နိုက်ဂျူတီမှာ စားဖြစ်တဲ့ အစားအသောက်တွေ

နိုက်ဂျူတီသွားတုန်းက ညညကျရင်ထွက်စားဖြစ်ကြတာလေးတွေကို တင်ပေးလိုက်တယ်။ အမေရောက်တယ် မနေ.က။ အမေလည်း ကိုယ့်လိုပဲ အစားအရမ်းစုံတယ်။ အရမ်းအစားအသောက်မက်တယ်။ ခုတော့ ကျန်းမာရေးမကောင်းဘူး။ အဆစ်အမြစ်တွေရောင်ပြီးတော့ အထိုင်အထလေးတယ်။ ကိုယ်လည်း အဲလိုပဲဖြစ်မှာပဲ ထင်တယ်။ ဖြစ်ခါမှ ဖြစ်ရောပဲ။ အစားတော့မလျှော့နိုင်ပါဘူး။

ကိုယ်တို.နိုက်ဂျူတီလုပ်တိုင်း သွားစားဖြစ်တဲ့ ဆိုင်လေးရှိတယ်။ Ameen တဲ့။ NUS နားလေးမှာ။ အစားအသောက်အရမ်းကောင်းတယ်။း)


Nasi Goreng Pattaya
ထမင်းကြော်ကို ကြက်ဥကြော်လေးနဲ. Wrap လုပ်ထားတာပါ။ ပြီးတော့ အပေါ်က ချီလီဆော့စ် ဖြူးထားတယ်။ အထဲမှာ ပင်လယ်စာနဲ. ကြက်သားပါတယ်။ အသီးအရွက်နည်းနည်းပါမယ်။ တယောက်စာဆို အများကြီးပဲ။ အရသာလည်းရှိတယ်။ ဈေးက ၄ကျပ်ခွဲပဲ။း)
Maggi Goreng Cockles
ခေါက်ဆွဲကို ခရုနဲ.ကြော်ထားတာ။ အဲဒီဆိုင်က ကြိုက်တာကို လက်ညှိုးထိုးမှာ စားလို.ကောင်းတယ်။ ခေါက်ဆွဲကြော်ကသူများဆိုင်တွေလို ခြောက်ခြောက်ကြီးမနေဘူးတွေ.လား။ ရွှဲရွှဲလေး။ ကောင်းမှကောင်းပဲ။
Nasi Goreng Kampong
Nasi ဆိုတာက ထမင်းကိုပြောတာ။ Goreng ဆိုတာက အကြော်။ Kampongဆိုတာ က တော။ တောထမင်းကြော်လို.ပြန်ရမှာပေါ့။ ကိုယ်စားနေကျ။ အရမ်းကြိုက်တယ်။ စပ်စပ်ကလေး။ ပင်လယ်စာတွေရော၊ ကြက်သားတွေရောပြီးတော့ Ikan Billis လို.ခေါ်တဲ့ ငါးခြောက်သေးသေးလေးတွေရောပါတယ်။း)
Butter Chicken and Garlic Nan/Butter Nan
ကြက်သားထောပတ်နဲ. နံပြားပါ။ ကြက်သားက ကောင်းသလို နံပြားသတ်သတ်စားရင်လည်း အရသာရှိတယ်။ နံပြားတခုကို လေးပိုင်းပိုင်းထားတယ်။ အကြီးကြီးတွေ။ ပလိန်း နံပြားကတောင် အရသာရှိတယ်။ ကိုယ်က Garlic Nan ကိုကြိုက်တယ်။ ဓါတ်ပုံကိုကြည့်ပြီးတော့တောင် ဗိုက်ပြန်ဆာတယ်။ 
Banana Split (Sinful)
ပုံကိုကြည့်လိုက်တာနဲ. ကောင်းလားမကောင်းလား တွေးကြည့်ပေါ့။ အပိုမပြောပါဘူး။ Sinful လို.သုံးထားတာ သိပ်မှန်တာပဲ။

ဆိုင်လိပ်စာကို သိချင်ရင် ပြောနော်။း) ဘယ်လောက်ကောင်းတဲ့ ဟိုတယ်မှာ စားစား အရသာ ကောင်းတာကို ရှာရခက်မယ်ထင်ပါတယ်။ အရသာကို ပိုက်ဆံနဲ. တန်ဖိုးဖြတ်လို.မရဘူး။ ချက်မဲ့ Ingredients ကိုပဲ ဝယ်လို.ရမယ်။

ခိုင်ဝေဇံ

4 comments:

Kyaw Nyo Thway said...
This comment has been removed by the author.
Kyaw Nyo Thway said...

နိုက်ဂျူတီမှာ စားတာဆိုတော့ ပိုကောင်းမှာပဲဗျ။ အစာစားတဲ့အခါ နေ့ခင်းပိုင်းနဲ့စာရင် ညပိုင်းစားရသောက်ရတာ ဖီလင်တစ်ခုပဲ။ အစားအသောက်ကတော့ မီးလိုတောက်ပဲ။ ပုံတွေထဲက ထမင်းကြော်ရယ် အောက်ဆုံးက sinful ဆိုတာရယ် သွားရည်ကျသဗျာ။

not eat to live nor live to eat but i love to eat. :D

khine wai zan said...

သွားချင်ရင် ပြော လိုက်ပို.မယ်။း)

Kyaw Nyo Thway said...

ဟမ် ရန်ကုန်ကနေ ...အဲ့ဒီ့ဆိုင်ကို???