အခုဆိုရင် မောင်တောကိုရောက်ပြန်ပြီပေါ့။ မောင်တောမှာ ဟိုးငယ်ငယ်လေးက နေဖူးခဲ့တာဆိုတော မှတ်မိသလိုလိုရှိပေမယ့် တကယ်တမ်းရောက်လာတဲ့အခါ တစိမ်းပြင်ပြင်ခံစားရပါတယ်။ မောင်တောက မြန်မာပြည်အနောက်ဖက်စွန်းဆုံးလို.ပြောရမယ်ထင်တယ်။ ဘင်္ဂလားဒေ့ခ်ျနဲ.ဆက်စပ်နေတယ်။ ရခိုင်ပြည်နယ်ထဲက မြို.ဆိုပေမဲ့ ကုလားတစ်ဝက် ရခိုင်တစ်ဝက် နေကြတာပါ။ ခုဆို ကုလားကတောင် ပိုများနေပြီထင်တယ်။
ဟိုအရင်တုန်းက နေတဲ့ ကုလားဗလီနားမှာပဲ ပြန်နေရပါတယ်။ ကုလားဗလီက မြန်မာပြည်မှာတွေ.ဖူးသမျှထဲက အကြီးဆုံးပဲ။ ညနေညနေ ၆နာရီဆို အလ္လာ ဝက်ကဘိုင်(ကိုယ်ကြားတာ ဒါပဲကြားတာ မှားနေရင်လည်း သည်းခံပေးပါ) ဆိုပြီးတော့ သံရှည်ဆွဲပြီး ဘုရားစာရွတ်သံကြားရတယ်။ တစ်မျိုးနားထောင်လို.ကောင်းပါတယ်။ ကုလားဗလီနားဆိုတော့ ကုလားဆိုင်တွေချည်းပဲ။ အစတုန်းက ကြောက်သလိုလိုရှိပေမဲ့ အိမ်နားမှာ ရဲစခန်းရှိတော့ စိတ်သက်သာရာရပါတယ်။ သူတို.လည်းလူပဲ သဘောကောင်းတဲ့လူ တွေ အများကြီးရှိတယ်။ ကုလားမတွေက ယောက်ျားရိုက်လို. ခဏခဏ ရဲစခန်းလာတိုင်တာတွေ.တယ်။ အိမ်နားက ဆိုက်ကားနင်းတဲ့ မိုဟက်မက် ခါလီဆိုတဲ့ ကုလားဆိုရင် မယား ၃ ယောက်ရှိပါတယ်။ ကလေးက ၁၀ ယောက်ရှိတယ်။ ညနေတိုင်း မယားနဲ.ကလေးတွေကို ဆိုက်ကားပေါ်တင်ပြီး လေညှင်းခံထွက်တယ်။ လေညှင်းရမရတော့မသိဘူး လျှာထွက်နေတာပဲမြင်တယ်။ နည်းတဲ့လူအုပ်မှ မဟုတ်တာ။ မောင်တောက ကုလားမတွေက ယောက်ျားရပြီဆိုတာနဲ. မျက်နှာအားလုံးအုပ်တဲ့ ဝတ်ရုံတွေဝတ်ရပါတယ်။ တစ်ချို.ဆို မျက်လုံးတောင် အုပ်ထားလိုက်သေး။ ဘယ်လိုများနေကြတယ်မသိဘူးအထဲမှာ။ အဲဒါကို အရပ်စကားနဲ. ဘူခြုပ်တယ်လို.ခေါ်တယ်။ ပါပါကတော့ ဒုံးပျံလို.ခေါ်တယ်။ အစ်လို.ခေါ်တဲ့ ကုလားပွဲကျလို.ကတော့ စားလိုက်ရတဲ့အမဲသား။ သွားတောင်အောင့်တယ် ဝါးရတာ။ အဲအဲ ကိုယ့်အကြောင်းကိုယ်ဆက်အုံးမယ်။
မောင်တောကိုရောက်တော့ ၇တန်းပေါ့။ တက်တာက အမှတ် ၁ အလယ်တန်းကျောင်းမှာ။ ဘယ်ရပ်ကွက်ရယ် ဘာရယ်တော့မမှတ်မိတော့ဘူး။ ကုလားရွာထဲမှာ ဆိုတာပဲသိတယ်။ ကျောင်းကြီးက ကွင်းပြင်ကြီးထဲမှာ အကျယ်ကြီးပဲ။ မိုးရာသီဆို ရေတွေ ပေါင်လယ်လောက်ရောက်တယ်။ အနီးအနားကုလားရွာဆိုတော့ ပေါလိုက်တဲ့ အီးပုံ။ ရွှေရှာသလိုရှာပြီးသွားရတယ်။ သတိ မလွတ်လိုက်နဲ. လွတ်လိုက်ရင် ဗြွတ်ခနဲပဲ။ ကျောင်းအကြောင်းစဉ်းစားလိုက်ရင် ကျောင်းက အိမ်သာတွေသွားပြေးမြင်တယ်။ ညစ်ပတ်ပုံ ညစ်ပတ်ပုံ။ ကျောင်းမှာ နေ.လယ်နေ.ခင်း မုန်.စားလွတ်ပြီဆို ကုလားပဲ( ရခိုင်လို မြင်းစားပဲစိ)နဲ. ခေါက်ဆွဲကြော်။ ဘိန်းမုံ. ။ မုန်.တီသုပ်ပြီး ဗာဒံရွက်နဲ. ထုပ်ထားတာလေးတွေရောင်းပါတယ်။ ကိုယ်ကတော့ အိမ်က ထမင်းဘူး မုန်.ဘူးအမြဲတမ်းထည့်ပေးပေမဲ့ စားချင်ဘူး။ အဲဒီ ရွှံ.အလူးလူးမြေမှာ ထိုင်ရောင်းတဲ့ အစားအစာတွေကို တမက်တမောနဲ. စားချင်တာ။ သူငယ်ချင်းတွေက တော့ ခင်ဝေဝေထွန်း (သူတို.အိမ်မှာကိုယ်ကကျူရှင်တက်တယ်)၊ ဘတ်ဘတ် (ဖြူနုအေးထင်တယ်) မစမ်းရီ ၊ ဝိုင်းဝိုင်း၊ တင်ဇာနွေးနွေး) ကျန်တဲ့သူတွေမေ့ကုန်ပြီ ။ ယောက်ျားလေးထဲက ဗန်းသာသား အောင်ထူးရယ် နောက်ပြီး ဖိုးထူးရယ် နှစ်ယောက်ပဲသိတော့တယ်။ ကိုယ်အရမ်းမေ့တတ်တယ်။ အရမ်းခင်ခဲ့တဲ့ သူငယ်ချင်း ၈ယောက်လောက်ရှိပါတယ်။ ကျောင်းတူတူ ကျူရှင်တူတူ။ နာမည်တွေမမှတ်မိတာအားနာတယ်။ ကိုယ်အဲတုန်းက အရမ်းအရုပ်ဆိုးတယ်။ မည်းတူးပြဲလန်နေတာပဲ။ အမေက နို.သည်အင်းကျီအရှည်ကြီး တွေခြုပ်ခြုပ်ပေးတယ်။ ကို.ရို.ကားရားပုံစံကြီး။ ဘာကြောင့်သိလဲဆိုတော့ ဓါတ်ပုံသူငယ်ချင်းတွေနဲ. စုရိုက်ထားတဲ့ပုံရှိလို.။ ဒါငါပါလားလို.မယုံနိုင်ဘူး။ အဲဒီဓါတ်ပုံတွေကို ဖွက်ဖွက်ထားတယ်။ ဒါပေမယ့် အမေက စိတ်ကူးပေါက်ရင် ပေါက်သလို မိသားစု ဓါတ်ပုံအလ်ဘမ် ထဲမှာ ကားကားကြီးထည့်ထားတတ်တယ်။ အဲဒီပုံတွေကိုတင်ဖို.သတ္တိရှိစမ်းစေချင်တယ်။ သူငယ်ချင်းတစ်အုပ်လုံးထဲမှာ အလှဆုံးက တင်ဇာနွေးနွေးပါ။ ဗမာပြည်ဘက်က ပြောင်းလာတာဆိုတော့ ဝတ်ပုံစားပုံကအစ အားလုံးကွာတယ်။ ရုပ်လေးကလဲ ချစ်စရာလေး။ အခုတော့ အဲဒီတင်ဇာနွေးနွေးနဲ. ဆယ်တန်းကျောင်းနေဖက် မောင်ဖြိုးဝေနဲ. အကြောင်းပါသွားတယ်လို.ကြားပါတယ်။
