စင်္ကာပူမှာ ဈေးအချိုဆုံး ဆူရှီဆိုင်

ဆူရှီဆိုင်ထဲမှာ ဈေးအချိုဆုံးဆိုင်ကို ပြပါဆိုရင် ဒီဆိုင်ကိုပြရမယ်။ ဟီးဟီး ကိုယ်က ဈေးချိုတဲ့ဆိုင်ပဲသိတယ်။ ဈေးအကြီးဆုံးဆိုင်ကတော့သိဘူး။ ဈေးချိုပြီးတော့ အစားအသောက် အသင့်အတင့်ကောင်းတာပေါ့။

အားလုံးသိတယ်ဟုတ်!!
ကောင်းတဲ့ဆိုင်က ဈေးသိပ်မချိုဘူး။
ဈေးချိုတဲ့ဆိုင်က သိပ်မကောင်းတတ်ဘူး။
ကောင်းလဲကောင်း ဈေးလဲချိုတဲ့ဆိုင်ဆိုရင် ဘယ်တော့မှနေရာမရဘူး အမြဲအကြာကြီးစောင့်ရတယ်။

ဒီဆိုင်ကလည်းလက်ရာအသင့်အတင့်ပါ။ စားလို.ဖြစ်တယ်လို.ပြောရမယ်။

 ဆိုင်နာမည်က SUMO SUSHI & BENTO တဲ့။  ကလီမန်တီ က Fair Price (near KFC) နားမှာ တခုရှိပါတယ်။ သူ.ရဲ. Website ကိုပေးလိုက်ပါတယ်။ ဘယ်နေရာတွေမှာ ဆိုင်ခွဲ ရှိလဲဆိုတာ သိချင်ရင်ပေါ့။


ဘန်တို(Bento) One set ကိုမှ ဈေးနှုန်းက ၃.၉၀  ဒေါ်လာကနေ ၈.၉၀ ဒေါ်လာ(ဈေးအကြီးဆုံး - ငါးရှဥ့်(UNAGI)) အထိ ပေးရတယ်။ ဘယ်မှာ ဒီလောက်ဈေးနဲ.ရမလဲ။ တန်တာပေါ့ စားရတာ။ တပွဲကို သေးသေးလေးမဟုတ်ဘူးနော် အကြီးကြီး မနည်းကုန်အောင်စားရတယ်။ ၃.၉၀လောက် ကတော့ ဝယ်ပြီးလွှင့်ပစ်ရင်တောင် တန်တယ် လို.ပြောရမယ်။ Green Tea အပူ သို. အအေး အလကားပေးသောက်ပါသေးတယ်။ ကောင်းတော့ သိပ်မကောင်းဘူး။ ဒါပေမယ့် အလကားကတော့ ဘာရရပေါ့။ သိတယ်မလား။း)





ကိုယ်စားခဲ့တဲ့ Salmon Teriyaki Bento (၄.၉၀ ဒေါ်လာ)

 
ပုံ.ပုံ. Sashimi Bento ( ၅.၉၀ ဒေါ်လာ)

 
နွယ်နီ Saba Teriyaki Bento (၃.၉၀ ဒေါ်လာ)  **Recommended**

 

စားပြီဟေ့ဆိုလို.ကတော့ ဟန်မလုပ်ပါဘူး။ အပီဆွဲတာပဲ။

အားယားနေရင် သွားကြည့်လိုက်ကြပေါ့။

ခိုင်ဝေဇံ

0 comments: