Botak Jones Steak !!




Botak Jones မှာ အမြဲတမ်းစားဖြစ်တာက Cajun Chicken. ကျန်တာ သိပ်မစားဖြစ်ဘူး။  Hawker Center တွေမှာ ရောင်းတယ်လို.သာပြောတာ သူ. လက်ရာက တော်ရုံတန်ရုံ စားသောက်ဆိုင်တွေထက် အပုံကြီးသာပါတယ်။ ဈေးလဲ သင့်တင့်တယ်။ ကလီမန်တီမှာ ကိုယ့်အိမ်ရှေ.တင် တဆိုင်ရှိတယ်။ အလုပ်နားမှာ လည်း တဆိုင်ရှိတယ်။ ဒီတော့ ဘိုတနဲ. ညားတာ အဆန်းလားလို.ပြောရမယ်။ Botak (ဘိုတ) ဆိုတာ ကတုံး သို. ထိပ်ပြောင်ကိုပြောတာ။ ဆိုင်ရှင်က Ang Moh( westerner) ပါ။ ကတုံးကြီး။ တခါတခါသူ.ဆိုင်ကို လာလာကြည့်တတ်တယ်။ ဟုတ်လားတော့ သိပါဘူး။ အဲဒီဆိုင်မှာ ဆွဲထားတဲ့ ပုံနဲ. ကွက်တိမို.လို. ဆိုင်ရှင်လို.ယူဆလိုက်တာ။

စတိတ်ခ် ကို စားခဲတယ်။ မကြိုက်လို. မဟုတ်ပါဘူး။ နေ.တိုင်းစားနိုင်တဲ့ အစားအသောက်ထဲမှာ မပါလို.။ ၁ လ ၂ ခါ ၃ ခါ လောက်တော့ စားဖြစ်တယ်။ ဘိုတ ဆိုင်က ဈေးမဆိုးပါဘူး။ Sirloin Steak အသားကောင်းကောင်းကို ၁၂.၉၀ ဒေါ်လာ ပေးရတယ်။ အသားက ၂၀၀ ဂရမ်ရှိတယ်ထင်တယ်။ အာလူးချောင်းကြော်နဲ. ပြောင်းဖူးကိုSide dish ယူလိုက်တယ်။ ဘိုတ ပြောင်းဖူးက သူများပြောင်းဖူးနဲ. မတူဝူး။ အဟီး။ ထောပတ်လေးနည်းနည်းသုတ်ထားပေးတယ်။ ချိုနေတာပဲ။

ကျက်အောင်လုပ်ပေးပါလို. ပြောပေမဲ့ လှီးလိုက်ရင် အထဲမှာတော့ သွေးတွေရဲနေတာပဲ။  သွေးအရသာလေးနဲ.မှ ပိုချိုလားလို.။ ညှီတော့မညှီဘူး။ ကိုယ်က Well Done လို.ပြောတာတောင် သွေးတွေရဲနေတာ Medium Raw လို.များသွားပြောလို.ကတော့ သွေးတစက်စက်ကျနေမယ်ထင်တယ်။ သူငယ်ချင်း ဖဦးထုပ် တယောက်က ပြောဘူးတယ်။ အမဲသားက သွေးပါမှ ပိုချိုတာတဲ့။ အင်း ဟုတ်လောက်တယ်။ Botak Jones ကိုသွားရင် စတိတ်ခ် ကို မြည်းကြည့်ဖို.မမေ့ပါနဲ.။း)


ခိုင်ဝေဇံ

3 comments:

Unknown said...

ှSister .. Stake is one of my favorite. This blog makes me hungry. I love the stake "Medium Rare" and it is considered the best of stake cooking ... I saw the pink color on your stake too .. but this one cooked a bit too dark at outside ..but it still look good .. hehe.

khine wai zan said...

yes bro.. they put a bit of sauce on the steak when they grilled it i guess. I dont even need to use the sauce they provided with. :)

Unknown said...

ငါနင့်ကိုသတ်ချင်တယ်...အလုပ်ချိန်ဆိုဝင်ကိုမကြည့်ချင်ဘူး....ငါဗိုက်ဆာလာပီ...ဟွန်းး