အမှန်က ၇တန်း ၈တန်းဆို မိန်းကလေးတွေ အပျိုအရွယ်လေးဖြစ်လာပြီး ပဲစများလာပေမဲ့ ကိုယ်က ဒုံရင်းက ဒုံရင်းပဲ။ လှဖို.ပဖို.နေနေသာသာ မျောက်ရှုံးအောင်ဆော့တုန်းပါပဲ။ ဘောလုံးကန်တယ်။ အိမ်ပတ်ပတ်လည်က ကလေးတွေနဲ. စစ်တိုက်တမ်းဆော့တယ်။ အိုးပုတ်လည်းဆော့တုန်း။ ဘယ်သူမှဆော့စရာမရှိရင်း ရေအိုင်ထဲဆင်းပြီး ငါးဖမ်းတယ်။ ရှပ်ပြာ ရှပ်ပြာလည်းဖြစ်လာတယ်။ ထူးဆန်းတာကတော့ အပင်မြင်တိုင်းတက်ချင်တဲ့ အကျင့်ရလာတာဖြစ်ပါတယ်။ အိမ်မှာ အိပ်ချိန်ပဲနေပြီး အိမ်ခေါင်းရင်းက ကုက္ကိုလ်ပင်ထက်တက်ပြီး အိမ်ဆောက်ြပီး အဲမှာပဲနေတော့တယ်။ အမေ့ပါတိတ်ထဘီတွေနဲ. နံရံကာထားလို. ဆော်ပလော်တီးခံရသေးတယ်။ အဲဒီအချိန်တုံးကတော့ ညီမလေးက တော်တော်ကို မုန်းစရာကောင်းတဲ့ ၁တန်း ၂ တန်းအရွယ်လောက်ရောက်နေပြီပေါ့။ သွားတွေကျိုး စကားပြောလည်း ပြန်ပြော နားမထောင် စတာတွေရှိလာတယ်။ သူ.ကို ပြန်မြင်ယောင်ကြည့်တာ မမှတ်မိဘူး။ နှုတ်ခမ်းထော်လော်နဲ. ရန်တွေ.နေတဲ့ မြောက်ဦးကပုံပဲ ပြန်မြင်ယောင်တယ်။ သူကတော့ ကိုယ်သူ.ကို တော်တော်နှိပ်စက်တယ်လို.ပြောတာပဲ။ သူဟော်လစ်မှုန်.စားချင်တယ်ဆိုလို. ကုက္ကိုလ်ပင်ပေါ်ကနေ ဟော်လစ်မှုန်.တွေ ကြဲချပေးပြီး သူ.ကို အောက်ကနေ ပါးစပ်ဟ ခိုင်းထားတယ်လို.ပြောတာပဲ။ သူကလည်း အပိုနည်းနည်းပြောတတ်တာ ဆိုတော့ ဟုတ်မဟုတ်မသိဘူး။ ဟောလစ်မှုန်.ကြဲချတာတော့သိတယ်။ ဟီးဟီး။
မောင်တောက ရွာတွေကထူးဆန်းတယ်။ အလယ်ရွာ ချတာရွာ နှစ်ခုပဲမှတ်မိတယ်။ အမေတို.က မောင်တောမျိုးတွေဆိုတော့ တစ်မြို.လုံးနီးပါးကို အမျိုးတွေစုနေပါတယ်။ အယွေချေ (အဒေါ်)တို. အဘောင်ရှင်တို.ရှိတယ်။ ဝမ်းကွဲညီမ သူဇာကျော် တို.ရှိတယ်။ အရင်းနှီးဆုံးတွေပဲ မှတ်မိပါတယ်။ ပါပါနဲ.မေမေ မင်္ဂလာဆောင်တုန်းက လက်မှတ်ထိုးပေးတဲ့ အရီးသိန်းကျော့ဦးတို.လည်းရှိတယ်။ အမျိုးတွေပဲ။ မောင်တောမျိုးတွေက ကိုယ့်အမျိုးထဲကပဲ အချင်းချင်းပြန်ယူကြတာများတော့ အမျိုးရှုပ်တယ်။ တစ်ခါတစ်လေ နှစ်ထပ်သုံးထပ် တော်တာမျိုးတွေရှိတယ်။ တစ်မြို.လုံးလဲ တစ်ယောက်နဲ.တစ်ယောက်သိကြတယ်။ မောင်တောက လူတွေကို စစ်တွေဘက်ကလူတွေက အနောက်သားလို.ခေါ်ကြတယ်။ ကိုယ်တို.ဆို အနောက်သမ ဆိုပြီးခေါ်ကြတာပေါ့။ ဘာအဓိပါယ်လည်းတော့သိပါဘူး။ အနောက်ဘက်ဆုံးကျလို.နေမှာပေါ့။ မောင်တောမှာ ဟိုဟိုဒီဒီသိပ်သွားစရာမရှိပါဘူး။ အလယ်သံကျော်တစ်ခေါက်ရောက်ခဲ့တယ်။ သောင်ပြင်လိုလို မြစ်ကမ်းလိုလို တစ်နေရာပဲ မှတ်မိတော့တယ်။ ကျန်တာသိပ်မမှတ်မိဘူး။
သေချာမှတ်မိတဲ့နေရာတစ်ခုတော့ရှိတယ်။ မောင်တောအထွက်မှာ ရှိတဲ့ ၄ မိုင်ဆိုတဲ့နေရာလေးကိုပါ။ ကိုယ်တို.စကားနဲ.ဆိုရင် မြောင်ကိုသွားကြမယ်လို. ပြောလေ့ရှိတယ်။ မောင်တောက ရေမြေအင်မတန်ကောင်းပါတယ်။ စိမ်းစိုပြီးတောင်တွေပေါတယ်။ တစ်ခါတစ်ခါ ဘူးသီးတောင် မောင်တောလမ်းပေါ်မှာ ဆင်အုပ်ကြီးတွေတောင်တွေ.ရတတ်တယ်။ ၄ မိုင်ကကျတော့ တောင်ကုန်းလေးတွေ ဆင့်နေတဲ့ နေရာပေါ့။ တောင်ကျချောင်းလေးတွေလည်း ဟိုတစ်ခုဒီတစ်ခုရှိတယ်။ သစ်ပင်သစ်တော အုပ်အုပ်ဆိုင်းဆိုင်းနဲ. အေးတယ်။ အဲဒီတောင်လေးတွေပေါ်မှာ ရာသီအလိုက် တဲလေးတွေဆောက်ပြီး တောင်ယာလုပ်တဲ့ မိသားစုတွေရှိတယ်။ အဲဒီတဲလေးတွေကိုနွေရာသီဆို သွားပြီး ထမင်းချက်စားကြတာပါ။ မိသားစုလိုက်ပေါ့ မိတ်ဆွေအပေါင်းအသင်းတွေရောပါသေးတယ်။ ဗမာပြည်ဘက်မှာတော့ ပစ်ကနစ်ထွက်တယ်လို.ပဲ ပြောမလားပဲ။ ကိုယ်တွေဆီမှာတော့ ထမင်းသွားချက်စားကြမယ်ဟေ့လို.ပြောတယ်။ အိုးတွေခွက်တွေ သောက်ရေတွေသယ်သွားတယ်။ ဆန် ဆီ ဆား ငရုတ်ကြက်သွန်သယ်သွားတယ်။ ဒါပဲ။ ကြက်သားပဲ ချက်စားကြတာများတယ်။ ကြက်ကတောကြက်တွေလေ ချိုသလားမမေးနဲ. ဒီက ကြက်သား ဖြူစုတ်စုတ် ဘတ်ပြဲ တွေနဲ. နံသာဆီနဲ. အီးလောက်ကွာတယ်။ ကြက်ကို တောင်မတက်ခင် ရွာထဲမှာ ဝယ်ပြီး ဟာလာ လုပ်လာရတယ်။ ကာလသဟင်းအချက်များတယ်။ ဘူးသီးက ယာခင်းထဲက ချိုးရုံပဲ။ ယာခင်းရှင်ကို ပိုက်ဆံနည်းနည်းပေးလိုက်ရင် အားလုံးကြိုက်တာယူစားလို.ရပါတယ်။ ဘူးညွန်. နုနု ထွားထွားတွေကို အရည်သောက်လေးချက်ကြတယ်။ ကိုယ်တို.သွားနေကျ ယာခင်းရှင်က ငှက်ပျောစိုက်တော့ သီးမွှေး ဖီးကြမ်း အချိုတည်းဖို.က အဆင်သင့်။ ပြီးရင် သင်္ဘောရိုင်းပင်တွေကလည်း ပေါမှပေါ။ သင်္ဘောရိုင်းလို. သုံးတာကတော့ မစိုက်ပဲနဲ. ပေါက်နေကြတာမို.လို.။ ဖိုပင် မပင်ရှိတယ်။ ဖိုပင်က သင်္ဘောသီးသုပ် (ပဒကာသီးသုပ်) စားလို.ကောင်းတယ်။ မပင်က မှည့်လွယ်တယ် ပိုချိုတယ်လို.ပြောတယ်။ ကြိုက်သလို ခူးဆွတ်စား အဲဒီမှာ ပေါလွန်းလို. စားမဲ့လူမရှိပါဘူး။ ချက်ပြုတ်စားသောက်ပြီးတာနဲ. ကွပ်ပျစ်မှာတစ်ရေးတစ်မော မှိန်းကြတာပေါ့။ လေတဖြူးဖြူးနဲ.။ တောင်ပေါ်ကနေ ယာခင်းတွေ သစ်ပင် တောအုပ်တွေ မျက်စိတစ်ဆုံးမြင်ရတယ်။ လူကြီးတွေကတော့ ဖဲတစ်ထုပ်ယူလာပြီး လဖက်သုပ် ရေနွေးကြမ်းနဲ. ကွာစိ တွေစားပြီး အပျော်ဆော့ကြတယ်။ ကိုယ်တို.ကလေးတွေကတော့ ဒိုးဇက်နဲ. ထိပ်ခေါက်တမ်းဆော့တယ်။ သွားရင် ဘယ်တော့မှ မပျော်ဘူးဆိုတာမရှိဘူး။ နေညို မိုးစုန်းစုန်းချုပ်မှပြန်ကြတယ်။ ခုတစ်ခေါက်သွားချင်ပါသေးတယ်။ ဒီတိုက်ခန်းကျဉ်းလေးကနေ ပြေးကိုသွားလိုက်ချင်တာ။
မောင်တောမှာ တုံးက ကိုယ် အစားအသောက်တော်တော် သောင်းကျန်းနေပါပြီ။ မှတ်မိသေးတယ်။ ကိုယ်အကြိုက်ဆုံးက ငပိရည် ငပိထောင်း ငရုတ်ကြိတ်တွေ။ နဂိုက ဟင်းသီးဟင်း၇ွက် မစားတဲ့လူက ခုစစားလာတယ်။ အမေက ထမင်းချက်တာ စသင်ပေးတယ်။ ရေငှဲ.ပြီးချက်ရတာပေါ့။ ချက်စတုန်းကတော့ အဆန်းဆိုတော့ အတင်းကို ချက်ချင်ပါတယ်။ နောက်ချက်ခိုင်းတော့ မချက်တော့ဘူး။ ပျင်းသွားပြီ။ စားတာကတော့ မာရသွန်။ ဘာဟင်းမှ ထည့်ပေးစရာမလိုဘူး။ ထမင်းဖြူမှာ ငပိရည် သုံးဇွန်းလောက်ဆမ်းပေးလိုက်ရင် ကိုယ့်ဘာကိုယ် နနွင်းတက်လေးခူး ကြက်သွန်ဖြူလေးကိုက်ပြီးတော့ နှစ်ပန်းကန်လောက် အသာလေးကုန်တယ်။ မောင်တောက ရေခံမြေခံကောင်းတော့ စိုက်သမျှအသီးအပွင့်တွေက အကုန်ချိုတယ်။ မောင်တောက ဂဏန်းလောက်ကောင်းတဲ့ဂဏန်း ကိုယ့်တစ်သက်မစားဖူးဘူး။ ဘာလေးစားစားကို ကောင်းတာ။ ကုလားစာတွေလည်း အရမ်းကိုကောင်းပါတယ်။ ဗလီနားမှာ ပလာတာသေးသေးတွေ ရောင်းတဲ့ကုလားဆိုင်တွေတန်းစီပြီး ရှိပါတယ်။ မိတ်ကပ်ဘူး သာသာလောက်ရှိတဲ့ သကြားပလာတာ သေးသေးလေးတွေပါ။ အိအိလေးနဲ. စားလို.ကောင်းတယ်။ ၂ ကျပ်ဖိုး ၃ ခုရပါတယ်။ စာနာပရာ ကျောင်ကျောင် (ဗမာမှာ ဘာခေါ်လဲမသိ ကိုယ်တွေက ကျောင်ကျောင်ခေါ်တယ်) စာကလေးခွေ မြင်းစားပဲနဲ.ခေါက်ဆွဲကျော်စသည်ဖြင့် ကုလားစာများ တမျိုးပြီးတမျိုး မရိုးအောင်စားရတယ်။ အစ်နေ. ကျရင် အိမ်ကို လက်ဆောင်လာပေးကြတဲ့ နံပြား ၊ ချာပါတီ ( အဘောင်ရှင်က လရီပီယ လို.ခေါ်တယ် အဟီး ဘာကြောင့်မှန်းတော့မသိ ကုလားအခေါ်ကနေ ဆင်းသက်လာတယ်လို.ထင်တာပဲ) နဲ. အမဲသားတွေ အိမ်မှာတန်းစီနေတာပဲ။ အမဲသားကို ထောပတ်နဲ.ချက်တာတွေရှိတယ်။ တော်တော်စားလို.ကောင်းပါတယ်။ ကိုယ်ကတော့ အဝတီးတယ်။ နို.ချဉ်တွေလည်း ပေါတယ်။ နွားနို.စစ်စစ်ချဉ်ပါ။ အိုးလေးတွေနဲ.လာတယ် ဗာဒံရွက်နဲ.အိုးပိတ်ပြီး ဂုံနီကြိုးလေးနဲ. ပိတ်စည်းထားတယ်။ သကြားလေးနဲ.ခေါက်စားလို.ကတော့ ဆွေမျိုးမေ့လောက်တယ်။ တရက်က အလယ်သံကျော်သွားလည်ကြတော့ နို.ချဉ်အိုးကို အိမ်အပြင် ဝရံတာမှာ ချထားခဲ့တာ ပြန်လာတော့ အိမ်မှာမွေးထားတဲ့ ပုဏ်ဏားဆိုတဲ့ခွေးက တက်ပြီး စားလိုက်ပါကောလား။ ဟိုကလည်းပြန်ရောက်ကော ပုဏ်ဏားကိုကြည့်လိုက် ကွဲနေတဲ့ နို.ချဉ်အိုးကို ကြည့်လိုက်နဲ. ရင်ထုမနာငိုရှာပါတယ်တဲ့။ ပုဏ်ဏားမှန်းသိတာပေါ့ ဒင်းနှုတ်သီးမှာ နို.ချဉ်တွေနဲ.ကိုး။
မောင်တောမှာ အသက်အရွယ်လေးရလာတော့ အမေက ထဘီတွေဝတ်ခိုင်းလာပါတယ်။ ကိုယ်ကတော့ ကြီးကောင်ဝင်တာနောက်ကျတယ်လု.ိပြောလို.ရတယ်။ ထူးဆန်းတာတစ်ခုကတော့ အိမ်နားကမသန္တာ အပျိုဖြစ်တော့ လကွယ်မှ ဖြစ်လို. ဆိုလား မသိဘူး အိမ်ထဲက အိမ်ပြင်မထွက်ဘဲနဲ. ၁၅ ရက်တိတိ နေလိုက်ရပါတယ်။ လူများအိမ်ကို သွားမလည်ရဘူး။ သွားလည်ရင် လည်မိတဲ့ အိမ်ကလူနဲ. ပေးစားရတယ်။ မပေးစားချင်ရင် အမေက ငှက်ပျော အုန်းပွဲရွက်ပြီး အိမ်တိုင်ရာရောက်လိုက်တောင်းပန် ရတယ် လို.