ဒီနေ. ကုလားဓါတ်ကျတဲ့နေ.ပဲ။
မနက်စားတာက ပလာတာ။
နေ.လည်စာက ဒန်ပေါက် (Briyani)။
ညနေစာက ဆိတ်ရိုးစွပ်ပြုတ်။
မနက် ပလာတာက ထားလိုက်ပါတော့။ အကျယ်မချဲ.တော့ဘူး။
နေ.လည်စာ ထွက်စားမယ်ဆိုတော့ အလုပ်က သူငယ်ချင်း ကုလားလေး တယောက်က မေးတယ်။ ဘရီယာနီ ကောင်းတာ စားချင်လားတဲ့။ သူတို. အိန္ဒိယ က ဘရီယာနီ မျိုးတဲ့။ ဒီကဟာတွေလို မဟုတ်ဘူးတဲ့။ သူက ဘယ်ကုလားဆိုင်သွားသွား ဒီကအစားအစာကိုကောင်းတယ် လို.ပြောတတ်တဲ့လူမဟုတ်ဘူး။ သူတောင်ဒီလိုပြောတယ် ဆိုရင်တော့ မဆိုးဘူးပဲ ဆိုပြီး အလုပ်ကလူတွေနဲ. သွားစားတာပေါ့။
စောင့်နေတုန်း ဆိုင်ကို လှည့်ပတ်ကြည့်တော့ စားနေတဲ့ သုံးဝိုင်းစလုံးမှာ အဖြူတွေတွေ.တယ်။ အဲ ဒီဆိုင်က ကောင်းတာသေချာတယ်လို. မှတ်ချက်ချလိုက်တယ်။ ပြောပြမယ် ဘာလို.လဲဆိုတာ။ အဖြူတွေကို အနောက်တိုင်း အစားအသောက် ဆိုင်မှာတွေ.တာ အဆန်းမဟုတ်ဘူး။ မွဲတဲ့ အဖြူတွေ လမ်းဘေး ဟော်ကာဆိုင်မှာ စားတာလဲ အဆန်းမဟုတ်ဘူး။ အဲ ကိုယ်တို.အာရှက လူတွေက အဖြူတွေကို အင်မတန် တန်ဖိုးထားတယ်လေ။ အဖြူတယောက်လောက်နဲ. သူငယ်ချင်းဖြစ်ရင် (အာရှမှာနော်) လူကို သိပ်လူထင်တာမဟုတ်ဘူး။ ဒီတော့ တော်ရုံတန်ရုံ အစားအသောက် မကောင်းဘဲနဲ. အဖြူတယောက်ကို ကျွေးဖို. ခေါ်မလာဘူး။ အိန္ဒိယစတိုင် အိန္ဒိယအစားအစာစစ်စစ်နဲ. အိန္ဒိယကို အကောင်းဆုံး Represent လုပ်တဲ့ ဆိုင်ကို ပဲခေါ်လာမှာ။ ဒါက ကိုယ့်အမြင်။ အားလုံးက လည်း ဒီဘရီယာနီပဲ စားနေကြတယ်ဆိုတော့ သေချာပါတယ် အရွေးမမှားတာ။ ကိုယ်က အရွေးမှားလို.မရဘူး။ ပထမတဇွန်း မကောင်းရင် ကိုယ်ဆက်မစားတော့ဘူး။ နောက်တပွဲမှာဖို.လည်း ဘယ်တော့မှ မနှမြောဘူး။ ဒီပါးစပ်လေး တပေါက်ပဲရှိတာ သူ.ကို အလိုမလိုက်ရင် ဘယ်သူ.ကို အလိုသွားလိုက်မလဲ။
ဒီဆိုင်မှာ သဘောကျတာတခုက ငါးမုန်.ကြော်လိုမျိုး Papadol လို.ခေါ်တဲ့ အကြော်ကို အလကားချပေးပါတယ်။ ကုန်ရင် ထပ်ဖြည့်ပေးတယ်။ အဲဒါလေးကတော့ နဂိုတည်းက ကြိုက်တယ်။ စောင့်တာကတော့ တော်တော်လေး စောင့်ရတယ်။ ခဏနေတော့ ငပျောရွက်လေး လာခင်းပေးတယ်။ ငပျောရွက်ပေါ်မှာ အချဉ်ရယ် တခြားဟိုစပ်စပ် ဒီစပ်စပ်လေးတွေရယ် ရောထားတဲ့ ဟင်းအရံလေးတွေ လာထည့်ပေးသွားတယ်။ ခဏနေကျတော့ မျှော်လင့်စောင့်စားနေတဲ့ ဘရီယာနီရောက်လာပါတယ်။ ထမင်းက အဝါလည်းမဟုတ်ဘူး။ ဖြူဖြူကြီး။ ဒံပေါက်ပါဆိုပြီး ဝါဝါကြီးလည်းမဟုတ်တော့ စိတ်က တညှိုးကြီးပဲ။ အိုးလေးနဲ. လာချပေးတယ်။ တယောက် စာကတော်တော်များပါတယ်။ အဲဒီအိုးလေးထဲကမှ ခပ်ထုပ်ပြီး ငပျောဖက်ထဲထည့်တယ်။ ခပ်လိုက်တာနဲ. အထဲက ဆိတ်သား ဟင်းနံ.လေး မွှေးပြီးတော့ ထွက်လာတယ်။ ထမင်းထဲမှာမှ ကြက်သားနဲ. ဟင်းရည်ပါတခါတည်း ထည့်ထားတာ။ စားကြည့်တော့ အရသာ တော်တော်ရှိပါတယ်။ ပုံမှန်ဆို အဲလောက်ပွဲကြီးရင် ဘယ်တော့မှ မကုန်ဘူး။ အခုမဆိုးဘူး။ ကုန်တယ်။ ဒါပေမယ့် သူတို.ဆိုင်က တန်ဒိုရီ ကြက်ကြော် (Tandori Chicken) က ထင်သလောက်မကောင်းပါဘူး။ ဘရီယာနီက တစ်ပွဲကို ၁၀ ဒေါ်လာပါ။ ဈေးနည်းနည်းကြီးတယ်လို. ထင်ရပေမယ့် စားရတာ တန်ပါတယ်။
Chicken Briyani Dum
Tandori Chicken
ပြီးလည်းပြီးရော ဘာသောက်မလဲဆိုတော့ ပါလာတဲ့ ၄ ယောက်စလုံးက တက်ညီလက်ညီ မဆလာတီး (Masala Tea) သောက်မယ်တဲ့။ အောင်မလေးဟဲ့။ မဆလာတီးရယ်လို.လဲ လောကကြီးမှာ ရှိသေးတာကိုး။ သူတို.က အဲဒါသောက်ချင်လို.ကို လာတာတဲ့။ အဲဒါနဲ. တဇွန်းမြည်းကြည့်တော့ မဆလာရည်သောက်ရသလိုပါပဲ။ ကောင်းဝူး။ ဘယ်ကောင်းမလဲ။ သကြားမှ မထည့်ရသေးပဲနဲ.။ သကြားက ကိုယ့်ဟာကိုယ်ထည့်ရတယ်။ အကောင်းဆုံးအရသာ လိုချင်ရင် သကြား သုံးဇွန်းထည့်ရပါတယ်တဲ့။ ထည့်ပြီးမှ သောက်ကြည့်တော့ မဆိုးပါဝူး။ ပူပူစပ်စပ်ကလေးနဲ. တမျိုးလေးပါ။ သူတို.ကတော့ အဲဒီလဖက်ရည် သောက်ရင် Red Bull သောက်သလိုပဲ လန်းတယ်တဲ့။ လန်းမလန်းတော့ မသိဘူး။ အပြန်လမ်းမှာ ကားပေါ်မှာ ဇက်ကို ကျိုးနေရောပဲ အိပ်ငိုက်တာ။ ညနေစာကို ချွေတာပြီး မစားတော့ဘူးမှတ်တာ။ အိမ်အပြန် ကုလားဆိုင်နားက ဖြတ်လာတော့ ဆိတ်ရိုးတွေပုံထားတာ မြင်တော့ မရိုးမရွဖြစ်လာတယ် စိတ်က။ အဲဒါနဲ. ဆိတ်ရိုးကို ဟင်းရည်တို. ကြက်ဥတို.နဲ. ရောချက်တဲ့ TULANG တပွဲ ဝယ်လာပြီး အသကုန်စားတာပေါ့။ စားလို.တော်တော်ကောင်းပါတယ်။ ဈေးမကြီးဘူး။ တပွဲ ခြောက်ကျပ်ပဲ။ အရိုးထဲမှာ ပါတဲ့ ရိုးတွင်းခြင်ဆီတွေမှ အရသာရှိတာ။ အရိုးမှာ ကပ်နေတဲ့ အသားနဲ. အရွတ်တွေကို ကိုက်ရတာကလဲ အရသာ။ ဒါက စားတတ်မှ။ လူရှေ.မှာ စားလို.မရပါဘူး။ မိန်းကလေးဆိုတော့ ဆိတ်ရိုးကို အကြီးအကျယ်ကုန်းကုန်းကိုက်ရင် လူကြည့်ခံရလွန်းလို. အပြင်မှာ မစားတော့ဘူး။ အိမ်ရောက်မှ အရိုးနဲ. အသေအချာ နပန်းလုံးတာပေါ့။
Mutton Bone Marrow .. တောက် ဗိုက်တောင်ပြန်ဆာလာတယ်။
2 comments:
Waa... U make me feel hungry. where is that place.
အဘာလေးဟိုင်း နင်ရီးထားစော် india အစားအစာဆိုလို့တချက်ဝင်ဖတ်ခီစော်မှာ လျှာရေ ပပေါက်ကျလခဗျာယ် ပါးပူ...စင်ကာပူလာကေ နင်ငါကိုကျွေးရဖို့..:D:)
Post a Comment