နေမကောင်းတဲ့နေ.တစ်နေ.

နေမကောင်းတဲ့နေ.အကြောင်းရေးမလို.။

သိတယ်မို.လား။ ရေးတတ်တဲ့လူတွေဆိုတော့ နေမကောင်းတာရေးလဲ ဖတ်ကောင်းတယ်။ အီးပါတာရေးလဲဖတ်ကောင်းတယ်။ သေးပေါက်တာရေးလဲဖတ်ကောင်းတယ်။

သွေးတိုး ဆေးချို စုံနေအောင်ရှိတဲ့ မေမေက ပြောဖူးတယ်။ ဘဝမှာ အဆိုးဆုံးရောဂါက နှာစီးပြီး နှာခေါင်းပိတ်တဲ့ရောဂါပဲတဲ့။ ဘာအနံ.မှမရ စားရတာလဲအရသာမရှိနဲ.တဲ့။ ကျန်တဲ့ဘာရောဂါရရ အစားအသောက်မပျက်ရင်တော်ပြီတဲ့။ ခုအမေ့သမီးလဲအဲအတိုင်းပဲအမေ။း(

မနေ.ထဲက နှာခေါင်းမှာဆူနာမီဝင်နေတာ။ မနက် အိပ်ရာထတော့ နှာတွေလည်း အဆက်မပြတ်စီး လည်ချောင်းတွေနာ ခေါင်းတွေကိုက် တစ်ကိုယ်လုံးကိုက်တော့ ဖျားပြီဟဲ့လို.  လက်ခမောင်းခတ်ပြီး အားရဝမ်းသာ အမ်စီ ယူတော်မူတယ်။ သူဋ္ဌေးအကြောင်းကြား လုပ်ဖော်ကိုင်ဖက်တွေကို အကြောင်းကြားပြီး သကာလ ဆက်ပြီး စက်တော်ခေါ်ပါတယ်။

နိုးလာတော့လည်း စီးလိုက်တဲ့နှာ။ တစ်ကိုယ်လုံးက အရည်တွေပါကုန်ပြီ ထင်ပ။ နဂိုတည်းက မကြီးတဲ့နှာခေါင်း ရောင်ရမ်းနေတာပဲ။ ဖေ့စ်ဘုတ်မှာ နေမကောင်းလို. လူနာလာမေးကြပါလို. မက်စိတင် တာ အတော်ချစ်ကြဟန်တူပါတယ်။ တစ်ကောင်တစ်မြီးမှတောင်မေးဖော်မရဘူး။ ချစ်လှစွာသော ယောင်းမလောင်း တစ်ယောက်ပဲ အဖက်လုပ်ပြီး သစ်သီးပန်းခြင်း (ဓါတ်ပုံ) ပို.ဖော်ရတယ်။

အဲသာနဲ. ညီမလေးက အသစ်ဖွင့်တဲ့ ကလန်မန်တီ မောလ်ကြီးမှာ ဟော်ကာ ဆန်တာပါတယ်။ သွားစားရအောင်တဲ့။ နေမကောင်းလို.မလိုက်ချင်ဘူးပြောတော့ မရဘူး အတင်းခေါ်တယ်။ အတင်းပဲ။
ညီမ..သွားရအောင် ....
ကိုယ်.. မလိုက်ဖူး ငါနေမကောင်းဘူး........
ညီမ...သွားရအောင်ပါဆို...........
ကိုယ်.... အေးအေး ပြီးရော...
အဲဒါနဲ.ပဲသွားကြရော (အတင်းကို ခေါ်ရတာပဲ)။

အဲအထဲကို ရောက် ခေါက်ဆွဲတစ်ပွဲစားပြီး ပြန်အထွက် မီနီတွန်း အရုပ်ဆိုင် အသစ်ဖွင့်ထားတာတွေ.ပါရော။ သူက ဟိုတစ်နေ.က အရုပ်ဝယ်လာတော့ ဒီဆိုင်က ဝယ်လာတာဖြစ်ကြောင်း ကိုယ့်အတွက်လည်း ဝယ်ခဲ့ချင်ကြောင်း ဟိုးဘက်ဒေါင့်က ညိုညို၇ှည်ရှည် ပေါင်တင်(ဖက်လုံး) ရုပ်ကလေးကို ကိုယ့်ဘဲနဲ.တူလို. ဝယ်ပေးမယ်လို. စိတ်ကူးကြောင်း မျေက်ရုပ်ကလေးကလည်း လှကြောင်း ၅၀% ဒစ်စကောင့်ရှိကြောင်းစသည်ဖြင့် မစားရဝခမန်း လေပန်းပါတယ်။ အဲဒီမှာတင် ကိုယ်က တွယ်ကပ်ပြီး အဲဆိုင်က အရုပ်ဝယ်ပေးဖို. တဂျီဂျီတောင်းတော့ သူ.စကားနဲ.သူ ဝယ်ပေးရတော့တာပဲ။



ပြီးတော့ ကလန်မန်တီ တစ်မောလ်လုံး ခွက်ခွက်လန်အောင် တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် လိုက်ကြည့်ကြတာ လိုချင်ဇောတွေနဲ. အဖျားတောင် ဘယ်ထွက်ပြေးမှန်းမသိဘူး။ အင်းကျီဆိုင်ဝယ်လိုက် ဟိုဟာကောက်ကြည့်လိုက် ဒါလေးနဲ. ဟပ်ကြည့်လိုက် ဖိနပ်ဆိုင်ထဲဝင်လိုက် ဟိုတစ်ရံစီးကြည့် ဒီတစ်ရံစီးကြည့် နဲ. တစ်နေ.ခင်းကုန်ပါတယ်။ ဘာာမှလည်းဝယ်တာမဟုတ်။ အိမ်မှာ လက်သည်းနီတော့ပ်ကုတ် ကုန်နေလို. သွားရှာတော့ The Face Shop က ၂.၉၀ ဆိုတာနဲ. ဈေးချိုလို.  သုံးပုလင်း ဝယ်လာခဲ့တယ်။ အဲလို ပိုက်ဆံထွက်သွားတော့မှ အဖျားပြန်ဝင်ပြီး အိမ်ပြန်လာတယ်။



အိမ်ပြန်ရောက်တော့ ခြေထောက်တွေညောင်းကိုက်နေလို. ဘော်ဒီရှော့ပ်က လွန်ခဲ့တဲ့တစ်နှစ်လောက်က ဝယ်ထားတဲ့ Food Message/Deep Cleansing Cream လေးနဲ.နှိပ်နယ်ပြီးတော့ ခြေသည်းနီလက်သည်းနီလေးဆိုးပြီး  စိတ်တွေချမ်းသာသွားတယ်။


အဖျားကတော့ တက်တုန်း။ မနက်ဖြန်ပျောက်ပါစေလို.ပဲ ဆုတောင်းရတော့မှာပဲ။း(

စားနိုင်ရင်ကိုယ့်ဖို.
ခိုင်ဝေဇံ

အပြင်များများထွက်သင့်၏ ။

ဟန်ဆောင်တဲ့ လူတွေကို မုန်း၏။

ကိုယ့်ကို မလှပဲနဲ. လှဟန်ဆောင်တယ်လို.လူတွေက ပြောတယ်။ ဟမ် မှုတ်ပါဘူး။ သူများတို.က ရွက်ကြမ်းရေကြိုလေးကို မိပ်ကပ်နဲ. အဝတ်အစားနဲ. ကျားကန်ထားတာပါ။ ငါ့ဟာငါ ဝယ်ဝတ်တော့ ဘာဖြစ်သေးဒုန်း။ သူ.ပိုက်ဆံသွားသုံးတာလည်း မဟုတ်ပဲနဲ.။  ငါ့ဟာငါ ကျားပဲကန်ကန် ကြောင်ပဲကန်ကန်ပေါ့။ လူတွေများ အားယားနိုင်လွန်းတယ်။ ယားရင် ကုတ်နေ။ စကားသိပ်မရှည်ကြနဲ.။ မိပ်ကပ်လိမ်းတာ အပြစ်လား။ လှတယ်ထင်တဲ့ အန်ဂယ်လ်လေးက ဆွဲရိုက်တယ် ဘာဖြစ်သေးဒုန်း။ မလှတဲ့ ပုံကြီး တင်ရမှာလား။ အပုံ၁၀၀ ရိုက်တဲ့ထဲက ကံကောင်းလို.ထွက်လာတဲ့ လှတဲ့ ၁ပုံကို တင်တာ။ မကျေနပ်ရင် ကျော်ကြည့်။  ဒါဟန်ဆောင်တာမဟုတ်ဘူး။ မလှလှအောင် အပတ်တကုတ် ကြိုးစားအားထုတ်ထားတာ။

အဲ အပေါ်ကဟာကတော့ ဘာရယ်လို.မဟုတ်ဖူး ငါ့ဘလော့မှာ ငါဗိုလ်လို.ပြောချင်တဲ့ သဘောနဲ. အလကားနေရင်းလျှောက်ဆဲကြည့်တာ။ ခုမှ တကယ့်အကြောင်းကစမည်။    ထုံးစံအတိုင်းအစားအသောက်အကြောင်းပေါ့။ အရေးကြီးဒယ်နော် ၂ရက်လောက် ထမင်းမစားပဲ နေကြည့်ပါလား အစားအသောက်အရေးကြီးကြောင်းသိသွားမယ်။  ပြောပြတာပါ။ နိုင်ငံခြားမှာ အလုပ်လုပ်နေရဆိုတာ သူများနိုင်ငံမှာ ကြိုးစားပမ်းစားနဲ. ပင်ပန်းတကြီးလုပ်ကြရတာပါ။ ငါ့အလုပ်က ကုမ္မဏီအကြီးကြီးပဲ  ငါတို.ကအေးဆေးပဲ ဘာညာလုပ်မနေနဲ. ပြုတ်မှခွေးဖြစ်လိမ့်မယ်။ ဒုက္ခရောက်မှ ကိုယ်ချင်းစာတတ်တာ။ များသောအားဖြင့်အားလုံးလိုလို ပင်ပင်ပန်းပန်း လုပ်နေရတာချည်းပါပဲ။ မနက်ကနေ နေတဝင် ကွန်ပျူတာ တစ်လုံးနဲ. တကုပ်ကုပ်လုပ်ပြီး ခါးချည့် နေကြတယ်။  အွန်လိုင်းတက်ပြီးတော့လည်း တာဝန်အရ ချက်တဲ့လူကချက် ကျူတဲ့လူကကျူကြသေးတော့ အိပ်ချိန်ကလည်းနည်းတယ်။ အဲဒါကြောင့် အစားနဲ.ကျားကန်ရမယ်။ ကောင်းကောင်းစား ကောင်းကောင်းသောက် အားရှိအောင် ရွေးစား အားတဲ့နေ.လေးလမ်းလျှောက်။ စိတ်လည်းပျော်ရွှင်တယ်။ လူလည်းကျန်းမာတယ်။

ခုဟာက လုပ်တော့ တစ်ပတ် ၆ ရက်။ စားတော့ အခြောက်အခြမ်းနဲ. ဘဲဥနဲ.။ နေတော့ ၂ ပေပတ်လည်အခန်းမှာ နှစ်ထပ်ခုတင်နဲ.။ အိပ်တာက တစ်နေ. ၄နာရီ။ ကိုယ်လက်လုပ်ရှားမှုလား အိမ်ကနေ ဓါတ်လှေကားကို လမ်းလျှောက်တယ်လေ (ဟင် ချွေးတွေဘယ်စီး ညာစီးနေမှာပေါ့) အဲဒီလို လုပ်နေလို.တာကတော့ ဘယ်လိုလုပ်ဘဝ ကြီးကနေပျော်မှာပါ့မလဲ။ ရောဂါရမှာသေချာတယ်။ ခံနိုင်လှ လေးနှစ်ပေါ့။ ပြီးရင် လျှောမှာပဲ။ တကယ်ပြောတာ။ အိမ်အတွက် ပို.တယ်။ သားသမီးအတွက် ပို.တယ်။ မိဘအတွက်ပို.တယ်။ ကိုယ့်အတွက်ကော။ ကိုယ်စဉ်းစားမိရဲ.လား။ ကိုယ်ရောဂါဖြစ်တော့ ဘယ်သူလာပို.ပေးမလဲ။ ကိုယ်စိတ်မပျော်တော့ ဘယ်သူလာချော့ပေးလို.လဲ။ ကိုယ့်ဘာကို ပျော်အောင်လည်းနေရတယ်။ ကိုယ်ကျန်းမာမှ စိတ်ကချမ်းသာမှာ။ အဲဒါမှ လုပ်နိုင်ကိုင်နိုင် ရှိမယ်။ ပိုက်ဆံများများရှာနိုင်မယ်။ မှုတ်ဘူးလား။

ကိုယ်အလုပ်ပင်ပန်းတော့ ခဏခဏနေမကောင်းဖြစ်တယ်။ အခုအဲဒါကြောင့် ခုတလော ကိုယ့်ကိုယ်ကို ဂရုစိုက်ပေးတယ်။ အစားများများစားတယ် (အစက မစားတာကျလို.)။ လမ်းတွေဘာတွေ ထွက်လျှောက်တယ်။ အပြင်ထွက်လည်တယ်။ သူငယ်ချင်းမိတ်ဆွေ အပေါင်းအသင်းတွေနဲ. ဆုံပြီး ဟိုပြောဒီပြောနဲ. ကိုယ့်စိတ်ကို ပျော်အောင်နေတယ်။ ဗီတာမင်ဆေးတွေ Supplement တွေသောက်ပေးတယ်။ အရမ်းပင်ပန်းရင် ကြက်ပေါင်းရည် တို. ဘာတို. သောက်ပေးတယ်။ နွားနို. နို.ချဉ် စတာတွေ စားပေးတယ်။ နို.ချဉ်က စားလို.လည်းကောင်းတယ် မျက်နှာမှာလည်း လိမ်းတယ်။ ပျားရည် သောက်တယ်။ လှတာက ထူးပြီးတော့မလှလာပါဘူး။ ဒါပေမယ့် အလုပ်ပင်ပန်းရင် ခံနိုင်ရည်ရှိတာပေါ့။ အမှန်က အဓိက အအိပ်မှန်ရမှာ ကိုယ်က အအိပ်မမှန်ဘူးဖြစ်နေလို. အစားလေးဝိုင်းကူပေးတာ။ ဘဝကို ပင်ပန်းပေမဲ့ ပျော်ပျော်ပဲ ဖြတ်သန်းရတာကောင်းပါတယ်။ မဟုတ်ဘူးလား။ ကိုယ့်မိသားစုအတွက် ထောက်ပံ့နိုင်ဖို. အရေးကြီးသလို ငါပဲလုပ်နေရတယ် ငါပဲ အပင်ပန်းခံနေရတယ် ဆိုတဲ့စိတ်တွေ ဝင်မလာဖို.လဲ လိုသေးတယ်လေ။ အဲဒီအတွက် ရောက်တဲ့နေရာမှာ ပျော်အောင်နေတတ်ရတယ်။ သူများတော့ သိဘူး။ ကိုယ်တို.က တော့ ချေးကျရာ ပျော်တဲ့လောက်လိုပဲ။ ရခိုင်ပြည်နေတော့လည်း ပျော်တယ်။ ရန်ကုန်ကျတော့လည်း ပျော်တယ်။ မန်းလေးရောက်တော့လည်းပျော်တယ်။ ဖားအံမယ်နေတော့လည်းပျော်တယ်။ ပခုက္ကူနေတော့လည်းပျော်တယ်။ ခုစင်္ကာပူနေတော့လည်း ပျော်တာပဲ။ အီသီယိုးပီးယားသွားရင်လည်း (စားနေရရင်) ပျော်မှာပဲထင်တယ်။  သိပ်စိတ်မဆင်းရဲတတ်ဘူး။

ဒီ weekend လေး နှစ်ရက်ပိတ်တော့ ဘော်ဘော်သရဲတွေနဲ. ဟိုလျှောက်သွား ဒီလျှောက်သွားပေါ့။ ဘော်ဘော်သရဲ ရယ်လို.တော့ မဟုတ်ပါဘူး။ ကလေးသွားထိန်းတာပေါ့။ အားလုံးကိုယ့်ထက်အငယ်တွေချည်းပဲ။ သို.သော်လည်း ပေါင်းလို.ဖြစ်ပါတယ်။ ရခိုင်အဖွဲ. တွေဆိုပါတော့။ စတိတ်ရှိုးအတွက် အကတိုက်မလို. ဆိုလို. moral support ပေးဖို.လိုက်သွားတာ။ မနက် ၁၂ခွဲ အိမ်က ထွက်တာ ၇ နာရီမှ အိမ်ပြန်ရောက်တယ်။ ဟုတ်ကဲ့ အကတိုက်တာက နာရီဝက်ပါ။ ကျန်တာက စားလိုက် သောက်လိုက် လေပန်းလိုက် အာလူးပွားလိုက် ဟိုနားသွားလိုက် ဒီနားသွားလိုက် စီးတီးဟောမှာ အပေါ်တက်လိုက် အောက်ဆင်းလိုက် လူပျောက်ရှာလိုက်နဲ. ကုန်သွားတာ။ အဟင်း။

ရနံ.သစ် ဒံပေါက်။ Little India မှာစားခဲ့ရတဲ့ ကုလားဒံပေါက်ကလွဲရင် အကောင်းဆုံးပဲ။ ကျန်တဲ့ ဒံပေါက်တွေက Sucks!
ရနံ.သစ်သွားရင် ဘယ်တော့မှ မာလာဟင်းမစားနဲ.။ မန်းလေးစတိုင်ကို လုံးဝမမှီဘူး။ အရမ်းငံတာပဲ။ ကိုယ်က ရတနာကျော်ဆန်းကို သွားပြီး ဒါလေးစားပါလားလို.(အမှန်က ကိုယ်စားချင်လို.) ပြောမိတာ အားတောင်နာတယ်။ မကောင်းလွန်းလို.။း(

ဒါက ဆနွင်းမကင်း။
ဒါက ထောပတ်သီးဖျော်ရည်။ အချိုများတယ်။ သောက်လို.တော့ ကောင်းပါတယ်။ နောက် အချိုလျှော့ခိုင်း၇မယ်။
ဒါက ကိုယ်စားတဲ့ ကြက်တောင်ပံ ။ တစ်ပွဲကို ခြောက်ကျပ်ပဲပေးရပြီး ရှစ်ခုတောင်ပါတယ်။ မဆိုးဘူး။ စားပျော်တယ်။း)


 ရနံ.သစ်က ပင်နီဆူလာပလာဇာ Basement 1 မှာရှိပါတယ်။ အထူးမိတ်ဆက်စရာ လိုမယ်မထင်။

ပြီးတော့ အကသွားတိုက်ကြတာပေါ့။ နာရီဝက်လောက်။ 

ပြီးလည်းပြီးရော ထုံးစံအတိုင်း ဒူးရင်းသီးနားသွားပြီး ဓါတ်ပုံရိုက်ကြပြန်တာပေါ့။  Esplande ထဲက ဝင်သွားရတယ်။

  
ဘာကြီးလဲ ဟုတ်လား။ သူများလဲ ဘယ်သိမလဲ။ အနုပညာ လက်မှုလက်ရာတွေ ခင်းကျင်းပြသထားတာနေမှာပေါ့။ ကိုယ့်မျက်စိထဲမယ်တော့ တရုတ်အသုဘနဲ. တူတယ်။

ထုံးစံအတိုင်း ဖုန်းစုတ်လေးနဲ. လက်သရမ်းထားတာပေါ့။ သီးခံ သီးခံ မကြာခင် ကင်မလာ အကောင်းစားကြီး ဝယ်မှာ (အဲလိုပြောလာတာ ၅နှစ်ရှိပြီ)။

နောက်ထပ်ပုံတွေက ကျန်တဲ့လူတွေဆီကရမှ တင်လိုက်မယ်။း) အခုတလော သူများဓါတ်ပုံတွေတင်တင်ချင်နေတာ အတင်းပဲ။ ကိုယ့်ဓါတ်ပုံပါရင် လာများဖတ်ကြမလားလို.ပေါ့။ ဘလော့ ဒစ်စကောင့်ချတဲ့သဘော။း) နောက်တင်စရာတွေရှိသေးတယ်။း) 

စားနိုင်ရင် ကိုယ့်ဖို.
ခိုင်ဝေဇံ

ထမင်းစားဖိတ်ခံရခြင်း

၂ ပတ်လုံးလုံး စက်တစ်လုံးနဲ. နပန်းလုံး (လုံးတွေများနေတယ် ခွေးလွှတ်ပေးကြပါ) ပြီးတဲ့ နောက် စိတ်ထောင်းကိုယ်ကြေသွားတယ်။ အစကတော့ အိုတီမရ ဘာမရ နဲ. အလုပ်ကိုဆင်းအုံးမလို.ပဲ။ မြတ်ရှင်က ခေါ်တယ်။ မရွတ်စိနဲ. ပိန်းနှဲစိ ချက်တယ်။ သပြုသီး (ရခိုင်အခေါ် ဒပြုတ်သီး) ချက်တယ်လို. တစ်ခွန်းပြောတာနဲ. Lake Side ကို ဒုံးစိုင်းပြီးရောက်သွားရော။

စကားမစပ်. ပထမဦးဆုံး အဖြူဝမ်းဆက် ဝတ်သွားတဲ့နေ.ဆိုပါတော့။း) တစ်ခါမှ မဝတ်ဖူးဘူး။ စိတ်ရူးပေါက်လို. (ဝတ်စရာလည်းမရှိတော့ဘူး) ဝတ်သွားတာ။ တစ်မျိုးကြီးဖြစ်နေတယ်။ လူတွေအားလုံးကိုယ့်ကို ဝိုင်းကြည့်နေတယ်လို.ခံစားရတယ်။ အင်း ဒါလည်းရောဂါပဲ။ ကို.ရိုးကားရားကြီးဖြစ်နေသလိုပဲ။ ဒါပေမဲ့နေလို.ကောင်းတယ်။ အင်းကျီပွတာကိုး။

မြတ်ရှင်တို.အိမ်မှာ ကင်မရာ သရမ်းထားတာ။ လှတော့ လှဝူး။ ဒါပေသိ ပြချင်တဲ့ အရာအားလုံးပါတယ်။ အင်းကျီရယ် လက်သည်းနီ (လက်သည်းပြာ) ရယ်စသည်ဖြင့်ပေါ့။

မရွတ်စိ မစားရတာကြာပေါ့။ ဒီမှာရှိပါတယ်။ အစိုတွေပေါ့။ ဒါပေမယ့် မချက်စားဖြစ်ဘူး။ မလေးဆိုင်တွေမှာ ချက်တာတွေ.ပေမဲ့ အုန်းနို.နဲ.ဆိုတော့ ချိုချိုကြီးတွေ။ စားလို.ကောင်းဘူး။ ပိန်းနှဲစိကိုလည်း ချက်မစားရတာကြာပြီ။ ရခိုင်နေတုန်းမယ် တော့ အတင်းစားတာပေါ့။ အိမ်မှာ ပိန်းနှဲပင်တွေက လည်း ဟီးဟီးထနေတာကိုး။ ပိန်းနှဲပင်က တက်လို.မကောင်းဘူး။ ပရွက်စိတ်အတင်းပေါတယ်။ ဒါကကြုံလို.ပြောပြတာ။ သိကြလားမသိပါဘူး မရွတ်စိ မရွတ်စိနဲ.ပြောပြောနေတာ။ ခရုတစ်မျိုးပါပဲ။ ဗမာလို ဘာခေါ်တယ် မပြောတတ်ဘူး။ ဓါတ်ပုံပဲ တင်ပေးလိုက်တော့မယ်။
ရှယ် ကောင်းမှကောင်း မြတ်ရှင်လက်ရာတိုးတက်လာ၏။ များများချက်ပါ။ များများလာစားပေးမည်။
သပြုသီးဟင်းရည် ။ ပုံသာဘာမှမဟုတ်တာ။ သောက်ကြည့်မှ ကောင်းမှန်းသိမှာ။
ကြက်ယက်ဟင်း (ဗမာလို အခေါ်မသိ)။ စစ်တွေမှာ အရမ်းပေါတယ်။ ကံကောင်းထောက်မစွာနဲ. ဒီမှာတခါတလေ ဝယ်လို.ရတယ်။ အရမ်းချိုတယ်။
ငါးနီတူခြောက်သုပ်။ ချဉ်ချဉ် ငံငံ စပ်စပ် ကောင်းမှကောင်း။
ထမင်းဖိတ်ကျွေးတဲ့ မြတ်ရှင်ကို ကျေးဇူးတင်တယ်။ သူ.အမျိုးသား ကိုစံထွန်းအောင်က ပါးပူကို ထမင်းကျွေးလို.ကောင်းတယ်။ အားရပါးရစားတယ်လို.ပြောတယ်တဲ့။ များများခေါ်ကျွေးပါ။ အား၇အောင် စားပြမယ်။း)

စကားမစပ် မရွတ်စိ အခြောက်နဲ. ငါးနီတူ ခြောက် ကို ပင်နီဆူလာ ငါးထပ်က ဓညဝတီဆိုင်မှာ ဝယ်လို.ရပါတယ်။ မနက်ဖြန် အဲဆိုင်မှာ ငါးမန်းသားခြောက်သုပ်နဲ. သခွပ်ပွင့်သနပ်သွားစားပါမယ်။ ဒါက လျှပ်တပြတ် ကြော်ငြာဝင်တာ။ 

စားပြီးတော့ ထမင်းလုံးစီပြီး မြတ်ရှင်တို. အိမ်မှာ တရေးတမော အိပ်သေးတာ။ ပြီးတော့ အလုပ်သွားမယ်လို.စီစဉ်ထားပေမဲ့ ထုံးစံအတိုင်း အပျင်းထူသွားတာနဲ. မသွားဖြစ်တော့ဘူး။ ဗိုက်ကလည်း လေးနေရောပဲ။ အိမ်လည်းမပြန်ချင်ဘူး။ Lake Side က Chinese Garden နဲ.နီးတာဆိုတော့ လမ်းလျှောက်ထွက်ရအောင် ဆိုတာနဲ. မထွက်ချင်ဘူး တဲ့ မြတ်ရှင်က အင်း အဲလုပ်နေသေးတာ။ ကိုကို.ကို စောင့်ရအုံးမယ်လေး ငါမရှိရင် သူထမင်းစားမှာမဟုတ်ဘူးလေး ဘာလေး နဲ.။ ချစ်စ ခင်စ ချစ်စ ခင်စ။ မနာလိုထှာကွယ်။ ဒါပေမဲ့ အတင်းခေါ်တော့လည်း လိုက်လာရှာပါတယ်။ နောက်ဆံ တငင်ငင်နဲ.ပေါ့။ အောင်မျိုးဥ က ဖုန်းလှမ်းဆက်တော့ လိုက်ပါမယ် ဆိုတာနဲ. အန်တီတွေကြား ကန်.လန်. ကန်.လန်.ပါလာရော။ ဒါနဲ. Chinese Garden ကိုချီတက်သွားကြတယ်။
သာမီးဖုန်းနဲ.ရိုက်တာ လှဒယ်နော် နော်။ အမှန်က စွန်လွှတ်တာကို ရိုက်တာ စွန်မပေါ်ဘူး။း( တေးတေးလေးပဲပေါ်ဒယ်ကွယ်။ ငါ့နှယ်။
ရှိသမျှ ရသမျှလေးပုံတွေ တင်ပေးလိုက်တယ်။ ကင်မလာ တစ်လုံးကတော့ ဝယ်မှကို ဖြစ်မယ်။ ညနေစောင်းသွားရင် ကိုယ့်ဖုံးက သုံးလို.မရတော့ဘူး။း(

လမ်းလျှောက်ပြီး အပြန် (ကျန်းမာရေးလိုက်စားတဲ့လူတွေဆိုတော့) Chinese Garden MRT ရှေ.က Steamboat ဆိုင်မယ် ဝင်စားခဲ့ကြသေးတယ်။ လမ်းလျှောက်တော့ ဗိုက်ချောင်သွားတာကိုးလို.။




ပုံမှန် ဆိုင်ပါပဲ။ အကောင်းကြီးတော့မဟုတ်ဘူး။ ဒါပေမဲ့ ဈေးချိုတယ်လေ။ ၁၆.၈၀ ကျပ်ပဲ ပေးရတယ်။ သူများတွေက အနည်းဆုံး ၁၈ ကျပ်ယူတာကိုး။ နောက်တစ်ခု သဘောကျတာက ဂဏန်းချိုလို.။ လတ်လည်းလတ်တယ်။ မိုက်တယ်။ တုန်ယမ်း စွပ်က သိပ်တော့မကောင်းဘူး။ ဒါပေမဲ့ မဆိုးပါဘူး။


တစ်ပတ်လုံးလုံး မောကြီးပန်းကြီး အလုပ်လုပ်ထားတာ ၂ ရက်လောက်တော့ နားသင့်တာပေါ့နော်။ မနက်ဖြန်လည်း သွားစရာတွေရှိသေးတယ်။း) စားစရာတွေလည်း ရှိသေးတယ်။ တင်ပါအုံးမယ်။း)

စားနိုင်ရင်ကိုယ့်ဖို.
ခိုင်ဝေဇံ

တို.များငယ်ငယ်တုန်းက (၄)

အခုဆိုရင် မောင်တောကိုရောက်ပြန်ပြီပေါ့။ မောင်တောမှာ ဟိုးငယ်ငယ်လေးက နေဖူးခဲ့တာဆိုတော မှတ်မိသလိုလိုရှိပေမယ့် တကယ်တမ်းရောက်လာတဲ့အခါ တစိမ်းပြင်ပြင်ခံစားရပါတယ်။ မောင်တောက မြန်မာပြည်အနောက်ဖက်စွန်းဆုံးလို.ပြောရမယ်ထင်တယ်။ ဘင်္ဂလားဒေ့ခ်ျနဲ.ဆက်စပ်နေတယ်။ ရခိုင်ပြည်နယ်ထဲက မြို.ဆိုပေမဲ့ ကုလားတစ်ဝက် ရခိုင်တစ်ဝက် နေကြတာပါ။ ခုဆို ကုလားကတောင် ပိုများနေပြီထင်တယ်။

ဟိုအရင်တုန်းက နေတဲ့ ကုလားဗလီနားမှာပဲ ပြန်နေရပါတယ်။ ကုလားဗလီက မြန်မာပြည်မှာတွေ.ဖူးသမျှထဲက အကြီးဆုံးပဲ။ ညနေညနေ ၆နာရီဆို အလ္လာ ဝက်ကဘိုင်(ကိုယ်ကြားတာ ဒါပဲကြားတာ မှားနေရင်လည်း သည်းခံပေးပါ) ဆိုပြီးတော့ သံရှည်ဆွဲပြီး ဘုရားစာရွတ်သံကြားရတယ်။ တစ်မျိုးနားထောင်လို.ကောင်းပါတယ်။ ကုလားဗလီနားဆိုတော့ ကုလားဆိုင်တွေချည်းပဲ။ အစတုန်းက ကြောက်သလိုလိုရှိပေမဲ့ အိမ်နားမှာ ရဲစခန်းရှိတော့ စိတ်သက်သာရာရပါတယ်။ သူတို.လည်းလူပဲ သဘောကောင်းတဲ့လူ တွေ အများကြီးရှိတယ်။ ကုလားမတွေက ယောက်ျားရိုက်လို. ခဏခဏ ရဲစခန်းလာတိုင်တာတွေ.တယ်။ အိမ်နားက ဆိုက်ကားနင်းတဲ့ မိုဟက်မက် ခါလီဆိုတဲ့ ကုလားဆိုရင် မယား ၃ ယောက်ရှိပါတယ်။ ကလေးက ၁၀ ယောက်ရှိတယ်။ ညနေတိုင်း မယားနဲ.ကလေးတွေကို ဆိုက်ကားပေါ်တင်ပြီး လေညှင်းခံထွက်တယ်။ လေညှင်းရမရတော့မသိဘူး လျှာထွက်နေတာပဲမြင်တယ်။ နည်းတဲ့လူအုပ်မှ မဟုတ်တာ။ မောင်တောက ကုလားမတွေက ယောက်ျားရပြီဆိုတာနဲ. မျက်နှာအားလုံးအုပ်တဲ့ ဝတ်ရုံတွေဝတ်ရပါတယ်။ တစ်ချို.ဆို မျက်လုံးတောင် အုပ်ထားလိုက်သေး။ ဘယ်လိုများနေကြတယ်မသိဘူးအထဲမှာ။ အဲဒါကို အရပ်စကားနဲ. ဘူခြုပ်တယ်လို.ခေါ်တယ်။ ပါပါကတော့ ဒုံးပျံလို.ခေါ်တယ်။ အစ်လို.ခေါ်တဲ့ ကုလားပွဲကျလို.ကတော့ စားလိုက်ရတဲ့အမဲသား။ သွားတောင်အောင့်တယ် ဝါးရတာ။ အဲအဲ ကိုယ့်အကြောင်းကိုယ်ဆက်အုံးမယ်။

