ဆက်မယ်နော်။ သူငယ်တန်းအောင်ပြီးသွားပြီး ဟုတ်! ၁တန်းကို နှစ်ဝက်ထိ စစ်တွေမှာ ဆက်တက်ခဲ့ပါသေးတယ်။ အမက ၁၅ ပြည်တော်သာကျောင်းမှာ။ အဲဒီတုန်းက ကိုယ်ကအသားကမည်းမည်း လူကောင်သေးသေး ဆိုတော့ ကုလားမလေးထင်ပြီး အနိုင်ကျင့်ကြမှာစိုးလို. အမေက ဝတ်ကောင်းစားလှတွေဝတ်ပြီး နေ.တိုင်းဆိုက်ကားနဲ.လိုက်လိုက်ပို.ရတယ်တဲ့။ အမေက ဖြူဖြူဖွေးဖွေးလှလှပပ ကိုး။ ကိုယ်တော့ အဲဒီတုန်းကအကြောင်း ဘာမှ မမှတ်မိတော့ဘူး။ အဲလိုနဲ.ပဲ နှစ်ဝက်အပြီးမှာ ကျောက်ဖြူမှာနေရမဲ့ အခွင့်အရေး ကြုံတော့တာပါပဲ။
ကိုယ်ကျောက်ဖြူကို သွားတုန်းက ပထမဆုံးလေယဉ်စီးဖူးတာ။ ခေါင်းမူးတာ ချာလပတ်ကို ယမ်းနေတာပဲ။ မူးလိုက် အန်လိုက် နဲ. လူမှန်းသူမှန်းကို မသိဘူး။ ကျောက်ဖြူက အရမ်းလှတဲ့မြို.ပါ။ ပင်လယ်ကမ်းစပ်က မြို.တစ်လျှောက်လုံးပဲ။ သဲတွေက ပင်လယ်သဲတွေ အရမ်းဆော့လို. ကောင်းတာပေါ့။ ထူးဆန်းတာက ကျောက်ခဲဆိုလို. ကျောက်စရစ်ခဲတွေပဲရှိပြီး ကျောက်အားလုံးက ဖြူဖွေးနေတာပဲ။ နာမည်နဲ.လိုက်တယ်။ ခလေးဘာမှသိပ်မသိခင် အရွယ်တုန်းကတောင် အဲလောက်လှပလားလို. ခံစားရတယ်ဆိုရင် တော်တော်ကိုလှတယ်လို. သဘောပေါက်လောက်ပြီ ထင်ပ။ ကျောက်ဖြူက ကိုယ့်ရဲ.ကလေးဘဝ ပီပီပြင်ပြင်စခဲ့တဲ့မြို.ပဲ။
ရောက်ပြီးသုံးရက်မြောက်တဲ့နေ.မှ ကိုယ်ကျောင်းစတက်ပါတယ်။ ကျောင်းနာမည်က လက်စွမ်းပြကျောင်းတဲ့။ စစချင်းကြုံရတာက ဘာသာစကား အခက်အခဲ။ ကျောက်ဖြူလေသံနဲ. စစ်တွေလေသံက မတူပါဘူး။ နားလည်ပေမဲ့ ကိုယ်က တစ်ယောက်တည်း စစ်တွေစကားပြောနေရတာ အားငယ်သလိုခံစားရတယ်။ လူအုပ်ထဲကို ဝင်ရောချင်တာပေါ့။ အဲဒီတော့ ကိုယ်စပြီး ကျောက်ဖြူစကားစမ်းပြောကြည့်တယ်။ နည်းနည်းချင်းစီပေါ့။ ၁ လလည်းကြာရော စစ်တွေစကားကို လုံးဝပြောမတတ်တော့ဘူး။ လုံးလုံးကျောက်ဖြူစကားဖြစ်သွားတော့တယ်။ အမေတို.ဆို အံ့တွေသြောလို. ကိုယ့်ကို တမင်မပြောဘူးထင်နေတာ။ တကယ်ကို မပြောတတ်ဘူးဖြစ်သွားတယ်။ ကျောက်ဖြူလေသံက ချစ်စရာကောင်းတယ်။ ပိုက်ဆံကို စစ်တွေမှာ ဖေ့သာ ကျောက်ဖြူမှာ ပသာ ။ ဘာလဲဆိုတာကို စစ်တွေမှာ ဇာလေ ကျောက်ဖြူမှာ အစွာရောင် စသည်ဖြင့်ပေါ့။ ကွဲပြားခြားနားတာတွေလည်းရှိပါတယ်။ လက်စွမ်းပြကျောင်းမှာသုံးလတက်ပြီးတဲ့နောက်ပိုင်းမှာ အမေက ကိုယ့်ကို ကျောင်းထုတ်ပြီး ကျောက်ဖြူမှာ စာသင်ကောင်းတယ်လို. နာမည်ကြီးတဲ့ ပင်လယ်နားကျောင်း မှာသွားထားပါတယ်။ ပင်လယ်ကမ်းစပ် နားမှာ မေးတင်ပြီးဆောက်ထားတဲ့ တစ်ထပ် သွပ်မိုးကျောင်းလေး။ အရမ်းသာယာတယ်။ ကျောင်းဘေးမှာ ပန်းခြံကြီးရှိတယ်။ ဘာတဲ့ နဒီသောင်ယံပန်းခြံတဲ့။ အဲဒီအချိန်မှာ တော့ကိုယ်က မျောက်ရှုံးအောင်ဆော့တဲ့ အ၇ွယ်ရောက်နေပြီ။
ကိုယ်တို.အိမ်အနီးအနားမှာ ရွယ်တူကလေးတွေ ပေါတယ်။ အုပ်စုလိုက်ကြီး အရမ်းဆော့လို.ကောင်းတာ။ အိမ်ရှေ.မှာ ခရစ်ယာန်ကျောင်းဝင်းကြီးရှိတယ်။ အဲဒီတုန်းက တစ်တန်းနှစ်ဝက်ကြီးတက်တုန်းပေါ့။ ကိုယ်ငယ်ငယ်တည်းက ဆံပင်ပါးလွန်းအားကြီးလို. အမေက ကတုံးတုံးပေးထားတယ်။ ကျောက်ဖြူမှာ တုန်းက ဆံပင်နဲ.တောင် မနေခဲ့ရဘူး။ ရာသီမရွေး ကတုံးပဲ။ ဒါတောင် ခု ပြောင်းဖူးမွှေးသာသာပဲရှိတာ။ အန်းနီးဝေး အဲဒီတုန်းက ကတုံးပြောင်ပြောင်နဲ. အင်းကျီလည်းမဝတ်ဘူး။ ပူလို.ချွတ်ထားတာ။ ဘောင်းဘီတို တစ်ထည်ဝတ်တယ်။ အဖေဝယ်ပေးထားတဲ့ ကစားစရာ သေနတ်ကို ဘောင်းဘီခါးကြားထိုးပြီး ရွာရိုးကိုးပေါက်လျှောက်ဆော့တာ။ မြင်ယောင်ကြည့်ကြပေါ့။ သေနတ်ကတော့ အသေစုတာ။ ငှက်ပျောရွက်ကို အရွက်သင်။ ကျန်တဲ့ အလယ်ရိုးကို အဆစ်လေးတွေလုပ်ပြီး လက်နဲ.သပ်ချလိုက်ရင် ဖတ်ဖတ်နဲ.မြည်တဲ့ သေနတ်တွေရှိသေးတယ်။ တိုက်ပွဲကတော့ ဝင်သလားမမေးနဲ.ပဲ။ ကျောက်ဖြူကို ရောက်တော့ညီမလေးက တစ်နှစ်ကျော်ပြီပေါ့။ သူကဖြူဖြူဖွေးဖွေး ကိုယ်က မည်းမည်းသည်းသည်းနဲ.။ ကျောက်ဖြူမှာတုန်းက လူရုပ်တောင် သိပ်မပေါက်ဘူးထင်တယ်။ ဆော့လွန်းလို.။
နွေရာသီကျောင်းပိတ်တိုင်း ကိုယ့်ကို ခရစ်ယန်ကျောင်းပို.ပြီး အင်္ဂလိပ်စာသင်တန်းတက်ခိုင်းပါတယ်။ မတက်ချင်ပေမဲ့လဲ တက်ရတာပေါ့။ ဆက်လက်ရေး ရေးတာသင်တယ်။ ပုံပြင်လေးတွေသင်တယ်။ ခရစ်ယန် သီလရှင် က တိုင်းရင်းသားပဲ။ ချင်းထင်တယ်။ အသံဝဲဝဲနဲ. ကိုယ့်အမေကို ချီးကျော်ကျွေးတဲ့ သမီးဆိုတဲ့ ပုံပြင်ကို သင်တာ မှတ်မိသေးတယ်။ ညီမလေး ၃ နှစ်လောက်ရောက်တော့ သူ.လဲကျောင်းပို.တယ်။ ဘယ့်နှယ် တစ်ကျောင်းလုံးမနေရဘူး။ အော်ငိုနေတာ။ ကိုယ်တို.က အဲကျောင်းကို မာသာကြီးကျောင်းလို.ခေါ်တယ်။ ကြက်ဆင်အကြီးကြီးတွေ မွေးထားတာရှိတယ်။ ခြံကြီးက အရမ်းသာယာတာ။ မာလကာပင်တွေအများကြီး။ အဲတုန်းက ကိုယ်အစားဒီလောက်မမက်သေးဘူး။ ဒါပေမဲ့ စာမက်နေပြီ။ ကိုယ်စာအုပ်တွေ စဖတ်ပါတယ်။ မိုးသောက်ပန်း ကနေအစ သတင်းစာအဆုံး အကုန်ဖတ်တယ်။ ကံကောင်းချင်တော့ အိမ်နားမှာ စာအုပ်ဆိုင်ဖွင့်ပါတယ်။ ၂ တန်းနှစ်ဝက်မှာ ဝတ္ထုစာအုပ်ပထမဆုံးဖတ်ဖြစ်ပါတယ်။ ရေးတဲ့လူက မီကိုဇူးဇင်။ စာအုပ်နာမည်မမှတ်မိတော့ဘူး။ အချစ်ဇာတ်လမ်းပေါ့။ အဲဒီကနေစပြီး မီကိုဇူးဇင် နိုကိုဇူးဇင် စာအုပ်တွေကို တောက်လျှောက်ဖတ် တခြားစာအုပ်တွေရောဖတ်ဖြစ်လာတယ်။ ဘယ်လိုဖတ်ရလဲဆိုတော့ အိမ်က အချစ်ဝတ္ထုတွေဖတ်တာကို ခွင့်မပြုတော့ စာအုပ်ဆိုင်မှာသွားခိုးဖတ်တာပေါ့။ အသိကိုး။ အဲ ဖတ်ပုံကို ပြောပြအုံးမယ်။ ဆိုင်ကဆိုင်သေးလေး ဆိုင်အလယ်မှာလေးထောင့် စားပွဲခုံချထားတာပေါ့။ ကိုယ့်နေရာက အဲဒီစားပွဲခုံရဲ.အောက် ဆိုင်ရှင်ခြေရင်မှာ ဂုံနီအိပ်ခင်းထားတာ။ အိပ်ဖတ် မှောက်ဖတ် ပက်လက်ဖတ် ဖတ်ချင်သလို ဖတ်ပဲ။ အင်မတန်သာယာတာ။
စာအုပ်ကြောင့်ရန်ဖြစ်ရတဲ့ အခေါက်လည်းရှိသေးတယ်။ အိမ်နားမှာ လူသစ်ပြောင်းလာတုန်းကပေါ့။ ဗမာပြည်ကပြောင်းလာကြတာ။ ဒါပေမဲ့ အမေရခိုင်ထင်တယ်။ သားလေးတစ်ယောက်ပါလာတယ်။ နာမည်က မဟာပုံပုံဝင့်သူဝင့် တဲ့။ စဉ်းစားသာကြည့်ကြတော့။ လူကလည်း ရန်စွာလိုက်တာ မိန်းမလေးလားကျလို.။ ကိုယ်နဲ.ဆို တည့်ကို မတည့်ဘူး။ ဒါပေမဲ့ ဂွကျတာက သူတို.အိမ်မှာ မိုးသောက်ပန်းစာအုပ် အထပ်လိုက်ကြီးရှိတယ်။ ကိုယ်ကလည်း စာအုပ်မြင်လို.ကတော့ သူ.အမေနဲ.အဖေ အခန်းထဲမှာ ရှိတာတောင် တန်းဝင်ချသွားပြီး စာအုပ်ပုံနားရောက်သွားတာ။ ဘာလုပ်နေနေ အရေးကို မစိုက်ဘူး။ သူတို.က အိမ်ကိုလည်း ပေးယူမဖတ်ဘူး။ အဲကောင်လေးလဲ မဖတ်ဘူး. စာအုပ်က အသစ်ကြီးတွေ အဲဒါကို ကိုယ်ယူဖတ်ရင် မပေစေနဲ. မပြဲစေနဲ.နော် မကိုင်နဲ မထိနဲ.နော်စသည်ဖြင့် အမျိုးမျိုးပြောတယ်။ မကြိုက်လို. ။ ကိုယ်ကတော့ ဖတ်ရပြီးတာပဲ။ တစ်နေ.တော့ စာအုပ်က စာရွက်တစ်ရွက်ပြဲထွက်သွားရော။ ကိုယ်လည်း မျက်နှာငယ်လေးနဲ. ဘာမှာကို မပြောနိုင်ဘူး။ သူ.အမေလဲအနားမှာရှိတယ်။ စိတ်တိုသလိုကြည့်ပေမယ့် ဘာမှတော့ မပြောဘူး။ ကိုယ်လည်း အိမ်ပြန်လာခဲ့ရော။ ပြီးတော့ မုန်.ပေါင်းရောင်းတမ်းဆော့နေတာ။ ဟမ်မလေး နာရီဝက်လောက်ကြာတော့ လိုက်လာတာ လိုက်လာတာ ဒင်းက ။ အမေတို.က အိမ်ထဲမှာ။ ကိုယ့်ဟာကို မုန်.ပေါင်းရောင်းလို.တောင် လက်လည်တာမဟုတ်ဘူး။ သူလာတာကို မမြင်ဘူး။ အနားနားကပ်ပြီး အော်တာ နားတောင်ကန်းမယ်။ ဟဲ့ နင်က ငါ့စာအုပ်ကို ဘာလို.ဖြဲလိုက်တာတုန်း သူများဟာကို ယူလည်းဖတ်သေး ဖြဲလည်းဖြဲသေး။ ကိုယ်က စိတ်ကတိုသွားတယ်။ မတော်တဆ ဖြစ်သွားတဲ့ ကိစ္စကို လာပြောတယ်ပေါ့။ ပြီးတော့ ကိုယ့်ကို တွန်းတယ်။ ကိုယ်လည်းပြန်တွန်းတာပေါ့။ ကိုယ်က ဘယ်တော့မှ ကတ်ကတ်လန်အောင် ပြန်မပြောတတ်ဘူး ရန်တွေဘာတွေဖြစ်ရင် အဲ လက်တော့လျင်တယ်။ ကိုယ်က ပြန်တွန်းတော့ ကိုယ့်လက်မောင်းကို ဖက်ကိုက်တာဒင်းက။ လန်.သွားပြီး အားဆိုအော် ပြီးတော့ ဘာလုပ်ရမှန်းမသိဘူး။ နောက်မှ သူ.လည်းကိုက်မဲ့နေရာရှာတော့ နား၇ွက်ပဲမြင်ရတော့ နားရွက်ပဲဖက်ကိုက်တာပေါ့။ အဲဒါကြောင့်ပြောတာ မိုက်တိုင်စင် နားရွက်ကိုက်တာ ၁၉၉၇ လောက်မှပါလို. ငါတို.က ၁၉၉၁ တည်းက ကိုက်လာတာလို.။ ခဏနေကျတော့ ကိုယ့်အမေကလည်းဝင်ဆွဲ သူ.အမေလည်းလိုက်လာပြီးဝင်ဆွဲမှ ပြီးသွားတယ်။ ဖြစ်ပုံ။
ကျောင်းမှာလဲအေးဆေးပါပဲ။ ကိုယ်ကကျောင်းမှာ သရေပင်အခုန်ကောင်းလို. ပေါ်ပြူလာဖြစ်တယ်။ ဟိုကလည်း သူ.အဖွဲ.မှာ ပါ ပါ ဒီကလည်း သူ.တို.ကို ဂျွိုင်းပါနဲ.။ သရေပင်ကတော့ ခုန်သလားမမေးနဲ.။ ကျွမ်းတွေဘာတွေပစ်ထိုးပြီးတော့ကို ချတာ။ ဒါက ကိုယ့်ရဲ. own stance ပေါ့။ ဟဲဟဲ။ ကျောင်းကသူငယ်ချင်းတွေထဲက စာတော်တဲ့လူတွေပဲမှတ်မိတော့တယ်။ ကျော်သူစိုးဆိုတဲ့ ကောင်လေးရှိတယ်။ တရုတ်လေး သူ.အမေက အင်ဂျင်နီယာမ ထင်တယ်။ ကျောင်းကပွဲတုန်းက ဇော်ဝင်းရှိန်ရဲ. ပိုင်ရှင် မရှိသေးတဲ့ အချစ်ကလေးရေ ဆိုတဲ့ သီချင်းကို ဆိုတာပေါ့ ဒင်းက။ အမလေး ပေါ်ပြူလာ ပေါ်ပြူလာ။ နောက် ယင်းမာကို နဲ. နန်းထွေး ဆိုတဲ့ ညီအစ်မ နှစ်ယောက်ရှိတယ်။ ဗမာမလေးတွေ ဆရာဝန်သမီးတွေ။ အဆင့်က သူတို.နဲ. ပဲ အမြဲလုရတယ်။ ၃ တန်းနှစ် အတန်းတင် နောက်ဆုံးနေ. သင်္ချာဖြေပြီးတဲ့နောက် ကိုယ်ပျောက်သွားသေးတယ်။ အမေတို.က ဒေါင်းတောက်အောင် လိုက်ရှာနေကြတာ။ စာမေးပွဲပြီးတော့ အိမ်ပြန်မလာဘူးလေ။ ၁၂နာရီကပြီးတာ ၄နာရီထိုးတဲ့အထိ ကလေးကပြန်မလာဘူးဆိုတော့ စိုးရိမ်ပြီပေါ့။ ကိုယ်ကတော့ ကျောင်းနားမှရှိတဲ့ ရုံးတစ်ရုံးက ခြံစောင့်သမီးလေးက ကိုယ့်သူငယ်ချင်းဆိုတော့ သူတို.အိမ်လိုက်ပြီး ဇယ်တောက်နေတာ ရှယ်ပဲ။ ပျော်ကြတာပေါ့။ သူငယ်ချင်းနှစ်ယောက်။ ပင်လယ်ကမ်းစပ်မှာ သူတို.အိမ်က။ ကိုယ်တို. ရေထဲတွေဆင်း ဆော့ လက်တွေချိတ် သီချင်းတွေဆိုကြသေးတယ်။ နောက်၅ နာရီလောက်မှ အမေတို.လိုက်လာကြတယ်။ အမေက ပြေးလာဖက်တာပေါ့ အစကတော့ ။ နောက်မှ ဗြန်းဗြန်းကွဲအောင် အရိုက်ခံရတာ။
ကျောက်ဖြူမှာနေတုန်းက ၉ နှစ် ၁၀နှစ် အရွယ်ဆိုတော့ သွားတွေကျွတ်တဲ့ အရွယ်ပေါ့။ သွားလည်း တစ်ချောင်းမှ အကောင်းမရှိဘူး။ ၃ တန်းနှစ်က ပိုဆိုးတယ်။ တစ်နေ.တစ်နေ. သွားကိုက်လိုက် သွားနာလိုက် သွားကျိုးလိုက်နဲ.။ တစ်ပတ်တစ်ခါလောက် နဲ.တဲ့တဲ့သွားလေးကို အပ်ချည် ကြိုးနဲ.ချည်ပြီး ဆွဲ ဆွဲ နေတဲ့ကိုယ့်ကို မြင်ရမှာသေချာတယ်။ ညနေတိုင်း ဆားရည်ငုံရတယ်။ ကိုယ့်ညီမလေးက ၃နှစ်ရှိပြီး သွားက ရှေ.က လေးချောင်းကျိုးနေပြီ။ အပေါ်နှစ်ချောင်း အောက်နှစ်ချောင်းနဲ. ပြတင်းပေါက်ဖောက်ထားသလိုပဲ။ ငယ်ငယ်တည်းက သူက သွားမကောင်းရှာဘူး။ သူများက ၄ ၅ နှစ်မှာမှ သွားကျိုးတာ သူက ၃ နှစ်လောက်နဲ. ကျိုးနေပြီ။ အဲဒီတုန်းက ကမ္ဘာရှား ဇီးထုပ်တွေရှိတယ်လေ။ သူ.ကို ကမ္ဘာရှားပေးစားရင်ရီရတယ်။ တစ်ကိုက်စီ အကြီးကြီး ကိုက်လိုက်မှ သွားမှာနည်းနည်းလေး ကပ်ကျန်ခဲ့တာ။ အားလုံး အဲဒီ ပြူတင်းပေါက်လို ကျိုးနေတဲ့ သွားကျိုးပေါက်ထဲက အကုန် ပြန်ထွက်လာတာ။ ကိုယ်ဆို ခဏခဏ ဝယ်ကျွေးတယ်လေ။ အဲဒါကို ကြည့်ချင်လို.။ ပြီးတော့ လှောင်တာပေါ့ တဟားဟားနဲ.။ အဲ အဲလို လှောင်လည်းပြီးရော တယ်မကြာပါဘူး အံသွားကိုက်ရော။ အမ်မလေး နာတာသေတောင်သေမယ်။ အဲဒါနဲ. ၄ ရက်ဆက်တိုက်လောက် အနာခံပြီးရော မရတော့ဘူး အံသွားနှုတ်မှ ဖြစ်တော့မယ် ဆိုပြီး ပါပါက ဦးဆောင်ပြီးတော့ သားအဖ နှစ်ယောက် စစ်တွေကို လေယဉ်နဲ.ချီတက်ကြပါတော့တယ်။
သွားဆေးခန်းက စစ်တွေ လမ်းမကြီးဘက်မှာရှိတာ။ နေရာ အတိအကျတော့ မသိတော့ပါဘူး။ ဆရာဝန်ကလည်း ကိုယ့်အသိထဲကပဲလို.ပြောတယ်။ ကိုယ်တစ်ခါမှ ဆေးခန်းတွေဘာတွေသိပ်မသွားဖူးဘူး ဆေးထိုးခံရမှာလည်း အရမ်းကြောက်တယ်။ ဒါပေမဲ့ အေးအေးဆေးဆေးပဲ ထုံဆေးဆိုတာရှိတယ်လို. အဖေက ပြောလို. သိပ်မကြောက်ဖူး လုံးဝမနာစေရဘူး ဘာညာလို. အာမခံထားတာရှိတော့ တည်တည်ငြိမ်ငြိမ်ပဲပေါ့။ အဲ ပြသနာစတာကတော့ ထုံဆေးထိုးခါနီးမှာ စတာပါ။ အပ်သေးသေးတောင်ကြောက်တာ သေတော့မဲ့ဟာကို အဲဒီဆရာဝန်ရဲ. ထုံဆေး အင်ဂျက်ရှင် ဆရိန်းက တံတောင်ဆစ်ထိရှည်တယ်။ ကိုယ်က မြင်လိုက်တဲ့ အခါလူက သွားနှုတ်တဲ့ ထိုင်ခုံပေါ်ရောက်နေပြီ။ မြင်တာနဲ. မျက်ဖြူတွေဆိုက်နေတာ အဖေတို.က သတိမထားမိဘူး။ ဆရာဝန်နဲ. စကားပြောလို.ကောင်းတုန်း။ ဆရာဝန်ဟိုဘက်လှည့်တာနဲ. ဝုန်းဆို ခုံပေါ်ကထပြီး တန်းနေအောင်ပြေးတာ နောက်က လူကြီး ၃ ၄ ယောက် လိုက်မမီပါဘူး။ ပြေးတာပြေးတာ ဘယ်နားရောက်လို.ရောက်မှန်းမသိဘူး နောက်မှ အဲဒီတုန်းက အသစ်ဖွင့်စ ခိုင်သဇင်ပန်းခြံနားရောက်လာတော့ ငါအိမ်ပြန်မဲ့လမ်းကို ရောက်နေတာလို. သတိထားမိတယ်။ ဖိနပ်လည်းမပါဘူးပြေးလာတာ မောလည်းမောလှပြီ။ အဲဒါနဲ. ဆိုက်ကားငှားပါတယ်။ ဆိုက်ကားဆရာကလည်း ကတုံးမလေး ဘယ်ကပြေးလာတာလဲမသိ မျက်ရည်တွေနဲ. မောကြီးပန်းကြီးနဲ. သနားလို.လားမသိ မလိုက်ဖူးတဲ့။ အဲဒါနဲဆက်ပြေးတာ အိမ်ထိတကယ်ရောက်တယ် ။ အိမ်က ဂေါက်ကွင်းနားမှာ။ စစ်တွေကလူတွေတွေ.ရင် မေးလိုက် လမ်းမကြီးနဲ.ဂေါက်သီးကွင်းနဲ. ဘယ်လောက်ဝေးလဲလို.။ အဖေဆိုတာ ဒေါသတွေမထွက်စဖူး ထွက်လို.။ နောက်တစ်နေ.လည်းကျရော အဖေက အိမ်နားက လ ဝ က ဝင်းထဲမှာ နေတဲ့ ကိုယ့်သူငယ်ချင်း မအေးမြသူကို မုန်.ပေးပြီးခေါ်လာပါတယ်။ သူ.မှာလောလောလတ်လတ်သွားနှုတ်ထားတာ မကြာသေးဘူး။ အဲ သူက ကိုယ့်ကိုပြောတာပေါ့ လုံးဝမနာဘူးတဲ့ စားချင်တာစားလို.ရတယ်တဲ့ သူအာမခံပါတယ်တဲ့ သူ.ပေါက်စသွားကိုလည်း လက်နဲ.ခေါက်ပြတယ်။ လုံးဝမနာဘူးပေါ့။ အဲဒါနဲ. သူ.ကိုယုံကြည်ပြီး ကြယ်နီရေခဲချောင်း ၂ ချောင်းစားရမယ်ဆိုတဲ့ မက်လုံးနဲ. ဆေးခန်းကို နောက်တစ်ခေါက်ချီတက် သွားကြပါတယ်။ ဆိုက်ကားတစ်စီးနဲ. သားအဖနှစ်ယောက်က ရှေ.က မအေးမြသူက လောလီပေါ့ ကိုက်ပြီးနောက်က။ ကိုယ်က ငိုတော့မဲမျက်နှာနဲ. ထုံဆေးကို ထိုးခံတယ်။ အေး ဟုတ်သားပဲ မနာဘူးဟ ဆိုပြီး ကိုယ့်ပါးကို ပြန်ရိုက်ရနဲ. ဆိတ်ဆွဲရတာနဲ.။ သူတောင်ဝင်ရိုက်သေးတယ် ထင်ပ နာလား နာလားနဲ.။ တကယ်မနာတာပါ။ အဲ ဘယ်တော့မှနာလဲဆိုတော့ ၂နာရီ ၃ နာရီလောက်နေ အိမ်ပြန်ရောက်ပြီး ထုံဆေးပြယ်တဲ့အခါကျမှ သွားနှုတ်တဲ့နေရာကနာ၊ ပါးရိုက်တဲ့နေရာကနာ၊ ဆိတ်ဆွဲထားတာကလည်းနာနဲ. အသကုန်နာတော့တာပဲ။ အဲဒီတော့မှ မအေးမြတ်သူကို အမလေး ရက်စက်ပါပေ့ လုပ်ရက်ပါပေ့ သစ္စာဖောက်ပါပေ့နဲ. ဆဲတာ နာတိုင်း ။ အိမ်ကလူတွေကတော့ ကျောက်ဖြူစကားလုံးလုံးပြောနေတဲ့ ကိုယ့်ကို တအံ့တသြကြည့်လို. ။ ကိုယ်ဆယ်တန်းအောင်ပြီးတော့ မအေးမြတ်သူ ကျိုက်ထီးရိုးသွားရင် ကားချောက်ထဲကျ မီးလောင်ရာမှာပါပြီး ဆုံးသွားတဲ့ အကြောင်းကို ကြားရပါတယ်။ ယုံတောင်မယုံနိုင်ဘူး။
ကျောက်ဖြူမှာ မှတ်မိသလောက် ရောက်ခဲ့တဲ့နေရာကို ပြောရရင် မှတ်မှတ်ရရတွေပေါ့ မင်းပြင် ဆိုတဲ့ရွာရယ် ၊ ကျောက်တစ်လုံးစေတီရယ်၊ နောက် ကံ့ကော်တော ဖုရားရယ်ပေါ့။ မင်းပြင်က မြို.ပြင်ကရွာ ကားနဲ. သွားရသေးတယ်။ အဲဒီမှာ ကိုယ်တို. မိုက်ခရိုဝေးဖ် လို.ခေါ်တဲ့ ဘာခေါ်မလဲ ဖုန်းလိုင်းတွေ ဘာတွေဖမ်းတေပေါ့ အဲဒီစင်ကြီးရှိတယ်။ အမြင့်ကြီးပဲ။ အပေါ်မှာ ပုဂံပြားမှာ ပုဂံလုံးမှောက်ထားသလို ပုံစံကြီးလုပ်ထားတာ။ အဖေတို.များ ကလေးတွေကို အဲဒီ စင်ကြီး အပေါ်ဆုံးအထိ ခေါ်သွားတာ။ အဖွားတောင်ပါလိုက်သေး။ အပေါ်ကကြည့်ရင် လူတောင်ရိပ်ရိပ်ပဲ မြင်ရတာ။ ကိုယ်ဆို ထမ်းချရတယ်။ ကြောက်လွန်းလို.။ နောက်အဲဒီမှာ ကျောက်ပုဇွန် (Lobster) ကြီးတွေ အရမ်းပေါတယ်။ ထမင်းဝင်သလားမမေးနဲ.။ နောက် ကံ့ကော်တော ဘုရားကြီးကိုသွားတယ်။ ကံကော်တော ဘုရားကိုသွားရင် ပိန်းစွယ် ဗမာလို ပိတ်စွယ် ခေါ်လား ဘာလား အဲဒီဟင်းစားရတယ်။ နာမည်ကြီး လာသမျှလူကို ပိန်းဟင်းချက်ကျွေးတဲ့။ ဘုရားနားမှာ ပိန်းတောာကြီး သီးနေတာပဲ။ ဘုရားဝင်းထဲချက်ရင် ဘုရားတန်ခိုးကြောင့် မယားဘူးတဲ့။ အပြင်ယူသွားပြီး ချက်ရင် ယားတယ်လို. ယုံကြတယ်။ တကယ်လဲ စားလို.ကောင်းပါတယ်။ ဘုရားနားမှာ ရွေးပင်တွေ အုပ်လိုက်ရှိတယ်။ ရခိုင်လို ရွေး ဗမာလို ရွဲလို.ခေါ်တယ်။ ရွဲကုန်သည်ပုံပြင်ကြားဖူးတယ်ဟုတ်။ ရွေးစေ့လေးတွေက လှလိုက်တာ လှလိုက်တာ ဘဝမှာ ပထမဆုံးမြင်ဖူးတာပါ။ ပဲလုံးစေ့လောက်ရှိပြီး အနီတစ်ဝက် တစ်ဝက် အရောင်ကလည်း ရွှန်းစိုပြီး ပန်းချီဆွဲပေးထားတဲ့အတိုင်းပဲ။ အဲဒါကြောင့်မို.လည်း ရွဲကုန်သည်ဆိုပြီး ပုတီးလေးတွေ လုပ်ရောင်းကြတာကိုးလို. စဉ်းစားမိတယ်။ တော်တော်များများကတော့ မမြင်ဖူးကြဘူးလို.ပြောတယ်။ ကိုယ်လဲ ပထမဆုံးနဲ. နောက်ဆုံး မြင်ဖူးတာပါ။ ကျောက်တစ်လုံးဘုရားက တော့ အိမ်နားမှာရှိတာ။ ကျောက်ဖြူအကြီးကြီးတစ်လုံးတည်းပေါ်မှာ ဘုရားတည်ထားတာ။ ကျန်တဲ့နေရာတွေက မမှတ်မိတော့ဘူး။ အော် ရှိသေးတယ်။ ကိုယ့်အိမ်နဲ.ကျောင်းသွားတဲ့လမ်းပေါ်မှာရှိတဲ့ ရခိုင်မုန်.တီဆိုင်။ အိမ်ထဲမှာပဲရောင်းတာ။ အိမ်ရှေ.မှာ စကားပင် အကြီးကြီးရှိတယ်။ မိသားစုဆိုင်လေးပါ။ လက်ညှစ်မုန်.တီလုပ်ရောင်းတယ်။ ကောင်းလိုက်တာ မပြောပါနဲ. ။ အဲဒီတည်းကကို မုန်.တီကြိုက်တာ။ အဲဆိုင်မှာစားလို. တခြားဆိုင်မှာစားရင် မုန်.တီကြိုက်ချင်မှကြိုက်မှာ။
နောက်အမှတ်တရ အစားအသောက်ကိုပြောရရင် ကိုယ်ကျူရှင်တက်တဲ့ လမ်းမှာရောင်းတဲ့ ထမင်းကြော်။ ထမင်းကို ပဲငံပြာရည် အပျစ်လေးနည်းနည်းနဲ. ကျော်၊ ပဲပြုတ်ကို ဆီစိမ်ပြီးအိနေအောင်လုပ်ပြီးနည်းနည်းခြေထားတာ၊ ပြီးတော့ အမဲသားနှပ်ကလေးထည့် ငရုတ်ဆီရယ် သခွားသီးတောက်တောက်စင်းပြီး ရောထားတာလေးနဲ. တစ်ပွဲကို ၂ ကျပ်ပေးရတယ်။ စားလိုက်ရင် နတ်ပြည်တန်းရောက်သွားသလိုပဲ။ ခုတောင် အရသာကို ပြန်ပြီးခံစားလို.ရတယ်။ အဲလောက်ထိကောင်းတယ်။ ကိုယ်အရမ်းကြိုက်တာ။ ကျူရှင်အိမ်က ပါပရာ (ငါးမုန်.) လုပ်တဲ့အိမ်ဆိုတော့ ပါပရာတွေလည်း ညီးနေအောင်စားရတာပေါ့။ အင်မတန်အရသာရှိတာ။ ကျူရှင်ဆရာမက ဒေါ်မိမိထွန်းလို.ခေါ်ပါတယ်။ အသားဖြူဖြူ ကိုယ်လုံးလှလှ နဲ. လူကြီးတွေနဲ. စကားပြောရင် ဟုတ်ပါရေပါ ဆိုပြီးတော့ အမြဲတမ်းပြောတယ်။ ဟုတ်ပါရေ က ဟုတ်ပါတယ်လို.ပြောတာပဲဟာကို ပါထပ်ထည့်သေးတာ။း) ဆရာမကို အရမ်းကြောက်ရတယ်။ အိမ်မှာ သိပ်အရိုက်မခံရပေမဲ့ ကျောင်းမှာတော့ လက်ဆစ်နဲ.ခေါက်တာ တောင်ခနဲ တောင်ခနဲနေတာပဲ။ လှုပ်တောင်မလှုပ်ရဲဘူး။ ခုတော့ ဆရာမနဲ.မတွေ.တာ သတင်းမကြားတာ ကြာလှပြီ။ ပြန်ပြောတော့လည်း သတိတွေရပါတယ်။ အောက်လည်း အောက်မေ့တယ်။
ဒီလိုနဲ.ပဲကျောက်ဖြူမှာ လေးတန်းနှစ်ဝက်နေရင်းနဲ. စစ်တွေ ကိုတစ်ခါ ပြန်ပြောင်းလာရပြန်ပါတယ်။ ဒီတစ်ေါက်ကတော့ တော်တော်ရှည်သွားပြီး သည်းခံသာဖတ်ကြတော့။ နောက်မှပဲ အပိုင်း ၃ ဆက်ပါအုံးမယ်။
စားနိုင်ရင် ကိုယ့်ဖို.
ခိုင်ဝေဇံ
0 comments:
Post a Comment