တို.များငယ်ငယ်တုန်းက (၁)


ခုချိန်နေ ငယ်ငယ်က အကြောင်းတွေကို ပြန်စဉ်းစားမိရင် နယ်မှာကြီးပြင်းလာရတဲ့ကိုယ့်ဘဝကို အင်မတန်ကျေနပ်မိပါတယ်။ ဘဝမှာ ဘာအချိန်ကို တန်ဖိုးအထားဆုံးလဲ အကျေနပ်ဆုံးလဲမေးရင် ရခိုင်ပြည်တခွင် ပြဲပြဲစင်အောင် လျှောက်သွားနေခဲ့တဲ့ အချိန်တွေ နေခဲ့ရတဲ့နေရာတွေ အားလုံးကို ကျေနပ်တယ်။ မြို.မှာ ကျောင်းနေ စာအုပ်ကျူရှင်နဲ. နပန်းလုံး တိုက်ခန်းကျဉ်းလေးတွေမှာ အသက်လုရှူရတဲ့ ဘဝမရှိခဲ့တာကို ကျေနပ်တယ်။ ကားဆီနဲ. ညှော်နံ. ချွေးနံ. နဲ. လုံးထွေးမနေတဲ့ လေ လတ်လတ်ဆတ်ဆတ်ကို ရှူခဲ့ရတဲ့ ကိုယ့်ကိုယ်ကို လူဖြစ်ရကျိုးနပ်တယ်လို.ထင်တယ်။

မွေးတုန်းကတော့ စစ်တွေပါပဲ။ ဒါပေမဲ့ ဘာကိုမှမမှတ်မိဘူး။ စစ်တွေမှာ သေးသေးလေးတုန်းကပဲနေခဲ့တာကိုး။ ကိုယ်မှတ်မိတဲ့ အချိန်ကိုယ် ဘူးသီးတောင်မှာ ရောက်နေပြီ။ ဝန်ထမ်း လုံးချင်းအိမ်သေးလေးမှာနေရတယ်။ အိမ်ရှေ.မှာ ရေကန်ကြီးတစ်ကန်ရှိတယ်။ အိမ်ဘေးမှာကပ်လျက် ဂွေးသီးပင် (ဝချိုင့်ပင်) အကြီးကြီးရှိတာကို မှတ်မိတယ်။ ပြီးတော့ ငှက်ဖျားကြောင့် ကွီနိုင်းဆေးတွေ ထိုးထားလို. လမ်းလျှောက်လို.မရတော့တဲ့ ကိုယ့်မောင်လေးရယ် ကိုယ်ရောပဲ နှစ်ယောက် လေးဘက်ထောက်တွားသွားနေရတာ မှတ်မိတယ်။ အိမ်နောက်ဖေးက ဆူးပင်တွေ ကာထားတဲ့ ချောင်းတစ်ချောင်းရှိတာကို သတိရတယ်။ အမေလိုက်ရိုက်ရင် တက်ပြေးလို.ရတဲ့ မအတုချေတို. ညီအစ်မတွေနေတဲ့အိမ်ကို သတိရတယ်။ ကိုယ့်ကို ပြုစုခဲ့တဲ့ ကုလားမကြီး ကာလာဘီကိုလည်း မှတ်မိတယ်။ ကိုယ့်ကို သိပ်ချစ်တာပဲလို.ပြောတယ်။ အရမ်းအလိုလိုက်တယ်တဲ့။ ပြီးခဲ့တဲ့နှစ်က ပါပါ မောင်တော ဘူးသီးတောင်ဘက်သွားတုန်းက ပါပါနဲ. ရုပ်တရပ်တွေ.လိုက်ပါတယ်တဲ့။ တောင်းစားနေပါတယ်တဲ့။ အသက်က ၉၀ ကျော်ပြီတဲ့။ ပါးပူကို သတိရတယ်လို.ပြောတယ်ဆိုတော့ ကိုယ် မျက်ရည်တွေတွေကျပါတယ်။ အဖေက ငွေ အင်းကျီတွေ ထောက်ပံ့ခဲ့တယ်။ ပါးပူပေးခိုင်းလိုက်တာလို. ပြောခဲ့တော့ မျက်ရည်တွေကျပါတယ်တဲ့။ နောက်ထပ်လည်း အဆက်အသွယ်မရတော့ပါဘူး။ သူကျန်းမာ ချမ်းသာပါစေလို. ဒီကနေ ဆုတောင်းပေးလိုက်ပါတယ်။

ကိုယ်နောက်ထပ် သတိရတာကတော့ စစ်တွေက အိမ်ကြီးမှာပါ။ လူတွေအပြည့်နဲ.။ တစ်ခြံလုံး။ အမေက ငိုနေတယ်။ အဖွားကငိုနေတယ်။ အားလုံးက ငိုနေတယ်။ ကိုယ်တစ်ယောက်ပဲ လူတွေများလို. ပျော်နေတယ်။ မောင်လေးဆုံးသွားပြီ။ ကိုယ်တို.နှစ်ယောက် ငှက်ဖျားဖြစ်တော့လည်း တူတူပဲ။ ဆေးထိုးကြတော့လည်းတူတူပဲ။ မောင်လေးက အူရောင်ငန်းဖျားဖြစ်သွားတယ်တဲ့။  အသေးစိတ်ကို မမှတ်မိတာပဲကောင်းပါတယ်။