မောင်တောကိုရောက်တော့ ၇တန်းပေါ့။ တက်တာက အမှတ် ၁ အလယ်တန်းကျောင်းမှာ။ ဘယ်ရပ်ကွက်ရယ် ဘာရယ်တော့မမှတ်မိတော့ဘူး။ ကုလားရွာထဲမှာ ဆိုတာပဲသိတယ်။ ကျောင်းကြီးက ကွင်းပြင်ကြီးထဲမှာ အကျယ်ကြီးပဲ။ မိုးရာသီဆို ရေတွေ ပေါင်လယ်လောက်ရောက်တယ်။ အနီးအနားကုလားရွာဆိုတော့ ပေါလိုက်တဲ့ အီးပုံ။ ရွှေရှာသလိုရှာပြီးသွားရတယ်။  သတိ မလွတ်လိုက်နဲ. လွတ်လိုက်ရင် ဗြွတ်ခနဲပဲ။ ကျောင်းအကြောင်းစဉ်းစားလိုက်ရင် ကျောင်းက အိမ်သာတွေသွားပြေးမြင်တယ်။ ညစ်ပတ်ပုံ ညစ်ပတ်ပုံ။ ကျောင်းမှာ နေ.လယ်နေ.ခင်း မုန်.စားလွတ်ပြီဆို ကုလားပဲ( ရခိုင်လို မြင်းစားပဲစိ)နဲ. ခေါက်ဆွဲကြော်။ ဘိန်းမုံ. ။ မုန်.တီသုပ်ပြီး ဗာဒံရွက်နဲ. ထုပ်ထားတာလေးတွေရောင်းပါတယ်။ ကိုယ်ကတော့ အိမ်က ထမင်းဘူး မုန်.ဘူးအမြဲတမ်းထည့်ပေးပေမဲ့ စားချင်ဘူး။ အဲဒီ ရွှံ.အလူးလူးမြေမှာ ထိုင်ရောင်းတဲ့ အစားအစာတွေကို တမက်တမောနဲ. စားချင်တာ။ သူငယ်ချင်းတွေက တော့ ခင်ဝေဝေထွန်း (သူတို.အိမ်မှာကိုယ်ကကျူရှင်တက်တယ်)၊ ဘတ်ဘတ် (ဖြူနုအေးထင်တယ်) မစမ်းရီ ၊ ဝိုင်းဝိုင်း၊ တင်ဇာနွေးနွေး) ကျန်တဲ့သူတွေမေ့ကုန်ပြီ ။ ယောက်ျားလေးထဲက ဗန်းသာသား အောင်ထူးရယ် နောက်ပြီး ဖိုးထူးရယ် နှစ်ယောက်ပဲသိတော့တယ်။ ကိုယ်အရမ်းမေ့တတ်တယ်။ အရမ်းခင်ခဲ့တဲ့ သူငယ်ချင်း ၈ယောက်လောက်ရှိပါတယ်။ ကျောင်းတူတူ ကျူရှင်တူတူ။ နာမည်တွေမမှတ်မိတာအားနာတယ်။ ကိုယ်အဲတုန်းက အရမ်းအရုပ်ဆိုးတယ်။ မည်းတူးပြဲလန်နေတာပဲ။ အမေက နို.သည်အင်းကျီအရှည်ကြီး တွေခြုပ်ခြုပ်ပေးတယ်။ ကို.ရို.ကားရားပုံစံကြီး။ ဘာကြောင့်သိလဲဆိုတော့ ဓါတ်ပုံသူငယ်ချင်းတွေနဲ. စုရိုက်ထားတဲ့ပုံရှိလို.။ ဒါငါပါလားလို.မယုံနိုင်ဘူး။ အဲဒီဓါတ်ပုံတွေကို ဖွက်ဖွက်ထားတယ်။ ဒါပေမယ့် အမေက စိတ်ကူးပေါက်ရင် ပေါက်သလို မိသားစု ဓါတ်ပုံအလ်ဘမ် ထဲမှာ ကားကားကြီးထည့်ထားတတ်တယ်။ အဲဒီပုံတွေကိုတင်ဖို.သတ္တိရှိစမ်းစေချင်တယ်။ သူငယ်ချင်းတစ်အုပ်လုံးထဲမှာ အလှဆုံးက တင်ဇာနွေးနွေးပါ။  ဗမာပြည်ဘက်က ပြောင်းလာတာဆိုတော့ ဝတ်ပုံစားပုံကအစ အားလုံးကွာတယ်။ ရုပ်လေးကလဲ ချစ်စရာလေး။ အခုတော့ အဲဒီတင်ဇာနွေးနွေးနဲ. ဆယ်တန်းကျောင်းနေဖက် မောင်ဖြိုးဝေနဲ. အကြောင်းပါသွားတယ်လို.ကြားပါတယ်။

အမှန်က ၇တန်း ၈တန်းဆို မိန်းကလေးတွေ အပျိုအရွယ်လေးဖြစ်လာပြီး ပဲစများလာပေမဲ့ ကိုယ်က ဒုံရင်းက ဒုံရင်းပဲ။ လှဖို.ပဖို.နေနေသာသာ မျောက်ရှုံးအောင်ဆော့တုန်းပါပဲ။ ဘောလုံးကန်တယ်။ အိမ်ပတ်ပတ်လည်က ကလေးတွေနဲ. စစ်တိုက်တမ်းဆော့တယ်။ အိုးပုတ်လည်းဆော့တုန်း။ ဘယ်သူမှဆော့စရာမရှိရင်း ရေအိုင်ထဲဆင်းပြီး ငါးဖမ်းတယ်။ ရှပ်ပြာ ရှပ်ပြာလည်းဖြစ်လာတယ်။ ထူးဆန်းတာကတော့ အပင်မြင်တိုင်းတက်ချင်တဲ့ အကျင့်ရလာတာဖြစ်ပါတယ်။ အိမ်မှာ အိပ်ချိန်ပဲနေပြီး အိမ်ခေါင်းရင်းက ကုက္ကိုလ်ပင်ထက်တက်ပြီး အိမ်ဆောက်ြပီး အဲမှာပဲနေတော့တယ်။  အမေ့ပါတိတ်ထဘီတွေနဲ. နံရံကာထားလို. ဆော်ပလော်တီးခံရသေးတယ်။ အဲဒီအချိန်တုံးကတော့ ညီမလေးက တော်တော်ကို မုန်းစရာကောင်းတဲ့ ၁တန်း ၂ တန်းအရွယ်လောက်ရောက်နေပြီပေါ့။ သွားတွေကျိုး စကားပြောလည်း ပြန်ပြော နားမထောင် စတာတွေရှိလာတယ်။ သူ.ကို ပြန်မြင်ယောင်ကြည့်တာ မမှတ်မိဘူး။ နှုတ်ခမ်းထော်လော်နဲ. ရန်တွေ.နေတဲ့ မြောက်ဦးကပုံပဲ ပြန်မြင်ယောင်တယ်။ သူကတော့ ကိုယ်သူ.ကို တော်တော်နှိပ်စက်တယ်လို.ပြောတာပဲ။ သူဟော်လစ်မှုန်.စားချင်တယ်ဆိုလို. ကုက္ကိုလ်ပင်ပေါ်ကနေ ဟော်လစ်မှုန်.တွေ ကြဲချပေးပြီး သူ.ကို အောက်ကနေ ပါးစပ်ဟ ခိုင်းထားတယ်လို.ပြောတာပဲ။ သူကလည်း အပိုနည်းနည်းပြောတတ်တာ ဆိုတော့ ဟုတ်မဟုတ်မသိဘူး။ ဟောလစ်မှုန်.ကြဲချတာတော့သိတယ်။ ဟီးဟီး။

မောင်တောက ရွာတွေကထူးဆန်းတယ်။ အလယ်ရွာ ချတာရွာ နှစ်ခုပဲမှတ်မိတယ်။ အမေတို.က မောင်တောမျိုးတွေဆိုတော့ တစ်မြို.လုံးနီးပါးကို အမျိုးတွေစုနေပါတယ်။ အယွေချေ (အဒေါ်)တို. အဘောင်ရှင်တို.ရှိတယ်။ ဝမ်းကွဲညီမ သူဇာကျော် တို.ရှိတယ်။ အရင်းနှီးဆုံးတွေပဲ မှတ်မိပါတယ်။ ပါပါနဲ.မေမေ မင်္ဂလာဆောင်တုန်းက လက်မှတ်ထိုးပေးတဲ့ အရီးသိန်းကျော့ဦးတို.လည်းရှိတယ်။ အမျိုးတွေပဲ။ မောင်တောမျိုးတွေက ကိုယ့်အမျိုးထဲကပဲ အချင်းချင်းပြန်ယူကြတာများတော့ အမျိုးရှုပ်တယ်။ တစ်ခါတစ်လေ နှစ်ထပ်သုံးထပ် တော်တာမျိုးတွေရှိတယ်။ တစ်မြို.လုံးလဲ တစ်ယောက်နဲ.တစ်ယောက်သိကြတယ်။ မောင်တောက လူတွေကို  စစ်တွေဘက်ကလူတွေက အနောက်သားလို.ခေါ်ကြတယ်။ ကိုယ်တို.ဆို အနောက်သမ ဆိုပြီးခေါ်ကြတာပေါ့။ ဘာအဓိပါယ်လည်းတော့သိပါဘူး။ အနောက်ဘက်ဆုံးကျလို.နေမှာပေါ့။ မောင်တောမှာ ဟိုဟိုဒီဒီသိပ်သွားစရာမရှိပါဘူး။ အလယ်သံကျော်တစ်ခေါက်ရောက်ခဲ့တယ်။ သောင်ပြင်လိုလို မြစ်ကမ်းလိုလို တစ်နေရာပဲ မှတ်မိတော့တယ်။ ကျန်တာသိပ်မမှတ်မိဘူး။

သေချာမှတ်မိတဲ့နေရာတစ်ခုတော့ရှိတယ်။ မောင်တောအထွက်မှာ ရှိတဲ့ ၄ မိုင်ဆိုတဲ့နေရာလေးကိုပါ။ ကိုယ်တို.စကားနဲ.ဆိုရင် မြောင်ကိုသွားကြမယ်လို. ပြောလေ့ရှိတယ်။ မောင်တောက ရေမြေအင်မတန်ကောင်းပါတယ်။ စိမ်းစိုပြီးတောင်တွေပေါတယ်။ တစ်ခါတစ်ခါ ဘူးသီးတောင် မောင်တောလမ်းပေါ်မှာ ဆင်အုပ်ကြီးတွေတောင်တွေ.ရတတ်တယ်။ ၄ မိုင်ကကျတော့ တောင်ကုန်းလေးတွေ ဆင့်နေတဲ့ နေရာပေါ့။ တောင်ကျချောင်းလေးတွေလည်း ဟိုတစ်ခုဒီတစ်ခုရှိတယ်။ သစ်ပင်သစ်တော အုပ်အုပ်ဆိုင်းဆိုင်းနဲ. အေးတယ်။ အဲဒီတောင်လေးတွေပေါ်မှာ ရာသီအလိုက် တဲလေးတွေဆောက်ပြီး တောင်ယာလုပ်တဲ့ မိသားစုတွေရှိတယ်။ အဲဒီတဲလေးတွေကိုနွေရာသီဆို သွားပြီး ထမင်းချက်စားကြတာပါ။ မိသားစုလိုက်ပေါ့ မိတ်ဆွေအပေါင်းအသင်းတွေရောပါသေးတယ်။ ဗမာပြည်ဘက်မှာတော့ ပစ်ကနစ်ထွက်တယ်လို.ပဲ ပြောမလားပဲ။ ကိုယ်တွေဆီမှာတော့ ထမင်းသွားချက်စားကြမယ်ဟေ့လို.ပြောတယ်။ အိုးတွေခွက်တွေ သောက်ရေတွေသယ်သွားတယ်။ ဆန် ဆီ ဆား ငရုတ်ကြက်သွန်သယ်သွားတယ်။ ဒါပဲ။ ကြက်သားပဲ ချက်စားကြတာများတယ်။ ကြက်ကတောကြက်တွေလေ ချိုသလားမမေးနဲ. ဒီက ကြက်သား ဖြူစုတ်စုတ် ဘတ်ပြဲ တွေနဲ. နံသာဆီနဲ. အီးလောက်ကွာတယ်။ ကြက်ကို တောင်မတက်ခင် ရွာထဲမှာ ဝယ်ပြီး ဟာလာ လုပ်လာရတယ်။ ကာလသဟင်းအချက်များတယ်။ ဘူးသီးက ယာခင်းထဲက ချိုးရုံပဲ။ ယာခင်းရှင်ကို ပိုက်ဆံနည်းနည်းပေးလိုက်ရင် အားလုံးကြိုက်တာယူစားလို.ရပါတယ်။ ဘူးညွန်. နုနု ထွားထွားတွေကို အရည်သောက်လေးချက်ကြတယ်။ ကိုယ်တို.သွားနေကျ ယာခင်းရှင်က ငှက်ပျောစိုက်တော့  သီးမွှေး ဖီးကြမ်း အချိုတည်းဖို.က အဆင်သင့်။ ပြီးရင် သင်္ဘောရိုင်းပင်တွေကလည်း ပေါမှပေါ။ သင်္ဘောရိုင်းလို. သုံးတာကတော့ မစိုက်ပဲနဲ. ပေါက်နေကြတာမို.လို.။ ဖိုပင် မပင်ရှိတယ်။ ဖိုပင်က သင်္ဘောသီးသုပ် (ပဒကာသီးသုပ်) စားလို.ကောင်းတယ်။ မပင်က မှည့်လွယ်တယ် ပိုချိုတယ်လို.ပြောတယ်။ ကြိုက်သလို ခူးဆွတ်စား အဲဒီမှာ ပေါလွန်းလို. စားမဲ့လူမရှိပါဘူး။ ချက်ပြုတ်စားသောက်ပြီးတာနဲ. ကွပ်ပျစ်မှာတစ်ရေးတစ်မော မှိန်းကြတာပေါ့။ လေတဖြူးဖြူးနဲ.။ တောင်ပေါ်ကနေ ယာခင်းတွေ သစ်ပင် တောအုပ်တွေ မျက်စိတစ်ဆုံးမြင်ရတယ်။ လူကြီးတွေကတော့ ဖဲတစ်ထုပ်ယူလာပြီး လဖက်သုပ် ရေနွေးကြမ်းနဲ. ကွာစိ တွေစားပြီး အပျော်ဆော့ကြတယ်။ ကိုယ်တို.ကလေးတွေကတော့ ဒိုးဇက်နဲ. ထိပ်ခေါက်တမ်းဆော့တယ်။ သွားရင် ဘယ်တော့မှ မပျော်ဘူးဆိုတာမရှိဘူး။ နေညို မိုးစုန်းစုန်းချုပ်မှပြန်ကြတယ်။ ခုတစ်ခေါက်သွားချင်ပါသေးတယ်။ ဒီတိုက်ခန်းကျဉ်းလေးကနေ ပြေးကိုသွားလိုက်ချင်တာ။


မောင်တောမှာ တုံးက ကိုယ် အစားအသောက်တော်တော် သောင်းကျန်းနေပါပြီ။ မှတ်မိသေးတယ်။ ကိုယ်အကြိုက်ဆုံးက ငပိရည် ငပိထောင်း ငရုတ်ကြိတ်တွေ။ နဂိုက ဟင်းသီးဟင်း၇ွက် မစားတဲ့လူက ခုစစားလာတယ်။ အမေက ထမင်းချက်တာ စသင်ပေးတယ်။ ရေငှဲ.ပြီးချက်ရတာပေါ့။ ချက်စတုန်းကတော့ အဆန်းဆိုတော့ အတင်းကို ချက်ချင်ပါတယ်။ နောက်ချက်ခိုင်းတော့ မချက်တော့ဘူး။ ပျင်းသွားပြီ။ စားတာကတော့ မာရသွန်။ ဘာဟင်းမှ ထည့်ပေးစရာမလိုဘူး။ ထမင်းဖြူမှာ ငပိရည် သုံးဇွန်းလောက်ဆမ်းပေးလိုက်ရင် ကိုယ့်ဘာကိုယ် နနွင်းတက်လေးခူး ကြက်သွန်ဖြူလေးကိုက်ပြီးတော့ နှစ်ပန်းကန်လောက် အသာလေးကုန်တယ်။ မောင်တောက ရေခံမြေခံကောင်းတော့ စိုက်သမျှအသီးအပွင့်တွေက အကုန်ချိုတယ်။ မောင်တောက ဂဏန်းလောက်ကောင်းတဲ့ဂဏန်း ကိုယ့်တစ်သက်မစားဖူးဘူး။ ဘာလေးစားစားကို ကောင်းတာ။ ကုလားစာတွေလည်း အရမ်းကိုကောင်းပါတယ်။ ဗလီနားမှာ ပလာတာသေးသေးတွေ ရောင်းတဲ့ကုလားဆိုင်တွေတန်းစီပြီး ရှိပါတယ်။  မိတ်ကပ်ဘူး သာသာလောက်ရှိတဲ့ သကြားပလာတာ သေးသေးလေးတွေပါ။ အိအိလေးနဲ. စားလို.ကောင်းတယ်။ ၂ ကျပ်ဖိုး ၃ ခုရပါတယ်။ စာနာပရာ ကျောင်ကျောင် (ဗမာမှာ ဘာခေါ်လဲမသိ ကိုယ်တွေက ကျောင်ကျောင်ခေါ်တယ်) စာကလေးခွေ မြင်းစားပဲနဲ.ခေါက်ဆွဲကျော်စသည်ဖြင့် ကုလားစာများ တမျိုးပြီးတမျိုး မရိုးအောင်စားရတယ်။ အစ်နေ. ကျရင် အိမ်ကို လက်ဆောင်လာပေးကြတဲ့ နံပြား ၊ ချာပါတီ ( အဘောင်ရှင်က လရီပီယ လို.ခေါ်တယ် အဟီး ဘာကြောင့်မှန်းတော့မသိ ကုလားအခေါ်ကနေ ဆင်းသက်လာတယ်လို.ထင်တာပဲ) နဲ. အမဲသားတွေ အိမ်မှာတန်းစီနေတာပဲ။ အမဲသားကို ထောပတ်နဲ.ချက်တာတွေရှိတယ်။ တော်တော်စားလို.ကောင်းပါတယ်။ ကိုယ်ကတော့ အဝတီးတယ်။ နို.ချဉ်တွေလည်း ပေါတယ်။ နွားနို.စစ်စစ်ချဉ်ပါ။ အိုးလေးတွေနဲ.လာတယ် ဗာဒံရွက်နဲ.အိုးပိတ်ပြီး ဂုံနီကြိုးလေးနဲ. ပိတ်စည်းထားတယ်။ သကြားလေးနဲ.ခေါက်စားလို.ကတော့ ဆွေမျိုးမေ့လောက်တယ်။ တရက်က အလယ်သံကျော်သွားလည်ကြတော့ နို.ချဉ်အိုးကို အိမ်အပြင် ဝရံတာမှာ ချထားခဲ့တာ ပြန်လာတော့ အိမ်မှာမွေးထားတဲ့ ပုဏ်ဏားဆိုတဲ့ခွေးက တက်ပြီး စားလိုက်ပါကောလား။ ဟိုကလည်းပြန်ရောက်ကော ပုဏ်ဏားကိုကြည့်လိုက် ကွဲနေတဲ့ နို.ချဉ်အိုးကို ကြည့်လိုက်နဲ. ရင်ထုမနာငိုရှာပါတယ်တဲ့။  ပုဏ်ဏားမှန်းသိတာပေါ့ ဒင်းနှုတ်သီးမှာ နို.ချဉ်တွေနဲ.ကိုး။

မောင်တောမှာ အသက်အရွယ်လေးရလာတော့ အမေက ထဘီတွေဝတ်ခိုင်းလာပါတယ်။ ကိုယ်ကတော့ ကြီးကောင်ဝင်တာနောက်ကျတယ်လု.ိပြောလို.ရတယ်။ ထူးဆန်းတာတစ်ခုကတော့ အိမ်နားကမသန္တာ အပျိုဖြစ်တော့ လကွယ်မှ ဖြစ်လို. ဆိုလား မသိဘူး အိမ်ထဲက အိမ်ပြင်မထွက်ဘဲနဲ. ၁၅ ရက်တိတိ နေလိုက်ရပါတယ်။ လူများအိမ်ကို သွားမလည်ရဘူး။ သွားလည်ရင် လည်မိတဲ့ အိမ်ကလူနဲ. ပေးစားရတယ်။ မပေးစားချင်ရင် အမေက ငှက်ပျော အုန်းပွဲရွက်ပြီး အိမ်တိုင်ရာရောက်လိုက်တောင်းပန် ရတယ် လို.ပြောပါတယ်။ ကိုယ်တွေမှာတော့ ထန်းသီးကြွေခိုက် ကျီးနင်းခိုက်ဖြစ်မှာ ကို ကြောက်နေခဲ့ရတာ။  ပါးဗလစ်ကိုသွားလို.ရပါတယ်။ ကျောင်းကြီးတက်လို.ရတယ် ဈေးကြီးက ဆိုင်တွေကို သွားလို.ရတယ်။ အိမ်ဆိုင်ကိုမသွားရပါဘူး။ အိမ်တွေကို မဝင်ရပါဘူး။ အဲဒီ ၁၅ရက်ကို ကျူရှင်ဆရာမက အိမ်လာစာပြပေးတယ်။ ထူးထူးဆန်းဆန်းပဲ။ စစ်တွေဘက်တွေမှာရော မြောက်ဦးဘက်တွေမှာရော တနယ်မှာမှ မကြားဖူးဘူးပါဘူး။ မောင်တောမှာပဲရှိတယ်ထင်တယ်။ ခုထိရှိသေးလား မပြောတတ်ဘူး

ထူးထူးဆန်းဆန်း ကြုံရတွေ.ရတာကို ပြောရရင် ရထားပွဲပေါ့။ အုံးအုံးကြွတ်ကြွတ်နဲ. တမြို.လုံး ပျော်ကြတဲ့ပွဲပါ။ တခြားလူမပြောနဲ. ကုလားတွေတောင်ပျော်တယ်။  ရထားလုံးဆွဲတယ်လို.ခေါ်တယ်။ အလယ်ရထားလုံးမှာ ဘုရားတင်ထားပြီးတော့ ကြိုးနဲ. ဟိုဘက်ဒီဘက်ရက်ကွက်အလိုက်ဆွဲကြတာပါ။ မြို.လယ်တည့်တည့်မှာ လုပ်တာ။ လူအုပ်ကြီးဆိုတာ တိုးလို.မပေါက်ဘူး။ မိန်းမသတ်သတ် ယောက်ျားသတ်သတ်ပြိုင်ကြတယ်။ လက်ကသွေးထွက်အောင်ကို ဆွဲကြတာ။ တမြို.လုံးကို ဟီးဟောထနေရော အသံတွေ။ တပြိုင်တည်း စတိတ်ရှိုးတွေလည်း လုပ်သေးတယ်။ အင်မတန်ပျော်စရာကောင်းပါတယ်။ မောင်တောမှာ ရပ်သိရွာသိ သူဌေး ဗန်းသာဆိုတာရှိတယ်။ အပျော်အပျက်အနေနဲ. ရထားကြိုးပြတ်တေ ဗန်းသာ ဟိုဒင်းကြွက်ကိုက်တေ ဆိုပြီး ဆွဲကြတာ သူ.သားအောင်ထူးက ကိုယ်နဲ.တစ်တန်းတည်းဆိုတော့ သူ.ကို ကိုယ်က အားတွေနားရသေးတယ် နေရင်းထိုင်ရင်း။ သူ.ခမျာ ပျော်မှပျော်ရဲ.လားမသိ။ နေရင်းထိုင်ရင်း ကိုယ့်အဖေကို ခလုပ်လာလာတိုက်နေကြတာကိုး။ မှတ်မိသေးတယ် ပထမဆုက ၅၀၀ ပါ။း)

မောင်တောမှာ တစ်နှစ်တိတိပြည့်လို. ၈တန်း ကျောင်း ၃ရက်လား ၄ရက်လားပဲတက်ရသေးတယ်။ မြောက်ဦးကို သွားရပြန်တော့မယ် လို.ဖြစ်လာပါရော။ အဲဒါနဲ.ပဲ အင်မတန်မှရောက်ချင်လှတဲ့ မြောက်ဦးကို ရောက်ခဲ့ရတယ်ဆိုပါတော့။ အပိုင်း၅ ဆက်ပါအုံးမယ်။

တို.များငယ်ငယ်တုန်းက (၃)

ဘယ်မှာဆုံးခဲ့တာလဲဆိုတာတောင် မေ့သွားပြီ။ အော် ၄ တန်းနှစ်ဝက်မှာ စစ်တွေကို ပြောင်းလာတာ။ အိုကေ ပြန်စမယ်။ ကျောက်ဖြူကနေ ၄ တန်းနှစ်ဝက်မှာ စစ်တွေကို ပြန်ပြောင်းလာခဲ့ပါရော။ ရောက်စကတော့ ကျောက်ဖြူစကားတပြောပြောနဲ. ပေါ့လေ။ မသိရင် ကျောက်ဖြူမှာမွေး ကျောက်ဖြူမှာကြီးကျလို.။ သိပ်မကြာပါဘူး။ ထုံးစံအတိုင်း နောက်တလမှာ စစ်တွေလို ချောချောမွေ.မွေ.ပြန်ပြောသွားနိုင်ပါတယ်။ ကတုံးဘဝကလည်း လွတ်သွားပါတယ်။ အမေက ဆံပင်ပြန်ပေးရှည်တယ်။ အမက ၁၅ ပြည်တော်သာ မှာပဲ ကျောင်းဆက်တက်ရပါတယ်။ ကျူရှင်ဆရာမက ဒေါ်ဆွေဆွေသန်းပါ။ ကျူရှင်တက်ဖော်တက်ဖက်တွေက သူရိန်မောင်မောင် ဝင့် တို.နဲ. တက်ရတယ်။ အဲဒီတုန်းက ပတ္တမြားဒေဝီစိုးမဲကျီ ဆိုတဲ့ ရခိုင်ကား က တအားနာမည်ကြီးချိန်မှာ အသားမဲတဲ့ကိုယ့်ကို မဲကျီမ လို. ဆရာမက ပြောင်ခေါ်တယ်။ တဟီးဟီးနဲ. မင်းသမီးဖြစ်ရလို. ဝမ်းသာလိုက်သေးတယ်။ အသားမဲလို. ခေါ်လို.ခေါ်မှန်းမသိ။ အဲဒီလိုမျိုး။

၅ တန်းနှစ်မှာတော့ မူလတန်းကျောင်းဖြစ်တယ့် အမက ၁၅ ကနေ အထက်တန်းကျောင်းကြီး ဖြစ်တဲ့ အထက ၄ ကို စပြီးတော့ တက်ရပါတယ်။ စစ်တွေ အထက ၄ ကစစ်တွေမှာ နာမည်ကြီးကျောင်းပါ။ သူနဲ.အပြိုင် အထက၂ ရှိတယ်။ ကျန်တဲ့ ကျောင်းတွေက နာမည်သိပ်မထွက်ဘူး။ အထက ၄ ကို အမက ၁၅၊ အိုးတန်းကျောင်း၊ နေဘီကျောင်းစသည်ဖြင့် မူလတန်း အလယ်တန်းကျောင်းတွေက အတော်တွေအားလုံး စုလာကြတယ်။ ကိုယ်တို. ကျောင်းစနစ်က စလာလာချင်း ဦးသူရ ပုံစံမျိုးနဲ. အေခန်း ဘီခန်းတွေကို ပေးထိုင်လိုက်တယ်။ များသောအားဖြင့် ဘီခန်းက စထိုင်ရတာများပါတယ်။ နောက် ပထမအစမ်းစစ်တော့မှ အဆင့်အလိုက်ပေးထိုင်တယ်။ ကိုယ် ပထမအစမ်းစစ်ပြီးတာနဲ. အေခန်းရောက်သွားပါတယ်။ မြတ်လင်းထွန်း သန်းထွန်းဦး ကျော်ထူးအောင် ဝင့် ယဉ်ယဉ်ဖြူ သွယ်သွယ်ဝင်း ပိုပိုအောင် မစမ်းကြည် ဝင့် လှသန်းရီ စတဲ့ အပေါင်းအသင်းများနဲ. ဆုံရတယ်။ မစမ်းကြည် (နှလုံးလှစာပေ) နဲ. လှသန်းရီကြားထဲထိုင်ရတယ်။ တင်မိုးလင်းထွန်းလဲရှိတယ်။ ရောက်စက သိပ်မပျော်ပေမဲ့ နောက်တော့လည်း အသားကျသွားတာပါပဲ။  အဲဒီတုန်းက ကျောင်းဆောင်က ခရစ်ယန်ကျောင်းဝင်းကြီးနားမှာ ကပ်နေတဲ့ အဆောင်ဟောင်းမှာတက်ရတာပါ။  မှောင်မှောင်မဲမဲနဲ.။ အဲဒီအဆောင်က အိမ်သာက သရဲခြောက်တယ်လို. နာမည်ကြီးတယ်။ ပုံပြင်လေးကတော့ ကောင်မလေးတစ်ယောက်ဟာတဲ့ ညနေ၄ နာရီကျောင်းဆင်းချိန်မှာ အိမ်သာသွားတက်ပါလေရောတဲ့။ ကျောင်းသားတွေပြန်သွားပြီဆိုပြီး ကျောင်းစောင့်က အိမ်သာတွေကို လိုက်ပိတ်တယ်တဲ့။ ကောင်မလေးက ပိတ်သွားတာ မသိလိုက်ဖူးတဲ့။ ဟော သူထွက်မယ်ကြံတော့ ထွက်မရတော့ဘူး။ အော်တော့လည်း အိမ်သာနဲ. ကျောင်းနဲ.က အဝေးကြီးဖြစ်တဲ့အတွက် ဘယ်သူမှ မကြားတော့ပါဘူးတဲ့။ ကံဆိုးချင်တော့ နောက်နေ.ကလည်း စနေ တနင်္ဂနွေဆိုတော့ ကျောင်းမှာ ဘယ်သူမှ မရှိတော့ပါဘူးတဲ့ ။ အဲဒီ သနားစရာကောင်မလေးဟာ အိမ်သာက အီးကုန်း စက္ကူတွေကိုက်ပြီးတော့ သေသွားရှာပါတယ်တဲ့။ တင်္နလာနေ.မှ သူ.အလောင်းကို ပြန်တွေ.ပါတယ်တဲ့။ အဲဒီတည်းက သူက လိုက်ပြီး ခြောက်တယ်ဆိုပြီးနာမည်ကြီးပါတယ်။ ဘယ်ကောင်မလေးမှ တစ်ယောက်တည်းမသွားပါဘူး။ အမြဲတမ်း ၂ ယောက်သွားကြတယ်။ ဟုတ်မဟုတ်မသိပေမဲ့ အဲတုန်းက ယုံတာကိုး အတင်းကြောက်ကြတာ။

၅တန်းနှစ်ကတည်းက နေနေကျ ဂေါက်သီးကွင်းကနေ လမ်းမကြီး မှာနေဖို.အခွင့်ကြုံလာပါတယ်။ ယုဇန အအေးဆိုင်ရှေ.တည့်တည့်ပေါ့။ ကြယ်နီရေခဲချောင်းအိမ်နဲ. မျက်စောင်းထိုး။ ယုဇနဆိုင်ဘေးမှာ ဝက်ခေါင်းလဖက်ရည်ဆိုင်ရှိတယ်။ ဝက်ခေါင်းလို.သာခေါ်ရတယ် ဘယ်သူ.ခေါ်မှန်းမသိဘူး။ နာမည်မလှတော့ အားနာသား။ သူ.မြေး ကျော်သန်းထိုက်က ကိုယ်နဲ. အမက၁၅မှာ ၄ တန်း ပေါင်းဖော်ပေါင်းဖက်တွေ။ မိန်းကလေးတွေက ၁၁ နှစ် ၁၂ အရွယ် မှာအဆော့ဆုံးအချိန်ထင်ပ။ ဆော့တာ ခွက်ခွက်ကို လန်နေတာပဲ။ မိမနိုင် ဖမနိင် ဆော့ပါတယ်။ အိမ်ဘေးမှာ ရဲစခန်းရှိတယ်။ နေလ တည်းခိုခန်းရှိတယ်။ ရဲစခန်း မှာ ပေါက်စိ ပေါက်စနလေးတွေ အများကြီးရှိတယ်။ ကိုယ့်ဘော်ဘော်သရဲတွေပေါ့။ တူတူပုန်းတမ်း နို.ဆီခွက်ခေါက်တယ် အိမ်ဆောက်တမ်းဆော့တယ်။ ဘယ်အချိန်ကြည့်ကြည့် ပေတူးနေတာပဲ။ တစ်ခါက ရဲစခန်းမှာ လူကြီးလာမှာမို.လို. ပန်းအိုးတွေ ပန်းဆိုင်က ငှားပြီးချထားတာ ကိုယ်အားလုံး ခူးပြီးပန်လိုက်တာ စခန်းမှူးဆီမှာ အသေ အဆူခံရတယ်။ အချုပ်ခန်းတွေကို သွားချောင်းကြည့်တယ်။ အဲ အသိရလာပါတယ်။ အရူးမ လှမြခိုင်ဆိုတာ။ သူက လည်း သီချင်းတွေ အော်အော်ဆိုလွန်းလို. လူကြီးလာခါနီးရင် အမြဲတမ်း အချုပ်ထဲ ထည့်ထားရတယ်။ သွားသွားချောင်းရင်းနဲ. ရင်းတောင် ရင်နှီးလာတယ်။ အရီး လှမြခိုင်က အရူးသာဆိုတယ် သန်.သန်.ပြန်.ပြန်. သနပ်ခါး အဖွေးသားနဲ.အရူး။ ဘယ်တော့မှ ညစ်ညစ်ပတ်ပတ်မနေဘူး။ အသံလည်းအရမ်းကောင်းတယ်။ အဖေဆို သူသီချင်းဆိုရင် လိုက်တောင် ညဉ်းသေးတယ်။ ခုတော့ ရှိမှရှိသေးရဲ.လား မသိပါဘူး။

မှတ်မှတ်ရရ ၅ တန်း ၆တန်းတုန်းက မကျီးစိ ပစ်တမ်းဆော့တာနဲ. ကတာကို အရမ်းဝါသနာပါတယ်။ မကျီးစိပစ်တမ်းဆော့ဖူးလား။ တွင်းလေးတူးပြီးတော့ တဖောက်ဖောက် မကျီးစိကို လက်သည်းနဲ. ကလော်ပြီးတော့ပစ်တာ။ ကိုယ်က လမ်းမကြီှးမှာ ဒုတိယ ချန်ပီယံ။ ပထမ ချန်ပီယံက မနုလှလို.ခေါ်တယ်။ ဒုရဲအုပ်အိမ်မှာနေတာ သူက။ လက်သည်းကလဲ အရှည်ကြီး။ တဖောက်ဖောက်နဲ. အရမ်းကိုတော်တာပဲ။ သူနဲ.သာတခါတလေ ၇ှုံးတာ ကျန်တဲ့လူတွေနဲ.ဆို ကိုယ်ပဲနိုင်တာ။ အိမ်မှာနိုင်ထားတဲ့ မကျီးစိတွေ ဘူးလိုက်။ အဲဒါတွေကို အစိ ၂၀ တစ်ကျပ်နဲ. ကိုယ်ကပြန်ရောင်းပြီး စီးပွားရေးသောင်းကျန်းသေးတယ်။ ခရေစိလည်းပစ်ကြတယ်။ ချိန်းပွဲတွေက ရှိသေးတယ်။ အိုးတန်းက ဘယ်သူက ပြိုင်ဆော့ချင်လို.တဲ့ ၊ အောင်စောသာရုံနောက်က ဘယ်ဝါက ချိန်းမယ်တဲ့ဆို တာကရှိသေးတယ်။ မနုလှကတော့ ကိုယ်နဲ.ပဲဆော့တယ်။ ကျန်တဲ့လူတွေက ဘက်မတူလို. သိပ်မရောဘူး။ ကိုယ်မန္တလေးမှာရောက်တော့ မနုလှ ဗျိုင်းသတ်ဆေးသောက်ပြီး ကိုယ့်ဘာကို သတ်သေသွားပါတယ်။ ရည်းစားထားတာ အိမ်က သဘောမတူလို.လို.ပြောပါတယ်။ သူ.မကျီးစိပစ်နေတဲ့ပုံကို အခုထိ မျက်လုံးထဲမြင်တုန်းပဲ။

နောက်ဝါသနာတစ်ခုကတော့ ကတာ။ က သလားမမေးနဲ.။ မြန်မာက၊ အင်္ဂလိပ်က၊ ကုလားက ကုန်ရော။ အဲဒီတုန်းက လမ်းဘေးနားက အကျော်ဆိုင်ဘေးမှာ မထိုင်ချင်ဘူးဆိုတဲ့ခေတ်လေ။ ညနေတိုင်းကတယ်။  အိုက်စ်အိုက်စ် ဘေဘီ လို.မကြားလိုက်နဲ. ကြားလိုက်ရင် ထကတာ။ ကုလားသီချင်းနဲ.လည်းကသေးတယ်။ ဘာတဲ့ ကိုဒီယားဟား အာဟား နာ့ရှီ နာရှီး မေဒီယားဟား အာဟား နာ့ရှီ နာရှီး ဆိုတာတွေပေါ့။ ဟီးဟီး။ အဲဒီမှာဘော်ဒါတွေရှိတယ်။ ကဖော်ကဖက် က စန္ဒာခိုင်ဆိုတဲ့ကောင်မလေးရှိတယ်။ သူ.ဘရိတ်ဒန်.ကလည်း နာမည်ကြီး။  သင်္ကြန်တွင်းဆိုရင် ရဲစခန်းမှာ မဏ္ဍပ် အကြီးအကျယ်ချလေ့ရှိတယ်။ သင်္ကြန်ဆို ဝက်ခေါင်းမြေးတွေ ကဲကြသလားမမေးနဲ. ဆောင်းဘောက်အကြီးကြီး အိမ်ရှေ.လမ်းမပေါ်ချပြီး သီချင်းဖွင့်တာ။ သီချင်းတွေကတော့ Vanilla Ice (Ice Ice baby) တို.  MC Hammer ( cant touch this) တို.ဘာတို.ပေါ့။ သီချင်းခေါင်းစဉ်တွေကို ခုမှသိတာပါ။ အဲဒီတုန်းက ကလို.ကောင်းတာပဲသိတာ။ သူတို.ကောင်လေးတစ်သိုက် ကကြတယ်။ အိမ်ရှေ.မှာ။ ဘယ်ရမလဲ ရဲစခန်းရှေ.မှာ စန္ဒာခိုင်နဲ. ကိုယ်နဲ. ထွက်ကတယ်။ လမ်းမကြီးပေါ်မှာ။ မှတ်ကရော။ အဲသလောက်ရူးတာ။

အဲဒီတုန်းက ညီမလေး ကတစ်တန်း နှစ်တန်းအရွယ်လောက်နေမှာပေါ့။ အိုးတန်းကျောင်းမှာတက်တယ်။ နေ.တိုင်း ကျောင်းသွားခါနီးရင် ခေါင်းမူးတယ် ဗိုက်နာတယ် နေမကောင်းစသည်ဖြင့် အော်ကြီးဟစ်ကျယ်ငိုယိုပြီးမှကျောင်းတက်တယ်။ ကိုယ်ကလိုက်လိုက်ပို.ရတယ်။ သိပ်စေတနာရှိလို.မလို.ဟုတ်ဘူး။ သူတို.ကျောင်းမှာရောင်းတဲ့ ထပ်တရာမုန်.ကို စားချင်လို. လိုက်ပို.တာ။ အဲဒီတုန်းက အစားအသောက်နည်းနည်းစစားနေပြီ။ ယုဇန ဆိုင်က ရေခဲမုန်. အရမ်းကြိုက်တယ်။ အဲဒီတုန်းက အိုက်စကရင်ဆိုတာ တစ်မြို.လုံး အဲတစ်ဆိုင်ပဲရှိတဲ့ဟာကို။ ပြီးတော့ ကြယ်နီရေခဲချောင်း။ သူတို.အိမ်မှာ စက်ကြီးတွေနဲ.လုပ်ပြီးရောင်းတာ အမြဲတမ်းသွားဝယ်စားတယ်။ ပြီးတော့ ဒေါ်လာညိုဆိုင်က ခေါက်ဆွဲကြော် ကုန်းဘောင်ကြီးကြော်တွေ။ နောက် ကုလားဝက်သားတုတ်ထိုးရှိတယ်။ ပြောင်းပြန် ဝက်သားတုတ်ထိုးရောင်းတာက ကုလား။ ဟီးဟီး။ အဲ ၅ တန်းနှစ်တုန်းက ဝက်သားတုတ်ထိုးစားချင်လို. ဘဝမှာ ပထမဆုံးအဖြစ်  ပိုက်ဆံခိုးပါတယ်။ ကိုယ်က မုန်.ဖို.၅ ကျပ်ပဲရတယ်။ အဲဒါ အမေက အံဆွဲထဲက ယူသွားလို.ပြောတော့ အံဆွဲ ကိုကြည့်လိုက်တော့ ၅ ကျပ်တန် အသစ်ကျပ်ချွပ်ကလေးတွေ အများကြီးတွေ.ကော။ အဲဒါနဲ. ၅ ကျပ်တန်ကို နှစ်ရွက်ထပ်ပြီး အမေ့ကို ထောင်ပြတော့ မသင်္ကာလို. ကြည့်နေတဲ့ အမေက ဖမ်းလိုက်တာ ကွိခနဲပဲ။ တောက် နာသကွာ။ မိသွားတာ။ ၅ချက်လောက် သမခံရတယ်။ ကျောင်းသွားခါနီးမို.လို.တော်သေးတာပေါ့။

စစ်တွေမှာ အဓိကရ ရုပ်ရှင်ရုံ  နှစ်ရုံရှိပါတယ်။ မြို.မရုံနဲ.မြရုံ ဆိုပြီးတော့။ ကိုယ်ကမြရုံမှာ မှုံရွှေရည်ကားသွားကြည့်တယ်။ အယင်တုန်းကလည်းဒီအကြောင်းကိုရေးဖူးတယ်ထင်တယ်။ ဒါပေမဲ့တိုက်ဆိုင်လို.ပြန်ပြောလိုက်ပါအုံးမယ်။ ကိုယ်ရော အမေရောမျက်ရည်လွယ်တယ်။ မှုံရွှေရည်ကလည်း ငိုရတဲ့ကားကြီးဆိုတော့ ငိုလိုက်တာ ကိုယ်ဝတ်လာတဲ့ ထဘီချွတ်ပြီး မျက်ရည်သုပ်ရတဲ့ အဆင့်ရောက်သွားတယ်။ ပဝါမနိုင်ဘူး။ သရက်တံလည်း မစားနိုင်တော့ဘူး။ မကျီးစိလှော်လည်း မဝါးနိုင်တော့ဘူး။ အမေကပါဝင်သုပ်တာနဲ. သူဆွဲကိုယ်ဆွဲလုပ်ပြီး ထဘီပြဲသွားလို. အိမ်ကို ဘောင်းဘီတိုနဲ.ပြန်လာရတယ်။ ဖြစ်ပုံက။ မြို.မရုံက ဦးဥတ္တမ ပန်းခြံနားမှာရှိတယ်။ သွားကြည့်ဖူးတယ်။ မမှတ်မိတော့ဘူး ဘာကား ဘာညာဆိုတာ။ ကိုယ်ရုပ်ရှင်ကြည့်ခဲတယ်။ ငြိမ်ငြိမ်တောင် ထိုင်မနေတတ်တာ။ ဆတ်ဆော့နေရမှ။

အဲဒီတုန်းက အင်မတန်ကို ဆတ်ဆော့တာပါ။ သူများမပြောနဲ. ကိုယ့်အမေကိုယ်တိုင်ကတောင် မျက်မုန်းကျိုးတယ်။ ရဲစခန်းကနေ. ကန်ဇွန်းဥ စိုက်ထားတာတွေ သွားခိုးကြတယ်။ အဲ ရဲမိသားစုတွေ စိုက်ထားတာပေါ့။ ဦးဆောင်ပြီး ခိုးတဲ့လူက စိုက်တဲ့လူရဲ.သားကြီး သူကသတင်းပေးတာ။ အကြီးကြီးဖြစ်ပြီပေါ့။ ဆိုတော့ ကိုယ်နဲ. အပေါင်းအပါ ၅ ယောက်(သူအပါအဝင်) သွားခိုးပါတယ်။ လူမြင်သွားတော့ သံဇကာကို ခုန်ချပြီးထွက်ပြေးတာ ကိုယ်က မလွတ်ပဲ သံဇကာမှာ ဂျိုင်းနဲ. ချိတ်နေတာ ကန်ဇွန်းဥမစားရပဲ ဆေးခန်းရောက်သွားပါလေရော။ ခိုးတုန်းကခိုးပြီးတော့ ဆေးထည့်တော့ အသံပြဲနဲ.အော်တယ်။ ဆရာဝန်က ဖြူဖြူဖွေးဖွေးနဲ. ဒေါက်တာ ဝင်းကို ဆိုလား ဘာလား မမှတ်မိတော့ဘူး။ ရဲစခန်းမှာ ညနေတိုင်းဆော့ရုံအားမရလို. စနေ တနင်္ဂနွေ ဂေါက်ကွင်းက အဖိုးရှင်တိုအိမ်ကိုပြန်ပြီး လဝက ဝင်းထဲက ကလေးတွေနဲ. မာလကာပင်တက်တယ်။ သရက်ပင်တက်တယ်။ နာဇီရွာက ကုလားလေးတွေနဲ.ရန်သတ်တယ်။ ဘောလုံးကန်တယ်။ စက်ဘီးစီးတယ်။ ပန်လင်ပင်(ထင်းရှူးပင်ခေါ်မလားမသိ) တောမှာ အတွဲချောင်းတယ်။ အိုးပုတ်ဆော့တယ်။ စပါးပုတ် (ကိုယ်တို.အိမ်မှာ စပါးတွေလှောင်တဲ့ ရုံအကြီးကြီးရှိတယ်) ကို ဒိုင်ပင်ထိုးဆင်းတယ် ခေါင်မိုးပေါ်ကနေ၊ စသည်ဖြင့် တစ်အိမ်သားလုံး မျက်စိ နား အေးအေးးမနေရအောင် ဆော့သေးတယ်။

စာအုပ်တွေကတော့ ဖတ်ဖြစ်တာတောက်လျှောက်ပါပဲ။ အချစ်ဝတ္ထုတွေကို ဖတ်ရတာ အရသာမတွေ.တော့ပဲ သိုင်းစာအုပ်ရူးလာပါတယ်။ အဖိုးကလဲ ကိုယ်ငှားငှားလာလို. သိုင်းစာအုပ်စွဲသွားရှာတယ်။ မြေးအဖိုးနှစ်ယောက်ဖတ်လိုက်ကြတဲ့ သိုင်းစာအုပ်။ ရှောင်လင် ဝူတန်း စွန်းလွန်း အော်မေ့ ခုံးတုံး ဆိုတဲ့  သိုင်းလောကဥသျှောင်ဂိုဏ်းကြီးတွေအကြောင်းနောကျေနေပေါ့။ နဂါးနိုင်ဓါးကို မန္တလေးကျမှ တရုတ်ကားကြည့်ရပေမဲ့ ၅ တန်းတည်းက ဖတ်ပြီးသား။ မှဲ.သျှစ်လုံးသျှင်သိုင်းဥကင် ဆိုတာရှိသေးတယ်။ ၈ အုပ်တွဲ။ နဂါးနိုင်ဓါးက ၆အုပ်တွဲ။ အတွင်းအားကျင့်လိုက်ရတာလည်း မပြောနဲ.။ သစ်ပင်တက်တဲ့အကျင့်က သိုင်းစာအုပ်ဖတ်ပြီးနောက်ပိုင်းမှရလာတာပါ။ ကိုယ်ဖော့ပညာကျင့်ရင်းနဲ. အပင်တက်ဖြစ်သွားတာ။ တစ်ခါ အိမ်ထဲမှာ အဖေက သိုင်းစာအုပ်ပေးမဖတ်တော့ စိတ်ဆိုးပြီး အိမ်ရှေ.က ဓါတ်မီးတိုင်အောက်မှာ ၄ အုပ်တွဲဆုံးအောင်သွားဖတ်ပြီးမှ ပြန်တက်လာတယ် အိမ်ပေါ်ကို။ နောက်နေ.ကျချောင်းတွေ တစ်ဟွတ်ဟွတ်ဆိုးရော။ တော်တော်ကို အမြင်ကတ်နေပြီဖြစ်တဲ့ အဖေက ” ဟင် ချောင်းတွေဆိုးပြီးလား  နှင်းတောင်ကြာပွင့် သွားပြုတ်သောက်ချီလေ” ဆိုပြီးထောပနာပြုပါတယ်။ သိုင်းဝတ္ထုတွေမှာ နှင်းတောင်ကြာပွင့်တို. နှစ်တထောင် ကြာပွင့်တို.စားရပြီး အတွင်းအားတိုးတိုးသွားကြတာလေ။ ဟီးဟီး။ စာအုပ်ဆိုင်ဖွင့်တဲ့ကောင်မလေးက ကိုယ်နဲ.တစ်တန်းတည်း ဆွေဇင်ထက်ဆိုတဲ့ကောင်မလေး။

စစ်တွေလို.စဉ်းစားလိုက်တာနဲ. ပွိုင့်ကို ပြေးမြင်တယ်။ ပွိုင့်က ဝက်ခေါင်းသုပ်ကို အရမ်းသတိရတာပဲ။ ပါပါနဲ. ကိုယ်ရယ်ညီမလေးရယ် ပွိုင့်ကိုသွားကြတယ်စက်ဘီးစီးပြီးတော့။ သွားတိုင်း ဝက်ခေါင်းသုပ်စား လဖက်သုပ်စား အုန်းရည်သောက်ရတယ်။ ပြီးရင် မျှော်စင်ပေါ်ကိုတက်တယ်။း) အရမ်းပျော်တာပေါ့။ မျှော်စင်ပေါ်ကကြည့်ရင် အသည်းတောင်ယားတယ်။ အမြင့်ကြီးပဲ။ ပွိုင့်က ရှုခင်းအရမ်းလှတယ်။ ကျောက်တန်းတွေ ကျောက်ဆောင်တွေ ပေါ်တယ်။ ကိုယ်တို.က ရခိုင်လို ဂြင်းလို.ခေါ်တဲ့ ကျောက်တန်းတွေရှိတယ်။ ခရုလေးတွေက ပြွတ်သိပ်ပြီး ကျောက်ပေါ်မှာကပ်နေတော့ ကျောက်က ချောမနေပဲနဲ. ကြမ်းရှနေတာ။ ဖိနပ်မပါရင် ခြေအရမ်းရှတယ်။ ပွိုင့်ပုံလေးတွေနည်းနည်းရှာတွေ.လို.တင်ပေးလိုက်တယ်။

