တို.များငယ်ငယ်တုန်းက (၃)

ဘယ်မှာဆုံးခဲ့တာလဲဆိုတာတောင် မေ့သွားပြီ။ အော် ၄ တန်းနှစ်ဝက်မှာ စစ်တွေကို ပြောင်းလာတာ။ အိုကေ ပြန်စမယ်။ ကျောက်ဖြူကနေ ၄ တန်းနှစ်ဝက်မှာ စစ်တွေကို ပြန်ပြောင်းလာခဲ့ပါရော။ ရောက်စကတော့ ကျောက်ဖြူစကားတပြောပြောနဲ. ပေါ့လေ။ မသိရင် ကျောက်ဖြူမှာမွေး ကျောက်ဖြူမှာကြီးကျလို.။ သိပ်မကြာပါဘူး။ ထုံးစံအတိုင်း နောက်တလမှာ စစ်တွေလို ချောချောမွေ.မွေ.ပြန်ပြောသွားနိုင်ပါတယ်။ ကတုံးဘဝကလည်း လွတ်သွားပါတယ်။ အမေက ဆံပင်ပြန်ပေးရှည်တယ်။ အမက ၁၅ ပြည်တော်သာ မှာပဲ ကျောင်းဆက်တက်ရပါတယ်။ ကျူရှင်ဆရာမက ဒေါ်ဆွေဆွေသန်းပါ။ ကျူရှင်တက်ဖော်တက်ဖက်တွေက သူရိန်မောင်မောင် ဝင့် တို.နဲ. တက်ရတယ်။ အဲဒီတုန်းက ပတ္တမြားဒေဝီစိုးမဲကျီ ဆိုတဲ့ ရခိုင်ကား က တအားနာမည်ကြီးချိန်မှာ အသားမဲတဲ့ကိုယ့်ကို မဲကျီမ လို. ဆရာမက ပြောင်ခေါ်တယ်။ တဟီးဟီးနဲ. မင်းသမီးဖြစ်ရလို. ဝမ်းသာလိုက်သေးတယ်။ အသားမဲလို. ခေါ်လို.ခေါ်မှန်းမသိ။ အဲဒီလိုမျိုး။

၅ တန်းနှစ်မှာတော့ မူလတန်းကျောင်းဖြစ်တယ့် အမက ၁၅ ကနေ အထက်တန်းကျောင်းကြီး ဖြစ်တဲ့ အထက ၄ ကို စပြီးတော့ တက်ရပါတယ်။ စစ်တွေ အထက ၄ ကစစ်တွေမှာ နာမည်ကြီးကျောင်းပါ။ သူနဲ.အပြိုင် အထက၂ ရှိတယ်။ ကျန်တဲ့ ကျောင်းတွေက နာမည်သိပ်မထွက်ဘူး။ အထက ၄ ကို အမက ၁၅၊ အိုးတန်းကျောင်း၊ နေဘီကျောင်းစသည်ဖြင့် မူလတန်း အလယ်တန်းကျောင်းတွေက အတော်တွေအားလုံး စုလာကြတယ်။ ကိုယ်တို. ကျောင်းစနစ်က စလာလာချင်း ဦးသူရ ပုံစံမျိုးနဲ. အေခန်း ဘီခန်းတွေကို ပေးထိုင်လိုက်တယ်။ များသောအားဖြင့် ဘီခန်းက စထိုင်ရတာများပါတယ်။ နောက် ပထမအစမ်းစစ်တော့မှ အဆင့်အလိုက်ပေးထိုင်တယ်။ ကိုယ် ပထမအစမ်းစစ်ပြီးတာနဲ. အေခန်းရောက်သွားပါတယ်။ မြတ်လင်းထွန်း သန်းထွန်းဦး ကျော်ထူးအောင် ဝင့် ယဉ်ယဉ်ဖြူ သွယ်သွယ်ဝင်း ပိုပိုအောင် မစမ်းကြည် ဝင့် လှသန်းရီ စတဲ့ အပေါင်းအသင်းများနဲ. ဆုံရတယ်။ မစမ်းကြည် (နှလုံးလှစာပေ) နဲ. လှသန်းရီကြားထဲထိုင်ရတယ်။ တင်မိုးလင်းထွန်းလဲရှိတယ်။ ရောက်စက သိပ်မပျော်ပေမဲ့ နောက်တော့လည်း အသားကျသွားတာပါပဲ။  အဲဒီတုန်းက ကျောင်းဆောင်က ခရစ်ယန်ကျောင်းဝင်းကြီးနားမှာ ကပ်နေတဲ့ အဆောင်ဟောင်းမှာတက်ရတာပါ။  မှောင်မှောင်မဲမဲနဲ.။ အဲဒီအဆောင်က အိမ်သာက သရဲခြောက်တယ်လို. နာမည်ကြီးတယ်။ ပုံပြင်လေးကတော့ ကောင်မလေးတစ်ယောက်ဟာတဲ့ ညနေ၄ နာရီကျောင်းဆင်းချိန်မှာ အိမ်သာသွားတက်ပါလေရောတဲ့။ ကျောင်းသားတွေပြန်သွားပြီဆိုပြီး ကျောင်းစောင့်က အိမ်သာတွေကို လိုက်ပိတ်တယ်တဲ့။ ကောင်မလေးက ပိတ်သွားတာ မသိလိုက်ဖူးတဲ့။ ဟော သူထွက်မယ်ကြံတော့ ထွက်မရတော့ဘူး။ အော်တော့လည်း အိမ်သာနဲ. ကျောင်းနဲ.က အဝေးကြီးဖြစ်တဲ့အတွက် ဘယ်သူမှ မကြားတော့ပါဘူးတဲ့။ ကံဆိုးချင်တော့ နောက်နေ.ကလည်း စနေ တနင်္ဂနွေဆိုတော့ ကျောင်းမှာ ဘယ်သူမှ မရှိတော့ပါဘူးတဲ့ ။ အဲဒီ သနားစရာကောင်မလေးဟာ အိမ်သာက အီးကုန်း စက္ကူတွေကိုက်ပြီးတော့ သေသွားရှာပါတယ်တဲ့။ တင်္နလာနေ.မှ သူ.အလောင်းကို ပြန်တွေ.ပါတယ်တဲ့။ အဲဒီတည်းက သူက လိုက်ပြီး ခြောက်တယ်ဆိုပြီးနာမည်ကြီးပါတယ်။ ဘယ်ကောင်မလေးမှ တစ်ယောက်တည်းမသွားပါဘူး။ အမြဲတမ်း ၂ ယောက်သွားကြတယ်။ ဟုတ်မဟုတ်မသိပေမဲ့ အဲတုန်းက ယုံတာကိုး အတင်းကြောက်ကြတာ။

၅တန်းနှစ်ကတည်းက နေနေကျ ဂေါက်သီးကွင်းကနေ လမ်းမကြီး မှာနေဖို.အခွင့်ကြုံလာပါတယ်။ ယုဇန အအေးဆိုင်ရှေ.တည့်တည့်ပေါ့။ ကြယ်နီရေခဲချောင်းအိမ်နဲ. မျက်စောင်းထိုး။ ယုဇနဆိုင်ဘေးမှာ ဝက်ခေါင်းလဖက်ရည်ဆိုင်ရှိတယ်။ ဝက်ခေါင်းလို.သာခေါ်ရတယ် ဘယ်သူ.ခေါ်မှန်းမသိဘူး။ နာမည်မလှတော့ အားနာသား။ သူ.မြေး ကျော်သန်းထိုက်က ကိုယ်နဲ. အမက၁၅မှာ ၄ တန်း ပေါင်းဖော်ပေါင်းဖက်တွေ။ မိန်းကလေးတွေက ၁၁ နှစ် ၁၂ အရွယ် မှာအဆော့ဆုံးအချိန်ထင်ပ။ ဆော့တာ ခွက်ခွက်ကို လန်နေတာပဲ။ မိမနိုင် ဖမနိင် ဆော့ပါတယ်။ အိမ်ဘေးမှာ ရဲစခန်းရှိတယ်။ နေလ တည်းခိုခန်းရှိတယ်။ ရဲစခန်း မှာ ပေါက်စိ ပေါက်စနလေးတွေ အများကြီးရှိတယ်။ ကိုယ့်ဘော်ဘော်သရဲတွေပေါ့။ တူတူပုန်းတမ်း နို.ဆီခွက်ခေါက်တယ် အိမ်ဆောက်တမ်းဆော့တယ်။ ဘယ်အချိန်ကြည့်ကြည့် ပေတူးနေတာပဲ။ တစ်ခါက ရဲစခန်းမှာ လူကြီးလာမှာမို.လို. ပန်းအိုးတွေ ပန်းဆိုင်က ငှားပြီးချထားတာ ကိုယ်အားလုံး ခူးပြီးပန်လိုက်တာ စခန်းမှူးဆီမှာ အသေ အဆူခံရတယ်။ အချုပ်ခန်းတွေကို သွားချောင်းကြည့်တယ်။ အဲ အသိရလာပါတယ်။ အရူးမ လှမြခိုင်ဆိုတာ။ သူက လည်း သီချင်းတွေ အော်အော်ဆိုလွန်းလို. လူကြီးလာခါနီးရင် အမြဲတမ်း အချုပ်ထဲ ထည့်ထားရတယ်။ သွားသွားချောင်းရင်းနဲ. ရင်းတောင် ရင်နှီးလာတယ်။ အရီး လှမြခိုင်က အရူးသာဆိုတယ် သန်.သန်.ပြန်.ပြန်. သနပ်ခါး အဖွေးသားနဲ.အရူး။ ဘယ်တော့မှ ညစ်ညစ်ပတ်ပတ်မနေဘူး။ အသံလည်းအရမ်းကောင်းတယ်။ အဖေဆို သူသီချင်းဆိုရင် လိုက်တောင် ညဉ်းသေးတယ်။ ခုတော့ ရှိမှရှိသေးရဲ.လား မသိပါဘူး။

မှတ်မှတ်ရရ ၅ တန်း ၆တန်းတုန်းက မကျီးစိ ပစ်တမ်းဆော့တာနဲ. ကတာကို အရမ်းဝါသနာပါတယ်။ မကျီးစိပစ်တမ်းဆော့ဖူးလား။ တွင်းလေးတူးပြီးတော့ တဖောက်ဖောက် မကျီးစိကို လက်သည်းနဲ. ကလော်ပြီးတော့ပစ်တာ။ ကိုယ်က လမ်းမကြီှးမှာ ဒုတိယ ချန်ပီယံ။ ပထမ ချန်ပီယံက မနုလှလို.ခေါ်တယ်။ ဒုရဲအုပ်အိမ်မှာနေတာ သူက။ လက်သည်းကလဲ အရှည်ကြီး။ တဖောက်ဖောက်နဲ. အရမ်းကိုတော်တာပဲ။ သူနဲ.သာတခါတလေ ၇ှုံးတာ ကျန်တဲ့လူတွေနဲ.ဆို ကိုယ်ပဲနိုင်တာ။ အိမ်မှာနိုင်ထားတဲ့ မကျီးစိတွေ ဘူးလိုက်။ အဲဒါတွေကို အစိ ၂၀ တစ်ကျပ်နဲ. ကိုယ်ကပြန်ရောင်းပြီး စီးပွားရေးသောင်းကျန်းသေးတယ်။ ခရေစိလည်းပစ်ကြတယ်။ ချိန်းပွဲတွေက ရှိသေးတယ်။ အိုးတန်းက ဘယ်သူက ပြိုင်ဆော့ချင်လို.တဲ့ ၊ အောင်စောသာရုံနောက်က ဘယ်ဝါက ချိန်းမယ်တဲ့ဆို တာကရှိသေးတယ်။ မနုလှကတော့ ကိုယ်နဲ.ပဲဆော့တယ်။ ကျန်တဲ့လူတွေက ဘက်မတူလို. သိပ်မရောဘူး။ ကိုယ်မန္တလေးမှာရောက်တော့ မနုလှ ဗျိုင်းသတ်ဆေးသောက်ပြီး ကိုယ့်ဘာကို သတ်သေသွားပါတယ်။ ရည်းစားထားတာ အိမ်က သဘောမတူလို.လို.ပြောပါတယ်။ သူ.မကျီးစိပစ်နေတဲ့ပုံကို အခုထိ မျက်လုံးထဲမြင်တုန်းပဲ။

နောက်ဝါသနာတစ်ခုကတော့ ကတာ။ က သလားမမေးနဲ.။ မြန်မာက၊ အင်္ဂလိပ်က၊ ကုလားက ကုန်ရော။ အဲဒီတုန်းက လမ်းဘေးနားက အကျော်ဆိုင်ဘေးမှာ မထိုင်ချင်ဘူးဆိုတဲ့ခေတ်လေ။ ညနေတိုင်းကတယ်။  အိုက်စ်အိုက်စ် ဘေဘီ လို.မကြားလိုက်နဲ. ကြားလိုက်ရင် ထကတာ။ ကုလားသီချင်းနဲ.လည်းကသေးတယ်။ ဘာတဲ့ ကိုဒီယားဟား အာဟား နာ့ရှီ နာရှီး မေဒီယားဟား အာဟား နာ့ရှီ နာရှီး ဆိုတာတွေပေါ့။ ဟီးဟီး။ အဲဒီမှာဘော်ဒါတွေရှိတယ်။ ကဖော်ကဖက် က စန္ဒာခိုင်ဆိုတဲ့ကောင်မလေးရှိတယ်။ သူ.ဘရိတ်ဒန်.ကလည်း နာမည်ကြီး။  သင်္ကြန်တွင်းဆိုရင် ရဲစခန်းမှာ မဏ္ဍပ် အကြီးအကျယ်ချလေ့ရှိတယ်။ သင်္ကြန်ဆို ဝက်ခေါင်းမြေးတွေ ကဲကြသလားမမေးနဲ. ဆောင်းဘောက်အကြီးကြီး အိမ်ရှေ.လမ်းမပေါ်ချပြီး သီချင်းဖွင့်တာ။ သီချင်းတွေကတော့ Vanilla Ice (Ice Ice baby) တို.  MC Hammer ( cant touch this) တို.ဘာတို.ပေါ့။ သီချင်းခေါင်းစဉ်တွေကို ခုမှသိတာပါ။ အဲဒီတုန်းက ကလို.ကောင်းတာပဲသိတာ။ သူတို.ကောင်လေးတစ်သိုက် ကကြတယ်။ အိမ်ရှေ.မှာ။ ဘယ်ရမလဲ ရဲစခန်းရှေ.မှာ စန္ဒာခိုင်နဲ. ကိုယ်နဲ. ထွက်ကတယ်။ လမ်းမကြီးပေါ်မှာ။ မှတ်ကရော။ အဲသလောက်ရူးတာ။

အဲဒီတုန်းက ညီမလေး ကတစ်တန်း နှစ်တန်းအရွယ်လောက်နေမှာပေါ့။ အိုးတန်းကျောင်းမှာတက်တယ်။ နေ.တိုင်း ကျောင်းသွားခါနီးရင် ခေါင်းမူးတယ် ဗိုက်နာတယ် နေမကောင်းစသည်ဖြင့် အော်ကြီးဟစ်ကျယ်ငိုယိုပြီးမှကျောင်းတက်တယ်။ ကိုယ်ကလိုက်လိုက်ပို.ရတယ်။ သိပ်စေတနာရှိလို.မလို.ဟုတ်ဘူး။ သူတို.ကျောင်းမှာရောင်းတဲ့ ထပ်တရာမုန်.ကို စားချင်လို. လိုက်ပို.တာ။ အဲဒီတုန်းက အစားအသောက်နည်းနည်းစစားနေပြီ။ ယုဇန ဆိုင်က ရေခဲမုန်. အရမ်းကြိုက်တယ်။ အဲဒီတုန်းက အိုက်စကရင်ဆိုတာ တစ်မြို.လုံး အဲတစ်ဆိုင်ပဲရှိတဲ့ဟာကို။ ပြီးတော့ ကြယ်နီရေခဲချောင်း။ သူတို.အိမ်မှာ စက်ကြီးတွေနဲ.လုပ်ပြီးရောင်းတာ အမြဲတမ်းသွားဝယ်စားတယ်။ ပြီးတော့ ဒေါ်လာညိုဆိုင်က ခေါက်ဆွဲကြော် ကုန်းဘောင်ကြီးကြော်တွေ။ နောက် ကုလားဝက်သားတုတ်ထိုးရှိတယ်။ ပြောင်းပြန် ဝက်သားတုတ်ထိုးရောင်းတာက ကုလား။ ဟီးဟီး။ အဲ ၅ တန်းနှစ်တုန်းက ဝက်သားတုတ်ထိုးစားချင်လို. ဘဝမှာ ပထမဆုံးအဖြစ်  ပိုက်ဆံခိုးပါတယ်။ ကိုယ်က မုန်.ဖို.၅ ကျပ်ပဲရတယ်။ အဲဒါ အမေက အံဆွဲထဲက ယူသွားလို.ပြောတော့ အံဆွဲ ကိုကြည့်လိုက်တော့ ၅ ကျပ်တန် အသစ်ကျပ်ချွပ်ကလေးတွေ အများကြီးတွေ.ကော။ အဲဒါနဲ. ၅ ကျပ်တန်ကို နှစ်ရွက်ထပ်ပြီး အမေ့ကို ထောင်ပြတော့ မသင်္ကာလို. ကြည့်နေတဲ့ အမေက ဖမ်းလိုက်တာ ကွိခနဲပဲ။ တောက် နာသကွာ။ မိသွားတာ။ ၅ချက်လောက် သမခံရတယ်။ ကျောင်းသွားခါနီးမို.လို.တော်သေးတာပေါ့။

စစ်တွေမှာ အဓိကရ ရုပ်ရှင်ရုံ  နှစ်ရုံရှိပါတယ်။ မြို.မရုံနဲ.မြရုံ ဆိုပြီးတော့။ ကိုယ်ကမြရုံမှာ မှုံရွှေရည်ကားသွားကြည့်တယ်။ အယင်တုန်းကလည်းဒီအကြောင်းကိုရေးဖူးတယ်ထင်တယ်။ ဒါပေမဲ့တိုက်ဆိုင်လို.ပြန်ပြောလိုက်ပါအုံးမယ်။ ကိုယ်ရော အမေရောမျက်ရည်လွယ်တယ်။ မှုံရွှေရည်ကလည်း ငိုရတဲ့ကားကြီးဆိုတော့ ငိုလိုက်တာ ကိုယ်ဝတ်လာတဲ့ ထဘီချွတ်ပြီး မျက်ရည်သုပ်ရတဲ့ အဆင့်ရောက်သွားတယ်။ ပဝါမနိုင်ဘူး။ သရက်တံလည်း မစားနိုင်တော့ဘူး။ မကျီးစိလှော်လည်း မဝါးနိုင်တော့ဘူး။ အမေကပါဝင်သုပ်တာနဲ. သူဆွဲကိုယ်ဆွဲလုပ်ပြီး ထဘီပြဲသွားလို. အိမ်ကို ဘောင်းဘီတိုနဲ.ပြန်လာရတယ်။ ဖြစ်ပုံက။ မြို.မရုံက ဦးဥတ္တမ ပန်းခြံနားမှာရှိတယ်။ သွားကြည့်ဖူးတယ်။ မမှတ်မိတော့ဘူး ဘာကား ဘာညာဆိုတာ။ ကိုယ်ရုပ်ရှင်ကြည့်ခဲတယ်။ ငြိမ်ငြိမ်တောင် ထိုင်မနေတတ်တာ။ ဆတ်ဆော့နေရမှ။

အဲဒီတုန်းက အင်မတန်ကို ဆတ်ဆော့တာပါ။ သူများမပြောနဲ. ကိုယ့်အမေကိုယ်တိုင်ကတောင် မျက်မုန်းကျိုးတယ်။ ရဲစခန်းကနေ. ကန်ဇွန်းဥ စိုက်ထားတာတွေ သွားခိုးကြတယ်။ အဲ ရဲမိသားစုတွေ စိုက်ထားတာပေါ့။ ဦးဆောင်ပြီး ခိုးတဲ့လူက စိုက်တဲ့လူရဲ.သားကြီး သူကသတင်းပေးတာ။ အကြီးကြီးဖြစ်ပြီပေါ့။ ဆိုတော့ ကိုယ်နဲ. အပေါင်းအပါ ၅ ယောက်(သူအပါအဝင်) သွားခိုးပါတယ်။ လူမြင်သွားတော့ သံဇကာကို ခုန်ချပြီးထွက်ပြေးတာ ကိုယ်က မလွတ်ပဲ သံဇကာမှာ ဂျိုင်းနဲ. ချိတ်နေတာ ကန်ဇွန်းဥမစားရပဲ ဆေးခန်းရောက်သွားပါလေရော။ ခိုးတုန်းကခိုးပြီးတော့ ဆေးထည့်တော့ အသံပြဲနဲ.အော်တယ်။ ဆရာဝန်က ဖြူဖြူဖွေးဖွေးနဲ. ဒေါက်တာ ဝင်းကို ဆိုလား ဘာလား မမှတ်မိတော့ဘူး။ ရဲစခန်းမှာ ညနေတိုင်းဆော့ရုံအားမရလို. စနေ တနင်္ဂနွေ ဂေါက်ကွင်းက အဖိုးရှင်တိုအိမ်ကိုပြန်ပြီး လဝက ဝင်းထဲက ကလေးတွေနဲ. မာလကာပင်တက်တယ်။ သရက်ပင်တက်တယ်။ နာဇီရွာက ကုလားလေးတွေနဲ.ရန်သတ်တယ်။ ဘောလုံးကန်တယ်။ စက်ဘီးစီးတယ်။ ပန်လင်ပင်(ထင်းရှူးပင်ခေါ်မလားမသိ) တောမှာ အတွဲချောင်းတယ်။ အိုးပုတ်ဆော့တယ်။ စပါးပုတ် (ကိုယ်တို.အိမ်မှာ စပါးတွေလှောင်တဲ့ ရုံအကြီးကြီးရှိတယ်) ကို ဒိုင်ပင်ထိုးဆင်းတယ် ခေါင်မိုးပေါ်ကနေ၊ စသည်ဖြင့် တစ်အိမ်သားလုံး မျက်စိ နား အေးအေးးမနေရအောင် ဆော့သေးတယ်။

စာအုပ်တွေကတော့ ဖတ်ဖြစ်တာတောက်လျှောက်ပါပဲ။ အချစ်ဝတ္ထုတွေကို ဖတ်ရတာ အရသာမတွေ.တော့ပဲ သိုင်းစာအုပ်ရူးလာပါတယ်။ အဖိုးကလဲ ကိုယ်ငှားငှားလာလို. သိုင်းစာအုပ်စွဲသွားရှာတယ်။ မြေးအဖိုးနှစ်ယောက်ဖတ်လိုက်ကြတဲ့ သိုင်းစာအုပ်။ ရှောင်လင် ဝူတန်း စွန်းလွန်း အော်မေ့ ခုံးတုံး ဆိုတဲ့  သိုင်းလောကဥသျှောင်ဂိုဏ်းကြီးတွေအကြောင်းနောကျေနေပေါ့။ နဂါးနိုင်ဓါးကို မန္တလေးကျမှ တရုတ်ကားကြည့်ရပေမဲ့ ၅ တန်းတည်းက ဖတ်ပြီးသား။ မှဲ.သျှစ်လုံးသျှင်သိုင်းဥကင် ဆိုတာရှိသေးတယ်။ ၈ အုပ်တွဲ။ နဂါးနိုင်ဓါးက ၆အုပ်တွဲ။ အတွင်းအားကျင့်လိုက်ရတာလည်း မပြောနဲ.။ သစ်ပင်တက်တဲ့အကျင့်က သိုင်းစာအုပ်ဖတ်ပြီးနောက်ပိုင်းမှရလာတာပါ။ ကိုယ်ဖော့ပညာကျင့်ရင်းနဲ. အပင်တက်ဖြစ်သွားတာ။ တစ်ခါ အိမ်ထဲမှာ အဖေက သိုင်းစာအုပ်ပေးမဖတ်တော့ စိတ်ဆိုးပြီး အိမ်ရှေ.က ဓါတ်မီးတိုင်အောက်မှာ ၄ အုပ်တွဲဆုံးအောင်သွားဖတ်ပြီးမှ ပြန်တက်လာတယ် အိမ်ပေါ်ကို။ နောက်နေ.ကျချောင်းတွေ တစ်ဟွတ်ဟွတ်ဆိုးရော။ တော်တော်ကို အမြင်ကတ်နေပြီဖြစ်တဲ့ အဖေက ” ဟင် ချောင်းတွေဆိုးပြီးလား  နှင်းတောင်ကြာပွင့် သွားပြုတ်သောက်ချီလေ” ဆိုပြီးထောပနာပြုပါတယ်။ သိုင်းဝတ္ထုတွေမှာ နှင်းတောင်ကြာပွင့်တို. နှစ်တထောင် ကြာပွင့်တို.စားရပြီး အတွင်းအားတိုးတိုးသွားကြတာလေ။ ဟီးဟီး။ စာအုပ်ဆိုင်ဖွင့်တဲ့ကောင်မလေးက ကိုယ်နဲ.တစ်တန်းတည်း ဆွေဇင်ထက်ဆိုတဲ့ကောင်မလေး။

စစ်တွေလို.စဉ်းစားလိုက်တာနဲ. ပွိုင့်ကို ပြေးမြင်တယ်။ ပွိုင့်က ဝက်ခေါင်းသုပ်ကို အရမ်းသတိရတာပဲ။ ပါပါနဲ. ကိုယ်ရယ်ညီမလေးရယ် ပွိုင့်ကိုသွားကြတယ်စက်ဘီးစီးပြီးတော့။ သွားတိုင်း ဝက်ခေါင်းသုပ်စား လဖက်သုပ်စား အုန်းရည်သောက်ရတယ်။ ပြီးရင် မျှော်စင်ပေါ်ကိုတက်တယ်။း) အရမ်းပျော်တာပေါ့။ မျှော်စင်ပေါ်ကကြည့်ရင် အသည်းတောင်ယားတယ်။ အမြင့်ကြီးပဲ။ ပွိုင့်က ရှုခင်းအရမ်းလှတယ်။ ကျောက်တန်းတွေ ကျောက်ဆောင်တွေ ပေါ်တယ်။ ကိုယ်တို.က ရခိုင်လို ဂြင်းလို.ခေါ်တဲ့ ကျောက်တန်းတွေရှိတယ်။ ခရုလေးတွေက ပြွတ်သိပ်ပြီး ကျောက်ပေါ်မှာကပ်နေတော့ ကျောက်က ချောမနေပဲနဲ. ကြမ်းရှနေတာ။ ဖိနပ်မပါရင် ခြေအရမ်းရှတယ်။ ပွိုင့်ပုံလေးတွေနည်းနည်းရှာတွေ.လို.တင်ပေးလိုက်တယ်။

ကာလာကသိပ်တော့မကောင်းဘူး။ ပုံပဲတွေ.ပြီးတော့ ဝက်ဆိုဒ်မရှိတော့ဘူးလို. ပြပါတယ်။ ဂူးဂဲပြီးတော့ ရှာထားတာပါ။ 
အမြှောက်တွေလဲရှိတယ်။ ဒုတိယ ကမ္ဘာစစ်တုန်းက ကျန်ခဲ့တာတွေပေါ့။ ၃ခုရှိတယ် ကိုယ်မှတ်မိသလောက်။
ပွိုင့်လို.ခေါ်တာကတော့ မြို.ရဲ.အစွန်မှာသင်္ဘောဦးပိုင်းလိုချွန်ထွက်နေတဲ့ ပုံစံကျောက်ဆောင်ရှိလို.ပေါ့။ ကိုယ်ခုနကပြခဲ့တဲ့မျှော်စင်က မြေပြင်ကနေသိပ်မမြင့်ပေမဲ့  မြေပြင်အစွန်လေးမှာဆောက်ထားတာဆိုတော့ တက်လိုက်ရင် ဟိုးကျောက်ဆောင်အောက်အထိ မြင်ရတာပါ။ အမြင့်ကြီးလို.ခံစားရတယ်။ 
အဖေက ရေပေးကူးရင် အဲလိုကျောက်တန်းတွေကြားမှာ ပေးကူးတယ်။ လှိုင်းရိုက်ခံရတာ သက်သာအောင်လို.တဲ့။ ပြီးတော့ ပေါင်လောက်ရှိတဲ့ ရေလယ်မှာကိုယ်တိုင်ရပ်ပြီးတော့ စောင့်ပါတယ်။ အဲဒီနေရာကို မကျော်ရဘူး။ အဲလို ဂရုအစိုက်ကောင်းလွန်းလို. ခုထိ ရေမကူးတတ်တာပေါ့။ 

ဒီလိုနဲ.ပဲ ဆော့လို. ရှုတ်လို.ကောင်းဆဲမှာ ၆တန်းကျောင်းပိတ်တော့ မောင်တောမှာ ပြန်နေဖို.ဖြစ်လာပါတော့တယ်။ အပိုင်းလေးမှပဲ ဆက်ဖတ်တော့။း)

စင်္ကာပူမှာ ထိုင်းဆိုင်ကောင်းကောင်းရှာနေသူများအတွက်။

အစားအသောက် ရီဗျူးလေးတွေတောင် မရေးတာ ကြာပြီ။ ဒီတစ်ခါ တကယ် သွားကြည့်ရင် စိတ်ကျေနပ်မဲ့ဆိုင်တစ်ဆိုင်ကို ရွေးပေးလိုက်ပါတယ်။

ဂိုးလ်ဒင်းမိုင်း ကိုသိလား။ Lavender MRT နားမှာရှိတာလေ။ မြန်မာတွေ အင်မတန် ချစ်တဲ့ အိုင်စီအေ ရုံးကြီးနားမှာပေါ့။ ဂိုးလ်ဒင်းမိုင်း က ထိုင်းစီးတီးဟော ပေါ့။ စင်္ကာပူမှာ မြန်မာတွေရဲ. ဆုံဆည်းရာ ပင်နီဆူလာ ပလာဇာ ဖြစ်သလို ထိုင်းတွေ အကုန်လုံးလည်း ဂိုးလ်ဒင်းမိုင်းမှာ လာဆုံကြပါတယ်။ Authentic Thai Cuisine တွေကို အဲဒီမှာရနိုင်တယ်။ Thai Express ကိုတော့ သွားမစားကြပါနဲ.။ ဘယ်လိုမှကို မကောင်းတာပါ။ ဆိုင်အပြင်အဆင်အကြောင်းပြုပြီး ပိုက်ဆံကလည်း ပိုယူသေးတယ်။ အရသာကလည်း မရှိဘူး။ ဆိုင်သေးပေးမဲ့ ကောင်းတဲ့ဆိုင်လေးတွေ အများကြီးပါ။ အခု ဂိုးလ်ဒင်းမိုင်းက Diandin Leluk ဆိုတဲ့ ဘာကြီးမှန်းမသိတဲ့ နာမည်နဲ. စားလို.ကောင်းတဲ့ ထိုင်းဆိုင်ရီဗျူးရေးပေးလိုက်ပါတယ်။

စင်္ကာပူမှာရှိတဲ့ စားဖူးသမျှ ထိုင်းဆိုင်ထဲမှာ အကောင်းဆုံးလို. ပြောလို.ရပါတယ်။ ကိုယ့်အတွက်ပေါ့။ ထိုင်းမှာ စားခဲ့ရတဲ့ အစားအသသောက်တွေနဲ. ယှဉ်လို.ရပါတယ်။ အစားအသောက်ပိုင်း ပြောစရာမရှိပါဘူး။ ဆိုင်အပြင်အဆင်ကလည်း မဆိုးပါဘူး။ ပုံမှန် ရက်စတောရင့် တွေလောက်ပါ။ အဲ လာစားတဲ့လူတွေ တစ်ဝက်လောက်က ဗမာတွေ။ စားပွဲထိုးတွေ အားလုံးကလဲ ဗမာတွေပါ။ ဆားဗစ်ရဖို.တော့ မမျှော်လင့်နဲ.။ အစားအသောက်ကောင်းပေမဲ့ ဆားဗစ်က မကောင်းပါ။ စားပွဲထိုးလည်းလုပ်သေး မြန်မာတွေလာစားရင် လုပ်ပေးချင်သလိုလို မလုပ်ပေးချင်သလိုလိုနဲ.။ နှိမ်တာမဟုတ်ဘူး။ စားပွဲထိုး ကိုယ်လည်း လုပ်ဖူးတာပဲဟာ။ အလုပ်ကို စေတနာနဲ. လုပ်ပေးတယ်။ ကိုယ့်ဆိုင်က အစားအသာက်ကို သူများသဘောကျရင်ပျော်တယ်။ လာစားတဲ့လူကို လိုလေသေးမရှိအောင်လုပ်ပေးတယ်။ လုပ်မှတော့ စေတနာပါပါလုပ်ပေါ့။ ခုလုပ်လည်း လုပ်သေး၊ မြန်မာတွေလာရင် ပဲ စကားကပြောချင်သလိုလို မပြောချင်သလိုလိုနဲ.။ အဲဒီက မန်နေဂျာ ထိုင်းနဲ.လည်းမတည့်ဘူး စားပွဲထိုးတွေနဲ.လည်းမတည့်ဘူး. အဲဒီလို မတည့်တဲ့ကြားက မျက်နှာပြောင်တိုက်ပြီး ခဏ ခဏ သွားစားနေတည်းက ကောင်းမကောင်း စဉ်းစားကြည့်ပေါ့နော်။

ကဲကဲ စမယ်။

ဟင်းပွဲ အကောင်းတွေ အများကြီး ရှိပေမဲ့ ကိုယ်သွားရတဲ့ အကြောင်းရင်းက ဒီမျှစ်သုပ်ကြောင့်ပေါ့။  စပ်သလားလည်း မမေးနဲ.။ ကောင်းသလားလည်း မမေးနဲ.။ ရခိုင်ကြိုက် သုပ်ထားတာ။ ထိုင်းငပိလည်း ပါမှာပေါ့။ ကိုယ်ဆို အဖတ်စားရုံမက အရည်ပါသောက်သေးတယ် တစ်စက်မှ မကျန်စေရဘူး။ ၁၀ မှာ ၉.၉ ပေးပါတယ်။ စားကြည့် မကောင်းဘူးဆိုကြိုက်သလိုပြော။

း) ရောက်ရင် စားဖြစ်အောင် စားကြည့်လိုက်ပါ။
ဒါကတော့ ကြက်သားကင်ကို Pandan Leaf လို.ခေါ်တဲ့ အရွက်နဲ.ထုပ်ထားတာ။ မြန်မာပြည်မှာ ငှက်ပျောရွက် အင်ဖက်တွေနဲ. ဟင်းထုပ်သလို ဒီဖက်မှာလဲ ပန်ဒန်ရွက် နဲ. အမြဲတမ်းထုပ်ကြတယ်။ မလေးစတိုင်ပေါ့။ စားလို.ကောင်းပါတယ်။ ကိုယ်ကတော့ မက်မက်စက်စက်မရှိလှဘူး။
တုံယမ်းစွပ် ကတော့ မပါမဖြစ်ပေါ့ ထုံးစံအတိုင်း။ မဆိုးပါဘူး။ တုန်ယမ်းက အများကြီး မနည်းကုန်အောင် စားရတယ်။ ပုဇွန် ငါး ကင်းမွန် တွေ အများကြီးပေးထားပါတယ်။ ကွာပ စလုံးဆိုင်က တုံယမ်းနဲ.။

 ငပိထောင်းတို.စရာ ။ ထိုင်းဆိုင်တွေမှာရှိပြီး မြန်မာဆိုင်မှာမရှိတာ အဲဒါပဲ။ ဘယ်မြန်မာဆိုင်မှာ မဆို တို.စရာ ကို သခွားသီးကလွဲပြီး ကောင်းကောင်းကန်းကန်းမလုပ်ပေးပါဘူး။ ကိုယ်က ဟင်းသီးဟင်းရွက် ကြိုက်တဲ့လူဆိုတော့ အသားမပါနေ အခုလို ငပိထောင်း ကောင်းကောင်း ငါးအကင်အသေးတစ်ကောင် နဲ. ဟင်းရွက်ပြုတ် စိမ်းစိမ်းလေးနဲ.ဆို ထမင်းတစ်ထပ် ကောင်းကောင်းစားလို.ဝင်တာပေါ့။ ရွှေအင်းလေးမှာ ဒါမျိုး တစ်ပွဲကို သုံးကျပ် လေးကျပ်နဲ. ရောင်းလဲ ဝယ်စားမှာပဲ။ မရောင်းတာဆိုးတယ်။ အဲသူတို.ငပိထောင်းကတော့ ကိုယ့်အိမ်မှာထောင်းတဲ့ ရခိုင်ထောင်းလောက်တော့ မကောင်းဘူးပေါ့။

ဒီဟင်းကိုမြင်တော့ ကျောက်မြောင်း မင်းလမ်းဆိုင်ခွဲမှာစားခဲ့ရတဲ့ ကိုတံငါသည်ဟင်းကို သတိသွားရတယ်။ ငါးပေါင်းပါ။ ထိုင်းစတိုင် ချဉ်စပ်ကလေး လုပ်ထားပါတယ်။ စကားမစပ် စီးတီးဟော ဧရာဝတီ ဆိုင်မှာလည်း ဆားငံစေ့ ငါးပေါင်း ဆိုတာရှိတယ်။ မဆိုးဘူး။ ဒါက ဖရီးကြော်ငြာဝင်ပေးတာ။ ဟီးဟီး။
နောက်ပဲသီးကြော် ဒါကတော့ ဘာမှထူးထူးခြားခြားမရှိတော့ ဓါတ်ပုံမတင်တော့ဘူး။

နောက်ထမင်းစားပြီးတော့ အစာပိတ်အနေနဲ. အချိုပွဲမှာကြတယ်။ ကိုယ့်သူငယ်ချင်းတွေက အချိုပွဲကြိုက်လို. ဒီဆိုင်လာတဲ့လူတွေ။ ကောက်ညှင်း သရက်သီးရယ် ကောက်ညှင်းနဲ. ဒူးရင်းသီးရယ်။ နှစ်ခုလုံးကောင်းမှကောင်း။ ကောက်ညှင်းစီးစီးလေးမှာ အုန်းနိုးဆမ်းပြီးတော့ သရက်သီးစိတ်ချိုချဉ်လေး နဲ.တွဲထားတာ။ နောက်တစ်ခုက ဒူးရင်းပေါ့။ အချို အချဉ် အဆိမ့် အရသာကို စုံနေတာပဲ။ ကောင်းချက်က ရက်စက်တယ်။ ဒါလည်း လုံးဝ မြည်းကြည့်ကြပါ။ အထူးသဖြင့် ကောက်ညှင်း ဒူးရင်းသီးကို ။ ဒူးရင်းသီး ကြိုက်တတ်ရင်ပေါ့လေ။ အရမ်းအရမ်းကို ကောင်းတာပါပဲရှင် လို.ပြောကို ပြောစေရမယ်။း)


ဆိုင်ကဈေးသင့်တင့်ပါတယ်။ ၁ ယောက် ၂ ယောက်လောက်နဲ.သွားရင် ဈေးကြီးသလိုရှိပေမဲ့ ၅ ၆ ယောက်လောက်သွားပြီး ပေါင်းမှာ ပြန်ခွဲလိုက်ရင် သိပ်မပေးရဘူး။ သူတို.ရဲ့ portion ကတော်တော်ကြီးတယ်။ စားရတာတန်တယ်။ သူငယ်ချင်းတွေနဲ. ရော အလုပ်ကလူစုပြီးတော့ရော မိသားစုအလိုက်ကော ထမင်းအရသာရှိရှိ ကောင်းကောင်းကန်းကန်း စားချင်ရင် အဲဒီမှာသင့်တော်ပါတယ်။
ဘော်ဘော်သရဲများ

စားနေရတဲ့အချိန်တိုင်းသည် ပျော်ရွှင်မှုအတိပြီးပြည့်စုံ၏။ Quoted by Khine Wai Zan
စားနိုင်ရင်ကိုယ့်ဖို.
ခိုင်ဝေဇံ

တို.များငယ်ငယ်တုန်းက (၂)

ဆက်မယ်နော်။ သူငယ်တန်းအောင်ပြီးသွားပြီး ဟုတ်! ၁တန်းကို နှစ်ဝက်ထိ စစ်တွေမှာ ဆက်တက်ခဲ့ပါသေးတယ်။ အမက ၁၅ ပြည်တော်သာကျောင်းမှာ။ အဲဒီတုန်းက ကိုယ်ကအသားကမည်းမည်း လူကောင်သေးသေး ဆိုတော့ ကုလားမလေးထင်ပြီး အနိုင်ကျင့်ကြမှာစိုးလို. အမေက ဝတ်ကောင်းစားလှတွေဝတ်ပြီး နေ.တိုင်းဆိုက်ကားနဲ.လိုက်လိုက်ပို.ရတယ်တဲ့။ အမေက ဖြူဖြူဖွေးဖွေးလှလှပပ ကိုး။ ကိုယ်တော့ အဲဒီတုန်းကအကြောင်း ဘာမှ မမှတ်မိတော့ဘူး။ အဲလိုနဲ.ပဲ နှစ်ဝက်အပြီးမှာ ကျောက်ဖြူမှာနေရမဲ့ အခွင့်အရေး ကြုံတော့တာပါပဲ။

ကိုယ်ကျောက်ဖြူကို သွားတုန်းက ပထမဆုံးလေယဉ်စီးဖူးတာ။ ခေါင်းမူးတာ ချာလပတ်ကို ယမ်းနေတာပဲ။ မူးလိုက် အန်လိုက် နဲ. လူမှန်းသူမှန်းကို မသိဘူး။ ကျောက်ဖြူက အရမ်းလှတဲ့မြို.ပါ။ ပင်လယ်ကမ်းစပ်က မြို.တစ်လျှောက်လုံးပဲ။ သဲတွေက ပင်လယ်သဲတွေ အရမ်းဆော့လို. ကောင်းတာပေါ့။ ထူးဆန်းတာက ကျောက်ခဲဆိုလို. ကျောက်စရစ်ခဲတွေပဲရှိပြီး ကျောက်အားလုံးက ဖြူဖွေးနေတာပဲ။ နာမည်နဲ.လိုက်တယ်။ ခလေးဘာမှသိပ်မသိခင် အရွယ်တုန်းကတောင် အဲလောက်လှပလားလို. ခံစားရတယ်ဆိုရင် တော်တော်ကိုလှတယ်လို. သဘောပေါက်လောက်ပြီ ထင်ပ။ ကျောက်ဖြူက ကိုယ့်ရဲ.ကလေးဘဝ ပီပီပြင်ပြင်စခဲ့တဲ့မြို.ပဲ။

ရောက်ပြီးသုံးရက်မြောက်တဲ့နေ.မှ ကိုယ်ကျောင်းစတက်ပါတယ်။ ကျောင်းနာမည်က လက်စွမ်းပြကျောင်းတဲ့။ စစချင်းကြုံရတာက ဘာသာစကား အခက်အခဲ။ ကျောက်ဖြူလေသံနဲ. စစ်တွေလေသံက မတူပါဘူး။ နားလည်ပေမဲ့ ကိုယ်က တစ်ယောက်တည်း စစ်တွေစကားပြောနေရတာ အားငယ်သလိုခံစားရတယ်။ လူအုပ်ထဲကို ဝင်ရောချင်တာပေါ့။  အဲဒီတော့ ကိုယ်စပြီး ကျောက်ဖြူစကားစမ်းပြောကြည့်တယ်။  နည်းနည်းချင်းစီပေါ့။ ၁ လလည်းကြာရော စစ်တွေစကားကို လုံးဝပြောမတတ်တော့ဘူး။ လုံးလုံးကျောက်ဖြူစကားဖြစ်သွားတော့တယ်။ အမေတို.ဆို အံ့တွေသြောလို.  ကိုယ့်ကို တမင်မပြောဘူးထင်နေတာ။ တကယ်ကို မပြောတတ်ဘူးဖြစ်သွားတယ်။ ကျောက်ဖြူလေသံက ချစ်စရာကောင်းတယ်။ ပိုက်ဆံကို စစ်တွေမှာ ဖေ့သာ ကျောက်ဖြူမှာ ပသာ ။ ဘာလဲဆိုတာကို စစ်တွေမှာ ဇာလေ ကျောက်ဖြူမှာ အစွာရောင် စသည်ဖြင့်ပေါ့။ ကွဲပြားခြားနားတာတွေလည်းရှိပါတယ်။  လက်စွမ်းပြကျောင်းမှာသုံးလတက်ပြီးတဲ့နောက်ပိုင်းမှာ အမေက ကိုယ့်ကို ကျောင်းထုတ်ပြီး ကျောက်ဖြူမှာ စာသင်ကောင်းတယ်လို. နာမည်ကြီးတဲ့ ပင်လယ်နားကျောင်း မှာသွားထားပါတယ်။ ပင်လယ်ကမ်းစပ် နားမှာ မေးတင်ပြီးဆောက်ထားတဲ့ တစ်ထပ် သွပ်မိုးကျောင်းလေး။ အရမ်းသာယာတယ်။ ကျောင်းဘေးမှာ ပန်းခြံကြီးရှိတယ်။ ဘာတဲ့ နဒီသောင်ယံပန်းခြံတဲ့။ အဲဒီအချိန်မှာ တော့ကိုယ်က မျောက်ရှုံးအောင်ဆော့တဲ့ အ၇ွယ်ရောက်နေပြီ။

ကိုယ်တို.အိမ်အနီးအနားမှာ ရွယ်တူကလေးတွေ ပေါတယ်။ အုပ်စုလိုက်ကြီး အရမ်းဆော့လို.ကောင်းတာ။ အိမ်ရှေ.မှာ ခရစ်ယာန်ကျောင်းဝင်းကြီးရှိတယ်။ အဲဒီတုန်းက တစ်တန်းနှစ်ဝက်ကြီးတက်တုန်းပေါ့။ ကိုယ်ငယ်ငယ်တည်းက ဆံပင်ပါးလွန်းအားကြီးလို. အမေက ကတုံးတုံးပေးထားတယ်။ ကျောက်ဖြူမှာ တုန်းက ဆံပင်နဲ.တောင် မနေခဲ့ရဘူး။ ရာသီမရွေး ကတုံးပဲ။ ဒါတောင် ခု ပြောင်းဖူးမွှေးသာသာပဲရှိတာ။ အန်းနီးဝေး အဲဒီတုန်းက ကတုံးပြောင်ပြောင်နဲ. အင်းကျီလည်းမဝတ်ဘူး။ ပူလို.ချွတ်ထားတာ။ ဘောင်းဘီတို တစ်ထည်ဝတ်တယ်။ အဖေဝယ်ပေးထားတဲ့ ကစားစရာ သေနတ်ကို ဘောင်းဘီခါးကြားထိုးပြီး ရွာရိုးကိုးပေါက်လျှောက်ဆော့တာ။ မြင်ယောင်ကြည့်ကြပေါ့။ သေနတ်ကတော့ အသေစုတာ။ ငှက်ပျောရွက်ကို အရွက်သင်။ ကျန်တဲ့ အလယ်ရိုးကို အဆစ်လေးတွေလုပ်ပြီး လက်နဲ.သပ်ချလိုက်ရင် ဖတ်ဖတ်နဲ.မြည်တဲ့ သေနတ်တွေရှိသေးတယ်။ တိုက်ပွဲကတော့ ဝင်သလားမမေးနဲ.ပဲ။ ကျောက်ဖြူကို ရောက်တော့ညီမလေးက တစ်နှစ်ကျော်ပြီပေါ့။ သူကဖြူဖြူဖွေးဖွေး ကိုယ်က မည်းမည်းသည်းသည်းနဲ.။ ကျောက်ဖြူမှာတုန်းက လူရုပ်တောင် သိပ်မပေါက်ဘူးထင်တယ်။ ဆော့လွန်းလို.။

နွေရာသီကျောင်းပိတ်တိုင်း ကိုယ့်ကို ခရစ်ယန်ကျောင်းပို.ပြီး အင်္ဂလိပ်စာသင်တန်းတက်ခိုင်းပါတယ်။ မတက်ချင်ပေမဲ့လဲ တက်ရတာပေါ့။ ဆက်လက်ရေး ရေးတာသင်တယ်။ ပုံပြင်လေးတွေသင်တယ်။ ခရစ်ယန် သီလရှင် က တိုင်းရင်းသားပဲ။ ချင်းထင်တယ်။ အသံဝဲဝဲနဲ. ကိုယ့်အမေကို ချီးကျော်ကျွေးတဲ့ သမီးဆိုတဲ့ ပုံပြင်ကို သင်တာ မှတ်မိသေးတယ်။ ညီမလေး  ၃ နှစ်လောက်ရောက်တော့ သူ.လဲကျောင်းပို.တယ်။ ဘယ့်နှယ် တစ်ကျောင်းလုံးမနေရဘူး။ အော်ငိုနေတာ။ ကိုယ်တို.က အဲကျောင်းကို မာသာကြီးကျောင်းလို.ခေါ်တယ်။ ကြက်ဆင်အကြီးကြီးတွေ မွေးထားတာရှိတယ်။ ခြံကြီးက အရမ်းသာယာတာ။ မာလကာပင်တွေအများကြီး။ အဲတုန်းက ကိုယ်အစားဒီလောက်မမက်သေးဘူး။ ဒါပေမဲ့ စာမက်နေပြီ။ ကိုယ်စာအုပ်တွေ စဖတ်ပါတယ်။ မိုးသောက်ပန်း ကနေအစ သတင်းစာအဆုံး အကုန်ဖတ်တယ်။ ကံကောင်းချင်တော့ အိမ်နားမှာ စာအုပ်ဆိုင်ဖွင့်ပါတယ်။ ၂ တန်းနှစ်ဝက်မှာ ဝတ္ထုစာအုပ်ပထမဆုံးဖတ်ဖြစ်ပါတယ်။ ရေးတဲ့လူက မီကိုဇူးဇင်။ စာအုပ်နာမည်မမှတ်မိတော့ဘူး။ အချစ်ဇာတ်လမ်းပေါ့။ အဲဒီကနေစပြီး မီကိုဇူးဇင် နိုကိုဇူးဇင် စာအုပ်တွေကို တောက်လျှောက်ဖတ် တခြားစာအုပ်တွေရောဖတ်ဖြစ်လာတယ်။ ဘယ်လိုဖတ်ရလဲဆိုတော့ အိမ်က အချစ်ဝတ္ထုတွေဖတ်တာကို ခွင့်မပြုတော့ စာအုပ်ဆိုင်မှာသွားခိုးဖတ်တာပေါ့။ အသိကိုး။ အဲ ဖတ်ပုံကို ပြောပြအုံးမယ်။ ဆိုင်ကဆိုင်သေးလေး ဆိုင်အလယ်မှာလေးထောင့် စားပွဲခုံချထားတာပေါ့။ ကိုယ့်နေရာက အဲဒီစားပွဲခုံရဲ.အောက် ဆိုင်ရှင်ခြေရင်မှာ ဂုံနီအိပ်ခင်းထားတာ။ အိပ်ဖတ် မှောက်ဖတ် ပက်လက်ဖတ် ဖတ်ချင်သလို ဖတ်ပဲ။ အင်မတန်သာယာတာ။

စာအုပ်ကြောင့်ရန်ဖြစ်ရတဲ့ အခေါက်လည်းရှိသေးတယ်။ အိမ်နားမှာ လူသစ်ပြောင်းလာတုန်းကပေါ့။ ဗမာပြည်ကပြောင်းလာကြတာ။ ဒါပေမဲ့ အမေရခိုင်ထင်တယ်။ သားလေးတစ်ယောက်ပါလာတယ်။ နာမည်က မဟာပုံပုံဝင့်သူဝင့် တဲ့။ စဉ်းစားသာကြည့်ကြတော့။ လူကလည်း ရန်စွာလိုက်တာ မိန်းမလေးလားကျလို.။ ကိုယ်နဲ.ဆို တည့်ကို မတည့်ဘူး။ ဒါပေမဲ့ ဂွကျတာက သူတို.အိမ်မှာ မိုးသောက်ပန်းစာအုပ် အထပ်လိုက်ကြီးရှိတယ်။ ကိုယ်ကလည်း စာအုပ်မြင်လို.ကတော့ သူ.အမေနဲ.အဖေ အခန်းထဲမှာ ရှိတာတောင် တန်းဝင်ချသွားပြီး စာအုပ်ပုံနားရောက်သွားတာ။ ဘာလုပ်နေနေ အရေးကို မစိုက်ဘူး။ သူတို.က အိမ်ကိုလည်း ပေးယူမဖတ်ဘူး။ အဲကောင်လေးလဲ မဖတ်ဘူး. စာအုပ်က အသစ်ကြီးတွေ အဲဒါကို ကိုယ်ယူဖတ်ရင် မပေစေနဲ. မပြဲစေနဲ.နော် မကိုင်နဲ မထိနဲ.နော်စသည်ဖြင့် အမျိုးမျိုးပြောတယ်။ မကြိုက်လို. ။ ကိုယ်ကတော့ ဖတ်ရပြီးတာပဲ။ တစ်နေ.တော့ စာအုပ်က စာရွက်တစ်ရွက်ပြဲထွက်သွားရော။ ကိုယ်လည်း မျက်နှာငယ်လေးနဲ. ဘာမှာကို မပြောနိုင်ဘူး။ သူ.အမေလဲအနားမှာရှိတယ်။ စိတ်တိုသလိုကြည့်ပေမယ့် ဘာမှတော့ မပြောဘူး။ ကိုယ်လည်း အိမ်ပြန်လာခဲ့ရော။ ပြီးတော့ မုန်.ပေါင်းရောင်းတမ်းဆော့နေတာ။ ဟမ်မလေး နာရီဝက်လောက်ကြာတော့ လိုက်လာတာ လိုက်လာတာ ဒင်းက ။ အမေတို.က အိမ်ထဲမှာ။ ကိုယ့်ဟာကို မုန်.ပေါင်းရောင်းလို.တောင် လက်လည်တာမဟုတ်ဘူး။ သူလာတာကို မမြင်ဘူး။ အနားနားကပ်ပြီး အော်တာ နားတောင်ကန်းမယ်။ ဟဲ့ နင်က ငါ့စာအုပ်ကို ဘာလို.ဖြဲလိုက်တာတုန်း သူများဟာကို ယူလည်းဖတ်သေး ဖြဲလည်းဖြဲသေး။ ကိုယ်က စိတ်ကတိုသွားတယ်။ မတော်တဆ ဖြစ်သွားတဲ့ ကိစ္စကို လာပြောတယ်ပေါ့။ ပြီးတော့ ကိုယ့်ကို တွန်းတယ်။ ကိုယ်လည်းပြန်တွန်းတာပေါ့။ ကိုယ်က ဘယ်တော့မှ ကတ်ကတ်လန်အောင် ပြန်မပြောတတ်ဘူး ရန်တွေဘာတွေဖြစ်ရင် အဲ လက်တော့လျင်တယ်။ ကိုယ်က ပြန်တွန်းတော့ ကိုယ့်လက်မောင်းကို ဖက်ကိုက်တာဒင်းက။ လန်.သွားပြီး အားဆိုအော် ပြီးတော့ ဘာလုပ်ရမှန်းမသိဘူး။ နောက်မှ သူ.လည်းကိုက်မဲ့နေရာရှာတော့ နား၇ွက်ပဲမြင်ရတော့ နားရွက်ပဲဖက်ကိုက်တာပေါ့။ အဲဒါကြောင့်ပြောတာ မိုက်တိုင်စင် နားရွက်ကိုက်တာ ၁၉၉၇ လောက်မှပါလို. ငါတို.က ၁၉၉၁ တည်းက ကိုက်လာတာလို.။ ခဏနေကျတော့ ကိုယ့်အမေကလည်းဝင်ဆွဲ သူ.အမေလည်းလိုက်လာပြီးဝင်ဆွဲမှ ပြီးသွားတယ်။ ဖြစ်ပုံ။

ကျောင်းမှာလဲအေးဆေးပါပဲ။ ကိုယ်ကကျောင်းမှာ သရေပင်အခုန်ကောင်းလို. ပေါ်ပြူလာဖြစ်တယ်။ ဟိုကလည်း သူ.အဖွဲ.မှာ ပါ ပါ ဒီကလည်း သူ.တို.ကို ဂျွိုင်းပါနဲ.။ သရေပင်ကတော့ ခုန်သလားမမေးနဲ.။ ကျွမ်းတွေဘာတွေပစ်ထိုးပြီးတော့ကို ချတာ။ ဒါက ကိုယ့်ရဲ. own stance ပေါ့။ ဟဲဟဲ။ ကျောင်းကသူငယ်ချင်းတွေထဲက စာတော်တဲ့လူတွေပဲမှတ်မိတော့တယ်။ ကျော်သူစိုးဆိုတဲ့ ကောင်လေးရှိတယ်။ တရုတ်လေး သူ.အမေက အင်ဂျင်နီယာမ ထင်တယ်။ ကျောင်းကပွဲတုန်းက ဇော်ဝင်းရှိန်ရဲ. ပိုင်ရှင် မရှိသေးတဲ့ အချစ်ကလေးရေ ဆိုတဲ့ သီချင်းကို ဆိုတာပေါ့ ဒင်းက။ အမလေး ပေါ်ပြူလာ ပေါ်ပြူလာ။ နောက် ယင်းမာကို နဲ. နန်းထွေး ဆိုတဲ့ ညီအစ်မ နှစ်ယောက်ရှိတယ်။ ဗမာမလေးတွေ ဆရာဝန်သမီးတွေ။ အဆင့်က သူတို.နဲ. ပဲ အမြဲလုရတယ်။  ၃ တန်းနှစ် အတန်းတင် နောက်ဆုံးနေ. သင်္ချာဖြေပြီးတဲ့နောက် ကိုယ်ပျောက်သွားသေးတယ်။ အမေတို.က ဒေါင်းတောက်အောင် လိုက်ရှာနေကြတာ။ စာမေးပွဲပြီးတော့ အိမ်ပြန်မလာဘူးလေ။ ၁၂နာရီကပြီးတာ ၄နာရီထိုးတဲ့အထိ ကလေးကပြန်မလာဘူးဆိုတော့ စိုးရိမ်ပြီပေါ့။ ကိုယ်ကတော့ ကျောင်းနားမှရှိတဲ့ ရုံးတစ်ရုံးက ခြံစောင့်သမီးလေးက ကိုယ့်သူငယ်ချင်းဆိုတော့ သူတို.အိမ်လိုက်ပြီး ဇယ်တောက်နေတာ ရှယ်ပဲ။ ပျော်ကြတာပေါ့။ သူငယ်ချင်းနှစ်ယောက်။  ပင်လယ်ကမ်းစပ်မှာ သူတို.အိမ်က။ ကိုယ်တို. ရေထဲတွေဆင်း ဆော့ လက်တွေချိတ် သီချင်းတွေဆိုကြသေးတယ်။ နောက်၅ နာရီလောက်မှ အမေတို.လိုက်လာကြတယ်။ အမေက ပြေးလာဖက်တာပေါ့ အစကတော့ ။ နောက်မှ ဗြန်းဗြန်းကွဲအောင် အရိုက်ခံရတာ။



ကျောက်ဖြူမှာနေတုန်းက ၉  နှစ် ၁၀နှစ် အရွယ်ဆိုတော့ သွားတွေကျွတ်တဲ့ အရွယ်ပေါ့။ သွားလည်း တစ်ချောင်းမှ အကောင်းမရှိဘူး။ ၃ တန်းနှစ်က ပိုဆိုးတယ်။ တစ်နေ.တစ်နေ. သွားကိုက်လိုက် သွားနာလိုက် သွားကျိုးလိုက်နဲ.။ တစ်ပတ်တစ်ခါလောက် နဲ.တဲ့တဲ့သွားလေးကို အပ်ချည် ကြိုးနဲ.ချည်ပြီး ဆွဲ ဆွဲ နေတဲ့ကိုယ့်ကို မြင်ရမှာသေချာတယ်။ ညနေတိုင်း ဆားရည်ငုံရတယ်။ ကိုယ့်ညီမလေးက  ၃နှစ်ရှိပြီး သွားက ရှေ.က လေးချောင်းကျိုးနေပြီ။  အပေါ်နှစ်ချောင်း အောက်နှစ်ချောင်းနဲ. ပြတင်းပေါက်ဖောက်ထားသလိုပဲ။ ငယ်ငယ်တည်းက သူက သွားမကောင်းရှာဘူး။ သူများက ၄  ၅ နှစ်မှာမှ သွားကျိုးတာ သူက ၃ နှစ်လောက်နဲ. ကျိုးနေပြီ။ အဲဒီတုန်းက ကမ္ဘာရှား ဇီးထုပ်တွေရှိတယ်လေ။  သူ.ကို ကမ္ဘာရှားပေးစားရင်ရီရတယ်။ တစ်ကိုက်စီ အကြီးကြီး ကိုက်လိုက်မှ သွားမှာနည်းနည်းလေး ကပ်ကျန်ခဲ့တာ။ အားလုံး အဲဒီ ပြူတင်းပေါက်လို ကျိုးနေတဲ့ သွားကျိုးပေါက်ထဲက အကုန် ပြန်ထွက်လာတာ။ ကိုယ်ဆို ခဏခဏ ဝယ်ကျွေးတယ်လေ။ အဲဒါကို ကြည့်ချင်လို.။ ပြီးတော့ လှောင်တာပေါ့ တဟားဟားနဲ.။ အဲ အဲလို လှောင်လည်းပြီးရော တယ်မကြာပါဘူး အံသွားကိုက်ရော။ အမ်မလေး နာတာသေတောင်သေမယ်။ အဲဒါနဲ. ၄ ရက်ဆက်တိုက်လောက် အနာခံပြီးရော မရတော့ဘူး အံသွားနှုတ်မှ ဖြစ်တော့မယ် ဆိုပြီး ပါပါက ဦးဆောင်ပြီးတော့ သားအဖ နှစ်ယောက် စစ်တွေကို လေယဉ်နဲ.ချီတက်ကြပါတော့တယ်။


သွားဆေးခန်းက စစ်တွေ လမ်းမကြီးဘက်မှာရှိတာ။ နေရာ အတိအကျတော့ မသိတော့ပါဘူး။ ဆရာဝန်ကလည်း ကိုယ့်အသိထဲကပဲလို.ပြောတယ်။ ကိုယ်တစ်ခါမှ ဆေးခန်းတွေဘာတွေသိပ်မသွားဖူးဘူး ဆေးထိုးခံရမှာလည်း အရမ်းကြောက်တယ်။  ဒါပေမဲ့ အေးအေးဆေးဆေးပဲ ထုံဆေးဆိုတာရှိတယ်လို. အဖေက ပြောလို. သိပ်မကြောက်ဖူး လုံးဝမနာစေရဘူး ဘာညာလို. အာမခံထားတာရှိတော့ တည်တည်ငြိမ်ငြိမ်ပဲပေါ့။ အဲ ပြသနာစတာကတော့ ထုံဆေးထိုးခါနီးမှာ စတာပါ။ အပ်သေးသေးတောင်ကြောက်တာ သေတော့မဲ့ဟာကို အဲဒီဆရာဝန်ရဲ. ထုံဆေး အင်ဂျက်ရှင် ဆရိန်းက တံတောင်ဆစ်ထိရှည်တယ်။ ကိုယ်က မြင်လိုက်တဲ့ အခါလူက သွားနှုတ်တဲ့ ထိုင်ခုံပေါ်ရောက်နေပြီ။ မြင်တာနဲ. မျက်ဖြူတွေဆိုက်နေတာ အဖေတို.က သတိမထားမိဘူး။ ဆရာဝန်နဲ. စကားပြောလို.ကောင်းတုန်း။ ဆရာဝန်ဟိုဘက်လှည့်တာနဲ. ဝုန်းဆို ခုံပေါ်ကထပြီး တန်းနေအောင်ပြေးတာ နောက်က လူကြီး ၃ ၄ ယောက် လိုက်မမီပါဘူး။ ပြေးတာပြေးတာ ဘယ်နားရောက်လို.ရောက်မှန်းမသိဘူး နောက်မှ အဲဒီတုန်းက အသစ်ဖွင့်စ ခိုင်သဇင်ပန်းခြံနားရောက်လာတော့ ငါအိမ်ပြန်မဲ့လမ်းကို ရောက်နေတာလို. သတိထားမိတယ်။ ဖိနပ်လည်းမပါဘူးပြေးလာတာ မောလည်းမောလှပြီ။ အဲဒါနဲ. ဆိုက်ကားငှားပါတယ်။ ဆိုက်ကားဆရာကလည်း ကတုံးမလေး ဘယ်ကပြေးလာတာလဲမသိ မျက်ရည်တွေနဲ. မောကြီးပန်းကြီးနဲ. သနားလို.လားမသိ  မလိုက်ဖူးတဲ့။ အဲဒါနဲဆက်ပြေးတာ အိမ်ထိတကယ်ရောက်တယ် ။ အိမ်က ဂေါက်ကွင်းနားမှာ။ စစ်တွေကလူတွေတွေ.ရင် မေးလိုက် လမ်းမကြီးနဲ.ဂေါက်သီးကွင်းနဲ. ဘယ်လောက်ဝေးလဲလို.။ အဖေဆိုတာ ဒေါသတွေမထွက်စဖူး ထွက်လို.။ နောက်တစ်နေ.လည်းကျရော အဖေက အိမ်နားက လ ဝ က ဝင်းထဲမှာ နေတဲ့ ကိုယ့်သူငယ်ချင်း မအေးမြသူကို မုန်.ပေးပြီးခေါ်လာပါတယ်။ သူ.မှာလောလောလတ်လတ်သွားနှုတ်ထားတာ မကြာသေးဘူး။ အဲ သူက ကိုယ့်ကိုပြောတာပေါ့ လုံးဝမနာဘူးတဲ့ စားချင်တာစားလို.ရတယ်တဲ့ သူအာမခံပါတယ်တဲ့ သူ.ပေါက်စသွားကိုလည်း လက်နဲ.ခေါက်ပြတယ်။ လုံးဝမနာဘူးပေါ့။ အဲဒါနဲ. သူ.ကိုယုံကြည်ပြီး ကြယ်နီရေခဲချောင်း ၂ ချောင်းစားရမယ်ဆိုတဲ့ မက်လုံးနဲ.  ဆေးခန်းကို နောက်တစ်ခေါက်ချီတက် သွားကြပါတယ်။ ဆိုက်ကားတစ်စီးနဲ. သားအဖနှစ်ယောက်က ရှေ.က မအေးမြသူက လောလီပေါ့ ကိုက်ပြီးနောက်က။ ကိုယ်က ငိုတော့မဲမျက်နှာနဲ. ထုံဆေးကို ထိုးခံတယ်။ အေး ဟုတ်သားပဲ မနာဘူးဟ ဆိုပြီး ကိုယ့်ပါးကို ပြန်ရိုက်ရနဲ.  ဆိတ်ဆွဲရတာနဲ.။ သူတောင်ဝင်ရိုက်သေးတယ် ထင်ပ နာလား နာလားနဲ.။ တကယ်မနာတာပါ။ အဲ ဘယ်တော့မှနာလဲဆိုတော့ ၂နာရီ ၃ နာရီလောက်နေ အိမ်ပြန်ရောက်ပြီး ထုံဆေးပြယ်တဲ့အခါကျမှ သွားနှုတ်တဲ့နေရာကနာ၊ ပါးရိုက်တဲ့နေရာကနာ၊ ဆိတ်ဆွဲထားတာကလည်းနာနဲ. အသကုန်နာတော့တာပဲ။ အဲဒီတော့မှ မအေးမြတ်သူကို အမလေး ရက်စက်ပါပေ့ လုပ်ရက်ပါပေ့ သစ္စာဖောက်ပါပေ့နဲ. ဆဲတာ နာတိုင်း ။ အိမ်ကလူတွေကတော့ ကျောက်ဖြူစကားလုံးလုံးပြောနေတဲ့ ကိုယ့်ကို တအံ့တသြကြည့်လို. ။ ကိုယ်ဆယ်တန်းအောင်ပြီးတော့ မအေးမြတ်သူ ကျိုက်ထီးရိုးသွားရင် ကားချောက်ထဲကျ မီးလောင်ရာမှာပါပြီး ဆုံးသွားတဲ့ အကြောင်းကို ကြားရပါတယ်။ ယုံတောင်မယုံနိုင်ဘူး။


ကျောက်ဖြူမှာ မှတ်မိသလောက် ရောက်ခဲ့တဲ့နေရာကို ပြောရရင် မှတ်မှတ်ရရတွေပေါ့ မင်းပြင် ဆိုတဲ့ရွာရယ် ၊ ကျောက်တစ်လုံးစေတီရယ်၊ နောက် ကံ့ကော်တော ဖုရားရယ်ပေါ့။ မင်းပြင်က မြို.ပြင်ကရွာ ကားနဲ. သွားရသေးတယ်။ အဲဒီမှာ ကိုယ်တို. မိုက်ခရိုဝေးဖ် လို.ခေါ်တဲ့ ဘာခေါ်မလဲ ဖုန်းလိုင်းတွေ ဘာတွေဖမ်းတေပေါ့ အဲဒီစင်ကြီးရှိတယ်။ အမြင့်ကြီးပဲ။ အပေါ်မှာ ပုဂံပြားမှာ ပုဂံလုံးမှောက်ထားသလို ပုံစံကြီးလုပ်ထားတာ။ အဖေတို.များ ကလေးတွေကို အဲဒီ စင်ကြီး အပေါ်ဆုံးအထိ ခေါ်သွားတာ။ အဖွားတောင်ပါလိုက်သေး။  အပေါ်ကကြည့်ရင် လူတောင်ရိပ်ရိပ်ပဲ မြင်ရတာ။ ကိုယ်ဆို ထမ်းချရတယ်။ ကြောက်လွန်းလို.။ နောက်အဲဒီမှာ ကျောက်ပုဇွန် (Lobster) ကြီးတွေ အရမ်းပေါတယ်။ ထမင်းဝင်သလားမမေးနဲ.။ နောက် ကံ့ကော်တော ဘုရားကြီးကိုသွားတယ်။ ကံကော်တော ဘုရားကိုသွားရင် ပိန်းစွယ် ဗမာလို ပိတ်စွယ် ခေါ်လား ဘာလား အဲဒီဟင်းစားရတယ်။ နာမည်ကြီး လာသမျှလူကို ပိန်းဟင်းချက်ကျွေးတဲ့။ ဘုရားနားမှာ ပိန်းတောာကြီး သီးနေတာပဲ။ ဘုရားဝင်းထဲချက်ရင် ဘုရားတန်ခိုးကြောင့် မယားဘူးတဲ့။ အပြင်ယူသွားပြီး ချက်ရင် ယားတယ်လို. ယုံကြတယ်။ တကယ်လဲ စားလို.ကောင်းပါတယ်။ ဘုရားနားမှာ ရွေးပင်တွေ အုပ်လိုက်ရှိတယ်။ ရခိုင်လို ရွေး ဗမာလို ရွဲလို.ခေါ်တယ်။ ရွဲကုန်သည်ပုံပြင်ကြားဖူးတယ်ဟုတ်။ ရွေးစေ့လေးတွေက လှလိုက်တာ လှလိုက်တာ ဘဝမှာ ပထမဆုံးမြင်ဖူးတာပါ။ ပဲလုံးစေ့လောက်ရှိပြီး အနီတစ်ဝက် တစ်ဝက် အရောင်ကလည်း ရွှန်းစိုပြီး ပန်းချီဆွဲပေးထားတဲ့အတိုင်းပဲ။ အဲဒါကြောင့်မို.လည်း ရွဲကုန်သည်ဆိုပြီး ပုတီးလေးတွေ လုပ်ရောင်းကြတာကိုးလို. စဉ်းစားမိတယ်။ တော်တော်များများကတော့ မမြင်ဖူးကြဘူးလို.ပြောတယ်။ ကိုယ်လဲ ပထမဆုံးနဲ. နောက်ဆုံး မြင်ဖူးတာပါ။ ကျောက်တစ်လုံးဘုရားက တော့ အိမ်နားမှာရှိတာ။ ကျောက်ဖြူအကြီးကြီးတစ်လုံးတည်းပေါ်မှာ ဘုရားတည်ထားတာ။ ကျန်တဲ့နေရာတွေက မမှတ်မိတော့ဘူး။ အော် ရှိသေးတယ်။ ကိုယ့်အိမ်နဲ.ကျောင်းသွားတဲ့လမ်းပေါ်မှာရှိတဲ့ ရခိုင်မုန်.တီဆိုင်။ အိမ်ထဲမှာပဲရောင်းတာ။ အိမ်ရှေ.မှာ စကားပင် အကြီးကြီးရှိတယ်။ မိသားစုဆိုင်လေးပါ။ လက်ညှစ်မုန်.တီလုပ်ရောင်းတယ်။ ကောင်းလိုက်တာ မပြောပါနဲ. ။ အဲဒီတည်းကကို မုန်.တီကြိုက်တာ။ အဲဆိုင်မှာစားလို. တခြားဆိုင်မှာစားရင် မုန်.တီကြိုက်ချင်မှကြိုက်မှာ။