နောက်ကိုယ်တို.ရန်ကုန်ရောက်သွားတယ်။ အမေ စိတ်ပြေလက်ပျောက်ပေါ့။ ရန်ကုန်မှာ အတော်ကြာကြာနေပြီးတော့ တိရိစ္ဆာန်ဥယျဉ်သွားကြတယ်။ ပါပါရယ်ကိုယ်ရယ် မေမေရယ်ပေါ့။ ပထမဆုံး ရေခဲမုန်.ဝယ်ကျွေးပါတယ်။  ရေခဲမုန်.ကို ကိုယ်ကစားနှင့်ပြီး အမေက ပိုက်ဆံထုတ်ရှင်းတဲ့ အချိန်မှာ ရေခဲမုန်.သည်က ပြောတယ် ၇၅ကျပ်တန်တွေလက်မခံတော့ဘူးတဲ့။ အားလုံး ပိုက်ဆံ ၇၅ကျပ်တန်ပဲပါတဲ့ သားအဖတစ်တွေ အိမ်ကို လမ်းလျှောက်ပြီးပြန်လာရပါတယ်။

ငယ်ငယ်တုန်းက ပိန်ပိန်လေးပါ။ မစားဘူး။ လူ၃ယောက်လောက်ဝိုင်းပြီးကျွေးရတယ်တဲ့။ တစ်ယောက်ကကျွေးဖို.။ နောက်နှစ်ယောက်လောက်က တုတ်တွေ ဘာညာကိုင်ပြီး ဒါဘယ်သူ.ကို ရိုက်မဲ့တုတ်ကြီးတုန်း  ထမင်းမစားတဲ့လူတွေကို ရိုက်တဲ့ တုတ်ကြီးပါ ဆိုပြီးတော့ အတိုင်အဖောက်နဲ. ကျွေးရတယ်လို.ပြောတာပဲ။ အဖေပြောလို.သာယုံရတာ သိပ်တောင်ကိုယ့်ဟာကိုယ် မယုံနိုင်ဘူး။ အသီးအရွက်လဲမစားဘူးလို.ပြောတာပဲ။ ခုများ အဲသလို ကျွေးစမ်းစေချင်တယ် အကြောင်းသိသွားစေရမယ်။ ဟီးဟီး။ ဒါပေမဲ့ အိမ်မှာသာမစားတာ သူများအိမ်ကို အလည်သွားတော့ ကြက်ပေါင်ကြော်ကို အတင်းစားလို. ဆွဲတောင်ထားရတယ်တဲ့။ ဒီလောက်တောင် ကြိုက်လှတာ ကဲစားစမ်းဟဲ့ ဆိုပြီး အိမ်မှာ အကောင်လိုက်ကြော်ပေးတော့ လှည့်တောင်မကြည့်ဘူးပြောတယ်။

ရန်ကုန်ကအပြန် ကိုယ်တို.စစ်တွေမှာနေလိုက်ကြသေးတယ်။ ပြီးတော့ ဘူးသီးတောင်ကို ပြန်လာတယ်။  ကိုယ်တစ်ယောက်တည်းပေါ့.။ မောင်လေးမပါတော့ဘူး။ စစ်တွေကနေ သင်္ဘော တစ်ရက်နဲ.တစ်ညစီးပြီး ဘူးသီးတောာင်ကို ရောက်ပါတယ်။ ရောက်ရောက်ချင်း နိုင်လွန်စ ဂါဝန် အနီရောင်ဝတ်ထားတဲ့ ကိုယ်က မီးနဲ.ဆော့ပါတယ်။ အမေက အိမ်ရောက်တော့ ဖယောင်းတိုင်လေးထွန်းတာပေါ့။ ကိုယ်က နောင်တစ်တိုင်ယူပြီး မီးကူးပြီး တော့ ပြန်မှုတ်လိုက် ပြန်ထွန်းလိုက် လုပ်တာပေါ့။ အမေတို.က အထုပ်တွေနဲ. အလုပ်များနေတော့ လုပ်ချင်တာတွေလုပ်ကော။ ပြီးတော့မှ ဘာစိတ်ကူးပေါက်တယ် မသိဘူး။ ဝတ်ထားတဲ့ ဂါဝန်ကို ဖယောင်းတိုင်နဲ. မီးတိုက်တော့တာပဲ။ နိုင်လွန်အပါးသားဆိုတော့ အင်းကျီက ဟုန်းခနဲ. မီးထလောင်ပါတယ်။ တအီးအီးတအားအားနဲ. ကိုယ့်ဟာကို လုပ်ပါသေးတယ်။ မရတော့မှ သံကုန်အော်တယ်။ အဖွား က မြင်တော့ ပြေးလာပြီး မီးလောင်နေတဲ့ အင်းကျီစကို ပုတ်ချလိုက်တာ ခြေဖမိုးပေါ်ကျပြီး အဲဒီမှာ မီးဆက်လောင်ပါတယ်။ အဖွားက လက်နဲ.မီးစကို ကိုင်ပြီး ဆွဲဖယ်လိုက်တော့ အရေပြားအလွှာလိုက်ပါသွားတယ်။ သေရာပါ အမာရွတ်ရသွားတယ်။နာတာတွေဘာတွေကို မမှတ်မိတော့ဘူး။း) တော်သေးတာပေါ့။ ကိုယ့်ဟာကို မမှတ်မိပါဘူး။ သူများတွေပြောပြတာပဲ။ ကိုယ်က ကိုယ်မမှတ်မိတော့ ငါမနာလို.မမှတ်မိတာ ဟုတ်လှချည်လားလို.ထင်တာ ဘယ်ဟုတ်မလဲ။ အော်ခွဲတာ ဟိုးတောင်ပေါ်က စစ်တပ်က တပ်ရင်းမှူးတွေ တပ်သားတွေ အကုန်ဆင်းလာကြတယ်လို. ပြောတယ်။ ကိုယ်တို.အိမ်ကဖြင့် တောင်နဲ. အဝေးကြီး အဟီး။

