ဆက်စပ်တွေးခေါ်နိုင်စွမ်း

Popping အကြောင်းရေးမလို. data စုနေတာကြာပြီ။ Data ကလည်း စုလေပိုများလေ ဖြစ်နေတယ်။ Popping လို.ပြောလိုက်တာနဲ. Locking တွေ Droppingတွေ ပြီးတော့ Breakdancing ကအစ Underground အဆုံး နောက်ဆက်တွဲပေါ်တဲ့ Liquid Popping တို. Robot dance တို.ကိုပါ ရှင်းရတော့မယ်။ တွေးရင်း တွေးရင်း ရင်မောလာတာနဲ. ရပ်ပြီးရေလေးပြေးသောက်ရတယ်။ မဖြစ်ပါဘူး။ Topic ကကျယ်လွန်းအားကြီးတယ်။ စောတည်းက ဆက်စပ်မတွေးမိရင်ကောင်းသား။ Popping တခုတည်း အကြောင်းကိုရိုးရိုးလေး တွေးပြီး လုပ်လိုက်ရင်ပြီးတဲ့ဟာကို ဆက်စပ်ပြီးရှည်ရှည်ဝေးဝေးတွေ စဉ်းစားလိုက်တာ ရေးချင်စိတ်ကုန်သွားတယ်။ အဲဒါကြောင့် တခါတလေ ရိုးရိုးရှင်းရှင်းလေးပဲ စဉ်းစားပြီးလုပ်တာကောင်းတယ်။ ဟိုးအဝေးကြီးကို ကြည့် ပြီး ပူပန်နေလို.ကတော့ ဘာမှဖြစ်လာမှာမဟုတ်ဘူး။

ဆက်စပ်တွေးတောနိုင်စွမ်းကတော့ ကျွန်တော့်မှာအပြည့်ရှိတယ်။ အမေ့ဆီက ရတာတွေလေ။ ကျွန်တော်က အမေတူသမီး။ ဒါပေမဲ့ အမေနဲ.ရုပ်ချင်းလေး နည်းနည်းဆင်တာကလွဲလို. အမေလှသလို မလှဘူး။ နူးညံ့သိမ်မွေ.တဲ့ gene တွေမရဘူး။ ၀မ်းနည်းတတ်တာ မျက်ရည်လွယ်တာ။ သနားတတ်တာ တွေတော့တူတယ်။ အဖေ့ဆီက ရတာက စာဖတ်တဲ့ဝါသနာ လို.ပြောလို.ရတယ်။ ဆိုးတာ မိုက်တာ ကတော့ ကြည့်ရတာ ဟိုဘက်ဒီဘက် နှစ်မျိုးလုံးက မကောင်းတဲ့ gene တွေပေါင်းသွားပုံရတယ်။ တာတေလန်အောင်တော့ မမိုက်သေးဘူးထင်တာပဲ (ကိုယ့်ဟာကိုယ်)။ တခါတလေ ဆို လိမ္မာတယ်လို.တောင် ထင်မိသလိုလိုပဲ။ ဟီးဟီး။ တာတေလန်လုလန်ခင်နီးပါး (အမှန်ကတော့ လန်ကိုလန်တာ) ဆိုးတဲ့ ညီမတယောက်ရှိတော့ သူနဲ.ယှဉ်ပြီး ကျွန်တော်ကလူလိမ္မာကြီးလုပ်ရတယ် အိမ်မှာဆိုရင်။

အဓိကပြောချင်တဲ့ အကြောင်းတောင်မေ့သွားပြီ။ အော် ဆက်စပ်တွေးခေါ်မှုအကြာင်း။ ဆက်စပ်တွေးတတ်တဲ့ (စိတ်မှန်းလေးနဲ.) နေရာမှာ အမေ့တို. ညီအစ်မ တတွေကို မီတဲ့လူ ခပ်ရှားရှားနေမှာပါ။ တနေ.ပေါ့ အမေနဲ. အဒေါ်နဲ. TV ထိုင်ကြည့်နေကြတယ်။ ကျွန်တော်ကတော့ လူလိမ္မာကြီးလုပ်ပြီး TV ရှေ.မှာစာအုပ်တအုပ်နဲ. ကြည့်လိုက် ကျက်လိုက် လုပ်နေတာ။ ပြနေတာက ကိုးရီးယားကား။ ခေါတ်ကားပေါ့။ မေ.သွားပါပြီ မင်းသားမင်းသမီးတွေ။ အမေတို.က အခါးရည်လေးသောက်လိုက် လဖက်သုပ်လေးစားလိုက်နဲ. စကားပြောနေကြတယ်။ ကျွန်တော်က တခြား channel တစ်ခုကိုပြောင်းပြီးဖွင့်လိုက်ကော။ သူတို.နှစ်ယောက်လုံးက စကားများနေတော့ မသိလိုက်ဘူး။ လာနေတဲ့ကားက တရုတ်ကား ခေါတ်ဟောင်းကားကြီး။ လေတွေ မိုးတွေ မုန်တိုင်းတွေကျပြီးတော့ မြစ်ထဲမှာပေါ့။ TV ပြန်ကြည့်တော့ သူတို.နှစ်ယောက်လုံးနည်းနည်းတော့ လည်သွားတယ်။ ခဏနေကျတော့မှ အမေကပြောတယ်။ ဟဲ့ အဲဒါနောက်ကြောင်းပြန်နေတာတဲ့။ အဒေါ်ကလည်း ဟုတ်တယ် ဟုတ်တယ်တဲ့။ ဒီကောင်မလေးက ဟိုမင်းသမီးရဲ. အမေငယ်ငယ်တုန်းကလေတဲ့။ ဟိုကလေးလေးက မင်းသမီးလေ။ အော် ဒီလိုကိုး ဆိုပြီးတော့ ဆက်စပ်တွေးတောသွားလိုက်တာ ထွက်လာတဲ့ ဇာတ်လမ်းက နဂို original ထက်မညံ့ပါဘူး။ ကျွန်တော်မှာ ရယ်လိုက်ရတာ ပြောမနေနဲ.။

popping ကနေ ဘယ်တွေရောက်ကုန်မှန်းတောင်မသိတော့ဘူး။ နောင်အားမှပဲ အေးအေးဆေးဆေး ရေးတော့မယ်။

0 comments: