၂ ပတ်လုံးလုံး စက်တစ်လုံးနဲ. နပန်းလုံး (လုံးတွေများနေတယ် ခွေးလွှတ်ပေးကြပါ) ပြီးတဲ့ နောက် စိတ်ထောင်းကိုယ်ကြေသွားတယ်။ အစကတော့ အိုတီမရ ဘာမရ နဲ. အလုပ်ကိုဆင်းအုံးမလို.ပဲ။ မြတ်ရှင်က ခေါ်တယ်။ မရွတ်စိနဲ. ပိန်းနှဲစိ ချက်တယ်။ သပြုသီး (ရခိုင်အခေါ် ဒပြုတ်သီး) ချက်တယ်လို. တစ်ခွန်းပြောတာနဲ. Lake Side ကို ဒုံးစိုင်းပြီးရောက်သွားရော။
စကားမစပ်. ပထမဦးဆုံး အဖြူဝမ်းဆက် ဝတ်သွားတဲ့နေ.ဆိုပါတော့။း) တစ်ခါမှ မဝတ်ဖူးဘူး။ စိတ်ရူးပေါက်လို. (ဝတ်စရာလည်းမရှိတော့ဘူး) ဝတ်သွားတာ။ တစ်မျိုးကြီးဖြစ်နေတယ်။ လူတွေအားလုံးကိုယ့်ကို ဝိုင်းကြည့်နေတယ်လို.ခံစားရတယ်။ အင်း ဒါလည်းရောဂါပဲ။ ကို.ရိုးကားရားကြီးဖြစ်နေသလိုပဲ။ ဒါပေမဲ့နေလို.ကောင်းတယ်။ အင်းကျီပွတာကိုး။
မြတ်ရှင်တို.အိမ်မှာ ကင်မရာ သရမ်းထားတာ။ လှတော့ လှဝူး။ ဒါပေသိ ပြချင်တဲ့ အရာအားလုံးပါတယ်။ အင်းကျီရယ် လက်သည်းနီ (လက်သည်းပြာ) ရယ်စသည်ဖြင့်ပေါ့။
မရွတ်စိ မစားရတာကြာပေါ့။ ဒီမှာရှိပါတယ်။ အစိုတွေပေါ့။ ဒါပေမယ့် မချက်စားဖြစ်ဘူး။ မလေးဆိုင်တွေမှာ ချက်တာတွေ.ပေမဲ့ အုန်းနို.နဲ.ဆိုတော့ ချိုချိုကြီးတွေ။ စားလို.ကောင်းဘူး။ ပိန်းနှဲစိကိုလည်း ချက်မစားရတာကြာပြီ။ ရခိုင်နေတုန်းမယ် တော့ အတင်းစားတာပေါ့။ အိမ်မှာ ပိန်းနှဲပင်တွေက လည်း ဟီးဟီးထနေတာကိုး။ ပိန်းနှဲပင်က တက်လို.မကောင်းဘူး။ ပရွက်စိတ်အတင်းပေါတယ်။ ဒါကကြုံလို.ပြောပြတာ။ သိကြလားမသိပါဘူး မရွတ်စိ မရွတ်စိနဲ.ပြောပြောနေတာ။ ခရုတစ်မျိုးပါပဲ။ ဗမာလို ဘာခေါ်တယ် မပြောတတ်ဘူး။ ဓါတ်ပုံပဲ တင်ပေးလိုက်တော့မယ်။
ရှယ် ကောင်းမှကောင်း မြတ်ရှင်လက်ရာတိုးတက်လာ၏။ များများချက်ပါ။ များများလာစားပေးမည်။
သပြုသီးဟင်းရည် ။ ပုံသာဘာမှမဟုတ်တာ။ သောက်ကြည့်မှ ကောင်းမှန်းသိမှာ။
ကြက်ယက်ဟင်း (ဗမာလို အခေါ်မသိ)။ စစ်တွေမှာ အရမ်းပေါတယ်။ ကံကောင်းထောက်မစွာနဲ. ဒီမှာတခါတလေ ဝယ်လို.ရတယ်။ အရမ်းချိုတယ်။
ငါးနီတူခြောက်သုပ်။ ချဉ်ချဉ် ငံငံ စပ်စပ် ကောင်းမှကောင်း။
ထမင်းဖိတ်ကျွေးတဲ့ မြတ်ရှင်ကို ကျေးဇူးတင်တယ်။ သူ.အမျိုးသား ကိုစံထွန်းအောင်က ပါးပူကို ထမင်းကျွေးလို.ကောင်းတယ်။ အားရပါးရစားတယ်လို.ပြောတယ်တဲ့။ များများခေါ်ကျွေးပါ။ အား၇အောင် စားပြမယ်။း)
စကားမစပ် မရွတ်စိ အခြောက်နဲ. ငါးနီတူ ခြောက် ကို ပင်နီဆူလာ ငါးထပ်က ဓညဝတီဆိုင်မှာ ဝယ်လို.ရပါတယ်။ မနက်ဖြန် အဲဆိုင်မှာ ငါးမန်းသားခြောက်သုပ်နဲ. သခွပ်ပွင့်သနပ်သွားစားပါမယ်။ ဒါက လျှပ်တပြတ် ကြော်ငြာဝင်တာ။
စားပြီးတော့ ထမင်းလုံးစီပြီး မြတ်ရှင်တို. အိမ်မှာ တရေးတမော အိပ်သေးတာ။ ပြီးတော့ အလုပ်သွားမယ်လို.စီစဉ်ထားပေမဲ့ ထုံးစံအတိုင်း အပျင်းထူသွားတာနဲ. မသွားဖြစ်တော့ဘူး။ ဗိုက်ကလည်း လေးနေရောပဲ။ အိမ်လည်းမပြန်ချင်ဘူး။ Lake Side က Chinese Garden နဲ.နီးတာဆိုတော့ လမ်းလျှောက်ထွက်ရအောင် ဆိုတာနဲ. မထွက်ချင်ဘူး တဲ့ မြတ်ရှင်က အင်း အဲလုပ်နေသေးတာ။ ကိုကို.ကို စောင့်ရအုံးမယ်လေး ငါမရှိရင် သူထမင်းစားမှာမဟုတ်ဘူးလေး ဘာလေး နဲ.။ ချစ်စ ခင်စ ချစ်စ ခင်စ။ မနာလိုထှာကွယ်။ ဒါပေမဲ့ အတင်းခေါ်တော့လည်း လိုက်လာရှာပါတယ်။ နောက်ဆံ တငင်ငင်နဲ.ပေါ့။ အောင်မျိုးဥ က ဖုန်းလှမ်းဆက်တော့ လိုက်ပါမယ် ဆိုတာနဲ. အန်တီတွေကြား ကန်.လန်. ကန်.လန်.ပါလာရော။ ဒါနဲ. Chinese Garden ကိုချီတက်သွားကြတယ်။
သာမီးဖုန်းနဲ.ရိုက်တာ လှဒယ်နော် နော်။ အမှန်က စွန်လွှတ်တာကို ရိုက်တာ စွန်မပေါ်ဘူး။း( တေးတေးလေးပဲပေါ်ဒယ်ကွယ်။ ငါ့နှယ်။
ရှိသမျှ ရသမျှလေးပုံတွေ တင်ပေးလိုက်တယ်။ ကင်မလာ တစ်လုံးကတော့ ဝယ်မှကို ဖြစ်မယ်။ ညနေစောင်းသွားရင် ကိုယ့်ဖုံးက သုံးလို.မရတော့ဘူး။း(
လမ်းလျှောက်ပြီး အပြန် (ကျန်းမာရေးလိုက်စားတဲ့လူတွေဆိုတော့) Chinese Garden MRT ရှေ.က Steamboat ဆိုင်မယ် ဝင်စားခဲ့ကြသေးတယ်။ လမ်းလျှောက်တော့ ဗိုက်ချောင်သွားတာကိုးလို.။
ပုံမှန် ဆိုင်ပါပဲ။ အကောင်းကြီးတော့မဟုတ်ဘူး။ ဒါပေမဲ့ ဈေးချိုတယ်လေ။ ၁၆.၈၀ ကျပ်ပဲ ပေးရတယ်။ သူများတွေက အနည်းဆုံး ၁၈ ကျပ်ယူတာကိုး။ နောက်တစ်ခု သဘောကျတာက ဂဏန်းချိုလို.။ လတ်လည်းလတ်တယ်။ မိုက်တယ်။ တုန်ယမ်း စွပ်က သိပ်တော့မကောင်းဘူး။ ဒါပေမဲ့ မဆိုးပါဘူး။
တစ်ပတ်လုံးလုံး မောကြီးပန်းကြီး အလုပ်လုပ်ထားတာ ၂ ရက်လောက်တော့ နားသင့်တာပေါ့နော်။ မနက်ဖြန်လည်း သွားစရာတွေရှိသေးတယ်။း) စားစရာတွေလည်း ရှိသေးတယ်။ တင်ပါအုံးမယ်။း)
စားနိုင်ရင်ကိုယ့်ဖို.
ခိုင်ဝေဇံ
3 comments:
ဒေ post ကိုဖတ်ယင်းပင်း ဇက်ညောင်းလာဒပါရေထော :-)(photos are up side down sis)! :D
စားနိုင်စော်လည်းပါရမီတစ်ပါးရာမလား.ကျွေးမယ် ကျွေးမယ်..အလုပ်အဆင်ပြေပါစီရာဆုတောင်းပီးချက်..ကိုစံထွန်းကိုဖတ်ပြလို့ ကောင်းရယ်နိန်ယင့်..
ideal မှာ တည့်တည့်ကြည့်ကေလေ ဂဏန်းမှန်းသိသာရေဂါ။း) နောက်ခါဆိုကေ သတိထားလို.တင်ရဖို.။ လိုင်ဖင်းလိမ်လားလို. ငါရို.တရားခံဖြစ်နီဖို.ဂါ။း)
မြတ်ရှင် ယင်းပိုင်ဆိုကေ အေလကုန်ကေ မျှော်နီမေ. တစ်ပွဲဆွဲပလိုက်ကတ်ဖို.း)
Post a Comment