နောက်တော့ မောင်တောကို သွားရတော့ ကိုယ်မှတ်မိနေပြီ။ ကျောင်းတက်တော့ အလယ်ရွာကျောင်း။ ကိုယ်သူငယ်တန်းစတက်တယ်။ ကျောင်းမှာ ကြက်ဖခွပ်လွန်းအားကြီးလို. တစ်ချိန်လုံး အရိုက်ခံရတယ်။ အဲဒီ အချိန်မှာ ၈၈ အရေးအခင်းစဖြစ်တယ်။ သူငယ်တန်းတစ်ဝက်ပေါ့။ တစ်ချိန်တည်းမှာပဲ ကုလားရခိုင် အရေးအခင်းလည်း စဖြစ်တယ်။ ကိုယ်တို.နေတာက ကုလားဗလီ ရှေ.တည့်တည့်မှာ။ အိမ်ကို ဂျင်ဂလိ (လောက်လွှဲကို သံလုံးနဲ.ပစ်တာ) တွေ တဖြောင်းဖြောင်းနဲ. ကုလားတွေဝိုင်းပစ်ကြတာမှတ်မိတယ်။ အမေက ညီမလေး ဗိုက်ကြီးနဲ. ၈လရှိပြီ။ အိမ်ရှေ.က ဆင်းပြေးလို.မရတော့ အိပ်ခန်းထဲက ပျဉ်ပြားတွေခွာပြီး ဆင်းရတယ်။ အိမ်အနီးအနားမိသားစုတွေနဲ. ရဲစခန်းအလယ်မှာရှိတဲ့ ခံတပ်လို အိမ်ကလေးမှာ မအိပ်မနေ စောင့်နေရတယ်။ ကိုယ်ကတော့ အိပ်နေတာ နိုးတောင်မနိုးလို.  ထမ်းပြီးခေါ်ရတယ် ပြောတယ်။ အမယ်သူများက အနိုးပါ တစ်ချိန်လုံး။ တဖြောင်းဖြောင်း အသံတွေတောင်ကြားသေးတာပဲ။ အိပ်ခန်းပေါက်က တစ်ယောက်ပြီးတစ်ယောက်ဆင်းနေကြတော့ စောင့်ရလို. ပျင်းပြီးအိပ်သွားတာလို. ပြန်ပြောသေးတာ။ အမှန်တော့ ဘာမှတောင် မသိလိုက်ဘူး။ နောက်နေ.ကျတော့ မောင်တောကနေ အမေတို.စစ်တွေပြန်ပြေးကြပါတယ်။ ကျီးလန်.စာစားပေါ့ သားအမိအတွေ။ သင်္ဘောမှာ မောင်တောကပြေးကြတဲ့မိသားစုတွေနဲ. သီးနေတာပဲ။ စစ်တွေရောက်ပြီးသိပ်မကြာဘူး။ ထောင်ဖောက်မှုဖြစ်တယ်လေ။ အဲဒါနဲ. မရှေးမနှောင်းပဲ ညီမလေးကို မွေးပါတယ်။ ဒါကြောင့် ဒင်းခုလို ပူဆာနေတာပေါ့။ အရေးအခင်းမှာ မွေးတဲ့ဟာတွေ။ သူများတို.ပျော်မှပျော်ပဲ။ ကျောင်းမှမတက်ရတာ။ ကျောင်းပြန်တက်တော့ ပြည်တော်သာကျောင်းမှာ သူငယ်အတန်းတော်ကြီးကို သင်ကြားပြီး မြောက်ခဲ့ပါတယ်။ များတောင်များသွားပြီလားမသိဘူးရေးတာ။ ဓါတ်ပုံလည်းတင်စရာမရှိတော့ ပျင်းမှာစိုးလို. ရှည်ရှည်မရေးတာ။ ခုမှ သူငယ်တန်းပဲပြီးသေးတာနော် သဘောပေါက်။ ဆယ်တန်းအထိဆို စာအုပ်တောင် ထုတ်လို.ရမယ်ထင်တာပဲ။ အပိုင်း(၂) ဆက်ပါအုံးမယ်။ မျှော်။ မမျှော်လည်းနေကြပေါ့။ ရေးတာကတော့ ရေးအုံးမှာပဲ။ သူများတို.က စိတ်ကြီးတာ အဲဒီလို ။း)

စားနိုင်ရင်ကိုယ့်ဖို.
ခိုင်ဝေဇံ

သွားရည်ယိုစရာ

ရန်ကုန် ဒီတစ်ခေါက်ပြန်တုန်း အဘောင်ရှင် စစ်တွေကနေသယ်လာပေးတဲ့ ဂဏန်းလတ်လတ်ဆတ်ဆတ် ဥပြည့် ကြီးတွေကို တင်ပေးလိုက်တယ်။ သွားရေယိုကြအုံးပေါ့။ ကိုယ်လည်းကြည့်ပြီး အိမ်မက်တွေဘာတွေတောင်မက်သေးတယ်။ အမယ်လေးဟဲ့။

Looking a bit disgusting or what! But trust me, that's the most delicious crab I have every had in my whole life. I finished everything by myself. I ate till I couldnt breath and yet I feel very blessed that I had had a taste  of food from my hometown.


There you go. A satisfied me posing with crabby crabs. :) Wish I could eat them right now:(

စားနိုင်ရင်ကိုယ့်ဖို.
ခိုင်ဝေဇံ

My Valentine!

အစားအသောက်အကြောင်းကိုရေးမယ်ဆိုရင် ဝါကျစီစရာ မလို လက်သွက်ပေမယ့် ရည်းစားအကြောင်းရေးမယ်လို. စဉ်းစားတော့ ဘဲဥ အစရှာမရ ဘယ်က စရမှန်းမသိ ဖြစ်နေတယ်။း)

သမီးရည်းစားသက်တမ်းပဲ ၃ နှစ်ကျော်ခဲ့ပေမဲ့ တစ်ခါမှတော့ ဒဲ့မရေးဖူးဘူး။ တွတ်လေးတွေပဲ ထည့်နေတာ။ ခုတော့ ရေးချိန်တန်ပြီလို. ထင်တာပဲ။

သူ.နဲ.စတွေ.တာကတော့ ကလေးတည်းကပါ။ စစ်တွေမှာပေါ့။ ၅ တန်းနှစ် အထက ၄ မှာထင်တယ်။ အဲဒီတုန်းက ပြည်တော်သာကျောင်းကနေ အထက်တန်းကျောင်းဖြစ်တဲ့ အထက ၄ ကို ဝင်တာပေါ့။ လူသစ်သူငယ်ချင်းသစ်ကျောင်းသစ်ကြီးနဲ.။ သူ.ရုပ်တောင် မမှတ်မိပါဘူး။ ၅ တန်း ၆ တန်း  အထက ၄ မှာတက်ပြီးတော့ ကိုယ်က ၇တန်း ကို မောင်တော၊ ၈ တန်းကို မြောက်ဦးမှာ သွားတက်တယ်။ ၉ တန်းကို အထက ၄ စစ်တွေပဲပြန်လာတက်တယ်။ ဘော်ဒါတွေကတော့ စောသန္တာအောင်၊ ခင်ဆွေလတ် နှစ်ယောက်နဲ.ပဲ ပေါင်းဖြစ်တယ်။  စဝင်ခါစဆိုတော့ ဘီ အခန်းမှာ နေရတယ်။ ပထမအစမ်း ပြီးမှ အဆင့်တွေခွဲပြီး အတန်းပြန်ခွဲတာပေါ့။ အက်စ် အခန်းဆိုတာက စပယ်ရှယ်အခန်း ပေါ့။ ပြီးမှ အေ ဘီ စီ ဒီ ဆိုပြီး စုစုပေါင်း ၅ ခန်းရှိတယ်။ ပထမအစမ်းလဲပြီးရော အဆင့်ခွဲတော့ ကိုယ်တို. အက်စ် ခန်းကို ဝင်တယ်။ ကိုယ်ရယ် ခင်ဆွေလတ်ရယ် ဝင်တာပေါ့။ နောက်ထပ် ကျောက်တော်က လာတဲ့ ဖြူဖြူဝင်းက ပထမနဲ. စစ်တွေကလူတွေအားလုံးကို နင်းပြီး ရသွားတယ်။ အထက၄ ငယ်မွေးခြံပေါက်များ အင်မတန် ဒေါသထွက်ကြပေမဲ့ ဖြူဖြူဝင်းက ၉ တန်း ၁၀ တန်း နှစ်နှစ်လုံး မိန်းကလေးဘက်မှာ ပထမနေရာကို အပိုင်စီးယူလိုက်ပါတယ်။ အဲဒီတုံးက မိန်းကလေးဘက်က အက်စ်ခန်းရှေ.နှစ်တန်းမှာ ကိုယ်မှတ်မိသလောက် ဖြူဖြူဝင်း ယဉ်ယဉ်ဖြူ ပိုပိုအောင် သွယ်သွယ်ဝင်း မစမ်းကြည် (နှစ်လုံးလှစာပေ) ဝင့်  တင်မိုးလင်းထွန်း ပြီးတော့ အဲ မသိတော့ဘူး။ ကိုယ်က တတိယတန်းမှာ ခင်ဆွေလတ်နဲ. ရှေ.နောက်ဆင့် ပြီးတော့ ချိုညဏ်ဝေ ငယ်ငယ် နောက်ကလူတွေမမှတ်မိ။ ဇင်မာအေးတို. လှိုင်မီသက်ချိုတို.လည်း ရှိတယ်။ သွားတက်ကလေးနဲ. ခရစ်ယာန် မလေး ဇင်မာထွန်း လည်းရှိတယ်။ ကျန်တဲ့လူတွေ မှတ်မိဝူး။ ယောက်ျားလေး ဘက်ရှေ.တန်းမှာ မောင်ဖြိုးဝေ  မြတ်လင်းထွန်း ကျော်ထူးအောင် (ရည်းစား အလောင်းအလျာ) သန်းထွန်းဦး (ဆရာ ဦးသန်းထွန်းသား)  တို. အပိုင်စီးထားကြတယ်။ နောက် တင်အောင်ထွန်း၊ အောင်ကိုမင်း၊ မြတ်မိုးဦး၊ ဆန်းရွှေမောင်၊ ဇော်ဟိန်း လောက်ပဲ မှတ်မိတော့တယ်။ ကျော်ထူးအောင်က အဲဒီတုန်းက အရပ်ဂလန်ဂလားနဲ. မျက်မှန်အပြာတပ်တယ်။ ကိုယ့်ဘဝမှာ အဲလို အရောင်နဲ. မျက်မှန်တပ်တာ သူ.ကို ပထမဆုံးမြင်ဖူးတာပဲ။ ဒါကြောင့် မှတ်မိနေတာ။ ဆံပင်ကိုလည်း ခလယ်ကခွဲသေးတယ် (စည်သူလွင် ခေတ်စားတုံး)။ မြင်ယောင်ကြည့်ကြပေါ့။