ပြောပါတယ်။ ကိုယ်တွေမှာတော့ ထန်းသီးကြွေခိုက် ကျီးနင်းခိုက်ဖြစ်မှာ ကို ကြောက်နေခဲ့ရတာ။ ပါးဗလစ်ကိုသွားလို.ရပါတယ်။ ကျောင်းကြီးတက်လို.ရတယ် ဈေးကြီးက ဆိုင်တွေကို သွားလို.ရတယ်။ အိမ်ဆိုင်ကိုမသွားရပါဘူး။ အိမ်တွေကို မဝင်ရပါဘူး။ အဲဒီ ၁၅ရက်ကို ကျူရှင်ဆရာမက အိမ်လာစာပြပေးတယ်။ ထူးထူးဆန်းဆန်းပဲ။ စစ်တွေဘက်တွေမှာရော မြောက်ဦးဘက်တွေမှာရော တနယ်မှာမှ မကြားဖူးဘူးပါဘူး။ မောင်တောမှာပဲရှိတယ်ထင်တယ်။ ခုထိရှိသေးလား မပြောတတ်ဘူး
ထူးထူးဆန်းဆန်း ကြုံရတွေ.ရတာကို ပြောရရင် ရထားပွဲပေါ့။ အုံးအုံးကြွတ်ကြွတ်နဲ. တမြို.လုံး ပျော်ကြတဲ့ပွဲပါ။ တခြားလူမပြောနဲ. ကုလားတွေတောင်ပျော်တယ်။ ရထားလုံးဆွဲတယ်လို.ခေါ်တယ်။ အလယ်ရထားလုံးမှာ ဘုရားတင်ထားပြီးတော့ ကြိုးနဲ. ဟိုဘက်ဒီဘက်ရက်ကွက်အလိုက်ဆွဲကြတာပါ။ မြို.လယ်တည့်တည့်မှာ လုပ်တာ။ လူအုပ်ကြီးဆိုတာ တိုးလို.မပေါက်ဘူး။ မိန်းမသတ်သတ် ယောက်ျားသတ်သတ်ပြိုင်ကြတယ်။ လက်ကသွေးထွက်အောင်ကို ဆွဲကြတာ။ တမြို.လုံးကို ဟီးဟောထနေရော အသံတွေ။ တပြိုင်တည်း စတိတ်ရှိုးတွေလည်း လုပ်သေးတယ်။ အင်မတန်ပျော်စရာကောင်းပါတယ်။ မောင်တောမှာ ရပ်သိရွာသိ သူဌေး ဗန်းသာဆိုတာရှိတယ်။ အပျော်အပျက်အနေနဲ. ရထားကြိုးပြတ်တေ ဗန်းသာ ဟိုဒင်းကြွက်ကိုက်တေ ဆိုပြီး ဆွဲကြတာ သူ.သားအောင်ထူးက ကိုယ်နဲ.တစ်တန်းတည်းဆိုတော့ သူ.ကို ကိုယ်က အားတွေနားရသေးတယ် နေရင်းထိုင်ရင်း။ သူ.ခမျာ ပျော်မှပျော်ရဲ.လားမသိ။ နေရင်းထိုင်ရင်း ကိုယ့်အဖေကို ခလုပ်လာလာတိုက်နေကြတာကိုး။ မှတ်မိသေးတယ် ပထမဆုက ၅၀၀ ပါ။း)
မောင်တောမှာ တစ်နှစ်တိတိပြည့်လို. ၈တန်း ကျောင်း ၃ရက်လား ၄ရက်လားပဲတက်ရသေးတယ်။ မြောက်ဦးကို သွားရပြန်တော့မယ် လို.ဖြစ်လာပါရော။ အဲဒါနဲ.ပဲ အင်မတန်မှရောက်ချင်လှတဲ့ မြောက်ဦးကို ရောက်ခဲ့ရတယ်ဆိုပါတော့။ အပိုင်း၅ ဆက်ပါအုံးမယ်။
တို.များငယ်ငယ်တုန်းက (၄)
Posted by khine wai zan
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment