ကော့သောင်း သို.တစ်ခေါက်

ပလန် တို. ပလက်တို. ဘာမှ မရှိဘဲနဲ. ရောက်ဖြစ်သွားတဲ့ ၄ရက်ခရီးစဉ်ဖြစ်ပါတယ်။ တစ်ခါမှလည်း ရောက်မယ်လို. စိတ်မကူးဖူးဘူးနဲ. ရောက်ဖြစ်သွားတာပါ။ ရန်ကုန် ကော့သောင်းလေယဉ်မှာသာ လိုက်လာရတယ်။ ငါ ကော့သောင်းကို သွားရမှာပါလား လို. မယုံနိုင်သေးဘူး။ ပြီးခဲ့တဲ့ ၉ လလုံးတောင်ကြီးသွားမယ် လို. ပလန်လုပ်ထား စိတ်ကူးတွေယဉ်ထားပြီးမှ မြန်မာပြည်ပြန်ခါနီး လေးရက်အလိုမှာ ကော့သောင်းကို သွားရမယ်လို. သိရတယ်။ အမလေး ခံစားရတာပေါ့။ တောင်ကြီး အိမ်မက်ပျက်ပြီလေ။ ကလော ကိုသွားမယ်။ ပင်းတယ သွားမယ်။ အပြန်မန္တ္တ္တလေးဝင်ပြီး  မေမြို.တက်မယ် ။ မန်းလေးက ချစ်တနယ်ဂျင်းတွေနဲ. တွေ.မယ်ဆိုပြီး အိမ်မက်တွေ အခါခါ မက်ခဲ့ရတာ။ ရင်ကွဲပက်လက်ပဲ။ အော် ဒါပေမဲ့ မတတ်နိုင်ပါဘူးလေ ဆိုပြီး လိုက်သွားရတာပါ။ လိုက်သာသွားရတယ်။ နဂိုက သတ္တိခဲဖြစ်တော့ ကော့သောင်း ရနောင်းက ထိုင်းနယ်စပ်၊ လူမှောင်ခိုတွေအရမ်းပေါတာ။ အညိုရောင်နယ်မြေနော်လို. လူတိုင်းက ပြောတာနဲ. ကြောက်လိုက်တာ မပြောပါနဲ.။ ညီမက အသက်ကကြီးလှပြီ ဘယ်လူမှောင်ခိုကမှ မကြီးကို မလိုချင်တော့ဘူး ငယ်ငယ်လေးတွေပဲ ကြိုက်တာသူတို.က ဆိုတော့မှ အေး ဟုတ်သားဟ ဆိုပြီး နဲနဲ စိတ်သက်သာရာရပါတယ်။ ဒါပေမယ့် ခပ်လန်.လန်.ပေါ့။

သောကြာနေ. မနက်၆ နာရီကွင်းချိန် လေယဉ်ဟာ အချိန်မှန်ကန်တိကျစွာ( မြန်မာစံတော်ချိန်နဲ.ဆိုရင်ပေါ့လေ) ၈နာရီ အစား ၉နာရီခွဲမှထွက်ပါတယ်။ ထွက်တာတောင် ကျေးဇူးတင်ရအုံးမှာ။ မြန်မာ့လေကြောင်းက တုန်တဲ့ ခါတဲ့နေရာမှာနာမည်ကြီးဆိုပေမယ့် ဒီတစ်ခါ စီးရတာ သိပ်မသိသာပါဘူး။ မြန်မာ့လေကြောင်းကကျွေးတဲ့ ချီးစ် ဆန်းဒဝစ်ခ်ျနဲ. ကွတ်ကီး လေးကို အမ်အေအိုင်က အစားအသောက်ထက် ပိုကောင်းတယ်တောင်ထင်မိသေးတယ်။ ရန်ကုန်ဘက်ကထွက်လာတော့ ရာသီဥတု ကောင်းပေမဲ့ ကော့သောင်းဘက်ရောက်တာနဲ. တိမ်တွေထူလာတာ သတိထားမိတယ်။  ကျွန်းစု ကျွန်းဆွယ်လေးတွေကို လေယဉ်ပေါ်က မြင်နေရတာ တော်တော်လှပါတယ်။ တိမ်ထူတော့ သဲသဲကွဲကွဲတော့  သိပ်မမြင်ရဘူးပေါ့။ တလမ်းလုံး ဒီလေယဉ်မဆိုးပါလားလို. အင်ပရက်ရှင်တက်လာပြီးမှ ရောက်ခါနီး ဝုန်းဆိုတစ်ခေါက်ပြုတ်ကျတာ တစ်ခါတည်း မျက်လုံးက ငယ်ထိပ်ရောက်သွားတယ်။ အဆင်းတော့ ရှောရှောရှူရှူပါ။ လေယဉ်ကွင်းလေးက အရမ်းမသားနားပေမဲ့ သပ်သပ်ရပ်ရပ်ရှိပါတယ်။ လာကြိုတဲ့ လူနဲ.လည်း ဆိုက်ဆိုက်မြိုက်မြိုက်တွေ.ပါတယ်။ ၁၂ခွဲမှာ ကော့သောင်းကို ရောက်ပါတယ်။ သိပ်နေမပြင်းပဲ ရာသီဥတု ကောင်းတယ်။ ၇န်ကုန်လို မပူပါဘူး။ တောင်ကုန်းလေးတွေ ဆင့်ဆင့်ပြီးတွေ.ရတော့ မြောက်ဦးကို သတိရမိပါတယ်။ မိုးခဏ ခဏရွာတယ်တဲ့ ဆောင်းတွင်းမရှိဘူး နွေရယ်မိုးရယ် ပဲလို. ဒရိုင်ဘာဦးလေးကြီးက ပြောပါတယ်။ ခေါင်းမမူး ရင်မတုန်နေမကောင်းမဖြစ်တဲ့အတွက် ဝမ်းသာရပါတယ်။

ပလန်အရ နေ.တွင်းချင်း ရနောင်းဘက်ကို ကူး ဖို.ပါ။ စက်လှေနဲ.ကူးရပါတယ်တဲ့။ စက်လှေလဲ စီစဉ်ထားပြီးပါပြီလို.ပြောပါတယ်။ အဲဒီနောက် မြို.ပတ်ပြီး သဘောင်္ဆိပ်ကို လိုက်ပို.တယ်။ လမ်းတစ်လျှေက်တွေ.ရတာကတော့ တောင်ကုန်းအထပ်ထပ်နဲ. စိမ်းစိမ်းစိုစို မြို.ပါ။ ရန်ကုန်ကို ခြောက်သယောင်း တိုက်ဟောင်းတွေနဲ.မဟုတ်ဘူး။ နှစ်ထပ်အုပ်အိမ်လေးတွေကို သေးသေးကျစ်ကျစ်ဆောက်ထားကြတာတွေ.တယ်။ မြို.အတွင်းပိုင်းရောက်လာတော့ သတိထားမိတာတစ်ခုက မြို.က မြေညီမှာ ဆောက်ထားတာမဟုတ်ဘူး။ အနိမ့်အမြင့်နဲ. တောင်ကုန်းလေးတွေပေါ်မှာမေးတင်ပြီးဆောက်ထားတဲ့ အိမ်နဲ.  လမ်းတွေကလည်း နိမ့်လိုက်မြင့်လိုက်နဲ.ပါ။ မြို.ပြင်မှာပဲတောင်ကုန်းပေါတယ်ထင်တာ။ အမြင့်တနေရာကကြည့်လိုက်ရင် ခေါင်မိုးအထပ်ထပ်နဲ. ကြည့်လို.ကောင်းပါတယ်။ မိတ်ဆွေတော်တော်များများက ဗမာစကားပြောတော့ အဆင်ပြေတယ်။ ထားဝယ်သံ ဝဲဝဲကိုလည်းကြားရတယ်။း)

နောက်တော့ ထိုင်းနဲ. အဓိကရ ဆက်သွယ်ရေးပွိုင့်ဖြစ်တဲ့ သင်္ဘောဆိပ်ကို ရောက်လာပါတယ်။ သမ္မာန်တွေ စက်လှေအသေးတွေကို ရှုတ်ရှက်ခတ်ပြီးတွေ.ရတယ်။ ဆိုင်ကယ်တက္ကစီတွေလည်းတွေ.တယ်။ ဆိုင်ကယ်ကို အသုံးများကြတာတွေ.တယ်။ ဆိပ်ခံတံတားက မြို.မ တံတားလို.ခေါ်တယ်။ ကိုယ်က ငှက်အသေးလေးနဲ.ကူးရမယ်ထင်တာ စက်လှေစီစဉ်ထားပါတယ်လို.ပြောပါတယ်။ ကော့သောင်းနဲ. ၇နောင်းဟာ တစ်ဖက်တစ်ကမ်းဖြစ်ပြီးတော့ စက်လှေနဲ.ကူးရပါတယ်။ ၄၅ မိနစ်လောက်ကြာတယ်လို. ဆိပ်ကမ်းတာဝန်ခံက ရှင်းပြပါတယ်။ မသွားခင် တစ်ခါသုံးပတ်စ်ပို. ပုံစံနဲ. အစိမ်းရောင်း စာအုပ်ကလေးတွေထုတ်ပေးပါတယ်။ ကင်မရာကိုကြည့် လှလှနေ လို.ပြောပြီး ဓါတ်ပုံရိုက်ပြီးတော့ ထုတ်ပေးတယ်။ အဲဒီစာအုပ်နဲ. တစ်ခါသွားရင် ပတ်စ်ပို.ရှိစရာမလိုပါဘူး။ ၇ ရက်အတိ နေလို.ရပါတယ်။ ထိုင်းဘက်ကိုရောက်ရင် ဆိပ်ကမ်းစစ်ဆေးရေးစခန်းမှာ ဝင်ပြီးသူတို.လက်မှတ်ယူပြီးရင်ပြီးပြီ လို.ပြောပါတယ်။ ကိုယ်တိုင်ပိုက်ဆံမပေးခဲ့ရလို. ပိုက်ဆံပေးရတယ် မပေးရဘူး။ ဘယ်လောက်ဘာညာ မသိခဲ့ပါဘူး။ ပေးရတယ်တယ်လို.တော့ ထင်မိတာပဲ။

ဒီလိုနဲ.ပဲ ရနောင်းဘက်ကိုကူးခဲ့ပါတယ်။ ခုကော့သောင်းအကြောင်းကို သတ်သတ်ရေးတာဖြစ်လို. ရနောင်းကအပြန်ပဲတန်းပြီးတော့ ရေးလိုက်တော့မယ်။ အမှန်က ရနောင်းက တနင်္ဂနွေ နေ.နေ.လည် ၃ခွဲလောက် ပြန်ရောက်ပါတယ်။  ရောက်ပြီး သူဌေးကျွန်းကို မိတ်ဆွေတွေက လိုက်ပို.တယ်။ သတ်သတ်ပဲရေးတော့မယ်။ အဲအကြောင်းကို။ အစကတော့ တနင်္လာနေ. မနက်စောစောလေယဉ်နဲ.ထွက်ဖို.ဖြစ်ပါတယ်။ ဒါပေမဲ့ ညတည်းက မိုးတစီစီနဲ. ရွာပြီး မုန်တိုင်းရှိတယ် ဆိုလေတော့ အီးကျယ်ကျယ်ပေါက်ရင်တောင် လေယဉ်ခရီးစဉ်ဖျက်သိမ်းလေ့ရှိတယ် ဆိုတဲ့ မြန်မာ့လေကြောင်း မလာမှာကို စိုးရိမ်ရပါတယ်။ ဒါပေမယ့် လာတော့လာရှာပါတယ်။  ၁၀ နာရီကွင်းချိန်းလေယဉ်ဟာ ၂နာရီခွဲမှရောက်လာတာပါ။ ကိုယ်တွေကတော့ စိတ်စောပြီး မနက်တည်းက ပြင်ဆင်စောင့်နေကြတာမို. အချိန်ရတုန်း ကော့သောင်းကို လည်ရအောင် လို. လိုက်ပို.သူက အကြံပေးတာကြောင့် မိုးတဖွဲဖွဲရွာနေတဲ့ ကြားက လိုက်လည်ခဲ့တာပါ။ ရောက်ဖြစ်ခဲ့တာကို ကျေးဇူးတင်ရပါမယ်။ လည်စရာပတ်စရာ သိပ်မရှိဘူးဆိုပေမယ့် တရက်တည်းနဲ.တော့ ဘယ်လုံလောက်ပမလဲနော်။ နောက်တစ်ရက်လောက် ထပ်နေခဲ့ရရင်စုံမယ်လို. စိတ်ကူးမိပါတယ်။ အခွင့်အရေးရရင် နောက်တစ်ခေါက်သွားချင်ပါသေးတယ်။း) ဓါတ်ပုံတွေ တင်ပေးလိုက်ပါတယ်။

