ဆူရှီတေးသို. တခေါက်

တယဲ ၂ကောင် 

ဒီနေ. ညီမတော်က ကျူရှင်လခတွေရလို. လိုက်ကျွေးမယ်တဲ့။ ကျားသားမိုးကြိုး။ ဒါကြောင့်မို. စင်္ကာပူ ရာသီဥတုအေးနေတာ ၂လလောက်ရှိနေတာကိုး။ ကောင်းကင်က အပ်တစင်းနဲ. မြေကြီးနဲ. အပ်တစင်းထိပြီနဲ.တူတယ်။  ရတုန်းစားထားမှ ရတုန်းစားထားမှ။ သူဒီလိုစိတ်ကူးပေါ်တာက ၁၀နှစ်၁ခါ လောက်ပဲရှိတယ်။

အဲဒါနဲ. ဘာစားမလဲဆိုတော့ ထုံးစံအတိုင်း ဆူရှီပေါ့။  Vivo City ကိုသွားမယ်တဲ့။ အိုကေ  ဖြစ်တယ်။ Vivo City မှာ ကောင်းကောင်းကန်းကန်း ဆူရှီဆိုင်ဆိုလို. Sushitae တစ်ခုပဲရှိတာကို။ စားချင်နေတာတော့ ကြာပြီ။ ဈေးသင့်တင့်ပါတယ်။ ညနေစာ စားမယ်ဆိုရင် တယောက်ကို ၃၀ ဒေါ်လာလောက်တော့ မှန်းထားရတာပေါ့။  ဒီဆိုင်က Sake Sushi တို.  Sakura တို.လိုဆိုင်ထက်စာရင် အများကြီးကောင်းပါတယ်။ ဈေးလဲ ဘယ်လောက်မှမကွာဘူး။ အရသာလဲ တော်တော်ရှိတယ်။

နောက်သွားချင်တဲ့ ဆိုင်တဆိုင်ကတော့ Tatsuya ဆူရှီဆိုင်ပါ။ Orchard  က Goodwood Hotel မှာရှိတယ်တဲ့။. မရောက်ဖြစ်သေးပါဘူး။ ဈေးကတော့ တယောက်ကို ၁၀၀ လောက်မှန်းလို.ရပါတယ်။ စင်္ကာပူမှာ အကောင်းဆုံးဆူရှီလို.  Food Review တွေကဆိုပါတယ်။ တွေ.ကြသေးတာပေါ့ ဘယ်လောက်ကောင်းလဲဆိုတာ။ ခုတော့ မစားနိုင်သေးဘူး။ ပိုက်ဆံရှိဝူး။ ဟီးဟီး။


Asama (sashimi set of tuna, salmon and yellow fin)
ဆိုးပါဝူး။ salmon ကတော့ အကောင်းဆုံးပဲ။ တူနာ ငါးက နည်းနည်း ညှီတယ်။ သိပ်မကြိုက်ဘူး။

Spicy Seafood Paper Soup
တခြားဂျပန်ဆိုင်တွေနဲ. ကွာတဲ့ အချက်က ဒီဆိုင်က ဟင်းရည်ကလေးတယ်။ မြန်မာ ပါးစပ်နဲ.တွေ.တယ်။ ဒီတပွဲက ၂ ယောက်အေးဆေး ရှယ်သောက်လို.ရတယ်။ တော်တော် ကောင်းပါတယ်။

 Unagi Toridori
ဂျပန်ဆိုင် ကောင်းမကောင်းသိချင်ရင် ရိုးရိုး ဆူရှီကိုပဲ အရင်မြည်းကြည့်ပါ။ ဒီဆိုင်က ဆူရှီက စားဖူးသမျှထဲမှာ အကောင်းဆုံးလို.ပြောလို.ရတယ်။ 

ဆူရှီအကြောင်းချည်းပဲ ရေးရတာ ပျင်းတယ်။ နောက်တခေါက်ကတော့ Tatsuya မှာ စားပြီးမှရေးမယ်။ ကျန်တဲ့ စားစရာ သောက်စရာတွေဘက်ကို ခြေဦးလှည့်ရအုံးမယ်။ နောက်တရက်နှစ်ရက်ကျရင်တော့ ဆိတ်ရိုးစွပ်ပြုတ် Tulang အကြောင်းရေးအုံးမယ်။ ကိုယ့်အိမ်က Mr. Prata ဆိုင်နဲ. နီးနီးလေးရယ်။ ခွိခွိ။ ရေကန်အသင့် ကြာအသင့်ပေါ့။ 

0 comments: