ရန်ကုန်လမ်းဘေးစာ

လမ်းဘေးစာ လို.ပြောလို. အထင်သေးပြီးပြောတယ် မထင်ပါနဲ.။ တမြတ်တနိုးကို စားခဲ့တာပါ။ ဒီလို လမ်းဘေးစာတွေလောက် စားလို.ကောင်းတာ၊ အမယ်စုံတာ မရှိဘူး။ မုန်.ဈေးတန်းတွေ.လို.ကတော့ ပျော်မှပျော်ပဲ။ တချို.က ပြောတယ်။ လမ်းဘေးက ဟာတွေမစားနဲ.တဲ့။ ရောဂါဖြစ်တယ်တဲ့။ ကိုယ့်အထင်ကတော့ ပူပူနွေးနွေး ခုကမီးဖိုပေါ်ကချတာဆိုရင် အကုန်ကောင်းတာပဲ။ ပိုးသေပြီးသား။ ရွေးစားပေါ့။ ဆိုင်ခန်းကြီးဘယ်လောက်ပဲ သားနားသားနား အရသာမကောင်းလို.ကတော့ ဘယ်သူမှ စားမှာမဟုတ်ဘူး။ လူမျိုးတစ်မျိုး  နိုင်ငံတစ်နိုင်ငံ မြို.တစ်မြို.ရဲ့ Culture ကိုသိချင်ရင် လမ်းမှာ ဘာမုန်.တွေရောင်းလဲ ကြည့်ရတယ်လို. Andrew Zimmons ထင်ပ သူ.ရဲ. အစားအသောက် Chanel တစ်ခုမှာပြောသွားတယ်။ ဆိုင်ကြီး ကနားကြီးသွားပြီ ဟော့ပေါ့တွေစားတာထက် ရေမုန်.၊ မုန်.ပေါင်း၊ မုန်.ဖက်ထုပ်တွေကို လမ်းဘေးက ဆိုင်တွေ အော်ရောင်းသည်တွေဆီမှာ ဝယ်စားလိုက်ချင်တယ်။ ဘုရားပွဲမုန်.ဈေးတန်းတစ်ခုမှာ ရောင်းနေတဲ့ မုန်.မျိုးစုံထဲက ဟိုဟာနည်းနည်း ဝယ်စားလိုက် ဒီဟာနည်းနည်းဝယ်စားလိုက် လုပ်ရတဲ့ အရသာက ဘယ်ဟိုတယ်တက်စားတာနဲ.မှ မလဲနိုင်ဘူး။

ဒီတစ်ခေါက်ရန်ကုန်ပြန်တုန်းက မှတ်မှတ်ရရ စားခဲ့ သောက်ခဲ့တာလေးတွေကို ပြန်တင်ပေးလိုက်ပါတယ်။

ဒါကတော့ ပေါပေါပဲပဲ တစ်ချောင်း ၅၀ တန်အိမ်နားက ဝက်သားတုတ်ထိုးပါ။ တုတ်ထိုးကောင်းမကောင်းဆိုတာ ဆော့စ်နဲ.ဆိုင်မယ်ထင်တယ်။ တုတ်ထိုးကကောင်းပေမဲ့ ဆော့စ် က သိပ်မကောင်းဘူး။ စားလို.တော့ ရပါတယ်။း) မန္တလေးစတိုင်ပေါ့။ အရည်ပါသောက်လို.ရတယ်။ အဲဒီလို လမ်းဘေးမှာ ခုံပုလေးမှာထိုင်ပြီး ဝက်သားတုတ်ထိုး ဗန်းကြီးကို အရသာခံကြည့်ပြီး စားချင်တာကြာလှပေါ့။ ဆော့စ်လေးနဲ.တို.လိုက် ဥတစ်လုံးကြက်သွန်လေးကိုက်လိုက် ရေနွေးကြမ်းလေးသောက်လိုက်နဲ.။ လောကနိဗန်ဆိုတာ အဲသာကိုခေါ်သကွဲ.။
ဒါကတော့ ရန်ကုန်စတိုင်ဝက်သားတုတ်ထိုး။ ဆီကြော်ထားတာ။ ဟင်းချိုသောက်လို.မရဘူး။ စိမ်းလန်းစိုပြေမှာရှိပြီး ရန်ကုန်မှာနာမည်ကြီးလို.ပြောတယ်။ တစ်ချောင်း ၂၀၀ ပေးရတယ်။ ကောင်လေး ၃ ယောက်လောက် သန်.သန်.ပြန်.ပြန်.ဝတ်စားပြီး ရောင်းပါတယ်။ တော်တော်လည်း ဆက်ဆံရေးချိုသာတယ်။ ရေနွေးကြမ်းကို တောင်းဖို.မလိုအောင် လိုက်ဖြည့်ပေးတယ်။ စားလို.ကောင်းပါတယ်။ အဲ ဆော့စ်က ထုံးစံအတိုင်း တစ်ခုခုလိုနေသလို ခံစားရတယ်။ ကျွေးမွေးပြုပြုတဲ့  ခိုင်ခိုင့်ကို ကျေးဇူးပါ။
ဒါကတော့ ဆိတ်သားတုတ်ထိုး။ ဝက်သားတုတ်ထိုးထက်တောင် ပိုကြိုက်ချင်တယ်။ ဆိတ်သားပြုတ်ရည်မှာ ရှောက်ရွက်ကလေးထည့်ထားတော့ မွှေးချက်ကကမ်းကုန်ပဲ။ ကိုယ်ဆို ၂ မီတာ လောက်ကဖြတ်သွားရင် မနေနိုင်ဘူး။ ဝင်ဝင်စားရတယ်။ ဆိတ်အူ ၊ အရွတ်၊ ဝမ်းတွင်းသားတွေက ထုတ်ထုတ် နဲ. အရမ်းစားလို.ကောင်းတယ်။ ဟင်းရည်ကလည်း ကောင်းမှကောင်း။ ဆော့စ်လည်းအိုကေ။ အပြစ်ပြောစရာဆိုလို. မျက်နှာထားတင်းတဲ့ ဆိုင်သည်မိန်းမရယ်၊ စားပြီးရင် သွားကြားညှပ်တာရယ်ပဲရှိတယ်။
ဆိတ်အူသုပ်ကလေးပါစားခဲ့သေးတယ်။ ချဉ်စပ်သုပ်ထားတာ။း) အော် ဒါနဲ. အမဲသားတုတ်ထိုးလဲစားခဲ့သေးတယ်။ အိမ်နားမှာပဲ။ ကောင်းတယ်။ ဒါပေမဲ့ ဆိတ်သားတုတ်ထိုးလောက်မကြိုက်ဘူး။ ဓါတ်ပုံ မ၇ိုက်ခဲ့ရဘူး။
ဟီးဟီး ဝါးတီးဆွဲလိုက်တာ တုတ်ချောင်း အစည်းလိုက်ထွက်သွားတယ်။
နောက် ထန်းမြစ်ဖုတ်။ မန်းလေးမှာတုန်းက အရမ်းစားရတယ်။ မစားရတာကြာပေါ့။ ချိုတိုတို ခါးသက်သက်အရာသာလေးနဲ.ပေါ့။း) ဒါပေမဲ့ ရင်ပြည့်တယ်။ အစာကြေဆေးလေး ငုံလိုက်တော့ ပြီးသွားရော။
နောက်ပဲမြစ်ပြုတ်။ စီးတယ်။ ချိုတယ်။ ပဲဆီလေးမှာ နှစ်လိုက်တော့ ပဲဆီအနဲ.လေးသင်းပြီး အင်မတန်အရသာရှိတာကိုး။

ပုရစ်က တစ်ကောင် ၅၀ တောင်ပေးရတယ်။ သိပ်စားလို.မကောင်းပါဘူး။ ကြော်တဲ့ဆီမသန်.လို.။ ပဲဆီလေးနဲ.ကြော်မှကောင်းတာ။ ကျောက်ဖြူမှာနေတုန်းက မိုးဦးကျပေါလိုက်တဲ့ပုရစ်။ တီဗွီကြည့်နေရင်းနဲ. ကိုယ့်ရှေ.သွားနေတဲ့ ပုရစ်တွေကို လိုက်ဖမ်းပြီးကြော်စားတာ တစ်အိုးကြီးရတာ မှတ်မိသေးတယ်။ ချိုကချိုနဲ.။ ရန်ကုန်ပုရစ်တွေက ဖွယ်ဖွယ်ကြီးတွေ။
မုန်.ပေါင်းကတော့ ပွဲဈေးတန်းက ဝယ်ခဲ့တာ။ အိမ်နားမှာ ဘုရားပွဲရှိလို.။ ဓါတ်ပုံရိုက်ချင်ပေမဲ့  ရန်ကုန်ကလူတွေရဲ. ဖုန်းထုတ်ကြွားပြန်ပြီ ဆိုတဲ့ အကြည့်ကို မခံနိုင်လို. မရိုက်ခဲ့ရဘူး။ မဆိုးပါဘူး ။ စားလို.ကောင်းတယ်။
ဖါလူဒါ။ ၈၀၀ တောင်ပေးရတယ်။ ရိတ်ခံရတယ် လို.ထင်တာပဲ။ သိပ်ဆိုင်ကြီးမှာ သောက်တာမဟုတ်ဘူး။ ရိုးရိုးအိမ်ဆိုင်လေးမှာသောက်တာကို။ အရသာကတော့ ဒီလိုပါပဲ။ ချိုတာပေါ့။
ဝက်ဆီဖတ်နဲ. မုန်.တီ။ ကျောက်မြောင်းမှာ ရခိုင်အစစ်တွေရောင်းတဲ့ ရခိုင်မုန်.တီ ပေါမှပေါ။ ဒါက အိမ်ဆိုင်လေးပဲ။ ဒါပေမဲ့ အဲလိုဆိုင်တွေမှာ မုန်.တီ မုန်.ဟင်းခါးစားရတာ စိတ်သိပ်မသန်.ဘူး။ ခွက်တွေဆေးတဲ့ ပလတ်စတစ်ပုံးတစ်ခုထားပြီးတော့ ရှိသမျှခွက် အဲမှာပဲ နှစ်ဆေး။ မည်းတူးပေကျံနေတဲ့ အဝတ်စုတ်တစ်ခုနဲ. သုတ်လိုက်တယ်။ ရေကို က သန်.တဲ့ရေနဲ.မှ မဆေးပဲနဲ. ဘယ်လိုလုပ်စင်ပမလဲ။ ပြီးတော့ ဆီတွေဝေ့ပြီး ကျန်နေတဲ့ခွက်ကို အဝတ်စနဲ.သုပ်တယ်။ ဆေးထားတဲ့ အဝတ်စလည်းမဟုတ်ဘူး။ ဒါပေမဲ့ ဗမာပြည်မှာ အဲလိုဟာတွေ ရွေးနေရင် စားစရာတောင် ရှိမှာမဟုတ်ဘူး။ စားသောက်ဆိုင်ကြီးတွေလည်းအထင်မကြီးနဲ။ နောက်ဖေးခန်းထဲမှာ ဆေးချင်သလိုဆေးနေတာ။ မမြင်ရတာပဲရှိတာ။ မျက်စိစုံမှိတ်ပြီးနောက်ထပ်အသုပ်တစ်ပွဲစားခဲ့သေးတယ်။ ဟီးဟီး။
ဝက်ဆီဖတ်နဲ. ငါးဖတ်တွေအများကြီးနဲ. အာပူလျှာပူ အစိုသုပ်ပေးတယ်။ ရှလွတ် ရှလွတ်။
း)
ကဲ ရှိသမျှတင်ပြီးသွားပါပြီ။ မရိုက်ခဲ့ရတာတွေလည်း အများကြီးပွဲ။ ပွဲဈေးတန်းကို အမှတ်တရ ရိုက်ခဲ့ချင်တာ။ နောက် တိုရှည်၊ မုန်.ပျစ်စလက်၊ မုန်.လင်မယား၊ ထမနဲ တွေကို ရိုက်ဖို.မေ့ခဲ့တယ်။ နောက်တစ်ခေါက်ပြန်ရပါစေလို. ဆုတောင်းပေးကြအုံး။ အဲ့ကျမှ ရိုက်ခဲ့ပေးမယ် အဟီး။

စားနိုင်ရင်ကိုယ့်ဖို.
ခိုင်ဝေဇံ

KISEKI Japanese Buffet Restaurant Review

သူငယ်ချင်းတစ်ယောက် ကောင်းမှုနဲ. KISEKI ကိုရောက်သွားပါတယ်။  Orchard Road က The Heeren Center အောက်ထပ်မှာ ရှိတဲ့ outlet ပါ။ သွားတာ က တနင်္လာနေ.။ လူနည်းတယ်။  အေးအေး ဆေးဆေးတိတ်ဆိတ်ပြီးတော့ စကားပြောလို. ကောင်းတဲ့နေရာပါ။ ဆာကူရာတို.လို ရှုပ်ရှပ်ခပ်ပြီး ပုဇွန်လေးတစ်ကောင်ရဖို. လုမနေရဘူး။ ဆိုင်ရဲ. အပြင်အဆင် သားနားတယ်။ အရမ်း COZY ဖြစ်တယ်။ စဝင်တာနဲ. ပိုက်ဆံရှင်းရတယ်။ ဆိုင်ရဲ. AMBIENCE က ၁၀ ပေးရင် ၉ ရနိုင်တယ်။

စဝင်ဝင်ချင်းသတိထားမိတာကတော့ ဆာရှီမီ ကောင်တာပါ။ နဂိုတည်းက ဆူရှီ ဆာရှီမီ ကြိုက်တဲ့သူဆိုတော့ ဘယ်မှမသွားခင် ဆူရှီကောင်တာ သွားပြေးကြည့်ပါတယ်။ ငါးတွေလတ်တယ်။ ဆဲလ်မွန်၊ တူနာ လောက်ပဲ မှတ်မိတယ်။ Threadfin တွေ.သလို.ပဲ။ ပြည်ကြီးငါး။ ဒါလောက်ပဲမှတ်မိပြီး ကျန်တာတွေကတော့ ဘာငါးလဲ သိပ်မသေချာတော့ဘူး။  ကြည့်ရုံပဲ ကြည့်ပြီး ဘာမှ မယူသေးပဲနဲ. တစ်ဆိုင်လုံး လျှောက်ကြည့်သေးတယ်။ အဲဒါ က အကျင့်။ မစားသေးခင် အားလုံး စုံပလုံစိ နေအောင်ကြည့်သေးတာ။ ပြီးမှ ဘာပြီးရင် ဘာစားမယ် ဆိုတာကို စိတ်ကူးနဲ. အစီအစဉ်ဆွဲတယ်။ စားကောင်းတာတွေအားလုံးပါအောင်ပေါ့။ ဘူဖေးဆိုင်ရောက်ရင် ထမင်းကြော်တို. ကြက်သားကြော်တို. ပေါပေါပဲပဲနေရာတိုင်းမှာ ရတာတွေ မစားဖြစ်တော့ဘူး။ မစားဖူးတာ ဆန်းတာလေးတွေ လိုက်စားကြည့်တာပေါ့။

ဆိုင်က တော်တော်ကြီးပြီးတော့ သားနားတယ်။ ဝင်သွားတာနဲ. ကောင်တာလေးတွေ ကိုယ်စီတွေ.တယ်။ အကင်ကောင်တာ၊ ဆူရှီ နဲ. ဆာရှီမီကောင်တာ၊ Salad ကောင်တာ။ ပြီးတော့အရွက် ပုဇွန်တွေကို ကျော်ပေးတဲ့ တာပန်ယာကီလိုပုံစံမျိုး ကောင်တာ၊ Pasta ကောင်တာရယ်။ ဆာတေးကောင်တာ။ ထမင်းဟင်းစားချင်သူတွေအတွက်ကောင်တာတစ်ခု။ ပြီးတော့ စွပ်ပြုတ် နဲ. ဟော့ပေါ့ကောင်တာ။ နောက် ဒင်းဆမ်း ကောင်တာ။ အအေးနဲ. အိုက်စကရင်း အချိုပွဲကောင်တာတွေ တွေ.ခဲ့တယ်။ အဟီး ဒါမျိုးကျ စုံစိနေအောင် မှတ်မိတယ်တွေ.လား။ ထုံးစံအတိုင်း စကားသိပ်မများပဲ ဓါတ်ပုံလေးတွေ ပေးကြည့်ပါမယ်။




ဒါကတော့ ဆိုင်တွင်း အပြင်အဆင် လက်လှမ်းမီသမျှ ရိုက်ခဲ့တာ။

ဆူရှီကောင်တာ။ ရိုက်တဲ့အချိန်က ဆိုင်သိမ်းချိန်ဖြစ်လို. ကုန်တောင်ကုန်တော့မယ်။

ဆာရှီမီငါးတွေ အများကြီးထဲက ကြိုက်တာလေးတွေပါ။ လတ်ဆတ်တဲ့အတွက် စားရတာ အရသာရှိပါတယ်။ တူနာ ငါးကတော့ အစိမ်းမဟုတ်ဘူး။ Soya ဆော့စ်လေးထဲ့ပြီး Seasame seeds လေးတွေဖြူးပေးထားပြီး ကြက်သွန်မြိတ်ကလေး တော့စ်လုပ်ထားတယ်။  တူနာ သိပ်မကြိုက်ပေမဲ့ ခုကမွှေးပြီး (သူများကတော့ ညှီတယ်တဲ့ ဟီးဟီး) ပိုချိုတော့ စားခဲ့တာ အများကြီးပဲ။
အဟီး သွားရည်ယိုချင်စရာလေး။
နောက် Salad ကောင်တာ ကိုသွားကြည့်တယ်။


ပင်လယ်စာကြိုက်သူဆိုတော့ ထုံးစံအတိုင်း Salad ကောင်တာက ပြုတ်ပြီး အအေးခံထားတဲ့ Cold Crab  ပုဇွန်နဲ. Oyster တွေယူချလာတယ်။ အဲဒီလောက်ထိ အရသာမရှိပါဘူး။ လတ်ပေမဲ့ ပလိန်း ပြုတ်ပြီးတော့ ရေခဲပေါ်တင်ထားတာဆိုတော့ နည်းနည်းတော့ ဖွယ်တာပေါ့။ ဒါပေမယ့် စားလို.ရပါတယ်။

နောက်စားဖြစ်ခဲ့တာက တယ်ရီယာကီ ဆော့စ်နဲ. ကင်ထားတဲ့ ပုဇွန်ကင်နဲ. အမဲသား၊ ဝက်သားလွှာတွေဖြစ်ပါတယ်။ ဆော့စ်က အရသာရှိတယ်။ အကင်တွေကို median rare လောက်ပဲလုပ်ပေးပါတယ်။ အရမ်းကျက်အောင် ကင်ချင်ရင် ကင်တဲ့သူကို ပြောခဲ့ရပါတယ်။
ပဲပင်ပေါက် ပဲရွက်ကြော်။
ဆာတေးက စားလို.ကောင်းတယ်။ အများကြီးရှိပေမဲ့ ဗိုက်တင်းနေပြီဆိုတော့ ကုန်သလောက်ပဲယူခဲ့တယ်။

 နောက်ဟော့ပေါ့ စားတယ်။ ချိုတိုတို ဆိုယာဆော့စ်နဲ.လုပ်ပေမဲ့ သောက်လို. ကောင်းတယ်။ စွပ် ၁၀ မျိုးလောက်ရှိတယ်။ ပါတာလေးတွေကတော့ သိပ်မကွာပါဘူး။ Seafood စွပ်ပဲ သောက်ခဲ့တယ်။
နောက်ဆုံး Main Course အစာပိတ်ကတော့ ဂျပန်စတိုင် ကြက်ဥကြော်ဖြစ်ပါတယ်။ ကြက်ဥကို အထဲက Ham ထည့်ပြီးတော့ အပေါ်က katsuobushi (dried bonito flakes) လေး ဖြူးထားတာ။ စားလို.ကောင်းတယ်။ ဆိုင်ရဲ. ရီဗျူးတွေ ဖတ်ကြည့်တော့မှ ဒီဟင်းက Major Highlight ဖြစ်တာသိတယ်။

နောက်အချိုပွဲတွေလာမယ်။
ဒီနားမှာကတော့ Black and white chocolate fondue sauce တွေလုပ်ပေးထားတယ်။ နဂိုတည်းက ချောကလက် ကရေဇီ မဟုတ်လို. မစားဖြစ်ခဲ့ဘူး။
အိုက်စကရင်နဲ.ကိတ်ကောင်တာ။

နည်းနည်းပဲစားခဲ့တယ်။ အဲလောက်ထိ အချိုပွဲခရေဇီမဟုတ်လို.ပါ။ ပြီးတော့ အစားအသောက်တွေမကုန်ရင် ပိုက်ဆံပြန်ပေးရမယ်လို.ရေးထားတာကြောင့်လဲ ဇွတ်မယူရဲဘူး။ ဟီးဟီး။

စိတ်ဝင်စားလို. စားချင်သူများ Kiseki ဆိုင်ရဲ. ရီဗျူးတွေ လိပ်စာ ဒီတေးလ်တွေကို ဒီမှာကြည့်လို.ရပါတယ်။
ဈေးနှုန်းကတော့ 35$ per pax ပါ။ ဘူဖေးအချိန်ကတော့ ညနေ ၆နာရီကနေ ၁၀နာရီခွဲထိပါ။

ဆိုင်ရှေ.မှာအမှတ်တရ

ဒီဆိုင်ကို ၁၀ မှာ ၇ လောက် rate လုပ်ထားပါတယ်။ အဓိကတော့ Great Ambience. အစားအသောက်လတ်ဆတ်တယ်။ ဆားဗစ် ကောင်းတယ်။ သူငယ်ချင်း အရင်း ၃ ၄ ယောက်နဲ. စကားလက်ဆုံကျဖို.ပဲ ဖြစ်ဖြစ် မွေးနေ.ပွဲလုပ်ဖို.ပဲဖြစ်ဖြစ်၊ Business Partners တွေနဲ. စားရင်းသောက်ရင်း အလုပ်အကြောင်းဆွေးနွေးဖို.ပဲ ဖြစ်ဖြစ် သင့်တော်ပါတယ်။ 

စားနိုင်ရင်ကိုယ့်ဖို.
ခိုင်ဝေဇံ