ကာလာကသိပ်တော့မကောင်းဘူး။ ပုံပဲတွေ.ပြီးတော့ ဝက်ဆိုဒ်မရှိတော့ဘူးလို. ပြပါတယ်။ ဂူးဂဲပြီးတော့ ရှာထားတာပါ။ 
အမြှောက်တွေလဲရှိတယ်။ ဒုတိယ ကမ္ဘာစစ်တုန်းက ကျန်ခဲ့တာတွေပေါ့။ ၃ခုရှိတယ် ကိုယ်မှတ်မိသလောက်။
ပွိုင့်လို.ခေါ်တာကတော့ မြို.ရဲ.အစွန်မှာသင်္ဘောဦးပိုင်းလိုချွန်ထွက်နေတဲ့ ပုံစံကျောက်ဆောင်ရှိလို.ပေါ့။ ကိုယ်ခုနကပြခဲ့တဲ့မျှော်စင်က မြေပြင်ကနေသိပ်မမြင့်ပေမဲ့  မြေပြင်အစွန်လေးမှာဆောက်ထားတာဆိုတော့ တက်လိုက်ရင် ဟိုးကျောက်ဆောင်အောက်အထိ မြင်ရတာပါ။ အမြင့်ကြီးလို.ခံစားရတယ်။ 
အဖေက ရေပေးကူးရင် အဲလိုကျောက်တန်းတွေကြားမှာ ပေးကူးတယ်။ လှိုင်းရိုက်ခံရတာ သက်သာအောင်လို.တဲ့။ ပြီးတော့ ပေါင်လောက်ရှိတဲ့ ရေလယ်မှာကိုယ်တိုင်ရပ်ပြီးတော့ စောင့်ပါတယ်။ အဲဒီနေရာကို မကျော်ရဘူး။ အဲလို ဂရုအစိုက်ကောင်းလွန်းလို. ခုထိ ရေမကူးတတ်တာပေါ့။ 

ဒီလိုနဲ.ပဲ ဆော့လို. ရှုတ်လို.ကောင်းဆဲမှာ ၆တန်းကျောင်းပိတ်တော့ မောင်တောမှာ ပြန်နေဖို.ဖြစ်လာပါတော့တယ်။ အပိုင်းလေးမှပဲ ဆက်ဖတ်တော့။း)

စင်္ကာပူမှာ ထိုင်းဆိုင်ကောင်းကောင်းရှာနေသူများအတွက်။

အစားအသောက် ရီဗျူးလေးတွေတောင် မရေးတာ ကြာပြီ။ ဒီတစ်ခါ တကယ် သွားကြည့်ရင် စိတ်ကျေနပ်မဲ့ဆိုင်တစ်ဆိုင်ကို ရွေးပေးလိုက်ပါတယ်။

ဂိုးလ်ဒင်းမိုင်း ကိုသိလား။ Lavender MRT နားမှာရှိတာလေ။ မြန်မာတွေ အင်မတန် ချစ်တဲ့ အိုင်စီအေ ရုံးကြီးနားမှာပေါ့။ ဂိုးလ်ဒင်းမိုင်း က ထိုင်းစီးတီးဟော ပေါ့။ စင်္ကာပူမှာ မြန်မာတွေရဲ. ဆုံဆည်းရာ ပင်နီဆူလာ ပလာဇာ ဖြစ်သလို ထိုင်းတွေ အကုန်လုံးလည်း ဂိုးလ်ဒင်းမိုင်းမှာ လာဆုံကြပါတယ်။ Authentic Thai Cuisine တွေကို အဲဒီမှာရနိုင်တယ်။ Thai Express ကိုတော့ သွားမစားကြပါနဲ.။ ဘယ်လိုမှကို မကောင်းတာပါ။ ဆိုင်အပြင်အဆင်အကြောင်းပြုပြီး ပိုက်ဆံကလည်း ပိုယူသေးတယ်။ အရသာကလည်း မရှိဘူး။ ဆိုင်သေးပေးမဲ့ ကောင်းတဲ့ဆိုင်လေးတွေ အများကြီးပါ။ အခု ဂိုးလ်ဒင်းမိုင်းက Diandin Leluk ဆိုတဲ့ ဘာကြီးမှန်းမသိတဲ့ နာမည်နဲ. စားလို.ကောင်းတဲ့ ထိုင်းဆိုင်ရီဗျူးရေးပေးလိုက်ပါတယ်။

စင်္ကာပူမှာရှိတဲ့ စားဖူးသမျှ ထိုင်းဆိုင်ထဲမှာ အကောင်းဆုံးလို. ပြောလို.ရပါတယ်။ ကိုယ့်အတွက်ပေါ့။ ထိုင်းမှာ စားခဲ့ရတဲ့ အစားအသသောက်တွေနဲ. ယှဉ်လို.ရပါတယ်။ အစားအသောက်ပိုင်း ပြောစရာမရှိပါဘူး။ ဆိုင်အပြင်အဆင်ကလည်း မဆိုးပါဘူး။ ပုံမှန် ရက်စတောရင့် တွေလောက်ပါ။ အဲ လာစားတဲ့လူတွေ တစ်ဝက်လောက်က ဗမာတွေ။ စားပွဲထိုးတွေ အားလုံးကလဲ ဗမာတွေပါ။ ဆားဗစ်ရဖို.တော့ မမျှော်လင့်နဲ.။ အစားအသောက်ကောင်းပေမဲ့ ဆားဗစ်က မကောင်းပါ။ စားပွဲထိုးလည်းလုပ်သေး မြန်မာတွေလာစားရင် လုပ်ပေးချင်သလိုလို မလုပ်ပေးချင်သလိုလိုနဲ.။ နှိမ်တာမဟုတ်ဘူး။ စားပွဲထိုး ကိုယ်လည်း လုပ်ဖူးတာပဲဟာ။ အလုပ်ကို စေတနာနဲ. လုပ်ပေးတယ်။ ကိုယ့်ဆိုင်က အစားအသာက်ကို သူများသဘောကျရင်ပျော်တယ်။ လာစားတဲ့လူကို လိုလေသေးမရှိအောင်လုပ်ပေးတယ်။ လုပ်မှတော့ စေတနာပါပါလုပ်ပေါ့။ ခုလုပ်လည်း လုပ်သေး၊ မြန်မာတွေလာရင် ပဲ စကားကပြောချင်သလိုလို မပြောချင်သလိုလိုနဲ.။ အဲဒီက မန်နေဂျာ ထိုင်းနဲ.လည်းမတည့်ဘူး စားပွဲထိုးတွေနဲ.လည်းမတည့်ဘူး. အဲဒီလို မတည့်တဲ့ကြားက မျက်နှာပြောင်တိုက်ပြီး ခဏ ခဏ သွားစားနေတည်းက ကောင်းမကောင်း စဉ်းစားကြည့်ပေါ့နော်။

ကဲကဲ စမယ်။

ဟင်းပွဲ အကောင်းတွေ အများကြီး ရှိပေမဲ့ ကိုယ်သွားရတဲ့ အကြောင်းရင်းက ဒီမျှစ်သုပ်ကြောင့်ပေါ့။  စပ်သလားလည်း မမေးနဲ.။ ကောင်းသလားလည်း မမေးနဲ.။ ရခိုင်ကြိုက် သုပ်ထားတာ။ ထိုင်းငပိလည်း ပါမှာပေါ့။ ကိုယ်ဆို အဖတ်စားရုံမက အရည်ပါသောက်သေးတယ် တစ်စက်မှ မကျန်စေရဘူး။ ၁၀ မှာ ၉.၉ ပေးပါတယ်။ စားကြည့် မကောင်းဘူးဆိုကြိုက်သလိုပြော။

း) ရောက်ရင် စားဖြစ်အောင် စားကြည့်လိုက်ပါ။
ဒါကတော့ ကြက်သားကင်ကို Pandan Leaf လို.ခေါ်တဲ့ အရွက်နဲ.ထုပ်ထားတာ။ မြန်မာပြည်မှာ ငှက်ပျောရွက် အင်ဖက်တွေနဲ. ဟင်းထုပ်သလို ဒီဖက်မှာလဲ ပန်ဒန်ရွက် နဲ. အမြဲတမ်းထုပ်ကြတယ်။ မလေးစတိုင်ပေါ့။ စားလို.ကောင်းပါတယ်။ ကိုယ်ကတော့ မက်မက်စက်စက်မရှိလှဘူး။
တုံယမ်းစွပ် ကတော့ မပါမဖြစ်ပေါ့ ထုံးစံအတိုင်း။ မဆိုးပါဘူး။ တုန်ယမ်းက အများကြီး မနည်းကုန်အောင် စားရတယ်။ ပုဇွန် ငါး ကင်းမွန် တွေ အများကြီးပေးထားပါတယ်။ ကွာပ စလုံးဆိုင်က တုံယမ်းနဲ.။

 ငပိထောင်းတို.စရာ ။ ထိုင်းဆိုင်တွေမှာရှိပြီး မြန်မာဆိုင်မှာမရှိတာ အဲဒါပဲ။ ဘယ်မြန်မာဆိုင်မှာ မဆို တို.စရာ ကို သခွားသီးကလွဲပြီး ကောင်းကောင်းကန်းကန်းမလုပ်ပေးပါဘူး။ ကိုယ်က ဟင်းသီးဟင်းရွက် ကြိုက်တဲ့လူဆိုတော့ အသားမပါနေ အခုလို ငပိထောင်း ကောင်းကောင်း ငါးအကင်အသေးတစ်ကောင် နဲ. ဟင်းရွက်ပြုတ် စိမ်းစိမ်းလေးနဲ.ဆို ထမင်းတစ်ထပ် ကောင်းကောင်းစားလို.ဝင်တာပေါ့။ ရွှေအင်းလေးမှာ ဒါမျိုး တစ်ပွဲကို သုံးကျပ် လေးကျပ်နဲ. ရောင်းလဲ ဝယ်စားမှာပဲ။ မရောင်းတာဆိုးတယ်။ အဲသူတို.ငပိထောင်းကတော့ ကိုယ့်အိမ်မှာထောင်းတဲ့ ရခိုင်ထောင်းလောက်တော့ မကောင်းဘူးပေါ့။

ဒီဟင်းကိုမြင်တော့ ကျောက်မြောင်း မင်းလမ်းဆိုင်ခွဲမှာစားခဲ့ရတဲ့ ကိုတံငါသည်ဟင်းကို သတိသွားရတယ်။ ငါးပေါင်းပါ။ ထိုင်းစတိုင် ချဉ်စပ်ကလေး လုပ်ထားပါတယ်။ စကားမစပ် စီးတီးဟော ဧရာဝတီ ဆိုင်မှာလည်း ဆားငံစေ့ ငါးပေါင်း ဆိုတာရှိတယ်။ မဆိုးဘူး။ ဒါက ဖရီးကြော်ငြာဝင်ပေးတာ။ ဟီးဟီး။
နောက်ပဲသီးကြော် ဒါကတော့ ဘာမှထူးထူးခြားခြားမရှိတော့ ဓါတ်ပုံမတင်တော့ဘူး။

နောက်ထမင်းစားပြီးတော့ အစာပိတ်အနေနဲ. အချိုပွဲမှာကြတယ်။ ကိုယ့်သူငယ်ချင်းတွေက အချိုပွဲကြိုက်လို. ဒီဆိုင်လာတဲ့လူတွေ။ ကောက်ညှင်း သရက်သီးရယ် ကောက်ညှင်းနဲ. ဒူးရင်းသီးရယ်။ နှစ်ခုလုံးကောင်းမှကောင်း။ ကောက်ညှင်းစီးစီးလေးမှာ အုန်းနိုးဆမ်းပြီးတော့ သရက်သီးစိတ်ချိုချဉ်လေး နဲ.တွဲထားတာ။ နောက်တစ်ခုက ဒူးရင်းပေါ့။ အချို အချဉ် အဆိမ့် အရသာကို စုံနေတာပဲ။ ကောင်းချက်က ရက်စက်တယ်။ ဒါလည်း လုံးဝ မြည်းကြည့်ကြပါ။ အထူးသဖြင့် ကောက်ညှင်း ဒူးရင်းသီးကို ။ ဒူးရင်းသီး ကြိုက်တတ်ရင်ပေါ့လေ။ အရမ်းအရမ်းကို ကောင်းတာပါပဲရှင် လို.ပြောကို ပြောစေရမယ်။း)


ဆိုင်ကဈေးသင့်တင့်ပါတယ်။ ၁ ယောက် ၂ ယောက်လောက်နဲ.သွားရင် ဈေးကြီးသလိုရှိပေမဲ့ ၅ ၆ ယောက်လောက်သွားပြီး ပေါင်းမှာ ပြန်ခွဲလိုက်ရင် သိပ်မပေးရဘူး။ သူတို.ရဲ့ portion ကတော်တော်ကြီးတယ်။ စားရတာတန်တယ်။ သူငယ်ချင်းတွေနဲ. ရော အလုပ်ကလူစုပြီးတော့ရော မိသားစုအလိုက်ကော ထမင်းအရသာရှိရှိ ကောင်းကောင်းကန်းကန်း စားချင်ရင် အဲဒီမှာသင့်တော်ပါတယ်။
ဘော်ဘော်သရဲများ

စားနေရတဲ့အချိန်တိုင်းသည် ပျော်ရွှင်မှုအတိပြီးပြည့်စုံ၏။ Quoted by Khine Wai Zan
စားနိုင်ရင်ကိုယ့်ဖို.
ခိုင်ဝေဇံ

တို.များငယ်ငယ်တုန်းက (၂)

ဆက်မယ်နော်။ သူငယ်တန်းအောင်ပြီးသွားပြီး ဟုတ်! ၁တန်းကို နှစ်ဝက်ထိ စစ်တွေမှာ ဆက်တက်ခဲ့ပါသေးတယ်။ အမက ၁၅ ပြည်တော်သာကျောင်းမှာ။ အဲဒီတုန်းက ကိုယ်ကအသားကမည်းမည်း လူကောင်သေးသေး ဆိုတော့ ကုလားမလေးထင်ပြီး အနိုင်ကျင့်ကြမှာစိုးလို. အမေက ဝတ်ကောင်းစားလှတွေဝတ်ပြီး နေ.တိုင်းဆိုက်ကားနဲ.လိုက်လိုက်ပို.ရတယ်တဲ့။ အမေက ဖြူဖြူဖွေးဖွေးလှလှပပ ကိုး။ ကိုယ်တော့ အဲဒီတုန်းကအကြောင်း ဘာမှ မမှတ်မိတော့ဘူး။ အဲလိုနဲ.ပဲ နှစ်ဝက်အပြီးမှာ ကျောက်ဖြူမှာနေရမဲ့ အခွင့်အရေး ကြုံတော့တာပါပဲ။

ကိုယ်ကျောက်ဖြူကို သွားတုန်းက ပထမဆုံးလေယဉ်စီးဖူးတာ။ ခေါင်းမူးတာ ချာလပတ်ကို ယမ်းနေတာပဲ။ မူးလိုက် အန်လိုက် နဲ. လူမှန်းသူမှန်းကို မသိဘူး။ ကျောက်ဖြူက အရမ်းလှတဲ့မြို.ပါ။ ပင်လယ်ကမ်းစပ်က မြို.တစ်လျှောက်လုံးပဲ။ သဲတွေက ပင်လယ်သဲတွေ အရမ်းဆော့လို. ကောင်းတာပေါ့။ ထူးဆန်းတာက ကျောက်ခဲဆိုလို. ကျောက်စရစ်ခဲတွေပဲရှိပြီး ကျောက်အားလုံးက ဖြူဖွေးနေတာပဲ။ နာမည်နဲ.လိုက်တယ်။ ခလေးဘာမှသိပ်မသိခင် အရွယ်တုန်းကတောင် အဲလောက်လှပလားလို. ခံစားရတယ်ဆိုရင် တော်တော်ကိုလှတယ်လို. သဘောပေါက်လောက်ပြီ ထင်ပ။ ကျောက်ဖြူက ကိုယ့်ရဲ.ကလေးဘဝ ပီပီပြင်ပြင်စခဲ့တဲ့မြို.ပဲ။

ရောက်ပြီးသုံးရက်မြောက်တဲ့နေ.မှ ကိုယ်ကျောင်းစတက်ပါတယ်။ ကျောင်းနာမည်က လက်စွမ်းပြကျောင်းတဲ့။ စစချင်းကြုံရတာက ဘာသာစကား အခက်အခဲ။ ကျောက်ဖြူလေသံနဲ. စစ်တွေလေသံက မတူပါဘူး။ နားလည်ပေမဲ့ ကိုယ်က တစ်ယောက်တည်း စစ်တွေစကားပြောနေရတာ အားငယ်သလိုခံစားရတယ်။ လူအုပ်ထဲကို ဝင်ရောချင်တာပေါ့။  အဲဒီတော့ ကိုယ်စပြီး ကျောက်ဖြူစကားစမ်းပြောကြည့်တယ်။  နည်းနည်းချင်းစီပေါ့။ ၁ လလည်းကြာရော စစ်တွေစကားကို လုံးဝပြောမတတ်တော့ဘူး။ လုံးလုံးကျောက်ဖြူစကားဖြစ်သွားတော့တယ်။ အမေတို.ဆို အံ့တွေသြောလို.  ကိုယ့်ကို တမင်မပြောဘူးထင်နေတာ။ တကယ်ကို မပြောတတ်ဘူးဖြစ်သွားတယ်။ ကျောက်ဖြူလေသံက ချစ်စရာကောင်းတယ်။ ပိုက်ဆံကို စစ်တွေမှာ ဖေ့သာ ကျောက်ဖြူမှာ ပသာ ။ ဘာလဲဆိုတာကို စစ်တွေမှာ ဇာလေ ကျောက်ဖြူမှာ အစွာရောင် စသည်ဖြင့်ပေါ့။ ကွဲပြားခြားနားတာတွေလည်းရှိပါတယ်။  လက်စွမ်းပြကျောင်းမှာသုံးလတက်ပြီးတဲ့နောက်ပိုင်းမှာ အမေက ကိုယ့်ကို ကျောင်းထုတ်ပြီး ကျောက်ဖြူမှာ စာသင်ကောင်းတယ်လို. နာမည်ကြီးတဲ့ ပင်လယ်နားကျောင်း မှာသွားထားပါတယ်။ ပင်လယ်ကမ်းစပ် နားမှာ မေးတင်ပြီးဆောက်ထားတဲ့ တစ်ထပ် သွပ်မိုးကျောင်းလေး။ အရမ်းသာယာတယ်။ ကျောင်းဘေးမှာ ပန်းခြံကြီးရှိတယ်။ ဘာတဲ့ နဒီသောင်ယံပန်းခြံတဲ့။ အဲဒီအချိန်မှာ တော့ကိုယ်က မျောက်ရှုံးအောင်ဆော့တဲ့ အ၇ွယ်ရောက်နေပြီ။

ကိုယ်တို.အိမ်အနီးအနားမှာ ရွယ်တူကလေးတွေ ပေါတယ်။ အုပ်စုလိုက်ကြီး အရမ်းဆော့လို.ကောင်းတာ။ အိမ်ရှေ.မှာ ခရစ်ယာန်ကျောင်းဝင်းကြီးရှိတယ်။ အဲဒီတုန်းက တစ်တန်းနှစ်ဝက်ကြီးတက်တုန်းပေါ့။ ကိုယ်ငယ်ငယ်တည်းက ဆံပင်ပါးလွန်းအားကြီးလို. အမေက ကတုံးတုံးပေးထားတယ်။ ကျောက်ဖြူမှာ တုန်းက ဆံပင်နဲ.တောင် မနေခဲ့ရဘူး။ ရာသီမရွေး ကတုံးပဲ။ ဒါတောင် ခု ပြောင်းဖူးမွှေးသာသာပဲရှိတာ။ အန်းနီးဝေး အဲဒီတုန်းက ကတုံးပြောင်ပြောင်နဲ. အင်းကျီလည်းမဝတ်ဘူး။ ပူလို.ချွတ်ထားတာ။ ဘောင်းဘီတို တစ်ထည်ဝတ်တယ်။ အဖေဝယ်ပေးထားတဲ့ ကစားစရာ သေနတ်ကို ဘောင်းဘီခါးကြားထိုးပြီး ရွာရိုးကိုးပေါက်လျှောက်ဆော့တာ။ မြင်ယောင်ကြည့်ကြပေါ့။ သေနတ်ကတော့ အသေစုတာ။ ငှက်ပျောရွက်ကို အရွက်သင်။ ကျန်တဲ့ အလယ်ရိုးကို အဆစ်လေးတွေလုပ်ပြီး လက်နဲ.သပ်ချလိုက်ရင် ဖတ်ဖတ်နဲ.မြည်တဲ့ သေနတ်တွေရှိသေးတယ်။ တိုက်ပွဲကတော့ ဝင်သလားမမေးနဲ.ပဲ။ ကျောက်ဖြူကို ရောက်တော့ညီမလေးက တစ်နှစ်ကျော်ပြီပေါ့။ သူကဖြူဖြူဖွေးဖွေး ကိုယ်က မည်းမည်းသည်းသည်းနဲ.။ ကျောက်ဖြူမှာတုန်းက လူရုပ်တောင် သိပ်မပေါက်ဘူးထင်တယ်။ ဆော့လွန်းလို.။

နွေရာသီကျောင်းပိတ်တိုင်း ကိုယ့်ကို ခရစ်ယန်ကျောင်းပို.ပြီး အင်္ဂလိပ်စာသင်တန်းတက်ခိုင်းပါတယ်။ မတက်ချင်ပေမဲ့လဲ တက်ရတာပေါ့။ ဆက်လက်ရေး ရေးတာသင်တယ်။ ပုံပြင်လေးတွေသင်တယ်။ ခရစ်ယန် သီလရှင် က တိုင်းရင်းသားပဲ။ ချင်းထင်တယ်။ အသံဝဲဝဲနဲ. ကိုယ့်အမေကို ချီးကျော်ကျွေးတဲ့ သမီးဆိုတဲ့ ပုံပြင်ကို သင်တာ မှတ်မိသေးတယ်။ ညီမလေး  ၃ နှစ်လောက်ရောက်တော့ သူ.လဲကျောင်းပို.တယ်။ ဘယ့်နှယ် တစ်ကျောင်းလုံးမနေရဘူး။ အော်ငိုနေတာ။ ကိုယ်တို.က အဲကျောင်းကို မာသာကြီးကျောင်းလို.ခေါ်တယ်။ ကြက်ဆင်အကြီးကြီးတွေ မွေးထားတာရှိတယ်။ ခြံကြီးက အရမ်းသာယာတာ။ မာလကာပင်တွေအများကြီး။ အဲတုန်းက ကိုယ်အစားဒီလောက်မမက်သေးဘူး။ ဒါပေမဲ့ စာမက်နေပြီ။ ကိုယ်စာအုပ်တွေ စဖတ်ပါတယ်။ မိုးသောက်ပန်း ကနေအစ သတင်းစာအဆုံး အကုန်ဖတ်တယ်။ ကံကောင်းချင်တော့ အိမ်နားမှာ စာအုပ်ဆိုင်ဖွင့်ပါတယ်။ ၂ တန်းနှစ်ဝက်မှာ ဝတ္ထုစာအုပ်ပထမဆုံးဖတ်ဖြစ်ပါတယ်။ ရေးတဲ့လူက မီကိုဇူးဇင်။ စာအုပ်နာမည်မမှတ်မိတော့ဘူး။ အချစ်ဇာတ်လမ်းပေါ့။ အဲဒီကနေစပြီး မီကိုဇူးဇင် နိုကိုဇူးဇင် စာအုပ်တွေကို တောက်လျှောက်ဖတ် တခြားစာအုပ်တွေရောဖတ်ဖြစ်လာတယ်။ ဘယ်လိုဖတ်ရလဲဆိုတော့ အိမ်က အချစ်ဝတ္ထုတွေဖတ်တာကို ခွင့်မပြုတော့ စာအုပ်ဆိုင်မှာသွားခိုးဖတ်တာပေါ့။ အသိကိုး။ အဲ ဖတ်ပုံကို ပြောပြအုံးမယ်။ ဆိုင်ကဆိုင်သေးလေး ဆိုင်အလယ်မှာလေးထောင့် စားပွဲခုံချထားတာပေါ့။ ကိုယ့်နေရာက အဲဒီစားပွဲခုံရဲ.အောက် ဆိုင်ရှင်ခြေရင်မှာ ဂုံနီအိပ်ခင်းထားတာ။ အိပ်ဖတ် မှောက်ဖတ် ပက်လက်ဖတ် ဖတ်ချင်သလို ဖတ်ပဲ။ အင်မတန်သာယာတာ။

စာအုပ်ကြောင့်ရန်ဖြစ်ရတဲ့ အခေါက်လည်းရှိသေးတယ်။ အိမ်နားမှာ လူသစ်ပြောင်းလာတုန်းကပေါ့။ ဗမာပြည်ကပြောင်းလာကြတာ။ ဒါပေမဲ့ အမေရခိုင်ထင်တယ်။ သားလေးတစ်ယောက်ပါလာတယ်။ နာမည်က မဟာပုံပုံဝင့်သူဝင့် တဲ့။ စဉ်းစားသာကြည့်ကြတော့။ လူကလည်း ရန်စွာလိုက်တာ မိန်းမလေးလားကျလို.။ ကိုယ်နဲ.ဆို တည့်ကို မတည့်ဘူး။ ဒါပေမဲ့ ဂွကျတာက သူတို.အိမ်မှာ မိုးသောက်ပန်းစာအုပ် အထပ်လိုက်ကြီးရှိတယ်။ ကိုယ်ကလည်း စာအုပ်မြင်လို.ကတော့ သူ.အမေနဲ.အဖေ အခန်းထဲမှာ ရှိတာတောင် တန်းဝင်ချသွားပြီး စာအုပ်ပုံနားရောက်သွားတာ။ ဘာလုပ်နေနေ အရေးကို မစိုက်ဘူး။ သူတို.က အိမ်ကိုလည်း ပေးယူမဖတ်ဘူး။ အဲကောင်လေးလဲ မဖတ်ဘူး. စာအုပ်က အသစ်ကြီးတွေ အဲဒါကို ကိုယ်ယူဖတ်ရင် မပေစေနဲ. မပြဲစေနဲ.နော် မကိုင်နဲ မထိနဲ.နော်စသည်ဖြင့် အမျိုးမျိုးပြောတယ်။ မကြိုက်လို. ။ ကိုယ်ကတော့ ဖတ်ရပြီးတာပဲ။ တစ်နေ.တော့ စာအုပ်က စာရွက်တစ်ရွက်ပြဲထွက်သွားရော။ ကိုယ်လည်း မျက်နှာငယ်လေးနဲ. ဘာမှာကို မပြောနိုင်ဘူး။ သူ.အမေလဲအနားမှာရှိတယ်။ စိတ်တိုသလိုကြည့်ပေမယ့် ဘာမှတော့ မပြောဘူး။ ကိုယ်လည်း အိမ်ပြန်လာခဲ့ရော။ ပြီးတော့ မုန်.ပေါင်းရောင်းတမ်းဆော့နေတာ။ ဟမ်မလေး နာရီဝက်လောက်ကြာတော့ လိုက်လာတာ လိုက်လာတာ ဒင်းက ။ အမေတို.က အိမ်ထဲမှာ။ ကိုယ့်ဟာကို မုန်.ပေါင်းရောင်းလို.တောင် လက်လည်တာမဟုတ်ဘူး။ သူလာတာကို မမြင်ဘူး။ အနားနားကပ်ပြီး အော်တာ နားတောင်ကန်းမယ်။ ဟဲ့ နင်က ငါ့စာအုပ်ကို ဘာလို.ဖြဲလိုက်တာတုန်း သူများဟာကို ယူလည်းဖတ်သေး ဖြဲလည်းဖြဲသေး။ ကိုယ်က စိတ်ကတိုသွားတယ်။ မတော်တဆ ဖြစ်သွားတဲ့ ကိစ္စကို လာပြောတယ်ပေါ့။ ပြီးတော့ ကိုယ့်ကို တွန်းတယ်။ ကိုယ်လည်းပြန်တွန်းတာပေါ့။ ကိုယ်က ဘယ်တော့မှ ကတ်ကတ်လန်အောင် ပြန်မပြောတတ်ဘူး ရန်တွေဘာတွေဖြစ်ရင် အဲ လက်တော့လျင်တယ်။ ကိုယ်က ပြန်တွန်းတော့ ကိုယ့်လက်မောင်းကို ဖက်ကိုက်တာဒင်းက။ လန်.သွားပြီး အားဆိုအော် ပြီးတော့ ဘာလုပ်ရမှန်းမသိဘူး။ နောက်မှ သူ.လည်းကိုက်မဲ့နေရာရှာတော့ နား၇ွက်ပဲမြင်ရတော့ နားရွက်ပဲဖက်ကိုက်တာပေါ့။ အဲဒါကြောင့်ပြောတာ မိုက်တိုင်စင် နားရွက်ကိုက်တာ ၁၉၉၇ လောက်မှပါလို. ငါတို.က ၁၉၉၁ တည်းက ကိုက်လာတာလို.။ ခဏနေကျတော့ ကိုယ့်အမေကလည်းဝင်ဆွဲ သူ.အမေလည်းလိုက်လာပြီးဝင်ဆွဲမှ ပြီးသွားတယ်။ ဖြစ်ပုံ။

ကျောင်းမှာလဲအေးဆေးပါပဲ။ ကိုယ်ကကျောင်းမှာ သရေပင်အခုန်ကောင်းလို. ပေါ်ပြူလာဖြစ်တယ်။ ဟိုကလည်း သူ.အဖွဲ.မှာ ပါ ပါ ဒီကလည်း သူ.တို.ကို ဂျွိုင်းပါနဲ.။ သရေပင်ကတော့ ခုန်သလားမမေးနဲ.။ ကျွမ်းတွေဘာတွေပစ်ထိုးပြီးတော့ကို ချတာ။ ဒါက ကိုယ့်ရဲ. own stance ပေါ့။ ဟဲဟဲ။ ကျောင်းကသူငယ်ချင်းတွေထဲက စာတော်တဲ့လူတွေပဲမှတ်မိတော့တယ်။ ကျော်သူစိုးဆိုတဲ့ ကောင်လေးရှိတယ်။ တရုတ်လေး သူ.အမေက အင်ဂျင်နီယာမ ထင်တယ်။ ကျောင်းကပွဲတုန်းက ဇော်ဝင်းရှိန်ရဲ. ပိုင်ရှင် မရှိသေးတဲ့ အချစ်ကလေးရေ ဆိုတဲ့ သီချင်းကို ဆိုတာပေါ့ ဒင်းက။ အမလေး ပေါ်ပြူလာ ပေါ်ပြူလာ။ နောက် ယင်းမာကို နဲ. နန်းထွေး ဆိုတဲ့ ညီအစ်မ နှစ်ယောက်ရှိတယ်။ ဗမာမလေးတွေ ဆရာဝန်သမီးတွေ။ အဆင့်က သူတို.နဲ. ပဲ အမြဲလုရတယ်။  ၃ တန်းနှစ် အတန်းတင် နောက်ဆုံးနေ. သင်္ချာဖြေပြီးတဲ့နောက် ကိုယ်ပျောက်သွားသေးတယ်။ အမေတို.က ဒေါင်းတောက်အောင် လိုက်ရှာနေကြတာ။ စာမေးပွဲပြီးတော့ အိမ်ပြန်မလာဘူးလေ။ ၁၂နာရီကပြီးတာ ၄နာရီထိုးတဲ့အထိ ကလေးကပြန်မလာဘူးဆိုတော့ စိုးရိမ်ပြီပေါ့။ ကိုယ်ကတော့ ကျောင်းနားမှရှိတဲ့ ရုံးတစ်ရုံးက ခြံစောင့်သမီးလေးက ကိုယ့်သူငယ်ချင်းဆိုတော့ သူတို.အိမ်လိုက်ပြီး ဇယ်တောက်နေတာ ရှယ်ပဲ။ ပျော်ကြတာပေါ့။ သူငယ်ချင်းနှစ်ယောက်။  ပင်လယ်ကမ်းစပ်မှာ သူတို.အိမ်က။ ကိုယ်တို. ရေထဲတွေဆင်း ဆော့ လက်တွေချိတ် သီချင်းတွေဆိုကြသေးတယ်။ နောက်၅ နာရီလောက်မှ အမေတို.လိုက်လာကြတယ်။ အမေက ပြေးလာဖက်တာပေါ့ အစကတော့ ။ နောက်မှ ဗြန်းဗြန်းကွဲအောင် အရိုက်ခံရတာ။



ကျောက်ဖြူမှာနေတုန်းက ၉  နှစ် ၁၀နှစ် အရွယ်ဆိုတော့ သွားတွေကျွတ်တဲ့ အရွယ်ပေါ့။ သွားလည်း တစ်ချောင်းမှ အကောင်းမရှိဘူး။ ၃ တန်းနှစ်က ပိုဆိုးတယ်။ တစ်နေ.တစ်နေ. သွားကိုက်လိုက် သွားနာလိုက် သွားကျိုးလိုက်နဲ.။ တစ်ပတ်တစ်ခါလောက် နဲ.တဲ့တဲ့သွားလေးကို အပ်ချည် ကြိုးနဲ.ချည်ပြီး ဆွဲ ဆွဲ နေတဲ့ကိုယ့်ကို မြင်ရမှာသေချာတယ်။ ညနေတိုင်း ဆားရည်ငုံရတယ်။ ကိုယ့်ညီမလေးက  ၃နှစ်ရှိပြီး သွားက ရှေ.က လေးချောင်းကျိုးနေပြီ။  အပေါ်နှစ်ချောင်း အောက်နှစ်ချောင်းနဲ. ပြတင်းပေါက်ဖောက်ထားသလိုပဲ။ ငယ်ငယ်တည်းက သူက သွားမကောင်းရှာဘူး။ သူများက ၄  ၅ နှစ်မှာမှ သွားကျိုးတာ သူက ၃ နှစ်လောက်နဲ. ကျိုးနေပြီ။ အဲဒီတုန်းက ကမ္ဘာရှား ဇီးထုပ်တွေရှိတယ်လေ။  သူ.ကို ကမ္ဘာရှားပေးစားရင်ရီရတယ်။ တစ်ကိုက်စီ အကြီးကြီး ကိုက်လိုက်မှ သွားမှာနည်းနည်းလေး ကပ်ကျန်ခဲ့တာ။ အားလုံး အဲဒီ ပြူတင်းပေါက်လို ကျိုးနေတဲ့ သွားကျိုးပေါက်ထဲက အကုန် ပြန်ထွက်လာတာ။ ကိုယ်ဆို ခဏခဏ ဝယ်ကျွေးတယ်လေ။ အဲဒါကို ကြည့်ချင်လို.။ ပြီးတော့ လှောင်တာပေါ့ တဟားဟားနဲ.။ အဲ အဲလို လှောင်လည်းပြီးရော တယ်မကြာပါဘူး အံသွားကိုက်ရော။ အမ်မလေး နာတာသေတောင်သေမယ်။ အဲဒါနဲ. ၄ ရက်ဆက်တိုက်လောက် အနာခံပြီးရော မရတော့ဘူး အံသွားနှုတ်မှ ဖြစ်တော့မယ် ဆိုပြီး ပါပါက ဦးဆောင်ပြီးတော့ သားအဖ နှစ်ယောက် စစ်တွေကို လေယဉ်နဲ.ချီတက်ကြပါတော့တယ်။


သွားဆေးခန်းက စစ်တွေ လမ်းမကြီးဘက်မှာရှိတာ။ နေရာ အတိအကျတော့ မသိတော့ပါဘူး။ ဆရာဝန်ကလည်း ကိုယ့်အသိထဲကပဲလို.ပြောတယ်။ ကိုယ်တစ်ခါမှ ဆေးခန်းတွေဘာတွေသိပ်မသွားဖူးဘူး ဆေးထိုးခံရမှာလည်း အရမ်းကြောက်တယ်။  ဒါပေမဲ့ အေးအေးဆေးဆေးပဲ ထုံဆေးဆိုတာရှိတယ်လို. အဖေက ပြောလို. သိပ်မကြောက်ဖူး လုံးဝမနာစေရဘူး ဘာညာလို. အာမခံထားတာရှိတော့ တည်တည်ငြိမ်ငြိမ်ပဲပေါ့။ အဲ ပြသနာစတာကတော့ ထုံဆေးထိုးခါနီးမှာ စတာပါ။ အပ်သေးသေးတောင်ကြောက်တာ သေတော့မဲ့ဟာကို အဲဒီဆရာဝန်ရဲ. ထုံဆေး အင်ဂျက်ရှင် ဆရိန်းက တံတောင်ဆစ်ထိရှည်တယ်။ ကိုယ်က မြင်လိုက်တဲ့ အခါလူက သွားနှုတ်တဲ့ ထိုင်ခုံပေါ်ရောက်နေပြီ။ မြင်တာနဲ. မျက်ဖြူတွေဆိုက်နေတာ အဖေတို.က သတိမထားမိဘူး။ ဆရာဝန်နဲ. စကားပြောလို.ကောင်းတုန်း။ ဆရာဝန်ဟိုဘက်လှည့်တာနဲ. ဝုန်းဆို ခုံပေါ်ကထပြီး တန်းနေအောင်ပြေးတာ နောက်က လူကြီး ၃ ၄ ယောက် လိုက်မမီပါဘူး။ ပြေးတာပြေးတာ ဘယ်နားရောက်လို.ရောက်မှန်းမသိဘူး နောက်မှ အဲဒီတုန်းက အသစ်ဖွင့်စ ခိုင်သဇင်ပန်းခြံနားရောက်လာတော့ ငါအိမ်ပြန်မဲ့လမ်းကို ရောက်နေတာလို. သတိထားမိတယ်။ ဖိနပ်လည်းမပါဘူးပြေးလာတာ မောလည်းမောလှပြီ။ အဲဒါနဲ. ဆိုက်ကားငှားပါတယ်။ ဆိုက်ကားဆရာကလည်း ကတုံးမလေး ဘယ်ကပြေးလာတာလဲမသိ မျက်ရည်တွေနဲ. မောကြီးပန်းကြီးနဲ. သနားလို.လားမသိ  မလိုက်ဖူးတဲ့။ အဲဒါနဲဆက်ပြေးတာ အိမ်ထိတကယ်ရောက်တယ် ။ အိမ်က ဂေါက်ကွင်းနားမှာ။ စစ်တွေကလူတွေတွေ.ရင် မေးလိုက် လမ်းမကြီးနဲ.ဂေါက်သီးကွင်းနဲ. ဘယ်လောက်ဝေးလဲလို.။ အဖေဆိုတာ ဒေါသတွေမထွက်စဖူး ထွက်လို.။ နောက်တစ်နေ.လည်းကျရော အဖေက အိမ်နားက လ ဝ က ဝင်းထဲမှာ နေတဲ့ ကိုယ့်သူငယ်ချင်း မအေးမြသူကို မုန်.ပေးပြီးခေါ်လာပါတယ်။ သူ.မှာလောလောလတ်လတ်သွားနှုတ်ထားတာ မကြာသေးဘူး။ အဲ သူက ကိုယ့်ကိုပြောတာပေါ့ လုံးဝမနာဘူးတဲ့ စားချင်တာစားလို.ရတယ်တဲ့ သူအာမခံပါတယ်တဲ့ သူ.ပေါက်စသွားကိုလည်း လက်နဲ.ခေါက်ပြတယ်။ လုံးဝမနာဘူးပေါ့။ အဲဒါနဲ. သူ.ကိုယုံကြည်ပြီး ကြယ်နီရေခဲချောင်း ၂ ချောင်းစားရမယ်ဆိုတဲ့ မက်လုံးနဲ.  ဆေးခန်းကို နောက်တစ်ခေါက်ချီတက် သွားကြပါတယ်။ ဆိုက်ကားတစ်စီးနဲ. သားအဖနှစ်ယောက်က ရှေ.က မအေးမြသူက လောလီပေါ့ ကိုက်ပြီးနောက်က။ ကိုယ်က ငိုတော့မဲမျက်နှာနဲ. ထုံဆေးကို ထိုးခံတယ်။ အေး ဟုတ်သားပဲ မနာဘူးဟ ဆိုပြီး ကိုယ့်ပါးကို ပြန်ရိုက်ရနဲ.  ဆိတ်ဆွဲရတာနဲ.။ သူတောင်ဝင်ရိုက်သေးတယ် ထင်ပ နာလား နာလားနဲ.။ တကယ်မနာတာပါ။ အဲ ဘယ်တော့မှနာလဲဆိုတော့ ၂နာရီ ၃ နာရီလောက်နေ အိမ်ပြန်ရောက်ပြီး ထုံဆေးပြယ်တဲ့အခါကျမှ သွားနှုတ်တဲ့နေရာကနာ၊ ပါးရိုက်တဲ့နေရာကနာ၊ ဆိတ်ဆွဲထားတာကလည်းနာနဲ. အသကုန်နာတော့တာပဲ။ အဲဒီတော့မှ မအေးမြတ်သူကို အမလေး ရက်စက်ပါပေ့ လုပ်ရက်ပါပေ့ သစ္စာဖောက်ပါပေ့နဲ. ဆဲတာ နာတိုင်း ။ အိမ်ကလူတွေကတော့ ကျောက်ဖြူစကားလုံးလုံးပြောနေတဲ့ ကိုယ့်ကို တအံ့တသြကြည့်လို. ။ ကိုယ်ဆယ်တန်းအောင်ပြီးတော့ မအေးမြတ်သူ ကျိုက်ထီးရိုးသွားရင် ကားချောက်ထဲကျ မီးလောင်ရာမှာပါပြီး ဆုံးသွားတဲ့ အကြောင်းကို ကြားရပါတယ်။ ယုံတောင်မယုံနိုင်ဘူး။


ကျောက်ဖြူမှာ မှတ်မိသလောက် ရောက်ခဲ့တဲ့နေရာကို ပြောရရင် မှတ်မှတ်ရရတွေပေါ့ မင်းပြင် ဆိုတဲ့ရွာရယ် ၊ ကျောက်တစ်လုံးစေတီရယ်၊ နောက် ကံ့ကော်တော ဖုရားရယ်ပေါ့။ မင်းပြင်က မြို.ပြင်ကရွာ ကားနဲ. သွားရသေးတယ်။ အဲဒီမှာ ကိုယ်တို. မိုက်ခရိုဝေးဖ် လို.ခေါ်တဲ့ ဘာခေါ်မလဲ ဖုန်းလိုင်းတွေ ဘာတွေဖမ်းတေပေါ့ အဲဒီစင်ကြီးရှိတယ်။ အမြင့်ကြီးပဲ။ အပေါ်မှာ ပုဂံပြားမှာ ပုဂံလုံးမှောက်ထားသလို ပုံစံကြီးလုပ်ထားတာ။ အဖေတို.များ ကလေးတွေကို အဲဒီ စင်ကြီး အပေါ်ဆုံးအထိ ခေါ်သွားတာ။ အဖွားတောင်ပါလိုက်သေး။  အပေါ်ကကြည့်ရင် လူတောင်ရိပ်ရိပ်ပဲ မြင်ရတာ။ ကိုယ်ဆို ထမ်းချရတယ်။ ကြောက်လွန်းလို.။ နောက်အဲဒီမှာ ကျောက်ပုဇွန် (Lobster) ကြီးတွေ အရမ်းပေါတယ်။ ထမင်းဝင်သလားမမေးနဲ.။ နောက် ကံ့ကော်တော ဘုရားကြီးကိုသွားတယ်။ ကံကော်တော ဘုရားကိုသွားရင် ပိန်းစွယ် ဗမာလို ပိတ်စွယ် ခေါ်လား ဘာလား အဲဒီဟင်းစားရတယ်။ နာမည်ကြီး လာသမျှလူကို ပိန်းဟင်းချက်ကျွေးတဲ့။ ဘုရားနားမှာ ပိန်းတောာကြီး သီးနေတာပဲ။ ဘုရားဝင်းထဲချက်ရင် ဘုရားတန်ခိုးကြောင့် မယားဘူးတဲ့။ အပြင်ယူသွားပြီး ချက်ရင် ယားတယ်လို. ယုံကြတယ်။ တကယ်လဲ စားလို.ကောင်းပါတယ်။ ဘုရားနားမှာ ရွေးပင်တွေ အုပ်လိုက်ရှိတယ်။ ရခိုင်လို ရွေး ဗမာလို ရွဲလို.ခေါ်တယ်။ ရွဲကုန်သည်ပုံပြင်ကြားဖူးတယ်ဟုတ်။ ရွေးစေ့လေးတွေက လှလိုက်တာ လှလိုက်တာ ဘဝမှာ ပထမဆုံးမြင်ဖူးတာပါ။ ပဲလုံးစေ့လောက်ရှိပြီး အနီတစ်ဝက် တစ်ဝက် အရောင်ကလည်း ရွှန်းစိုပြီး ပန်းချီဆွဲပေးထားတဲ့အတိုင်းပဲ။ အဲဒါကြောင့်မို.လည်း ရွဲကုန်သည်ဆိုပြီး ပုတီးလေးတွေ လုပ်ရောင်းကြတာကိုးလို. စဉ်းစားမိတယ်။ တော်တော်များများကတော့ မမြင်ဖူးကြဘူးလို.ပြောတယ်။ ကိုယ်လဲ ပထမဆုံးနဲ. နောက်ဆုံး မြင်ဖူးတာပါ။ ကျောက်တစ်လုံးဘုရားက တော့ အိမ်နားမှာရှိတာ။ ကျောက်ဖြူအကြီးကြီးတစ်လုံးတည်းပေါ်မှာ ဘုရားတည်ထားတာ။ ကျန်တဲ့နေရာတွေက မမှတ်မိတော့ဘူး။ အော် ရှိသေးတယ်။ ကိုယ့်အိမ်နဲ.ကျောင်းသွားတဲ့လမ်းပေါ်မှာရှိတဲ့ ရခိုင်မုန်.တီဆိုင်။ အိမ်ထဲမှာပဲရောင်းတာ။ အိမ်ရှေ.မှာ စကားပင် အကြီးကြီးရှိတယ်။ မိသားစုဆိုင်လေးပါ။ လက်ညှစ်မုန်.တီလုပ်ရောင်းတယ်။ ကောင်းလိုက်တာ မပြောပါနဲ. ။ အဲဒီတည်းကကို မုန်.တီကြိုက်တာ။ အဲဆိုင်မှာစားလို. တခြားဆိုင်မှာစားရင် မုန်.တီကြိုက်ချင်မှကြိုက်မှာ။

နောက်အမှတ်တရ အစားအသောက်ကိုပြောရရင် ကိုယ်ကျူရှင်တက်တဲ့ လမ်းမှာရောင်းတဲ့ ထမင်းကြော်။ ထမင်းကို ပဲငံပြာရည် အပျစ်လေးနည်းနည်းနဲ. ကျော်၊ ပဲပြုတ်ကို ဆီစိမ်ပြီးအိနေအောင်လုပ်ပြီးနည်းနည်းခြေထားတာ၊ ပြီးတော့ အမဲသားနှပ်ကလေးထည့်  ငရုတ်ဆီရယ် သခွားသီးတောက်တောက်စင်းပြီး ရောထားတာလေးနဲ. တစ်ပွဲကို ၂ ကျပ်ပေးရတယ်။ စားလိုက်ရင် နတ်ပြည်တန်းရောက်သွားသလိုပဲ။ ခုတောင် အရသာကို ပြန်ပြီးခံစားလို.ရတယ်။ အဲလောက်ထိကောင်းတယ်။ ကိုယ်အရမ်းကြိုက်တာ။ ကျူရှင်အိမ်က ပါပရာ (ငါးမုန်.) လုပ်တဲ့အိမ်ဆိုတော့ ပါပရာတွေလည်း ညီးနေအောင်စားရတာပေါ့။ အင်မတန်အရသာရှိတာ။ ကျူရှင်ဆရာမက ဒေါ်မိမိထွန်းလို.ခေါ်ပါတယ်။ အသားဖြူဖြူ ကိုယ်လုံးလှလှ နဲ. လူကြီးတွေနဲ. စကားပြောရင် ဟုတ်ပါရေပါ ဆိုပြီးတော့ အမြဲတမ်းပြောတယ်။ ဟုတ်ပါရေ က ဟုတ်ပါတယ်လို.ပြောတာပဲဟာကို ပါထပ်ထည့်သေးတာ။း) ဆရာမကို အရမ်းကြောက်ရတယ်။ အိမ်မှာ သိပ်အရိုက်မခံရပေမဲ့ ကျောင်းမှာတော့ လက်ဆစ်နဲ.ခေါက်တာ တောင်ခနဲ တောင်ခနဲနေတာပဲ။ လှုပ်တောင်မလှုပ်ရဲဘူး။ ခုတော့ ဆရာမနဲ.မတွေ.တာ သတင်းမကြားတာ ကြာလှပြီ။ ပြန်ပြောတော့လည်း သတိတွေရပါတယ်။ အောက်လည်း အောက်မေ့တယ်။

  ကိုယ့်ကျောင်းလေးတွေ.မလား ရှာကြည့်ပါသေးတယ်။ မှတ်မိတော့ပါဘူး။ ဒါကိုသိခဲ့တဲ့ ကျောက်ဖြူနဲ.မတူတော့ဘူး။ ပြောင်းလဲသွားပြီ။

ဒီလိုနဲ.ပဲကျောက်ဖြူမှာ လေးတန်းနှစ်ဝက်နေရင်းနဲ. စစ်တွေ ကိုတစ်ခါ ပြန်ပြောင်းလာရပြန်ပါတယ်။ ဒီတစ်ေါက်ကတော့ တော်တော်ရှည်သွားပြီး သည်းခံသာဖတ်ကြတော့။ နောက်မှပဲ အပိုင်း ၃ ဆက်ပါအုံးမယ်။

စားနိုင်ရင် ကိုယ့်ဖို.
ခိုင်ဝေဇံ