လေယဉ်ပေါ်က လှမ်းရိုက်ထားတာပါ။ မစီးလှတာ ကြာပြီဖြစ်တဲ့ မြန်မာ့လေကြောင်း။း)


ရောက်ပါပြီရှင်။


စည်ကားတဲ့ ကော့သောင်းဆိပ်ကမ်း


မြို.မတံတားကိုသွားမယ် ဆိုလို. အကြီးကြီးမှတ်တာ။ ဒါလေးပဲ။ အထင်မသေးနဲ.။ နာမည်ကြီးတံတားနော် ။ သေးတာ ကြီးတာ အဓိကမဟုတ်ဘူး။ သင်္ဘောကပ်လို.ရရင် ပြီးတာပဲ။


ရနောင်းအထွက် စက်လှေပေါ်ကမြင်ရတဲ့ ကော့သောင်း။း)
မြန်မာနိုင်ငံရဲ.တောင်ဖက်အဖျား က ဘုရင့်နောင် (ယခင်ဝိတိုရိယ အငူ)။ အရမ်းစိတ်လှုပ်ရှားမိပါတယ်။ ကိုယ်က အနောက်ဖက်က လာပြီး တောင်ဖက် ဆုံးအပိုင်းကိုရောက်ခဲ့ပြီ။ မြောက်နဲ.အရှေ. ကိုရောက်အောင်သွားပါအုံးမယ်။း)

အဖျားလေးကိုသွားပြီး အမှတ်တရရိုက်တာပါ။ နောက်ကကျွန်းကတော့ သူဌေးကျွန်းဖြစ်ပါတယ်။

ကော့သောင်း ပြည်တော်အေးဘုရား။ တောင်ကုန်းလေးပေါ်မှာရှိပြီးအလွန်သာယာပါတယ်။ ကော့သောင်းမြို.ရှုခင်းကိုကြည့်ချင်ရင် အလှဆုံးမြင်နိုင်တဲ့နေရာပါ။ ထိုင်းဘက်ကလာရင် မြစ်ဝကနေ ရွှေရောင်ဝင်းနေတဲ့ ဘုရားကြီးကို အရင်ဆုံးမြင်ရတာ အလွန်ကျက်သရေရှိပါတယ်။ 
စေတီကနေ N 97 ဟန်းဖုန်းနဲ.ရိုက်တာပါ။ ဖုန်းနဲ.ရိုက်တယ်လို.တောင်ထင်ရဘူး။ ကြည်နေတာပဲ။ ဒါကြောင့် အိုင်ဖုန်းမသုံးတာပေါ့။ အဟင်း။း)
ဘုရားရင်ပြင်နဲ. ရပ်တော်မူစေတီတော်။ မိုးတဖွဲဖွဲရွာနေတဲ့ကြားက ဒီလောက်ကြည်ကြည်လင်လင်မြင်ရတာ ကံကောင်းလို.။
တောင်ပိုင်းရှင်မယ်တော်ကြီးကို သော့ပိတ်ထားပါတယ်။ မယ်တော်ကြီးခမျာသနားစရာ။

သော့ပိတ်ထားလည်း မယ်တော်ကြီးကို အလွတ်မပေးပဲ သံတံခါးကြားလက်သွင်းပြီး ဓါတ်ပုံရိုက်ခဲ့သေးတယ်။ ဟီးဟီး။ မယ်တော်ကြီးကတော်တော်ကို ချောပါတယ်။

 ဘုရင့်နောင်နှင့်အမှတ်တရ။ ဘုရင့်နောင်ပန်းခြံက ဘုရင့်နောင်အငူရှိတဲ့ နေရာအနီးက တောင်ကုန်းပေါ်မှာ လုပ်ထားတာပါ။ ထိုင်းဘက်ရှိတဲ့ ပင်လယ်ဝကို မျက်နှာမူထားပြီး  ဓါးဆွဲထုတ်တဲ့ပုံလုပ်ထားတာကြောင့် ထိုင်းကို လာမထိနဲ. ချမှာနော်လို.ပြောနေသလိုပဲ။ ဟိုကတော့ သူတော့ကို သရော်တယ်လို.ခံစားရတော့မှာပဲ။ (ခုတော့ ကိုယ်တို.က ခံလှည့်ပေါ့လေ) အတိတ်ကတော့ သူတွေက ခံရတာကိုး။ ဒါကတော့ကိုယ့်အမြင်ပေါ့လေ။ ဟီးဟီး။ အင်မတန်ခန်.ညားပါတယ်။ ကော့သောင်းဘက်မြစ်ကမ်းကို လှေကပ်တာနဲ. ထီးထီးကြီးမြင်ရတာပါ။ ပုံမှာ အရမ်းဝနေတယ်။ ဝမှာပေါ့။ ရောက်ပြီးကတည်းက ၁၂ ပေါင်တိုးလာတာကိုး။

 ကျန်တဲ့တချို.နေရာတွေကို ရောက်ခဲ့ပေမယ့် ဓါတ်ပုံမရိုက်ဖြစ်တာရယ်။ သိပ်ပြီးတော့ အရေးမပါတဲ့နေရာတွေဖြစ်တာရယ်ကြောင့် မဖော်ပြတော့ပါဘူး။ ရေပူစမ်းရှိတယ်၊ရေတံခွန်ရှိတယ်လို.ပြောပါတယ်။ ထိုင်းဖက်မှာရေပူစမ်းကို ကြီးကြီးကျယ်ကျယ်လုပ်ထားတာမို. ဒီဖက်မှာမလုပ်ထားဘူးလားမေးတော့ ဘာမှရှိဘူးတဲ့။ တောနက်ထဲမှာလို.ပြောတယ်။ ရေတံခွန်ကလည်း ဝေးတယ်တဲ့။ နောက် ပုလုံးတုံးတုံး ကမ်းခြေဆိုတာရှိသတဲ့။ နာမည်ကြားတာနဲ.သွားချင်နေပြီး။ တံတားရှည်ကြီး ဆောက်နေတယ်တဲ့။ ဘာလို.ဆောက်မှန်းတော့ မသိရဘူး။ မရောက်ဖြစ်ခဲ့ပါဘူး။

