့ပင် (ဆိုင်က လက်ဖက်ရည်ဆိုင်လို ခုံပုလေးတွေနဲ.ဆိုတော့ မီနီစကပ်ဝတ်ပြီးသွားထိုင်ရင် ပွဲကြီးပွဲကောင်းဖြစ်သွားမယ်) ဝတ်ထားတယ်။ အင်းကျီက ချောင်မှဖြစ်မယ်။ ပြီးမှ ဗိုက်ထွက်လာရင် မမြင်ရမှာ။ အတိုချုံးရမယ်ဆိုရင်တော့ ဒီလိုနဲ.ပဲ နွယ်နီလင်းရယ်၊ ကောင်းသူဝင်းရယ်၊ ပုံ.ပုံ.ရယ်၊ ကိုယ်ရယ် မန္တလေးစတိုင် ဆိုင်ကို ချီတက်သွားကြတယ်ဆိုပါစို.။

၆နာရီခွဲလောက်ရောက်သွားတော့ ဆိုင်ကလူတွေပြည့်နေတယ်။ ၁၀မိနစ်လောက်စောင့်လိုက်တော့ နေရာရသွားတယ်။ အစားအသောက်ချပေးတာ မြန်ပါတယ် (အင်းလေးနဲ. ကွာချက်)။ မှာတာတွေကတော့
  • ငါးကင်
  • မာလာဟင်း
  • ပေါက်စီအလွတ်
  • ဝက်ခြေထောက်စွပ်ပြုတ်
  • အကင်အစုံ တမျိုး ၂ကင်စီ
  • ထမင်းအလွတ်တပွဲ 
  • ဘီယာတဂျား
စွပ်ပြုတ်အရင်ရောက်လာတယ်။ အရင်တခါထက်ပိုကောင်းပါတယ်။ ချဉ်စပ်ကလေး။ အကျယ်ချဲ့ပြီးမပြောတော့ဘူး။ ပြီးတော့ မာလာဟင်း။ ဒီနှစ်ခုကတော့ ၂ခါစားတာ ၂ခါလုံးကြိုက်ပါတယ်။ မြည်းဖြစ်အောင်မြည်းကြည့်ကြပေါ့။ ကိုယ်က ငါးကင်ကို အဓိက စောင့်နေတာ။ သိပ်မကြာပါဘူး။ ရောက်လာတယ်။ ငါးကင်ပုံစံက စားချင်စရာလေး။ သိသိသာသာ အနံ.မွှေးတယ်။ မရတာ ကြာတဲ့ အနံ.။ ငါးထဲက အစာသွပ်ထားတဲ့ အစာတွေက နံတဲ့ အနံ.။ မန္တလေးနံ.။  ငါးကင်ကို မမြည်းကြည့်ခင် အထဲက အစာကို အရင်မြည်းကြည့်လိုက်တယ်။ အမလေး မန္တလေး ငါးကင်စစ်ပါတယ်။ ဒီအရသာကို မစားရတာ ခြောက်နှစ်တောင်ရှိပြီ။ 

မန္တလေးကျုံးဘေးမှာ တွန်းလှည်းလေးတွေနဲ. ရောင်းတဲ့ အကင်ဆိုင်လေးတွေရှိတယ်။ ဘီယာတွေဘာတွေမရဘူး။ အအေးလေးနဲ. တွဲရောင်းတာဆိုတော့ မိန်းကလေးထိုင်လို.ကောင်းတယ်။ ၂၆ဘီလမ်း ကျုံးဘေးလေးမှာ ပလတ်စတစ်ခုံလေးတွေနဲ.ထိုင်ပြီးတော့ စားရတယ်။ စားပွဲမပေးဘူး။ ပန်းကန်ကို ကိုယ့်ဟာကိုယ်ကိုင်ပြီးစားရတာ။ မကျီးသီးချဉ်လေးနဲ.။ အရမ်းစားလို.ကောင်းတယ်။ ကျုံးကလေလေးတဖြူးဖြူးနဲ.။ ရွှေခိုင်တို.လို ဆိုင်ကြီးတွေက ကောင်းပေမယ့် ဘီယာနဲ.တွဲရောင်းတော့ ကိုယ်က မသွားချင်ဘူး။ အရက်သမားများတယ်ပေါ့လေ။ စားနေကျ ကောင်းတဲ့ဆိုင် ၂ ဆိုင် ၃ ဆိုင်ပဲ ရှိတယ်။ တလားပီးယား ငါလတ်လတ် တွေကို ကင်ရောင်းတာ။ ငါးတွေက နည်းတာ မဟုတ်ဘူး တကောင် တကောင်ဆို အကြီးကြီးပဲ။ ကိုယ်ဆို ၂ ကောင်တောင်စားတာ တခါစားရင်။  အစကတော့ စင်္ကာပူမှာ အဲလိုမျိုး လုပ်ကျွေးတတ်တဲ့သူရှိရင် လူတောင်သတ်ပေးမယ် လို.ကိုယ်ပြောဖူးတယ်။ ခုတော့ လူသတ်စရာ မလိုတော့ဘူးပေါ့။ ဟီး။

ကဲကဲ ပြန်စပါမယ်။ အစားအသောက် အကြောင်း။ ငါးကင်ကကောင်းပါတယ်။ လေးလေးပင်ပင်နဲ.။ ဘယ်လောက်ဈေးကြီးတဲ့ စလုံးဆိုင်မှာပဲ စားစား အဲလိုအရသာကို ရမှာမဟုတ်ဘူး။ ငါးကနဲနဲလေး ခြောက်သလို ခံစားရတယ်။ Moisure သိပ်မရှိဘူး။ စလုံးက ငါးတွေအရသာမရှိတာလဲ ပါပါလိမ့်မယ်။ ပြောဖူးတဲ့ အတိုင်း စလုံး အစားအစာလတ်တယ်ဆိုတာ မြန်မာပြည်က အပုပ်လောက်တောင် အရသာရှိတာမှ မဟုတ်တာ။ ဒီလိုနေရာက ငါးကို ဒီလောက်ကောင်းအောင်ချက်တတ်တယ်ဆိုတာ ချက်တဲ့လူကို တော်တော်ချီးကျူးရမယ်။

မှာထားတဲ့ အကင်တွေကလည်း တခုပြီးတခုရောက်လာတယ်။  ကြက်ဖင်ဆီဖူးကို အရမ်းသဘောကျတယ်။ Ar fa တို.က ရိုမန်.တစ် သမားထင်တာပဲ။ ကြက်ဖင်ဆီဖူးကိုတောင် အသည်းပုံလေးဖြစ်အောင်လုပ်ပြီး ကင်ထားတာ။ ဟီးဟီး။ နောက်ပြီးတော့ ငုံးဥကင်၊ မပါမဖြစ် ရုံးပတီသီးကင်၊ ကြက်အသည်းအမြစ်ကင် (မီနူးထဲမှာတော့  နှစ်လုံးကင်လို.ရေးထားတယ်)၊ ဝက်နံရိုးကင်နဲ. ဝက်ခေါက်ကင်။ အကင်အရသာကတော့ နည်းနည်းပိုလေးသလိုပဲ။ ကိုယ့်ပါးစပ်နဲ.တော့ ကိုက်ပါတယ်။ ကောင်းသူဝင်းက တော့ ဝက်ခြေထောက်စွပ်ပြုတ်ချဉ်စပ်ကလေး သောက်လိုက်၊ ငါးကင်လေးဖဲ့လိုက်၊ ဖင်ဆီဖူးလေးကိုက်လိုက်၊ ဘီယာလေးတကျိုက်ကျိုက်လိုက်နဲ. တော်တော်ကောင်းနေတယ်။ စားရင်းစားရင်းနဲ. မလောက်လို. ဝက်ခြေထောက်စွပ်ပြုတ်တပွဲနဲ. မာလာဟင်းတပွဲ ထပ်မှာရတယ်။
ကိုယ့်မှာ ဓါတ်ပုံရိုက်ချင်တာကို ကောင်းကောင်းမရိုက်ရဘူး။ အားလုံးက အပီဆွဲတဲ့လူတွေချည်းပဲဆိုတော့ ကိုယ်ဓါတ်ပုံရိုက်နေတုန်း အားလုံးကုန်သွားမှာစိုးလို. ကင်မရာအသာချပြီး အသကုန်တီးရတယ်။ စိတ်ကြိုက် အသေအချာ မရိုက်ခဲ့ရဘူး။  စားတာကတော့ ဝက်ဝက်ကွဲပဲ။ ပြီးလည်းပြီးရော ထတောင် မထနိုင်ဘူး ဗိုက်ကလေးပွေ.ပြီး ၁၅ မိနစ်လောက်ထိုင်နေရတယ်။

စားသောက်ပြီးတော့ ဗိုက်ပေါ့သွားအောင် ထုံးစံအတိုင်း ဒူးရင်းသီးနားလမ်းလျှောက်ထွက်ကြစို.ဆိုပြီးတော့ လမ်း ၅ မိနစ်လောက်လျှောက်ပြီးသကာလ မြစ်နားမှာ ၁နာရီလောက်ထိုင်ပြီး အာလူးတွေဖုတ်ကြတယ်၊ အတင်းတွေတုတ်ကြတယ်။ ၁၀နာရီလောက်မှ ပြန်ကြမယ်ဟေ့ဆိုတော့ နာမည်အသစ်နဲ.နွယ်နီလင်း (ခေါ်) ကီးကြောင် က လူလည်မလုပ်ပြီး သွားနေကျ ဖူလတန် ဟိုတယ်ဘက်ကမသွားဘဲနဲ. ဘုတ်ကီး (boat quey) ဘက်က သူသွားတတ်တယ် ဆိုပြီး ခေါ်သွားပါတယ်။ ဖတ်ဖတ်မော လမ်းလျှောက်ပြီးတော့မှ မသိတော့ဘူးဆိုတော့ ပြန်ပတ်ပြီး ဖူလတန်ဟိုတယ်ဘက်ကနေ Raffel City MRT ကိုပြန်ပြီးလမ်းလျှောက်လာရတယ်။ မောလိုက်တာ မပြောနဲ. ဗိုက်ကပေါ့ရုံတင်မက ချောင်ပြီး ပြန်တောင် ဆာသလိုလိုဖြစ်သွားတယ်။  ဓါတ်ပုံတွေတင်ပေးလိုက်ပါတယ်။း)

ငါးကင်၊ ဒီပွဲမှာတော့ သူကမင်းသားပေါ့



  ဝက်ခြေထောက်စွပ်ပြုတ်၊ သံပုရာသီးညှစ်ခိုင်းဖို. မမေ့ပါနဲ.။

း)အကင်စုံ


မာလာဟင်း



အသည်းပုံကြက်ဖင်ဆီဖူး၊ လှတယ်ဟုတ်??




ဓါတ်ပုံရိုက်တာကို လှည့်မကြည့်အားဘူး

 ကင်မရာ ကောင်းချက်ကတော့ ကမ်းကုန်ပဲ ဘာမှ မမြင်ရဘူး


တယဲ

:) :) :) ပျော်ခဲ့ပါတယ်။

ခိုင်ဝေဇံ