New Year Night



ဘာလုပ်နေလဲ လို.မမေးနဲ.။  ကိုယ်လည်းတတ်နိုင်သမျှ celebrate လုပ်လိုက်တာပါ။ Channel 5 ကလာတဲ့ Count Down Show လောက် Lame ဖြစ်တဲ့ ရှိုးမျိုးကို တော်တော်ရှာယူရမယ်။ ပွဲစားနိုင်ငံလို.မပြောရဘူး။ အနုပညာဘက်မှာ ပါရမီကိုမရှိကြတာ။ ကောင့်ဒေါင်းပွဲမှာ ဆိုတဲ့အဆိုတော်ထဲမှာ ကောင်းတဲ့သူ တယောက်မှ မပါဘူး။ အံ့ရောဘဲ။ အဲဒါနဲ. ဖဲပဲထိုင်ဆော့နေလိုက်တယ်။ အေးရာအေးကြောင်းပေါ့။ 

အဲဒါတွေလုပ်နေတာ။

ဘဇောင်စော်တိလေး


၃၁ ရက်နိမှာ ဇာလုပ်နီလေဆိုကေ ငုတ်တုတ်ထိုင်နီပါရေ အိမ်မှာ။ အဂုမှ အလုပ်ကပြန်ရောက်သိ။ ညောင်းကညောင်းနန်.။ စားဖို.စော်လေ့ တခုလေ့ မရှိ။ အေ၁ရက် ၂ရက်မှာ ကောင်းစိတ်အနှောက်အယှက်ပီးစော်လူတိ များစော်ရာမနား။ နိလေ့ မအီးချမ်း၊ ညည့်လေ့မအီးချမ်း။ အေနိခါ အရာပြသနာတခုထပ်လို.တက်တေ။

အကျွန်အေအမ်ပီ ရခိုင်ဝဘ်ဆိုဒ်ကထွက်လာခကပင် ဆုံးဖြတ်ချက်တခုချထားရေ။ Facebook ရို. Friendster ရို.ပိုင် Social network တိက လုံးဝ ဓါတ်ပုံမတင်ရေလူတိ Friend Request ရောက်လာဂေ လက်မခံဖို.။ ကိုယ့်ရုပ်ကို ကိုယ်မပြဝံ့ရေလူတိတောမှာ မနီချင်လို.ထွက်လာစော်။ နောက်ပိုင်း Friendster အကောင့်က လူကကောင်းများပြီးကေ ဗြောက်သောက်ဖြစ်လာလို. ဖျက်ပလိုက်ရရေ။ Facebook တခုရာ အလှပ သုံးဖြစ်နီရေ။ ယင်းချင့်မှာလေ့ ဓါတ်ပုံတင်ရေလူမှ လက်ခံရေ။ ဓါတ်ပုံ အတုကိုတင်ထားလာ၊ အစစ်ကို တင်ထားလာဆိုစော်ကို ခွဲဖို.ကလွယ်ရေ။ ဓါတ်ပုံတင်ထားရေလူတိစော် မဟုတ်စော်လုပ်စော်ယလောက်မရှိ။ ဓါတ်ပုံမတင်ဘဲနဲ. မမချေတိကို လိုက်လို. အပ်ဒ်လုပ်ဖို.။ ယပြီးကေ စုတ်ပီစုတ်ပ ပြောဖို.။ တခါပြောလိုက်ရဂေလေ့ နည်းလာ ဆိုစော်လူတိက ရှိသိရေ။ ဇာအဓိပ္ပါယ်လေ မဆိုနိုင်။ ယင်းပိုင်လူတိ ကောင်းအများကြီးလတ်။ သူငယ်ချင်းမမချေတိ ပကလေ့ ပြန်ကြားရရေ။ မမချေတိ သတိထားကတ်ပါ။

အဂုတလော Facebook မှာ ရခိုင်သားတိ ကောင်းအများကြီးရောက်ပါလတ်တေ။ သူရို.ကလည်း ကိုယ့်ကို အပ်ဒ်လုပ်တေ။ အော် ကိုယ့်ရခိုင်သားရာမနား ဆိုပြီးကေ ဓါတ်ပုံတင်ထားရေလူတော်တော်များများကို လက်ခံလိုက်တေ။ ယဂေတခါ ယင်းသူရို. သူငယ်ချင်း စာရင်းထဲမှာ ရှိရေ ကုလားတိက လာပြီးကေတခါ invite လုပ်ကတ်တေ။ တခါတခါ ဘင်္ဂလားကရခိုင်သားတိကလေ့ ကုလားပိုင်နာမည်နဲ. ရှိတတ်တေခါကိုယ်ကလေ့ Confuse ဖြစ်တေ။ အယင်တပတ်ကယင်းပိုင်တယောက်လာပြီးကေ အပ်ဒ်လုပ်တေ။ သူ.ဓါတ်ပုံကိုလေ့တွိရေ အသေအချာတော့မကြည့်လိုက်။ ယပြီးကေ သူနဲ.ကိုယ်နဲ.ကြားမှာ mutual friend ကိုကြည့်လိုက်တေအခါ ရခိုင်သမချေတယောက်ကိုတွိရေ။ ကိုယ်လေ့ အချင်းချင်းလားမသိဆိုပြီးကေ လက်ခံလိုက်တေ။ ယေမှာ အယင်၁ရက် ၂ရက်က မဟုတ်စော် ဟုတ်စော် message တိပို.ရေ။ ကိုယ်ကတော့ခါ အေကိစ္စမျိုးကြုံဖူးလို. ဒေါသကိုနောက်ထား Facebook Team ဘမှာ အရင် Report လုပ်လိုက်တေ။ ယပြီးက သူ.သူငယ်ချင်းစာရင်းထဲမှာ ရှိရေ ရခိုင်သမချေကိုလေ့ သတိပီးလိုက်တေ။ ယင်းကလေ Profile ကိုပါထည့်ပြီးကေ သတိပီးလိုက်စော်။ ယေမှာ ယင်းကုလားက အရှက်မရှိ ဇာပိုင်ပြန်ပြောလေဆိုကေ ခိုင်ဝေဇံက သူ.ဘကို တကူးတက မတ်ဆေ့ခ်ျ ပို.ပြီးကေ ယင်းပိုင်စော်တိကို ပြောရေဆိုမနားယေ။ ယင်းပိုင်နဲ.ပင် ပြသနာတိရှုတ်လခစော် နောက်နိမှာ ယင်းကလေ ရည်းစားသည်က ကိုယ့်ကို မက်ဆေ့ခ်ျပို.ပြီးကေ ဆဲရေ။ ကိုယ်က ထို ကလေ ပြောခါယလောက်ဒေါသမထွက် အရာ ရည်းစားသည်က ကိုယ့်လူအကြောင်းကို ကိုယ်မသိ လင်တရူးပြီးကေ ဆဲလာခါ ကောင်းဒေါသထွက်လခရေ။ ကိုယ်ပြောခါ မယုံ သူ.ရည်းစားပို.ရေဆိုစော်ကို။ နောက်မှ အတိအကျ သူ.ရည်းစားမက့်ဆေ့ခ်ျကို Print Screen လုပ်ပြီးကေ ပို.လိုက်ခါမှ ယုံလခရေ။ ကိုယ့်ကို တောင်းပန်ပါရေ သူက။ ယကလေ့ ယင်းကလေဖက်က ကာလို.ပြောသိရေ။ ယလောက်မဆိုးပါဘူး ဆိုဝါ။ အော် မမချေတိ မမချေတိ။ ကကောင်းဂွကျရေ။

ွှလမိုက်ရည်းစား; 31 December at 19:40 Report
u knw max is ma bf...n hw dare u to say anytng abt him..........u fukin moreon..............

ကိုယ်;
This is ur lovely bf message to me.. CONGRATULATION CUZ u have a fucking loser as your bf.
you pathetic loser should go and bang your head on the wall to have this kind of lunatic as your bf. I have reported him to facebook team also.. shut the fuck up if you oso dont want to get reported okie??? dont mess with me... how dare i say this to him????? i can scold him until he wants to kill himself for being brought into this world. i can guess what kind of family he came from by looking at these messages.

he must be ugly as hell... so nobody like him and he has become cyber sex offender.... isnt his life pathetic?? i didnt reply him cuz he is not worth replying. i reply you cuz you r a girl. may be u might not know he is doing all these things behind your back. so lady. ask your bf clearly first before you scold other ppl.


ွှလမိုက်ရည်းစား;
i dont believe you .first acceptmy friend req den i wana see da msg........if u relly care abt a woman den do it.......

ကိုယ်;
use ur brain... he is not even worthy to be any girl's bf. why should i add u? u think you can see the messsage if u r in my friendlist?? can anybody see this message and what's between u and me?? anyway, here is the proof... check the image that i attached.


ွှလမိုက်ရည်းစား;
tnxx...fr dat n so sorry.dat i misunderstood u ............have a happy nw year.bt y his pic is nt showing?
i can see his profile pic over dere.................

ကိုယ်;
he deleted aleady... i should have captured when it was sitll in display. but is that his real photo. I dont think so. He looks like a white there.


ွှလမိုက်ရည်းစား;
dere is ambigiuty because i dont tnk its my max cz his pic is nt showing..........i tnk u r misunderstanding him..........n by the way am saying soryy to you on behalf of him.........he is kinda naughty........bt nt bad u knw.........jst forget it............

ကိုယ်;
i realize you are a good girl after chatting a while with you. If he didnt sent me the message, why must he remove his pic?? You can ask whoever commented in Khin Mu's profile about this topic. they all have seen his pic before.. yeah,, i will just forget it. but just want to warn you.. dont ever get blinded cuz of his out appearance. he might be doing that to a lot of girls behind you back. I m talking about the high possibility there as you can see from this incident... Anyway, i ll just cut the topic off here... i wish you all the best and a happy new year.. take care....

ဇာတ်လမ်းက မသန်းဆိုပိုင်ဖြစ်နီဗျယ်။ အော် လောက လောက။ မမချေတိလေ့ ချစ်ပျယ်ဆိုကေ မလွယ်။ ကိုယ်လေ့ ကိုယ့် င်္Facebook security ကိုအတတ်နိုင်ဆုံး စိတ်ချရအောင်လုပ်ထားရဖို.။ ကိုယ်သိစော်လူတိလောက်ကိုပဲ လက်ခံဖို.ဗျယ်။ အလကားပြသနာများရေ။ သူဆဲလို. ကိုယ်ကပြန်ပြောစော်။ ယပြီးကေကိုယ်ဆဲပြီးလို. သူကတောင်းပန်ကေ ကိုယ်ကအလကားနီယင်းနဲ. ၁နာရီလောက် အားနာမိလခသိရေ။ ကိုယ့်စိတ်ကလေ့ ပျော့စော်နေရမှာ တို.ဟူး။

စားမယ်ဝါးမယ် (၁)



(၁) လို.ပြောထားမှတော့ (၂) + ++++ တွေရှိသေးတယ်ဆိုတာ သဘောပေါက်ပေါ့။ ဒီနေ.တော့ စားချင်တာလေးတွေရေးပြီး အကုသိုလ်ယူအုံးမှပဲ။ ကိုယ်ကြိုက်တာထဲမှာ အသက်လွတ်တာက ခပ်ရှားရှားမို.လို.။ အင်တာနက်မှာပဲမြင်ရပြီး အပြင်မှာ စားခွင့်မကြုံသေးတဲ့ အစားအသောက်တွေပါ။ တနေ.နေ. တချိန်ချိန်တော့ စားရမှာပေါ့လေ။ ကိုယ်က ထူးထူးဆန်းဆန်း အစားအသောက်တွေဆို မြည်းကြည့်ချင်တယ်။ သိပ်မကြောက်တတ်ဖူး။ ရွံလည်းတအားမရွံတတ်ဖူး။ လူမျိုးတိုင်း တိုင်းပြည်တိုင်းမှာတော့ Local Delicacy လို.ခေါ်တဲ့ ထူးထူးဆန်းဆန်း အစားအသောက်တွေပေါ့ ။ ကိုယ်တွေအတွက် မထူးဆန်းပေမဲ့ တခြားလူမျိုးအတွက်ကတော့ အံ့သြောစရာပေါ့လေ။ ဥပမာ ဝက်သားတုတ်ထိုး။ ကိုယ့်အတွက်ကတော့ သရေယိုစရာ ဖြစ်ပေမဲ့ အင်္ဂလိပ်တွေကတော့ နှာခေါင်းရှုံ.ကြမှာပေါ့။ ကိုယ်ကတော့ ဘယ်အစားအသောက်ကိုမှ မစားကောင်း မသောက်ကောင်းဘူးရယ်လို. မသတ်မှတ်ပါဘူး။ မကောင်းတတ်လို. လူသားတော့ ချန်ထားလိုက်မယ်။ ကျန်တာတော့ ဘာလာလာရတယ်။ Exotic Food လို.ခေါ်တဲ့ ထူးထူးဆန်းဆန်း အစားအသောက်တွေ ထဲက ကိုယ်မြည်းကြည့်ချင်တဲ့ ဟာလေးတွေ ကို ရေးပေးလိုက်ပါတယ်။

