နိုက်ဂျူတီမှာ စားဖြစ်တဲ့ အစားအသောက်တွေ

နိုက်ဂျူတီသွားတုန်းက ညညကျရင်ထွက်စားဖြစ်ကြတာလေးတွေကို တင်ပေးလိုက်တယ်။ အမေရောက်တယ် မနေ.က။ အမေလည်း ကိုယ့်လိုပဲ အစားအရမ်းစုံတယ်။ အရမ်းအစားအသောက်မက်တယ်။ ခုတော့ ကျန်းမာရေးမကောင်းဘူး။ အဆစ်အမြစ်တွေရောင်ပြီးတော့ အထိုင်အထလေးတယ်။ ကိုယ်လည်း အဲလိုပဲဖြစ်မှာပဲ ထင်တယ်။ ဖြစ်ခါမှ ဖြစ်ရောပဲ။ အစားတော့မလျှော့နိုင်ပါဘူး။

ကိုယ်တို.နိုက်ဂျူတီလုပ်တိုင်း သွားစားဖြစ်တဲ့ ဆိုင်လေးရှိတယ်။ Ameen တဲ့။ NUS နားလေးမှာ။ အစားအသောက်အရမ်းကောင်းတယ်။း)


Nasi Goreng Pattaya
ထမင်းကြော်ကို ကြက်ဥကြော်လေးနဲ. Wrap လုပ်ထားတာပါ။ ပြီးတော့ အပေါ်က ချီလီဆော့စ် ဖြူးထားတယ်။ အထဲမှာ ပင်လယ်စာနဲ. ကြက်သားပါတယ်။ အသီးအရွက်နည်းနည်းပါမယ်။ တယောက်စာဆို အများကြီးပဲ။ အရသာလည်းရှိတယ်။ ဈေးက ၄ကျပ်ခွဲပဲ။း)
Maggi Goreng Cockles
ခေါက်ဆွဲကို ခရုနဲ.ကြော်ထားတာ။ အဲဒီဆိုင်က ကြိုက်တာကို လက်ညှိုးထိုးမှာ စားလို.ကောင်းတယ်။ ခေါက်ဆွဲကြော်ကသူများဆိုင်တွေလို ခြောက်ခြောက်ကြီးမနေဘူးတွေ.လား။ ရွှဲရွှဲလေး။ ကောင်းမှကောင်းပဲ။
Nasi Goreng Kampong
Nasi ဆိုတာက ထမင်းကိုပြောတာ။ Goreng ဆိုတာက အကြော်။ Kampongဆိုတာ က တော။ တောထမင်းကြော်လို.ပြန်ရမှာပေါ့။ ကိုယ်စားနေကျ။ အရမ်းကြိုက်တယ်။ စပ်စပ်ကလေး။ ပင်လယ်စာတွေရော၊ ကြက်သားတွေရောပြီးတော့ Ikan Billis လို.ခေါ်တဲ့ ငါးခြောက်သေးသေးလေးတွေရောပါတယ်။း)
Butter Chicken and Garlic Nan/Butter Nan
ကြက်သားထောပတ်နဲ. နံပြားပါ။ ကြက်သားက ကောင်းသလို နံပြားသတ်သတ်စားရင်လည်း အရသာရှိတယ်။ နံပြားတခုကို လေးပိုင်းပိုင်းထားတယ်။ အကြီးကြီးတွေ။ ပလိန်း နံပြားကတောင် အရသာရှိတယ်။ ကိုယ်က Garlic Nan ကိုကြိုက်တယ်။ ဓါတ်ပုံကိုကြည့်ပြီးတော့တောင် ဗိုက်ပြန်ဆာတယ်။ 
Banana Split (Sinful)
ပုံကိုကြည့်လိုက်တာနဲ. ကောင်းလားမကောင်းလား တွေးကြည့်ပေါ့။ အပိုမပြောပါဘူး။ Sinful လို.သုံးထားတာ သိပ်မှန်တာပဲ။

ဆိုင်လိပ်စာကို သိချင်ရင် ပြောနော်။း) ဘယ်လောက်ကောင်းတဲ့ ဟိုတယ်မှာ စားစား အရသာ ကောင်းတာကို ရှာရခက်မယ်ထင်ပါတယ်။ အရသာကို ပိုက်ဆံနဲ. တန်ဖိုးဖြတ်လို.မရဘူး။ ချက်မဲ့ Ingredients ကိုပဲ ဝယ်လို.ရမယ်။

ခိုင်ဝေဇံ

မြန်မာအိမ်ဖော်များ

Woman slammed hot kettle at maid

17 Dec 2009
Source: The Straits Times

Broccoli cut the wrong way caused housewife Peck Choon Khim (right) to lash out at her maid by slamming a warm kettle against the woman’s arm.

Fearing her employer would continue the abuse, the Myanmar-born maid made a complaint to her agent, who reported the incident to the police the next day.

Investigations then revealed 14 other occasions when Peck had ill-treated Ms Moe Thandar Lin.

Yesterday, the 41-year-old Peck pleaded guilty. She will be sentenced on Jan 14.

A district court heard that the mother of two had been abusing the 24-year-old maid for about four months prior to the incident in March.

It began on the evening of Nov 15 at their home in Choa Chu Kang, when Peck hit Ms Lin’s palm with a spatula after the maid took too long to find it.

Then, on Feb 20, Peck used a cane to hit Ms Lin’s ankle for not wiping up spilt water on her baby’s high chair.

Four days later, Peck punched her arm for warming up the wrong curry for dinner.

She also pinched and kicked Ms Lin and threw things at her.

That same month, she threw a packet of baby wipes and a bundle of vegetables at Ms Lin.

Several days later, she hit Ms Lin with the kettle and splashed water on the maid.

The court was not told why Peck committed these offences, or why the maid did not report these earlier incidents.

However, it was revealed after the broccoli incident on March 18 that Ms Lin had recorded the abuses in a diary.

Peck’s lawyer K. Sathianathan asked the court for a lenient sentence because his client had young children to care for. He also said that instead of helping Peck, the maid was rebellious and lazy.

But Deputy Public Prosecutor Ruth Wong said the abuse had carried on for four months and a stiff jail term was necessary, as maids were very vulnerable victims.

Peck, whose children are now 16 months and three years old, could be jailed up to three years and fined up to $7,500 on each of the four charges.

မြန်မာနိုင်ငံလည်း ဘာလိုလိုနဲ. ဖိလစ်ပိုင်လို အိမ်ဖော်နိုင်ငံဖြစ်လာပါပြီ။ အခုပြောထားတဲ့ အဖြစ်အပျက်တင်မဟုတ်ဘူး။ အယင်တလောတုန်းက ဘွဲ.ရပြီးသား အိမ်ဖော်လုပ်နေတဲ့ ကောင်မလေးတယောက် အိမ်ပေါ်ကခုန်ချတဲ့ အဖြစ်အပျက်ရှိပါသေးတယ်။ အင်တာနက်မှာ ရှာတာ အလွယ်တကူမရလို.မတင်ပေးလိုက်ဘူး။ ကိုယ့်အသိ ထဲမှာတင် လုပ်နေတဲ့လူတွေရှိတယ်။ အလုပ်ရှာပေးမယ်ပြောပြီးတော့ ရောက်တော့မှ ဒီအလုပ်ဖြစ်မှန်းသိနေတာပါတဲ့။

ဒီကိစ္စတွေကြားရမြင်ရရင် စိတ်မကောင်းဘူး။ မလုပ်ကြပါနဲ.ပြောရအောင်ကလည်း ကိုယ်မှ ပိုက်ဆံမပေးနိုင်တာ။ တခုရှိတာက အခု စင်္ကာပူမှာ လာပြီးတော့ အင်ဂျင်နီယာ၊ အကောင့်တန်.တို. တခြား သင်္ဘောကျင်းတို.မှာ အလုပ်လုပ်တဲ့ခေတ်က ကုန်တော့မယ်။ ခုကို စင်္ကာပူလာပြီး အလုပ်ရှာတဲ့လူဘယ်နှစ်ယောက်ရှိတော့လို.လဲ။ အလုပ်ရှာရတာ အရမ်းခက်နေပြီ။ ဒီထက်ပိုဆိုးဖို.ပဲ ရှိတယ်ထင်တယ်။ ခုတောင် ပီအာ လျှောက်လည်းမကျ၊ စီတီဇင် လျှောက်လည်းမကျနဲ. ဖြစ်နေတာ။ သူတို. ရွေးကောက်ပွဲပြီးမှ ပြန်ချောင်မယ်လို.ပြောပေမဲ့ ကိုယ်ကတော့မထင်။ ဒီတော့ အဲလို အလုပ်တွေ မတွင်ကျယ်ပဲနဲ. ဒီအိမ်ဖော်အလုပ်ပဲ တွင်ကျယ်သွားမှာ စိတ်ပူမိတယ်။

မြန်မာအိမ်ဖော်တွေက နာမည်ကောင်းရှိပါတယ်။ ရိုးသားတယ်၊ နူးညံ့တယ်၊ ကြင်နာတတ်တယ်၊ စကားနားထောင်တယ်။ ကလေးချစ်တတ်တယ်။ ဒါပေမယ့် သင်ရတာမလွယ်ဘူး၊ လုပ်တတ်ကိုင်တတ်အောင်မနည်းသင်ရတယ်တဲ့။ ဒါတော့မပြောနဲ.။ အိမ်ဖော်လာလုပ်တယ်ဆိုတည်းက များသောအားဖြင့် ဆင်းရဲတဲ့သူတွေချည်းပဲ။ မြန်မာနိုင်ငံမှာ ချမ်းသာတဲ့လူတောင် ၂၄နာရီ လျှပ်စစ်မီးနဲ.မနေဘူးတာ။ ဆင်းရဲမှတော့ ဘယ်နေဖူးမလဲ။ ဒီတော့ လျှပ်စစ်ပစ္စည်း ထမင်းပေါင်းအိုးကအစ၊ Vacuum Cleaner ကအဆုံး ဘယ်သုံးတတ်ပမလဲ။ သူတို.ကတော့ နားမလည်နိုင်ဘူးပေါ့။ ဒီလောက်တောင်မလုပ်တတ်ဘူးလားလို.နေမှာပေါ့။

http://singaporemaidcomments.blogspot.com/2010/02/moe-moe-aung-myanmar.html
http://singaporemaidcomments.blogspot.com/2010/02/htoi-mai-myanmar.html

အခုပေးထားတဲ့ ဝက်ဘ်ဆိုဒ်နှစ်ခုက အိမ်ဖော်တွေကို ကွန်ပလိန်းလုပ်တဲ့ ဝက်ဆိုဒ်ပါ၊ အိမ်၇ှင်တွေကေ၇းကြတာပေါ့လေ။ ရှင်းရှင်းပြောရရင် ဟုတ်လားမဟုတ်လားမသိ တဖတ်သက် သူတို.ထင်တာတွေပြောပြီး ဓါတ်ပုံနှင့်တကွ ပတ်စ်ပို.ဒ် နံပါတ်တွေပါ ထည့်ပေးထားပါတယ်။ လုပ်စားပျက်အောင် လုပ်တာဆိုပါတော့။ မြန်မာအိမ်ဖော်သုံးယောက်ပါပါတယ်။  မိုးမိုးအောင်နဲ. ထွေးမေတဲ့။ နောက်ဓါတ်ပုံပါထည့်ပေးထားတဲ့ တယောက်ပါသေးတယ်။ တိုင်းရင်းသားနဲ.တူပါတယ်။ G string ဝတ်တယ်လို.တောင် စွပ်စွဲထားပါသေးတယ်။ အနေအထိုင်ဟော့လို.တဲ့။ ဟုတ်မဟုတ်မပြောတတ်ပါဘူး။ မြန်မာအိမ်ဖော် ရိုးလွန်း အလွန်းတယ်လို.ပြောရင် ယုံအုံးမယ်။ ဟော့လွန်းတယ်ဆိုတာတော့ သိပ်မဖြစ်နိုင်သလိုပဲ။

ပြောချင်တာကတော့ ဒီအိမ်ဖော်အလုပ်က ထင်ထားတာထက်ပိုကြီးတဲ့ ဈေးကွက်တခု ရှိနေတယ်။ Demand ကလည်း ရှိနေတယ်။ တတိုင်းပြည်လုံးနီးပါး Naive ဖြစ်တဲ့ မိန်းကလေးတွေလည်းရှိတယ်။ နိုင်ငံခြားသွား၇ရင်ပြီးရောဆိုတဲ့ မိန်းကလေးတွေလည်းရှိတယ်။ ငါ့ဝမ်းပူဆာ မနေသာတဲ့ အဒေါ်ကြီးတွေလဲ လာလုပ်နေကြတယ်။ မြန်မာနိုင်ငံကို ဒီအလုပ်အကိုင်နဲ.တွဲပြီး သိသွားရင်ဆိုတဲ့ အတွေးနဲ. စိတ်ပူမိတယ်။ ဒါပေမယ့် စိတ်ပူရုံကလွဲပြီး ဘာမှမတတ်နိုင်ဘူး။ စာရင်းကိုင်ရမယ်၊ အက်ဒမင်မှာလုပ်ရမယ်ဆိုပြီးတော့ ရောက်မှ အိမ်ဖော်လုပ်နေရတဲ့ အဖြစ်မျိုးမဖြစ်အောင် သေသေချာချာ ဂရုစိုက်ပြီး အလုပ်အေးဂျင့်ရွေးကြပါစေလို.တော့ မျှော်လင့်တာပါပဲ။

***Housewife jailed for burning Myanmar maid with iron

 http://www.3aemployment.com/shownews.asp?id=2

 

http://sg.88db.com/sg/Services/Post_Detail.page/home_services/domestic_help/?PostID=150388

 online ပေါ်မှ မြန်မာ အိမ်ဖော်ကြော်ညာများ

ခိုင်ဝေဇံ

စင်္ကာပူ ရဲစခန်းရောက်ပြီးကြပြီလား။


စင်္ကာပူမှာ ရဲစခန်းရောက်ဖူးလား။

ဟုတ်ကဲ့ ရောက်ဖူးပါတယ်။

အဲဒီတုန်းက ကလန်မန်တီမှာ အိမ်ငှားပြီနေကြတုန်းကပေါ့။ တခန်းမှာ သုံးယောက်နေကြတာ။ အခန်းဖော် အဲဒီလောက်ဆိုးတာနဲ. ပထမဆုံးအကြိမ်ကြုံတာပါပဲ။ သူ.မိသားစုလာလိုက် သူ.သူငယ်ချင်းလာလိုက်နဲ.။ ဒီလောက်ကျပ်သိပ်နေတဲ့အခန်းကို။ ကွန်ပျူတာ တစ်လုံးတောင်လိမ်ယူသွားသေးတယ် ကိုယ့်ဆီက။  အဲဒါနဲ့သူ.သူငယ်ချင်းတယောက်က ရောက်လာပြန်ပါရော။ ရန်ကုန်က စင်္ကာပူကို ရှော့ပင်း ထွက်လာတာတဲ့။ တယောက်တည်းတဲ့။ အင်္ဂလိပ်စကားကို လည်လည်ဝယ်ဝယ်သိပ်မပြောတတ်ပါဘူး။ ကလေးမလေးကတော့ အေးအေးလေးပါ။

အဲဒါနဲ. သူရောက်ပြီး ၄ ၅ ၇က်လောက်နေတော့ ၁ည အိမ်ပြန်မလာဘူး။ အခန်းဖော်ကလည်း တခြားသူငယ်ချင်းတွေအိမ်ရောက်နေတယ် ထင်တယ်တဲ့။ ဖုန်းခေါ်လို.လည်းမရဘူးတဲ့။ အဲဒါနဲ. နှစ်ည မြောက်သွားပါတယ်။ နောက်တရက်မနက်နိုက်ဂျူတီကပြန်လာတော့ နှစ်ယောက်လုံးကို ငိုရက်သားသွားတွေ.ပါတယ်။ ကိုယ့်အခန်းဖော်က အမရယ် လုပ်ပါအုံး ရဲစခန်းကို သွားရမယ်တဲ့ သမီးကမလိုက်အားဘူး အလုပ်သွားရမှာမို.လို.ဆိုပြီးတော့ ဖုတ်ဖတ်ခါပြီးထသွားပါလေရော။ ဟိုကလေးမ ကလည်း အမရယ်ကူညီပါအုံးဆိုတော့ ငြင်းရမှာကို သေရမှာလောက်ကြောက်တဲ့ကိုယ်က အကုန်လုံးကို ခေါင်းဝင်ခံရတော့တာပေါ့။

ကဲအဲဒါနဲ. ဘာဖြစ်ခဲ့လို.လဲလို.မေးတော့ သူက မူစတာဖါမှာ ဈေးသွားဝယ်တာတဲ့။ မူစတာဖါက ပစ္စည်း တွေအရမ်းစုံတဲ့ Little India က ကုန်တိုက်ကြီးပါ။ အိန္ဒိယကလာတဲ့ ပစ္စည်းတွေအကုန်အစုံရှိတယ်။ မြန်မာတွေက အားအားရှိ မူစတာဖါပဲသွားသွားဝယ်ကြတာ။ သူက လူဝင်လူထွက်အရမ်းများတယ်။ ကုလားပြည်ကို ရောက်သွားတဲ့အတိုင်းပဲ။ security လည်းအရမ်းကျပ်တယ်။ အဲမှာဈေးသွားဝယ်တော့ တခေါက်ဝယ်ပြီးတော့ ပလတ်စတစ်အိတ်နဲ. ပြန်ထွက်လာပြီတဲ့။ နောက်ထပ်လိုချင်တဲ့ ပစ္စည်းနည်းနည်းပါးပါးရှိသေးလို. နောက်တခေါက်ဝင်သွားတယ်တဲ့။ ပြီးတော့ နှုတ်ခမ်းနီ ဝယ်ထားတာ ကို အေ၇ာင်မစုံလို. ထပ်ပြီးရွေးတယ်တဲ့။ သူမှားတာက ဝယ်ပြီးသား အထုပ်ကို ပိတ်ပြီးပေးလိုက်တာကို သွားဖွင့်တာပဲ။ နှုတ်ခမ်းနီ အရောင်တိုက်မလို.တဲ့။ ပြီးတော့ နှုတ်ခမ်းနီ ၆တောင့် ၇ တောင့်လောက် အသစ်ထပ်ယူပြီးတော့ ဘယ်ဟာက ဝယ်ပြီးသား ဘယ်ဟာက အသစ်မှန်းမသိတော့ပဲနဲ. အဲဒီအိတ်ထဲမှာပဲရောထပ်မိလိုက်တာတဲ့။ မေ့သွားလို.တဲ့။ သူ.မှာ တခြားပစ္စည်းတွေလဲ ထပ်ဝယ်တော့ ပြန်ထွက်တဲ့အခါကျတော့ မေ့ပြီး တခြားဟာတွေကို၇ှင်းပြီး နှုတ်ခမ်းနီကို ထုတ်ပေးဖို.မေ့သွားတယ်တဲ့။

အဲဒီမှာတင် ထွက်တော့ alarm ကမြည်တော့တာပေါ့။ မြည်တာနဲ. ဘာမှရှင်းပြချိန်တောင် မရပါဘူးတဲ့။ ကုလားကြီးနှစ်ယောက်က တဖက်တယောက်ဆွဲခေါ်ပြီး  basement ကိုခေါ်သွားပါတယ်တဲ့။ ပြီးတော့ အားလုံးကိုရှာ။ တွေ.တာပေါ့ နှူတ်ခမ်းနီတွေ။ ဟိုကလေးမကလဲ ရှော့ရပြီးတော့ မရှင်းပြတတ်နဲ့။ တတ်သလောက်မှတ်သလောက်ရှင်းပြပြီး ပိုက်ဆံပေးပါမယ်ဆိုတော့လည်း လက်မခံနဲ.။ နောက်ဆုံးတော့ ရဲကားခေါ်ပြီးတော့ Outram Park ကအချုပ်ခန်းထဲပို.လိုက်ပါတယ်တဲ့။ လက်ထိပ်ခတ်ပြီးခေါ်သွားတာနော်။ အရေးထဲဖုန်းကလဲ ဘက်ထရီကုန်သွားတော့ ဘယ်သူ.မှလည်းခေါ်လို.မရဘူးတဲ့။ ဟိုရောက်တော့ ပါလာတဲ့ ပစ္စည်း တွေ ဟန်းဖုန်းပိုက်ဆံအိတ် အကုန်သိမ်းပြီး အချုပ်ခန်းထဲ ထည့်လိုက်တယ်တဲ့။ မူစတာဖာက ပစ္စည်းခိုးလို.ဆိုပြီး စွပ်စွဲခံရပြီးရောက်လာတဲ့ လူတွေကိုက မနည်းဘူးတဲ့။
မူစတာဖာဆိုင်အတွင်းဘက်
photo credit; http://media-cdn.tripadvisor.com/media/photo-s/00/18/6b/a5/mustafa-centre.jpg

ဟိုကလေးမက ငိုယိုပဲနေရတာပေါ့။ ဘယ်သူ.ကိုမှ ဘာမှမေးလို.မရပါဘူးတဲ့။ ဒီအတိုင်းပဲ ပစ်ထားတာပေါ့ တညလုံး။ သူကလည်း အင်းကျီလက်ပြတ်နဲ. စကတ်အတိုလေးပဲ ဝတ်ထားတာဆိုတော့ အဲယားကွန်းတွေ ပေါပေါလောလောလွှတ်ထားတဲ့ အခန်းထဲမှာ အသကုန် ချမ်းတာတဲ့။ အဲယားကွန်းလျှော့ပေးပါအုံးဆိုတော့ အပြောအဆိုခံရတယ်တဲ့။ အဲဒါနဲ.ပဲ ငိုလိုက် ခဏမှေးလိုက် ပြန်ငိုလိုက်နဲ. မိုးလင်းတော့ သူ.ကို စစ်တယ်တဲ့။ လုပ်တယ် မဟုတ်လား ပဲမေးတာနဲ.။ လုပ်လား မလုပ်လားစစ်တာမဟုတ်ဘူးတဲ့။ သူက မဟုတ်ဘူးလို.ရှင်းပေမဲ့ စကားက သိပ်မပြောတတ်တော့ စကားပြန်ဗမာအန်တီကြီးတယောက် ခေါ်ပေးတယ်တဲ့။  ကိုယ့်ဗမာဆိုပြီး အားကိုးလိုက်တာ အဲဒီအန်တီကြီးက သမီး ဝန်ခံလိုက် ဝန်ခံလိုက် ဘာမှလုပ်လို.မရဘူး ဝန်ခံလိုက်တာ အကောင်းဆုံးလို. ပြောတယ်တဲ့။ အဲဒါနဲ.ပဲ ဝန်ခံပြီး လက်မှတ်ထိုးပေးလိုက်ရတယ်တဲ့။ ခု ရဲစခန်းက သူ.ကို တရားစွဲထားတယ်တဲ့။ ပတ်စ်ပို. ကိုလည်း သိမ်းထားလိုက်တယ်တဲ့။ ပိုက်ဆံလျော်ရမှာမို.လို. ပိုက်ဆံအယူလွှတ်တာတဲ့။ နောက်နေ.မှာ တရားရုံးတက်ရမယ်လို. ပြောပါတယ်။

ကိုယ်ကနားထောင်ပြီး စိတ်တွေလေသွားတယ်။ သူ.ဗီဇာက တရားရုံးတက်ရမဲ့နေ.မှာကုန်မှာပါ။ အဲဒီနေ.ကို ပြန်ဖို.လုပ်ထားတာ။ ရဲစခန်းက သက်တမ်း ၂ရက်ထပ်တိုးပေးမယ်လို.ပြောတယ်တဲ့။ အဲဒါခု ဘာလိုက်လုပ်ပေးရမလဲဆိုတော့ ရှေ.နေနဲ. တိုင်ပင်ကြည့်ရင်ကောင်းမလားလို.တဲ့။ အဲဒါနဲ.စုံစမ်းပြီးတော့ စီးတီးဟော ၁၀ ထပ်မှာရှိတဲ့ မြန်မာ ရှေ.နေ ရုံးခန်းကို ရောက်သွားကြပါတယ်။ ကိုယ်တို.ကတော့ မြန်မာဆိုလို. အားကိုးပြီး သွားတာ ရောက်တော့ သူနဲ.မတွေ.ပါဘူး။ သူ. လက်အောက်က ရှေ.နေ တယောက်နဲ.တွေ.ပါတယ်။ ဒီလိုဒီလိုပဲ ဖြစ်တယ်လို.ပြောပြတော့ သူပြောပုံက ကဲကဲ တဲ့ လုပ်တုံးက လုပ်ပြီးတော့ ခံရတော့မှ ဟိုပြောဒီပြောတွေမပြောနဲ. ဘာလုပ်ပေးရမလဲပဲပြောတဲ့။ အဲဒါနဲ. သောက်မြင်ကတ်ပြီး ဘာမှမလုပ်ပဲ ပြန်လာခဲ့ကြတယ်။ ရှေ.နေနဲ.လုပ်နေရင် ကြာအုံးမယ်။ ရုံးတက်ကမ်းတက်ဖြစ်အုံးမယ်လို.။ ခုတော့ သူက ဝန်ခံလိုက်ပြီဆိုတော့ ဘာမှဆက်လုပ်လိုမရတော့ဘူး။ လက်မှတ်က ထိုးပြီးသွားပြီလို.။  ညီမလေး ဝန်ခံ ပိုက်ဆံလျော်ပြီးတော့ ပြန်လို.။ သူက ပတ်စ်ပို.ကို အပျောက်ခံပြီး နာမည်အသစ်ပြန်လုပ်လိုက်ရင်ရလောက်တယ်တဲ့။ အင်းအင်း အဲဒါကောင်းတယ်တယ်ဆိုပြီးတော့ နှစ်ယောက်လုံး စိတ်တွေချမ်းသာသွားပါတယ်။

ပြီးတော့ သူက မနက်ဖြန်တရားရုံးကို အိမ်ကသွားလို.မရဘူးတဲ့။ အချုပ်ခန်းကသွားရမှာတဲ့။ သူရဲစခန်းကို ပြန်သွားရမှာတဲ့။ ဆိုတော့ ကိုယ့်မှာ သူ.ကို ရဲစခန်းကို လိုက်ပို.ပေးရတယ်။ ရဲစခန်းက ရဲချောချောလေးတယောက်က ကိုယ်တို.နှစ်ယောက်ကိုလာလာဆိုပြီး အပြင်ထွက်ခိုင်းပြီး ရဲကားကို ခေါ်သွားတယ်။ ကိုယ်တို.က ဘုမသိ ဘမသိလိုက်သွားကြတော့ ရဲကားပေါ်တက်ခိုင်းပါလေရော။  ကိုယ်ကမေးကြည့်တော့ Immigration ရုံးကိုသွားပြီးတော့ သက်တန်း၂ရက်တိုးခိုင်းမလို.တဲ့။ အဲဒါနဲ.မျက်နှာပူပူနဲ.ပဲ ရဲကားကြီးနဲ. ICA ရုံးကို ရောက်သွားပါတယ်။ ရှက်လိုက်တာမပြောပါနဲ.တော့။ သူများတွေ.မှာစိုးလို. ခေါင်းလည်းမဖေါ်ရဲဘူး။ သက်တန်းတိုးပြီးပြန်လာတော့ ကိုယ်က အိမ်ပြန်ပြီး သူချမ်းမှာစိုးလို. အနွေးထည်ပြေးယူတယ်။ ပြီးတော့ အချုပ်ခန်းအထိ သွားပေးရတယ်။ သူက ရဲစခန်းမှာ တညအိပ်ပြီးတော့ နောက်နေ. ပိုက်ဆံ ၁၀၀၀လားမသိဘူး လျော်ရတယ်။ နောက်နေ.ပြန်သွားပါတယ်။ ဒီမှာ Finance နဲ.ကျောင်းတက်မလို. စီစဉ်ထားတာ စင်္ကာပူကိုစိတ်နာလို. တသက်လုံးပြန်မလာတော့ပါဘူးတဲ့။ လာရင်လည်း Student Card Reject ထိမှာပဲ။ Finance လုပ်မဲ့လူက ပစ္စည်းခိုးပါတယ် ဆိုတယ် Criminal Record ကြီးရှိနေတာကို။ ဘယ်လို အလုပ်ရပါတော့မလဲ။

အဲဒီကတည်းက ကိုယ် မူစတာဖါကို ဘယ်တော့မှ မသွားတော့ဘူး။ ဈေးဝယ်ရင်လည်း အရမ်းသတိထားတယ်။ ကိုယ်နမော်နမဲ့နဲ. ပေါ့ဆလိုက်ရင် နောက်ဆက်တွဲဖြစ်နိုင်တဲ့ ပြသနာတွေက အများကြီး။ မူစတာဖါက အဲလိုအမြဲတမ်းဖြစ်ရင် ရဲစခန်းပို.တယ်ဆိုပြီးနာမည်ကြီးတယ်။ သွားရင် သတိထားသွားကြပေါ့။ ကိုယ့်အတွက်ကတော့ မှတ်မှတ်ရရ အတွေ.အကြုံပါပဲ။

ခိုင်ဝေဇံ

ပျင်းဖို.မကောင်းတဲ့ နေ.


မနေ.က မိုးအေးအေးနဲ. ရာသီဥတုက ပျင်းဖို.ကောင်းတယ်။ ကိုယ့်အတွက်ကတော့ ဇိမ်ပဲ။ ကျောင်းမရှိ အလုပ်မရှိ တရက်လုံးအိပ်။ နိုးတော့ ဟော့ပေါ့သွားစားတယ်။း) အရင်တရက် နှစ်ရက်တည်းက ပလန်လုပ်ထားတာ။ ကိုယ်က မိုးရွာတော့ မသွားရမှာစိတ်ပူနေတယ်။ ကိုယ့်အလုပ်က သူငယ်ချင်းတွေနဲ့ပါ။ လာမယ်ဆိုလို.ဝမ်းသာသွားတယ်။ မြန်မာသူငယ်ချင်းတွေသာဆိုရင်တော့ ထွက်လာမှာမဟုတ်ဘူး။ မြန်မာတွေက under the weather အရမ်းဖြစ်တယ်။ ထစ်ခနဲ မိုးရွာရင်လည်း မလာဘူး၊ နေပူရင်လည်းမထွက်ချင်ဘူး။ တခြားလူမျိုးတွေကတော့ မဆိုးဘူး။ လာမယ်ဆိုရင်လာတာပဲ။ မိုးရွာရွာနေပူပူ။

အဲဒါနဲ. စားနေကျ Bugis ကဆိုင်ရောက်သွားတယ် ဆိုပါစို.။ စားဖူးသမျှ တုံယမ်း စွပ် ထဲမှာ အကောင်းဆုံးပါ။ မြန်မာ ပါးစပ်နဲ.တည့်တယ်။ လေးလေးပင်ပင်နဲ.။ ရောက်တဲ့ အခေါက်ပေါင်း မရေမတွက်နိုင်တော့ပါဘူး။ ဆိုင်က ခုံတိုင်းမှာ ထိုင်ဖူးတယ်။ လူလည်း အရမ်းစည်တယ်။ ကောင်းတာကိုး။ ဈေးလည်းသင့်တယ်။ ၁၈ ဒေါ်လာတည်း။ ဟော့ပေါ့ သတ်သတ်ပဲ။ ဘာဘီကျူးတို.ဘာတို.မပါဘူး။ ဘယ်သူငယ်ချင်းပဲ လာလာ အဲဒီဆိုင်ကို ခေါ်သွားတယ်။ သူတို.လည်း အဲဒီဆိုင်မှာ ပုံမှန် စားဖြစ်သွားတာပဲ။

ဒီလောက်ချီးကျူးရရင်တော်ပြီ။ ကောင်းတဲ့ အချက်လေးတွေထုတ်ပြအုံးမယ်။
  • ဂဏန်းကြိုက်သလောက်စားလို.ရတယ်။ ကျန်တဲ့ဆိုင်ကို သွားကြည့်ပါလား။ ဂဏန်းဆို တယောက်ဘယ်နှစ်ကောင်ပဲ ရတာနဲ.။ ကောင်တာမှာ သွားမှာရတာနဲ. ရှုပ်နေတာပဲ။ ခုတော့ ပေါပေါလောလောကြီးကို ချပေးထားပါတယ်။ လတ်လတ်ဆတ်ဆတ်တွေ။ ကြိုက်သလိုယူ ကြိုက်သလိုစား။
  • ကျန်တဲ့ ပင်လယ်စာ အပါအဝင် ဟင်းသီးဟင်းရွက် နဲ. အသားတွေကလည်း လတ်တယ်။ အထူးသဖြင့် မှိုသေးသေးလေးတွေ စိတ်ကြိုက်စားလို.ရတယ်။
  • အအေးအလကားရတယ်။ ၁၈ ကျပ်နဲ. အအေးအလကားရတဲ့ ဆိုင်သွားရှာကြည့်ပါလား။ 
  • တုံယမ်း စွပ်ပ် ကော၊ မာလ စွပ်ပ်ကော၊ Chicken စွပ်ပ်ကော အားလုံးအရသာရှိတယ်။ ချိုနေတာပဲ။ Seoul Garden မှာပေးတဲ့စွပ်ပ် ဆိုရေသာသာပဲရှိတယ်။ ကွာပ။
  • အားလုံးက တကယ်စားတဲ့လူပဲ လာတာ။ ဘာမှ ပဲလေးနဲ. မတို.ချင်တို.ချင်လုပ်နေစရာမလိုဘူး။ ဆိုင်ကလည်း ခမ်းခမ်းနားနားကြီးမဟုတ်ပါဘူး။ ဟော်တယ်တွေသွားရင် ကိုယ့် Image ကိုအရမ်းသတိထားရတယ်။ ခုတော့ အားလုံးက တဝါးဝါးတဟားဟားနဲ. စားစရာရှိတာစား သောက်စရာရှိတာသောက်။ အ၇မ်းလွတ်လပ်တယ်။
ဟော့ပေါ့သွားစားမယ်ဟေ့ ဘယ်ကိုညွှန်းမလဲဆိုရင် အဲဒီဆိုင်ပဲ ကိုယ့်စိတ်ထဲမှာပေါ်လာတယ်။ ဆိုင်က Bugis လမ်းပေါ်မှာ၊ beach hotel အောက်ထပ်မှာပါ။    နေ.လည်ဆို ရိုးရိုးစားသောက်ဆိုင်ပဲ။ ညနေ ၄နာရီနောက်ပိုင်းမှ ဟော့ပေါ့ဆိုင်ဖြစ်သွားတာ။  အသေးစိတ်လိပ်စာ သိချင်ရင် ကိုယ့်ဆီ ဖုန်းဆက်လိုက်။ ဖုန်းနံပါတ်မရှိရင် တယ်လီပသီသုံးပြီး မေးပေါ့။ ကိုယ်ကြားရင် ဖြေမယ်။ ရောက်မရောက်တော့ မပြောတတ်ဘူး။ အဟီး။

Flower Crab လတ်လတ်ဆတ်ဆတ်အကြီးကြီးတွေကိုဓါတ်ပုံမရိုက်ခဲ့ရဘူး။း(
 တုံယမ်း ဟင်းရည်နဲ. ကြက်ပြုတ်ရည်ယူပါတယ်။ တရုတ်တွေပါလို.။ ဒါမှမဟုတ်ရင်တော့ အစပ် စီချွမ် မာလ ဟင်းရည်ယူမှာ။

ဂဏန်း ဟီးဟီးဟီး ၊ ဂဏန်းလို. ရေးရတာတောင် အရသာတော်တော်ရှိတယ်။

အကြိုက်ဆုံး မှို

ဆိုင်နာမည်က F&J Cafetaria ပါ။ 

စားလို.ပြီးတော့ Iluma Shopping Center ကိုသွားပြီးတော့ "How to train a dragon" ဆိုတဲ့ကားကို သွားကြည့်တယ်။ အရမ်းကို ကောင်းပါတယ်။ အရမ်းသဘောကျတယ်။ ကိုယ်တောင်မှ တစ်ကောင်မွေးထားချင်တယ်။ ရှယ်ပဲ။ dragon စီးပြီး အလုပ်သွားလိုက် ကျောင်းသွားလိုက်နဲ. လမ်းစရိတ်တော်တော်သက်သာမယ်။ အဲဒီထဲက မေဂျာ ဇာတ်ကောင်ဖြစ်တဲ့ Toothless ဆိုတဲ့ dragon အမည်းလေးကို ကြိုက်တယ်။ ဟီးဟီး ကိုယ်စီးရင်တော့ လပြည့်ည ကပ္ပလီကျွဲစီးသလိုနေမှာပဲ။ လူလည်းအမည်း၊ အဝတ်အစားလည်းအမည်း၊ dragonလည်းအမဲနဲ. ကြည့်လို.တော့ ကောင်းအုံးမယ်။း) ဘာပဲပြောပြော ပျင်းစရာမကောင်းတဲ့ weekend လို.ပြောလို.ရပါတယ်။

