ဟိုရောက်ဒီရောက်

အခုတလော ဘလော့ ရေးဖို. အချိန်မရပါဘူး။ အိုတီတွေနဲ. နေ.လည်း မအား ညလည်း မအား၊ အားတဲ့ အချိန်လေးမှာ ပြေးအိပ်ရသေးတယ်ဆိုတော့ ရေးဖို.အချိန်မပေးနိုင်ဘူး။ ရေးဖို.အကြောင်းအရာ ရှာမရတာလဲ  ပါတယ်။ ဘာရေးလို. ရေးရမှန်းကို မသိဘူး။

ကိုယ်ဘလော့ရေးတာကို ရပ်လိုက်ရမလားစိတ်ကူးတယ်။ တခါတခါပေါ့။ ကိုယ့် မိဘကလည်း မကြိုက်ဘူး။ ကိုယ့် ဘဲက လည်းမကြိုက်ဘူး။  ပရိသတ်ကလည်း အဲလောက်ရှိတာမဟုတ်ဘူး။ ဒါပေမယ့် မရပ်ချင်ဘူး။ ကိုယ်အသက်ကြီးလို. ကိုယ့်ဘဝကို ပြန်ကြည့်တဲ့အချိန်မှာ ဒီဘလော့က ကိုယ့် Biography ပဲလေ။ အသက် ၂၅ နှစ်မှာ ကိုယ်ဘာတွေစဉ်းစားနေခဲ့လဲ။ ကိုယ် ဘာတွေလုပ်နေခဲ့လဲ ဆိုတာကို ဒီဘလော့ က ပို.စ်အဟောင်းလေးတွေ ပြန်ဖတ်ပြီး ပြန်သိလာရမှာပေါ့။ ကိုယ့် ဒိုင်ယာရီတောင် ပျောက်သွားရင် ရေးထားသမျှဆုံးရှုံးအုံးမယ်။ ဒါကတော့ ပျောက်ပျက်စရာ အကြောင်းမရှိတော့ဘူး။ မကောင်းတာက ကိုယ်ရေးထားသမျှကိုယ်ပြန်ကြည့်လို.ရသလို သူများလည်းပြန်ကြည့်လို.ရတယ်။ ကိုယ်ရူးတာ လူသိတာပေါ့။

ဒါပေမယ့်လည်း လူသိများတဲ့ ဘလော့ တခုမဟုတ်တဲ့ အတွက် ကိုယ်ကတော့ သိပ်ဂရုမစိုက်ပါဘူး။  အခု မရေးတာ နည်းနည်းကြာပြီဆိုတော့ အဆက်ပြတ်မသွားအောင် ကိုယ် Zoo သွားတုံးက ပုံလေးတွေတင်ပေးလိုက်တယ်။ အများကြီးမဟုတ်ပါဘူး။ မပူနဲ. ။ ကိုယ့်ပုံလည်း မပါဘူး။  အကောင်ဗလောင်တွေကို လျှောက်ရိုက်ထားပြီး ကိုယ်ပြန်ကြည့်တိုင်း ရယ်ချင်နေလို. ရယ်ရအောင် ရှယ်ပေးလိုက်တာ။

ရိုက်ခဲ့သမျှထဲမှာ သဘောအကျဆုံးပုံကတော့ ပိုလာ ဝက်ဝံရဲ. ခံ့ခံ့ကြီးနဲ. စန်.စန်.ကြီး ဇိမ်ခံနေတဲ့ပုံပါ။ သူ.ကတော့  ကိုယ်တို.လို ငပျင်းဂိုဏ်းဝင် ဖြစ်ပုံရတယ်။ ဒါပေမယ့် ကိုယ်တို.ထက်သာတယ်။ အစာကျွေးမယ့်လူအဆင်သင့်နဲ. အအေးခန်း လုပ်ပေးထားတယ်။ အဲဒီနေ.က ရာသီဥတု သိပ်မပူတော့ အဲယားကွန်း အခန်းထဲကထွက်ပြီး ရေကန်ဘေးမှာ နေပူစာခံနေလားမှမသိ။ 

ဒီမျောက်ကတော့ ခြေ၂ဖက်ရော လက်၂ဖက်ပါမိုးပေါ်ထောင်ပြီး အုန်းရွက်နဲ. ကစားနေတာ။ ကိုယ်မြင်တုန်းကတော့ အူလိမ့်နေအောင်ရယ်မိတယ်။ ဓါတ်ပုံရိုက်တော့ Angle သိပ်မကောင်းလို. ဘာပုံမှန်းမသိဖြစ်နေတယ်။း)

ဒီငှက်ကတော့ သူများငှက်တွေ အထဲဝင်ပြီးပုန်းနေကြတဲ့အထဲမှာ တမူထူးခြားပြီး ဓါတ်ပုံရိုက်သူမှန်သမျှကို Show Off လုပ်နေတဲ့အတွက် ရိုက်ယူခဲ့တာပါ။ အပြင်မှာ ဒီလောက်လှတယ်လို.မမြင်ရပါဘူး။ Flash နဲ. ဆွဲရိုက်လိုက်တော့မှ အလှကြီးလှနေတော့ ကိုယ်နဲ. အဖြစ်ချင်းတူလို.။ အဟီး။

အဲလိုမြွေတကောင်လောက် Pet အဖြစ်နဲ.မွေးချင်တယ်။ ကိုယ်က မြွေကို အရမ်းလည်း ကြောက်တယ်။ အရမ်းလည်း စိတ်ဝင်စားတယ်။ မြွေနဲ. ဓါတ်ပုံရိုက်လို.ရတဲ့ နေရာကို ရောက်တိုင်း အား ၁နာရီလောက် ထုတ်မွေးပြီးတော့ မြွေကို လည်ပင်းမှာပတ်ပြီး ရိုက်ဖို. ကြိုးစားပေမယ့် ခုထိ မအောင်မြင်သေးပါဘူး။  မြွေကို ကြည့်နေရမယ်ဆိုရင် ၁နာရီလောက် ထိုင်ပြီးကြည့်နေရလည်း မပျင်းဘူး။  အဲ မြွေသားလည်းကြိုက်တယ်။ မြွေသားစားဖူးတယ်။ ဆိုးပါဘူး။ စားလို.ကောင်းတယ်။ နည်းနည်းတော့ မာတယ်။ နောက်တခါ စားချင်သေးတယ်။ ဗီယက်နမ်ရောက်ရင် မြွေသားသွားစားမယ်။ မြွေသွေးအရက်လည်း သောက်ကြည့်ချင်သေးတယ်။ အဲ ပြောရင်းပြောရင်းဘယ်ရောက်သွားမှန်းမသိတော့ဘူး။  ဆောရီး။

အရှည်ကြီးအစအဆုံးရေးချင်ပါတယ်။ ပျင်းလို.။ တိရိစ္ဆန်ရုံပဲ ဘယ်သူမရောက်ဖူးတာမှတ်လို.လို. မပြောနဲ.။ ရေးတတ်တဲ့လူရေးရင် စာဖြစ်တယ် နော်။ မရေးချင်လို.။  ဒီလောက်ပဲ။ နောက် ဘလော့ပို.စ်တခုကို တော့ စင်္ကာပူ က တွေ.ခဲ့ကြုံခဲ့ရတဲ့ လူတွေအကြောင်း  ကိုရေးမယ်လို.စိတ်ကူးတယ်။

By the way, ကိုယ့်မွေးနေ.နီးလာပြီ။ ကိုယ်စိတ်ညစ်တယ်။

စားနိုင်ရင်ကိုယ့်ဖို.။
ခိုင်ဝေဇံ

0 comments: