အစားအသောက်အကြောင်းကိုရေးမယ်ဆိုရင် ဝါကျစီစရာ မလို လက်သွက်ပေမယ့် ရည်းစားအကြောင်းရေးမယ်လို. စဉ်းစားတော့ ဘဲဥ အစရှာမရ ဘယ်က စရမှန်းမသိ ဖြစ်နေတယ်။း)
သမီးရည်းစားသက်တမ်းပဲ ၃ နှစ်ကျော်ခဲ့ပေမဲ့ တစ်ခါမှတော့ ဒဲ့မရေးဖူးဘူး။ တွတ်လေးတွေပဲ ထည့်နေတာ။ ခုတော့ ရေးချိန်တန်ပြီလို. ထင်တာပဲ။
သူ.နဲ.စတွေ.တာကတော့ ကလေးတည်းကပါ။ စစ်တွေမှာပေါ့။ ၅ တန်းနှစ် အထက ၄ မှာထင်တယ်။ အဲဒီတုန်းက ပြည်တော်သာကျောင်းကနေ အထက်တန်းကျောင်းဖြစ်တဲ့ အထက ၄ ကို ဝင်တာပေါ့။ လူသစ်သူငယ်ချင်းသစ်ကျောင်းသစ်ကြီးနဲ.။ သူ.ရုပ်တောင် မမှတ်မိပါဘူး။ ၅ တန်း ၆ တန်း အထက ၄ မှာတက်ပြီးတော့ ကိုယ်က ၇တန်း ကို မောင်တော၊ ၈ တန်းကို မြောက်ဦးမှာ သွားတက်တယ်။ ၉ တန်းကို အထက ၄ စစ်တွေပဲပြန်လာတက်တယ်။ ဘော်ဒါတွေကတော့ စောသန္တာအောင်၊ ခင်ဆွေလတ် နှစ်ယောက်နဲ.ပဲ ပေါင်းဖြစ်တယ်။ စဝင်ခါစဆိုတော့ ဘီ အခန်းမှာ နေရတယ်။ ပထမအစမ်း ပြီးမှ အဆင့်တွေခွဲပြီး အတန်းပြန်ခွဲတာပေါ့။ အက်စ် အခန်းဆိုတာက စပယ်ရှယ်အခန်း ပေါ့။ ပြီးမှ အေ ဘီ စီ ဒီ ဆိုပြီး စုစုပေါင်း ၅ ခန်းရှိတယ်။ ပထမအစမ်းလဲပြီးရော အဆင့်ခွဲတော့ ကိုယ်တို. အက်စ် ခန်းကို ဝင်တယ်။ ကိုယ်ရယ် ခင်ဆွေလတ်ရယ် ဝင်တာပေါ့။ နောက်ထပ် ကျောက်တော်က လာတဲ့ ဖြူဖြူဝင်းက ပထမနဲ. စစ်တွေကလူတွေအားလုံးကို နင်းပြီး ရသွားတယ်။ အထက၄ ငယ်မွေးခြံပေါက်များ အင်မတန် ဒေါသထွက်ကြပေမဲ့ ဖြူဖြူဝင်းက ၉ တန်း ၁၀ တန်း နှစ်နှစ်လုံး မိန်းကလေးဘက်မှာ ပထမနေရာကို အပိုင်စီးယူလိုက်ပါတယ်။ အဲဒီတုံးက မိန်းကလေးဘက်က အက်စ်ခန်းရှေ.နှစ်တန်းမှာ ကိုယ်မှတ်မိသလောက် ဖြူဖြူဝင်း ယဉ်ယဉ်ဖြူ ပိုပိုအောင် သွယ်သွယ်ဝင်း မစမ်းကြည် (နှစ်လုံးလှစာပေ) ဝင့် တင်မိုးလင်းထွန်း ပြီးတော့ အဲ မသိတော့ဘူး။ ကိုယ်က တတိယတန်းမှာ ခင်ဆွေလတ်နဲ. ရှေ.နောက်ဆင့် ပြီးတော့ ချိုညဏ်ဝေ ငယ်ငယ် နောက်ကလူတွေမမှတ်မိ။ ဇင်မာအေးတို. လှိုင်မီသက်ချိုတို.လည်း ရှိတယ်။ သွားတက်ကလေးနဲ. ခရစ်ယာန် မလေး ဇင်မာထွန်း လည်းရှိတယ်။ ကျန်တဲ့လူတွေ မှတ်မိဝူး။ ယောက်ျားလေး ဘက်ရှေ.တန်းမှာ မောင်ဖြိုးဝေ မြတ်လင်းထွန်း ကျော်ထူးအောင် (ရည်းစား အလောင်းအလျာ) သန်းထွန်းဦး (ဆရာ ဦးသန်းထွန်းသား) တို. အပိုင်စီးထားကြတယ်။ နောက် တင်အောင်ထွန်း၊ အောင်ကိုမင်း၊ မြတ်မိုးဦး၊ ဆန်းရွှေမောင်၊ ဇော်ဟိန်း လောက်ပဲ မှတ်မိတော့တယ်။ ကျော်ထူးအောင်က အဲဒီတုန်းက အရပ်ဂလန်ဂလားနဲ. မျက်မှန်အပြာတပ်တယ်။ ကိုယ့်ဘဝမှာ အဲလို အရောင်နဲ. မျက်မှန်တပ်တာ သူ.ကို ပထမဆုံးမြင်ဖူးတာပဲ။ ဒါကြောင့် မှတ်မိနေတာ။ ဆံပင်ကိုလည်း ခလယ်ကခွဲသေးတယ် (စည်သူလွင် ခေတ်စားတုံး)။ မြင်ယောင်ကြည့်ကြပေါ့။
ရခိုင်ဘက်မှာယောက်ျားလေးနဲ. မိန်းကလေး ကျောင်းမှာ အရောတဝင်စကားပြောတယ်ဆိုတာ သိပ်မရှိတော့ အချင်းချင်းရင်းနှီးနေရင်တောင် မှကျောင်းမှာ စကားမပြောကြဘူး။ ကိုယ်က ချိုညဏ်ဝေ (ဆရာဦးလှစောသမီး) နဲ.တွဲပြီး သူတို. ကျူရှင်မှာတက်တယ်။ ပြည်တော်သာမှာနေတော့ လမ်းမကြီးဘက်မှာနေတဲ့သူတို.အုပ်စုနဲ.အဆက်အသွယ်မရှိဘူး။ သူနဲ. ကျောင်းမှာ စကားလည်းမပြောဖူးဘူး။ စာတော်လို. သိတာပဲ ရှိတယ်။ သူလည်းကိုယ့်ကို သိမယ်လို. မထင်ဘူး။ ဆယ်တန်းဖြေကြတော့ ရခိုင်ပြည်နယ် အဆင့်တစ်ကို အထက၂ ကရပြီး အဆင့်၂က မောင်ဖြိုးဝေတဲ့။ အဆင့်၅ က ကျော်ထူးအောင်ရတယ်တဲ့။ အဲဒါနောက်ဆုံးကြားလိုက်ရတဲ့ သူ.သတင်းပါ။ ဆယ်တန်းပြီးတော့ ကိုယ်က ရန်ကုန်မှာ သွားနေ ပြီးတော့ မန္တလေးကို အဖေတာဝန်ကျပြီး ပြောင်းသွားတယ်။ သူငယ်ချင်းတွေအားလုံးနဲ. အဆက်အသွယ် ပြတ်သွားတယ်။ နောက်ပိုင်း စင်ကာပူကို ရောက်လာတော့ အားလုံးနဲ. အဆက်အသွယ် ပြန်ရတယ်။ ကိုယ်ပိုလီ ဒုတိယနှစ်မှာ သူနဲ. အဆက်အသွယ်ပြန်ရတယ်။ အဲဒီတည်းက စလိုက်တဲ့ဇာတ်လမ်းက ခု၅နှစ်လောက်ကြာတဲ့အချိန်မှာ ရည်းစားသက်တမ်း ၃နှစ် ကျော်ရှိသွားပြီ။ စဉ်းစားကြည့်လိုက်ရင် မနေ.တနေ.က အတိုင်းပဲ။
ကိုယ်နဲ.သူနဲ.က နေတာကလည်း ကိုယ်အရှေ.နဲ. သူအနောက် ၊ ကြိုက်တာကလည်း သူအဖြူ ကိုယ်အမည်း၊ ကာရိုက်တာကလည်း ဆန်.ကျင်ဘက်။ အနေကလည်းဝေးသေးဆိုတော့ ဒီလောက်ထိ သက်တမ်းရှည်လာတာ အသက်အ၇ွယ် နဲ. maturity ကြောင့် လို.ပြောရမယ်။ ချစ်ပေမဲ့ ကွဲကြတဲ့သူတွေ အများကြီး စိတ်သဘောထားချင်းမတိုက်ဆိုင်လို.ပေါ့။ မတိုက်ဆိုင်ပေမဲ့ ညှိယူလို.ရတာတွေလည်း ရှိပါတယ်။ ဒီလိုပဲ နားလည်မှုနဲ. ညှိယူရတာပေါ့။ ကိုယ်ကံကောင်းပါတယ် (လောလောဆယ်ထင်တာပေါ့)။ ကိုယ့်ကို သဘောကျတဲ့ ကိုယ်ကလည်း သဘောကျတဲ့ ရခိုင်သားတစ်ယောက်ရဖို.ဆိုတာ လွယ်တာမဟုတ်ဘူး။ ရွှေထက်ရှားတယ်။ နင်တို.ကလည်း Distance Relationship ကြီးနော် ဖြစ်မှဖြစ်ပမလား ဆိုတဲ့ လူတွေလည်းရှိတယ်။ ဖြစ်လို.ပဲ ၃ နှစ်ကျော်လာပြီ ဟုတ်တာကို။ ကွဲတာမကွဲတာကတော့ ကံပဲပေါ့။ တူတူနေကြတဲ့ လင်မယားတောင် ကွဲကြသေးတာပဲ။ နဖူးစာ မပါရင် မညားဘူး ပါရင် ညားမယ် ဒါပဲပေါ့။
ကိုယ့်အပေါ်ကို သူနားလည်ပေးပါတယ် (နားမလည်ပေးတာတွေလဲ အများကြီးရှိပ) ကိုယ်က ကမူးရှူးထိုးမစဉ်းစားမဆင်ခြင် တဇောက်ကန်းသလောက် သူက အရမ်းစဉ်းစား တတ်တယ်။ ကိုယ်က အပေါ့သမား၊ သူက အလေးသမား။ ပြောရင်နဲ. အိမ်သာစကားတွေလိုတောင် ဖြစ်ကုန်ပြီ။ ပြောချင်တာက ကာရိုက်တာက လုံးဝဆန်.ကျင်ဘက်။ ဒါပေမဲ့ အဲဒါကလည်း တစ်မျိုးကောင်းပါတယ်။ ကိုယ် တဇွတ်ထိုးတော့မယ်ဆို သူတားတာပေါ့။ ကိုယ်က စားပစ်မယ် သုံးပစ်မယ် ချပစ်မယ် တင်ပစ်မယ် တွေဘာတွေလုပ်ရင် သူထိန်းပေးတယ်။ အဲ သူက ၁၀၀% သမားဆိုတော့ ၉၉%သေချာပေမဲ့ ၁%မသေချာရင် စိတ်ညစ်တတ်သေးတယ်။ အဲခါကျ ကိုယ်က နှစ်သိမ့်ပေးရတာပေါ့။ သူက အမျိုးသားရေးစိတ်ဓါတ် ပြင်းထန်တယ် ကိုယ်ကတော့ အေးဆေး။ ရှိခဲ့ဘူးပါတယ် အမျိုးသားရေးစိတ်။ ခုတော့ ကုန်နေတယ်။ ဘယ်တော့ပြန်ပေါ်လာမလဲ မသိဘူး။ အဟီး။ ရခိုင်ကို သိပ်ချစ်ပါတယ်ပြောပြီး တခြားလူမျိုးနဲ. ရသွားတဲ့ လူတွေအများကြီး။ အနည်းဆုံးတော့ ကိုယ်က ရခိုင်သားကို ရအောင်ရွေးထားသေးတာပဲ။ တော်ပြီပေါ့နော။
ဒီနှစ် ဗယ်လင်တိုင်းနေ.မှာ ပန်းစီးပို.ဖို.ကို ၂၀၁၀ တစ်နှစ်လုံးသူ.ကို တဂျီဂျီနဲ. ပူဆာထားတာ။ အဟီး။ ရခိုင်သားလို. မပြောရဘူး။ မတောင်းပဲနဲ. ပေးမဲ့ပုံက မမြင်ပါဘူး။ ခုတော့ ရပြီ။း)း)း) တောင်းမှရတာဖြစ်ပေမဲ့ ရတော့ အရမ်းကို ဝမ်းသာသွားတယ်။ ဟီးဟီး။ သူက ပန်းစည်းအပြင် နောက်ထပ်အရုပ်ကလေးနဲ. ချောကလက်ပါထည့်ပေးလိုက်သေးတယ် (Tks honey) အဲဒါက တော့ အပိုဆုပေါ့ ဟီးဟီး။ ကိုယ့်ကို စိတ်ချမ်းသာအောင် ၃နှစ်လုံးထားပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ကိုယ်လည်း လိမ်လိမ်မာမာပဲနေတော့မယ်။ မမိုက်တော့ဘူး။ နန်း ရည်းစားနန်းး)
ရည်းစားအတွက်မက်ဆေ့ခ်ျ
ကိုယ်နဲ.ညားရင်
ကိုယ်စားချင်တာတွေအကုန်ကျွေးပါ။
အဲလ်ဗွီ ပရာဒါ ဂူချီအိတ်တွေ ဝယ်ပေးပါ။
တစ်နှစ်မှာ လေးခါလောက် ဗကေးရှင်းထွက်ပေးပါ။
ဖရာရီတို. မာစီးဒီးတို. လမ်ဘိုဂီနီတို. လင်မိုစင်း တို. ဝယ်ပေးပါ။
ရန်ကုန် တေဇတို.အိမ်နားမှာ အိမ်ကြီးကြီး ခြံကျယ်ကျယ်ဝယ်ပေးပါ။
နော်နော်နော်
း)
ခိုင်ဝေဇံ
Anyway, thanks dearie for lovely gifts.
2 comments:
Hi,sis! i am an Arakan girl from Sittwe passed the 10th standard from B.E.H.S (4),Sittwe.I know all of yr friends writing in this blog but don't know u!anyhow, go on sis.Nice blog, i think.
I was not even porpular or was not a top student. No surprise you dont know me sis. :D
Post a Comment