ပေါ့ပ်ကွန်း ဝယ်တော့ရလာတဲ့ dragon မီနီလေး.. ဟီးဟီး ရုပ်ဆိုးပ။
ခိုင်ဝေဇံ

ကိုယ့်အခန်း

စင်္ကာပူကို ရောက်ပြီးတည်းက အိမ် ၉ ခါပြောင်းဖူးတယ်။

ဒီလိုပါပဲ။ အမျိုးမျိုးသော အိမ်ငှားဖော်တွေနဲ.လဲ ကြုံရတာပေါ့။ ကိုယ့်အပေါ်ကောင်းတဲ့သူ ကိုယ်အပေါ်ဆိုးတဲ့သူ။ Room mate တွေ ကျေးဇူးနဲ. ရဲစခန်းလဲ ရောက်ဖူးတယ်။ အလိမ်လဲခံရဖူးတယ်။ ရန်တွေလဲ ဖြစ်ရဖူးတယ်။ အိမ်ပိုင် မရှိသေးသရွေ.တော့ ဒီဒုက္ခတွေက ပြေးလို.လွတ်မှာ မဟုတ်ဘူး။

ခုတော့ ကိုယ့်ညီမလေးနဲ. အတူနေတော့ Room mate ပြသနာ သိပ်တော့ မရှိဘူး။ ကိုယ့်ညီမ နဲ.ကိုယ်နဲ.က အကြိုက်တူတယ်။ ဘက်ညီတယ်။ ဒါပေမဲ့ သူကနည်းနည်း ပို တောက်ညင်ကတ်ဖို.ကောင်းတယ် (ကိုယ့်အထင်)။ ကိုယ်တို.အခန်းက တချို.မိန်းကလေးတွေနေတဲ့ အခန်းလို တောက်ပြောင်သန်.ရှင်းနေမှာတော့ မဟုတ်ဘူး။ နှစ်ယောက်စလုံးက စိတ်လိုလက်ရမှ အခန်းကောက်ရှင်းကြတာ။ 

ဘယ်အချိန်ပဲဝင်ကြည့်ကြည့်ကိုယ့်အခန်းမှာ -
 

အမြဲတမ်းဖွင့်ထားတဲ့ Lap Top တလုံးကိုတွေ.လိမ့်မယ်။ ဘယ်တော့မှ shutdown မလုပ်ဖူး။ Cooling Fan တွေဘာတွေလဲမသုံးဘူး။ တခါတလေ အပူလွန်ပြီး အော်တို shutdown ဖြစ်သွားတတ်တယ်။ ဗိုင်းရပ်စ်တွေလဲ အများကြီးရှိတယ်။ ခဏခဏလည်း ဖော်မတ်ပြန်ချရတယ်။ တခါတခါ လည်း ကုတင်ပေါ်က ပြုတ်ပြုတ်ကျတယ်။ ဒါပေမဲ့ ခုထိမပျက်သေးဘူး။ ကိုယ် မဟုတ်ရင် ကိုယ့်ညီမ တယောက်ယောက် ကအမြဲသုံးနေလိမ့်မယ်။ ဒါပေမယ့် စာလုပ်လို.ရတဲ့ Microsoft word/excel/powerpoint ဘာမှ install လုပ်မထားဘူး။ အာဂ မိန်းမတွေသုံးတဲ့ အာဂ ကွန်ပျူတာ။ ဟီးဟီး။


လောလောဆယ်ဖတ်နေဆဲ စာအုပ်များ

ဟိုနားတအုပ်နှစ်အုပ် ဒီနားတအုပ်နှစ်အုပ် နဲ. ပျံ.ကြဲနေတဲ့ စာအုပ်တွေတွေ.မယ်။ ကျောင်းစာတော့မဟုတ်ဘူး။ ဝထ္ထုစာအုပ်တွေ။ ကိုယ့်ညီမကလည်း အသေဝယ်။ ကိုယ်ကလည်း လိုင်ဘရီက အသေငှား။ နှစ်ယောက်စလုံးက လှိမ့်ပိမ့်ပြီး စာအုပ်ဖတ်ကြတယ်။ ကိုယ်ဖတ်တဲ့ Fantasy Fiction တွေရှိမယ်။ ညီမဖတ်တဲ့ နာမည်ကြီး စာရေးဆရာတွေရဲ့ စာအုပ်တွေရှိမယ်။ ဘာစာအုပ်ပဲ လာလာ အသကုန်ဖတ်တာပဲ။

အလှပြင်ခုံမှာ ညီညီညာညာစီမထားတဲ့ မိပ်ကပ်တွေတွေ.မယ်။ နှစ်ယောက်လုံးအလှပြင်တာ ဝါသနာပါတယ်။ ကိုယ်က ပြင်ချင်ပေမယ့် ပြင်လို.မရဘူး။ ပြင်လိုက်ရင် ပိုဆိုးသွားတယ်။ Moisturizerတဘူး၊ Eye Liner တခု၊ Mineral Powder တဘူး၊  Blusherတခု၊  Lipstickတခုဆိုရင် ကိုယ်အလှပြင်လို.ရတဲ့ အတိုင်းအတာကုန်သွားပြီ။ ဒါပေမယ့် လှလိုလှငြား ဆင်ကြည့်ဖို. ဝယ်ထားတဲ့ ပစ္စည်းတွေ တပုံတပင် ရှိတယ်။ သုံးလို.လည်းမရ ပစ်ဖို.လည်းနှမြော ပေးဖို.လည်းနှမြောနဲ.။ အဟီး။

ဘယ်တော့မှ ရှင်းလို.မရတဲ့ ကေဘယ်ကြိုးတွေရှိတယ်။ ဘယ်တော့မှ ရှင်းလို.မရဘူး။ ၅မိနစ်ဆိုပြန်ရှုပ်သွားတယ်။ 

၁၂.၉၀ ဒေါ်လာနဲ. ကိုယ့်စိတ်ကြိုက်ဝယ်ထားတဲ့ အိပ်ရာခင်းရှိတယ်။ ကိုယ်နဲ. ကိုယ့်ညီမက ဆိုက်ကို အထာ။ ကိုယ့် အိပ်ရာခင်းက ဆင်တူခေါင်းအုံးစွပ်ကို သူသုံးပြီးတော့ ၊သူ.ခေါင်းအုံးစွပ်က ကိုယ့်ဆီရောက်နေတယ်။ ကြည့်ရတာ ကိုးရို.ကားရားပေမယ့် ခုထိမလဲရသေးဘူး။ လျှော်ပြီးလဲ အဲဒီအတိုင်းပဲပြန်ဖြစ်သွားတာပဲ။ ကိုယ်လဲပြောမနေတော့ဘူး။

ကိုယ်အမြဲတမ်း ဖက်အိပ်တဲ့ ကိုယ့်အရုပ်ကလေး ကိုလတ်ကိုတွေ.မယ်။  ကိုလတ်ဆိုတာ အရင်တုံးက ကိုယ်တဖတ်သတ်ကြိုက်ဖူးတဲ့ ကောင်လေးနာမည်ဆိုပါတော့။ ဟီးဟီး။ အဲဒါကြောင့် ပေးထားတာ။ ကိုယ့်ဘဲကတော့ သိပ်မနာလိုဘူး။ ဒါပေမယ့် သူ.နာမည်ကိုပေးရင် သူခွေးဖြစ်သွားမှာပေါ့။ ဟုတ်တယ်ဟုတ်။ ကိုယ် တာကာရှီမာယာမှာ cashier လုပ်တုန်းက ဝယ်ထားတာ။ ဘယ်အိမ်ပြောင်းပြောင်းသူပါတယ်။း)

အင်း ဒါမှမဟုတ် အိပ်ရင်အိပ်၊ မအိပ်ရင် ကွန်ပျူတာသုံး၊ မသုံးရင် စာအုပ်ဖတ်၊ မဖတ်ရင် ကိုယ့်ဟာကိုယ် ဓါတ်ပုံရိုက်နေတဲ့ ကိုယ့်ကိုတွေ.မယ်။ တခုခုစားရင်စားနေမယ်။ ကာတွန်းတွေ လျှောက်ဖတ်ပြီးပြီ တဟားဟား ရယ်ရင်လဲ ရယ်နေလိမ့်မယ်။ ကရင် ထကနေမယ်။ ဂိမ်းဆော့မယ်။ Chatting ဝင်မယ်။ ဘဲနဲ.စကားပြောမယ်။ ၃လမှာတခါလောက်တော့ အရူးမီးဝိုင်းစာတွေလုပ်ရင်လဲ လုပ်နေလိမ့်မယ်။ အဲ ၅လမှာတခါလောက် ငါအ၇မ်းဝနေပြီ ငါအရမ်းဝနေပြီ ဆိုပြီးတော့ အရူးထပြီး လေ့ကျင့်ခန်းတွေ ကောက်လုပ်ရင် ကောက်လုပ်နေမယ်။

ဒါမှမဟုတ်ရင် နေမကောင်းဖြစ်နေတဲ့ ကိုယ့်ညီမကိုတွေ.မယ်။ သူက တနေ.မှာ တခါ အမြဲတမ်းနေမကောင်းဖြစ်တယ်။ သူ.ရဲ့ tradation ပေါ့။ ခေါင်းမူးနေမယ်။ အံချင်နေမယ်။ လေတက်ရင်တက်နေမယ်။ ဆရာခိုတွေ ကောက်လိမ်းနေလိမ့်မယ်။ သူကွန်ပျူတာ သုံးရင်တော့ ဖက်ရှင်ဘလော့ တွေ၊ LV တို. Prada  တို. chanel တို.က အိပ်တွေ ပစ္စည်းတွေကို ကြည့်ပြီး သရေယိုနေမယ်။ ဒါတွေမှမလုပ်ရင် သူ.ဘဲနဲ.၇န်ဖြစ်နေလိမ့်မယ်။

ဒီလိုပါပဲ။ အခန်းလေးက မှောင်မှောင်မဲမဲလေး။ ကော်ရစ်ဒါဘက်က ကျတဲ့အခန်းဆိုတော့ ပြတင်းပေါက်ကို ဘယ်တော့မှာ မဖွင့်ဘူး။ ခမ်းခမ်းနားနားလဲ မဟုတ်ဘူး။ ပျော်လားဆိုတော့ ပျော်ပါတယ်။ ကိုယ်က စိတ်မှ အဲလောက်မညစ်တတ်တာ။ အခန်းရှင်းနေလဲ ပျော်တယ်၊ ရှုတ်နေလဲ ပျော်တယ်။ လင်းနေလဲ ပျော်တယ် မှောင်နေလဲ ပျော်တယ်။ ဘာပဲပြောပြော ပျော်တယ် မပျော်ဘူးဆိုတာ အခန်းနဲ. မဆိုင်ဘူး။ အခန်းထဲမှာ နေတဲ့လူနဲ.ပဲဆိုင်တာပဲ။ ကိုယ့်အခန်းထဲမှာ ကိုယ်ပျော်အောင်နေကြပေါ့။

ခိုင်ဝေဇံ

ဆာကူရာ အမှတ်တရ

ငွေပြတ်နေတော့ အပြင်ထွက်ပြီး လေသလပ်မခံရတာ တပတ်တိတိကြာပါတယ်။ အိမ်ပဲကပ်နေရတယ်ဆိုပါတော့။  ဒီအပါတ်တော့ ညားခါစ ညိုမီနဲ. ကိုဇော်မိုးခိုင်တို.လင်မယားက  စပွန်ဆာလုပ်ပြီး ညဇာကျွေးချင်ပါတယ် ဆိုတော့ အချိုရှာ သကာတွေ.ဖြစ်သွားတာပေါ့။

အဲဒါနဲ.ပဲ Orchard ကိုအစုလိုက်အပြုံလိုက် ချီတက်သွားကြပါတယ်။ ဆာကူရာတဲ့။ ဆာကူရာကို ၁ခါ ၂ခါ စားဖူးတယ်။ ကြာကြာလှပြီ။ ကျောင်းတုန်းကတည်းက ပဲ နှစ်ခေါက်လုံးသူများကျွေးတာ။ ဟီးဟီး။

တော်ပြီ အဲလောက်ကြွားရရင်။

ဘူဖေး တယောက်ကို ၂၆ ဒေါ်လာကျပါတယ်။ ဈေးသင့်တင့်တယ်လို.ပြောလို.ရတယ်။ ဆိုင်က အခင်းအကျင်းလေး မဆိုးပါဘူး။ အဓိက က ဆူရှီကို အသားပေးတဲ့ ဘူဖေးပါ။ စင်္ကာပူစတိုင်နဲ. ဂျပန်စတိုင်ပေါင်းထားတယ်လို. ပြောလို.ရတယ်။ ဆူရှီက မဆိုးပေမဲ့ ဆာရှီမီက သိပ်မကောင်းပါဘူး။ ပုဇွန်အစိမ်းတွေ အကောင်လိုက်ပေးထားတယ်။ Yellowfin အသားလွှာလေးတွေက မဆိုးပါဘူး။ ဆဲလ်မွန် အသားပဲ သိပ်မလတ်တာ။ ကျန်တာကတော့ မဆိုးပါဘူး။

သူ.မှာ စင်္ကာပူအစားအသောက်တွေဖြစ်တဲ့  Sambal Stingray တို.၊ ဂဏန်းပြုတ်လို ဟင်းတွေကို မှာလို.ရပါတယ်။ ကိုယ့် စားပွဲမှာ နံပါတ်နဲ. ကလစ်လေးတွေချပေးထားတယ်။ အဲဒီ ဟင်းချက်တဲ့ နေရာကိုသွား။ သူတို.မှာ ဟင်းနာမည်နဲ့ ဓါတ်ပုံလေးတွေချပေးထားတယ်။ ကိုယ်လိုချင်တဲ့ အစားအသောက်ဓါတ်ပုံမှာ ကလစ်လေးကို ချိတ်ခဲ့ရုံပါပဲ။ ဒါပေမယ့်  portion တွေက သေးလွန်းအားကြီးတယ်။ ဟီးဟီး။ မဝဘူး။

ဈေးချင်းအတူတူတခြားဘူဖေးဆိုင်တွေနဲ. ကွာတဲ့အချက်ကိုပြောပါဆိုရင် အသီးတွေကိုပေါပေါလောလောနဲ. အမျိုးစုံအောင် ပေးထားတဲ့အချက်ကိုပြောရမယ်ထင်တယ်။  အဲဒါလေးကိုတော့ သဘောကျပါတယ်။ ပြီးတော့ ကိတ် အတိုအစလေးတွေ စုံစိနေအောင်ပေးထားတယ်။ အချိုပွဲတွေစုံတယ်။ ကလေးတွေ ပိုသဘောကျလိမ့်မယ်။

နာမည်ရှိပြီးသားဆိုင်မို. ဘယ်မှာရှိလဲ ဆိုတာ မပြောတော့ဘူး။ Outlet တွေ စင်္ကာပူအနှံ.မှာရှိပါတယ်။ ဗမာတွေရဲ့ ဖေးဘရိတ်ဆိုင်ထဲက တစ်ဆိုင်ပါ။ နောက်တခါ ဆိုင်ကိုရောက်ရင် မြည်းဖြစ်အောင် ဖြည်းကြည့်ရမယ့် အစားအသောက်တွေကတော့

  1.  Yellow fin sashimiး ငါးအသားလွှာလေးတွေကို ဆော့စ်မှာ မနှစ်ခင် သံပုရာသီးခြမ်းနည်းနည်း ညှစ်ပေးပါ။ စားတဲ့ အခါမှာ သိပ်မညှီပဲ နဂို ငါးရဲ့ အချို အရသာလဲ ပိုထွက်လာပါတယ်။

  2. Baked Oyster and baked musslesး  ခရမ်းချဉ်သီးဆော့စ်နဲ. ဘိတ်ခ် လုပ်ထားတဲ့ Oysters တွေရယ်။ ချီးစ် နဲ. ဘိခ်လုပ်ထားတဲ့ Mussels တွေရယ် ကတော့ တွေ.လိုက်တာနဲ. စားချင်စရာကောင်းလောက်အောင် Colourful ဖြစ်ပါတယ်။ အရသာလဲ တော်တော်ရှိတယ်။ ဆိမ့်နေတာပဲ။

  3. Cereal prawnsး ချိုနေတာပဲ။ ပုဇွန်ကလတ်တော့ တော်တော်စားလို.ကောင်းပါတယ်။

  4. Mutton Satayး ဆာတေးက ကောင်တာမှာသွားပြီး ကလစ်လေးနဲ. မှာရတယ်။ တစ်ပွဲကို ၃ခုပဲပါတယ်။ စားလို.တော်တော်ကောင်းပါတယ်။ ဒါပေမယ့် အားမရဘူး။ နည်းလို.။ ကောင်တာမှာ မှာရတဲ့ ဟာတွေက နည်းနည်းကြာတယ်။ စားချင်တုန်းရောက်မလာပဲ စားပြီးမှ တခုပြီးတခု ရောက်လာတယ်။
  5. Sambal Stingrayး Hardcore စင်္ကာပူ  အစားအစာပါ။ Sambal ဆော့စ်က မဆိုးဘူး။ ဒါလည်း ကောင်တာက မှာရတာပါပဲ။ အလုပ်များလို.နဲ.တူပါတယ်။ ရောက်လာတော့ သိပ်မကျက်ပါဘူး။ မာနေတယ်။ နည်းနည်းပဲ စားခဲ့ရပြီး ဖဲ့ဖို.သိပ်မအားလို. (ကျန်တဲ့ အစားအသောက်တွေကို အသကုန် ဝါးနေတော့) ထားခဲ့ရတယ်။ စားလို. ကောင်းပါတယ်။

  6. Sharkfin Soup; ဘုရားစူးမိုးကြိုးပစ်  Sharkfin Soup ပါ။ ကြည့်ရတာ တခွက်လုံးမှာမှ Sharkfin Soup စုစုပေါင်း တစ်မျှင်တည်းပါမယ်ထင်တယ်။ ရှင်းရှုင်းပြောရရင် Sharkfin Soup နဲ.တူတဲ့တယ်အရာမှ မတွေ.ခဲ့ပါဘုး။ ဘာကြောင့်ကြိုက်လဲဆိုတော့ အစပ်အဟပ်တည့်လို.။ ဒီအတိုင်းသောက်ရင် ပေါ့တယ်။ ငံပြာရည်နည်းနည်း၊ ဆားနည်းနည်းနဲ. ငရုတ်ကောင်းနိုင်နိုင်ခတ်ပြီးသောက်တော့ မဆိုးပါဘူး။း) ကောင်တာမှာ အားလုံးချပေးထားလို.တော်သေးတယ်။

  7. အချိုပွဲကတော့ အသီးစုံ ကြိုက်တာရွေးစားပဲ။ အမျိုးစုံ တခုကို နည်းနည်းစီစားပေါ့။ အသီးများများစားလေ ကောင်းလေပဲ။ အကြိုက်ဆုံး အစာပိတ်ကတော့ Waffle ကို ဒူးရင်းသီး အနှစ်တွေနဲ. သုတ်စားတာပါ။ အီဆိမ့်ပြီးတော့ အရမ်းကောင်းတယ်။ ဒူးရင်းသီး မကြိုက်တဲ့ လူမိုက်တွေအတွက်တော့ ဆောရီး။

တခြားမမြည်းခဲ့ရတဲ့ အစားအသောက်တွေလဲ ရှိပါသေးတယ်။ အမယ်စုံလွန်းတော့လည်း ဘာကို ကိုင်လို.ကိုင်ရမှန်းမသိ ဖြစ်သွားတယ်။  ဘာပဲ ပြောပြော ၂၆ ကျပ်ကတော့ အတင်းကို တန်တယ်လို. ပြောလို.ရတယ်။ ဝက်သားမရှိလို. စိတ်မကောင်းဘူး။  Overall ပြောရမယ်ဆိုရင် Pleasant Dinner လို.ပြောလို.ရပါတယ်။ ကျေးဇူး ကမ္ဘာ ကိုဇော်မိုးခိုင်နဲ. ညိုမီ။း)
ဒါကတော့ ဟောင်ကောင်စတိုင်ဘဲကင်တဲ့။အထဲမှာဘဲကင်ကို Dark Soya Sauce လေးနဲ.ပေးထားတယ်။ ကောင်တာက မှာရတာ။ မှာတုန်းက ဓါတ်ပုံထဲမှာကြည့်တော့ ဘဲကင်အကောင်လိုက်ကြီးပုံကို ချပေးထားတာ။ ကောင်းသူဝင်းက ၂ပွဲမှာတော့ နွယ်နီလင်းက ပြောဆိုနေတယ်။ ဘယ်လိုလုပ်စားလို.ကုန်မှာလဲတဲ့ ။ ဘဲကင်တကောင်လုံးကိုတဲ့။ ၂ပွဲမှာစရာလားတဲ့။ ရောက်လာတော့ ဘာကြီးမှန်းမသိကြဘူး။ အကုန်လုံးက ငါမမှာဘူး၊ ငါလည်းမမှာဘူးနဲ.။ ဟီးဟီး။


ဂဏန်းကတော့ Big Disappointment ပါ။ ဂဏန်းကို အရသာမရှိအောင် ချက်တတ်တာ တော်ရုံတန်ရုံ အရည်အချင်းမဟုတ်ဘူး။ ဖွယ်တယ်တယ်ကြီး စားလို.မကောင်းဘူး။

စားသောက်လို.လဲ ပြီးရော Orchard လမ်းပေါ်လျှေက်ပြီး ဓါတ်ပုံတွေ အသကုန်ရိုက်ကြတော့တာပေါ့။ 
သွားရင်းလာရင်းတွေ.ခဲ့တဲ့ စိတ်ဝင်စားစရာတွေ အဟီး။
စပ်စုမပို.စ်
Orchard Ion

ခိုင်ဝေဇံ