၁။ ပိုးကောင်ကြော်

အေးရှား ဖက်မှာ ပေါပါတယ်။ ထိုင်း တရုတ် ဟောင်ကောင် ဗီယက်နမ်တွေမှာ ပေါပေါလောလောတွေ.ရတယ်။ မြန်မာပြည်မှာတော့ ပုရစ်ကြော်လောက်ပဲရှိတယ်။ ရှမ်းပြည်ဘက်မှာ ကြက်လောက်လို.ခေါ်တဲ့လောက်ကောင်ကြီးတွေကိုကြော်စားကြတယ်လို.ပြောတယ်။ ကြက်ကို အပုပ်ခံပြီး အိမ်ခေါင်မိုးမှာချိတ်ထားရတယ်။ အောက်မှာ ဂျုံမှုန်.တွေခင်းတာရတယ်တဲ့။ ကြက်ကပုပ်ပြီးလောက်တက်တော့ လောက်တွေက အကြီးကြီးတွေဖြစ်လာတယ်တဲ့။ အဲဒီလောက်တွေက ကြက်သားစားပြီး ဝတုတ်နေတာပဲတဲ့။ အစာဝတော့ လေးပြီး အောက်ကခင်းထားတဲ့ ဂျုံမှုန်.ပေါ်ကို ပြုတ်ကျရော။ အဲဒါကို ကြော်စားတာ။ အရမ်းဆိမ့်တာဆိုပဲ။ ခုစားချင်တာက နှံကောင်တို. ချီးပိုးထိုးကောင်တို. ကောပါတယ်။ ကင်းမြီးကောက်ကတော့ အဓိကပေါ့။ ဘာအကောင်ဖြစ်ဖြစ် ပဲဆီလေးနဲ.ကြော်စားလိုက်ရင် ကောင်းမယ်ထင်တာပဲ။ ဟီး။

မခမ်းနားတဲ့ ခရစ်စမတ်ညစာ

ကိုယ့်အတွက်တော့ ပျော်စရာကောင်းတဲ့ ခရစ်စမတ် မဟုတ်ပါဘူး။ ဒါပေမယ့် ဝမ်းနည်းစရာကောင်းနေသလားဆိုတော့လည်း မဟုတ်ပြန်ဘူး။ ခရစ်စမတ် လို.ကိုမခံစားရတာ။ ဘယ်ခံစားရပမလဲ။ မနေ.ကလည်း အလုပ်လုပ်တယ်။ မနက်ဖြန်လည်းအလုပ်လုပ်ရအုံးမယ်။ ၁၀ ရက်ဆက်တိုက် ကြီးများတောင်။ OT ရလို.ဝမ်းသာပေမယ့် အဲလို OT လေးရတာကို ဝမ်းသာနေရတဲ့ကိုယ့်ဘဝကိုပဲပြန်သနား မိပြန်ရော။ အရင်နှစ်ကဆို ဘဲနဲ. ပျော်လို.ပေါ့ ဒီအချိန်။ သူကပြောတယ် ကိုယ့်ကို။ အရင်တစ်ပတ် နှစ်ပတ်လောက် တုံးကပါ။ နင်နဲ. ငါနဲ.က မတွေ.တာ ၁ နှစ်တောင်ရှိတော့မယ်နော်တဲ့။ ကိုယ်ကပြန်ပြောတယ်။ အေးဟယ် အချိန်တွေ အကုန်မြန်လိုက်တာနော်လို.။ ဘာလိုလိုနဲ. တနှစ်တောင်ပြည့်တော့မယ်လို. ဆိုတော့ စိတ်ဆိုးသွားတယ်။ အေးလေ နောက်မှ ကိုယ်ပြောတာ ကိုယ်ပြန်စဉ်းစားမိတယ်။ သူကသတိတရနဲ. မတွေ.တာကြာပြီလို.ဆိုလိုချင်တာ။ ကိုယ်က အချိန်တွေကုန်မြန်လိုက်တာလို.သွားပြောမိတာကိုး။ ဖြတ်မသွားတာကံကောင်း။ ဟီးဟီး။

ထားလိုက်ပါတော့။ ဒီနေ.တော့ ညီမတော်ကလည်း ရောက်ခိုက်၊ မောင်လေးကလည်းအိမ်မှာ ရှိခိုက်ဆိုတော့ တခုခုတော့သွားစားရအောင် ဆိုတော့ ထုံးစံအတိုင်း ကိုယ်နေတဲ့ ကလီမန်တီ နဲ. အနီးဆုံး CITY VIBE ကိုရောက်သွားကြရော။ ထုံးစံအတိုင်း ဂျပန်စာပဲပေါ့။ ခဏခဏစားရတော့ ငြီးငွေ.လာပေမယ့် ဒါပဲကောင်းကောင်းကန်းကန်းစားစရာ ရှိသလိုပဲ။ ကြုံတုံး ကိုယ်စားဖူးတဲ့ဂျပန်ဆိုင်တွေကို လက်ချိုးရေတော့ သိပ်မများသေးဘူးဆိုတာ သတိထားမိတယ်။ သဘောကတော့ ဒီဆိုင်တွေမှာပဲ ကိုယ်လှည့်ပတ်ပြီး စားဖြစ်နေတာပေါ့။ နောက်ဆိုင်လေးဘာလေး ပြောင်းချင်သေးတယ်။

1. Sushitei
2. Sake Sushi
3. Shin Tokyo
4. Ajisan

ဒီဇိုင်နာ အာဗြဲ အိမ်ဇံ

ကိုယ့်ညီမက ဖက်ရှင်ဒီဇိုင်းလုပ်တာ ၊ အလှပြင်တာ၊ manicure pedicure ဘာညာလုပ်တာ အရမ်းဝါသနာပါတယ်။ ကိုယ်ဝတ်တယ်ဆိုတာ သူဝတ်တာကို အတုခိုးထားတာ။ ကိုယ့်ဟာကိုဆို မမြင်တတ်ဘူး။ သူမြန်မာပြည် တခေါက်တခေါက်ပြန်ရင် (အခေါက်၁၀၀လောက်ပြန်ပါတယ်) အင်းကျီအသစ်တွေ အမြဲတမ်း ယူယူလာတယ်။ ကိုယ်ကဝယ်လာတယ် မှတ်တာ။ မဟုတ်ဘူးတဲ့ သူ ဒီဇိုင်း စဉ်းစားပြီး အိမ်က အမနဲ. ၂ယောက် ခြုပ်ကျတာတဲ့။ အိမ်မှာ ခြုပ်စက်တလုံးဝယ်ထားတာတော့သိတယ်။ ဒါပေမယ့် ဒါမျိုး High end ပိုင်းနဲ.တူတဲ့ ဖက်ရှင်တွေ ခြုပ်လို.ရမယ်လို. မထင်မိဘူး။ မြန်မာအင်းကျီလေးတွေလောက် လုပ်လို.ရမယ်ထင်တာ။ သူခြုပ်ထားတာက တော်တော်ပုံကျတယ်။ မသိရင် ဈေးကြီးပေးဝယ်ရတဲ့ အထည်တွေလိုပဲ။ သူတက်နေတဲ့ Political Science ဘာသာမယူပဲ ဖက်ရှင်ဒီဇိုင်း သင်တန်းတက်ခိုင်းရင် ဒီထက်ဖြစ်အုံးမယ်။ ကိုယ်ဝါသနာပါတာကို လုပ်ပြီး အသက်မွေးတာ ဘဝမှာ စိတ်ချမ်းသာတာပေါ့။ ဒါမှမဟုတ်ရင် ကိုယ့်ဘဝကြီးလို သူများမျက်နှာကြည့်နေရမယ်။ ထားလိုက်ပါတော့။ သူ.မှာ ဇ ကလေးရှိတယ်ဆိုတာ ပြောချင်တာပါ။ သူ.ဒီဇိုင်းထဲက ကြိုက်တဲ့ဟာလေးတွေ ဝတ်ကြည့်ပြီးတင်ပေးလိုက်တယ်။ သူ.ကိုလည်းအားပေးရာကျအောင်ပေါ့။ ဘယ်သူပြောနိုင်မလဲ သူဒီဇိုင်နာ ဖြစ်မလာဘူးလို.။ ကိုယ်လည်းမော်ဒယ်တော့မဟုတ်ဘူး။ ဒါပေမယ့် တတ်သမျှ မှတ်သမျှ ပို.စ်လုပ်ပေးလိုက်ပါတယ်။

မော်ဒယ် - ခိုင်ဝေဇံ
ဒီဇိုင်နာ - အာဗြဲအိမ်ဇံ



ရခိုင်ဝတ်စုံနန်.မလှရေ ရခိုင်သမ

ကွန်ပျူတာကလေ့ တချိန်လုံး Hang နီရေဂါ။ မောက်စ်ကိုတောင် မကိုင်ဝံ့ဗျယ်။ ဟောင်းဗျယ်ကိုး။ အဆိုးအဆာချေ ဝယ်ထားစော်။ ဈီးယလောက်ထိ မကြီးစော်ထဲက။ ၃နှစ်လုံးလုံး အပြောင်းသုံး အပြန်သုံး ကျောက်လို. ကန်လို.သုံးလာစော်။ မပျက်စော် ကို ရှိခိုးဦးတင် ကျေးဇူးတင်ရဖို.။ အေလဆိုကေ ကွန်ပျူတာကို ShutDown မလုပ်စော် ၃လပြည့်ဖို.ဗျယ်။ ဟီးဟီး။ လူရှိကေလေ့ဖွင့်ထား လူမရှိကေလေ့ဖွင့်ထား ။ ကွန်ပျူတာနဲ. နပန်းလုံးနီတုံး (ကိုယ်အရှုံးရာ) အခန်းဖော်ကဝင်လာရေ။ လက်ထဲမှာလေ့ ပိတောက်ခြောက်ရောင် ပြောင်ပြောင်လက်လက်နဲ. မျက်စိတောင်ကန်းဖို.။ ဇာလေးဆိုမှာ ရခိုင်ဝတ်စုံလတ်။ ခရစ်စမတ်မှာ ရခိုင်ဝတ်စုံဝတ်ပြီးကေ တေးခြင်းဆိုဖို.ကျရေဆိုဂါ။ သူက ခရစ်ယန်။ ဘဇောင် အရောင်တရောင်လေဂု။ ကိုယ်အမုန်းဆုံးအရောင်နဲ.မှ တတည့်လာကျရေဂါ။ ယူကြည့်လိုက်တေ တနားချေ။ ရခိုင်ဝတ်စုံက ဘရားစူး မိုးကြိုးပစ်။ အသားလို.လေ့ မကောင်း။ ပုံကလေ့ မကျ။ ယေဂေလေ့ မဝတ်ရစော်ကြာဗျယ်ဆိုဂေ တနားချေ ဝတ်ချင်စိတ်ပေါက်လာရေ။ ယဂေ ဝတ်ကြည့်မှာ ခြုပ်ပီးစော်မမကို ရွှေတံဆိပ်ဆု ချချင်စိတ်ပေါက်လခရေ။ ရင်ခံက ကျပ်တေ။ အထက်က အင်းကျီက ကျကေ တိုနီရေ။ ထဘီကကျကေ သန်နဲ.ကြီးနဲ. ဝတ်လို.ပင်မနိုင်။ ဇာပိုင် ခန္ဓာအတွက် ခြုပ်ပီးလိုက်တေဂ မဆိုနိုင်။ ယဂေလေ့သင့် ဝတ်ဖို.ကျဗျယ် မနားယေ ဇာတတ်နိုင်ဖို.။ ဓါတ်ပုံတိတော့ ကိုယ့်အကြောင်းကိုယ်သိ တပျင်းရိုက်ပလိုက်တေ။ ၁၀ ပုံလောက်ရိုက်မှ ၁ပုံ လှစော်ထွက်ဖို.စော်။ အံ့သြောဖို.ကောင်းစော်က အပုံ၂၀လောက်ရိုက်စော်မှ ပုံကျစော်ချေ တပုံတောင်မှ မပါ။ အမှတ်တရပလေ။ နောက်တခါ ဝတ်ဖြစ်ဖို.ဆိုစော် မလွယ်။

စားပြီးမနားရတဲ့ဘဝ

မနက်တည်းက ဗိုက်ကတော်တော်ဆာနေပြီ။ စနေနေ.ကြီး အလုပ်လုပ်နေရလို.စိတ်မရွှင်ရတဲ့အထဲ စင်္ကာပူမိုးကလည်း သည်းကြီးမည်းကြီး မရွာစဖူးရွာလို.။ နေ.လည်စာကို ဝေးဝေးလံလံတောင် သွားမစားနိုင်ဘူး။ အလုပ်နဲ.အနီးဆုံး Depot Height Canteen မှာပဲသွားစားလိုက်တယ်။ ဆိုင်က သေးသေးလေးပါ။ Hawker Center အငယ်စားလိုမျိုး။ စားလို.ကောင်းတဲ့ ဆိုင်လည်း ၃ ၄ ဆိုင်ပဲရှိတယ်။ မစားရညှော်ခံ ရွတ်ပြလိုက်ပါအုံးမယ်။

ခေါက်ဆွဲဆိုင် - သူ.ရဲ. Hokkien Mee ကတော်ရုံတန်ရုံနာမည်ကြီး Hokkien Mee လောက်ကိုပျင်းတယ်ဆိုတာမျိုး။ ရက်ရက်ရောရောလည်းပေးသေးတယ်။ အထူးသဖြင့် Chilli က အရမ်းကိုကောင်းတယ်။ ဝက်နံရိုးခေါက်ဆွဲလည်းမဆိုးဘူး။

Western Food and Chinese soup Stall - သူကကျတော့ အဆန်း။ Western Food နဲ. ဂျင်စင်းကြက်ပေါင်းလို စွပ်ပြုပ်တွေနဲ. တွဲရောင်းတာ။ သူတို.ဆိုင်က စွပ်ပြုတ်က စားဖူးသမျှထဲမှာတော့ အကောင်းဆုံးပဲ။ တရုတ်စာတွေဆိုတော့ ကိုယ်လည်း စားသောက်ဆိုင်တွေမှာ စွပ်ပြုတ် တခါ နှစ်ခါပဲစားဖူးတာ။ မကောင်းဘူးကော။ ဒီ ဘာမဟုတ်တဲ့ ဆိုင်သေးလေးက တော်တော် အရသာရှိတယ်။ GRILLED LAMB CHOP လည်းကောင်းတယ်။ အသားချည်းပဲတော့ မဟုတ်ဘူး။ အရိုးနည်းနည်းလည်းပါတယ်။ ကိုယ်တွေက အဲဒါကို ကိုကြိုက်တာ။ အသားချည်းဆိုမကောင်းဘူး။ BOTAK JONES ထက်ပိုကောင်းတယ် ဒါက။ ဈေးနှုန်းလည်းမေးကြည့်ပါအုံး။ ၆ ဒေါ်လာထဲ။ LAMB CHOP ၆ ဒေါ်လာနဲ.စင်္ကာပူမှာ ဘယ်မှာများရလို.တုန်း။

LAKSA ဆိုင် - FAMOUS DEPOT HEIGHT LAKSA ဆိုပြီးရောင်းတာတွေ.တယ်။ တော်တော်စားလို.ကောင်းတယ်။ တချို. LAKSA တွေက အုန်းနို.အရသာကြီးထွက်ပြီးတော့ အီတယ်။ သူက ဗမာကြိုက်လေး။ စပ်စပ်ကလေးနဲ.။ ပုဇွန်တွေ ခရု (cockles) လေးတွေလဲထည့်ပေးတယ်။ Fishball လည်းပါသေးတယ်။ မကောင်း ခံနိုင်ရိုးလား။

LAMB CHOP ပဲစားဖြစ်ပါတယ်။ ကြည့်ပြီးသရေလေး ယိုလိုက်ကြပါအုံး။ တချို.ကတော့ သွေးသံရဲရဲနဲ. မကြည့်ဝံ့ရင်လဲ မပြောတတ်ဘူး။ မကျက်တကျက်လုပ်ထားတာ။






ညနေပိုင်းကျတော့ အလုပ်ကစောစောပြန်ပြီးတော့ ရုပ်ရှင်သွားကြည့်ကြတယ်။ AVATAR လေ။ Review တွေကတော့ 5 out of 5 တွေချည်းပဲ။ စိတ်တော့ဝင်စားတယ်။ 3D ရုပ်ရှင် ကိုတခါမှ မကြည့်ဖူးသေးဘူး။ Bugis က အသစ်ဖွင့်တဲ့ ILUMA SHOPPING MALL ကရုပ်ရှင်ရုံမှာလဲ တခါမှ မကြည့်ဖူးသေးဘူး။ ဆိုတော့ သွားဆိုလည်းသွားပေါ့။ မနည်းအချိန်လုပြီးသွားလိုက်ရတယ်။ ရုပ်ရှင်ရုံရောက်တော့ စနေပြီ။ ဘယ်လောက်ကောင်းလဲဆိုတော့ ဝယ်လာတဲ့ မုန်.နဲ. အအေးတောင် မစား မသောက်လိုက်ရပါဘူး။ တခါမှ အဲလိုမဖြစ်ဖူးဘူး။ အရမ်းကြိုက်တယ်။ ရုပ်ရှင်လက်မှတ် ၁၃ ကျပ်ကို ၂၃ကျပ်လောက် ပေးချင်စိတ် ပေါက်သွားအောင် ကောင်းပါတယ်။ 3D မျက်မှန်နဲ.ကြည့်လိုက်ရင် ခေါင်းမူးမယ် ထင်ထားတာ။ ဘာမှမဖြစ်ဘူး။ ကိုယ့်ရှေ.မှာ ဖြစ်နေတဲ့ အတိုင်းပဲ အရာရာအားလုံးက။ ကြည့်ရကျိုးနပ်ပ။ ကိုယ့်ဟာကို ငိုမယ်ထင်ထားတာ။ ဝမ်းနည်းစရာကောင်းတာတွေ ပါတယ်ဆိုလို.။ မငိုဘူးဗျား။ ထူးထူးဆန်းဆန်း။ နောက်တခေါက်ပြန်သွားပြီး ကြည့်ဖို.စိတ်ကူးထားတယ်။ အဟိအဟိ။

