အိန္ဒိယ ဓါတ်ကျတဲ့နေ.

ဒီနေ.  ကုလားဓါတ်ကျတဲ့နေ.ပဲ။

မနက်စားတာက ပလာတာ။
နေ.လည်စာက ဒန်ပေါက် (Briyani)။
ညနေစာက ဆိတ်ရိုးစွပ်ပြုတ်။

မနက် ပလာတာက ထားလိုက်ပါတော့။ အကျယ်မချဲ.တော့ဘူး။

နေ.လည်စာ ထွက်စားမယ်ဆိုတော့ အလုပ်က သူငယ်ချင်း ကုလားလေး တယောက်က မေးတယ်။ ဘရီယာနီ ကောင်းတာ စားချင်လားတဲ့။  သူတို. အိန္ဒိယ က ဘရီယာနီ မျိုးတဲ့။ ဒီကဟာတွေလို မဟုတ်ဘူးတဲ့။ သူက ဘယ်ကုလားဆိုင်သွားသွား ဒီကအစားအစာကိုကောင်းတယ် လို.ပြောတတ်တဲ့လူမဟုတ်ဘူး။ သူတောင်ဒီလိုပြောတယ် ဆိုရင်တော့ မဆိုးဘူးပဲ ဆိုပြီး အလုပ်ကလူတွေနဲ. သွားစားတာပေါ့။

ဆိုင်က Little India မှာပါ။ မူစတာဖါ နားမှာ။ ဆိုင်သိပ်မကြီးပါဘူး။ သေးသေးလေး။ အပြင်အဆင်ကလည်း ပုံမှန်ပါပဲ။ ကြီးကြီးကျယ်ကျယ် စားသောက်ဆိုင်မဟုတ်ဘူး။ အဲဒါနဲ. မီနူးကြည့်တော့ ထုံးစံအတိုင်း အများကြီး။ ဘာမှာလို. ဘာမှာရမှန်းမသိဘူး။ ကုလားလေးကို မေးကြည့်တယ်။ ဒီဆိုင်မှာ နာမည်အကြီးဆုံး အစားအသောက် ကဘာလဲဆိုတော့ ဘရီယာနီတဲ့။ ရိုးရိုးဘရီယာနီမဟုတ်ဘူး။ ချက်ကတည်းက ဆိတ်သားနဲ. ရောချက်ထားတာတဲ့။ Briyani Dum လို.ခေါ်တယ်လို.ပြောပါတယ်။ စင်္ကာပူမှာ သိပ်ရှိတာမဟုတ်ဘူးတဲ့။ ဒီတော့လည်း ကြက်သား ဘရီယာနီ ပဲမှာလိုက်တယ်။

စောင့်နေတုန်း ဆိုင်ကို လှည့်ပတ်ကြည့်တော့ စားနေတဲ့ သုံးဝိုင်းစလုံးမှာ အဖြူတွေတွေ.တယ်။ အဲ ဒီဆိုင်က ကောင်းတာသေချာတယ်လို. မှတ်ချက်ချလိုက်တယ်။ ပြောပြမယ် ဘာလို.လဲဆိုတာ။ အဖြူတွေကို အနောက်တိုင်း အစားအသောက် ဆိုင်မှာတွေ.တာ အဆန်းမဟုတ်ဘူး။ မွဲတဲ့ အဖြူတွေ လမ်းဘေး ဟော်ကာဆိုင်မှာ စားတာလဲ အဆန်းမဟုတ်ဘူး။ အဲ ကိုယ်တို.အာရှက လူတွေက အဖြူတွေကို အင်မတန် တန်ဖိုးထားတယ်လေ။ အဖြူတယောက်လောက်နဲ. သူငယ်ချင်းဖြစ်ရင် (အာရှမှာနော်) လူကို သိပ်လူထင်တာမဟုတ်ဘူး။ ဒီတော့ တော်ရုံတန်ရုံ အစားအသောက် မကောင်းဘဲနဲ. အဖြူတယောက်ကို ကျွေးဖို. ခေါ်မလာဘူး။ အိန္ဒိယစတိုင် အိန္ဒိယအစားအစာစစ်စစ်နဲ. အိန္ဒိယကို အကောင်းဆုံး  Represent လုပ်တဲ့ ဆိုင်ကို ပဲခေါ်လာမှာ။ ဒါက ကိုယ့်အမြင်။ အားလုံးက လည်း ဒီဘရီယာနီပဲ စားနေကြတယ်ဆိုတော့ သေချာပါတယ် အရွေးမမှားတာ။ ကိုယ်က အရွေးမှားလို.မရဘူး။ ပထမတဇွန်း မကောင်းရင် ကိုယ်ဆက်မစားတော့ဘူး။ နောက်တပွဲမှာဖို.လည်း ဘယ်တော့မှ မနှမြောဘူး။ ဒီပါးစပ်လေး တပေါက်ပဲရှိတာ သူ.ကို အလိုမလိုက်ရင် ဘယ်သူ.ကို အလိုသွားလိုက်မလဲ။

ဒီဆိုင်မှာ သဘောကျတာတခုက ငါးမုန်.ကြော်လိုမျိုး Papadol လို.ခေါ်တဲ့ အကြော်ကို အလကားချပေးပါတယ်။ ကုန်ရင် ထပ်ဖြည့်ပေးတယ်။ အဲဒါလေးကတော့ နဂိုတည်းက ကြိုက်တယ်။ စောင့်တာကတော့ တော်တော်လေး စောင့်ရတယ်။ ခဏနေတော့ ငပျောရွက်လေး လာခင်းပေးတယ်။ ငပျောရွက်ပေါ်မှာ အချဉ်ရယ် တခြားဟိုစပ်စပ် ဒီစပ်စပ်လေးတွေရယ် ရောထားတဲ့ ဟင်းအရံလေးတွေ လာထည့်ပေးသွားတယ်။ ခဏနေကျတော့ မျှော်လင့်စောင့်စားနေတဲ့  ဘရီယာနီရောက်လာပါတယ်။ ထမင်းက အဝါလည်းမဟုတ်ဘူး။ ဖြူဖြူကြီး။ ဒံပေါက်ပါဆိုပြီး ဝါဝါကြီးလည်းမဟုတ်တော့ စိတ်က တညှိုးကြီးပဲ။ အိုးလေးနဲ. လာချပေးတယ်။ တယောက် စာကတော်တော်များပါတယ်။ အဲဒီအိုးလေးထဲကမှ ခပ်ထုပ်ပြီး ငပျောဖက်ထဲထည့်တယ်။ ခပ်လိုက်တာနဲ. အထဲက ဆိတ်သား ဟင်းနံ.လေး မွှေးပြီးတော့ ထွက်လာတယ်။ ထမင်းထဲမှာမှ ကြက်သားနဲ. ဟင်းရည်ပါတခါတည်း ထည့်ထားတာ။ စားကြည့်တော့ အရသာ တော်တော်ရှိပါတယ်။ ပုံမှန်ဆို အဲလောက်ပွဲကြီးရင် ဘယ်တော့မှ မကုန်ဘူး။ အခုမဆိုးဘူး။ ကုန်တယ်။ ဒါပေမယ့် သူတို.ဆိုင်က တန်ဒိုရီ ကြက်ကြော် (Tandori Chicken) က ထင်သလောက်မကောင်းပါဘူး။ ဘရီယာနီက တစ်ပွဲကို ၁၀ ဒေါ်လာပါ။ ဈေးနည်းနည်းကြီးတယ်လို. ထင်ရပေမယ့် စားရတာ တန်ပါတယ်။
 
  
Chicken Briyani Dum
Tandori Chicken
ပြီးလည်းပြီးရော ဘာသောက်မလဲဆိုတော့ ပါလာတဲ့ ၄ ယောက်စလုံးက တက်ညီလက်ညီ မဆလာတီး (Masala Tea) သောက်မယ်တဲ့။ အောင်မလေးဟဲ့။ မဆလာတီးရယ်လို.လဲ လောကကြီးမှာ ရှိသေးတာကိုး။ သူတို.က အဲဒါသောက်ချင်လို.ကို လာတာတဲ့။ အဲဒါနဲ. တဇွန်းမြည်းကြည့်တော့ မဆလာရည်သောက်ရသလိုပါပဲ။ ကောင်းဝူး။ ဘယ်ကောင်းမလဲ။ သကြားမှ မထည့်ရသေးပဲနဲ.။ သကြားက ကိုယ့်ဟာကိုယ်ထည့်ရတယ်။ အကောင်းဆုံးအရသာ လိုချင်ရင် သကြား သုံးဇွန်းထည့်ရပါတယ်တဲ့။ ထည့်ပြီးမှ သောက်ကြည့်တော့ မဆိုးပါဝူး။ ပူပူစပ်စပ်ကလေးနဲ. တမျိုးလေးပါ။ သူတို.ကတော့ အဲဒီလဖက်ရည် သောက်ရင် Red Bull သောက်သလိုပဲ လန်းတယ်တဲ့။ လန်းမလန်းတော့ မသိဘူး။ အပြန်လမ်းမှာ ကားပေါ်မှာ  ဇက်ကို ကျိုးနေရောပဲ အိပ်ငိုက်တာ။
ညနေစာကို ချွေတာပြီး မစားတော့ဘူးမှတ်တာ။ အိမ်အပြန် ကုလားဆိုင်နားက ဖြတ်လာတော့ ဆိတ်ရိုးတွေပုံထားတာ မြင်တော့ မရိုးမရွဖြစ်လာတယ် စိတ်က။ အဲဒါနဲ. ဆိတ်ရိုးကို ဟင်းရည်တို. ကြက်ဥတို.နဲ. ရောချက်တဲ့ TULANG တပွဲ ဝယ်လာပြီး အသကုန်စားတာပေါ့။ စားလို.တော်တော်ကောင်းပါတယ်။ ဈေးမကြီးဘူး။ တပွဲ ခြောက်ကျပ်ပဲ။  အရိုးထဲမှာ ပါတဲ့ ရိုးတွင်းခြင်ဆီတွေမှ အရသာရှိတာ။ အရိုးမှာ ကပ်နေတဲ့ အသားနဲ. အရွတ်တွေကို ကိုက်ရတာကလဲ အရသာ။ ဒါက စားတတ်မှ။ လူရှေ.မှာ စားလို.မရပါဘူး။  မိန်းကလေးဆိုတော့ ဆိတ်ရိုးကို အကြီးအကျယ်ကုန်းကုန်းကိုက်ရင် လူကြည့်ခံရလွန်းလို.  အပြင်မှာ မစားတော့ဘူး။ အိမ်ရောက်မှ အရိုးနဲ. အသေအချာ နပန်းလုံးတာပေါ့။
 

Mutton Bone Marrow .. တောက် ဗိုက်တောင်ပြန်ဆာလာတယ်။

ရခိုင်စတိတ်ရှိုး အမှတ်တရ

ရခိုင်စတိတ်ရှိုးနိ အကြောင်းကို ပြောပါမေဒေ။ ညဇက ၂၀ရက်နိက။ အလုပ်ရှိယင့်သားနဲ. အမ်စီ ယူပြီးကေ လားလို.ကြည့်ခီစော်ပါ။ အဝတ်အစားအတွက်လေ့ အများကြီး စဉ်းစားပြီးကေ ဝတ်လားပါရေ။ ဟိုပေါ် အေပေါ်လို. အပြောမခံရအောင်၊ ရခိုင်သားတိ မေးမငေါ့ရအောင်လို.။ ယဂေ တက်က်စီနဲ.လားဖို.လို.။ ယေမှာ ဂျူရောင်း စာကြည့်တိုက်နားမှာဆိုလို. ရထားနဲ.ပဲလားခရေ။ ပူလိုက်တေဆိုစော်မှာ မပြောကေ့။ အေကိုရောက်ခါကပင် တခါလေ့ ရခိုင်လူအုပ်ထဲကို မလားဖူးခါ ကြောက်ပိုင် လန်.ပိုင်တော့ ဖြစ်နီရေ။

Informatic ကျောင်းထဲကို မဝင်ခင် မီးပွိုင့်မှာ လူတယောက်က လာလို.နှုတ်ဆက်ပါရေ။ မခိုင်ဝေဇံ မဟုတ်ပါလာ လတ်။ တခါလေ့ လေ့ မမြင်ဖူးပါ။ ဟုတ်ပါရေလို.။ ယေမှာ ကျွန်တော့ကို သိပါလာလတ်။ မသိပါလို. ပြောမှာ အေအမ်ပီကပါလတ်။ အော် ဓတ်ပုံ မတင်ရှိမေ။ ကိုယ်က တခါက မမြင်ဘူးပဲနဲ. သိပါလာဆိုလို. ဘဇောင်ရဖို.။ ဒိဗ္ဗစက္ခု ရနီစော်က မဟုတ်။  အော်ဟုတ်ပါယင့်ဆိုပြီးကေ နာမည်တောင် မမီးခရပါ။ မီးစိမ်းကေ ပရုံးနရုံးလမ်းကူးလို.ပြီးလာရရေ။


ရောက်စော်နဲ့ စားဖို.သောက်ဖို.လုပ်ကတ်ပါရေ။ လက်မှတ်ပြပြီးစော်နဲ. ထမင်းဘူးလာပီးပါရေ။ ဝက်သားနဲ.ခရမ်းသီးနဲ.။ မစားဖြစ်ခပါ။ အိမ်ကစားလာစော် ကောင်းဝမ်းတင်းနီလို.။ ဓါတ်ပုံတော့ရိုက်ယူခရေ။ လူတိ ဟိုနားမှာ တစု အေနားမှာ တစုနဲ. ကိုယ်မျက်နှာမြင်ဖူးရေလူတိ အများကြီး။ တချို.ကလည်း ပြုံးရုံပြုံးပြရေ။ တချို.ကလည်း ကိုယ့်ကိုချောင်းကြည့်ပြီးကေ ကိုယ်ကကြည့်ကေ မျက်နှာလွှဲလားကတ်ပါရေ။ အေအမ်ပီမှာ မြင်ဖူးစော်လူတိ (မမချေတိ အများစု) တွိကေလေ့သင့် တယောက်နဲ. တယောက်နှုတ်မဆက်ကတ်ပါ။  ရခိုင်သမတိ စိမ်းတုန်းပါသိ။ မိတ်ဖွဲ.ကို ကြောက်တုန်းပါသိ ထင်ပါယင့်။

ဓါတ်ပုံမြင်ဖူးရေလူတိ အများကြီးတွိပါရေ။ သိရေလူများနီခါ ဇာသူ.ကို နှူတ်ဆက်လို. ဆက်ရဖို.မှန်းမသိဖြစ်နီရေ။ ကိုယ်ရင်းရင်းနှီးနှီး သိရေလူ တယောက် နှစ်ယောက်လောက်နဲ. စကားပြောနီကတ်ပြီးကေ ကြည့်ဖို. အထဲကို ဝင်ကတ်ပါရေ။ ယဂေပွဲစရေမဟုတ်ပါလားယေ။ ရခိုင်သမချေက အယင်စလို. ဆီမီးခွက်ကပါရေ။ ယပြီးစော်နဲ. ဘုန်းလျှံထွက်လာပြီးကေ တေးခြင်းတပုဒ်ဆိုရေ။ ခန်းမက ကျယ်က ထိုဖက်ဒေဖက်လူထိုင်ပြီးကေ အလယ်မှာ ကချင်ဂေ ကလို.ရအောင်စီစဉ်ပီးထားပါရေ။ တယောက်လေ့ မရှိသိပါ အလယ်မှာ။ အော် မဟုတ်။ တယောက်တည်းရာရှိရေ။ လူတယောက်။ အေအမ်ပီမှာ မြင်ဖူးပိုင်တော့တွိယင့်။ တယောက်တည်းကနီရေ။  သူ.ကို ကြည့်ရစော် စင်ထက်က တေးခြင်းဆိုစော်လူထက်ပိုပြီးကေ ဈန်ဝင်နီပိုင်မြင်ပါယင့်။ ဘုန်းလျှံဆိုအပြီးမှာ ယုယုလှိုင်ထွက်လာရေ။  မီနီစကပ်အတိုချေနဲ. Fishnet Stocking ကိုဝတ်ပြီးကေပါ။ ဇိရှင်ကိုးကေ ဝတ်ပြုရေ တေးခြင်းကို စကပ်တိုချေနဲ. ပေါင်ကားပြီးကေ ဆက်ဆီကျကျ ကပြီးကေ ဆိုလားပါရေ။ အိမ်း အေတေးခြင်းချေကို ရိုးရိုးချေဆိုလို.မရလား အလူရို.။ တေးခြင်းကိုလေ့ အားနာကတ်ပါအုံးသိ။ တခါတည်း လက်လန်လားရေ။ ယေကေလေ့ ဘုန်းလျှံနဲ. ယုယုလှိုင် နှစ်ယောက်တည်းနဲ. ပွဲစည်အောင်လုပ်လားစော်ပါ။ သူရို. Showmanship နဲ. ပွဲထိန်းနိုင်မှု ကို ချီးကျူးရဖို.။

ယကေ စက္ကောမ အဖွဲ.ကိုက မသိ။ ယင်းဖက်တိနဲ. အဆက်ပြတ်လားစော်ကြာဗျယ်ဆိုခါ အသစ်ပေါ်စော်တိကို မသိလိုက်ဗျယ်။  ညဏ်မင်းသန်. နဲ.မင်းမင်း ဆိုပြီးကေအဆိုတော် ၂ယောက်ပါရေ။ ညဏ်မင်းသန်. က လေးဖြူအငယ်စားချေပိုင် အလှပချေ လို.မြင်ယင့်။ ယေကေလေ့ ဝရေ။ ခန္ဓာပြပြားပျင်လို.။ ချစ်တော့ ချစ်ကောင်းထမန်းချေဟေးလို. ယေကေလေ့ ဘော်ဒီကမလှလို. ပြောနီရေ သူငယ်ချင်းကို။ ခြသေ့င်္ဟိန်းနီပိုင်ရာ ကြားရရေ ကျန်စော် တခုလေ့နားမလည်။ အသက်ကြီးလားလို. ရှိဖို.။ ယင်းပိုင်တေးခြင်းတိကို ခံစားလို.ကောင်းမရဗျယ်။ ညဇဖက် အိမ်ရောက်မှာ သူငယ်ချင်း လှိုင်မီက အွန်လိုင်းမှာ မီးရေ ဟေး ငါ့မောင်ချေ တေးခြင်းဆိုစော်ကောင်းလာလတ်။ အသူလေ ဆိုမှာ ညဏ်မင်းသန်.ဆိုဝါ။ အဘာလေး လောကကြီးလေ့ ကောင်းအကျဉ်းချေရာမနား။

ဇာလောက်ပင်ခေတ်ပေါ်တေးခြင်းကောင်းကောင်း၊ ရိုးရာက မမကိုပြိုင်လို.မနိုင်ပါ။ စက္ကောမလေ့ မနိုင်။ တယောက်လေ့ နိုင်ဖို.မဟုတ်။ ဝင်းကိုခိုင် တေးခြင်းတိတောင်မနိုင်။ ဝင်းကိုခိုင် တောင်မနိုင်ဆိုခါမှတော့ ကျန်စော် လူတိ ထည့်လို.မစဉ်းစားကေ့ဖိ။ ရိုးရာက မမဆိုလိုက်စော်နဲ. ပရိတ်သတ်တိ ပြိုပါရေ။ ကိုယ်တောင်မှ ဝင်လို.ဆိုပခသိယင့်။ မနီနိုင်ထော။ စိမ်းညိုမှိုင်းကေ နွယ်ချိုဖိုးခေါင်ရိုးမတောင်လေ ဆိုစော်တေးခြင်းကို သတိရရေ။ တယောက်လေ့ မဆိုခကတ်။ ယင်းအဆိုတော် အခင်ဦးမောင်သိန်းလားမဆိုနိုင် အနည်းကောင်းမသိ။ သင်္ကြန်တေးခြင်းခွေတိမှာ လေ့ အားရပါးရ ကကောင်းစီကရေ အသံကလေ့ နောင်းလို.။ သူပါကေတော့ခါ ရခိုင်သားတိ ပြိုကတ်ဖို.။ ကိုယ်တောင်မှ ထလို.ကချင်ကဖို.သိ။ ဝင်းကိုခိုင်တယောက်မပါစော်ကို အဂေါင့်စိတ်မကောင်း။ စကားမစပ် ဝင်းကိုခိုင်လပျိုပါလာ။ မယားယူရေ ဘာညာမကြားလို.ပါ။ လပျိုဆိုကေ မယားလျှာ လျှောက်လွှာတင်ဖို.လားဖို.။

Announcer ၄ယောက်
 
ဆီမီးခွက်အက (အေးမြတ်မွန်)
 
