စိုင်းထီးဆိုင် သို.မဟုတ် a legend

မရေးဖြစ်တာကြာပြီ။ ပျင်းနေတာလည်းပါတယ်။ မအားတာလည်းပါတယ်။ အားနေရင် ပျင်းပြီးမလုပ်ချင်ဘူး။ အလုပ်များရင်တော့ စိတ်ကရောက်တယ်။ ဟီးဟီး။

ရေးစရာရှာမရတာလည်းပါတယ်။ ကျွန်တော်က တကယ်စိတ်ထဲက မနေနိုင် မထိုင်နိုင်ဖြစ်တော့မှ ရေးချင်တာ။ အားတိုင်းယားတိုင်း လွယ်လွယ်နဲ.ရေးချင်တာ မဟုတ်ဘူး။ စိုင်းထီးဆိုင် ဆုံးပြီလို.ကြားကတည်းက ရေးချင်တာ။ နှမြောလို.ပါ။ အနုပညာလောကမှာ ဒီလို လူမျိုးတယောက် နောက်ထပ် ပေါ်လာဖို.ဆိုတာ တော်တော်မလွယ်တဲ့ ကိင်္စပါ။ ရိုးရိုးသားသား နာမည်ပျက်မရှိပဲနဲ. တသက်လုံး ဂုဏ်သိခ္ခာရှိရှိနေသွားနိုင်ခဲ့တာ လွယ်တာမဟုတ်ဘူး။ လူသေပေမဲ့ နာမည်သေသွားမှာတော့ မဟုတ်ပါဘူး။

စိုင်းထီးဆိုင်အသံက ဂရုဏာသံ။ သူ.အသံကိုနားထောင်ရင် ပီတိ တမျိုးခံစားရတယ်။ ရိုးသားမှုတွေပါတယ်လို.ထင်တယ်။ ကျက်သရေရှိတဲ့ အသံလို.ပြောလို.ရတယ်။ ကျွန်တော်တို. ရခိုင်က အိမ်မှာ မနက်စောစော ပရိတ်ခွေဖွင့်ပြီးတာနဲ. နားထောင်လို.ရတဲ့ သီချင်းတွေထဲမှာ စိုင်းထီးဆိုင်သီချင်း ၊ ဟေမာနေ၀င်းသီချင်းတွေပါတယ်။ ဇော်ဝင်းထွဋ်တို. လေးဖြူတို. သီချင်းတွေကို မဖွင့်ရဘူး။ စောစောစီးစီး လေးဖြူရဲ. စုန်းမသီချင်းသွားနားထောင်လို. အရိုက်ခံရသေးတယ်။ ကိုထီးရဲ. သီချင်းတွေက ဘ၀သီချင်းတွေများတယ်။ Reality နဲ. နီးစပ်တယ်။ Down to Earth ဖြစ်တယ်။ ကိုယ့်လို တိုင်းရင်းသားဖြစ်လို. ပိုပြီး သူ.သီချင်းတွေကို ခင်တွယ်မိတယ်လို.ထင်တာပဲ။

ပိုက်ဆံလေး သိန်းလေး ငါးဆယ်လက်ထဲမှာ ရှိရင် ခွေထုတ်လို. ရတဲ့ ဒီခါတ်ကြီးထဲမှာ အိမ်ပြင်ကို ထွက်လိုက်ရင် အဆိုတော် လေး ငါးယောက်ကို ခလုတ်မတိုက်ပဲနဲ. လမ်းထိပ်ကို မရောက်ဘူး။ မျက်စောင်းမထိုးလိုက်နဲ. ထိုးလိုက်ရင်း အဆိုတော်နဲ. တိုးနေတော့တာကိုး။ Rap နဲ. Hip Hop ကိုကြိုက်ခဲ့ဖူးပါတယ်။ သူတို.လုပ်လို.နားကိုမထောင်တော့ဘူး အခု။ ဘာဖြစ်လို.များ ghetto soldier တွေ wannabe nigga တွေလုပ်ချင်ကြရတာလဲ။ Emo တွေကိုလည်း တော်တော်မျက်စိနောက်လာတယ်။ EMOs are just big losers. ကျွန်တော်က Goth ကိုကြိုက်တယ်။ ကြိုက်တာပဲရှိတာ မကိုးကွယ်ဘူး။ အနက်ဝတ်လို. Emo လားလို.အမေးခံရရင် စော်ကားတယ်လို. ခံစားရတယ်။ အနက်ကိုချစ်တာ ကိုးကွယ်တာ Emo နဲ. ဘာမှမဆိုင်ပါဘူး။ အနက်ကို တကယ်ချစ်လို. စွဲစွဲမြဲမြဲ ၀တ်တာ။ အော်.......... ပြောရင်းပြောရင်း ဘယ်တွေရောက်ကုန်မှန်း မသိတော့ဘူး။

ခုနောက်ပိုင်းဆုံးသွားတဲ့ အနုပညာရှင်တွေထဲမှာ ဒွေးနဲ. စိုင်းထီးဆိုင်ကိုတော်တော် နှမြောတယ်။ တတ်နိုင် ပေါ်က်ပြားလေးနဲ. သချိုင်းကမြေပုံကို ပြန်တူးပြီး မြန်မာပြည်က အနုပညာလောက ခေါတ်ပျက်နေပုံကို သ်ီချင်းစပ်ခိုင်းလိုက်ချင်စမ်းတယ်။ တကယ်လုပ်နေတဲ့ လူတွေကို မဆိုလိုဘူးနော်။ ကိုယ့်ဟာကို ပါရမီရှိတယ်လို. ထင်နေရှာကြတဲ့ နလပိန်းတုံးများကိုပဲ ဆိုလိုတာပါ။ ၇ ရက်သားသမီးတွေကို နားဒုက္ခပေးရင် သေချာပေါက် ငရဲကိုရောက်ပါတယ်။ မယုံရင်စမ်းကြည့်ကြပေါ့။

0 comments: