စင်္ကာပူမှာ ရဲစခန်းရောက်ဖူးလား။
ဟုတ်ကဲ့ ရောက်ဖူးပါတယ်။
အဲဒီတုန်းက ကလန်မန်တီမှာ အိမ်ငှားပြီနေကြတုန်းကပေါ့။ တခန်းမှာ သုံးယောက်နေကြတာ။ အခန်းဖော် အဲဒီလောက်ဆိုးတာနဲ. ပထမဆုံးအကြိမ်ကြုံတာပါပဲ။ သူ.မိသားစုလာလိုက် သူ.သူငယ်ချင်းလာလိုက်နဲ.။ ဒီလောက်ကျပ်သိပ်နေတဲ့အခန်းကို။ ကွန်ပျူတာ တစ်လုံးတောင်လိမ်ယူသွားသေးတယ် ကိုယ့်ဆီက။ အဲဒါနဲ့သူ.သူငယ်ချင်းတယောက်က ရောက်လာပြန်ပါရော။ ရန်ကုန်က စင်္ကာပူကို ရှော့ပင်း ထွက်လာတာတဲ့။ တယောက်တည်းတဲ့။ အင်္ဂလိပ်စကားကို လည်လည်ဝယ်ဝယ်သိပ်မပြောတတ်ပါဘူး။ ကလေးမလေးကတော့ အေးအေးလေးပါ။
အဲဒါနဲ. သူရောက်ပြီး ၄ ၅ ၇က်လောက်နေတော့ ၁ည အိမ်ပြန်မလာဘူး။ အခန်းဖော်ကလည်း တခြားသူငယ်ချင်းတွေအိမ်ရောက်နေတယ် ထင်တယ်တဲ့။ ဖုန်းခေါ်လို.လည်းမရဘူးတဲ့။ အဲဒါနဲ. နှစ်ည မြောက်သွားပါတယ်။ နောက်တရက်မနက်နိုက်ဂျူတီကပြန်လာတော့ နှစ်ယောက်လုံးကို ငိုရက်သားသွားတွေ.ပါတယ်။ ကိုယ့်အခန်းဖော်က အမရယ် လုပ်ပါအုံး ရဲစခန်းကို သွားရမယ်တဲ့ သမီးကမလိုက်အားဘူး အလုပ်သွားရမှာမို.လို.ဆိုပြီးတော့ ဖုတ်ဖတ်ခါပြီးထသွားပါလေရော။ ဟိုကလေးမ ကလည်း အမရယ်ကူညီပါအုံးဆိုတော့ ငြင်းရမှာကို သေရမှာလောက်ကြောက်တဲ့ကိုယ်က အကုန်လုံးကို ခေါင်းဝင်ခံရတော့တာပေါ့။
ကဲအဲဒါနဲ. ဘာဖြစ်ခဲ့လို.လဲလို.မေးတော့ သူက မူစတာဖါမှာ ဈေးသွားဝယ်တာတဲ့။ မူစတာဖါက ပစ္စည်း တွေအရမ်းစုံတဲ့ Little India က ကုန်တိုက်ကြီးပါ။ အိန္ဒိယကလာတဲ့ ပစ္စည်းတွေအကုန်အစုံရှိတယ်။ မြန်မာတွေက အားအားရှိ မူစတာဖါပဲသွားသွားဝယ်ကြတာ။ သူက လူဝင်လူထွက်အရမ်းများတယ်။ ကုလားပြည်ကို ရောက်သွားတဲ့အတိုင်းပဲ။ security လည်းအရမ်းကျပ်တယ်။ အဲမှာဈေးသွားဝယ်တော့ တခေါက်ဝယ်ပြီးတော့ ပလတ်စတစ်အိတ်နဲ. ပြန်ထွက်လာပြီတဲ့။ နောက်ထပ်လိုချင်တဲ့ ပစ္စည်းနည်းနည်းပါးပါးရှိသေးလို. နောက်တခေါက်ဝင်သွားတယ်တဲ့။ ပြီးတော့ နှုတ်ခမ်းနီ ဝယ်ထားတာ ကို အေ၇ာင်မစုံလို. ထပ်ပြီးရွေးတယ်တဲ့။ သူမှားတာက ဝယ်ပြီးသား အထုပ်ကို ပိတ်ပြီးပေးလိုက်တာကို သွားဖွင့်တာပဲ။ နှုတ်ခမ်းနီ အရောင်တိုက်မလို.တဲ့။ ပြီးတော့ နှုတ်ခမ်းနီ ၆တောင့် ၇ တောင့်လောက် အသစ်ထပ်ယူပြီးတော့ ဘယ်ဟာက ဝယ်ပြီးသား ဘယ်ဟာက အသစ်မှန်းမသိတော့ပဲနဲ. အဲဒီအိတ်ထဲမှာပဲရောထပ်မိလိုက်တာတဲ့။ မေ့သွားလို.တဲ့။ သူ.မှာ တခြားပစ္စည်းတွေလဲ ထပ်ဝယ်တော့ ပြန်ထွက်တဲ့အခါကျတော့ မေ့ပြီး တခြားဟာတွေကို၇ှင်းပြီး နှုတ်ခမ်းနီကို ထုတ်ပေးဖို.မေ့သွားတယ်တဲ့။
အဲဒီမှာတင် ထွက်တော့ alarm ကမြည်တော့တာပေါ့။ မြည်တာနဲ. ဘာမှရှင်းပြချိန်တောင် မရပါဘူးတဲ့။ ကုလားကြီးနှစ်ယောက်က တဖက်တယောက်ဆွဲခေါ်ပြီး basement ကိုခေါ်သွားပါတယ်တဲ့။ ပြီးတော့ အားလုံးကိုရှာ။ တွေ.တာပေါ့ နှူတ်ခမ်းနီတွေ။ ဟိုကလေးမကလဲ ရှော့ရပြီးတော့ မရှင်းပြတတ်နဲ့။ တတ်သလောက်မှတ်သလောက်ရှင်းပြပြီး ပိုက်ဆံပေးပါမယ်ဆိုတော့လည်း လက်မခံနဲ.။ နောက်ဆုံးတော့ ရဲကားခေါ်ပြီးတော့ Outram Park ကအချုပ်ခန်းထဲပို.လိုက်ပါတယ်တဲ့။ လက်ထိပ်ခတ်ပြီးခေါ်သွားတာနော်။ အရေးထဲဖုန်းကလဲ ဘက်ထရီကုန်သွားတော့ ဘယ်သူ.မှလည်းခေါ်လို.မရဘူးတဲ့။ ဟိုရောက်တော့ ပါလာတဲ့ ပစ္စည်း တွေ ဟန်းဖုန်းပိုက်ဆံအိတ် အကုန်သိမ်းပြီး အချုပ်ခန်းထဲ ထည့်လိုက်တယ်တဲ့။ မူစတာဖာက ပစ္စည်းခိုးလို.ဆိုပြီး စွပ်စွဲခံရပြီးရောက်လာတဲ့ လူတွေကိုက မနည်းဘူးတဲ့။
မူစတာဖာဆိုင်အတွင်းဘက်
photo credit; http://media-cdn.tripadvisor.com/media/photo-s/00/18/6b/a5/mustafa-centre.jpg
ကိုယ်ကနားထောင်ပြီး စိတ်တွေလေသွားတယ်။ သူ.ဗီဇာက တရားရုံးတက်ရမဲ့နေ.မှာကုန်မှာပါ။ အဲဒီနေ.ကို ပြန်ဖို.လုပ်ထားတာ။ ရဲစခန်းက သက်တမ်း ၂ရက်ထပ်တိုးပေးမယ်လို.ပြောတယ်တဲ့။ အဲဒါခု ဘာလိုက်လုပ်ပေးရမလဲဆိုတော့ ရှေ.နေနဲ. တိုင်ပင်ကြည့်ရင်ကောင်းမလားလို.တဲ့။ အဲဒါနဲ.စုံစမ်းပြီးတော့ စီးတီးဟော ၁၀ ထပ်မှာရှိတဲ့ မြန်မာ ရှေ.နေ ရုံးခန်းကို ရောက်သွားကြပါတယ်။ ကိုယ်တို.ကတော့ မြန်မာဆိုလို. အားကိုးပြီး သွားတာ ရောက်တော့ သူနဲ.မတွေ.ပါဘူး။ သူ. လက်အောက်က ရှေ.နေ တယောက်နဲ.တွေ.ပါတယ်။ ဒီလိုဒီလိုပဲ ဖြစ်တယ်လို.ပြောပြတော့ သူပြောပုံက ကဲကဲ တဲ့ လုပ်တုံးက လုပ်ပြီးတော့ ခံရတော့မှ ဟိုပြောဒီပြောတွေမပြောနဲ. ဘာလုပ်ပေးရမလဲပဲပြောတဲ့။ အဲဒါနဲ. သောက်မြင်ကတ်ပြီး ဘာမှမလုပ်ပဲ ပြန်လာခဲ့ကြတယ်။ ရှေ.နေနဲ.လုပ်နေရင် ကြာအုံးမယ်။ ရုံးတက်ကမ်းတက်ဖြစ်အုံးမယ်လို.။ ခုတော့ သူက ဝန်ခံလိုက်ပြီဆိုတော့ ဘာမှဆက်လုပ်လိုမရတော့ဘူး။ လက်မှတ်က ထိုးပြီးသွားပြီလို.။ ညီမလေး ဝန်ခံ ပိုက်ဆံလျော်ပြီးတော့ ပြန်လို.။ သူက ပတ်စ်ပို.ကို အပျောက်ခံပြီး နာမည်အသစ်ပြန်လုပ်လိုက်ရင်ရလောက်တယ်တဲ့။ အင်းအင်း အဲဒါကောင်းတယ်တယ်ဆိုပြီးတော့ နှစ်ယောက်လုံး စိတ်တွေချမ်းသာသွားပါတယ်။
ပြီးတော့ သူက မနက်ဖြန်တရားရုံးကို အိမ်ကသွားလို.မရဘူးတဲ့။ အချုပ်ခန်းကသွားရမှာတဲ့။ သူရဲစခန်းကို ပြန်သွားရမှာတဲ့။ ဆိုတော့ ကိုယ့်မှာ သူ.ကို ရဲစခန်းကို လိုက်ပို.ပေးရတယ်။ ရဲစခန်းက ရဲချောချောလေးတယောက်က ကိုယ်တို.နှစ်ယောက်ကိုလာလာဆိုပြီး အပြင်ထွက်ခိုင်းပြီး ရဲကားကို ခေါ်သွားတယ်။ ကိုယ်တို.က ဘုမသိ ဘမသိလိုက်သွားကြတော့ ရဲကားပေါ်တက်ခိုင်းပါလေရော။ ကိုယ်ကမေးကြည့်တော့ Immigration ရုံးကိုသွားပြီးတော့ သက်တန်း၂ရက်တိုးခိုင်းမလို.တဲ့။ အဲဒါနဲ.မျက်နှာပူပူနဲ.ပဲ ရဲကားကြီးနဲ. ICA ရုံးကို ရောက်သွားပါတယ်။ ရှက်လိုက်တာမပြောပါနဲ.တော့။ သူများတွေ.မှာစိုးလို. ခေါင်းလည်းမဖေါ်ရဲဘူး။ သက်တန်းတိုးပြီးပြန်လာတော့ ကိုယ်က အိမ်ပြန်ပြီး သူချမ်းမှာစိုးလို. အနွေးထည်ပြေးယူတယ်။ ပြီးတော့ အချုပ်ခန်းအထိ သွားပေးရတယ်။ သူက ရဲစခန်းမှာ တညအိပ်ပြီးတော့ နောက်နေ. ပိုက်ဆံ ၁၀၀၀လားမသိဘူး လျော်ရတယ်။ နောက်နေ.ပြန်သွားပါတယ်။ ဒီမှာ Finance နဲ.ကျောင်းတက်မလို. စီစဉ်ထားတာ စင်္ကာပူကိုစိတ်နာလို. တသက်လုံးပြန်မလာတော့ပါဘူးတဲ့။ လာရင်လည်း Student Card Reject ထိမှာပဲ။ Finance လုပ်မဲ့လူက ပစ္စည်းခိုးပါတယ် ဆိုတယ် Criminal Record ကြီးရှိနေတာကို။ ဘယ်လို အလုပ်ရပါတော့မလဲ။
အဲဒီကတည်းက ကိုယ် မူစတာဖါကို ဘယ်တော့မှ မသွားတော့ဘူး။ ဈေးဝယ်ရင်လည်း အရမ်းသတိထားတယ်။ ကိုယ်နမော်နမဲ့နဲ. ပေါ့ဆလိုက်ရင် နောက်ဆက်တွဲဖြစ်နိုင်တဲ့ ပြသနာတွေက အများကြီး။ မူစတာဖါက အဲလိုအမြဲတမ်းဖြစ်ရင် ရဲစခန်းပို.တယ်ဆိုပြီးနာမည်ကြီးတယ်။ သွားရင် သတိထားသွားကြပေါ့။ ကိုယ့်အတွက်ကတော့ မှတ်မှတ်ရရ အတွေ.အကြုံပါပဲ။
ခိုင်ဝေဇံ
1 comments:
ဖြစ်ရလေ။
မလှထုံဈေးသွားဝယ်တာ လား။
မြန်မာမှာလည်း ဒီလိုဖြစ်ရင် ဒီလိုဖြစ်မှာပဲ
နည်းနည်းတော့ သက်သာမယ်။
Post a Comment