ရခိုင်ဘက်မှာယောက်ျားလေးနဲ. မိန်းကလေး ကျောင်းမှာ အရောတဝင်စကားပြောတယ်ဆိုတာ သိပ်မရှိတော့ အချင်းချင်းရင်းနှီးနေရင်တောင် မှကျောင်းမှာ စကားမပြောကြဘူး။ ကိုယ်က ချိုညဏ်ဝေ (ဆရာဦးလှစောသမီး) နဲ.တွဲပြီး သူတို. ကျူရှင်မှာတက်တယ်။ ပြည်တော်သာမှာနေတော့ လမ်းမကြီးဘက်မှာနေတဲ့သူတို.အုပ်စုနဲ.အဆက်အသွယ်မရှိဘူး။ သူနဲ. ကျောင်းမှာ စကားလည်းမပြောဖူးဘူး။ စာတော်လို. သိတာပဲ ရှိတယ်။ သူလည်းကိုယ့်ကို သိမယ်လို. မထင်ဘူး။ ဆယ်တန်းဖြေကြတော့ ရခိုင်ပြည်နယ် အဆင့်တစ်ကို အထက၂ ကရပြီး  အဆင့်၂က မောင်ဖြိုးဝေတဲ့။ အဆင့်၅ က ကျော်ထူးအောင်ရတယ်တဲ့။ အဲဒါနောက်ဆုံးကြားလိုက်ရတဲ့ သူ.သတင်းပါ။ ဆယ်တန်းပြီးတော့ ကိုယ်က ရန်ကုန်မှာ သွားနေ ပြီးတော့ မန္တလေးကို အဖေတာဝန်ကျပြီး ပြောင်းသွားတယ်။ သူငယ်ချင်းတွေအားလုံးနဲ. အဆက်အသွယ် ပြတ်သွားတယ်။ နောက်ပိုင်း စင်ကာပူကို ရောက်လာတော့ အားလုံးနဲ. အဆက်အသွယ် ပြန်ရတယ်။ ကိုယ်ပိုလီ ဒုတိယနှစ်မှာ သူနဲ. အဆက်အသွယ်ပြန်ရတယ်။ အဲဒီတည်းက စလိုက်တဲ့ဇာတ်လမ်းက ခု၅နှစ်လောက်ကြာတဲ့အချိန်မှာ ရည်းစားသက်တမ်း ၃နှစ် ကျော်ရှိသွားပြီ။ စဉ်းစားကြည့်လိုက်ရင် မနေ.တနေ.က အတိုင်းပဲ။

ကိုယ်နဲ.သူနဲ.က နေတာကလည်း ကိုယ်အရှေ.နဲ. သူအနောက် ၊ ကြိုက်တာကလည်း သူအဖြူ ကိုယ်အမည်း၊ ကာရိုက်တာကလည်း ဆန်.ကျင်ဘက်။ အနေကလည်းဝေးသေးဆိုတော့ ဒီလောက်ထိ သက်တမ်းရှည်လာတာ အသက်အ၇ွယ် နဲ. maturity ကြောင့် လို.ပြောရမယ်။ ချစ်ပေမဲ့ ကွဲကြတဲ့သူတွေ အများကြီး စိတ်သဘောထားချင်းမတိုက်ဆိုင်လို.ပေါ့။ မတိုက်ဆိုင်ပေမဲ့ ညှိယူလို.ရတာတွေလည်း ရှိပါတယ်။ ဒီလိုပဲ နားလည်မှုနဲ. ညှိယူရတာပေါ့။ ကိုယ်ကံကောင်းပါတယ် (လောလောဆယ်ထင်တာပေါ့)။  ကိုယ့်ကို သဘောကျတဲ့ ကိုယ်ကလည်း သဘောကျတဲ့ ရခိုင်သားတစ်ယောက်ရဖို.ဆိုတာ လွယ်တာမဟုတ်ဘူး။ ရွှေထက်ရှားတယ်။ နင်တို.ကလည်း Distance Relationship ကြီးနော် ဖြစ်မှဖြစ်ပမလား ဆိုတဲ့ လူတွေလည်းရှိတယ်။ ဖြစ်လို.ပဲ ၃ နှစ်ကျော်လာပြီ ဟုတ်တာကို။ ကွဲတာမကွဲတာကတော့ ကံပဲပေါ့။ တူတူနေကြတဲ့ လင်မယားတောင် ကွဲကြသေးတာပဲ။ နဖူးစာ မပါရင် မညားဘူး ပါရင် ညားမယ် ဒါပဲပေါ့။

ကိုယ့်အပေါ်ကို သူနားလည်ပေးပါတယ် (နားမလည်ပေးတာတွေလဲ အများကြီးရှိပ) ကိုယ်က ကမူးရှူးထိုးမစဉ်းစားမဆင်ခြင် တဇောက်ကန်းသလောက် သူက အရမ်းစဉ်းစား တတ်တယ်။ ကိုယ်က အပေါ့သမား၊ သူက အလေးသမား။ ပြောရင်နဲ. အိမ်သာစကားတွေလိုတောင် ဖြစ်ကုန်ပြီ။ ပြောချင်တာက ကာရိုက်တာက လုံးဝဆန်.ကျင်ဘက်။ ဒါပေမဲ့ အဲဒါကလည်း တစ်မျိုးကောင်းပါတယ်။ ကိုယ် တဇွတ်ထိုးတော့မယ်ဆို သူတားတာပေါ့။ ကိုယ်က စားပစ်မယ် သုံးပစ်မယ် ချပစ်မယ် တင်ပစ်မယ် တွေဘာတွေလုပ်ရင် သူထိန်းပေးတယ်။ အဲ သူက ၁၀၀% သမားဆိုတော့ ၉၉%သေချာပေမဲ့ ၁%မသေချာရင် စိတ်ညစ်တတ်သေးတယ်။ အဲခါကျ ကိုယ်က နှစ်သိမ့်ပေးရတာပေါ့။ သူက အမျိုးသားရေးစိတ်ဓါတ် ပြင်းထန်တယ် ကိုယ်ကတော့ အေးဆေး။ ရှိခဲ့ဘူးပါတယ် အမျိုးသားရေးစိတ်။ ခုတော့ ကုန်နေတယ်။ ဘယ်တော့ပြန်ပေါ်လာမလဲ မသိဘူး။ အဟီး။ ရခိုင်ကို သိပ်ချစ်ပါတယ်ပြောပြီး တခြားလူမျိုးနဲ. ရသွားတဲ့ လူတွေအများကြီး။ အနည်းဆုံးတော့ ကိုယ်က ရခိုင်သားကို ရအောင်ရွေးထားသေးတာပဲ။ တော်ပြီပေါ့နော။

ဒီနှစ် ဗယ်လင်တိုင်းနေ.မှာ ပန်းစီးပို.ဖို.ကို ၂၀၁၀ တစ်နှစ်လုံးသူ.ကို တဂျီဂျီနဲ. ပူဆာထားတာ။ အဟီး။ ရခိုင်သားလို. မပြောရဘူး။ မတောင်းပဲနဲ. ပေးမဲ့ပုံက မမြင်ပါဘူး။ ခုတော့ ရပြီ။း)း)း) တောင်းမှရတာဖြစ်ပေမဲ့ ရတော့ အရမ်းကို ဝမ်းသာသွားတယ်။ ဟီးဟီး။  သူက ပန်းစည်းအပြင် နောက်ထပ်အရုပ်ကလေးနဲ. ချောကလက်ပါထည့်ပေးလိုက်သေးတယ် (Tks honey) အဲဒါက တော့ အပိုဆုပေါ့ ဟီးဟီး။   ကိုယ့်ကို စိတ်ချမ်းသာအောင် ၃နှစ်လုံးထားပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ကိုယ်လည်း လိမ်လိမ်မာမာပဲနေတော့မယ်။ မမိုက်တော့ဘူး။ နန်း ရည်းစားနန်းး)

ရည်းစားအတွက်မက်ဆေ့ခ်ျ

ကိုယ်နဲ.ညားရင် 
ကိုယ်စားချင်တာတွေအကုန်ကျွေးပါ။
အဲလ်ဗွီ ပရာဒါ ဂူချီအိတ်တွေ ဝယ်ပေးပါ။
တစ်နှစ်မှာ လေးခါလောက် ဗကေးရှင်းထွက်ပေးပါ။
ဖရာရီတို. မာစီးဒီးတို. လမ်ဘိုဂီနီတို. လင်မိုစင်း တို. ဝယ်ပေးပါ။
ရန်ကုန် တေဇတို.အိမ်နားမှာ အိမ်ကြီးကြီး ခြံကျယ်ကျယ်ဝယ်ပေးပါ။
နော်နော်နော်


း)
ခိုင်ဝေဇံ

ထိုင်း ညဈေးမှာ အမှတ်တရ
 :):)
 Simply happy
teddy bear and chocolate


teddy bear with his initials on the arm. how cute is that?
Cute chocos
Happy me!!

Sorry that i look bad in both pics.. taken after coming back from work .. so in fact,  it is quite amazing i still look this good after  working my butt off in 12 hour tiring job

Anyway, thanks dearie for lovely gifts.

ဝက်ခြေထောက်ခေါက်ဆွဲပြုတ်

အခုတလော အိမ်မှာပဲ စားစားဖြစ်တယ်။ အပြင်ထွက်ပြီး မစားဖြစ်ဘူးရယ်။ မိုးတွေဆက်တိုက်ရွာနေတာလဲပါတယ်။  ဒီတော့ အသစ်တင်စရာ ဘလော့ပို.စ်က မရှိဘူးဖြစ်နေတယ်။ ဒီတော့ ကိုယ်စဉ်းစားမိတယ်။ အပြင်ထွက်ပြီး မစားရရင်ပဲ ရက်စတောရင့်တက်မစားရင် ပဲ ကိုယ့်မှာရေးစရာမရှိတော့ဘူးလား။ စားသောက်ဆိုင် ရီဗျူးတွေပဲ ရေးနေတော့မှာလား။ အစားအသောက် ဘလော့ဂါလုပ်ချင်တဲ့လူတစ်ယောက်က ကိုယ်တိုင်ကော ချက်ဖို.ပြုတ်ဖို. မတတ်သင့်ဘူးလား။ ကိုယ်တိုင် အစားအသောက် ချက်နည်းပြုတ်နည်း အသစ်တွေကိုကော ထွင်လို.မရဘူးလား။ ဒီလို စဉ်းစားမိပြီးတဲ့ နောက်မှာ ကိုယ်နည်းနည်းအားတက်လာတယ်။ ကိုယ်အိမ်မှာ ဟိုဟို ဒီဒီချက်စားတာလေးတွေရှိတာပဲ။ တင်လို.ရတာပဲ။ ပြီးတော့ ပရက်တီကယ် ဖြစ်တယ်။ သူလိုကိုယ်လို တကိုယ်တည်း အပျိုကြီး အိုဗာဆီးမှာ အလုပ်လုပ်နေတဲ့ လူတွေ အလွယ်တကူလုပ်လို.ရတယ်။ ဘာလို.လဲဆိုတော့
၁။ ခက်ခက်ခဲခဲ ချက်ပြုတ်စားရတဲ့ ဟာတွေ ကိုယ်မစားဘူး။ အဲလောက်ထိ မချက်တတ်ဘူး။ မိနစ် ၂၀ စားဖို.သောက်ဖို.အတွက် ၁၀နာရီလောက် ချက်ရတဲ့ ဟာတွေကို ချက်ကို မနေတော့ဘူး။ အချိန်ကုန်မခံဘူး။
၂။ ကိုယ်ချက်တဲ့နည်း တွေက လွယ်တယ်။ သုံးတဲ့ ပစ္စည်းတွေက ရလွယ်တယ်။ ဟို စမုံစပါး ထည့်ရမယ်။ ဖာလာစိ ထည့်ရမယ်။ ဘယ်အရွက်မှထည့်ရမယ် ဆိုတာတွေမပါဘူး။
၃။ ကိုယ်ချက်တဲ့နည်းတွေက ဘယ်သူမှမသိဘူး။ မသိဆို စိတ်ကူးပေါက်ရာ ပေါက်ကရလေးဆယ် ချက်တာကိုး။ ဒါပေမဲ့ ကောင်းတယ်။
၎။ ရခိုင် သုပ်၊ချက် ကိုဘေ့စ်လုပ်တဲ့ အတွက် ချဉ်ချဉ် ငံငံ စပ်စပ်နဲ. အအီပြေတယ်။ အများ ပါးစပ်နဲ.တည့်တယ်။
၅။ အစားစုံ စားတဲ့အတွက် ချက်တဲ့ စတိုင်တွေက Fusion လိုဖြစ်သွားတယ်။ မြန်မာချက်တစ်ခုတည်း မဟုတ်တော့ဘူး။ ပျင်းစရာမကောင်းဘူး။
၆။ အစတုန်းက ကိုယ့်ဟာကို ဒီလောက်တော်မှန်းမသိဘူး။ ဒါတွေချရေးပြီးမှ ငါတော်တော်တော်ပလား ဆိုတာ သိတယ်။

အန်းနီးဝေး . ဟီးဟီး။ ဒီနေ.မနက်က အိပ်ရာက မနိုးစဖူး မနက် ၅ နာရီခွဲနိုးတယ်။ နိုးမှာပေါ့ တမြန်မနေ.က နိုက်ဂျူတီဆိုတော့ မနေ.က တစ်ရက်လုံး ကုလားသေ ကုလားမော အိပ်ပြီး ညနေ၆နာရီမှ နိုးတာကြီးကို။ နိုးနိုးချင်း ဗိုက်ဆာတာ အတင်းပဲ။ ထမင်းလဲ မစားချင်ဘူး။ နောက်မှာ ဝက်ခြေထောက်တစ်ထုပ် ဝယ်ထားတာ သတိရတယ်။ ဝက်ခြေထောက်ကြာဇံ လိုမျိုးလုပ်စာရရင် ကောင်းမယ် လို. စိတ်ကူးပြီး အိပ်ရာက ကမန်းကတမ်းထ ချက်မဲ့အိုးထဲ ရေနွေးထည့်ကျို၊ ဝက်သားထည့် ၊ ဂျင်း တက်ထည့်၊ ကြက်သွန်ဖြူအကြီး ၄ ၅ ခြမ်းလောက်ထည့်ပြီး မီးအေးအေးနဲ. ကျိုထားလိုက်တယ်။ ပြီးတော့ အိပ်ရာထဲပြန်လာ ပြန်နှပ်တာပေါ့။