မနက်စာ စားခဲ့ရတဲ့ ရဲစခန်းနာက လဖက်ရည်ဆိုင်ကို အမှတ်ရပါတယ်။ ဆိုင်နာမည် မသိပါ။ အဲဒီမှာ လဖက်ထမင်းကြော် (ကောင်းမှကောင်း) ၊ ဝက်သားပေါက်စီ၊ အမဲကင်နဲ. အာပုံ စတာတွေကို အသကုန်တီးခဲ့တာပေါ့။ နေ.လည်စာ စားခဲ့တဲ့ ဆိုင်နာမည်က စမိုင်းပါ။ အရမ်းဖော်ရွေပြီး စားပွဲထိုးအားလုံးက လက်အုပ်လေးတွေချီပြီး ထိုင်းလိုနှုတ်ဆက်ပါတယ်။ ဗွီအိုင်ပီအခန်းမှာ မိတ်ဆွေတွေက ဧည့်ခံကျွေးမွေးပါတယ်။ ဖော်ရွေမှုကို အသိအမှတ်ပြုပေမဲ့ အစားအသောက်အပိုင်းမှာတော့ ပုဇွန်တုတ်ကြီးဟင်း ကလွဲရင် သိပ်ပြီးခံတွင်းမတွေ.ပါဘူး။ ကမ်းနားမြို.ဖြစ်တာကြောင့် ပင်လယ်စာ အရမ်းပေါပါတယ်။ ဒါပေမဲ့ ထမင်းဟင်းချက်တဲ့အခါကျတော့ ထိုင်းလိုလို ဗမာလိုလို ရောကုန်ပြီးတော့ ချိုတိုတိုကြီးတွေဖြစ်ကုန်တယ်ထင်တယ်။ တစ်ညတည်းခိုခဲ့တာက သင်္ဘောဆိပ်က Honey Bear ဆိုတဲ့ တည်းခိုခန်းမှာပါ။ သန်.သန်.ရှင်းရှင်းသပ်သပ်ရပ်ရပ် ရှိတဲ့ အတွက် စိတ်ချမ်းသာရပါတယ်။ ဒါပေမဲ့ အိမ်သာထဲမှာ အမျိုးသမီးသုံးပစ္စည်းထည့်ရင် ၅ သိန်း။ မှန်ကွဲရင် ၁သိန်း၊ ဘေစင်ရေပိုက်ပျက်လျင် ၂ သိန်း။ အိပ်ရာခင်းပြဲလျင် ၂ သောင်း၊ မွေ.ရာအထူပျက်လျင် ၇သောင်းစသည်ဖြင့် စာရင်းတစ်ခုကို ခေါင်းရင်တည့်တည့်ကပ်ပေးထားတဲ့အတွက် သိပ်မလှုပ်ရဲပါ။ စောင်ကို ကိုယ်ပေါ်တင်ပြီး အသာလေးပဲအိပ်ရတယ်။ တော်ကြာပြဲသွားရင် လျော်နေရမှာစိုးလို.။း(

အလာလေယဉ်ကတော့ မိုးတွေရွာနေတဲ့ကြားက ဆင်းပြီးတိမ်နဲ.တိုက်လိုက် ပြုတ်ကျလိုက်နဲ. ဆိုးရွားတာကြောင့် ၁ နာရီခွဲတိတိ ကိုယ့်အသက်ကလွဲပြီး ဘယ်ဒင်းကိုမှ စိတ်ထဲမရောက်ပါဘူး။ တစ်သက်လုံးပေါင်းရင်တောင် ဒီလောက်ဘုရားစာများများမဆိုဖူးဘူးထင်တာပဲ။ ရန်ကုန်ကို အသက်နဲ.ရောက်လာတာ ကံကောင်းပါ။ တိုက်ရိုက် ကားလမ်းမရှိဘူး။ ကားစီးချင်ရင် ကော့သောင်းကနေ ဘိတ် သို.မဟုတ် ထားဝယ်ကို ရေကြောင်းကသွားလို.ရပါတယ်တဲ့။ ပြီးမှအဲဒီကနေ မွန် ကိုဖြတ်ပြီး ၇န်ကုန်ဘက်ဝင်တာပါ။ လမ်းမှာ ဓါးမြပြောတယ်လို. ဝန်ထမ်းတစ်ယောက်က ပြောပြတယ်။ မြန်မာ့လေကြောင်း လေယဉ်ကြီးကြီးလေး ဝယ်နိုင်ပါစေ လို.သာဆုတောင်းပေးရတော့မှာပဲ။

ခိုင်ဝေဇံ

1 comments:

Unknown said...

မဆိုးဘူး အရေးအသားလဲကောင်းတယ်။မထင်မှတ်ပဲဝင်ဖြစ်တဲ့ဒီဘလော့ တော်တော်အချိန်ကုန်
သွားတယ်။အလုပ်ခွင်မှာစဖတ်ရင်းနဲ့ရယ်မိလို့
တော်ကြာအလုပ်ဖြုတ်တော့မယ်။