တရက်လောက် ဟော့ပေါ့ သွားစားရအောင်။

တရုတ်အစားအစာ ထဲမှာ အကောင်းဆုံး အစားအစာ ကိုပြပါဆိုရင် ဟော့ပေါ့ပဲ ပြရမယ်နဲ.တူတယ်။ အော်ရီဂျင် ကိုတော့ သေချာမရှာကြည့်မိဘူး။ အထင်နဲ.ပြောတာ။ တရုတ်ပဲ နေမှာပါ သူတို.လောက်ရေလုံပြုတ်စားတာ သူတို.ပဲရှိတာကို။ တရုတ်မဖြစ်ချင်ဘူး။ အသားကြည့်လဲ ဖြူဖတ်ဖတ်။ အစားအသောက်ကြည့်တော့လည်း ပေါ့ရွှတ်ရွှတ်နဲ.။  ဟော့ပေါ့ အကြောင်းပြောရင်းလူမျိုးရေးထဲနည်းနည်းဝင်အုံးမယ်။ တရုတ်မတွေမှာ လှတာ  လည်တံနဲ. ပုခုံးကျပုံ၊  လက်မောင်းတော်တော်လှတယ်။ ကျန်တာကတော့ မြင်ဝူး။ အားရပါးရ လှတဲ့ တရုတ်မတွေရှားပါတယ်။ အားလုံးကလည်း ဝါးလုံးလေးတွေ ထောင်ထားသလိုပဲ။ ရှေ့မရှိ နောက်မရှိနဲ.။ ဘေးတိုက်နေလို.ကတော့ သေနပ်ပစ်ရင် ကျည်ဆန်တောင်ထိမှာမဟုတ်ဘူး စင်္ကာပူတရုတ်မတွေက။ တရုတ်ထီးလေးတွေဆို မပြောတော့ဘူး။ တရားစွဲနေမှာကြောက်လို.။ မလေးမတွေ ကုလားမလေးတွေချောပြီဆိုရင် အားရပါးရချောပါတယ်။ မြန်မာကျတော့(ရခိုင်အပါအဝင်) ဖွယ်တယ်တယ်ကြီး။ ဟီးဟီး။ လှတဲ့လူ ရှိတော့ရှိတယ် ရှားတယ်။

ထားပါတော့ လူမုန်းခံရမဲ့ အကြောင်းတွေရပ်ပြီး လူချစ်ခံရမဲ့ အကြောင်းရေးမယ်။ ခုနက စကားပြတ်သွားတာကို ပြန်စရရင်ဟော့ပေါ့ကောင်းတယ်လို.။ ဘာလို.ကောင်းတာလဲ
၁) ကျန်းမာရေးနဲ.ညီညွတ်ယ်။ အပြုတ်ဖြစ်တဲ့ အတွက်နဲ. အဆီအဆိမ့်တွေမပါဘူး။
၂) စွပ်ပြုတ်ရည်ကို တုံယမ်းလို အစပ်လေးပေးထားရင် မြန်မာပါးစပ်နဲ.တဲ့တယ်။ ပေါ့ရင် တုံယမ်းအဆီ(Paste) လုပ်ပြီးသားကို ဆိုင်ကိုထည့်ခိုင်းပါ။ ၁၀ဆိုင်မှာ ၉ဆိုင်က ထည့်ပေးတယ်။ ဖွယ်ဖွယ်ကြီးကို ကြိတ်မသောက်နဲ.။ အာသဝေါကုန်တတ်တယ်။
၃) ဟင်းရွက်များများစားဖြစ်တယ်။ ဘယ်ဆိုင်မှာ ဟော့ပေါ့စားစား အသားနည်းနည်းနဲ. ဟင်းရွက်များများပေးတာပါပဲ။ ဒီတော့ ဒါကလည်း နံပါတ်တစ်အချက်နဲ. သွားပြီးကိုက်တာပေါ့။
၎) အိမ်မှာလုပ်စားရင်လည်း အဆင်ပြေတယ်။ လွယ်တယ်။ ဟင်းချိုတခု ပါအောင် အမြဲတမ်းစားပေးပါ။ မုန်ညင်းရွက် မုန်လာရွက် အသီးအနှံနည်းနည်းဝယ်ထားလိုက်ရင် ရေနွေးကြို ဆား၊ အချိုမှုန်.(ကျန်းမာရေးနဲ. မညီညွတ်လည်း မပါရင်စားလို.မဝင်) ၊ ပုဇွန်ခြောက်လေးခတ်ပြီးရင် ကြိုက်တာ ပစ်ထည့်လိုက်ရင် အနည်းဆုံး ထမင်းလုပ် လည်ချောင်းမနင်ဘူးပေါ့။

ဒီတော့ ဟော့ပေါ့ ဘူဖေး ခဏခဏ စားဖြစ်ပါတယ်။ မကောင်းတဲ့ အချက်ကို ပြောရမယ်ဆိုရင်တော့ ဆိုင်မှာစားရင် ဆိုင်ရွေးပါ။ လူများတဲ့ ဆိုင်သွားစား။ လူမများရင် ကျန်တာတွေကို ပြန်သိမ်းပြီး ပြန်ထုတ်သုံးတာပဲ။ ဟိုတယ်မှာ သွားစားရင်တော့ တမျိုးပေါ့။ ခုရိုးရိုးဆိုင်တွေမှာပြောတာ။  ပင်လယ်စာ စားရင်လဲ မလတ်ရင်လဲ တန်အောင်စားမယ် ဆိုပြီး အတင်းမစားနဲ.အုံး။ ဝမ်းလျှောလို. ဆေးခန်းပြတာ ပိုကုန်နေအုံးမယ်။  ဘာဘီကျုးနဲ. တွဲရောင်းတဲ့ဆိုင်တွေကို မကြိုက်ပါဘူး။ ဆီစင်လို.။ ဟော့ပေါ့နဲ. ဂျပန်စာနဲ. တွဲထားပြီဆိုရင် နှစ်ခုလုံးကောင်းတဲ့ဆိုင်မရှိဘူး။ ဟော့ပေါ့ကောင်းရင် ဆူရှီတွေ ဆာရှီမီတွေ မလတ်ဘူး။ မစားနဲ.။ တခုကောင်းပဲရွေး။  ကဲ ဒီလောက်ဟောပြောရရင် တော်ပြီ။ ခုမှ တကယ့်ဇာတ်လမ်းက စတာ။

ကလီမန်တီနားမှာ ဆိုင်ကောင်း ကနားကောင်း ရှားပါတယ်။ စည်လို.သာစည်တာ။ ဧည့်သည်လေးများလာရင် ခေါ်သွားစရာ ဆိုင်ကောင်းမရှိဘူး။ ခု စီးတီးဗိုက် ( ဟီးဟီး) City Vibe လေးဖွင့်လိုက်တော့ ဂျပန်ဆိုင် တဆိုင်နှစ်ဆိုင်ပေါ်လာတာပဲ ရှိတယ်။ ဒါတွေက လည်းသိပ်အကောင်းကြီးတွေမဟုတ်ဘူး။ တွေ.မယ့်တွေ.တော့လည်း ကလန်မန်တီ ဟိုးအတွင်းဘက် sunset way မှာသွားတွေ.တယ်။ ဆိုင်လေးက နေရာ အခင်းအကျင်းကောင်းတယ်။ လူသန်.တယ်။ ဆိုင်က တအားတော့မကြီးပါဘူး။  သူ.ဆိုင်မှာ ကြိုက်တဲ့ အချက်လေးတွေပြောပြပါမယ်။

  • ပင်လယ်စာ စုံတယ်။ လတ်တယ်။ ပုံမှန် Steam Boat ဆိုင်တွေမှာ ပေးနေကျ cockles လိုခရုအသေးလေးတွေကို အခွံပါခွာပေးတယ်။  clam အကောင်ကြီးတွေရှိတယ်။ Cray Fish လိုဆိုင်တိုင်းမှာ မပေးတဲ့ အစားအသောက်တွေရှိတယ်။ Flower Crab ပေးတယ်။ ကိုယ်ကတော့ Mud Crab ကိုပိုကြိုက်တယ်။ ငါးခေါင်းပေးထားတယ်။ နောက် Sea Shell အကြီးကြီးတွေရှိတယ်။ 
  • ဟော့ပေါ့မှာထည့်တဲ့ အစားအသောက်တွေ စုံတယ်။ wanton ဖက်ထုပ်လေးတွေ စားဖြစ်အောင်စားပါ။ တအားကြီးစုံအောင် ပေးမထားဘူး။ ဒါပေမယ့် ကောင်းတာလေးတွေပဲလုပ်ပေးထားတယ်။
  • ဂျပန်အစားအသောက် ဆူရှီ ဆာရှီမီ ပေးထားတယ်။ သိပ်တော့ မကောင်းဘူး။ နည်းနည်းစီနဲ. စုံအောင်တော့လုပ်ထားတယ်။ ကောင်းတာက တန်ပူရာ ကောင်းတယ်။ Clay fish လို.ခေါ်တဲ့ တကိုယ်လုံးမှာ ဥတွေနဲ. ပြည့်နေတဲ့ ငါးအကောင်လေးတွေကို ကြွပ်နေအောင်ကျော်ပေးထားတယ်။ အရမ်းဆိမ့်ပြီး စားလို.ကောင်းပါတယ်။ ပြီးတော့ ဂဏန်းပျော့ အကြွပ်ကျော် ကောင်းတယ်။
  • ချက်ပြီးသား အစားအစာတွေ ပေးထားတယ်။ ခေါက်ဆွဲကျော်၊ ထမင်းကြော်၊ ကြက်သား၊ ဝက်သားချက်၊ ကြာဇံကြော်တွေ ချထားပေးတယ်။ စိတ်မဝင်စားလို.မစားဖြစ်ပါဘူး။
  • ဘာဘီကျုးက တော့ အကောင်းဆုံးပဲ။ သွားစားရင် စားပွဲတခုကို သစ်သားကလစ်လေးတွေ ချပေးတယ်။ ၂ ခု ၃ ခုစီပေါ့။ အဲဒါလေးကို ပန်းကန်မှာညှပ်ပြီး ဆာတေးတွေသွားရွေးရတယ်။ ဆာတေးက စုံပါတယ်။ ကြိုက်တာကတော့ ဝက်အူ၊ သိုးသားကို ဆော့စ်နဲ.နယ်ထားတာရယ်၊ ကြက်နှစ်လုံးကင်ရယ်၊ အာလူးကင်၊ ကြက်သား တယ်ရီယာကီရယ်၊ ခရုကင်ရယ်၊ ကင်းမွန်ကင်ရယ်၊ မှိုကို အသားပတ်ပြီးကင်ထားတာရယ်ကိုကြိုက်တယ်။ ကိုယ်တိုင်လုပ်စရာ မလိုပါဘူး။ ကလစ်လေးမှာ ခုံနံပါတ်ရေးထားတယ်။ ဘာဘီကျုးကင်တဲ့နေရာကို သွားပေးပြီးရင် စောင့်ရုံပဲ။ ကင်ပြီးရင် လာပေးပါတယ်။ အကင်က ဆော့စ်က လေးလေးပင်ပင်နဲ. တော်တော် စားလို.ကောင်းတယ်။ 
  • အအေးက Free flow ပါ။ မရင်ဒါ၊ ကိုကာကိုလာ၊ icetea နဲ. Root Beer အလကားရပါတယ်။ 
  • အချိုပွဲအနေနဲ. အသီးနည်းနည်းပါးပါး ကိတ်တိုစိတိုစနဲ. ဘူးလိုက်ပေးထားတဲ့ icecream တွေပုံမှန်ရှိပါတယ်။ Weekend တွေမှာ တခြား အချိုပွဲ စုံစုံလင်လင်လုပ်ပေးပါတယ်။ 
  • Service ကောင်းပါတယ်။ နေရာရတာမြန်တယ်။ ဆက်ဆံရေးက အိုကေတယ်။
  • စွပ်ပြုတ်ကို ရွေးရင် တုံယမ်းနဲ. မာလ လို.ခေါ်တဲ့ အစပ် ဟင်းရည်ကိုမြည်းကြည့်ပါ။
ဆိုင်နာမည်က Fortune Cuisine ပါ။ တယောက်ကို GST 7% မပါပဲနဲ. ၂၃ ကျပ်ကျပါတယ်။ ၂၇ လောက်ရှိမှာပေါ့ အားလုံးပေါင်းရင်။ လိပ်စာပါပေးလိုက်မယ်။ Blk 106 Clementi St 12 (Sunset Way)
#01-38A/B

ဒီလောက်ပြောရရင်တော်ပြီ။ ဓါတ်ပုံလေးတွေ တင်ပေးလိုက်ပါတယ်။
တုံယမ်း စွပ်ပ်နဲ. မာလစွပ်ပ် (မြန်မာလို ဘယ်လိုခေါ်မှန်းမသိ)
 
လတ်လတ်ဆတ်ဆတ် ပင်လယ်စာများ


 

ဘာဘီကျုးစားကြစို.
Cray Fish... Say Yayyyyyyyyy.

ခိုင်ဝေဇံ

3 comments:

Arny said...

hungry hungryyy

=) said...

လျှာရေကျရေ

flyboy said...

Waa.. waa
i want to try. pls bring me to there.