ရှမ်းအစားအစာ

မရေးဖြစ်တာ တလလောက်ရှိပေါ့။

အလုပ် ဘီးစီး လွန်းလို.ပါ။

အလုပ်ကများရတဲ့ အထဲ လူမွဲနတ်မြင်ဖြစ်နေတဲ့ အတွက် အပြင်လည်းမထွက်နိုင်၊ ထွက်ဖြစ်တဲ့အခါကျပြန်တော့လည်း ဓါတ်ပုံမရိုက်ဖြစ်နဲ.့ ရေးစရာ ကရှာလို.ကို မရနိုင်ပါဘူး။

ကံကောင်းထောက်မစွာနဲ.ပဲ ဒီရက်ပိုင်းအတွင်း စီးတီးဟော ကိုသွားစရာ ကြုံတဲ့အတွက် လွိုင်နိုင် ဆိုင်မှာ ၃၊ ၄ ခေါက်လောက် ဝင်စားဖြစ် လို. ရိုက် လာတဲ့ ပုံလေးတွေ တင်ပေးလိုက်ပါတယ်။

လွိုင်နိုင်က မန္တလေး စတိုင်ပြီးရင် အကြိုက်ဆုံးဆိုင်ပါ။ ကိုယ်တခြားဆိုင်မှာ စားခဲတယ်။ မန္တလေး ကိုလွမ်းတယ်ဆိုတာ အစားအသောက်၊ အထူးသဖြင့်ရှမ်းစာကို လွမ်းတာ အဓိကပါတယ်။ လွိုင်နိုင်က မိသားစုဆိုင်လေး။ လက်ရာကောင်းတယ်။ အိမ်ချက်နဲ.ဆင်တယ်။ မန္တလေး စတိုင်က ဘီယာဆိုင်ကလည်းဖြစ်၊ လူကလည်းအရမ်းများလာတဲ့အတွက် တခါတခါကျရင် ထိုင်လို.သိပ်အဆင်မပြေဘူး။ ဒါဆို ကို လွိုင်နိုင်ကိုပဲ လာတာများတယ်။

ဒါပေမယ့် လွိုင်နိုင်က အရမ်းကျပ်တယ်။ ဆိုင်ခန်းလေးက ၂ ပေတောင်ပြည့်ရဲ.လားမသိဘူး။ ရန်ကုန် ဘပ်စ်စကား စီးရတာ ကျနေတာပဲ။ ထိုင်ခုံက ၄ခုံပဲရှိတယ်။ ပါဆယ်ဆွဲသွားကြတာများတယ်။ ကိုယ်ကတော့ မရ ရအောင် ထိုင်စောင့်ပြီးမှ စားတယ်။

အမယ်အစုံရပါတယ်။ အကြိုက်ဆုံး ကတော့ ဆိတ်ပုဆိုးကြမ်း စွပ်ပြုတ်ပါ။  ဝက်သချဉ်လည်းကောင်းတယ်။ ရှမ်းခေါက်ဆွဲ၊ ရှမ်းရည်ပျော်၊ ရှားရှားပါးပါး တို.ဟူးနွေး၊ ငါးပေါင်း၊ ဝက်သားပေါင်း၊ ဝက်ခေါင်းသုပ်၊ ရှမ်းထမင်းချဉ်သုပ်၊ငါး ထမင်းသုပ် စသည်ဖြင့် အစုံရတယ်။ အားလုံးကလဲ အရသာရှိပ။ ဝက်ခြေထောက်စွပ်ပြုတ် ကိုမေ့သွားသေးတယ်။ ကိုယ်မစားမဖြစ်စားတာကတော့ ဆိတ်ပုဆိုးကြမ်းစွပ်ပြုတ်နဲ. ဝက်သချဉ်ပါ။ မစားဖူးသေးတဲ့ လူတွေ နောက်တစ်ခေါက်စီးတီးဟော ရောက်ရင် မြေညီထပ်က လွိုင်နိုင်ဆိုင်ကို ဝင်ခဲ့ကြအုံးပေါ့။း)

ငှက်ပျောရွက်နဲ. ထုပ်ပြီး ပေါင်းထားတဲ့ ငါးပေါင်း။ ဟင်းအနှစ်တွေက အ၇မ်းအရသာရှိတယ်။ ဝက်သားပေါင်းမမြည်းရသေးပါဘူး။ နောက်တစ်ခေါက်ပေါ့။း)
ဝက်ခြေထောက်စွပ်ပြုတ်။ အလေးလွန်သွားတယ်လို.ပြောရမယ်။ အရသာက တော်တော်ကိုလေးတယ်။ အနံ.လည်းနည်းနည်းပြင်းတယ်။ မန္တလေး စတိုင် ကဝက်စွပ်ပြုတ်ကို ပိုကြိုက်ပါတယ်။
ဝက်သချဉ် ။ဂျူးမြစ်နိုင်နိုင်နဲ. ငရုတ်သီးကြော်လေးရောထည့်ပေးထားတယ်။ ချဉ်ချဉ်စပ်စပ်နဲ. ကောင်းမှကောင်း။း)
ဝက်ခြေထောက်ကြာဇံ။ ပုံကြည့်တာနဲ. စားချင်လာတယ်ဟုတ်။ ပဲရွက်စိမ်းစိမ်းကလေးတွေကို ပြုတ်ပြီးထည့်ပေးထားတာ သဘောကျပါတယ်။ အရမ်းအရသာရှိတယ်။
ရှမ်းထမင်းချဉ်၊ ဝက်သချဉ်နဲ. ဆိပ်ပုဆိုးကြမ်း စွပ်ပြုတ်။ တကယ့် Killer Combo ပဲ။ ဆိပ်ပုဆိုးကြမ်းစွပ်ပြုတ်ကတော့ ဘယ်တော့သွားသွား မပါမဖြစ်ပါ။ သူ.ကို သပ်သပ်ရိုက်ထားတဲ့ ပုံတွေ ဘယ်ရောက်နေမှန်းမသိလို.  မထည့်ပေးရဘူး။ လွိုင်နိုင်ကို ရောက်ရင် မစားမဖြစ်စားရမဲ့အထဲမှာ ပါတယ်။

ဒီလောက်ပါပဲ။ အယင်တုန်းက တင်စရာ ပုံတွေရှိသေးပေမယ့် နောက်ရက်မှပဲ တင်တော့မယ်။ ဇူလိုင်လထဲမှာ  ပထမဆုံးနဲ. နောက်ဆုံးပို.စ် ဖြစ်ရင် ဖြစ်နေအုံးမယ်။

စားနိုင်ရင် ကိုယ့်ဖို.။
ခိုင်ဝေဇံ