အဆီချကြစို.

မှန်ထဲမှာ ကြည့်လိုက်တော့ လိပ်ခါးဖားဖင်နဲ. ကိုယ့်ကိုယ်လုံးကို မြင်ရတယ်။ ခိုင်၊ နင့်ကြည့်ရတာ စကွဲယား(square) ဖြစ်နေပြီနော်တဲ့။ သူငယ်ချင်းတယောက်က လွန်ခဲ့တဲ့ ၁နှစ်ခွဲကပြောဖူးတယ်။ ခါးတုတ်လာတော့ ကိုယ်လုံးက သိပ်မမိုက်တော့ဘူးဆိုတဲ့သဘော (အရင်တုန်းကလည်းမမိုက်ပါဘူး၊ ဒါပေမယ့် အဂုမမိုက်ဘူးဆိုတာထက် နည်းနည်းတော့သာသေးတာပေါ့)။ အခုတော့ သူမြင်ရင် နင် ပိုလီဂွန် (Polygon) ဖြစ်နေပြီလို.ပြောလိမ့်မယ်။ အကောင်းမြင်တတ်တဲ့ကိုယ်ကတော့ တြိဂံမဟုတ်ရင်ပြီးတာပဲလို.ပြန်ပြောဖြစ်မယ် ထင်တယ်။

မဝပဲနေရိုးလား
အစားကပုတ်
ကိုယ်လက်လှုပ်ရှားမှုက မရှိ
လေ့ကျင့်ခန်းနဲ. ကိုယ်နဲ.ဆိုတာ ကတုံးနဲ.ဘီး
အလုပ်မှာလည်း နေကုန်နေခန်းထိုင်
အိမ်မှာနေရင် Laptop နဲ.ဖက်နေတာ
..
..
..
..
ကိုယ်မဝရင်ဘယ်သူဝမလဲ။

ပြသနာကဝတာမဟုတ်ဘူး၊ ကိုယ်လုံး ပုံပျက်သွားတာ။ နဂိုတည်းက အမေနဲ.တူတဲ့ ကိုယ်က ကိုယ်လုံး မသွယ်ဘူး။ ခါးမြင့်တယ်။ သူများတွေလို ခါးပြေပြေလေးနဲ. မဆင်းသွားဘူး။ ခါးလေးက မွေးတည်းက တုတ်ချင်ချင်။ အဲဒါက မြန်မာပြည်မှာ ထဘီတွေဝတ်တော့ ထိန်းထားသလိုဖြစ်ပြီးမသိသာဘူး။ စင်္ကာပူကို ရောက်ပြီး ဘောင်းဘီဖင်ကျွတ် ဟစ်ပ်စတား တွေဝတ်တော့ အဲဒါက ခါးအောက် တင်ပါးမှာ ဝတ်ရတာလေ။ ဒီတော့ ခါးက အထိန်းမရှိလွတ်သွားပြီး အသားတွေပိုထွက်လာတာပေါ့။ ရှင်းရှင်းလင်းလင်းမြင်ရအောင် ကိုယ်ပုံဆွဲပြအုံးမယ်။



ကဲမြင်တဲ့အတိုင်းပါပဲ။

ဒီတော့ ကိုယ်စဉ်းစားတယ်။ အသက်အရွယ်ကလည်း ရလာပြီ။ ဒီလို ဆက်ပြီး စားနေသောက်နေချင်သေးတယ်ဆိုရင် လေ့ကျင့်ခန်းနည်းနည်းပါးပါးလုပ်မှ ဖြစ်တော့မယ်လို.။ နည်းနည်းပြန်ထိန်းမှ ဖြစ်တော့မယ်ပေါ့။ ဆိုတော့ခါ ကိုယ်လေ့ကျင့်ခန်းလုပ်ဖို. စဉ်းစားပါတယ်။ ဗိုက်ပူတယ် ဘာလုပ်ရမလဲ - အဖြေကလွယ်လွယ်လေး  အိပ်ထလုပ်ပေါ့။ အိုကေ  လုပ်မယ်။

တခေါက်
နှစ်ခေါက်
..
..
သုံးခေါက်မြောက်မှာ အိပ်ပဲအိပ်နိုင်တယ် ပြန်မထနိုင်တော့ဘူး။
မဖြစ်သေးဘူး။ ကိုယ့် ဘော်ဒီကို အသေအချာပြန်ကြည့်ပြီး ဘယ်နေရာက မလှတာလဲဆိုတာ ပြန်စဉ်းစားတယ်။ ကိုယ်က ဗိုက်ပူတာမဟုတ်ဘူး။ ဘေးဘက်ကနေ ခါးထွက်တာ။



အဲဒီပုံလိုပေါ့။  ဆိုးဝါးတယ်နော်။ အဲဒီနေရာကို အင်္ဂလိပ်လို ဘယ်လိုခေါ်ရမှန်းမသိဘူး။ ရှာကြည့်တော့ oblique muscle သို.  Love Handle လို.ခေါ်တယ်တဲ့။ တညှိုးကြီးပဲ။ တခြားအခေါ်ရှိသေးလားလို.ကြည့်လိုက်တော့ Muffin Top လို.ခေါ်တယ်တဲ့။ အစားအသောက်နာမည်လေးနဲ.ဆိုတော့ ကိုယ်သဘောကျသွားတယ်။ ကိုယ့်ရဲ. Muffin Top ကသူ.လောက်တော့ မဆိုးပါဘူး။ အဲဒါနဲ.ကိုယ် လေ့ကျင့်ခန်းတွေ အင်တာနက်မှာ ရှာကြည့်တယ်။ ပြီးတော့ Simple ဖြစ်တဲ့ လွယ်တဲ့ လေ့ကျင့်ခန်းလေး တခု နှစ်ခုလုပ်ဖို. ဆုံးဖြတ်လိုက်တယ်။



အဲဒီလေ့ကျင့်ခန်းလေးကတော့ လွယ်လည်းလွယ်တယ်။ ထိလည်းထိရောက်တယ်။ အိပ်ထကတော့ ဘယ်နည်းနဲ.မှ မဖြစ်နိုင်ပါဘူး။ အဲဒီ လေ့ကျင့်ခန်းမလုပ်ခင် ရိုးရိုး အကြောလျှော့တာလေးတော့ လုပ်ပေးပေါ့။ ကိုယ့်အတွက် အကောင်းဆုံး အလွယ်ဆုံး အထိရောက်ဆုံး ကတော့ အခု အောက်မှာ ကြည့်လို.ရပါတယ်။



ကောင်းသလား ထိသလားလို.မမေးနဲ. ။ အဲဒီ ခါးအသားတုံးက ကိုင်ရိုက်ထားသလိုနာတယ်။ ၃ရက်ပဲ စမ်းလုပ်ကြည့်လုံးဝသိသာတယ်။ အာမခံ။  လွယ်သလားလဲမမေးနဲ.။ 

ဘော်ဒီ ကို ရှိပ်ရအောင်လုပ်တယ်ဆိုတာ လေ့ကျင့်ခန်းတခုတည်းနဲ. မရဘူး။ အဟဲ အကူလေးဘာလေးလိုသေးတယ်။ ဒီတော့ ကိုယ့်မှာ သုံးနေကျ  အဆီကျ လိမ်းဆေးတဘူး ရှိတယ်။ အမှန်က ဝယ်ထားတာကြာပြီ။ မကုန်တာ။ လိမ်းရင်လည်းမသိသာဘူး။ ဘယ်လိုလုပ်သိသာမလဲ။ လိမ်းချင်စိတ်ရှိမှ ကောက်လိမ်း တလလောက်မလိမ်းပဲ ပစ်ထားနဲ.။ ခုတော့ လေ့ကျင့်ခန်းလုပ်ပြီးတိုင်းလိမ်းမယ်။ ဈေးပေါပေါထဲက ဝယ်ထားတာပါ။  တခုမှတ်ထားဖို.က ဘယ်တော့မှ ဆေးတခုတည်းလိမ်းရုံနဲ. မကျဘူး။ လေ့ကျင့်ခန်းနဲ. တွဲလုပ်မှ ထိရောက်တာ။ ဘယ်တော့မှလဲ ပိန်ဆေးမသောက်ပါနဲ.။ ကိုယ့် Metabolism ထဲကို ဝင်သွားမှာ အရမ်းကြောက်ဖို.ကောင်းတယ်။

နောက်တခုက ကိုယ်က ဗိုက်ခေါက်ရှိတော့ အဆီချဖို.ဝယ်ထားတာ။ Osim ကထုပ်လုပ်တဲ့  Ukimono အဆီချစက်ကလေးပါ။ Vibrating နဲ. Kneading လုပ်ပေးတယ်။ Fat Layer တွေကို break down လုပ်ပေးတဲ့ အထဲမှာ မြန်တယ် လို.ဆိုပါတယ်။ သုံးတော့ သုံးနေတယ်။ ခုထိတော့ သိပ်မသိသာသေးဘူး။ သိသာအောင် နေ.တိုင်း ၂လဆက်တိုက်သုံးပေးရမယ်လို. ပြောတယ်။ သုံးရတာ လွယ်သလို. နေရာလည်းသိပ်မယူပါဘူး။ အဟဲ ကိုယ်ဝယ်တုန်းက ဈေးချိုတယ်။ ခုတော့ ပရိုမိုးရှင်း ကာလ ကုန်သွားပြီ ။ ခုမှ ပြောတာ ဆောရီး။

 


ဒီတော့ ကိုယ်အဆီ ကျမကျ ဒီ ၂လ အတွင်း စောင့်ကြည့်လိုက်အုံးမယ်။ ပြီးမှ ဘလော့မှာ ပြန်ပြီး Update ပြန်လုပ်ပါမယ်။း) အဟီး။ ၂လနဲ. မကျရင်တော့.......

...
.....
......
.........
...........
...............
..................

မကျရင်တော့ ဆက်မလုပ်တော့ဘူးပေါ့။

ခိုင်ဝေဇံ

3 comments:

Unknown said...

ညီမငယ် ခိုင်ဝေဇံ ဘူလော့ကို ပထမဆုံး အကြိမ် ၀င်ရောက် ဖတ်မှတ် ကြည်ရွင် ပျော်ပါး မှတ်သား နာယူ ယင်း မိမိ ၀မ်းမှ အဆီ ပရော်ဗလမ်ကို ချင့်ချိန် မိခဲ့ ပါအိ။

စာရေးသား ကောင်းသော ကြောင့် ချီးကျူး ခဲ့ပါသည်။ အဆီ ကျရန် အကောင်းဆုံး နည်း ကတော့ နေ့စဉ် ကယ်လိုရီ ၁၅၀၀ အောက် စားရန်ဖြစ်ပါသည်။ အခြားနည်းများ မှာ ခနတာ သာ အောင်မြင်မည်ဟု ထင်ပါအိ။

စမ်းသပ်သော စက် ဖြင့် အောင်မြင်ရန် ဆုမွန်ကောင်း တောင်းခဲ့ပါအိ။ အမှန် အတိုင်း ပြောရလျင် ခိုင်ဝေဇံ မှာ ဇံနှင့် ဆုံးသော နာမည် ပိုင်ရှင် ဖြစ်ရွေ့ လှပါလျက် ရှိကြောင်း တင်ပြလို ပါသည်။ သိုင်းကျူးပါ။

khine wai zan said...

လာဖတ်တေအတွက် ကျေးဇူးပါ ဘရိုသိန်းထွန်းဇော်။ (Diet) လုပ်ဖို.စော်က တော့ လုံးဝမဖြစ်နိုင်ရေ ကိစ္စပါ။ ဟီးဟီး။

]-[twe said...

နက်ဖြန်ခါ စစောထပြီးကေ အမှိုက်လှည်းတံနဲ့ အစမ်းလုပ်ကြည့်ဖို့ ဆုံးဖြတ်လိုက် သည် .. ဟီးးးး thanks sis :)