အမေ့လက်ရာ

အမေ ရောက်နေတယ်လေ။ အမေရောက်တယ်လို.ပြောလိုက်ရင် ဆက်စပ်ပြီးသိရမဲ့ အကြောင်းတွေကတော့

  • အစားကောင်း အသောက်ကောင်းတွေ စားနေရမယ်။
  • ဟိုဟိုဒီဒီလိုက်ပို.ရလို. အိမ်မှာမရှိတဲ့ အချိန်များမယ်။
  • အဆူအဆဲ လဲ အသကုန်ခံနေရမယ်။
  • မီနီစကပ်တို. ဘောင်းဘီတိုတို. ကြိုးတကိုင်းအင်းကျီတို.ကို တော်ရာနေရာမှာ ဖွက်ထားရမယ်။
  • ဘဲနဲ. စကားပြောရင် တိုတိုပြတ်ပြတ် ပြောရမယ်။ အယင်တုန်းကလို ချွဲပျစ်ပြီး ကြားသူအံထွက်အောင်ပြောလို.မရဘူး။
  • facebook တို.ဘာတို.ညာတို.ကို ပေါ်ပေါ်တင်တင် သုံးလို.မရဘူး။ သတိထားရမယ်။
အဲလိုအဲလိုသော အကြောင်းတရားတွေရှိပါတယ်။ ဒါပေမယ့် ကျန်တာအားလုံးက အရေးမကြီး။ အစားကောင်းအသောက်ကောင်းက အရေးကြီးတဲ့အတွက် ပျော်တာကတော့ ပျော်ပါတယ်။း) အမေ့ကို ရခိုင်ဟင်းတွေကိုပဲ အတင်းရော အားဒမ ပါ ချက်ပေးခိုင်းတယ်။ ဓါတ်ပုံတွေတင်ပေးလိုက်တယ်။ ဘာမှဆန်းဆန်းပြားပြား ဟင်းတွေမပါပါဘူး။ ဒါပေမယ့် ကောင်းတယ်။း)

ခေါက်ဆွဲသုပ်။ ရခိုင်သုပ်ပါ။ ဆီချက်မှာ အရောင်တင်နဲ. ငပိနဲ.ထည့်ရတယ်။ ပြီးတော့ အာလူးခြေထည့်။ အပေါ်ကကြက်သွန်စိမ်း၊ ကြက်သွန်ကြော်နဲ. ကြက်ဥပြုတ်အုပ်တာ။ သင်္ကြန်တွင်းဆိုရင် ကြာဇံကို ဒီအတိုင်းသုပ်စားပြီး အိမ်နီးနားချင်းတွေကိုဝေရတယ်။
ဓါတ်ပုံက ဘာမှန်းတောင်သိပ်မသိသာဘူး။ ဖားသားချက်ပါ။ ဖားသားနဲ. မကျီးနုနဲ. ဆီပြန်ချက်ထားတာ။း)
ကဒတ်ချဉ်နဲ. ငပိထောင်း။ ဒါကတော့ ရခိုင်စာ မဟုတ်ဘူး။ ကဒတ်ချဉ်က စီးတီးဟောကဝယ်လာတာ။ ငပိထောင်းက မွန်ထောင်း ။ ငရုတ်သီးကိုလှော်ပြီးထောင်းတာ။ မရမ်းသီးလည်းထည့်တယ်။ ချဉ်ချဉ်စပ်စပ်နဲ.။း)
ဒါကတော့ ပင်လယ်စာချက်။ ပုဇွန်နဲ. ပြည်ကြီးငါး ကို ရခိုင်က အာလူးအသေးလေးနဲ.ရောချက်တာ။ အဲဒီအာလူးအသေးလေးက ရန်ကုန်မှာတောင်မရဘူး။ စစ်တွေကမှာရတယ်။ အမှန်က ဒီလို ဆီကျန်ရေကျန်မချက်ပဲနဲ. အဝါချက်လေးချက်ရမှာ။ ငရုတ်သီးစိမ်းလေးနဲ. မကျီးချဉ်လေးနဲ.။း)
ဒါကတော့ ဗမာပြည်က လူတွေက ဘာကြောင့်တင်တာလဲ မေးလိမ့်မယ်။ စင်္ကာပူကလူတွေကတော့  သရေကျလိမ့်မယ်။ မြန်မာလို ရုံးပတီသီး။ ရခိုင်လို ချောဒေါင့်သီး။ စလုံးမှာ ရှိပ။ မလေးရှားက ဝင်တာတွေ အများကြီး နေရာတိုင်းမှာရှိတယ်။ ဒါပေမဲ့ ဒီလိုနုနု ငယ်ငယ် ကြွတ်ကြွတ်ဆပ်ဆပ် စိမ်းစိမ်းစိုစိုက ရွှေလောက်ရှားတယ်။ အဲဒါကို ပုဇွန်စိမ်းလေး ညှပ်ထည့်၊ ငရုတ်သီးစိမ်း ထက်ခြမ်းခွဲ၊ ငပိထည့်ပြီး ရခိုင်ချက်ချက်ထားတာ။ ဆီမပါဘူး။ ကျန်းမာရေးနဲ. ညီညွတ်တယ်။း)
အဲ ဒါကတော့ မုန်လာဥ စပ်တနီ။ ရခိုင်မှာ မုန်လာဥတို. ပဲသီးစိမ်းတို.ကို သုပ်ရင် စပ်တနီလို.ခေါ်တယ်။ ကုလားစကားကလာတယ်လို.ပြောတာပဲ။ မုန်လာဥ အစိမ်းကိုပါးပါးလှီး ဗနီဂါရည်နဲ. စိမ်ထားရတယ်။ ပြီးတော့ မှ ဆီချက်နဲ. နှမ်းဖြူးပြီးသုပ်တာ။ 

သုပ်နည်းတွေကိုတော့ အဖြစ်ပဲရေးထားတယ်။ ကိုယ်မလုပ်တတ်လို.။  ချက်ကို နားခွက်က မီးတောက်တဲ့လူတွေကတော့ ကြည့်လိုက်တာနဲ.သိမှာပဲ။ အဟီး။  ချက်နည်း အတိအကျ သိချင်ရင်တော့ပြောပေါ့။ အမေ့ကို မေးကြည့်ပေးမယ်။

2 comments:

သိင်္ဂါကျော် said...

အမေက ဟင်းချက်ကောင်းပုံရတယ်..
သွားရေကျလာပြီ..

Kyaw Nyo Thway said...

ရုံးပတီသီးကြော်ရယ်၊ ငပိထောင်းရယ် ၊ ခံတက်ချဉ်ရယ်

Oh Yeahhhhhhhhhhhh !!

:P...