 ရခိုင်ဝတ်စုံနဲ. မောဒယ်ရှိုးပွဲ (မမချေတိကို အသေအချာမမြင်ရစော် ဆောရီးပါ။ ကျော်ဖြိုးဝေ အပြစ်။ မမချေတိကို အသေအချာမရိုက်)
အဆိုတော်တိ ဆိုစော်ထက် ပရိသတ်ကြိုက်စော် အစီအစဉ်က မော်ဒယ်ရှိုးပါ။ မမချေတိ ထွက်လာကေ ယောက်ျားချေအားလုံး စင်ရှိကိုပြီးလခကတ်တေ မြင်ယင့်။ ကိုအောင်မြတ်ကျော် အနောင်ဆာလုပ်စော် ကောင်းပါရေ။ ပရိတ်သတ်ကို ပွဲစည်အောာင် အတတ်နိုင်ဆုံး ဆွဲခေါ်လားစော်ကို တွိပါရေ။  ကျန်စော်သုံးယောက်ကို တော့ မကြိုက်ပါ။ ကိုဇော်ဇော်ဝင်းရို. မော်ဒယ်ဘွိုင်းလုပ်စားလို.ရပါဗျယ်။ အရပ်နည်းနည်းရှည်ကေ ကိုထွန်းအေးကျော်သေချာပေါက် မော်ဒယ်ဖြစ်ပါရေ။ နောက် ကိုကျော်မျိုးထွန်းလားမသိ formal ဝတ်စုံနဲ.တယောက်လည်းသင့် ခန်.လို.မြင်ယင့်။ ရခိုင်ဝတ်စုံနဲ. လျှောက်တေ အခေါက်ကို တော့ သဘောမကျ။ ခေတ်ဝတ်စုံနဲ.လျှောက်ခါတော့ ကြည့်လို.ကောင်းကတ်ပါယင့်။ မမချေတိကတော့ အားလုံး အလှအပချေတိပါ။ မမချေတိထဲမှာ ရခိုင်ဝတ်စုံနဲ.လျှောက်ခါပါရေ ကလေ့မေချေ တယောက်ကို ကောင်းသတိထားမိပါရေ။  ၄ယောက်မြောက်ပါ။ ကောင်းချစ်ကောင်းထမန်းချေ။ ကျန်စော် လူတိက တယောက်ကိုလေ့ မကြည့် တိုင်းလို.လျှောက်လခရေ။ သူက ပရိတ်သတ်ဖက်ကို ကြည့်ပြီးကေ ရယ်လို.ပြုံးလို.ချေ လျှောက်လခစော် ကောင်းမျက်နှာချိုရှိရေ။ ခေတ်ဝတ်စုံနဲ.လျှောက်ခါ ဒုတိယမြောက် ကလေ့မေချေဝတ်ထားရေ Angel Inspire ဂါဝန်အဖြူချေကို သဘောကျပါယင့်။ညမချေ အေးမြတ်မွန်ကတော့ခါ Confidence အပြည့်နဲ. ဖျော်ဖြေလားပါရေ။

ကိုကျော်ဝင်းခိုင်ရို. ကိုဇော်ရီရို.ကို အပြင်မှာ ပထမဆုံးအကြိမ်တွိဖူးပါရေ။ ကိုကျော်ဝင်းခိုင်ကို အေအမ်ပီက ဓါတ်ပုံမှာမြင်ခါ အသက် ၄၀ ရှင်လောက်ထင်စော်။ ဇာဟုတ်ဖို.လေး။ အငယ်ပါသိ။ ကင်မရာမန်းလုပ်နီစော်လူကိုလေ့သင့် မြင်ဖူးပိုင်တွိရေ။ ကင်မရာကိုင်ပြီးကေ စင်ထက်တက်လိုက်၊ စင်အောက်ဆင်းလိုက် ၊ ခုံထက်ကိုတက်လိုက် နဲ.ပင် သူ.ခမျာ ရိုက်စော် ရိုက်စော်။  ကြမ်းပြင်မှာ ဖပြားသတ်တိမှောက်လို. ၊ မျက်နှာကျက်မှာ ပြောင်းပြန် ခြေထောက်တိချိတ်လို. မရိုက်စော်ကို ကျေးဇူးတင်ရဖို.။  Eligible Bachelor တိဖြစ်တေ ကျော်ဖြိုးဝေ ရို. စိုးမိုးရို.လေ့တွိခပါယင့် ဟန်ရေးတပြပြနဲ. (စစော်ရာဒေ)။

တခုတော့ ရှိပါရေ။ ပရိတ်သတ်ထဲက ရခိုင်သမထဲမှာ အလှပလှ ရှာကြည့်စော် အများမတွိပါထော။ ညီမချေ အေးအေးသော်ကတော့ ကကောင်းအလှပလှ မြင်ရေ။ ညီမချေ ဇံဇံကတော့ ကကောင်းဖော်ဖော်ရွေရွေပါ။ နှုတ်ဆက်ပြီးကေ စကားပြောနီခကတ်တေ။ သူ.ကိုတောင် မှ အိမ်သာလားခါ အိတ်တခေါက်ချေစောင့်ဖို. အကူအညီတောင်းခရပါသိရေ။ အမှန်က မော်ဒယ်ရှိုးကို သူဝင်လို.လျှောက်ရဖို.စော်။ ဒေါင်ကကောင်းနဲ.   ယလောက်ဘော်ဒီလှစော်ကို။ ကျန်စော်ရခိုင်သမတိကို တော့ခါ အသေအချာကြည့်ဖို. အချိန်မရခလို.လားမသိ။ မမြင်ခပါ။ ကိုယ်လှလို. ဝေဖန်နီစော်မဟုတ်ပါဒေ။ အမှန်ပြောစော် မကျေနပ်ကေလေ့ မတတ်နိုင်ဗျယ်။ အေဘလော့ပို.စ်တင်ပြီးကေ စီဘောက်စ်ကို ဖျက်ဖို.လားဖို.။ ဆဲဖို.စော်ကြောက်လို.။ ဇာပိုင်ပင်ပြောပြော အဂုပိုင်ပွဲတပွဲဖြစ်မြောက်အောင် လုပ်ပီးစော်ကို ကောင်းကျေးဇူးတင်ရပါဖို.။

ဓါတ်ပုံရှိစော်တိကို အယင်တင်ပီးလိုက်ပါရေ။ နောက်ကျော်ဖြိုးဝေပက ရခါမှ ထပ်လို.တင်ပါဖို.။
 
ဇိရှင်ကိုးကေ ဝတ်ပြုရေလတ် အေဝတ်စုံနဲ.

ဘုန်းလျှံ
 
 Clearer Version. Nice tattoo.
 
စက္ကောမ Nice Focus huh? a total failure..
ဓါတ်ပုံတိကို ထောက်ပံ့ပီးရေ ကျော်ဖြိုးဝေကို အထူးကျေးဇူးတင်ပါရေ။
ခိုင်ဝေဇံ

P.S.

နောက်ပိုင်း သိရစော် က အကျွန်ချစ်ကောင်း ထမန်းချေလို. ပြောရေ နံပါတ်လေး မမချေ (ခိုင်ဥမ္မာထွန်း) နဲ. ကောင်း ခန်.ရေလို.ပြောခရေ ဘရို ကျော်မင်းထွန်းရို.  ရခိုင်စတိတ်ရှိုးပြီးလို. နောက်တရက်နိမှာ မင်္ဂလာဆောင်လိုက်တေလို. ပြောပါရေ။ ကောင်းလိုက်ဖက်တေ အတွဲပါ။  အကျွန်ရို. ရခိုင်သား ရခိုင်သမ မှာ လှရေလူရှားရေ။ အေပိုင်အလှပ စုံတွဲ ဖူးစာပါကတ်စော်ကို အခွင့်ကောင်းယူပြီးကေ တခုတောင်းဆိုလိုက်မေ။ အချေ အလှပ ၁၀ ယောက်လောက် တခေါက်မွီးပီးပါ ပလင်။ အချေတိ ကောင်းအလှပတိရှိပါဖို.။ အားကျ ဝမ်းသာရအောင် ဓါတ်ပုံကိုပါတင်ပီးလိုက်ပါရေ။
ဓါတ်ပုံကို အေအမ်ပီမှ ကူးယူဖော်ပြပါရေ

IGongZai, မီနီ ပုံတူရုပ်ဆိုင်

 
ဒီနေ.  Lunch အချိန်မှာ အလုပ်ကနေ ခိုးထွက်ပြီး Vivo City ကိုသွားကြတယ်။ ကိုယ်တို. ဘော့စ်က တခြားဒီပါတ်မန်.တခုကို ပြောင်းတော့မှာ မို.လို. သူ.အတွက် လက်ဆောင်သွားဝယ်တာ။ ဒီလိုပဲ ရောက်သွားတော့လဲ ဟိုလျှောက်ကြည့် ဒီလျှောက်ကြည့် လုပ်ကြတာပေါ့။  ကိုယ်ကတော့ ဖိနပ်ဆိုင်ဝင်ကြည့်တယ်။ အင်းကျီဆိုင်ဝင်ကြည့်တယ်။ ကို.ပါတနာတွေက တော့ Challenger ဝင်တယ်။ ကင်မရာလေး ပြေးကြည့်လိုက်၊ GPS လေးတွေ ပြေးကြည့်လိုက်၊ MP4 လေးတွေပြေးကြည့်လိုက်နဲ. မစားရညှော်ခံပေါ့လေ။

ကိုယ်က ဟိုလျှောက် ဒီလျှောက်လျှောက်နေရင်းနဲ. ဆိုင်လေးတဆိုင်ကို သတိထားမိတယ်။ အရုပ်လေးတွေ တန်းစီပြီးချထားတာ။ ကိုယ်က Naruto တို.  Bleach တို.က  Action Figurines တွေရောင်းတယ်လို.ထင်နေတာ။ အနားကပ်သွားတော့ မဟုတ်ဘူးဗျ။ သူက ပုံတူ အရုပ်လေးတွေလုပ်ပေးတာ။ ကိုယ်လဲ ဝင်စပ်စုတာပေါ့။ အရုပ်လေးတွေက ချစ်စရာလေးတွေ။  ပထမဆုံးက ဓါတ်ပုံပေးရတယ်တဲ့။ မျက်နှာပုံပေါ့။ ပါတ်စ်ပို. ပုံလောက်ဆိုရပြီ။ ပြီးတော့ အဝတ်အစားတွေ ဒီဇိုင်းတွေရွေးရတယ်။ သူတို.မှာ ၇ှိပြီးသားထဲကပေါ့။ ပြီးရင်တော့ အဲဒီ အရုပ်လေးရဖို. အချိန်၂ ပတ်စောင့်ရပါမယ်တဲ့။ ပေးထားတဲ့ ဓါတ်ပုံနဲ. တကယ်လဲတူပါတယ်။ သူတို.ဓါတ်ပုံနဲ. အရုပ်ကိုတွဲပြီးပြထားတာ အများကြီးပဲ။ တော်တော်လေးကို ဆင်တယ်။ အဲဒီဆိုင်က အရောင်းစာရေးမလေးကို ခွင့်တောင်းပြီး ဓါတ်ပုံရိုက်လာခဲ့တယ်။

တစ်ရုပ်တည်း လုပ်မယ်ဆိုရင် ၁၀၈ဒေါ်လာတဲ့။ အတွဲဆိုရင်တော့ ၁၆၈ ဒေါ်လာ။ မင်္ဂလာဆောင်ပုံဆိုရင် ၂၁၅ ဒေါ်လာပါ။ မင်္ဂလာဆောင်ပုံတွေ အများကြီးပဲတွေ.တယ်။ ဆိုင်နာမည်က IGongZai တဲ့။  GongZai ဆိုတာက အဲလို Figurine ကိုပြောတာ။ Iphone တို. IPad တို. Ipod တို.ကို အားကျလားမသိဘူး။ IGongZai ဆိုပဲ။ ဆိုင်ခွဲက Vivo ရယ် Plaza Singapura ရယ်မှာ ရှိပါတယ်တဲ့။ ဗမာတွေက တော့ သိပ်လုပ်မယ် မထင်ဘူး။ ဈေးကြီးလို.။ ကိုယ်လဲ လုပ်တော့လုပ်ချင်တယ်။ ကိုယ်နဲ.ကိုယ့်ဘဲပုံကို။ ဈေးကြည့်ရသေးတယ်။ အဲဒီအရုပ်လုပ်မယ့် အစား ဆူရှီပဲစားလိုက်တော့မယ်။  Vivo Level 1 မှာ Shabushabu ဆိုတဲ့  ဂျပန် ဆိုင်၁ဆိုင်တွေ.ခဲ့တယ်။ အဟစ်အဟစ်။

  
Dont they look alike with actual pics and look so cute?? I adore it so much.
  
  
 

တောက်တိုမယ်ရ

 
  
 
မရေးတာ တောင်နည်းနည်း ကြာပြီ။ သွားစရာ လာစရာ ဘာမှ မရှိလို.ပါ။  နောက်အပတ်ထဲတော့ အလုပ်များမယ်။

ရခိုင်စတိတ်ရှိုးသွားမယ်
City Alive Street Dance Party ရှိတယ်။

ကိုယ့်ရခိုင်တွေကြားသွားရမှာက စစ်ပွဲတရာ တိုက်ရမှာထက်ပိုဆိုးတယ်။ ကိုယ်အခုတည်းက ဘာဝတ်ရမလဲဆိုတာကို စဉ်းစားပြီး ခေါင်းတော်တော်စားနေပြီ။ အတိုဝတ်လို.ကလည်း မဖြစ် Tube Top ဝတ်လို.ကလည်းမဖြစ်။ ဘာဝတ်လို. ဝတ်ရမလဲကို မသိတော့ဘူး။ အဝတ် မတော် အစားမတော်လို.က တော့ တံတွေးခွက် ပက်လက်မျောသွားမယ်။  တပတ်လောက်တော့ အချိန်ယူပြီး စဉ်းစားလိုက်ပါအုံးမယ်။

လောလောဆယ်တော့ အကြိုက်တွေ.နေတဲ့ သီချင်းတပုဒ် တင်ပေးလိုက်တယ်။း) 
Eminem နဲ. Lil Wayne ဆိုထားတာ Drop the world တဲ့။ မဆိုးပါဘူး။ အမည်းတွေ ကြီးစိုးတဲ့ ရပ်ပ် လောက မှာ အဖြူက Best Rapper  ဖြစ်နေတာ ရယ်စရာတော့ ကောင်းတာပေါ့။ ဂရမ်မီမှာ Drake နဲ. Blink 182 က Drummer Travis Barker ပါ Feature လုပ်ထားတဲ့ Version တင်ပေးလိုက်တယ်။ Resolution တော့ သိပ်မကောင်းဘူး။ သီးခံ သီးခံ။

အကြိုက်ဆုံးစာသား

I search but never find
Hurt but never cry
I work and forever try
But I'm cursed so nevermind
The top gets higher,
The more that I climb.





Top 5 songs for this week (my list)

1. Drop the world (Lil Wayne + Eminem)
2. Bed Rock (Young Money)
3. Shaking it for daddy (Robin Thicke + Nicky Minaj)
4. Sugarless (Swami)
4.Cobra Style (Robin)

ခိုင်ဝေဇံ

ဘော်ဘော်သရဲများနဲ. Woodland Seoul Garden Food review!!

ဟေးဟေး လင်းလင်းဖုန်းဆက်တယ်။ အမ တွေ.ရအောင်တဲ့ တနင်္လာ နေ.။ အေးအေးလို.။ ပိုလီတုန်းက ဘော်ဘော်သရဲတွေလေ။ မတွေ.တာကြာပေါ့။  သူလည်း သူတို. အလုပ်နဲ. သူတို.ရှုပ်၊ ကိုယ်လည်းကိုယ့်ဟာကိုယ် မရှုနိုင် မကယ်နိုင်နဲ. မတွေ.ဖြစ်ကြဘူး။  ဖုန်းတော့ တခါတလေ ဆက်ဖြစ်တယ်။

အားလုံးနီးနီးက ဆီးဂိတ်မှာ လုပ်နေတာဆိုတော့ Woodland မှာ ဆုံကြမယ်တဲ့။ အစားအသောက်ကို ကိုယ်ရှာပေးမယ်။  Preference ကိုပြောဆိုတော့ ဟော့ပေါ့တဲ့။ အဲဒါနဲ. ထုံးစံအတိုင်း 'hungry go where' ဆိုတဲ့ ကိုယ့်ရဲ. ဖေးဘရိတ် ဝက်ဘ်ဆိုဒ် ကိုသွားရှာတော့ တန်းတွေ.ပါတယ်။ Seoul Garden တဲ့။ တခေါက်ပဲ စားဖြစ်တယ်။ လွန်ခဲ့တဲ့ ၂နှစ်တုန်းက ထင်တယ်။ အရသာတွေမေ့ကုန်ပြီ။ ကျန်တဲ့ လူတွေကလဲ ကောင်းတယ် ကောင်းတယ် ဆိုတာနဲ. အဲဒီကိုပဲ သွားဖြစ်သွားတယ်။

ဆိုင်က Causeway point shopping center ရဲ့ ၄ထပ်မှာ ရှိပါတယ်။ ဆိုင်လေးက တော့ သန်.သန်.ပြန်.ပြန်.ပဲ။ အမလေး ဆူလိုက်တဲ့ အမျိုး။ ဘေးနားက တရုတ်မ ဝိုင်းက အော်ချက်က ကမ်းကုန်တယ်။ လူတွေကလဲ ဗြောက်သောက်။  ကိုယ်တို.သွားတော့ ရောက်တဲ့လူတွေက ရောက်နေကြပြီ။ စားပွဲယူထားပေးတယ်။ စားပွဲအလယ်မှာ ဟင်းချိုခွက်သာသာ ရှိတဲ. ဘုရားစူး မိုးကြိုးပစ် စွပ်ပြုတ်အိုးလေးနဲ. griller လေးတွဲပြီးချထားတယ်။ ရောက်တာနဲ. အလ္လာပ သလ္လာပ မပြောနိုင်ပါဘူး။ အစားအသောက်တွေသွားယူတာပေါ့။

သူတို.ရဲ. အစားအသောက် အမယ်ကတော့ တော်ရုံ ဟော်ကာဆန်တာ က yao to phu ဆိုင်လောက်တောင် အဖြစ်မရှိပါဘူး။ ဟာလာဆိုင်တဲ့။ မှားပါတယ်။ ကိုယ်က ဝက်သားမှ မစားရရင် လောကကြီးမှာ နေပျော်တယ်ထင်တာမဟုတ်ဘူး။ ကြက်သားတွေပဲရှိတယ်။ အားမရလိုက်တာ။ ကင်းမွန်လေးနည်းနည်းပါးပါး။ fishball လေး တလုံးနှစ်လုံး။ အရွက်လေး တရွက်နှစ်ရွက်။ အမလေး ဟဲ့။ ဂဏန်းလေးတောင် မရှိဘူး။  စွပ်ပြုတ်ကို Spicy Kimchi Soup မှာလိုက်တာ။ မြည်းကြည့်တော့ ရေသာသာပဲ ရှိပါတယ်။ ပေါ့လိုက်တာ မပြောနဲ.။  အဲဒါနဲ. ပဲ အားမရတရနဲ. စားတယ်။ ပြီးတော့ salad လေးလုပ်စားတယ်။ သခွားသီးလေးနဲ.။ olive သီးလေးနဲ.။ ဆလပ်ရွက်လေးနဲ.။ ခရမ်းချဉ်သီးလေးနဲ.။ သူတို.ရဲ့ thousand island ဆော့စ် ကတော့ တော်တော်ကောင်းတယ်။ အအေးလဲ အလကားရတယ်။

ပြီးတော့ ရေခဲသုပ်လို ice kachang တို.လိုမျိုးတွေ ကိုယ့်ဟာကိုယ် လုပ်စားလို.ရတယ်။ စပါဂတီး(   နည်းနည်းလေးရယ် mushroom sauce နဲ. tomato sauce  ရယ်ပေးထားတယ်။ ကောင်းမယ့်ပုံမပေါ်ပါဘူး။ ပြီးတော့ အသီးတွေက Dragon fruit ရယ် ဖရဲသီး ရယ် ပန်းသီးရယ် ပေးထားတယ်။ အိုက်စကရင် လေးငါးပုံးရယ် ကိတ်မုန်.လေးငါးတုံးရယ် ပေးထားတယ်။ ပြီးတော့ တရုတ်အစားအစာ အချိုပွဲပစ္စည်းလေးတွေ နည်းနည်းပါးပါးပေးထားတာ။ သူ.ဟာက ဘာမှ ကောင်းကောင်းကန်းကန်းမရှိဘူး။ ဒါပေမယ့် အမျိုးစုံအောင်ပေးထားတယ်။

ကိုယ်က ဘာဘီကျုး ကိုယ့်ဟာကိုယ် လုပ်စားရတဲ့ဆိုင်မျိုးကို မကြိုက်ဘူး။ အင်းကျီတွေမှာလဲ အနံ.စွဲတယ်။ ဆီကလည်းစင်သေးတယ်။ မကောင်းဘူး။ မကျက်တာနဲ. တူးသွားတာနဲ. ဘယ်တော့ မှ ကောင်းကောင်းစားရတယ် မရှိဘူး။ ခုလည်း ဒီအတိုင်းပဲ တော်ပါပြီ seoul garden ကတော့ လက်လန်သွားတယ်။ ဒါပေမဲ့သူငယ်ချင်းတွေနဲ. ဆုံရတော့ ပျော်စရာကြီးပေါ့။ ထုံးစံအတိုင်း အတင်းတွေအုပ်ကြ ၊ အော်ကြ ဟစ်ကြ ရယ်ကြ မောကြနဲ.။ ကိုညီလေးက မိန်းမနဲ.ဆိုတော့ အန်ပေါင်းပေးတယ်။ ကျန်တဲ့ လူတွေကတော့ တယောက်မှ မရသေးဘူး။ ဘယ်တော့ ယူကြမယ် ဘာမယ် နဲ. ပြောကြတာပေါ့။ ချောကလက်က လဲ စီးတီးဟောမှာ ဆိုင်ဖွင့်ထားတယ် အမတဲ့.။ အမ ဝယ်ရင် မြန်မာပြည် လေယဉ်လက်မှတ်ကို လျှော့ပေးမယ်တဲ့။ ဟီးဟီး။ ဆိုင်နာမည်တောင် မမေးခဲ့ရဘူး။ စီးတီးဟောလည်း နောက်ဆို တီမားဆက် ပိုလီ အပိုင်ဖြစ်တော့ မယ်။ ခုကို တီပီက လူတွေ တော်တော်များနေပြီ အဲဒီမှာ။

ကိုအော်စီသက်နိုင်က ဒကာခံပါတယ်။ ပုံမှန် ၂၅ ကျပ်ကို ဒီနေ. ဒစ်စကောင့် ၅၀% ရှိတယ် ဆိုပြီးတော့ ၁၃ ကျပ်ပဲ ယူပါတယ်။ ဘယ်နေ.အထိ ရှိတယ် လို.တော့ မမေးခဲ့ရဘူး။ ဒကာခံတဲ့ ကိုအော်စီသက်နိုင် သူ.ဒေါက်တာမနဲ. မြန်မြန်ညားပါစေလို. ဆုတောင်းပေးလိုက်ပါတယ်။း) ဟီးဟီး။

 
ကင်းမွန်က လတ်လတ်ဆတ်ဆတ်ပါ။ အတော်စားလို.ကောင်းတယ်။ ဒါကလွဲပြီးဘာမှ မကောင်းဘူး။

  
 ကိုယ့်ဟာကိုယ်ကောက်ထည့်ချင်ရာ ထည့်ပြီးသုပ်ထားတဲ့ ဆလပ်
  
ကိုယ်တိုင်ပြင် အချိုပွဲ

  
အိုက်စကရင်နဲ. ကိတ်မုန်.က နောက်ဆုံးအစာပိတ်ပေါ့။

  
 
 ပိုလီ ဘော်ဘော်သရဲများ

ခိုင်ဝေဇံ

ကိုယ့်ဘလော့ လူမဖတ်ရခြင်းအကြာင်းအရင်း

 မြန်မာ အမျိုးသမီး ဘလော့ဂါများစတိုင်နဲ. (မျက်နှာမပြရ)


ဒီနေ. ဘလော့ကို ဝင် ကြည့်တော့ ကြည့်တဲ့ လူဦးရေ တက်မလာဘူး။
 ဟင် ဒီလောက်ကောင်းတဲ့  ဘလော့ ကို ဘယ်သူမှ မဖတ်ကြဘူးလား။
အံ့သြောပ။ ဟီးဟီး။

ဒီတော့ ဖတ်တဲ့သူများအောင်ဘာလုပ်ရရင် ကောင်းမလဲလို. စဉ်းစားတယ်။
အတော်ကြာကြာ စဉ်းစားကြည့်တော့

.........
.......
......
....
..

ဘာအဖြေမှထွက်မလာပါဘူး။

ဒီလိုဆိုရင် ဘာလို. လူဖတ်နည်းရတာလဲ စဉ်းစားကြည့်မယ်။
၁။ ကိုယ်က ကိုယ့်အကြောင်းပဲ ကိုယ်ရေးတာများတာကိုး။ အစားအသောက် အကြောင်းကိုယ့် အကြောင်း  ချီးပါသေးပေါက်အကြောင်း     ဒါပဲ။ ဒီတော့ သူများတွေက ဘယ်ဖတ်ပါ့မလဲ။ အစားအသောက်ဆိုတာ လူတိုင်းကိုယ့်လို ခရေဇီဖြစ်တာမှ မဟုတ်တာ။

၂။ ကိုယ့်မှာ သူငယ်ချင်းနည်းတယ်။ အပေါင်းအသင်းနည်းတယ်။ ကိုယ်က ဝါသနာတူရာ ဘလော့ဂါများနဲ. ပေါင်းမိသွားရင်တော့ ကိုယ်မရေးချင်ရင်တောင် ရေးဖြစ်သွားလိမ့်မယ်။ စာပေမိတ်ဆွေတွေ မရှိတော့ လာအားပေးမဲ့သူ မရှိဘူးပေါ့။

၃။ ကိုယ့်မှာ ဒသနတွေ ဆွေးနွေးထားတာမရှိဘူး။ ဖွဲ.ဖွဲ.နွဲ.နွဲ.နဲ.  အချစ်အကြောင်းတွေ အသည်းကွဲတဲ့ အကြောင်းတွေ မရေးတတ်ဘူး။ ကိုယ်က ရေးရင် ရိုးရိုးရှင်းရှင်း စကားပြောပုံစံ နဲ.ရေးရတာ ကြိုက်တယ်။ စာရေးရေးရင် သိပ်မကြိုက်ဘူး။ အရေး အသား အဖွဲ.အနွဲ.နဲ.  အကြောင်းအရာပိုင်းလိုတာလဲ ပါလိမ့်မယ်။

၎။ ဓါတ်ပုံလှလှလေးတွေ မတင်နိုင်ဘူး။ လှတဲ့ ကောင်မလေးတွေ ဘလော့ ရေးရင် အရမ်းကိုလူကြည့်များလိမ့်မယ် ထင်တယ်။  ဓါတ်ပုံတင်နိုင်ရင်ပေါ့လေ။  မြန်မာက ကောင်မလေး ချောချောလေးတွေ ဘလော့ရေးတာ မတွေ.ဖူးဘူး။ ရုပ်ကို မပြကြတာများတယ်။ ဘာသဘောလည်းတော့မသိဘူး။  စားရေးလည်းကောင်း ဓါတ်ပုံလည်းကြည့်ရတော့ ပိုမကောင်းဘူးလား။ နိုင်ငံခြားမှာတော့ ပုံလှလှလေးတွေ တင်ပြီး လူစိတ်ဝင်စားအောင်လုပ်တာများတယ်။ ဘီကီနီပုံ တင်စရာမလိုပါဘူး။ ကိုယ်တို. စားခဲ့တာတွေ သွားခဲ့တာတွေ ဓါတ်ပုံရိုက်ပြီးတင်ကြတာပေါ့။ စိတ်ဝင်စားစရာတော့ ကောင်းပါတယ်။ ကိုယ်ကတော့ လှလှ မလှလှတင်တယ်။ စာသတ်သတ်ဆိုရင် ပျင်းမှာစိုးလို.။

၅။ ဘလော့ဂါဖြစ်ဖို. ကံမပါလို.။ ဟီးဟီး။ ကိုယ်က  တော့ပ်ဖိုက် လုပ်ချင်တာ။ ၄ခုပဲဖြစ်နေလို. ကံကို ဆွဲထည့်လိုက်တာ။

တခုတော့ ရှိတယ်။ ကိုယ်ကအပျော်ရေးတာ။ ဝါသနာပါလို.ရေးတာ။ အစောကတည်းက ဖတ်မဲ့လူမရှိတာ သတိထားမိတယ်။ ဒါပေမယ့် မရေးပဲ မနေနိုင်ဘူး။ ကြိုတင်ပြင်ဆင်ပြီးသား။ စိတ်ပျက်ပြီးတော့ တော့ ရပ်မှာမဟုတ်ဘူး။ ကိုယ်ရေးချင်တဲ့ အချိန်အတိုင်းအတာ တခုအထိ ကိုယ်ရေးချင်တဲ့ အကြောင်းအရာတွေကို ရေးနေမှာပဲ။ ပိုက်ဆံပေးရတာမှ မဟုတ်တာ...... နော။

ဘာပဲပြောပြော လူဖတ်များတာတော့ သဘောကျတာပေါ့။
.
.
.
.
.
.
ခုတော့ ကြည့်ရတာ နိပ်ကပ်ပုံတင်မှ လူလာမဲ့သဘောမှာ ရှိတယ်။
(ရွဲ.ပြောတာဟေ့)

ခိုင်ဝေဇံ

Vacation plan!! :)


Hahahahahaha
That's a nice one.

ဒါပေမယ့် ကြည့်မကောင်းလို. ပြန်ပြင်ပေးလိုက်ပါတယ်။ ဆင်ဆာလုပ်ပြီးတော့။  အမွှေးကတော့ ဘယ်လိုလုပ်ရမှန်းမသိဘူး။

 
Mr. and Mses. Raddish in Phuket, Thailand

:D:D
Hint; Yes, I am planning to go to Phuket.

Khine wai zan

မြန်မာတွေ အင်္ဂလိပ်စကား မပြောတတ်ဘူး ???

ပြောလည်းသိပ်တော့ မပြောချင်ပါဘူး။
အဲ ပြောလည်း ပြောချင်တယ်။
ပြောပြန်ရင်လည်း ကိုယ်လွန်ရာကျမယ်။

အဖြစ်ကတော့ မနှစ်က ဒီဇင်ဘာလောက်က စတာ။ မြန်မာတွေ အင်္ဂလိပ်စကားမပြောတတ်လို.ဆိုပြီးတော့ သတင်းစာမှာဆိုလား ဘာလားပါလို.တဲ့။ ကိုယ့်ဆီကို forwarded mail တွေ ရောက်လာတယ်။ လင့်ခ်တခုလည်းပေးထားတယ်။ တမျိုးသားလုံးကို စော်ကားထားတယ် သွားကြည့်ကြတဲ့။ သွားကြည့်တော့ ဗမာနာမည်သုံးထားတာတွေ.တယ်။ တခြားထူးထူးခြားခြားဘာပါလို.လဲ။ ဘာမှပါဘူး။

မေးလိုက်အုံးမယ်။ အမှန်ပြောတာ နာစရာလားလို.။ ပြောသင့်တာကြာပြီ။ ဗမာတွေအင်္ဂလိပ်စကားမပြောတတ်ဘူးလို. ပြောတာကို နာနေသေးတယ်။ မဟုတ်တာကျနေတာပဲ။  တယောက်ကောင်းရုံနဲ.  ငါ့အင်္ဂလိပ်စာကောင်းတယ်လို.ပြောလို.မရဘူး။ လူ၁၀၀ရာမှာ ၇၀ လောက်မကောင်းတဲ့ကိစ္စကို လက်ခံနိုင်ရမှာပေါ့။ မြန်မာတွေကိုလည်း အပြစ်မပြောပါဘူး။ ပညာရေး System ကိုက မကောင်းတာကြီးကို။ ဒါပေမယ့် နိုင်ငံခြားရောက်လာမှတော့ အတတ်နိုင်ဆုံးပြောတတ်အောင်ကြိုးစားရမှာပဲ။

ခုတော့ ရောက်တာနဲ. စကပ်တို ဘောင်းဘီတို နဲ. အင်းကျီ ကြိုးတကိုင်းလောက် ဝတ်ရရင် အတော်ကြီးကိုဟုတ်တယ် ထင်နေကြတယ်။ ကောင်လေးတွေဆိုလည်း Branded အင်းကျီ ဖိနပ် လေးနဲ. Laptop အကောင်းလေး ကိုင်နိုင်လို.ကတော့ သူများကို သိပ်လူထင်တာမဟုတ်ဘူး။ ယားလား နိုးလားလောက်ပြောတတ်ရင် ဘဝင်ကိုင်နေပြီ။ ပိုက်ဆံလေး တပြား နှစ်ပြားရှိရင် နိုက်ကလပ်သွားမယ် ၊ စားမယ် သောက်မယ်နဲ.။ မြင်ဘူးပါတယ်။ ဝတ်စားထားတာကတော့ ပျံလန်နေတာပဲ။  စကားပြောရင်တော့  ယားလား နိုးလားတောင် မနည်းပြောရတယ်။

ကိုယ့်အင်္ဂလိပ်စာ အရမ်းကောင်းတယ် ထင်နေကြအုံးမယ်။ မကောင်းပါဘူး။  ဒါပေမယ့် စလုံးတွေနဲ. Level လောက်ကတော့ ရတယ်။ သူတို.ကကော ဘယ်လောက်ကောင်းနေလို.လဲ။ ရှင်းရှင်းပြောရင် ၁၀၀ မှာ ၅၀ လောက်ပဲ ကောင်းတဲ့သူပါတယ်။ တော်တော်များများက ထမင်းစားရေသောက်ပြောလို.ရတယ်။ ဒါပဲ။ စလုံးအသံထွက်နဲ.တူအောင် ဘယ်တော့မှ လိုက်မထွက်နဲ.. သောက်တလွဲအသံထွက်တွေ။ အမြဲတမ်း Standard English အသံပဲထွက်နိုင်အောင်ကြိုးစားပါ။ သူတို.က ကိုယ့်ကို စကားမပြောတတ်ဘူးလို.ပြောတာ ထမင်းအိုးက ရေနွေးအိုးကို ဖင်မည်းတယ်လို.ပြောသလိုပဲ။ သူကမမည်းတာ ကျနေတာပဲ။ ပြောရင် ကိုယ်အလွန်ဖြစ်မယ်။

နာစရာအကြောင်းတော့ မရှိပါဘူး ။ အင်္ဂလိပ်စာ သင်တန်းတွေတော့ အချိန်ပေးပြီး တက်ကြဖို.တော့လိုမယ်နဲ.တူတယ်။ ကိုယ်လည်းတက်ဖို. စဉ်းစားနေတယ်။ သိပ်ဈေးမကြီးတာလေးပေါ့။ စလုံးဆရာသင်တယ်ဆိုရင်တော့ သွားကို မတက်ဘူး။ အာမောတွေသင်တာပဲ သွားတက်မယ်။ စလုံးကို အထင်မကြီးလို.။

ခိုင်ဝေဇံ