ဘယ်မှာဆုံးခဲ့တာလဲဆိုတာတောင် မေ့သွားပြီ။ အော် ၄ တန်းနှစ်ဝက်မှာ စစ်တွေကို ပြောင်းလာတာ။ အိုကေ ပြန်စမယ်။ ကျောက်ဖြူကနေ ၄ တန်းနှစ်ဝက်မှာ စစ်တွေကို ပြန်ပြောင်းလာခဲ့ပါရော။ ရောက်စကတော့ ကျောက်ဖြူစကားတပြောပြောနဲ. ပေါ့လေ။ မသိရင် ကျောက်ဖြူမှာမွေး ကျောက်ဖြူမှာကြီးကျလို.။ သိပ်မကြာပါဘူး။ ထုံးစံအတိုင်း နောက်တလမှာ စစ်တွေလို ချောချောမွေ.မွေ.ပြန်ပြောသွားနိုင်ပါတယ်။ ကတုံးဘဝကလည်း လွတ်သွားပါတယ်။ အမေက ဆံပင်ပြန်ပေးရှည်တယ်။ အမက ၁၅ ပြည်တော်သာ မှာပဲ ကျောင်းဆက်တက်ရပါတယ်။ ကျူရှင်ဆရာမက ဒေါ်ဆွေဆွေသန်းပါ။ ကျူရှင်တက်ဖော်တက်ဖက်တွေက သူရိန်မောင်မောင် ဝင့် တို.နဲ. တက်ရတယ်။ အဲဒီတုန်းက ပတ္တမြားဒေဝီစိုးမဲကျီ ဆိုတဲ့ ရခိုင်ကား က တအားနာမည်ကြီးချိန်မှာ အသားမဲတဲ့ကိုယ့်ကို မဲကျီမ လို. ဆရာမက ပြောင်ခေါ်တယ်။ တဟီးဟီးနဲ. မင်းသမီးဖြစ်ရလို. ဝမ်းသာလိုက်သေးတယ်။ အသားမဲလို. ခေါ်လို.ခေါ်မှန်းမသိ။ အဲဒီလိုမျိုး။
၅ တန်းနှစ်မှာတော့ မူလတန်းကျောင်းဖြစ်တယ့် အမက ၁၅ ကနေ အထက်တန်းကျောင်းကြီး ဖြစ်တဲ့ အထက ၄ ကို စပြီးတော့ တက်ရပါတယ်။ စစ်တွေ အထက ၄ ကစစ်တွေမှာ နာမည်ကြီးကျောင်းပါ။ သူနဲ.အပြိုင် အထက၂ ရှိတယ်။ ကျန်တဲ့ ကျောင်းတွေက နာမည်သိပ်မထွက်ဘူး။ အထက ၄ ကို အမက ၁၅၊ အိုးတန်းကျောင်း၊ နေဘီကျောင်းစသည်ဖြင့် မူလတန်း အလယ်တန်းကျောင်းတွေက အတော်တွေအားလုံး စုလာကြတယ်။ ကိုယ်တို. ကျောင်းစနစ်က စလာလာချင်း ဦးသူရ ပုံစံမျိုးနဲ. အေခန်း ဘီခန်းတွေကို ပေးထိုင်လိုက်တယ်။ များသောအားဖြင့် ဘီခန်းက စထိုင်ရတာများပါတယ်။ နောက် ပထမအစမ်းစစ်တော့မှ အဆင့်အလိုက်ပေးထိုင်တယ်။ ကိုယ် ပထမအစမ်းစစ်ပြီးတာနဲ. အေခန်းရောက်သွားပါတယ်။ မြတ်လင်းထွန်း သန်းထွန်းဦး ကျော်ထူးအောင် ဝင့် ယဉ်ယဉ်ဖြူ သွယ်သွယ်ဝင်း ပိုပိုအောင် မစမ်းကြည် ဝင့် လှသန်းရီ စတဲ့ အပေါင်းအသင်းများနဲ. ဆုံရတယ်။ မစမ်းကြည် (နှလုံးလှစာပေ) နဲ. လှသန်းရီကြားထဲထိုင်ရတယ်။ တင်မိုးလင်းထွန်းလဲရှိတယ်။ ရောက်စက သိပ်မပျော်ပေမဲ့ နောက်တော့လည်း အသားကျသွားတာပါပဲ။ အဲဒီတုန်းက ကျောင်းဆောင်က ခရစ်ယန်ကျောင်းဝင်းကြီးနားမှာ ကပ်နေတဲ့ အဆောင်ဟောင်းမှာတက်ရတာပါ။ မှောင်မှောင်မဲမဲနဲ.။ အဲဒီအဆောင်က အိမ်သာက သရဲခြောက်တယ်လို. နာမည်ကြီးတယ်။ ပုံပြင်လေးကတော့ ကောင်မလေးတစ်ယောက်ဟာတဲ့ ညနေ၄ နာရီကျောင်းဆင်းချိန်မှာ အိမ်သာသွားတက်ပါလေရောတဲ့။ ကျောင်းသားတွေပြန်သွားပြီဆိုပြီး ကျောင်းစောင့်က အိမ်သာတွေကို လိုက်ပိတ်တယ်တဲ့။ ကောင်မလေးက ပိတ်သွားတာ မသိလိုက်ဖူးတဲ့။ ဟော သူထွက်မယ်ကြံတော့ ထွက်မရတော့ဘူး။ အော်တော့လည်း အိမ်သာနဲ. ကျောင်းနဲ.က အဝေးကြီးဖြစ်တဲ့အတွက် ဘယ်သူမှ မကြားတော့ပါဘူးတဲ့။ ကံဆိုးချင်တော့ နောက်နေ.ကလည်း စနေ တနင်္ဂနွေဆိုတော့ ကျောင်းမှာ ဘယ်သူမှ မရှိတော့ပါဘူးတဲ့ ။ အဲဒီ သနားစရာကောင်မလေးဟာ အိမ်သာက အီးကုန်း စက္ကူတွေကိုက်ပြီးတော့ သေသွားရှာပါတယ်တဲ့။ တင်္နလာနေ.မှ သူ.အလောင်းကို ပြန်တွေ.ပါတယ်တဲ့။ အဲဒီတည်းက သူက လိုက်ပြီး ခြောက်တယ်ဆိုပြီးနာမည်ကြီးပါတယ်။ ဘယ်ကောင်မလေးမှ တစ်ယောက်တည်းမသွားပါဘူး။ အမြဲတမ်း ၂ ယောက်သွားကြတယ်။ ဟုတ်မဟုတ်မသိပေမဲ့ အဲတုန်းက ယုံတာကိုး အတင်းကြောက်ကြတာ။
၅တန်းနှစ်ကတည်းက နေနေကျ ဂေါက်သီးကွင်းကနေ လမ်းမကြီး မှာနေဖို.အခွင့်ကြုံလာပါတယ်။ ယုဇန အအေးဆိုင်ရှေ.တည့်တည့်ပေါ့။ ကြယ်နီရေခဲချောင်းအိမ်နဲ. မျက်စောင်းထိုး။ ယုဇနဆိုင်ဘေးမှာ ဝက်ခေါင်းလဖက်ရည်ဆိုင်ရှိတယ်။ ဝက်ခေါင်းလို.သာခေါ်ရတယ် ဘယ်သူ.ခေါ်မှန်းမသိဘူး။ နာမည်မလှတော့ အားနာသား။ သူ.မြေး ကျော်သန်းထိုက်က ကိုယ်နဲ. အမက၁၅မှာ ၄ တန်း ပေါင်းဖော်ပေါင်းဖက်တွေ။ မိန်းကလေးတွေက ၁၁ နှစ် ၁၂ အရွယ် မှာအဆော့ဆုံးအချိန်ထင်ပ။ ဆော့တာ ခွက်ခွက်ကို လန်နေတာပဲ။ မိမနိုင် ဖမနိင် ဆော့ပါတယ်။ အိမ်ဘေးမှာ ရဲစခန်းရှိတယ်။ နေလ တည်းခိုခန်းရှိတယ်။ ရဲစခန်း မှာ ပေါက်စိ ပေါက်စနလေးတွေ အများကြီးရှိတယ်။ ကိုယ့်ဘော်ဘော်သရဲတွေပေါ့။ တူတူပုန်းတမ်း နို.ဆီခွက်ခေါက်တယ် အိမ်ဆောက်တမ်းဆော့တယ်။ ဘယ်အချိန်ကြည့်ကြည့် ပေတူးနေတာပဲ။ တစ်ခါက ရဲစခန်းမှာ လူကြီးလာမှာမို.လို. ပန်းအိုးတွေ ပန်းဆိုင်က ငှားပြီးချထားတာ ကိုယ်အားလုံး ခူးပြီးပန်လိုက်တာ စခန်းမှူးဆီမှာ အသေ အဆူခံရတယ်။ အချုပ်ခန်းတွေကို သွားချောင်းကြည့်တယ်။ အဲ အသိရလာပါတယ်။ အရူးမ လှမြခိုင်ဆိုတာ။ သူက လည်း သီချင်းတွေ အော်အော်ဆိုလွန်းလို. လူကြီးလာခါနီးရင် အမြဲတမ်း အချုပ်ထဲ ထည့်ထားရတယ်။ သွားသွားချောင်းရင်းနဲ. ရင်းတောင် ရင်နှီးလာတယ်။ အရီး လှမြခိုင်က အရူးသာဆိုတယ် သန်.သန်.ပြန်.ပြန်. သနပ်ခါး အဖွေးသားနဲ.အရူး။ ဘယ်တော့မှ ညစ်ညစ်ပတ်ပတ်မနေဘူး။ အသံလည်းအရမ်းကောင်းတယ်။ အဖေဆို သူသီချင်းဆိုရင် လိုက်တောင် ညဉ်းသေးတယ်။ ခုတော့ ရှိမှရှိသေးရဲ.လား မသိပါဘူး။
မှတ်မှတ်ရရ ၅ တန်း ၆တန်းတုန်းက မကျီးစိ ပစ်တမ်းဆော့တာနဲ. ကတာကို အရမ်းဝါသနာပါတယ်။ မကျီးစိပစ်တမ်းဆော့ဖူးလား။ တွင်းလေးတူးပြီးတော့ တဖောက်ဖောက် မကျီးစိကို လက်သည်းနဲ. ကလော်ပြီးတော့ပစ်တာ။ ကိုယ်က လမ်းမကြီှးမှာ ဒုတိယ ချန်ပီယံ။ ပထမ ချန်ပီယံက မနုလှလို.ခေါ်တယ်။ ဒုရဲအုပ်အိမ်မှာနေတာ သူက။ လက်သည်းကလဲ အရှည်ကြီး။ တဖောက်ဖောက်နဲ. အရမ်းကိုတော်တာပဲ။ သူနဲ.သာတခါတလေ ၇ှုံးတာ ကျန်တဲ့လူတွေနဲ.ဆို ကိုယ်ပဲနိုင်တာ။ အိမ်မှာနိုင်ထားတဲ့ မကျီးစိတွေ ဘူးလိုက်။ အဲဒါတွေကို အစိ ၂၀ တစ်ကျပ်နဲ. ကိုယ်ကပြန်ရောင်းပြီး စီးပွားရေးသောင်းကျန်းသေးတယ်။ ခရေစိလည်းပစ်ကြတယ်။ ချိန်းပွဲတွေက ရှိသေးတယ်။ အိုးတန်းက ဘယ်သူက ပြိုင်ဆော့ချင်လို.တဲ့ ၊ အောင်စောသာရုံနောက်က ဘယ်ဝါက ချိန်းမယ်တဲ့ဆို တာကရှိသေးတယ်။ မနုလှကတော့ ကိုယ်နဲ.ပဲဆော့တယ်။ ကျန်တဲ့လူတွေက ဘက်မတူလို. သိပ်မရောဘူး။ ကိုယ်မန္တလေးမှာရောက်တော့ မနုလှ ဗျိုင်းသတ်ဆေးသောက်ပြီး ကိုယ့်ဘာကို သတ်သေသွားပါတယ်။ ရည်းစားထားတာ အိမ်က သဘောမတူလို.လို.ပြောပါတယ်။ သူ.မကျီးစိပစ်နေတဲ့ပုံကို အခုထိ မျက်လုံးထဲမြင်တုန်းပဲ။