နောက်အမှတ်တရ အစားအသောက်ကိုပြောရရင် ကိုယ်ကျူရှင်တက်တဲ့ လမ်းမှာရောင်းတဲ့ ထမင်းကြော်။ ထမင်းကို ပဲငံပြာရည် အပျစ်လေးနည်းနည်းနဲ. ကျော်၊ ပဲပြုတ်ကို ဆီစိမ်ပြီးအိနေအောင်လုပ်ပြီးနည်းနည်းခြေထားတာ၊ ပြီးတော့ အမဲသားနှပ်ကလေးထည့်  ငရုတ်ဆီရယ် သခွားသီးတောက်တောက်စင်းပြီး ရောထားတာလေးနဲ. တစ်ပွဲကို ၂ ကျပ်ပေးရတယ်။ စားလိုက်ရင် နတ်ပြည်တန်းရောက်သွားသလိုပဲ။ ခုတောင် အရသာကို ပြန်ပြီးခံစားလို.ရတယ်။ အဲလောက်ထိကောင်းတယ်။ ကိုယ်အရမ်းကြိုက်တာ။ ကျူရှင်အိမ်က ပါပရာ (ငါးမုန်.) လုပ်တဲ့အိမ်ဆိုတော့ ပါပရာတွေလည်း ညီးနေအောင်စားရတာပေါ့။ အင်မတန်အရသာရှိတာ။ ကျူရှင်ဆရာမက ဒေါ်မိမိထွန်းလို.ခေါ်ပါတယ်။ အသားဖြူဖြူ ကိုယ်လုံးလှလှ နဲ. လူကြီးတွေနဲ. စကားပြောရင် ဟုတ်ပါရေပါ ဆိုပြီးတော့ အမြဲတမ်းပြောတယ်။ ဟုတ်ပါရေ က ဟုတ်ပါတယ်လို.ပြောတာပဲဟာကို ပါထပ်ထည့်သေးတာ။း) ဆရာမကို အရမ်းကြောက်ရတယ်။ အိမ်မှာ သိပ်အရိုက်မခံရပေမဲ့ ကျောင်းမှာတော့ လက်ဆစ်နဲ.ခေါက်တာ တောင်ခနဲ တောင်ခနဲနေတာပဲ။ လှုပ်တောင်မလှုပ်ရဲဘူး။ ခုတော့ ဆရာမနဲ.မတွေ.တာ သတင်းမကြားတာ ကြာလှပြီ။ ပြန်ပြောတော့လည်း သတိတွေရပါတယ်။ အောက်လည်း အောက်မေ့တယ်။

  ကိုယ့်ကျောင်းလေးတွေ.မလား ရှာကြည့်ပါသေးတယ်။ မှတ်မိတော့ပါဘူး။ ဒါကိုသိခဲ့တဲ့ ကျောက်ဖြူနဲ.မတူတော့ဘူး။ ပြောင်းလဲသွားပြီ။

ဒီလိုနဲ.ပဲကျောက်ဖြူမှာ လေးတန်းနှစ်ဝက်နေရင်းနဲ. စစ်တွေ ကိုတစ်ခါ ပြန်ပြောင်းလာရပြန်ပါတယ်။ ဒီတစ်ေါက်ကတော့ တော်တော်ရှည်သွားပြီး သည်းခံသာဖတ်ကြတော့။ နောက်မှပဲ အပိုင်း ၃ ဆက်ပါအုံးမယ်။

စားနိုင်ရင် ကိုယ့်ဖို.
ခိုင်ဝေဇံ

တို.များငယ်ငယ်တုန်းက (၁)


ခုချိန်နေ ငယ်ငယ်က အကြောင်းတွေကို ပြန်စဉ်းစားမိရင် နယ်မှာကြီးပြင်းလာရတဲ့ကိုယ့်ဘဝကို အင်မတန်ကျေနပ်မိပါတယ်။ ဘဝမှာ ဘာအချိန်ကို တန်ဖိုးအထားဆုံးလဲ အကျေနပ်ဆုံးလဲမေးရင် ရခိုင်ပြည်တခွင် ပြဲပြဲစင်အောင် လျှောက်သွားနေခဲ့တဲ့ အချိန်တွေ နေခဲ့ရတဲ့နေရာတွေ အားလုံးကို ကျေနပ်တယ်။ မြို.မှာ ကျောင်းနေ စာအုပ်ကျူရှင်နဲ. နပန်းလုံး တိုက်ခန်းကျဉ်းလေးတွေမှာ အသက်လုရှူရတဲ့ ဘဝမရှိခဲ့တာကို ကျေနပ်တယ်။ ကားဆီနဲ. ညှော်နံ. ချွေးနံ. နဲ. လုံးထွေးမနေတဲ့ လေ လတ်လတ်ဆတ်ဆတ်ကို ရှူခဲ့ရတဲ့ ကိုယ့်ကိုယ်ကို လူဖြစ်ရကျိုးနပ်တယ်လို.ထင်တယ်။

မွေးတုန်းကတော့ စစ်တွေပါပဲ။ ဒါပေမဲ့ ဘာကိုမှမမှတ်မိဘူး။ စစ်တွေမှာ သေးသေးလေးတုန်းကပဲနေခဲ့တာကိုး။ ကိုယ်မှတ်မိတဲ့ အချိန်ကိုယ် ဘူးသီးတောင်မှာ ရောက်နေပြီ။ ဝန်ထမ်း လုံးချင်းအိမ်သေးလေးမှာနေရတယ်။ အိမ်ရှေ.မှာ ရေကန်ကြီးတစ်ကန်ရှိတယ်။ အိမ်ဘေးမှာကပ်လျက် ဂွေးသီးပင် (ဝချိုင့်ပင်) အကြီးကြီးရှိတာကို မှတ်မိတယ်။ ပြီးတော့ ငှက်ဖျားကြောင့် ကွီနိုင်းဆေးတွေ ထိုးထားလို. လမ်းလျှောက်လို.မရတော့တဲ့ ကိုယ့်မောင်လေးရယ် ကိုယ်ရောပဲ နှစ်ယောက် လေးဘက်ထောက်တွားသွားနေရတာ မှတ်မိတယ်။ အိမ်နောက်ဖေးက ဆူးပင်တွေ ကာထားတဲ့ ချောင်းတစ်ချောင်းရှိတာကို သတိရတယ်။ အမေလိုက်ရိုက်ရင် တက်ပြေးလို.ရတဲ့ မအတုချေတို. ညီအစ်မတွေနေတဲ့အိမ်ကို သတိရတယ်။ ကိုယ့်ကို ပြုစုခဲ့တဲ့ ကုလားမကြီး ကာလာဘီကိုလည်း မှတ်မိတယ်။ ကိုယ့်ကို သိပ်ချစ်တာပဲလို.ပြောတယ်။ အရမ်းအလိုလိုက်တယ်တဲ့။ ပြီးခဲ့တဲ့နှစ်က ပါပါ မောင်တော ဘူးသီးတောင်ဘက်သွားတုန်းက ပါပါနဲ. ရုပ်တရပ်တွေ.လိုက်ပါတယ်တဲ့။ တောင်းစားနေပါတယ်တဲ့။ အသက်က ၉၀ ကျော်ပြီတဲ့။ ပါးပူကို သတိရတယ်လို.ပြောတယ်ဆိုတော့ ကိုယ် မျက်ရည်တွေတွေကျပါတယ်။ အဖေက ငွေ အင်းကျီတွေ ထောက်ပံ့ခဲ့တယ်။ ပါးပူပေးခိုင်းလိုက်တာလို. ပြောခဲ့တော့ မျက်ရည်တွေကျပါတယ်တဲ့။ နောက်ထပ်လည်း အဆက်အသွယ်မရတော့ပါဘူး။ သူကျန်းမာ ချမ်းသာပါစေလို. ဒီကနေ ဆုတောင်းပေးလိုက်ပါတယ်။

ကိုယ်နောက်ထပ် သတိရတာကတော့ စစ်တွေက အိမ်ကြီးမှာပါ။ လူတွေအပြည့်နဲ.။ တစ်ခြံလုံး။ အမေက ငိုနေတယ်။ အဖွားကငိုနေတယ်။ အားလုံးက ငိုနေတယ်။ ကိုယ်တစ်ယောက်ပဲ လူတွေများလို. ပျော်နေတယ်။ မောင်လေးဆုံးသွားပြီ။ ကိုယ်တို.နှစ်ယောက် ငှက်ဖျားဖြစ်တော့လည်း တူတူပဲ။ ဆေးထိုးကြတော့လည်းတူတူပဲ။ မောင်လေးက အူရောင်ငန်းဖျားဖြစ်သွားတယ်တဲ့။  အသေးစိတ်ကို မမှတ်မိတာပဲကောင်းပါတယ်။

နောက်ကိုယ်တို.ရန်ကုန်ရောက်သွားတယ်။ အမေ စိတ်ပြေလက်ပျောက်ပေါ့။ ရန်ကုန်မှာ အတော်ကြာကြာနေပြီးတော့ တိရိစ္ဆာန်ဥယျဉ်သွားကြတယ်။ ပါပါရယ်ကိုယ်ရယ် မေမေရယ်ပေါ့။ ပထမဆုံး ရေခဲမုန်.ဝယ်ကျွေးပါတယ်။  ရေခဲမုန်.ကို ကိုယ်ကစားနှင့်ပြီး အမေက ပိုက်ဆံထုတ်ရှင်းတဲ့ အချိန်မှာ ရေခဲမုန်.သည်က ပြောတယ် ၇၅ကျပ်တန်တွေလက်မခံတော့ဘူးတဲ့။ အားလုံး ပိုက်ဆံ ၇၅ကျပ်တန်ပဲပါတဲ့ သားအဖတစ်တွေ အိမ်ကို လမ်းလျှောက်ပြီးပြန်လာရပါတယ်။

ငယ်ငယ်တုန်းက ပိန်ပိန်လေးပါ။ မစားဘူး။ လူ၃ယောက်လောက်ဝိုင်းပြီးကျွေးရတယ်တဲ့။ တစ်ယောက်ကကျွေးဖို.။ နောက်နှစ်ယောက်လောက်က တုတ်တွေ ဘာညာကိုင်ပြီး ဒါဘယ်သူ.ကို ရိုက်မဲ့တုတ်ကြီးတုန်း  ထမင်းမစားတဲ့လူတွေကို ရိုက်တဲ့ တုတ်ကြီးပါ ဆိုပြီးတော့ အတိုင်အဖောက်နဲ. ကျွေးရတယ်လို.ပြောတာပဲ။ အဖေပြောလို.သာယုံရတာ သိပ်တောင်ကိုယ့်ဟာကိုယ် မယုံနိုင်ဘူး။ အသီးအရွက်လဲမစားဘူးလို.ပြောတာပဲ။ ခုများ အဲသလို ကျွေးစမ်းစေချင်တယ် အကြောင်းသိသွားစေရမယ်။ ဟီးဟီး။ ဒါပေမဲ့ အိမ်မှာသာမစားတာ သူများအိမ်ကို အလည်သွားတော့ ကြက်ပေါင်ကြော်ကို အတင်းစားလို. ဆွဲတောင်ထားရတယ်တဲ့။ ဒီလောက်တောင် ကြိုက်လှတာ ကဲစားစမ်းဟဲ့ ဆိုပြီး အိမ်မှာ အကောင်လိုက်ကြော်ပေးတော့ လှည့်တောင်မကြည့်ဘူးပြောတယ်။

ရန်ကုန်ကအပြန် ကိုယ်တို.စစ်တွေမှာနေလိုက်ကြသေးတယ်။ ပြီးတော့ ဘူးသီးတောင်ကို ပြန်လာတယ်။  ကိုယ်တစ်ယောက်တည်းပေါ့.။ မောင်လေးမပါတော့ဘူး။ စစ်တွေကနေ သင်္ဘော တစ်ရက်နဲ.တစ်ညစီးပြီး ဘူးသီးတောာင်ကို ရောက်ပါတယ်။ ရောက်ရောက်ချင်း နိုင်လွန်စ ဂါဝန် အနီရောင်ဝတ်ထားတဲ့ ကိုယ်က မီးနဲ.ဆော့ပါတယ်။ အမေက အိမ်ရောက်တော့ ဖယောင်းတိုင်လေးထွန်းတာပေါ့။ ကိုယ်က နောင်တစ်တိုင်ယူပြီး မီးကူးပြီး တော့ ပြန်မှုတ်လိုက် ပြန်ထွန်းလိုက် လုပ်တာပေါ့။ အမေတို.က အထုပ်တွေနဲ. အလုပ်များနေတော့ လုပ်ချင်တာတွေလုပ်ကော။ ပြီးတော့မှ ဘာစိတ်ကူးပေါက်တယ် မသိဘူး။ ဝတ်ထားတဲ့ ဂါဝန်ကို ဖယောင်းတိုင်နဲ. မီးတိုက်တော့တာပဲ။ နိုင်လွန်အပါးသားဆိုတော့ အင်းကျီက ဟုန်းခနဲ. မီးထလောင်ပါတယ်။ တအီးအီးတအားအားနဲ. ကိုယ့်ဟာကို လုပ်ပါသေးတယ်။ မရတော့မှ သံကုန်အော်တယ်။ အဖွား က မြင်တော့ ပြေးလာပြီး မီးလောင်နေတဲ့ အင်းကျီစကို ပုတ်ချလိုက်တာ ခြေဖမိုးပေါ်ကျပြီး အဲဒီမှာ မီးဆက်လောင်ပါတယ်။ အဖွားက လက်နဲ.မီးစကို ကိုင်ပြီး ဆွဲဖယ်လိုက်တော့ အရေပြားအလွှာလိုက်ပါသွားတယ်။ သေရာပါ အမာရွတ်ရသွားတယ်။နာတာတွေဘာတွေကို မမှတ်မိတော့ဘူး။း) တော်သေးတာပေါ့။ ကိုယ့်ဟာကို မမှတ်မိပါဘူး။ သူများတွေပြောပြတာပဲ။ ကိုယ်က ကိုယ်မမှတ်မိတော့ ငါမနာလို.မမှတ်မိတာ ဟုတ်လှချည်လားလို.ထင်တာ ဘယ်ဟုတ်မလဲ။ အော်ခွဲတာ ဟိုးတောင်ပေါ်က စစ်တပ်က တပ်ရင်းမှူးတွေ တပ်သားတွေ အကုန်ဆင်းလာကြတယ်လို. ပြောတယ်။ ကိုယ်တို.အိမ်ကဖြင့် တောင်နဲ. အဝေးကြီး အဟီး။

နောက်တော့ မောင်တောကို သွားရတော့ ကိုယ်မှတ်မိနေပြီ။ ကျောင်းတက်တော့ အလယ်ရွာကျောင်း။ ကိုယ်သူငယ်တန်းစတက်တယ်။ ကျောင်းမှာ ကြက်ဖခွပ်လွန်းအားကြီးလို. တစ်ချိန်လုံး အရိုက်ခံရတယ်။ အဲဒီ အချိန်မှာ ၈၈ အရေးအခင်းစဖြစ်တယ်။ သူငယ်တန်းတစ်ဝက်ပေါ့။ တစ်ချိန်တည်းမှာပဲ ကုလားရခိုင် အရေးအခင်းလည်း စဖြစ်တယ်။ ကိုယ်တို.နေတာက ကုလားဗလီ ရှေ.တည့်တည့်မှာ။ အိမ်ကို ဂျင်ဂလိ (လောက်လွှဲကို သံလုံးနဲ.ပစ်တာ) တွေ တဖြောင်းဖြောင်းနဲ. ကုလားတွေဝိုင်းပစ်ကြတာမှတ်မိတယ်။ အမေက ညီမလေး ဗိုက်ကြီးနဲ. ၈လရှိပြီ။ အိမ်ရှေ.က ဆင်းပြေးလို.မရတော့ အိပ်ခန်းထဲက ပျဉ်ပြားတွေခွာပြီး ဆင်းရတယ်။ အိမ်အနီးအနားမိသားစုတွေနဲ. ရဲစခန်းအလယ်မှာရှိတဲ့ ခံတပ်လို အိမ်ကလေးမှာ မအိပ်မနေ စောင့်နေရတယ်။ ကိုယ်ကတော့ အိပ်နေတာ နိုးတောင်မနိုးလို.  ထမ်းပြီးခေါ်ရတယ် ပြောတယ်။ အမယ်သူများက အနိုးပါ တစ်ချိန်လုံး။ တဖြောင်းဖြောင်း အသံတွေတောင်ကြားသေးတာပဲ။ အိပ်ခန်းပေါက်က တစ်ယောက်ပြီးတစ်ယောက်ဆင်းနေကြတော့ စောင့်ရလို. ပျင်းပြီးအိပ်သွားတာလို. ပြန်ပြောသေးတာ။ အမှန်တော့ ဘာမှတောင် မသိလိုက်ဘူး။ နောက်နေ.ကျတော့ မောင်တောကနေ အမေတို.စစ်တွေပြန်ပြေးကြပါတယ်။ ကျီးလန်.စာစားပေါ့ သားအမိအတွေ။ သင်္ဘောမှာ မောင်တောကပြေးကြတဲ့မိသားစုတွေနဲ. သီးနေတာပဲ။ စစ်တွေရောက်ပြီးသိပ်မကြာဘူး။ ထောင်ဖောက်မှုဖြစ်တယ်လေ။ အဲဒါနဲ. မရှေးမနှောင်းပဲ ညီမလေးကို မွေးပါတယ်။ ဒါကြောင့် ဒင်းခုလို ပူဆာနေတာပေါ့။ အရေးအခင်းမှာ မွေးတဲ့ဟာတွေ။ သူများတို.ပျော်မှပျော်ပဲ။ ကျောင်းမှမတက်ရတာ။ ကျောင်းပြန်တက်တော့ ပြည်တော်သာကျောင်းမှာ သူငယ်အတန်းတော်ကြီးကို သင်ကြားပြီး မြောက်ခဲ့ပါတယ်။ များတောင်များသွားပြီလားမသိဘူးရေးတာ။ ဓါတ်ပုံလည်းတင်စရာမရှိတော့ ပျင်းမှာစိုးလို. ရှည်ရှည်မရေးတာ။ ခုမှ သူငယ်တန်းပဲပြီးသေးတာနော် သဘောပေါက်။ ဆယ်တန်းအထိဆို စာအုပ်တောင် ထုတ်လို.ရမယ်ထင်တာပဲ။ အပိုင်း(၂) ဆက်ပါအုံးမယ်။ မျှော်။ မမျှော်လည်းနေကြပေါ့။ ရေးတာကတော့ ရေးအုံးမှာပဲ။ သူများတို.က စိတ်ကြီးတာ အဲဒီလို ။း)

စားနိုင်ရင်ကိုယ့်ဖို.
ခိုင်ဝေဇံ

သွားရည်ယိုစရာ

ရန်ကုန် ဒီတစ်ခေါက်ပြန်တုန်း အဘောင်ရှင် စစ်တွေကနေသယ်လာပေးတဲ့ ဂဏန်းလတ်လတ်ဆတ်ဆတ် ဥပြည့် ကြီးတွေကို တင်ပေးလိုက်တယ်။ သွားရေယိုကြအုံးပေါ့။ ကိုယ်လည်းကြည့်ပြီး အိမ်မက်တွေဘာတွေတောင်မက်သေးတယ်။ အမယ်လေးဟဲ့။

Looking a bit disgusting or what! But trust me, that's the most delicious crab I have every had in my whole life. I finished everything by myself. I ate till I couldnt breath and yet I feel very blessed that I had had a taste  of food from my hometown.


There you go. A satisfied me posing with crabby crabs. :) Wish I could eat them right now:(

စားနိုင်ရင်ကိုယ့်ဖို.
ခိုင်ဝေဇံ

My Valentine!

အစားအသောက်အကြောင်းကိုရေးမယ်ဆိုရင် ဝါကျစီစရာ မလို လက်သွက်ပေမယ့် ရည်းစားအကြောင်းရေးမယ်လို. စဉ်းစားတော့ ဘဲဥ အစရှာမရ ဘယ်က စရမှန်းမသိ ဖြစ်နေတယ်။း)

သမီးရည်းစားသက်တမ်းပဲ ၃ နှစ်ကျော်ခဲ့ပေမဲ့ တစ်ခါမှတော့ ဒဲ့မရေးဖူးဘူး။ တွတ်လေးတွေပဲ ထည့်နေတာ။ ခုတော့ ရေးချိန်တန်ပြီလို. ထင်တာပဲ။

သူ.နဲ.စတွေ.တာကတော့ ကလေးတည်းကပါ။ စစ်တွေမှာပေါ့။ ၅ တန်းနှစ် အထက ၄ မှာထင်တယ်။ အဲဒီတုန်းက ပြည်တော်သာကျောင်းကနေ အထက်တန်းကျောင်းဖြစ်တဲ့ အထက ၄ ကို ဝင်တာပေါ့။ လူသစ်သူငယ်ချင်းသစ်ကျောင်းသစ်ကြီးနဲ.။ သူ.ရုပ်တောင် မမှတ်မိပါဘူး။ ၅ တန်း ၆ တန်း  အထက ၄ မှာတက်ပြီးတော့ ကိုယ်က ၇တန်း ကို မောင်တော၊ ၈ တန်းကို မြောက်ဦးမှာ သွားတက်တယ်။ ၉ တန်းကို အထက ၄ စစ်တွေပဲပြန်လာတက်တယ်။ ဘော်ဒါတွေကတော့ စောသန္တာအောင်၊ ခင်ဆွေလတ် နှစ်ယောက်နဲ.ပဲ ပေါင်းဖြစ်တယ်။  စဝင်ခါစဆိုတော့ ဘီ အခန်းမှာ နေရတယ်။ ပထမအစမ်း ပြီးမှ အဆင့်တွေခွဲပြီး အတန်းပြန်ခွဲတာပေါ့။ အက်စ် အခန်းဆိုတာက စပယ်ရှယ်အခန်း ပေါ့။ ပြီးမှ အေ ဘီ စီ ဒီ ဆိုပြီး စုစုပေါင်း ၅ ခန်းရှိတယ်။ ပထမအစမ်းလဲပြီးရော အဆင့်ခွဲတော့ ကိုယ်တို. အက်စ် ခန်းကို ဝင်တယ်။ ကိုယ်ရယ် ခင်ဆွေလတ်ရယ် ဝင်တာပေါ့။ နောက်ထပ် ကျောက်တော်က လာတဲ့ ဖြူဖြူဝင်းက ပထမနဲ. စစ်တွေကလူတွေအားလုံးကို နင်းပြီး ရသွားတယ်။ အထက၄ ငယ်မွေးခြံပေါက်များ အင်မတန် ဒေါသထွက်ကြပေမဲ့ ဖြူဖြူဝင်းက ၉ တန်း ၁၀ တန်း နှစ်နှစ်လုံး မိန်းကလေးဘက်မှာ ပထမနေရာကို အပိုင်စီးယူလိုက်ပါတယ်။ အဲဒီတုံးက မိန်းကလေးဘက်က အက်စ်ခန်းရှေ.နှစ်တန်းမှာ ကိုယ်မှတ်မိသလောက် ဖြူဖြူဝင်း ယဉ်ယဉ်ဖြူ ပိုပိုအောင် သွယ်သွယ်ဝင်း မစမ်းကြည် (နှစ်လုံးလှစာပေ) ဝင့်  တင်မိုးလင်းထွန်း ပြီးတော့ အဲ မသိတော့ဘူး။ ကိုယ်က တတိယတန်းမှာ ခင်ဆွေလတ်နဲ. ရှေ.နောက်ဆင့် ပြီးတော့ ချိုညဏ်ဝေ ငယ်ငယ် နောက်ကလူတွေမမှတ်မိ။ ဇင်မာအေးတို. လှိုင်မီသက်ချိုတို.လည်း ရှိတယ်။ သွားတက်ကလေးနဲ. ခရစ်ယာန် မလေး ဇင်မာထွန်း လည်းရှိတယ်။ ကျန်တဲ့လူတွေ မှတ်မိဝူး။ ယောက်ျားလေး ဘက်ရှေ.တန်းမှာ မောင်ဖြိုးဝေ  မြတ်လင်းထွန်း ကျော်ထူးအောင် (ရည်းစား အလောင်းအလျာ) သန်းထွန်းဦး (ဆရာ ဦးသန်းထွန်းသား)  တို. အပိုင်စီးထားကြတယ်။ နောက် တင်အောင်ထွန်း၊ အောင်ကိုမင်း၊ မြတ်မိုးဦး၊ ဆန်းရွှေမောင်၊ ဇော်ဟိန်း လောက်ပဲ မှတ်မိတော့တယ်။ ကျော်ထူးအောင်က အဲဒီတုန်းက အရပ်ဂလန်ဂလားနဲ. မျက်မှန်အပြာတပ်တယ်။ ကိုယ့်ဘဝမှာ အဲလို အရောင်နဲ. မျက်မှန်တပ်တာ သူ.ကို ပထမဆုံးမြင်ဖူးတာပဲ။ ဒါကြောင့် မှတ်မိနေတာ။ ဆံပင်ကိုလည်း ခလယ်ကခွဲသေးတယ် (စည်သူလွင် ခေတ်စားတုံး)။ မြင်ယောင်ကြည့်ကြပေါ့။

ရခိုင်ဘက်မှာယောက်ျားလေးနဲ. မိန်းကလေး ကျောင်းမှာ အရောတဝင်စကားပြောတယ်ဆိုတာ သိပ်မရှိတော့ အချင်းချင်းရင်းနှီးနေရင်တောင် မှကျောင်းမှာ စကားမပြောကြဘူး။ ကိုယ်က ချိုညဏ်ဝေ (ဆရာဦးလှစောသမီး) နဲ.တွဲပြီး သူတို. ကျူရှင်မှာတက်တယ်။ ပြည်တော်သာမှာနေတော့ လမ်းမကြီးဘက်မှာနေတဲ့သူတို.အုပ်စုနဲ.အဆက်အသွယ်မရှိဘူး။ သူနဲ. ကျောင်းမှာ စကားလည်းမပြောဖူးဘူး။ စာတော်လို. သိတာပဲ ရှိတယ်။ သူလည်းကိုယ့်ကို သိမယ်လို. မထင်ဘူး။ ဆယ်တန်းဖြေကြတော့ ရခိုင်ပြည်နယ် အဆင့်တစ်ကို အထက၂ ကရပြီး  အဆင့်၂က မောင်ဖြိုးဝေတဲ့။ အဆင့်၅ က ကျော်ထူးအောင်ရတယ်တဲ့။ အဲဒါနောက်ဆုံးကြားလိုက်ရတဲ့ သူ.သတင်းပါ။ ဆယ်တန်းပြီးတော့ ကိုယ်က ရန်ကုန်မှာ သွားနေ ပြီးတော့ မန္တလေးကို အဖေတာဝန်ကျပြီး ပြောင်းသွားတယ်။ သူငယ်ချင်းတွေအားလုံးနဲ. အဆက်အသွယ် ပြတ်သွားတယ်။ နောက်ပိုင်း စင်ကာပူကို ရောက်လာတော့ အားလုံးနဲ. အဆက်အသွယ် ပြန်ရတယ်။ ကိုယ်ပိုလီ ဒုတိယနှစ်မှာ သူနဲ. အဆက်အသွယ်ပြန်ရတယ်။ အဲဒီတည်းက စလိုက်တဲ့ဇာတ်လမ်းက ခု၅နှစ်လောက်ကြာတဲ့အချိန်မှာ ရည်းစားသက်တမ်း ၃နှစ် ကျော်ရှိသွားပြီ။ စဉ်းစားကြည့်လိုက်ရင် မနေ.တနေ.က အတိုင်းပဲ။

ကိုယ်နဲ.သူနဲ.က နေတာကလည်း ကိုယ်အရှေ.နဲ. သူအနောက် ၊ ကြိုက်တာကလည်း သူအဖြူ ကိုယ်အမည်း၊ ကာရိုက်တာကလည်း ဆန်.ကျင်ဘက်။ အနေကလည်းဝေးသေးဆိုတော့ ဒီလောက်ထိ သက်တမ်းရှည်လာတာ အသက်အ၇ွယ် နဲ. maturity ကြောင့် လို.ပြောရမယ်။ ချစ်ပေမဲ့ ကွဲကြတဲ့သူတွေ အများကြီး စိတ်သဘောထားချင်းမတိုက်ဆိုင်လို.ပေါ့။ မတိုက်ဆိုင်ပေမဲ့ ညှိယူလို.ရတာတွေလည်း ရှိပါတယ်။ ဒီလိုပဲ နားလည်မှုနဲ. ညှိယူရတာပေါ့။ ကိုယ်ကံကောင်းပါတယ် (လောလောဆယ်ထင်တာပေါ့)။  ကိုယ့်ကို သဘောကျတဲ့ ကိုယ်ကလည်း သဘောကျတဲ့ ရခိုင်သားတစ်ယောက်ရဖို.ဆိုတာ လွယ်တာမဟုတ်ဘူး။ ရွှေထက်ရှားတယ်။ နင်တို.ကလည်း Distance Relationship ကြီးနော် ဖြစ်မှဖြစ်ပမလား ဆိုတဲ့ လူတွေလည်းရှိတယ်။ ဖြစ်လို.ပဲ ၃ နှစ်ကျော်လာပြီ ဟုတ်တာကို။ ကွဲတာမကွဲတာကတော့ ကံပဲပေါ့။ တူတူနေကြတဲ့ လင်မယားတောင် ကွဲကြသေးတာပဲ။ နဖူးစာ မပါရင် မညားဘူး ပါရင် ညားမယ် ဒါပဲပေါ့။

ကိုယ့်အပေါ်ကို သူနားလည်ပေးပါတယ် (နားမလည်ပေးတာတွေလဲ အများကြီးရှိပ) ကိုယ်က ကမူးရှူးထိုးမစဉ်းစားမဆင်ခြင် တဇောက်ကန်းသလောက် သူက အရမ်းစဉ်းစား တတ်တယ်။ ကိုယ်က အပေါ့သမား၊ သူက အလေးသမား။ ပြောရင်နဲ. အိမ်သာစကားတွေလိုတောင် ဖြစ်ကုန်ပြီ။ ပြောချင်တာက ကာရိုက်တာက လုံးဝဆန်.ကျင်ဘက်။ ဒါပေမဲ့ အဲဒါကလည်း တစ်မျိုးကောင်းပါတယ်။ ကိုယ် တဇွတ်ထိုးတော့မယ်ဆို သူတားတာပေါ့။ ကိုယ်က စားပစ်မယ် သုံးပစ်မယ် ချပစ်မယ် တင်ပစ်မယ် တွေဘာတွေလုပ်ရင် သူထိန်းပေးတယ်။ အဲ သူက ၁၀၀% သမားဆိုတော့ ၉၉%သေချာပေမဲ့ ၁%မသေချာရင် စိတ်ညစ်တတ်သေးတယ်။ အဲခါကျ ကိုယ်က နှစ်သိမ့်ပေးရတာပေါ့။ သူက အမျိုးသားရေးစိတ်ဓါတ် ပြင်းထန်တယ် ကိုယ်ကတော့ အေးဆေး။ ရှိခဲ့ဘူးပါတယ် အမျိုးသားရေးစိတ်။ ခုတော့ ကုန်နေတယ်။ ဘယ်တော့ပြန်ပေါ်လာမလဲ မသိဘူး။ အဟီး။ ရခိုင်ကို သိပ်ချစ်ပါတယ်ပြောပြီး တခြားလူမျိုးနဲ. ရသွားတဲ့ လူတွေအများကြီး။ အနည်းဆုံးတော့ ကိုယ်က ရခိုင်သားကို ရအောင်ရွေးထားသေးတာပဲ။ တော်ပြီပေါ့နော။

ဒီနှစ် ဗယ်လင်တိုင်းနေ.မှာ ပန်းစီးပို.ဖို.ကို ၂၀၁၀ တစ်နှစ်လုံးသူ.ကို တဂျီဂျီနဲ. ပူဆာထားတာ။ အဟီး။ ရခိုင်သားလို. မပြောရဘူး။ မတောင်းပဲနဲ. ပေးမဲ့ပုံက မမြင်ပါဘူး။ ခုတော့ ရပြီ။း)း)း) တောင်းမှရတာဖြစ်ပေမဲ့ ရတော့ အရမ်းကို ဝမ်းသာသွားတယ်။ ဟီးဟီး။  သူက ပန်းစည်းအပြင် နောက်ထပ်အရုပ်ကလေးနဲ. ချောကလက်ပါထည့်ပေးလိုက်သေးတယ် (Tks honey) အဲဒါက တော့ အပိုဆုပေါ့ ဟီးဟီး။   ကိုယ့်ကို စိတ်ချမ်းသာအောင် ၃နှစ်လုံးထားပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ကိုယ်လည်း လိမ်လိမ်မာမာပဲနေတော့မယ်။ မမိုက်တော့ဘူး။ နန်း ရည်းစားနန်းး)

ရည်းစားအတွက်မက်ဆေ့ခ်ျ

ကိုယ်နဲ.ညားရင် 
ကိုယ်စားချင်တာတွေအကုန်ကျွေးပါ။
အဲလ်ဗွီ ပရာဒါ ဂူချီအိတ်တွေ ဝယ်ပေးပါ။
တစ်နှစ်မှာ လေးခါလောက် ဗကေးရှင်းထွက်ပေးပါ။
ဖရာရီတို. မာစီးဒီးတို. လမ်ဘိုဂီနီတို. လင်မိုစင်း တို. ဝယ်ပေးပါ။
ရန်ကုန် တေဇတို.အိမ်နားမှာ အိမ်ကြီးကြီး ခြံကျယ်ကျယ်ဝယ်ပေးပါ။
နော်နော်နော်


း)
ခိုင်ဝေဇံ

ထိုင်း ညဈေးမှာ အမှတ်တရ
 :):)
 Simply happy
teddy bear and chocolate


teddy bear with his initials on the arm. how cute is that?
Cute chocos
Happy me!!

Sorry that i look bad in both pics.. taken after coming back from work .. so in fact,  it is quite amazing i still look this good after  working my butt off in 12 hour tiring job

Anyway, thanks dearie for lovely gifts.

ဝက်ခြေထောက်ခေါက်ဆွဲပြုတ်

အခုတလော အိမ်မှာပဲ စားစားဖြစ်တယ်။ အပြင်ထွက်ပြီး မစားဖြစ်ဘူးရယ်။ မိုးတွေဆက်တိုက်ရွာနေတာလဲပါတယ်။  ဒီတော့ အသစ်တင်စရာ ဘလော့ပို.စ်က မရှိဘူးဖြစ်နေတယ်။ ဒီတော့ ကိုယ်စဉ်းစားမိတယ်။ အပြင်ထွက်ပြီး မစားရရင်ပဲ ရက်စတောရင့်တက်မစားရင် ပဲ ကိုယ့်မှာရေးစရာမရှိတော့ဘူးလား။ စားသောက်ဆိုင် ရီဗျူးတွေပဲ ရေးနေတော့မှာလား။ အစားအသောက် ဘလော့ဂါလုပ်ချင်တဲ့လူတစ်ယောက်က ကိုယ်တိုင်ကော ချက်ဖို.ပြုတ်ဖို. မတတ်သင့်ဘူးလား။ ကိုယ်တိုင် အစားအသောက် ချက်နည်းပြုတ်နည်း အသစ်တွေကိုကော ထွင်လို.မရဘူးလား။ ဒီလို စဉ်းစားမိပြီးတဲ့ နောက်မှာ ကိုယ်နည်းနည်းအားတက်လာတယ်။ ကိုယ်အိမ်မှာ ဟိုဟို ဒီဒီချက်စားတာလေးတွေရှိတာပဲ။ တင်လို.ရတာပဲ။ ပြီးတော့ ပရက်တီကယ် ဖြစ်တယ်။ သူလိုကိုယ်လို တကိုယ်တည်း အပျိုကြီး အိုဗာဆီးမှာ အလုပ်လုပ်နေတဲ့ လူတွေ အလွယ်တကူလုပ်လို.ရတယ်။ ဘာလို.လဲဆိုတော့
၁။ ခက်ခက်ခဲခဲ ချက်ပြုတ်စားရတဲ့ ဟာတွေ ကိုယ်မစားဘူး။ အဲလောက်ထိ မချက်တတ်ဘူး။ မိနစ် ၂၀ စားဖို.သောက်ဖို.အတွက် ၁၀နာရီလောက် ချက်ရတဲ့ ဟာတွေကို ချက်ကို မနေတော့ဘူး။ အချိန်ကုန်မခံဘူး။
၂။ ကိုယ်ချက်တဲ့နည်း တွေက လွယ်တယ်။ သုံးတဲ့ ပစ္စည်းတွေက ရလွယ်တယ်။ ဟို စမုံစပါး ထည့်ရမယ်။ ဖာလာစိ ထည့်ရမယ်။ ဘယ်အရွက်မှထည့်ရမယ် ဆိုတာတွေမပါဘူး။
၃။ ကိုယ်ချက်တဲ့နည်းတွေက ဘယ်သူမှမသိဘူး။ မသိဆို စိတ်ကူးပေါက်ရာ ပေါက်ကရလေးဆယ် ချက်တာကိုး။ ဒါပေမဲ့ ကောင်းတယ်။
၎။ ရခိုင် သုပ်၊ချက် ကိုဘေ့စ်လုပ်တဲ့ အတွက် ချဉ်ချဉ် ငံငံ စပ်စပ်နဲ. အအီပြေတယ်။ အများ ပါးစပ်နဲ.တည့်တယ်။
၅။ အစားစုံ စားတဲ့အတွက် ချက်တဲ့ စတိုင်တွေက Fusion လိုဖြစ်သွားတယ်။ မြန်မာချက်တစ်ခုတည်း မဟုတ်တော့ဘူး။ ပျင်းစရာမကောင်းဘူး။
၆။ အစတုန်းက ကိုယ့်ဟာကို ဒီလောက်တော်မှန်းမသိဘူး။ ဒါတွေချရေးပြီးမှ ငါတော်တော်တော်ပလား ဆိုတာ သိတယ်။

အန်းနီးဝေး . ဟီးဟီး။ ဒီနေ.မနက်က အိပ်ရာက မနိုးစဖူး မနက် ၅ နာရီခွဲနိုးတယ်။ နိုးမှာပေါ့ တမြန်မနေ.က နိုက်ဂျူတီဆိုတော့ မနေ.က တစ်ရက်လုံး ကုလားသေ ကုလားမော အိပ်ပြီး ညနေ၆နာရီမှ နိုးတာကြီးကို။ နိုးနိုးချင်း ဗိုက်ဆာတာ အတင်းပဲ။ ထမင်းလဲ မစားချင်ဘူး။ နောက်မှာ ဝက်ခြေထောက်တစ်ထုပ် ဝယ်ထားတာ သတိရတယ်။ ဝက်ခြေထောက်ကြာဇံ လိုမျိုးလုပ်စာရရင် ကောင်းမယ် လို. စိတ်ကူးပြီး အိပ်ရာက ကမန်းကတမ်းထ ချက်မဲ့အိုးထဲ ရေနွေးထည့်ကျို၊ ဝက်သားထည့် ၊ ဂျင်း တက်ထည့်၊ ကြက်သွန်ဖြူအကြီး ၄ ၅ ခြမ်းလောက်ထည့်ပြီး မီးအေးအေးနဲ. ကျိုထားလိုက်တယ်။ ပြီးတော့ အိပ်ရာထဲပြန်လာ ပြန်နှပ်တာပေါ့။


နာရီဝက်လောက်ကျတော့မှ ကြက်သွန်နီဥ အသေး ၃ ဥ လောက်ကောက်ထည့်ပြီး ဆားအချိုမှုန်.ထည့် ပြီးတစ်ခါ ပစ်ထားလိုက်ပြန်ရော။ ကြက်သွန်နီက ဟင်းကို ချိုစေတယ်။ ခဏနေမြည်းကြည့်တော့ ဝက်သားက အသုံးမကျတာ မချိုဘူး။ လူကိုဒေါသတွေထွက်ကောပဲ။ နောက်ထက် မိနစ်၂၀ လောက်စောင့်တော့မှ ဟင်းရည်ကမွှေးပြီး အနံ.ထွက်လာတယ်။ အပေါ့အငံမြည်းကြည့်တော့ အတော်ပဲ။ ဟင်းရည်လည်းချိုတယ်။

တကယ်လို. ခေါက်ဆွဲကို တစ်ခါတည်းထည့်ပြုတ်လိုက်ရင် ကြာရင် ပွသွားပြီး စားမကောင်းတော့ဘူး။ ကိုယ်တယောက်စာ ချက်တာ မဟုတ်တဲ့အတွက် ဟင်းရည်အိုးက အကြီးကြီးပါ။ ဝက်ခြေထောက်တစ်ချောင်းလုံးဆိုတော့ ၆ဖဲ့လောက်ရှိတာပေါ့။ ဒီတော့ ကိုယ်က ခြွေပြီးစားမယ်လို.စိတ်ကူးတယ်။ ကျန်ရင် ဘူးနဲ.သိမ်းရေခဲသတ္တာထဲထည့်ပြီး ပြန်နွှေးစားလို.ရတယ်လေ။ ဒါနဲ.ပဲ အိုးအသေးထဲကို ဝက်ခြေထောက်တစ်ဖဲ့နဲ. ဟင်းရည်ယူပြီးထည့်တယ်။ ကြက်သွန်ဖြူနဲ. ငရုတ်ကောင်းညက်အောင် ရောထောင်းပြီး ခွက်သေးသေးတစ်ခုမှာထည့်တယ်။ အဲဒီအထောင်း နည်းနည်းယူပြီး ဟင်းရည်မှာခပ်တယ်။

 ပြီးတော့ ခေါက်ဆွဲခြောက်ထုပ် (ရယ်ဒီမိတ်မဟုတ်) ကို တစ်ခါတည်း ထည့်ပြုတ်တယ်။ ရယ်ဒီမိတ် ခေါက်ဆွဲခြောက်က ခေါက်ဆွဲတွေက တောက်ဆတ်ဆတ်နဲ. စားလို.မရဘူး။  ခု ခေါက်ဆွဲခြောက်ထုပ်က ပျော့အိပြီးတော့ အရမ်းစားလို.ကောင်းတယ်။ ပြုတ်လိုက်ရင် ဆန်နံ. လိုလို မွှေးမွှေးလေးအနံ့ရတယ်။ ဈေးဆိုင်တိုင်းမှာရတယ်။ ထိုင်ဝမ်ဘက်က ဝင်တာတွေ ပိုကောင်းတယ်။


White Jade Noodle ပါ။ လိုချင်ရင်ဝယ်လို.၇အောင်။ ကဲ နံနံပင်မရှိ၊ ပဲရွက်တွေဘာတွေမရှိ၊ ငရုတ်သီးထောင်းမရှိတော့ ရှိတဲ့ ဆီချက်ကလေး အပေါ်ကတင်ပြီး ဖြစ်သလို စားလိုက်ရတာပေါ့။
စားလို.ကောင်းမဲ့ပုံလေး ပေါက်တယ်ဟုတ်။ အဟင်း အဟင်း။ ဒီလောက်တော့ ရှိမှာပေါ့။ ဒီလိုချက်ရင် နံနံပင် လေးအုပ်ရင်ကောင်းတယ်။ ခေါက်ဆွဲပြုတ်တုန်း ပဲရွက်စိမ်းစိမ်းလေးတွေ ထည့်ပြုတ်ရင်လည်း အရသာရှိတယ်။ မန္တလေးဘက်မှာ ငရုတ်သီးထောင်းလေးနဲ.တွဲစားတယ်။ အချိုပြုတ်တာဆိုတော့ အရသာလေးစုံသွားအောင်ပေါ့။ ကိုယ်ကတော့ ကြက်သွန်ဖြူ ငရုတ်ကောင်းထောင်းလေးထည့်ထားတယ်။ အနံ.ပိုမွှေးပြီးနည်းနည်း ပူသွားတာပေါ့။ ရခိုင်စတိုင်။
နောက်အိမ်ရှေ.က ဆိုဖာပေါ်ထိုင် မနက်ခင်းသတင်းလေးကြည့်ပြီး နားနားနေနေစားစားသောက်သောက်ပေါ့။း)
ခေါက်ဆွဲက အိအိထွေးထွေး ကလေး။ အရသာရှိတယ်။
ဝက်သားကလည်း စိမ်ပြီးပြုတ်ထားတာဆိုတော့ အိနေတာပဲ။  အိမ်မှာလုပ်စားကြည့်လေ။ ဘာမှမယ်မယ်ရရထည့်စရာမလိုဘူး။ ဒါပေမဲ့ အချိန်နည်းနည်းကြာတော့ ပိတ်ရက်ပဲလုပ်ကြပေါ့။ အလုပ်သွားရတဲ့ ရက်ဆိုရင်တော့ မကိုက်ဘူး။း) နောက်နေ.မှ ကင်ချီသုပ်တာတင်အုံးမယ်။

စားနိုင်ရင်ကိုယ့်ဖို.
ခိုင်ဝေဇံ