အနောက်သို.ခရီးသွား ဖိုတို အက်ဆေး ၁

အေး လိုက်တဲ့ အအေး။ အရိုးထဲတောင် စိမ့်ပြီးဝင်တယ်။ အင်းကျီ ၃ ထပ် ခေါင်းစွပ် မာဖလာ လက်အိတ် ဝတ်ထားတာတောင် ရခိုင်ဆောင်းကို အံမတုနိုင်ဘူး။ ရန်ကုန်မှာ ပူသမျှ စစ်တွေကျမှ ခိုက်ခိုက်တုန်။ ခုလို မနက်စောစောစီးစီး သုံးဘီးဆိုင်ကယ် ပေါ်မှာဆို မပြောနဲ.တော့။ လေက ဝှီးဝှီးနဲ.  အသားကို ဖြတ်ခုတ်နေသလားမှတ်ရတယ်။ သွားရတဲ့ ခရီးက မြောက်စံပြကနေ သင်္ဘောဆိပ် ကိုသွားတာ။ အဲဒါ စစ်တွေမှာ မြို.အစနဲ. အဆုံးပဲ။ ဆိုင်ကယ်တဝုန်းဝုန်းနဲ.ဆောင့်တာ ကလဲ ရှိသေးတယ်။ မြောက်ဦးကို သွားမယ်လေ။ ချောင်းဆိုးလွန်းလို. အသံတောင်မထွက်ဘူး။ ဒီအအေးနဲ. ဒီအဆုပ်နဲ.ကတော့ တွေ.နေပြီ။ သူများတွေက အသည်းနုတယ်တဲ့ ကိုယ်တွေက အဆုပ်နုတယ်လေ။ လေလေး ဝှီးခနဲကို ချောင်းက ဆိုးပြီးသား နှာက စီးပြီးသားပဲ။

ဒုန်းဒိုင်းဘုန်းဘိုင်းနဲ. နာရီဝက်လောက်နေတော့ သင်္ဘောဆိပ်ကိုရောက်လာတယ်။ လွန်ခဲ့တဲ့ ၁၄နှစ်က နောက်ဆုံး ခရီးသွားခဲ့စဉ်ကနဲ. တူတူပါပဲ။ ဘာအဆောက်အအုံအသစ်မှ လုပ်ထားတာ မတွေ.ဘူး။ ရေပေါ်လျှပ်ပြေးယဉ်ဆိုလား ဘာလားနဲ. သွားချင်ပေမဲ့ လိုချင်တဲ့ဒိတ်မရတဲ့အတွက် ရိုးရိုးသင်္ဘော (နာမည်မေ့ကုန်ပြီ) နဲ.သွားရမှာ။ နေ.တဝက်ကြာမယ်တဲ့။ မတတ်နိုင်ဘူး။ ဒီဘက်တခေါက်ရောက်ပြီးမှ မြောက်ဦး မရောက်ဘူးဆိုမကောင်းဘူးလေ။ သွားမယ်ဟဲ့ ၂ ညအိပ်ကြာပေ့စေ ဆိုပြီးသွားတာ။ အခန်းတခန်းရတယ် ဆိုလို. ၆၀၀၀ နဲ.ယူလိုက်တယ်။ အခန်းသွားကြည့်လိုက်တော့ ခုတင်လေးတလုံးပဲပါတယ်။ ဒီတိုင်း ငုတ်တုတ်ထိုင်ရတာထက်စာရင် ဆိုပြီး အခန်းယူလိုက်တယ်။

ရနာရီခွဲမှာ သင်္ဘော စထွက်ပါတယ်။ အချိန်ကတော့ တိကျတယ်။ ခရီးသွားတွေထဲမှာ တောင်းတွေခြင်းတွေ တပုံကြီးနဲ. အမေကြီး အဖွားကြီး များတာ သတိထားမိတယ်။ အားလုံးနီးနီးက ဘေထုတ်က အနွေးထည် အထူတထည်စီနဲ. ရိုးရိုးထမီလေးနဲ. စောင်ပါးလေးတထည်လောက်ပဲ ခြုံထားတယ်။ ဘယ်လိုလုပ်များ နွေးပါ့မလဲ လို.ကြားက စိတ်ပူမိပြန်တယ်။ သင်္ဘောက ဆွေးမြေ.နေတဲ့ သင်္ဘော အအိုအဟောင်းကြီး။ အောက်က ကြမ်းခင်းသံပြား တွေတောင် သံချေးကိုက်ပြီး ပြတ်ကျမတတ် ပါးနေတယ်။ ဝိတ်များတဲ့ ကိုယ့်ဘိုးတော် လမ်းလျှောက်ရင်း ဂျွတ်ဆို ရေထဲပြုတ်ကျသွားမှာ စိုးရိမ်နေရတယ်။












ထွက်တာနဲ. ဟိုဘက်ကမ်းက ဆန်စက် အအေးခန်းစကရုံတွေကို ဖြတ်အပြီးမှာ ဆတ်ရိုးကျ ချောင်းဝကို မြင်ရတယ်။ မြစ်ဝကို ထွက်လိုက်တာနဲ. စင်ရော်အုပ်ကို သတိထားမိတယ်။ မပွင့်တပွင့်နေရောင်အောက်မှာ စင်ရော်လေးတွေပျံနေတာကို ကြည့်ရတာ ကဗျာ တပုဒ်ဖတ်ရသလိုပဲ။


ကိုယ်က ရေသာမကူးတတ်တာ ရေလမ်းခရီးသွားရတာ ကြိုက်တယ်။ မြစ်ကြောင်းတလျှောက်ပြောပါတယ်။ ပင်လယ် သမုဒ္ဒရာ ဆိုရင်တော့ ဟင့်အင်း။ မြစ်ကမ်းဘေးလေးကို ကြည့်ပြီး သင်္ဘောစီးရတာ ပျင်းစရာကောင်းတယ် လို. မထင်ဘူး။ စိတ်အရမ်းအေးချမ်းတယ်။

ဒီပုံကိုဆို ပန်းချီကားလားတောင် ထင်မိတယ်။ ဓါတ်ပုံထဲမှာ ပဲ အရာရာဟာ ပိုလှနေသလားမသိ။ ဒါပေမဲ့ အပြင်မှာလည်း အလှက မလျော့ပါဘူး။ 
ဒါကတော့ ပုဏ္ဏားကျွန်း အဝင်ဝမှဖူးရတဲ့ ဦးရာဇ်တောင် စေတီမြင်ကွင်းပါ။ စိမ်းစိုပြီး မြင်ရတာ ကျက်သရေရှိတယ်။




သင်္ဘောက ကျွန်းပတ်ဆိုတော့ ပုဏ္ဏားကျွန်းမှာရပ်တယ်။ ကားလမ်းနဲ.တခါသွားတုန်းကပဲ ဖြတ်သွားဖူးပြီး သင်္ဘောနဲ. မရောက်ဘူးသေးဘူး။ တခေါက်တော့ ရောက်ချင်သေးတယ်။ ခုတော့ သင်္ဘောဆိပ်ကိုပဲ ဓါတ်ပုံရိုက်ခဲ့ရတာပေါ့။