နောက်ဝါသနာတစ်ခုကတော့ ကတာ။ က သလားမမေးနဲ.။ မြန်မာက၊ အင်္ဂလိပ်က၊ ကုလားက ကုန်ရော။ အဲဒီတုန်းက လမ်းဘေးနားက အကျော်ဆိုင်ဘေးမှာ မထိုင်ချင်ဘူးဆိုတဲ့ခေတ်လေ။ ညနေတိုင်းကတယ်။ အိုက်စ်အိုက်စ် ဘေဘီ လို.မကြားလိုက်နဲ. ကြားလိုက်ရင် ထကတာ။ ကုလားသီချင်းနဲ.လည်းကသေးတယ်။ ဘာတဲ့ ကိုဒီယားဟား အာဟား နာ့ရှီ နာရှီး မေဒီယားဟား အာဟား နာ့ရှီ နာရှီး ဆိုတာတွေပေါ့။ ဟီးဟီး။ အဲဒီမှာဘော်ဒါတွေရှိတယ်။ ကဖော်ကဖက် က စန္ဒာခိုင်ဆိုတဲ့ကောင်မလေးရှိတယ်။ သူ.ဘရိတ်ဒန်.ကလည်း နာမည်ကြီး။ သင်္ကြန်တွင်းဆိုရင် ရဲစခန်းမှာ မဏ္ဍပ် အကြီးအကျယ်ချလေ့ရှိတယ်။ သင်္ကြန်ဆို ဝက်ခေါင်းမြေးတွေ ကဲကြသလားမမေးနဲ. ဆောင်းဘောက်အကြီးကြီး အိမ်ရှေ.လမ်းမပေါ်ချပြီး သီချင်းဖွင့်တာ။ သီချင်းတွေကတော့ Vanilla Ice (Ice Ice baby) တို. MC Hammer ( cant touch this) တို.ဘာတို.ပေါ့။ သီချင်းခေါင်းစဉ်တွေကို ခုမှသိတာပါ။ အဲဒီတုန်းက ကလို.ကောင်းတာပဲသိတာ။ သူတို.ကောင်လေးတစ်သိုက် ကကြတယ်။ အိမ်ရှေ.မှာ။ ဘယ်ရမလဲ ရဲစခန်းရှေ.မှာ စန္ဒာခိုင်နဲ. ကိုယ်နဲ. ထွက်ကတယ်။ လမ်းမကြီးပေါ်မှာ။ မှတ်ကရော။ အဲသလောက်ရူးတာ။
အဲဒီတုန်းက ညီမလေး ကတစ်တန်း နှစ်တန်းအရွယ်လောက်နေမှာပေါ့။ အိုးတန်းကျောင်းမှာတက်တယ်။ နေ.တိုင်း ကျောင်းသွားခါနီးရင် ခေါင်းမူးတယ် ဗိုက်နာတယ် နေမကောင်းစသည်ဖြင့် အော်ကြီးဟစ်ကျယ်ငိုယိုပြီးမှကျောင်းတက်တယ်။ ကိုယ်ကလိုက်လိုက်ပို.ရတယ်။ သိပ်စေတနာရှိလို.မလို.ဟုတ်ဘူး။ သူတို.ကျောင်းမှာရောင်းတဲ့ ထပ်တရာမုန်.ကို စားချင်လို. လိုက်ပို.တာ။ အဲဒီတုန်းက အစားအသောက်နည်းနည်းစစားနေပြီ။ ယုဇန ဆိုင်က ရေခဲမုန်. အရမ်းကြိုက်တယ်။ အဲဒီတုန်းက အိုက်စကရင်ဆိုတာ တစ်မြို.လုံး အဲတစ်ဆိုင်ပဲရှိတဲ့ဟာကို။ ပြီးတော့ ကြယ်နီရေခဲချောင်း။ သူတို.အိမ်မှာ စက်ကြီးတွေနဲ.လုပ်ပြီးရောင်းတာ အမြဲတမ်းသွားဝယ်စားတယ်။ ပြီးတော့ ဒေါ်လာညိုဆိုင်က ခေါက်ဆွဲကြော် ကုန်းဘောင်ကြီးကြော်တွေ။ နောက် ကုလားဝက်သားတုတ်ထိုးရှိတယ်။ ပြောင်းပြန် ဝက်သားတုတ်ထိုးရောင်းတာက ကုလား။ ဟီးဟီး။ အဲ ၅ တန်းနှစ်တုန်းက ဝက်သားတုတ်ထိုးစားချင်လို. ဘဝမှာ ပထမဆုံးအဖြစ် ပိုက်ဆံခိုးပါတယ်။ ကိုယ်က မုန်.ဖို.၅ ကျပ်ပဲရတယ်။ အဲဒါ အမေက အံဆွဲထဲက ယူသွားလို.ပြောတော့ အံဆွဲ ကိုကြည့်လိုက်တော့ ၅ ကျပ်တန် အသစ်ကျပ်ချွပ်ကလေးတွေ အများကြီးတွေ.ကော။ အဲဒါနဲ. ၅ ကျပ်တန်ကို နှစ်ရွက်ထပ်ပြီး အမေ့ကို ထောင်ပြတော့ မသင်္ကာလို. ကြည့်နေတဲ့ အမေက ဖမ်းလိုက်တာ ကွိခနဲပဲ။ တောက် နာသကွာ။ မိသွားတာ။ ၅ချက်လောက် သမခံရတယ်။ ကျောင်းသွားခါနီးမို.လို.တော်သေးတာပေါ့။
စစ်တွေမှာ အဓိကရ ရုပ်ရှင်ရုံ နှစ်ရုံရှိပါတယ်။ မြို.မရုံနဲ.မြရုံ ဆိုပြီးတော့။ ကိုယ်ကမြရုံမှာ မှုံရွှေရည်ကားသွားကြည့်တယ်။ အယင်တုန်းကလည်းဒီအကြောင်းကိုရေးဖူးတယ်ထင်တယ်။ ဒါပေမဲ့တိုက်ဆိုင်လို.ပြန်ပြောလိုက်ပါအုံးမယ်။ ကိုယ်ရော အမေရောမျက်ရည်လွယ်တယ်။ မှုံရွှေရည်ကလည်း ငိုရတဲ့ကားကြီးဆိုတော့ ငိုလိုက်တာ ကိုယ်ဝတ်လာတဲ့ ထဘီချွတ်ပြီး မျက်ရည်သုပ်ရတဲ့ အဆင့်ရောက်သွားတယ်။ ပဝါမနိုင်ဘူး။ သရက်တံလည်း မစားနိုင်တော့ဘူး။ မကျီးစိလှော်လည်း မဝါးနိုင်တော့ဘူး။ အမေကပါဝင်သုပ်တာနဲ. သူဆွဲကိုယ်ဆွဲလုပ်ပြီး ထဘီပြဲသွားလို. အိမ်ကို ဘောင်းဘီတိုနဲ.ပြန်လာရတယ်။ ဖြစ်ပုံက။ မြို.မရုံက ဦးဥတ္တမ ပန်းခြံနားမှာရှိတယ်။ သွားကြည့်ဖူးတယ်။ မမှတ်မိတော့ဘူး ဘာကား ဘာညာဆိုတာ။ ကိုယ်ရုပ်ရှင်ကြည့်ခဲတယ်။ ငြိမ်ငြိမ်တောင် ထိုင်မနေတတ်တာ။ ဆတ်ဆော့နေရမှ။
အဲဒီတုန်းက အင်မတန်ကို ဆတ်ဆော့တာပါ။ သူများမပြောနဲ. ကိုယ့်အမေကိုယ်တိုင်ကတောင် မျက်မုန်းကျိုးတယ်။ ရဲစခန်းကနေ. ကန်ဇွန်းဥ စိုက်ထားတာတွေ သွားခိုးကြတယ်။ အဲ ရဲမိသားစုတွေ စိုက်ထားတာပေါ့။ ဦးဆောင်ပြီး ခိုးတဲ့လူက စိုက်တဲ့လူရဲ.သားကြီး သူကသတင်းပေးတာ။ အကြီးကြီးဖြစ်ပြီပေါ့။ ဆိုတော့ ကိုယ်နဲ. အပေါင်းအပါ ၅ ယောက်(သူအပါအဝင်) သွားခိုးပါတယ်။ လူမြင်သွားတော့ သံဇကာကို ခုန်ချပြီးထွက်ပြေးတာ ကိုယ်က မလွတ်ပဲ သံဇကာမှာ ဂျိုင်းနဲ. ချိတ်နေတာ ကန်ဇွန်းဥမစားရပဲ ဆေးခန်းရောက်သွားပါလေရော။ ခိုးတုန်းကခိုးပြီးတော့ ဆေးထည့်တော့ အသံပြဲနဲ.အော်တယ်။ ဆရာဝန်က ဖြူဖြူဖွေးဖွေးနဲ. ဒေါက်တာ ဝင်းကို ဆိုလား ဘာလား မမှတ်မိတော့ဘူး။ ရဲစခန်းမှာ ညနေတိုင်းဆော့ရုံအားမရလို. စနေ တနင်္ဂနွေ ဂေါက်ကွင်းက အဖိုးရှင်တိုအိမ်ကိုပြန်ပြီး လဝက ဝင်းထဲက ကလေးတွေနဲ. မာလကာပင်တက်တယ်။ သရက်ပင်တက်တယ်။ နာဇီရွာက ကုလားလေးတွေနဲ.ရန်သတ်တယ်။ ဘောလုံးကန်တယ်။ စက်ဘီးစီးတယ်။ ပန်လင်ပင်(ထင်းရှူးပင်ခေါ်မလားမသိ) တောမှာ အတွဲချောင်းတယ်။ အိုးပုတ်ဆော့တယ်။ စပါးပုတ် (ကိုယ်တို.အိမ်မှာ စပါးတွေလှောင်တဲ့ ရုံအကြီးကြီးရှိတယ်) ကို ဒိုင်ပင်ထိုးဆင်းတယ် ခေါင်မိုးပေါ်ကနေ၊ စသည်ဖြင့် တစ်အိမ်သားလုံး မျက်စိ နား အေးအေးးမနေရအောင် ဆော့သေးတယ်။
စာအုပ်တွေကတော့ ဖတ်ဖြစ်တာတောက်လျှောက်ပါပဲ။ အချစ်ဝတ္ထုတွေကို ဖတ်ရတာ အရသာမတွေ.တော့ပဲ သိုင်းစာအုပ်ရူးလာပါတယ်။ အဖိုးကလဲ ကိုယ်ငှားငှားလာလို. သိုင်းစာအုပ်စွဲသွားရှာတယ်။ မြေးအဖိုးနှစ်ယောက်ဖတ်လိုက်ကြတဲ့ သိုင်းစာအုပ်။ ရှောင်လင် ဝူတန်း စွန်းလွန်း အော်မေ့ ခုံးတုံး ဆိုတဲ့ သိုင်းလောကဥသျှောင်ဂိုဏ်းကြီးတွေအကြောင်းနောကျေနေပေါ့။ နဂါးနိုင်ဓါးကို မန္တလေးကျမှ တရုတ်ကားကြည့်ရပေမဲ့ ၅ တန်းတည်းက ဖတ်ပြီးသား။ မှဲ.သျှစ်လုံးသျှင်သိုင်းဥကင် ဆိုတာရှိသေးတယ်။ ၈ အုပ်တွဲ။ နဂါးနိုင်ဓါးက ၆အုပ်တွဲ။ အတွင်းအားကျင့်လိုက်ရတာလည်း မပြောနဲ.။ သစ်ပင်တက်တဲ့အကျင့်က သိုင်းစာအုပ်ဖတ်ပြီးနောက်ပိုင်းမှရလာတာပါ။ ကိုယ်ဖော့ပညာကျင့်ရင်းနဲ. အပင်တက်ဖြစ်သွားတာ။ တစ်ခါ အိမ်ထဲမှာ အဖေက သိုင်းစာအုပ်ပေးမဖတ်တော့ စိတ်ဆိုးပြီး အိမ်ရှေ.က ဓါတ်မီးတိုင်အောက်မှာ ၄ အုပ်တွဲဆုံးအောင်သွားဖတ်ပြီးမှ ပြန်တက်လာတယ် အိမ်ပေါ်ကို။ နောက်နေ.ကျချောင်းတွေ တစ်ဟွတ်ဟွတ်ဆိုးရော။ တော်တော်ကို အမြင်ကတ်နေပြီဖြစ်တဲ့ အဖေက ” ဟင် ချောင်းတွေဆိုးပြီးလား နှင်းတောင်ကြာပွင့် သွားပြုတ်သောက်ချီလေ” ဆိုပြီးထောပနာပြုပါတယ်။ သိုင်းဝတ္ထုတွေမှာ နှင်းတောင်ကြာပွင့်တို. နှစ်တထောင် ကြာပွင့်တို.စားရပြီး အတွင်းအားတိုးတိုးသွားကြတာလေ။ ဟီးဟီး။ စာအုပ်ဆိုင်ဖွင့်တဲ့ကောင်မလေးက ကိုယ်နဲ.တစ်တန်းတည်း ဆွေဇင်ထက်ဆိုတဲ့ကောင်မလေး။
စစ်တွေလို.စဉ်းစားလိုက်တာနဲ. ပွိုင့်ကို ပြေးမြင်တယ်။ ပွိုင့်က ဝက်ခေါင်းသုပ်ကို အရမ်းသတိရတာပဲ။ ပါပါနဲ. ကိုယ်ရယ်ညီမလေးရယ် ပွိုင့်ကိုသွားကြတယ်စက်ဘီးစီးပြီးတော့။ သွားတိုင်း ဝက်ခေါင်းသုပ်စား လဖက်သုပ်စား အုန်းရည်သောက်ရတယ်။ ပြီးရင် မျှော်စင်ပေါ်ကိုတက်တယ်။း) အရမ်းပျော်တာပေါ့။ မျှော်စင်ပေါ်ကကြည့်ရင် အသည်းတောင်ယားတယ်။ အမြင့်ကြီးပဲ။ ပွိုင့်က ရှုခင်းအရမ်းလှတယ်။ ကျောက်တန်းတွေ ကျောက်ဆောင်တွေ ပေါ်တယ်။ ကိုယ်တို.က ရခိုင်လို ဂြင်းလို.ခေါ်တဲ့ ကျောက်တန်းတွေရှိတယ်။ ခရုလေးတွေက ပြွတ်သိပ်ပြီး ကျောက်ပေါ်မှာကပ်နေတော့ ကျောက်က ချောမနေပဲနဲ. ကြမ်းရှနေတာ။ ဖိနပ်မပါရင် ခြေအရမ်းရှတယ်။ ပွိုင့်ပုံလေးတွေနည်းနည်းရှာတွေ.လို.တင်ပေးလိုက်တယ်။
တို.များငယ်ငယ်တုန်းက (၃)
ကာလာကသိပ်တော့မကောင်းဘူး။ ပုံပဲတွေ.ပြီးတော့ ဝက်ဆိုဒ်မရှိတော့ဘူးလို. ပြပါတယ်။ ဂူးဂဲပြီးတော့ ရှာထားတာပါ။
အမြှောက်တွေလဲရှိတယ်။ ဒုတိယ ကမ္ဘာစစ်တုန်းက ကျန်ခဲ့တာတွေပေါ့။ ၃ခုရှိတယ် ကိုယ်မှတ်မိသလောက်။
ပွိုင့်လို.ခေါ်တာကတော့ မြို.ရဲ.အစွန်မှာသင်္ဘောဦးပိုင်းလိုချွန်ထွက်နေတဲ့ ပုံစံကျောက်ဆောင်ရှိလို.ပေါ့။ ကိုယ်ခုနကပြခဲ့တဲ့မျှော်စင်က မြေပြင်ကနေသိပ်မမြင့်ပေမဲ့ မြေပြင်အစွန်လေးမှာဆောက်ထားတာဆိုတော့ တက်လိုက်ရင် ဟိုးကျောက်ဆောင်အောက်အထိ မြင်ရတာပါ။ အမြင့်ကြီးလို.ခံစားရတယ်။
အဖေက ရေပေးကူးရင် အဲလိုကျောက်တန်းတွေကြားမှာ ပေးကူးတယ်။ လှိုင်းရိုက်ခံရတာ သက်သာအောင်လို.တဲ့။ ပြီးတော့ ပေါင်လောက်ရှိတဲ့ ရေလယ်မှာကိုယ်တိုင်ရပ်ပြီးတော့ စောင့်ပါတယ်။ အဲဒီနေရာကို မကျော်ရဘူး။ အဲလို ဂရုအစိုက်ကောင်းလွန်းလို. ခုထိ ရေမကူးတတ်တာပေါ့။
Posted by khine wai zan
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment