စားမယ်သောက်မယ် (ရန်ကုန်)

ကဲ အခုမှပဲ  ရေးချင်လို. လက်ယားနေတဲ့ စိတ် ကလေး ပြေတော့ထင်တယ်။ နိုင်ငံခြားမှာနေတဲ့သူတွေ ဗမာပြည်ကို ပြန်ချင်တဲ့ အကြောင်းအရင်းနှစ်ခုရှိပါတယ်။ တစ်ခုမှ မိသားစုကို သတိရလို.။ နောက်တစ်ခုက အစားအသောက် ကောင်း စားချင်လို.။ ကျန်တဲ့ သူငယ်ချင်းတို. ဘာတို.ဆိုတာက နောက်မှလာတာ။  ကိုယ့်အတွက်ကတော့ ၁ နဲ. ၂ ရယ်လို.တောင်ပြောလို.မရဘူး။ နှစ်ခုလုံးတန်းတူပဲ။ အဟီး။ အမေကြားရင်တော့ သတ်ချင်အုံးမယ်။

လွန်ခဲ့တဲ့ ၂၀၀၆ တုန်းက ဗမာပြည်ကို နောက်ဆုံးပြန်ခဲ့ပါတယ်။ စစ်တွေကိုလည်းရောက်ခဲ့တယ်။ မန္တလေးကိုလည်း ရောက်ခဲ့တယ်။ ခုလို ဓါတ်ပုံတွေ လည်း စမရိုက်သေး၊ ဘလော့တွေလည်း စမရေးသေးတော့ ရောက်ခဲ့တာပဲ ရှိတယ်။ အမှတ်တရ ကြည့်စရာ ဓါတ်ပုံတောင် မရှိပါဘူး။ အရမ်းနောင်တရတယ်။ ရခိုင်ကို နောက်တစ်ခေါက်ရောက်ဖြစ်ဖို.ဆိုတာလွယ်တာမဟုတ်ဘူး။ အဖိုးဆုံးတုန်းက တောင်မရောက်နိုင်ခဲ့ပါဘူး။ ဓါတ်ပုံလေးတစ်ပုံတောင်တွဲမရိုက်ခဲ့ရဘူး။ ဒီနှစ်တော့ အဲဒီလို မဖြစ်စေရဘူး ဆိုပြီးတော့ စလေယဉ်ဆင်းတည်းက ရိုက်လိုက်တဲ့ ဓါတ်ပုံ၊ ကင်မရာနဲ.တစ်မျိုး ဖုန်းနဲ.တစ်မျိုး လူတွေလည်းအေးအေးမနေရဘူး။ ဒါပေမဲ့ ခုအလွမ်းပြေပြန်ကြည့်တိုင်း ကိုယ်တစ်ခေါက်အိမ်ပြန်ရောက်သွားသလို ခံစားရလို. ဝမ်းသာရတယ်။  မရိုက်မဖြစ်ရိုက်ခဲ့တာတွေကတော့ အစားအသောက်တွေပါပဲ။း)  ရေးချင်တာ ကြာပေမဲ့ ခရီးစဉ်အကြောင်းတွေအရင်ရေးဖို. ဆုံးဖြတ်လိုက်တယ်။ ခုမှပဲစရတော့မယ်။ ကဲလာပြီ။

ပထမဆုံးရောက်ရောက်ချင်းညစာကတော့ အိမ်ချက်လက်ရာဖြစ်ပါတယ်။ ငါးလိပ်ကျောက်ကို ကင်ပြီးသုပ်တာ။ ရခိုင်လို  ဖက်ချေသုပ် လို.ခေါ်တယ် လိပ်ကျောက်သားသုပ်လို.လဲ ခေါ်တယ်။ ချဉ်ချဉ်စပ်စပ် နံနံပင်နဲ.မွှေးမွှေး ငါးအသားချိုချိုနဲ. ဘာ Fish & Chips နဲ.မှ မလဲဘူး။း) စင်္ကာပူမှာ ငါးလိပ်ကျောက် ပေါပေမဲ့ အိမ်မှာမကင်တတ်တော့ မစားရဘူး။
ပရစ်ကြော်။ အထင်မသေးနဲ.နော် ဒါတစ်ကောင် ၅၀ တောင်ပေးရတာ။ နှစ်ထောင်ဖိုးစားခဲ့တယ်။ ကိုယ်တွေက ဒီမှာ ပိုက်ဆံ တစ်ကျပ် ငါးမူး သုံးပြီးနေလာတာ။ ဟိုရောက်တော့ အသေးဆုံးက ၅၀ ဆိုတော့ စားရမှာလန်.တောင်လန်.နေတယ်။ ပရစ်ကြော်က သိပ်တော့ မကောင်းဘူး။ ရခိုင်ဘက်မှာဆိုရင် အတောင်တွေ ခြေထောက်တွေဖြုတ်ပြီးမှ ကျော်ရောင်းတာ ဒီမှာက အဲဒီအတိုင်းကြီး။ စားတော့လည်း ဝင်သွားတာပါပဲ။
နောက်နေ.မနက်ကျတော့ ပြည်ကြီးငါးသုပ် ရခိုင်အခေါ် ရီကြက်သုပ် ။း) ကောင်းမကောင်းကို ပုံသာကြည့်တော့။ ရခိုင်တွေကတော့ ပုံလေးမြင်တာနဲ. ချဉ်ချဉ်စပ်စပ် အရသာလေး ခံစားရမယ်ထင်တယ်။ ရေးရင်းနဲ.တောင် တံတွေးတွေ ခဏခဏမျိုချရတယ်။ အင်း ဒုက္ခ ဒုက္ခ။

အိမ်က ကျောက်မြောင်းမှာ ဆိုတော့ ရခိုင်ပေါတယ်။ အောက်ဆင်းရင် ရခိုင်စကားပဲ ကြားရတာ။ အနီးအနား ဈေးရောင်းတဲ့ လူတွေ ဘာညာဆိုရင် ရခိုင်စကား အကုန်နားလည်တယ်။ ရခိုင်စာလည်း အတော်ပေါတယ်။ အိမ်လည်သွားရမဲ့အိမ်တွေက လည်း အပေါသား။ အဲဒါနဲ. အိမ်လည်ပြန်လာရင်း ရခိုင်မုန်.တီတစ်ဆိုင်တွေ.ပါလေရော။ ဒါနဲ. ဝင်အုပ်ပစ်လိုက်တယ်။ အသုပ်ကတစ်ပွဲ အရည်ကတစ်ပွဲ နှစ်ပွဲစလုံး ဝက်ဆီဖတ်နဲ.း)


အဟဲ မနာလိုမဖြစ်နဲ.နော်။ လက်ရာကပုံမှန်ပါပဲ။ ဒါပေမဲ့ မစားရတာ ကြာပြီဆိုတော့ အင်မတန်မှကို ကောင်းတယ်လို. ခံစားရတယ်။း)

ဒါနဲ.ပဲ ဗိုက်ကလေးပွတ်ပြီးပြန်လာတော့ အိမ်မရောက်ခင်လေးမှာ ဝက်သားတုတ်ထိုးဆိုင်နဲ.တည့်တည့် တိုးပါရောလား။ ဟမ်မလေး ကိုယ့်ဗိုက်ကိုယ်ပြန်ငုံ.ကြည့်ပြီး စဉ်းစားခန်းဝင်လိုက်ပါသေးတယ်။ ဒါပေမဲ့ ထုံးစံအတိုင်း စားချင်တဲ့ စိတ်က နိုင်တာပါပဲ။ အဲဒါနဲ.ပဲ နောက်တစ်ခေါက် ဝင်စားတာပေါ့။
တစ်ချောင်းငါးဆယ်နဲ. ပုံမှန် ဝက်သားတုတ်ထိုးပါ။ တအားအကောင်းကြီးလည်း မဟုတ်ပေမဲ့ စားချင်တာ စားလိုက်ရတော့ စိတ်ချမ်းသာသား။ ဗိုက်ကတော့ ကွဲတောင်ထွက်မယ်။ အမေက ကိုယ့်သမီးအကြောင်းကိုယ်သိ အစာကြေဆေးတွေ ဝမ်းပိတ်ဆေးတွေ တစ်ထုပ်ကြီးဝယ်ထားတာ တွေ.ခဲ့လေရဲ့။

နောက်နေ.မှာ အမေက ခင်ပြုံးရီမုန်.တီဆိုင်နဲ. အသုပ်ဆိုင် ကို ခေါ်သွားပါတယ်။ နာမည်ကြီးမင်းလမ်းဆိုင်ရဲ. ညီမဆိုပဲ။ မင်းလမ်းမှာတော့ မစားဖူးပေမဲ့ တီဗွီမှာ ပါသွားတာကိုတော့ ကြည့်လိုက်ရတယ်။ အဲဒီဆိုင်လည်း ကျောက်မြောင်းမှာပဲဆိုတော့ ကား ၅ မိနစ်တောင် မစီးရဘူး ရောက်သွားတယ်။ ဆိုင်ရှေ.မှာ ရေခဲစိမ်ထားတဲ့ ကျောက်ပုဇွန်တွေ ရေကင်း(ရခိုင်အခေါ်၊ ဗမာအခေါ်သိဘူး) တွေ ခရုတွေ အများကြီးတွေ.တယ်။ အလုပ်လုပ်တဲ့ ခလေးမလေးတွေက ၄ တန်း ၅ တန်း အရွယ်လေးတွေပါ။ သနပ်ခါးလေးတွေ အဖွေးသားနဲ. ယူနီဖောင်းလေးတွေ ဝတ်ပေးထားတယ်။ ကျောင်းမတက်ကြရဘူးလားလို. အတွေးပေါက်မိတယ်။ ၅ ယောက်လောက်ရှိပါတယ်။ ငွေရှုင်းတဲ့ကောင်တာမှာ ထိုင်တဲ့ အပျိုပေါက် ၂ ယောက်ကတော့ အတော်ကြီးမျက်နှာထား တင်းတဲ့အတွက် ဆိုင်ရှင် အမျိုးလား သားသမီးလားပဲ။ ဆိုင်ကတော့ အခမ်းနားကြီးလည်း မဟုတ်ပါဘူး။ ဆိုင်ခမ်းနားဖို.လဲ မလိုဘူး။ ရှင်းရှင်းပြောရရင် သန်.ရှင်းလား မသန်.ရှင်းလားဆိုတာတောင် သိပ်ဂရုမစိုက်ဘူး။ စားလို.ကောင်းရင်ပြီးရော။ ရှင်းတယ်နော်။
ဘာရှိလဲ သွားစပ်စုတဲ့ အမေ။ မုန်.တီ ဟင်းရည်အိုးကြီးက လက်၃ဖက်စာလောက်ရှိတယ်။ နည်းတာကြီးမဟုတ်ဘူး။ ဓါတ်ပုံကတော့ ဝေဝေဝါးဝါးပဲ ထွက်လာတယ်။ မပူပါနဲ. အစားအသောက်တွေတော့ ရှယ်ရိုက်ခဲ့တာပေါ့။

ရခိုင်လို မြောင်ခရုပေါ့။ ဗမာတွေကတော့ ခရုပဲခေါ်မယ်ထင်တယ်။ သူတို.က သိပ်ခွဲသိတာ မဟုတ်ဘူး။ မောင်တော ဘူးသီးတောင်ဘက်က စားခဲ့ရတဲ့ ခရုတွေကို သတိရတယ်။ မျှစ်အနုလေးနည်း ကြက်သဟင်း ရွက်ကလေးနဲ. ဟင်းချိုချက်တာ ချိုမှချို။ ခုဟာကလည်း မဆိုးပါဘူး။ ခရု အကောင်ကြီးတယ် အသားရှိတယ်။
အာပူလျှာပူသုပ်ကတော့ ရှယ်ကောင်းတယ်။ ဟင်းရည်လည်း ရှယ်ကောင်းတယ်။ ဝက်ဆီဖတ်လည်း ရှယ်ကောင်းတယ်။
သင်္ဘောသီးသုပ်ကတော့ သိပ်မကြိုက်ပါဘူး။ အတင်းလှအောင်လှီးထားတော့ အဖတ်ကတွေက ရှည်ပြီး စားရတာ တန်းလန်းကြီးနဲ.။ ရခိုင်သုပ်တော့ စစ်သလားမမေးနဲ.။ အရသာ ကောင်းပါတယ်။ တန်ဆာအဆင်လွန်သွားလို. သိပ်မကြိုက်တာ။
ပုဇွန်သုပ်လည်း ကောင်းတယ်။ ဒါပေမဲ တစ်ပွဲ ၄၀၀၀ ဆိုတာကတော့နည်းနည်းဈေးကြီးတာပေါ့။ စလုံး ၇ ကျပ် ၈ ကျပ်လောက်သွားကျတယ်ထင်တယ်။ ကျန်တဲ့ဟာတွေကတော့ မဆိုးပါဘူး။ ဈေးချိုတယ်လို. ပြောလို.ရတယ်။

ဆိုင်မှာစားချင်တာများလွန်းအားကြီးလို. ကပေါက်တိ ကပေါက်ချာစားပြီး အစပ်အဟပ်လည်း မတည့်ပါဘူး။ ဒါတောင် စားကောင်းတယ်။း) စားချင်တာ မှာစားပြီး အချိုပွဲကတော့ ခေါပျဉ်မုန်.ပါ။
ဟီးဟီး နှိပ်စက်တယ်လို. မပြောရဘူးနော်။ အရမ်း အရမ်းကို အရသာရှိပါတယ်။ ကောက်ညင်းစီးစီး ထန်းညက်ရည် ချိုချို ပျောင်းပျောင်းနဲ. အုန်းသီးဖြူးထားတာ။ တီရာမီစုတို. မာဖင်း တို. အဆော့တစ်ကိတ်ဆိုတာတွေ ခြေဖျားတောင်လိုက်မမီဘူး။ မုန်.ဆောင်းလေးလဲ သောက်ခဲ့သေးတယ်။
စားခဲ့တဲ့ စားစရာတွေနဲ.ယှဉ်ရင် ဈေးချိုပါသေးတယ်။ မဆိုးဘူး။ နောက်တစ်ခေါက်သွားစားသေးတယ်။ ပုံတစ်ခါတည်း ပေါင်းတင်လိုက်မယ်။


ဒါကတော့ နာမည်ကြီးတံငါသည် ဟင်းလို.ပြောပါတယ်။ တုန်ယမ်းဟင်းရည်နဲ. ဟော့ပေါ့လို လုပ်ထားပေးထားတာတွေ.တယ်။ ပင်လယ်စာ အစုံပါတယ်။ ဒီကဟာတွေထက်စာရင် ကောင်းတာပေါ့။ ဂဏန်းအသားရှိတယ်။ ပင်စိမ်းနဲ.မွှေးမွှေးလေးနဲ. အရသာရှိတယ်။း) တစ်ပွဲ ၅၀၀၀ ပါ။ ပုဇွန်သုပ်တစ်ပွဲတည်းကို ၄၀၀၀ ပေးရတာနဲ. စာရင် ဒါက ပိုတန်တယ်လို.ပြောလို.ရတယ်။
နောက်တစ်ခုကတော့ ဂဏန်း အခွံပျော့ကို ကျော်တာ။ ကြွပ်ကြွပ်ကြော်တာမဟုတ်ဘူး။ ရခိုင်စတိုင် နနွင်း ပေါပေါနဲ. ငရုတ်သီးခြမ်းလေးနဲ. ချိုစပ်လေးကြော်တာ။ အလွန်ကောင်းဧ။် လို.ပြောရမယ်။
း)  ကျန်တဲ့ဟင်းတွေရှိသေးပေမဲ့ မတင်တော့ပါဘူး။ အရမ်းများသွားမှာမို.လို.။  ဒါပေမယ့် တင်စရာရှိတာတော့ ကျန်သေးတယ် ။

မှတ်မိလား ဟင်။ စောလှိုင်မုန်.လို. ခေါ်တယ် ရခိုင်လို။ ဗမာရှိမရှိမပြောတတ်ဘူး။း)  စစ်တွေသွားတုန်းကတောင် မစားလိုက်ရဘူး။ ခုစားခဲ့ရလို. ဝမ်းတွေသာနေတာ။ နောက် မစားမဖြစ်စားခဲ့တာကတော့ လှော်စာ (ဗမာလို ဆန်ချိုအေး ထင်ပ)။
မစားရတာကြာပြီဆိုတော့ ၁ပွဲနဲ. မဝလို. ၂ ပွဲဆင့်သောက်ခဲ့တယ်။း) ရေခဲလေးထည့်ပေးထားတာ ကောင်းပါတယ်။ ချိုချိုအေးအေးမွှေးမွှေးလေးပေါ့။  ဘယ်တော့မှ နောက်တစ်ခေါက်သောက်ရမယ် မသိဘူး။ ဒီကလူတွေကတော့ နှိပ်စက်ပါပေတယ်လို. ဆဲနေကြမလားပဲ။ နောက်ထပ်တင်မဲ့ အစားအသောက်တွေရှိသေးပေမဲ့ တစ်ခါတင်ရတာ မကောင်းလို. နှစ်ပိုင်းခွဲလိုက်အုံးမယ်။ ဒီလောက်ပဲ ကြည့်ပြီး သွားရည်ယိုကြအုံးပေါ့နော်။း)

စားနိုင်ရင်ကိုယ့်ဖို.
ခိုင်ဝေဇံ

သဌေးကျွန်း ခရီးစဉ်

Adaman  Island ဗမာအခေါ် သူဌေးကျွန်း အကြောင်းကို ရေးမယ်ဆိုပြီး အင်တာနက်ပေါ်မှာ ရှာတော့ ကောင်းကောင်းကန်းကန်း Reference လုပ်စရာ ဓါတ်ပုံ စာ ဘာမှမရှိပါဘူး။ google map  satellite နဲ.သွားရှာတော့မှ ကျေနပ်လောက်တဲ့ မြေပုံပြပြကလေး ရပါတယ်။


ဒါကအနီးကပ်ဆွဲရိုက်ထားတဲ့ပုံပါ။  ကျွန်းဦးမှာဆောက်ထားတာက ကာစီနို။ ဟိုတယ်က တခြားရှိသေးတယ် ထင်တယ်။ အောက်ကပုံမှာတော့ ဂေါက်ကလပ်နဲ. တကျွန်းလုံးကော ခြုံပြီးမြင်ရတယ်။ ကျွန်းက အခုကမှတော်တော်ကြီးမှန်းသိတော့တယ်။ သွားတုန်းက သတိမထားမိဘူး။

အဲ အန်ဒမန်ကျွန်းကိုဘာလို. သဌေးကျွန်းလို. ခေါ်ရတာလဲဆိုတဲ့ အကြောင်းရင်းကိုပြောပြရရင်  -- ဒီကျွန်းက မြန်မာအစိုးရပိုင်ကျွန်းဖြစ်ပေမယ့် ထိုင်းသဌေးတယောက်က နှစ် ၅၀ စာချုပ်နဲ.ငှားထားတယ်ဆိုပါတယ်။ နဂိုမူလ အကြံအစည်က ကမ္ဘာတဝန်းလုံးက ငွေရှင်ကြေးရှင်များ လာရောက်ပျော်ပါးနိုင်တဲ့ Paradise Island လုပ်မယ်ဆိုတဲ့ အကြံနဲ.ဖြစ်ပါတယ်တဲ့။ ကာစီနိုကြီးလုပ်မယ်ပေါ့။ဒါပေသိ ဘာအကြောင်းကြောင့်လည်းမသိ အင်တာနေရှင်နယ် အသိအမှတ်ပြုကာစီနိုလက်မှတ် မရဘူး ဆိုပါတယ်။ အဲဒီမှာတင် သဌေးခမျာ ခွက်ခွက်လန်အောင် ရှုံးပါရောတဲ့။ ဒါပေမဲ့ ရှုံးခါမှရှုံးရော ဆက်ဖွင့်ထားပါတယ်။ တရက်တရက်မှာ Electricity ဖိုးက ဘတ်တသိန်းလောက်ကုန်တယ်ပြောတယ်။ ဘယ်လောက်ချမ်းသာလဲတော့မသိဘူး။ ခုထိ မမွဲသေးပါဘူး။ မြန်မာပြည်မှာ ခုလေယဉ်လိုင်းထောင်ထားတယ်။ အဲဒါလည်း ရှုံးတာပဲလို.ပြောပါတယ်။ မြန်မာတွေကို အတော်ချစ်ပါတယ်တဲ့။ ကော့သောင်းမှာ လမ်းခင်းပေးတာလဲ အဲဒီသဌေး လေယဉ်ကွင်းဆောက်ပေးတာလဲ အဲဒီသဌေးလို.ပြောပါတယ်။ သူ.ကို အမှီပြုပီး သဌေးကျွန်းလို. ခေါ်တယ်ထင်ပါတယ်။

Adaman Island Resort ဝက်ဘ်ဆိုဒ်လည်းရှိပြီးတော့ Tour Package တွေကို ကြိုတင် ဘုခ် လုပ်လို.ရပါတယ်။ ပရော်ဖက်ရှင်နယ် တွေ ရိုက်တဲ့ ကျွန်းရဲ.ပုံလေးတွေ ကြည့်သွားပါဦး။



လှမလှပဲတွေ.လား။ ကဲကဲ သူများဟာတွေ ယူသုံးပြီးတဲ့နောက်ပိုင်းမှာ ကိုယ်ရိုက်လာတာလေးတွေ ရှယ်လိုက်ပါအုံးမယ်။ မရှယ်ခင် ပြောစရာလေးရှိသေးတယ်။ သဌေးကျွန်းကာစီနိုက ၂၄ နာရီပါ။ ကော့သောင်းနဲ. ရနောင်းကို တစ်နာရီခြားတစ်ခါစီ ဖယ်ရီစက်လှေကလေးတွေနဲ. လာကြိုပါတယ်။ သဌေးကျွန်းသွားဖို. ထိုင်း ဘတ် ၁၀၀ ပဲပေးရပါတယ်။ ပတ်စ်ပို.စ် ဘာညာ ဘာမှ မလိုပါဘူး။ ထိုင်းကော ဗမာကော လာလို.ရတယ်။ ထိုင်းငွေကော မြန်မာငွေကော အသုံးဝင်ပါတယ်။ ဒါပေမဲ့ ထိုင်းဘတ် ပဲ သုံးကြတာပေါ့။ စက်လှေဆိုပေမဲ့ စုတ်စုတ်ပြတ်ပြတ်မဟုတ်ဘူး ခပ်ကြီးကြီး အပျော်စီး လှေလိုလို ဘာလိုလိုနဲ.။  ကော့သောင်းမြို.မ ဆိပ်ကမ်းကနေ စောင့်ရပါတယ်။

ကဲ မင်းသမီးပုံလာမယ်။း)

စထွက်တဲ့အချိန်က ညနေ ၄ နာရီခွဲပါ။ ရောက်ပြီး ၁၅ မိနစ်လောက်ပဲလူစောင့်ပြီး စထွက်ပါတယ်။ လေတဖြူးဖြူးနဲ. မိသားစုနဲ.သွားရရင် ပျော်စရာကြီးနေမှာပဲ။
ဟိုးနောက်ဖက် (ဘယ်ဖက်) မှာ  ပင်လယ်ကူး သင်္ဘောကြီးမြင်တယ်ဟုတ်။ အဲဒီသင်္ဘောက ထိုင်းသဌေးတစ်ယောက် ကာစီနိုလာဆော့ရင်း ရှုံးလို. သင်္ဘောထိုးအပ်ခဲ့တာပါတဲ့။ ၅ နှစ်လောက်ရှိပြီ။ ဘယ်သူမှ ဝယ်မယ့်သူလဲမရှိတော့ ခုလိုကျောက်ချပြီး ပင်လယ်ဝမှာ ရပ်ထားရပါတယ်တဲ့။ အဲဒါကို ပြောပြတဲ့သူက အစောင့်ပါ။ တလမှာ နှစ်ပတ် သင်္ဘောပေါ်သွားအိပ်ပေးရတယ်။ တစ်လ ၂ သောင်း (မြန်မာငွေ) ရတယ်တဲ့။ သင်္ဘောကြီးတစ်စီးလုံး ဦးလေးတစ်ယောက်တည်း မကြောက်ဖူးလားလို.မေးတော့ မကြောက်ဖူးဆိုပဲ။ ဗန္ဒုလ အဖေနဲ.တွေ.ခဲ့တာကိုး။ 
ဟော ရောက်ပါပြီ ဂျပ်တီကို။ ဆိပ်ကမ်းလေးက ကြည့်တော့သာ ငယ်တာ အထဲမှာ မြန်မာအဲယားပို. ထက်အပုံကြီး ခမ်းနားပါတယ်။
ဂျပ်တီက ထွက်တာနဲ. ခုလို ဖယ်ရီကားလေးတွေနဲ. အပေါ်တောင်ထိပ်မှာရှိတဲ့ ကာစီနို အဆောက်အဦးကို ပို.ပေးပါတယ်။ ကားက နာရီဝက် တစ်ခါ လူများရင် ၁၅ မိနစ်တစ်ခါ ထွက်ပါတယ်။ 
ဟောရောက်ပါပြီ။ ဒါကအဝင်ဝပါ။ တော်တော်ကိုကြီးကြီးကျယ်ကျယ်လုပ်ထားတာပဲလို.တွေးမိတုန်းရှိသေး ရေကူးကန် မြင်လိုက်တော့ ထတောင်အော်တယ် အဒေါ်က လှလွန်းလို.တဲ့။
အဲဒီရေကန်ကနေလှမ်းကြည့်လိုက်ရင်စိမ်းစိုနေတဲ့ ကျွန်းရယ်။ ပြာနေတဲ့ ရေကန်လေးရယ်။ အဝေးက မျက်စိတစ်ဆုံး ပင်လယ်ကြီးရယ်က တော်တော်ပနာရပါတယ်။ တော်တော်ခမ်းခမ်းနားနားလုပ်ထားတာပဲ။ ထိုင်းသဌေးခမျာ မမြတ်တာ သနားစရာလို. သဌေးကိုတောင် သနားမိသေးတယ်။
ဒါကတော့ Lounge ပါ။ အပြင်မှာတင် ခမ်းနားတာမဟုတ်ဘူး။ အထဲမှာလည်း ခမ်းနားပါတယ်။ ခရစ်စမတ်နားနီးပြီးမို. ခရစ်စမတ် အကြို အပြင်အဆင်တွေနဲ. အသေအချာလုပ်ထားပုံက ဒီသဌေးဟာ ဒီကာစီနိုကို ပီးပီးရော ထားတာ မဟုတ်ပဲနဲ. အသေအချာလုပ်ထားတယ် ဆိုတာ ထင်ရှားပါတယ်။ မြန်မာဘူဖေးစားသောက်ဆိုင်မှာလည်း စားခဲ့ပါတယ်။ ဘာမှသိပ်မကောင်းပါဘူး။ ဟိုတယ် နဲ. ကာစီနို ဝန်ထမ်းတွေက မြန်မာ ဝတ်စုံကို ပဲဝတ်ကြတာတွေ.ခဲ့ပါတယ်။ ရန်ကုန်ဆီဒိုးနား ထရိတ်ဒါးဓါတ်တောင်သာအုံးမယ်။

ကာစီနို အတွင်းဘက် အားလုံးတော်တော်များများကို မြန်မာ ပစ္စည်းတွေနဲ. အလှဆင်ထားတာတွေ.ရပါတယ်။ အိမ်သာတောင်မှ ထူးထူးဆန်းဆန်း ဒီလို ပုံလေးနဲ.လုပ်ထားတယ်ကြည့်။
အိမ်သာက စင်ကာပူက အိမ်သာတွေလိုပဲ သန်.ရှင်းတောက်ပြောင်နေတာပဲ။ ဟိုတယ် မန်နေဂျာနဲ.တွေ.ခဲ့ပါတယ်။ မြန်မာဘက်က မန်နေဂျာလို.ပြောပါတယ်။ မထင်ရဘူး။ ဘယ်လိုမှမထင်ရဘူး။  မထင်လို. သိပ်တောင် အလေးထားပြီးမကြည့်ခဲ့ဘူး။ လှည့်ထွက်သွားတော့မှ သူနဲ.စကားပြောနေတဲ့ ကိုယ့်မိတ်ဆွေက အဲဒါ ဟိုတယ် မန်နေဂျာလေဆိုတော့မှသိတာ။ ဟီးဟီး။
ဒါကတော့ ရေကူးကန်ဘက်က မြင်ကွင်းပါ။ ရေကူးကန်နားမှာ အစားအသောက်မှာစားလို.ရအောင်လည်း စီစဉ်ပေးထားပါတယ်။ SPA တစ်ခုလည်းတွေ.ခဲ့တယ်။
ယုဇန SPA ပါတဲ့။ လူသူတယောက်မှမတွေ.ခဲ့လို. အဲဒီဘက်ကိုသွားတောင်မသွားခဲ့ဘူး။ အဲဒီ ဟိုတယ်ကနေ ပင်လယ်ဘက်ကို မျှော်ကြည့်ရတာ တော်တော်အရသာရှိတယ်။း)

ကာစီနိုကို ဝင်ခဲ့ပေမယ့် ဓါတ်ပုံမရိုက်ခဲ့ရပါ။ ပစ္စည်းအားလုံးကို အပ်ခဲ့၇တယ်။ လောင်းကစားနဲ. ဘယ်တော့မှ အကျိုးမပေးတတ်တဲ့အတွက် မကစားခဲ့ပါဘူး။ ဟိုကြည့် ဒီကြည့်နဲ.။ ကြည့်လိုက်သမျှကလည်း နိုင်တဲ့လူကို မရှိဘူး။ ခဏလေးနိုင်ပြီး ပြန်ရှုံးသွားကြတာချည်းပဲ။ သိပ်ဝါသနာ မပါတဲ့အတွက် ခဏတဖြုတ်ပဲဝင်ကြည့်ပြီး မိတ်ဆွေတွေကို ဘူဖေးစားဖို.အတွက် ဆော်အော ပါတော့တယ်။ ဒါပေမဲ့ စားကြည့်တဲ့အခါတော့ တော်တော်မကောင်းတာပါ။ ဓါတ်ပုံတောင် မ၇ိုက်ခဲ့တာပဲ ကြည့်။ ဆွဲဆောင်မှုမှမရှိတာ။

ဟိုလျှောက်သွား ဒီလျှောက်သွားနဲ. သွားလိုက်တာ ၈ နာရီခွဲ စက်လှေကို စောင့်လိုက်ရပါတယ်။ နဂို ၇ခွဲ ပြန်မယ်လုပ်ထားတာ။ ပြန်အလာလမ်းမှာ အန်ဒမန် ကလပ် ဆိုင်းဘုတ်ကြီးတွေ.တာနဲ. အားရဝမ်းသာ ဓါတ်ပုံ ဝင်ရိုက်ခဲ့တယ်။

အပြန်အတွက်ကားစောင့်နေတုန်း မီးရှူးမီးပန်းတွေအများကြီး ဖောက်လိုက်တာမြင်ရတယ်။ ရနောင်းဘက်ကပါ။ ကင်မရာ ဘက်ထရီကုန်ခါနီးလို. မရိုက်လိုက်ရဘူး။ အရမ်းလှတယ်။ ဘာလို. ဖောက်တာလဲဆိုတော့ ဘုရင်မ မွေးနေ.ဖြစ်လို. ဆိုလားပဲ။ မှတ်မှတ်ရရပါပဲ။

အပြန်ကျတော့ မိုးတဖွဲဖွဲနဲ.ရွာချတယ်။ စက်လှေကို ချက်ချင်းပဲလေမိုးလုံတဲ့ ရေပေါ်ယှပ်ပြေးယဉ်ပုံစံမျိုးနဲ. ပြောင်းပြီး စီစဉ်ပေးတယ်။ စက်လှေစီးရတာနဲ.တောင်မတူပါဘူး. ဘပ်စ်ကားစီးရသလိုပဲ။ ၁၅ မိနစ်ဆိုရင် ကော့သောင်းကို ရောက်ပါပြီ။   ၇နောင်းမှာ မနက်စောစောတည်းက ဟိုသွားဒီသွား ကော့သောင်းဘက်ကို ပြန်လာ ကော့သောင်းရောက်တော့ သဌေးကျွန်းကို သွားနဲ. တရက်လုံး အနားမရပဲ ပြေးနေခဲ့ရတော့ ခေါင်းအုံးပေါ်ကို ခေါင်းတောင်မချရသေးဘူး။ အိပ်ပျော်သွားတယ် ထင်တာပဲ။ တခါမှရောက်မယ်လို. မျှော်မှန်းမထားတဲ့ နေရာတစ်ခုကို ရောက်သွားတာဖြစ်တော့ အိပ်မက်လား ဘာလားတောင်မသဲကွဲဘူး။ သေချာတာကတော့ အဲဒီညက အိပ်မက်ထဲမှာ သဌေးကျွန်းမှာ အပန်းဖြေတုန်းပဲတဲ့။း)

ဖိုတိုအက်ဆေး-- ရနောင်းပုံပြင်

စာရေးရမှာ ပျင်းတယ်။  ဓါတ်ပုံတွေနဲ. ပုံပဲပြောတော့မယ်။း)

အစက ပြန်ကောက်ရမယ် ရမယ်ဆိုရင်တော့ ကော့သောင်းအထွက်က စလိုက်ကြတာပေါ့နော်။း)     နေ.လည် ၂ နာရီခွဲလောက်က ထွက်လာပါတယ်။ စိတ်ထဲက သိပ်မကြောက်ပဲ ပျော်ပွဲစားထွက်သလို ခံစားရတယ်။း)  စစ်တွေမြောက်ဦး၊ စစ်တွေ ဘူးသီးတောင် ဘက်ကို တသက်လုံးချောင်းပေါက်အောင် သွားနေခဲ့တာ။ ဒီလို နာရီဝက်လှေစီးတာလောက်ကတော့ ပျင်းသေးတယ်။ မြောက်ဦး မောင်တော ဘက်လို ချောင်းရိုး မြစ်ရိုးထဲက သွားရတာ မဟုတ်ပဲနဲ. ပင်လယ်ဝကို ဖြတ်ရတာဖြစ်ပါတယ်။ ဒါပေမယ့် အနားမှာကျွန်းတွေအများကြီးကို တွေ.ခဲ့တယ်။ ကော့သောင်းက အထွက်မှာ ကျွန်းတွေအများကြီး ရှိပြီးတော့ ထိုင်းဘက်ကို မရောက်ခင်မှာ စစ်ဆေးရေးစခန်းတစ်ခုကို ကျွန်းအသေးလေးတစ်ခုမှာ လုပ်ထားတာတွေ.ပါတယ်။
ပင်လယ်ဝဆိုပေမယ့် ပင်လယ်ပြင်ကြီးကို ဖြတ်တာမဟုတ်တော့ မိနစ်ပိုင်းအတွင်းမှာပဲ ထိုင်းဖက်ကမ်းကို လှမ်းပြီးမြင်ရတယ်။ ဘုရား စေတီတွေပါလှမ်းမြင်ရတဲ့အတွက်  တခြားနိုင်ငံတစ်ခုကို သွားနေတယ် လို. ခံစားရခက်ပါတယ်။

 ထိုင်းဖက်ကို မရောက်ခင် အဲဒီကျွန်းလေးမှာ စစ်ဆေးရေး ဝင်ရတယ်။ ခုမြင်ရတဲ့ ရုပ်ပွားတော်ရဲ့ အောက်တည့်တည့်မှာ စခန်းတစ်ခုရှိပါတယ်။ ထိုင်း ရေတပ်က စခန်းချထားတယ်လို.ပြောပါတယ်။ ဓါတ်ပုံရိုက်တော့ ပါလာတဲ့ မိတ်ဆွေက တားတယ်။ ဓါတ်ပုံမရိုက်ရပါဘူးတဲ့။  ခွေးကြီးတစ်ကောင်ကို ကြိုးချည်ထားတယ်။ ပစ္စည်းစစ်ဖို.တဲ့။ ဘုရားစေတီတွေ မြင်ရလို. စိတ်ချမ်းသာနေတဲ့ စိတ်က သေနတ်ကိုင်ထားပြီး မျက်နှာအချိုးမပြေတဲ့ ပြုံးစိစိ ရုပ်တွေနဲ. ထိုင်းစစ်သားတွေကို မြင်ရလို. စိတ်နောက်ကျိသွားတယ်။ စာရွက်စာတမ်း ကိစ္စတွေကို လုပ်ပေးမဲ့သူပါလာတော့ သိပ်မကြာပဲ ပြီးသွားပါတယ်။


ရနောင်းကို စဝင်ပါပြီ။ ချောင်းဖျားမှာမေးတင်ပြီး ဆောက်ထားတဲ့အိမ်လေးတွေတွေ.တယ်။ အဲဒီမှာ လ ဝ က ပုံစံမျိုး စခန်းအသေးတစ်ခုရှိသေးတယ်။ အဲဒီမှာကျတော့ လူကိုယ်တိုင်ဆင်းပြီး ဓါတ်ပုံအရိုက်ခံရပါတယ်။ ကော့သောင်းဘက်က ထုတ်ပေးလိုက်တဲ့ တစ်ခါသုံး နယ်ခြားဖြတ် ပတ်စ်ပို.မှာ သူတို.က တုံးထုပေးမှ တရားဝင်တယ်လို.ပြောတယ်။ အဲဒါတွေရှင်းပြီးတဲ့နောက်ပိုင်းမှ မြစ်ရိုးအတိုင်းအတွင်းဘက်ကို ဝင်လာတဲ့အခါ ရနောင်းဆိပ်ကမ်းကို ရောက်ပါတယ်။ မရောက်ခင်တဲက ငါးနံ.တွေတလှိုင်လှိုင်နဲ.ပါ။ ရောက်ပြီးတဲ့အခါကျတော့ ဓါတ်ပုံမရိုက်နိုင်တော့ဘူး။ အဖေ့နားမှာ စကားများလိုက်တာ။ ၄နှစ်နေမှ ၂ရက်ထဲတွေ.ရတဲ.အဖေ။ တစ်သက်လုံး မဆူမ၇ိုက်ဖူးတဲ့အဖေ။  သမီးတွေအတွက် ပိုက်ဆံကုန်ရင်တောင် အဖိုးတန်တဲ့သမီးတွေဆိုတော့ ပိုက်ဆံကုန်ရတယ်လို.ပြောတဲ့အဖေ။ ကိုယ်ရှာလို.ပိုက်ဆံရရင် ငါ့သမီးတွေ ဘုန်းကံကြောင့် ရလာတဲ့ငွေလို. ပြောတတ်တဲ့အဖေ။ မယှဉ်ထိုက်ဘူးဆိုပေမဲ့  ကိုယ့်အတွက် အဖေက ဘုရားထက်ပိုပြီးအရေးပါပါတယ်။ စကားပြောလို.ကို မကုန်နိုင်ပါဘူး။

ရနောင်းက ငါးနဲ.သင်းတဲ့ မြို.လေးတစ်မြို.ပါ။ ထိုင်းနိုင်ငံမှာ အငယ်ဆုံးမြို.ဖြစ်တယ် လို.သိရတယ်။ စီးပွားရေး ရယ်လို. မယ်မယ်ရရမရှိဘဲ မြန်မာဘက်နဲ. အဆက်အသွယ်လုပ်ပြီး ကုန်သွယ်ကြတာပဲရှိတယ်။ မြန်မာဘက်က ငါးတွေဝယ်တယ်လို.ပြောတယ်။ လူဦးရေ တစ်ဝက်လောက်က မြန်မာတွေဖြစ်တယ်။ ကရင် မွန် ထားဝယ်ဘက်ကလူတွေများတယ်။ အားလုံးသူလိုလို ထိုင်းစကားပြောတတ်ကြတယ်။ သွားရလာရတာ အဆင်ပြေပါတယ်။ လမ်းတွေသန်.သန်.ရှင်းရှင်းရှိတယ်။ မြန်မာဘက်နဲ.တခြားစီပါ။ ရနောင်းဆေးရုံကြီးကို လည်းတွေ.ခဲ့တယ်။ ကော့သောင်းက မြန်မာတွေအားလုံးက ဒီဆေးရုံမှာပဲ ဆေးလာကုကြတယ်တဲ့။ ဈေးချိုတယ်လို.ပြောတယ်။ ပြီးတော့ ဆရာဝန်ကောင်းတယ်။ မြန်မာဆေးရုံက ဈေးကြီးပြီး ဘာဆေးမှလည်း မစုံဘူးတဲ့။ ဟုတ်မှာပေါ့။ ဒီမြို.မှာ အလုပ်သမားတွေအားလုံးနီးပါးက မြန်မာဖြစ်ပါတယ်တဲ့။ အင်း ဒါလည်းဟုတ်မှာပါပဲ။

ဒါကတော့ ရနောင်း က တန်ခိုးကြီးဘုရားတစ်ဆူဖြစ်တဲ့ နဂါးနှစ်ကောင်ဘုရားမှာ ရိုက်ထားတာပါ။ လျောင်းတော်မူ ရုပ်ပွားတော်ဖြစ်ပြီး တော်တော်ကြီးပါတယ်။ တောင်ကုန်းလေးပေါ်မှာ ရှိပြီး ရနောင်းကနေ ဘန်ကောက်အသွားအဝေးပြေး ကားလမ်းမပေါ်မှာရှိပါတယ်။ တောင်ပေါ်မှာ မြန်မာလူမျိုးတွေ ဆောက်လုပ်လှူဒါန်းနေတဲ့ စေတီအငယ်တဆူကိုလည်း တွေ.ခဲ့ပါတယ်။
ပါပါ ဘုရားပေါ်က အဆင်းလှမ်းရိုက်ထားတာ  ရနောင်းမှာလည်စရာသိပ်မရှိတာမို. ၂ ခေါက်တောင်ေ၇ာက်ခဲ့ပါတယ်း)  
တောင်ပေါ်က မြင်ရတဲ့ ၇နောင်းမြို.ပြင်ရှုခင်းပါ။
ပျံလွန်တော်မူပြီးနောက် မီးသဂြိုလ်လို.လုံးဝမီးမလောင်ဘူးလို.ပြောကြတဲ့ ရနောင်း နဂါးနှစ်ကောင် ဆရာတော်ကြီးကိုလည်း ဝင်ရောက်ဖူးမျှော်ခဲ့ပါတယ်။ ဆရာတော်ကြီးရဲ. ရုပ်ကလပ်ကို မှန်ခေါင်းထဲမှာ ထည့်ပြီး ပူဇော်ထားတာကိုတွေ.ပါတယ်။ 
ရိုက်ကောင်းလား မရိုက်ကောင်းလား မသိပေမဲ့  ရိုက်ပြီးတော့ ကြောက်တောင်ကြောက်လာပါတယ်။  ကိုယ်ကြည့်တုန်းက ဒီလောက်သေချာမမြင်ရပါဘူး။ မှန်ကနေတဆင့် ဝိုးတိုးဝါးတားပဲမြင်ရတာ။ ဆတ်ဆော့ပြီး ဖလက်ရှ်တွေထည့်ပြီးရိုက်လိုက်တာ အသေအချာကြီးကို မြင်လိုက်ရတော့ အိပ်တောင်မပျော်ဘူးဖြစ်သွားတယ်။ 

နောက်တစ်နေရာ သွားကြတာကတော့ ရေပူစမ်းဖြစ်ပါတယ်။ စနေနေ.သွားတာဖြစ်လို. လူတွေတော့ တော်တော်များများတွေ.ခဲ့ပါတယ်။း)
ရောက်ပါပြီ ရေပူစမ်းကို ဟုတ်ကဲ့ ဒါမျိုးလေးပါ။ ကိုယ်ကတော့ ကိုးရီးယားတို. ဂျပန်ကားတို.မှာ မြင်ရတာလို စမ်းချောင်းလေးက ရေပူတွေ ထွက်နေတယ်ထင်တာ။ မဟုတ်ပါဘူး။ တွင်းလေးနဲ. လုပ်ထားတာ။ ရေက တော်တော်ပူပါတယ်။ ပလုံစီကို ထနေတာပဲ။ ငုံးဥတွေ ကြက်ဥတွေပြုတ်နေတဲ့ မိသားစုတွေလည်းတွေ.ခဲ့တယ်။ ပျော်တော့ပျော်စရာကြီး။ ငုံးဥ ဝယ်ပြုတ်ခဲ့ချင်ပေမဲ့ နေကလည်း အရမ်းပူ ရေကန်ကလည်း အငွေ.တထောင်းထောင်းဆိုတော့ ငုံးဥ မကျက်ခင် လူကျက်သွားမှာစိုးလို. မပြုတ်ခဲ့တော့ဘူး ။ 
ရေပူကန်ထဲကရေတွေကို ခုလိုမျိုး ရေကန်အသေးလေးတွေလုပ်ပေးပြီး  ခြေထောက်စိမ်လို.ရအောင်လုပ်ပေးထားပါတယ်။ ကော့သောင်းမှာလည်းေ၇ပူကန်ရှိပေမဲ့ ခုလိုမျိုးအသေအချာမလုပ်ပေးထားတော့ အရောက်အပေါက်နည်းတယ်လို.ပြောပါတယ်။ ခြေထောက်တွေဘာတွေရေဝင်စိမ်ခဲ့ပါတယ်။ စိမ်ခါစက အတင်းကို ပူတာပဲ။ စိမ်ရင်းစိမ်းရင်းနဲ. မပူတော့ဘူး။ နေလို.ကောင်းလာတယ်။ ထိုင်းတွေက တော့ ရေပူစိမ်ရင်ကျန်းမာရေးနဲ. ညီညွတ်တယ်လို. ယူဆကြတယ် ဆိုပါတယ်။ 
လူကြီးတွေနဲ.ရော လူငယ်တွေနဲ.ပါသွားလို.ကောင်းတဲ့နေရာပါ။ ရေပူစမ်းတစ်ခုတည်းတင်မဟုတ်ဘူး.။ စမ်းချောင်းတစ်ခုပါရှိပြီးတော့ ကြိုးတံတားလေးတွေလုပ်ပေးထားတဲ့အတွက် အပန်းဖြေထွက်နေကြတဲ့ မိသားစုတော်တော်များများကိုလည်းတွေ.ခဲ့ပါတယ်။ စမ်းချောင်းက ရေမကြည်ပေမဲ့ ကျောက်တုံးပေါလို. အရမ်းကြည့်လို.လှတယ်။ 


နောက်ရောက်ခဲ့တာကတော့ ဈေးကြီးထဲကိုပါ။ ဒါပေမယ့် ဟိုဝယ်ဒီဝယ်ဆိုတော့ ဓါတ်ပုံမရိုက်အားဘူးဖြစ်သွားတယ်။း)   
နောက်တစ်နေ.မှာတော့ ငေါင်းဘုန်းကြီးကျောင်းဆိုတာကို လိုက်ပို.ပါတယ်။ ငါးကန်ကြီးရှိတယ်။ အရမ်းလှတယ်လို.ပြောပါတယ်။
ပြောတဲ့အတိုင်းကိုပဲ လှပါတယ်။ အဲဒီအိမ်လေးတွေကို တက်ကြည့်ချင်ပေမယ့် အဲဒါ တရားထိုင်သူတွေအတွက်လို.ပြောပါတယ်။ တောင်ပေါ်မှာရှိတဲ့ လှေကားထစ်ကလေးတွေက အသစ်လုပ်ဆဲ ဖြစ်ပြီး ဘုရားတစ်ဆူတည်မယ်လို.ပြောပါတယ်။ တက်ချင်ခဲ့ပေမဲ. အခြေအနေ မပေးတော့ မတက်ခဲ့ရဘူး။

ရနောင်းမှာတော့ အဲဒါတွေပြီးရင် လည်စရာ ကုန်သလောက်ရှိသွားပြီလို.ဆိုပါတယ်။ မြို.က သိပ်မကြီးဘဲ စိမ်းစိမ်းစိုစိုနဲ.သာယာတယ်။ ချောင်းတွေ မြောင်းတွေမြို.လယ်ကိုဖြတ်ပြီး စီးနေပုံက မြောက်ဦးနဲ. အရမ်းတူတယ်။ နေရာတိုင်းလိုလိုမှာ သင်္ဘောပျက်တွေကို တွေ.ရတယ်။ ဓါတ်ပုံဆရာတွေတွေ.ရင် အတော်လက်ယားမှာသေချာတယ်။ ဓါတ်ပုံရိုက်လို. ကောင်းတဲ့နေရာလေးတွေချည်းပဲ။

အထူးအဆန်းဘာတွေ.ခဲ့လဲဆိုတော့ စာဖတ်သူများမှတ်မိကြမလားမသိဘူး။ ထိုင်းသရဲကား Nanak ဆိုတဲ့ ဇာတ်ကားတကားရှိတယ်လေ။ ယောက်ျားစစ်တပ်ထဲဝင်သွားတော့ မိန်းမက မီးတွင်းထဲ ဆုံးသွားရာက သရဲမ ဘဝနဲ.စောင့်နေတဲ့ဇာတ်ကားလေ။ သူ အိမ်ပေါ်ကနေ လက်အရှည်ကြီးထုတ်ပြီး သံပုရာသီးလှမ်းကောက်တာလေ။ အဲဒါကို သူ.ယောက်ျားမြင်မှ သူ.မိန်းမ သရဲမမှန်းသိသွားတဲ့ကား။ အတင်းကို ငိုရတာ။ အဲဒီ Nanak ဆိုတာကို သူတို.က အစောင့်အရှောက်သဘောမျိုးကိုးကွယ်ကြတယ်လို. သိခဲ့ရပါတယ်။ မြန်မာလိုဆို နတ်စိမ်းသဘောမျိုးဖြစ်သွားတယ်ပေါ့။ ရနောင်းတင်မက ကော့သောင်းဘက်မှာပါ တွေ.ခဲ့တာပါ။ 
ဆိုင်တိုင်းမှာရုပ်တုထားပြီး လဘ်လာဘကောင်းတယ်လို. ယုံကြည်ကြတယ် ဆိုပါတယ်။


WTF (1)   . ဘာတွေရေးထားမှန်းမသိပေမဲ့ အဲဒီ ကြက်မာနဲ. ကြက်ပျော့ဆိုတာတော့ စိတ်ဝင်စားမိသလိုပဲ အဟဲ။


WTF (2)  .. ဒါက ပါတိတ်သွားဝယ်တုံး  ရေးကပ်ထားတဲ့ ကြော်ငြာလေးကို ကြိုက်လို.ရိုက်ထားတာ။း) ပသှူးက ခေါင်းပြတ်ကြီး ဝယ်အုံးမလားဟင်။း)  

အစားအသောက်အနေနဲ.ကတော့ သိပ်ပြီးခံတွင်းတွေ.စရာကောင်းတဲ့ အစားအသောက် မတွေ.ခဲ့ပါဘူး။ ဘန်ကောက်မှာ အစားအသောက်ကောင်းသလောက် ဒီဘက်မှာ လေးလေးပင်ပင်မရှိပါဘူး။ ကောင်းကောင်းကန်းကန်း သင်္ဘောသီးထောင်းတောင် မရောင်းဘူး။    ရေပူစမ်းကို သွားတော့ ငါးကင်တွေတွေ.လို. စားခဲ့တယ်။ သူတို.ငါးကင်က အရိုးလုံးဝမပါပါဘူး။ အသားတုံးချည်းပဲ။ ကြက်သားတုံးကို ကိုက်စားရသလိုပဲ။  စားခါက ကောင်းပေမဲ့ အရိုးလေးကိုက်ရတဲ့ မြန်မာငါးကင်တွေလောက် အရသာမရှိဘူး။ အီလွယ်တယ်။ ငါးက အတင်းကို ကြီးတာပဲ။ လက်တစ်တောင်ကျော်မယ်ထင်တယ်။ ဒါပေမဲ့ ကုန်သွားတာပါပဲ။

နောက်ပေါပေါပဲပဲစားကြတာက ငပိထောင်းနဲ.တို.စရာပါ။ ဒါပေမဲ့ ငါးပိထောင်းကို သကြားထည့်သုံးတယ်နဲ.တူပါတယ။် စပ်ပေမဲ့ ချိုတိုတိုနဲ. အရသာပျက်ရောပဲ။ စားခဲ့တဲ့ အထဲမှာအကြိုက်ဆုံးကလည်း ငါးပိထောင်းပဲ။ ဗမာပါးစပ်နဲ. ကိုက်တဲ့ဆိုင်တစ်ဆိုင်နဲ.တွေ.လို.ပါ။ ငါးပိထောင်းတစ်ပွဲထဲနဲ. ထမင်းစားလို.၇တယ်လို.နာမည်ကြီးတဲ့ဆိုင်ပေါ့။
အဟဲ စားချင်စရာလေးနော်။ ဟင်းရွက်စုံနဲ. ငပိထောင်း။ ပုဇွန်ပြုတ်လေးတောင် ဖြူးပေးထားသေး။ ကောင်းမှကောင်း စပ်မှစပ်ပဲ။း)

၂ညအိပ်ပြီးနောက်နေ.မှာတော့ ကော့သောင်းဘက်ကိုပြန်ခဲ့ပါတော့တယ်။ ၂ရက်နေခဲ့ရာမှာ အဖေ့ကျေးဇူးနဲ. လိုလေးသေးမရှိပြည့်ပြည့်စုံစုံ နေခဲ့ရပါတယ်။ ပါပါရှိတဲ့နေရာမှာ ငါ့သမီးတွေ ဘယ်တော့မှ မျက်နှာမငယ်စေရဘူး လို.သွားခါနီးပြောပြီး ပါပါက ကျေနပ်နေတယ်။ လွန်ခဲ့တဲ့ ၄နှစ် ပခုက္ကူမှာ ပြန်ခါနီးတုန်းက မျက်ရည်ပိုးပိုးပေါက်ပေါက်နဲ. ထိန်းမရအောင် ကျခဲ့ပေမဲ့ ဒီတစ်ခေါက်တော့ စိတ်ထိန်းနိုင်လိုက်ပါတယ်။ ပါပါရှေ.က မကျပေမဲ့ လက်ပြကျန်ခဲ့တဲ့ ပါပါကိုကြည့်ပြီး စက်လှေပေါ်မှာ မျက်ရည်ကျလာတယ်။ စိတ်ကို ပြန်တင်းယူရတယ်။
စိတ်တင်းပြီးလက်ပြနေတုန်း ဓါတ်ပုံ၇ိုက်လိုက်သေးတယ်။ ဒါပေမဲ့ လူအုပ်နဲ.ရောနေတော့ မမြင်ရဘူး။ ကိုယ်လည်း မျက်ရည်တွေနဲ. ဝါးလာတော့ မမြင်ရတော့ဘူး။ ကျန်ရစ်ခဲ့တော့ ရနောင်းရေ။ ဒီခရီးစဉ်ကို အမြဲတမ်း သတိရမှာပါ။ အခွင့်အရေးရရင် နောက်တစ်ခေါက် ထပ်လာခဲ့ပါအုံးမယ်။ မိသားစု စုံစုံလင်လင်နဲ.ပေါ့။


ခိုင်ဝေဇံ