ဆောင်းဦးမြစ်ပြင်မို.လားမသိ။ သင်္ဘောကလဲ ငြိမ့်တယ်။ ဒီရေတက်နဲ.တိုးတော့ မြန်မြန်ရောက်မယ်ဆိုလို. ဝမ်းသာရသေးတယ်။ အေးအေး ငြိမ့်ငြိမ့်ဆိုတာ အဲတာမျိုးနေမှာ။ ကိုယ်အိပ်ပျော်သွားတယ်။ နိုးတော့ ပတဲ ကိုရောက်နေပြီတဲ့။ ဒါဆို ပတဲဆိပ်ကမ်းမှာ ငါးကင်နဲ. ဂြိတ်ချေ (ခရုအသေးတမျိုး) ဝယ်စားရတော့မယ်။ စဉ်းစားတာတောင်နောက်ကျသေး ယောင်းမက ဝယ်လာပြီးနေပြီ။ ခရုအသေးလေးကို ကလော်ပြီး စားဖို. ရှောက်ပင်က ဆူးအရှည် အကြီး တချောင်း ထည့်ထားပေးတယ်။း) အဲဒါက ပတဲကို ဝင်ရင် စားကိုစားရမဲ့ ဒေသအစားအစာပဲ။ ဝမ်းသွားတာ မသွားတာ နောက်ထား။ ငါးက ချိုချက်ကတော့ ပြောမနေနဲ.။ မြစ်ငါးချိုချိုကို ဆား နနွင်းလေးလူးပြီး ထင်းမီးမှာ ကင်ထားတာ။ ဘယ်က ဘာဘီကျူးနဲ.မှ မလဲနိုင်ဘူးကော။

သိပ်မကြာပါဘူး။ မြောက်ဦးကိုရောက်ပါတယ်။ ရှေးဟောင်းယဉ်ကျေးမှု မြောက်ဦးမြို.ဆိုတဲ့ စာတန်းကို တွေ.တည်းက နည်းနည်း မျက်ရည်က ဝိုင်းချင်တယ်။ မြောက်ဦးနဲ. ပတ်သက်၇င် လွမ်းစရာတွေသိပ်များတယ်။ မြောက်ဦးက ပြောင်းတဲ့နေ.တုန်းက  ကားဂိတ်မှာ မျက်ရည်တွေတွေကျပြီး တဗြဲဗြဲ ငိုခဲ့တာ သတိရသေးတယ်။ သွားမဲ့ လူကလဲ ငိုသလို ကျန်ခဲ့တဲ့ လူတွေကလည်း ငိုကြတယ်။ ခုတော့ တခေါက်ပြန်ရောက်လာပြီ။ ၈ တန်းနှစ်တနှစ်တည်း တက်ခဲ့တယ်ဆိုပေမဲ့ သံယောဇဉ်အမျှင်တွေ တသီတတန်းကြီးနဲ. မြို.။ စက်ဘီးတစီးနဲ. ရွာရိုးကိုးပေါက် လျှောက်ကျောင်းပြေးခဲ့တဲ့မြို.။ မကြီးမငယ်နဲ. လက်ဆည်ကန်မှာ ရေနစ်ခဲ့တဲ့မြို.။





မြောက်ဦးကို ချစ်ပေမဲ့ မြောက်ဦးက အစားအသောက်တွေ မကောင်းတာတော့ အတင်းပြောရမယ်ထင်တယ်။ ဟိုတည်းကိုက ဒီရောက်ရင် ဘယ်ဆိုင်မှာ ဘာက ကောင်းတာရယ်လို. ထောက်ပြ လို.ရတဲ့ဆိုင် တဆိုင်မှ မရှိဘူး။ စားသောက်ဆိုင် ကောင်းကောင်းမရှိတာကိုပြောပါတယ်။ နေ.လည်စာကို သင်္ဘောဆိပ်က ဆိုင်တဆိုင်မှာ ဖြစ်သလို စားလိုက်တယ်။ ရောက်တာနဲ. ဟိုလုပ်ဒီလုပ်နေတာနဲ. အချိန်က ၂နာရီလောက်ဖြစ်သွားတယ်။ ၈နာရီ ညမထွက်ရ အမိန်.ရှိတယ်တဲ့။ ဒီတော့ မာန်ငါးပါးဖြစ်ဖြစ် မြန်မြန်သွားဖူးရအောင် ဆိုပြီးတော့ ဟိုတယ်မှာ check-in သွားလုပ်ကြတယ်။

တည်းတဲ့ဟိုတယ်က ရွိုင်ရယ် ပဲလေ့စ် ဟိုတယ်ပါ။ ခုမှ အသစ်စဖွင့်ခါစ ပဲရှိပါသေးတယ်။ မြို.ထဲနဲ. မနီးမဝေးမှာရှိပြီးတော့ ဟိုတယ်ကို မြောက်ဦးထုံးစံ နှစ်ဆောင်တွဲ အိမ်ခန်းလေးတွေ ဆောက်ထားတာပါ။ တညကို တသောင်း ၂ ထောင်လားပဲ ပေးရတဲ့ အတွက် အရမ်းဈေးချိုတယ်လို.ပြောလို.ရပါတယ်။ ဟိုတယ်က ရေပူရေအေး အဲယားကွန်း ဟီတာ အားလုံးပါတယ်လို.ဆိုပါတယ်။ အဲဒါတွေအားလုံးပါလဲ ပါပါတယ်။ ဖွင့်လို.မရတာ ပဲရှိတာ။ ဟိုတယ်က အသစ်စဆောက်ပြီးတည်းက ရခိုင် အရေးအခင်းဖြစ်ပြီး နီုင်ငံခြားသား  ဧည့်သည်တွေကို လာခွင့် ပိတ်လိုက်တော့ တည်းတဲ့လူ အရမ်းနည်းပြီး အဆင်မပြေဖြစ်နေပါတယ်တဲ့။ ဒုက္ခရောက်ကြတာတော့ တမြို.လုံးပါပဲတဲ့။ ရေနွေး ရေအေး စက်တွေပါပေမဲ့ Central Heating System နဲ.ဆိုတော့ သုံးချင်တယ်ဆိုရင် မီးစက်အကြီးတလုံးနှိုးရမှာတဲ့ အဲ့တော့ ဧည့်သည်က ၂ခန်းတည်းကို မီးစက်ကြီးနဲ.ဆို မကိုက်လို. ရေနွေးမပေးနိုင်ပါဘူးတဲ့။ ရေနွေးလိုချင်တယ်ဆိုတော့ ဓါတ်ဗူးလေးနဲ. ပလက်စတစ်ပုံးလေးနဲ.တော့ လာပေးရှာပါတယ်။ ရေနွေးလေးစပ်ပြီး ချိုး၇အောင်ပေါ့။ ညဘက်ချမ်းတော့ လည်း ဟီတာ မဖွင့်ပေးနိုင်ပေမဲ့ မီးပုံလေး နဲ. မီးလှုံလို. ရအောင် စီစဉ်ပေးတယ်။ ဝန်ထမ်းတွေလည်း ဆက်ဆံရေးကောင်းတဲ့အတွက် ရောက်ရင် သွားတည်းဖို. recommend ပေးလိုက်ပါတယ်။
မော်ဒယ်ကတော့ ယောင်းမ ပေါ့။း)

စင်္ကာပူမှာ ပြွတ်သိပ်ကျပ်တည်းနေရတာကြောင့် ခုလိုကျယ်ကျယ်ဝန်းဝန်းကို တသောင်းကျော်ကျော်လေးနဲ. နေလို.ရတာ အင်မတန် တန်တယ် လို.ခံစားပြီး အင်မတန် အားရပါတယ်။ ရေချိုးခန်းတောင် စလုံးက အိပ်ခန်းလောက်ကျယ်တယ်။  ဧည့်သည် အနည်းအများကို လိုက်ပြီး ဈေးနှုန်းပြောင်းရင် ပြောင်းပါလိမ့်မယ်။

မာန်ငါးပါးကို ဖူးဖို. စထွက်တော့ ၃နာရီထိုးနေပီ။ ဘယ်အရင်သွားမလဲဆိုတော့ စန္ဒာမုနိတဲ့။း) ဒီလိုနဲ. ပဲ မာန်ငါးပါးကို ဖုတ်ပူမီးတိုက် နောက်ကကျားလိုက်သလို ဖူးခဲ့ရတဲ့ ၅နာရီကြာ ဘုရားဖူးခရီးစပါတော့တယ်။

အပိုင်း(၂) ကနောက်နေ.ပေါ့။

ခိုင်ဝေဇံ