ရုပ်ရှင်ကြည့်ပြီးထွက်လာတော့ ယောက်ျားအိမ်သာထဲမှားဝင်မိသေးတယ်။ လူတွေအများကြီးရှေ.မှာ။ ရှက်လိုက်တာ ပြောမနေပါနဲ.တော့။ ကိစ္စဝိစ္စတွေရှင်းပြီးတော့သွားကြမယ်ပေါ့ စားဖို.သောက်ဖို.။ ထုံးစံအတိုင်း Beach Hotel အောက်ထပ်က စားနေကျဆိုင်ကိုပဲ အကုန်လုံးကိုပင့်လာခဲ့တယ်။ စားလို.ကောင်းပါတယ်။ ဒါပေမယ့် အလုပ်ကလူတွေက ဗမာတယောက်မှမပါဘူး။ စလုံး တရုတ် ၃ ယောက်နဲ. ဖိလစ်ပိုင် တယောက်။ စားဖို. အဖော်လုံးဝမရဘူး။ ဒီဘူဖေးဆိုင်ကို ကြည့်ပြီးတော့ အရင်ကစဉ်းစားဖူးတယ်။ ကိုယ်တွေ လို စားပုံမျိုးနဲ. မြတ်မှ မြတ်ပမလားလို.။ ခုမှ သဘောပေါက်တယ်။ မြတ်တော့မှာပေါ့။ တရုတ်တွေက ဘူဖေးဆိုင်လာပြီး ဆလတ်ရွက်တို. Fishball တို.လောက်ကိုပဲ စားကြတာကိုး။ သူတို.က များများမစားတော့ ကိုယ်ကလည်း ပဲလေးနဲ.ဘဲ စားခဲ့ရတယ်။ နည်းနည်းစီပေါ့။ စားနေကျလိုမျိုးစားလိုက်ရင် သူတို.ကြည့်ပြီး လန်.သေသွားမှာစိုးလို.။ အားကတော့မရပါဘူး။ နောက်ဆို ဘယ်တော့မှာ စလုံးတွေနဲ. ဘူဖေးသွားမစားတော့ဘူး။ ကိုယ့်မြန်မာ အချင်းချင်းနဲ. ပဲသွားတော့မယ်။ စားသောက်လည်းပြီးရော ၁၂နာရီခွဲသွားပြီ။ အိမ်ပြန်ရောက်တော့ ၁နာရီခွဲပါပြီ။ မောင်လေးအိမ်ရောက်နေတော့ သူ.ကို ဆင်းလာကြိုလို.ပြောထားရတယ်။ ညသန်းခေါင်ကြီး ဓါတ်လှေကား မစီးရဲလို.။ ၂နာရီမှ အိပ်ရတယ်။ နောက်နေ.လည်းအလုပ်ရှိသေးတယ် ဒီအပါတ်က အော် ဘဝ ဘဝ ။ စားသောက်ပြီးတာတောင် ကောင်းကောင်းမနားရတဲ့ဘဝပါလားနော်။





ARRRRRRRRRR OONAAAAAAA

I will bang my head to the wall if I cant post this song today. I was looking for ways and means to upload this song to my blog as background music but couldnt upload as an MP3. For god sake, why is that so difficult to upload an old song I like to my own blog?? Screw Copyright!!

Anyway, here is the reason behind this drama. "Tore my heart by OONA". I m going to faint if I stop listening this song right now. :)

This song has to be my song of the day, song of month and could even be the song of my lifetime. It suits my taste, chills my spine, eases my senses and releases my stress. This song can beat any songs that I claimed to be my favorite, and wins over them hands down, legs up, eyes crossed and mouth puckered...I am not kidding.



And the dance that gets me notice this x-cellent song. Marvellous!! Couldnt have any better dance to portrait this song...
From So You Think You Can Dance Season 6,
Genre; Contemporary
Dancers; Ellenore ;Jacob
Choreographer; Sonya

ခရု

၂၀၀၉ မှာ ဘလော့ပိုစ့် ၄ခုတည်းရှိတယ်။ ဘလော့မရေးဖြစ်တဲ့နှစ်ပဲ။ တခြားနေရာတွေမှာ ရေးနေပါတယ်။ ဝါသနာကို ဖျာကါလို.မရဘူးဆိုဒါ အဲဒါပေါ့။ ဖျာကါရင်လည်းကာ laptop ပါရင်ပြီးရော။ ဘလော့ မရေးဖြစ်တာ အဆင်ပြေနေလို.လို. မှတ်ပါ။ အဆင်မပြေလို.ကတော့ ရေးလိုက်မယ်ဖြစ်ခြင်း။

အစတုန်းက ဘလော့ရေးမဲ့ mood မရှိရင် ဘာရေးလို.ရေးရမှန်းကိုမသိဘူး။ ကိုယ်က စာရေးမကောင်းဘူး။ စိတ်ကူးစိတ်သန်းလည်းသိပ်မထွက်ဘူး။ ဝါသနာပါတာပဲရှိတယ်။ ကိုယ့်မှာ ခံစားချက်တခုခုရှိမှစာရေးလို.ရတယ်။ ဟော ခံစားချက်မရှိတော့ ဘာရေးလို. ရေးရမှန်း မသိတော့ဘူး။ ကိုယ်ကလည်း ထွေထွေထူးထူး ခံစားနေတတ်တဲ့ လူမဟုတ်တော့ ရေးစရာ တော့ပစ် ရှာမရတာ ကိုယ့်အပြစ်မဟုတ်သလိုပဲ။

ခုတော့ တွေ.ပါပြီ။ ကိုယ်၂၄နာရီ နေ.စဉ်နဲ.အမျှစိတ်ဝင်စားတဲ့အရာ။ ကိုယ် ဘယ်တော့မှ မညီးငွေ.မဲ့ အကြောင်းအရာ။ ကိုယ်ခံစားတတ်တဲ့ အရာ။ အစားအသောက်အကြောင်း။ ၃နာရီခြားတခါ ဗိုက်ဆာတာ အကျင့်လိုဖြစ်နေပြီ။ သူများလို မဆာတဆာ အသာလေးဆာတာမဟုတ်ဘူး။ ဂွီဂွီ ဂွမ်ဂွမ်နဲ. မသိရင် ၇ရက်လောက် ထမင်းမစားထား သလိုမျိုးကိုဆာတာ။ metabolism rate တော်တော်မြင့်ပုံရတယ်။ ဒီလောက်တောင်စားပြီး ဂေါ်ဇီလာမဖြစ်တာ ကျေးဇူးတင်ရမယ်။ အခုတော့ ကိုယ်ရေးရမဲ့ အကြောင်းအရာကို သေသေချာချာ နားလည်သဘောပေါက်သွားပြီ။ Eating Machine လို.အခေါ်ခံထားရတာ အလကားလား။ ကိုယ်အကျွမ်းကျင်အပိုင်နိုင်ဆုံးအလုပ်က စားတဲ့ သောက်တဲ့ အလုပ်ပဲဟာကို။ ဒီတော့ ဒီအပါတ်မှာ တခုစရေးမယ်လို.စိတ်ကူးတယ်။ ခရုအကြောင်း။း)

ကျွန်တော်က ပင်လယ်စာကြိုက်တယ် (အမှန်က ပင်လယ်စာမှမဟုတ်ဘူး။ အကုန်ကြိုက်တာ) ကဏန်း၊ ခရု၊ ပုဇွန်၊ ငါး၊ ကင်းမွန်၊ ရေမှာနေတဲ့ တခြားဘာညာအကောင်ဘလောင် အကုန်ကြိုက်တယ်။ ပင်လယ်စာဆိုလို. ချောင်းက မြောင်းကဟာတွေမပါဘူး မမှတ်နဲ.။ အကုန်စားတယ်။ ရခိုင်မှာ နေခဲ့တာဆိုတော့ ပိုဆိုးတာပေါ့။ စစ်တွေမှာ ပင်လယ်စာအရမ်း ပေါတာ။့  ပုဇွန်တွေ ဂဏန်းတွေဆိုတာ ညီးနေအောင်စားရတယ်။ မြောက်ဦး မင်းပြားဘက်ရောက်သွားတော့ ချောင်းစာတွေ မြောင်းစာတွေ မြစ်စာတွေ စုံနေအောင်စားရတယ်။ ခရုကို စစ်တွေမှာတုန်းက မစားဖူးဘူး။ မြောက်ဦးမှာ စားခဲ့ရတယ်။ မောင်တောမှာ စားခဲ့ရတယ်။ မြောင်ခရုလို.ခေါ်တဲ့ ခရုကြီးတွေ။ မြောက်ဦးမှာ ရခိုင်လို ဂြိတ်ရှေ လို.ခေါ်တဲ့ ခရုအသေးလေးတွေရှိတယ်။ ဆားနည်းနည်း အချိုမှုန်.နည်းနည်းနဲ. ကင်မွန်းချဉ်ရွက်လေးနဲ. ပြုတ်ထားပြီး လမ်းထိပ်တွေမှာ နို.ဆီဘူး တဘူးစာကို ၅၀လောက်နဲ.ရောင်းတယ်။ အရမ်းစားလို.ကောင်းတာပဲ။ တကယ် ပုဇွန်တုပ်နဲ. မလဲပါဘူး။ အခုအဲဒါပေးကျွေးမယ်ဆိုရင် လူတောင်သတ်ပေးမယ် အဟုတ်။ အကောင်းပြောတာ။ ပြီးတော့ သမစုပ် လို.ခေါ်တဲ့ ခရုသေးသေးလေးတွေရှိတယ်။ လက်သည်းခွံနီးပါးလောက်ပဲ ရှိတဲ့ ခရုချွန်ချွန်လေးတွေ။ အဲဒီနှစ်ခုကတော့ ပေါပေါလောလောရတယ်။

Beyonce & BEP in the house!!

26th of September!!

BEYONCE and BLACK EYED PEAS LIVE CONCERT

Fortcanning Park, Dobygourt

Ticket = 200S$ (Sistic.com)

OMG
OMG
OMG

Two of my fav artists are here in town. Sure I am willing to pay 200$ but none of my friends is joining. Sob Sob........ Wish my sis were here. I dont have to ask anybody out if she is around. A hint a hint....

I am dying to see Queen Bee in live and my man, Taboo dancing on stage. Seems like my hope will go down the drain if I miss this chance. I have been waiting for Beyonce "I am sasha fierce" world tour. Black eye peas new album" The end" is the album I am digging right now. Everybody should listen to 'Electricity' from that album. I heart Will-I-am and Fergie. I love Taboo to death. My fragile little heart is breaking at the thought of missing this show. Pls, join me to go there and pls pay for your own ticket. HEHE

Let me know if you are going, I ll join in. :) !!

သံယောဇဉ်လက်စ

  • လူများဖယောင်းတိုင်ကို မှုတ်သတ်ပလိုက်လို. ကိုယ့်ဖယောင်းတိုင်မီးမလင်းလားပါ။ လူများဖယောင်းတိုင်ကို လိုက်မှုန်ပြီးကေ အချိန်ကုန်ခံနီကတ်တေ။ ကိုယ့်ဖယောင်းတိုင်ကို အယင်မီးထွန်းနိုင်အောင် ကြိုးစားကတ်ပါမေ။
  • လူတယောက်ကို မုန်းရေ မုန်းရေ ပြောနီလူစော် ယင်းသူမုန်းရေလူဧ။် Influence ကို အများဆုံးခံရရေလူပါ။ တစုံတယောက်ကို ကကောင်းမုန်းနီဗျယ်လာ။ ယင်းပိုင်ဆိုကေ အလှပစိုင်းစားလိုက်ပါအုံးသိ။ ကိုယ်ကျွန်စိတ်ပေါက်နီဗျယ်လာဆိုစော်ကို။
  • လက်ကမ်းလို. ခေါ်လိုက်တေ။ မလိုက်။ လက်တွဲကတ်မေ ဆိုရေ။ မလိုလတ်။ ယင်းပိုင်ဆိုကေ လမ်းပြပါလို.ပြောရေ။ မပျဘူး လတ်ထော။း) တစီးတည်းစီးကတ်တေ ရထားမှာ ကန်.လန်.တိုက်ပြီးကေ ဂဏန်းဇာတ်ခင်းကတ်တေ လူတိပါနီသရွိ လိုရာကို တခါလေ့မရောက်။ မယုံကေ စောင့်ကြည့်ပါ။
  • လုပ်ချင်ကေ လေ့အရူးအမူး၊ ပြောချင်ဗျယ်ဆိုကေ ပက်ခနဲ၊ သတ္တိကတော့ မိုးကိုတောင်ဒူးနန်.တိုက်ဝံ့ယင့်(ခေါင်းမှာတော့ နင်ဂျာခေါင်းစွပ်လိုရေ)၊ အရေးအကြောင်းဆိုကေ ကိုယ်ပွားလေ့ ၁၀ကိုယ်လောက်ခွဲလို.ရရေ။ မမသော ယောက်ျားသော၊ ဝါကြီးသော မကြီးသော လာမပြောကေ့။ ၁၀ ကိုယ်ပွားသိုင်းနန်. နှက်၊ မရကေ အမိအဖ သင်ပီးထားရေ အောက်ပိုင်းသိုင်းနန်.ချမေ။ သေချာပေါက်ပွဲတိုင်းနိုင်သိုင်း။
  • ကိုယ့်လူမျိုးတိုးတက်ရေးကို အဂေါင့်လုပ်နီယင့်လား။ အဂေါင့်စိတ်ဝင်စားယင့်လား။ သေချာလာ။ ကိုယ့်စော်ကို ပြန်မီးကြည့်ပါ။ မီးကြည့်လိုက်မေ ကိုယ့်စော်ကိုယ်။ ခိုင်ဝေဇံ အဂေါင့်စိတ်ဝင်စားလာဂု။ စိတ်ဝင်စားပါရေ။ အဂေါင့်လုပ်နီလာ။ အဟင့် တခုလေ့ မလုပ်ရသိ။ မုန်းဇာခံနီလို.။ ဟီးဟီး။
  • အင်း အေအမ်ပီက သံယောဇဉ်အကျန်ချေတိ နန်. မကျေနပ်ချက်လက်ကျန်တိကို အေစာပိုဒ်နန်.ပဲ လက်စဖြတ်လိုက်ပါဖို.ဗျယ်။
နောက်တခါ ရခိုင်ပို.စ်တင်ဖို.စော်ကို ကောင်းအားယူရဖို.သိ။ ချာကရာတိ ကောင်းကုန်နီရေ။ (ဟုတ်ကေ့ မျန်မာလိုရေးပါ။ ကျွန်တော်တို. အားပေးနေဘာဒေ) ယင်းပိုင်စော်တိ လာရွီးပြီးကေ ခိုင်ဝေဇံ အတွက်အချိန်အကုန်ခံဖို.ဆိုကေလေ့သင့် ရပါယင့်။

ဘလော့ကတော့ ရခိုင်စာနန်.ရွီးထားရေ ရခိုင်သားသတ်သတ်အတွက်ဘလော့မဟုတ်ပါ။ စရွီးခါကပင် စိစောက်ကရောက် ကျမိကျရာ ရွီးထားစော်ဖြစ်တေအတွက်နန်. ကိုမျိုးသာဂီပမှာ ရခိုင်ဘလောဂါ စာရင်းထဲက ထုတ်ပီးဖို.တောင်းဆိုထားပါရေ။

လာဖတ်တေလူတိကိုလေ့ ဆုတောင်းမပီးလီဗျယ်။ ကိုယ်ဆုတောင်းပီးတိုင်းပြည့်ရအောင်ကိုယ်လေ့ သူတော်ကောင်းလေ့မဟုတ်။ ကျန်းမာဖို.လူမှာကျန်းမာလိမ့်မေ။ မကျန်းမာကေ ဆီးရာသောက်ကတ်ဖိ။ H1N1 ကိုတော့ သတိထားပ။

ခိုင်ဝေဇံ

ရခိုင်ဘလော့ဂါ

ပထမဆုံး ရခိုင်ပိုင်ပို.စ်ကို ယောင်လို.မှားလို. လည်ဖို.လာရေလူတိအတွက် ရွီးလိုက်ပါမေ။

တနားက ကိုမျိုးသာဂီဘလော့ကို ရောက်ခီပါရေ။
http://www.arakanesebloggerdirectory.blogspot.com/
ရခိုင်ဘလော့ဂါတိ လေ့ ကကောင်းများစော်ရာမနား။ ကောင်းပါယင့်။ အနည်းဆုံး ကိုယ့်ဘလော့နန်.ကိုယ်ဆိုခါ လလွပ်လလတ် ကော်နှက်ချင်ပိုင် ကော်နှက်လို.ရရေ ဟီးဟီး။ ထိုဝင်ဒေထွက်တော့ ဖတ်ကြည့်ခရေ။ ဘလော့တိကို။ အားလုံးနီးပါးပါ။ အားခါမှ အသေးစိတ်ဖတ်ခီရဖို.။ အဂုဖတ်ပြီးသမျှထဲမှာ တော့ မာရာယုဘုရင် (www.kingmarayu.blogspot.com) နန်.သာလှဦး (www.thahlaoo.blogspot.com) ကိုသဘောကျပါယင့်။ စစိစစိုက် စုထားပီးရေ ကို မျိုးသာဂီကိုလေ့ ကျေးဇူးတင်ရပါဖို.။ အေအမ်ပီနာလိုက်နီလို. အေဘလော့ကို ပစ်ထားစော်ကြာဗျယ်။ အဂုမှ ကောက်ကိုင်သိ။ လုပ်စရာတိ အများကြီး။ ရွီးစရာတိ ရှိခါမှ အချိန်ကလေ့ ရှာလို.မရ ဖြစ်နီရေ။ လူမှ ဖတ်သိယင့်လားမသိ အေဘလော့ကို။ အေးလေ အစကပင် လူများဖတ်ပါစီကြောင်း နန်.ရွီးစော်တော့မဟုတ်။ ငါ့မြင်းငါစီး ငါ့လှေငါထိုး ငါ့ဘလော့မှာငါဗိုလ် ဆိုစော်သဘောနန်.ရွီးစော်ဆိုခါ အရေးတော့ မကြီး။ ဟီးဟီး။ လူများများဖတ်ကေ ပြသနာ များများတက်တေ။

ယဂေ။ အပြောချေကလေ့ ချိုနန်.ဆိုခါ အေထက်ရွီးကေ အရာ ပြသနာတက်ပြန်ဖို.ဗျယ်။ တော်လိုက်မေဖိ။း)

ခိုင်ဝေဇံ


TIRED

I am back.

Back with a weary soul.

And I just want to throw everything out of my system here and relaxed.
I believe my dear diary will keep me company.

My life is pretty much fucked up right now.

One word; Tired

I'm outta here.

KHINE