နာရီဝက်လောက်ကျတော့မှ ကြက်သွန်နီဥ အသေး ၃ ဥ လောက်ကောက်ထည့်ပြီး ဆားအချိုမှုန်.ထည့် ပြီးတစ်ခါ ပစ်ထားလိုက်ပြန်ရော။ ကြက်သွန်နီက ဟင်းကို ချိုစေတယ်။ ခဏနေမြည်းကြည့်တော့ ဝက်သားက အသုံးမကျတာ မချိုဘူး။ လူကိုဒေါသတွေထွက်ကောပဲ။ နောက်ထက် မိနစ်၂၀ လောက်စောင့်တော့မှ ဟင်းရည်ကမွှေးပြီး အနံ.ထွက်လာတယ်။ အပေါ့အငံမြည်းကြည့်တော့ အတော်ပဲ။ ဟင်းရည်လည်းချိုတယ်။

တကယ်လို. ခေါက်ဆွဲကို တစ်ခါတည်းထည့်ပြုတ်လိုက်ရင် ကြာရင် ပွသွားပြီး စားမကောင်းတော့ဘူး။ ကိုယ်တယောက်စာ ချက်တာ မဟုတ်တဲ့အတွက် ဟင်းရည်အိုးက အကြီးကြီးပါ။ ဝက်ခြေထောက်တစ်ချောင်းလုံးဆိုတော့ ၆ဖဲ့လောက်ရှိတာပေါ့။ ဒီတော့ ကိုယ်က ခြွေပြီးစားမယ်လို.စိတ်ကူးတယ်။ ကျန်ရင် ဘူးနဲ.သိမ်းရေခဲသတ္တာထဲထည့်ပြီး ပြန်နွှေးစားလို.ရတယ်လေ။ ဒါနဲ.ပဲ အိုးအသေးထဲကို ဝက်ခြေထောက်တစ်ဖဲ့နဲ. ဟင်းရည်ယူပြီးထည့်တယ်။ ကြက်သွန်ဖြူနဲ. ငရုတ်ကောင်းညက်အောင် ရောထောင်းပြီး ခွက်သေးသေးတစ်ခုမှာထည့်တယ်။ အဲဒီအထောင်း နည်းနည်းယူပြီး ဟင်းရည်မှာခပ်တယ်။

 ပြီးတော့ ခေါက်ဆွဲခြောက်ထုပ် (ရယ်ဒီမိတ်မဟုတ်) ကို တစ်ခါတည်း ထည့်ပြုတ်တယ်။ ရယ်ဒီမိတ် ခေါက်ဆွဲခြောက်က ခေါက်ဆွဲတွေက တောက်ဆတ်ဆတ်နဲ. စားလို.မရဘူး။  ခု ခေါက်ဆွဲခြောက်ထုပ်က ပျော့အိပြီးတော့ အရမ်းစားလို.ကောင်းတယ်။ ပြုတ်လိုက်ရင် ဆန်နံ. လိုလို မွှေးမွှေးလေးအနံ့ရတယ်။ ဈေးဆိုင်တိုင်းမှာရတယ်။ ထိုင်ဝမ်ဘက်က ဝင်တာတွေ ပိုကောင်းတယ်။


White Jade Noodle ပါ။ လိုချင်ရင်ဝယ်လို.၇အောင်။ ကဲ နံနံပင်မရှိ၊ ပဲရွက်တွေဘာတွေမရှိ၊ ငရုတ်သီးထောင်းမရှိတော့ ရှိတဲ့ ဆီချက်ကလေး အပေါ်ကတင်ပြီး ဖြစ်သလို စားလိုက်ရတာပေါ့။
စားလို.ကောင်းမဲ့ပုံလေး ပေါက်တယ်ဟုတ်။ အဟင်း အဟင်း။ ဒီလောက်တော့ ရှိမှာပေါ့။ ဒီလိုချက်ရင် နံနံပင် လေးအုပ်ရင်ကောင်းတယ်။ ခေါက်ဆွဲပြုတ်တုန်း ပဲရွက်စိမ်းစိမ်းလေးတွေ ထည့်ပြုတ်ရင်လည်း အရသာရှိတယ်။ မန္တလေးဘက်မှာ ငရုတ်သီးထောင်းလေးနဲ.တွဲစားတယ်။ အချိုပြုတ်တာဆိုတော့ အရသာလေးစုံသွားအောင်ပေါ့။ ကိုယ်ကတော့ ကြက်သွန်ဖြူ ငရုတ်ကောင်းထောင်းလေးထည့်ထားတယ်။ အနံ.ပိုမွှေးပြီးနည်းနည်း ပူသွားတာပေါ့။ ရခိုင်စတိုင်။
နောက်အိမ်ရှေ.က ဆိုဖာပေါ်ထိုင် မနက်ခင်းသတင်းလေးကြည့်ပြီး နားနားနေနေစားစားသောက်သောက်ပေါ့။း)
ခေါက်ဆွဲက အိအိထွေးထွေး ကလေး။ အရသာရှိတယ်။
ဝက်သားကလည်း စိမ်ပြီးပြုတ်ထားတာဆိုတော့ အိနေတာပဲ။  အိမ်မှာလုပ်စားကြည့်လေ။ ဘာမှမယ်မယ်ရရထည့်စရာမလိုဘူး။ ဒါပေမဲ့ အချိန်နည်းနည်းကြာတော့ ပိတ်ရက်ပဲလုပ်ကြပေါ့။ အလုပ်သွားရတဲ့ ရက်ဆိုရင်တော့ မကိုက်ဘူး။း) နောက်နေ.မှ ကင်ချီသုပ်တာတင်အုံးမယ်။

စားနိုင်ရင်ကိုယ့်ဖို.
ခိုင်ဝေဇံ