နာမည်မသိတဲ့ဆိုင်

ရေးစရာတွေ ပေါပါလျက် မအားတော့ (အလုပ်ကြီးအကိုင်ကြီး - ဇူးမား ဆော့တယ်) မရေးဖြစ်တာ အတော်ကြာပြီ။ ဘလော့ဂါလုပ်စားရတာ လွယ်တယ်မထင်နဲ.။ လူတွေက ကိုယ့်ဆို အလကားနေရင်း ကုန်ကြမ်းရှာတယ်မှတ်တာကိုး (အမှန်ကတော့ ဟုတ်တယ်)။ ဒါပေသိ ဘယ်ဟာတွေကို ရေးသင့်တယ် မရေးသင့်ဘူးဆိုတာကိုတော့ သတိထားရတာပေါ့။ ခုဟာက ကိုယ့်ရှေ. အီးလေးပေါက်မိရင်တောင် ဟဲ့ ငါအီးပေါက်တာကို ဘလော့ထဲထည့်မရေးရဘူးနော် ဆိုပြီး ငိုကြီးချက်မဖြစ်ကုန်ကြရော။ အဟီး။ သိပါတယ်။ ရေးပါဘူး။ တကယ်တည်းမှပဲ။ ဒါပေမဲ့ ကိုယ့်ဘလော့ကို နည်းနည်းပါးပါး ဂရုစိုက်ပြီးလာဖတ်တာကို သိရတော့ ဝမ်းသာပါတယ်။

ဒီနေ.သင်္ကြန်သွားတယ်။ ရေးသေးဘူး အဲဒီအကြောင်းကို ဓါတ်ပုံစုလိုက်အုံးမယ်။ ပြီးမှ ရေးမယ်။ စိတ်ချ။ အသကုန်ရေးမှာ မညှာဘူး။ ညှင်းညှင်းညှင်း။

ခုတော့ အစားအသောက်အကြောင်းနည်းနည်းပြန်ကောက်အုံးမယ်။ တမြန်မနေ.ညနေက မခင်ငြိမ်းချမ်းက ဖုန်းခေါ်တယ်။ မိန်းကလေးတွေစုပြီးအပြင်ထွက်တစ်ခုခုစားမယ်တဲ့။ အဲ့ အမနဲ. တစ်ကြိမ်ပဲ ဆုံဖူးပါတယ်။ အရမ်းယဉ်ကျေးတယ်။ စကားပြောရင် ကြီးကြီးငယ်ငယ်  ပါ ထည့်ထည့်ပြီးပြောတယ်။ ခင်စရာကောင်းပါတယ်။ ဘယ်နှစ်ခေါက်ပဲဆုံဖူးဖူး  တစ်ခုခုစားမယ် ဆိုတာ ပါမှတော့ ထုံးစံအတိုင်း လာထားပေါ့။ လာခဲ့မယ် အမလို.။ ပြီးတော့ အလုပ်စောစောဆင်းပြီး Bugis ကိုရောက်သွားပါလေရော။ ထုံးစံအတိုင်း ကလေးတစ်အုပ်နဲ.ပေါ့။ ရောက်တော့ ဆိုင်တစ်ဆိုင်ကို ခေါ်သွားတယ်။ ဗမာဆိုင်တဲ့။ တရုတ်မတွေရောင်းတာပါ။ ငါးစားလို.ကောင်းတယ်တဲ့။ Bugis Village ထောင့်က KFC  ဆိုင်နားမှာ ဆိုတာပဲမှတ်မိတယ်။ ကျောက်ဖြူသူက ဦးဆောင်ပြီးခေါ်သွားတယ်။ ငါးအင်မတန်စားကောင်းတဲ့ အကြောင်း သူဆို အတင်းလာချင်လွန်းလို. ခဏခဏ လာကြောင်းစသည်ဖြင့် ရွှန်းရွှန်းဝေ အင်ထရိုဝင်ပါတယ်။ ဆားဗစ်မကောင်းတဲ့အကြောင်းလည်းကြိုပြောထားတယ်။ ဆားဗစ်ကတော့ အောချလောက်ပါပေတယ်။ စောင့်ရတာကြာ။ ရေတောင်းတာတောင်ချမပေး။  မျက်နှာထားကတင်း စသည်ဖြင့်ပေါ့။ သို.သော်လည်း စားကောင်းရင် ပြီးတာပဲ ဆိုပြီး အောင့်အီးသည်းခံပြီး စောင့်ရတော့တာပေါ့။ စောင့်ရတာက ၄၅ မိနစ်လောက်တောင် ရှိတယ်နဲ.တူတယ်။ 

ငါးက  သုံးကောင်၊ ဟင်းနှစ်ပွဲ၊ ဝက်နားရွက်သုပ်က တစ်ပွဲ မှာပါတယ်။ လူက ၆ယောက်။ ဒါတောင်မှ ငါး၎ ကောင်မှာမလို. နောက်မှ မကုန်မှာစိုးလို. အတင်းထိန်းထားရတယ်။ အားလုံးက စားမယ် ဆိုတာကြီးပဲ။ ဗိုက်ဆာလွန်းအားကြီးလို. တော်တော် အိနြေ္ဒ မဆောင်နိုင်တွေ ဖြစ်ကုန်ကြတယ်။  တော်တော်ကြာလို. နှုတ်ခမ်း တွေ တစ်တောင်လောက်စူထွက်ပြတဲ့ အခါ ဟင်းတစ်ပွဲ လာချပါတယ်။ စားမယ်ဟဲ့ သောက်မယ်ဟဲ့ လုပ်နေကြတာကို တားပြီးဓါတ်ပုံ အရင်ဖမ်းရိုက်ရတယ်။ စမယ်။

Sour Plum Fish Soup. 
ကြောက်စရာကြီးလို.မထင်နဲ.။ ကိုယ်က အဲဒီငါးခေါင်းကို စားခဲ့တာ။ ဟင်း ဟင်း ဟင်း ။ မြန်မာလိုပြန်တော့ ဆားငံစေ့ ငါးပေါင်းပေါ့။ တော်တော် အရသာရှိတယ်။ အဲဒီငါးနဲ.တွဲစားဖို. ဟင်းရည်ခွက်ကြီးပေးသေးတယ်။ ငါးပေါ်မှာ ဆမ်းပြီး ပူပူလေးခပ်သောက်ပေါ့။ အဲ ကျန်တဲ့ ဟင်းတွေမလာသေးဘူး။ ငါးကအရိုးထွက်နေပြီ။

ဒီငါးကတော့ မစားရညှော်ခံငါး ။ ဝိုင်းမှားပြီးတော့ လာချပေးတာ။ ဓါတ်ပုံတွေဝိုင်း ရိုက်နေတုန်း လာပြန်ဆွဲသွားတော့ လက်တောင်ရှက်သွားတယ်။း(
နောက်ဟင်းပွဲကတော့ ကိုက်လန်ခရုဆီပုံစံမျိုး။ ဆိုးပါဝူး။ အကောင်းကြီးတော့ မဟုတ်ဘူး။

နောက်တစ်ပွဲကတော့ ငါးသံပုရာပေါင်းလို. ခေါ်မှာပေါ့။  ဆိုင်မှာ မြန်မာတရုတ်ဆိုင် ဆိုတော့ တရုတ်အစားအသောက်ဖြစ်ပေမဲ့ မြန်မာအကြိုက် ချဉ်စပ်လေးတွေ လုပ်ထားတာ။ စလုံးတော်တော်များများလာစားကြတာတွေ.တယ်။ ဈေးလည်းနည်းနည်းကြီးတယ်။ ဒါပေမယ့် စားပျော်ပါတယ်။

ဒါကတော့ ကန်စွန်းရွက် ကို Sambal Sauce နဲ.ကြော်တာ။ စားလို.ကောင်းတယ်။ 
နောက်ငါးကတော့ ဘာခေါ်မှန်းတော့မသိဘူး။ မဆလာတွေနဲ.ချက်တာထင်တယ်။ ငါးရောက်လာတော့ စားလို.တောင် ပြီးနေပြီ။ မကုန်နိုင်တော့ဘူး။ သိပ်တောင်မမြည်းခဲ့ရဘူး။ 

ဝက်နားရွက်သုပ်ကတော့ စိတ်နာလို.ဓါတ်ပုံတောင်မရိုက်ခဲ့ဘူး။ ကိုယ် မှာပြီးတော့ စားလို.မကောင်းလို.။ ဖွယ်ဖွယ်ကြီး မြန်မာတရုတ်ဖြစ်ပြီး မြန်မာကြိုက်လေးတောင် မသုပ်တတ်ဘူး။ လွန်လွန်းတယ်။

အဲ မကုန်ဘူး မကုန်ဘူး နဲ. စားလိုက်ကြတာ အရိုးတွေချည်းထွက်သွားတယ်။ ဟီးဟီး။ သိပ် ကျွေးချင်စရာ ကောင်းတာပဲ။ ဝက်ကလေးတွေလို ခြံခတ်ပြီး ကျွေးထားဖို.ကောင်းတယ်။ 










စားသောက်လည်းပြီးမှ သိတာက မခင်ငြိမ်းချမ်းမွေးနေ.မို.ကျွေးတာပါတဲ့။ ကြိုလည်းပြောမထားဘူး။    စိတ်ထဲကတော့ ကျိတ် ဝမ်းသာနေတာပေါ့ (ဟယ် ငါပိုက်ဆံမကုန်တော့ဘူး) ဆိုပြီးတော့။ ဘာလက်ဆောင်မှလည်း မပေးလိုက်ရဘူး။ အားနာစရာ အရမ်းကောင်းတယ်။ အမရေ ကျေးဇူးပါပဲ။  ဒီဘလော့ပို.စ်ပဲ လက်ဆောင်အဖြစ်ပေးလိုက်မယ်။ နောက်တစ်ပွဲစားဖို.  စောင့်မယ်အမ။ ပွဲကြီးနော် ပွဲကြီး။း)
ကျောက်ဖြူသူနဲ.မွေးနေ.ရှင်
အားလုံးသူတို.နှစ်ယောက်စားထားတာ။ ရှေ.က ပန်းကန်များသက်သေရှိကြောင်း။ 
သွယ်ဇင်
စားသောက် ဟီးဟီးဟားဟားနဲ. လမ်းရောက်မှ မေးဖို. သတိရတာက ဆိုင်နာမည်။ ဘာတုန်းဆိုတော့ သိဘူးတဲ့။ အေးရော။ Bugis Village ထောင့်လေးမှာ ရှိပါတယ်။ စားချင်ရင် လိုက်ပို.ပေးမယ်။ ဆိုင်နာမည် မသိတာ ဆောရီး။ ဟီး။
ကျောက်ဖြူသူရေ လုပ်ပါအုံး အုပ်စုပုံလေး။ အချောအလှ တွေနဲ. ပို.စ်ကို အဆုံးသတ်ချင်လို.။း)


စားနိုင်ရင်ကိုယ့်ဖို.
ခိုင်ဝေဇံ

စားခဲ့သမျှ

ဘာရယ်လို.မဟုတ်ဘူး။ တစ်ပတ်အတွင်း စားဖြစ်ခဲ့တာ လေးတွေ တင်ပေးလိုက်တာ။း)

နံပြား

တန်ဒိုရီ ကြက်သား နံပြား နဲ. ဆိတ်သားဟင်းရည်း)
Mango AloeVera Ice
Rojak   (အီကြာကွေး ပဲပြား သစ်တော်သီး ပန်းသီး နာနတ်သီး သရက်သီး စတာတွေကို ဆော့စ်နဲ.နယ်ပြီး မြေပဲမှုန်.ဖြူးထားတာ။  ဆော့စ်က ငါးပိပါတယ်ထင်တယ်။ ငါးပိနဲ.သင်းပြီး လေးလေးချိုချိုနဲ. စားလို.ကောင်းတယ်။ 
Saba Fish လို.ခေါ်တယ်။  မြန်မာလိုအခေါ်သိဘူး။ Bukit Timah ဘက်က ABC Canteen မှာစားခဲ့တာပါ။ ၅ ကျပ်ပဲပေးရတယ်။  အရမ်းစေးချိုတာပဲ။ ပုံမှန် ၆ ကျပ် ၇ ကျပ်လောက် နေရာတိုင်းမှာပေးရတာ။ စားလို.လဲကောင်းတယ်။ သံပုရာခြမ်းလေး ထည့်ပေးတာကို ငါးပေါ်ညှစ်လိုက် ကင်ချီ ကြွပ်ကြွပ်ကလေးနဲ. ကောင်းမှကောင်း။ 
ဒါလဲ အဲဒီကန်တင်းက ဝယ်တာပဲ။ Fish&Chips. အကြီးကြီးပဲ။ အဲဒါ လည်း ၅ကျပ်ပဲ။ စားလို.လဲကောင်းတယ်။
ဒါက ကြီးတာကို သိစေချင်လို. ဟီးဟီး။ အဲဒါလေးနဲ. Grass Jelly Juice နဲ. ရှယ်။း) 

တခြားမယ်မယ်ရရ ရေးစရာမရှိပါဘူး။ လောကကြီးကပြသနာတွေသိပ်ရှုပ်တယ်။ စားစားသောက်သောက် နားနားနေနေ  အေးအေးလူလူပဲနေတော့မယ်။

စားနိုင်ရင်ကိုယ့်ဖို.
ခိုင်ဝေဇံ

နေမကောင်းတဲ့နေ.တစ်နေ.

နေမကောင်းတဲ့နေ.အကြောင်းရေးမလို.။

သိတယ်မို.လား။ ရေးတတ်တဲ့လူတွေဆိုတော့ နေမကောင်းတာရေးလဲ ဖတ်ကောင်းတယ်။ အီးပါတာရေးလဲဖတ်ကောင်းတယ်။ သေးပေါက်တာရေးလဲဖတ်ကောင်းတယ်။

သွေးတိုး ဆေးချို စုံနေအောင်ရှိတဲ့ မေမေက ပြောဖူးတယ်။ ဘဝမှာ အဆိုးဆုံးရောဂါက နှာစီးပြီး နှာခေါင်းပိတ်တဲ့ရောဂါပဲတဲ့။ ဘာအနံ.မှမရ စားရတာလဲအရသာမရှိနဲ.တဲ့။ ကျန်တဲ့ဘာရောဂါရရ အစားအသောက်မပျက်ရင်တော်ပြီတဲ့။ ခုအမေ့သမီးလဲအဲအတိုင်းပဲအမေ။း(

မနေ.ထဲက နှာခေါင်းမှာဆူနာမီဝင်နေတာ။ မနက် အိပ်ရာထတော့ နှာတွေလည်း အဆက်မပြတ်စီး လည်ချောင်းတွေနာ ခေါင်းတွေကိုက် တစ်ကိုယ်လုံးကိုက်တော့ ဖျားပြီဟဲ့လို.  လက်ခမောင်းခတ်ပြီး အားရဝမ်းသာ အမ်စီ ယူတော်မူတယ်။ သူဋ္ဌေးအကြောင်းကြား လုပ်ဖော်ကိုင်ဖက်တွေကို အကြောင်းကြားပြီး သကာလ ဆက်ပြီး စက်တော်ခေါ်ပါတယ်။

နိုးလာတော့လည်း စီးလိုက်တဲ့နှာ။ တစ်ကိုယ်လုံးက အရည်တွေပါကုန်ပြီ ထင်ပ။ နဂိုတည်းက မကြီးတဲ့နှာခေါင်း ရောင်ရမ်းနေတာပဲ။ ဖေ့စ်ဘုတ်မှာ နေမကောင်းလို. လူနာလာမေးကြပါလို. မက်စိတင် တာ အတော်ချစ်ကြဟန်တူပါတယ်။ တစ်ကောင်တစ်မြီးမှတောင်မေးဖော်မရဘူး။ ချစ်လှစွာသော ယောင်းမလောင်း တစ်ယောက်ပဲ အဖက်လုပ်ပြီး သစ်သီးပန်းခြင်း (ဓါတ်ပုံ) ပို.ဖော်ရတယ်။

အဲသာနဲ. ညီမလေးက အသစ်ဖွင့်တဲ့ ကလန်မန်တီ မောလ်ကြီးမှာ ဟော်ကာ ဆန်တာပါတယ်။ သွားစားရအောင်တဲ့။ နေမကောင်းလို.မလိုက်ချင်ဘူးပြောတော့ မရဘူး အတင်းခေါ်တယ်။ အတင်းပဲ။
ညီမ..သွားရအောင် ....
ကိုယ်.. မလိုက်ဖူး ငါနေမကောင်းဘူး........
ညီမ...သွားရအောင်ပါဆို...........
ကိုယ်.... အေးအေး ပြီးရော...
အဲဒါနဲ.ပဲသွားကြရော (အတင်းကို ခေါ်ရတာပဲ)။

အဲအထဲကို ရောက် ခေါက်ဆွဲတစ်ပွဲစားပြီး ပြန်အထွက် မီနီတွန်း အရုပ်ဆိုင် အသစ်ဖွင့်ထားတာတွေ.ပါရော။ သူက ဟိုတစ်နေ.က အရုပ်ဝယ်လာတော့ ဒီဆိုင်က ဝယ်လာတာဖြစ်ကြောင်း ကိုယ့်အတွက်လည်း ဝယ်ခဲ့ချင်ကြောင်း ဟိုးဘက်ဒေါင့်က ညိုညို၇ှည်ရှည် ပေါင်တင်(ဖက်လုံး) ရုပ်ကလေးကို ကိုယ့်ဘဲနဲ.တူလို. ဝယ်ပေးမယ်လို. စိတ်ကူးကြောင်း မျေက်ရုပ်ကလေးကလည်း လှကြောင်း ၅၀% ဒစ်စကောင့်ရှိကြောင်းစသည်ဖြင့် မစားရဝခမန်း လေပန်းပါတယ်။ အဲဒီမှာတင် ကိုယ်က တွယ်ကပ်ပြီး အဲဆိုင်က အရုပ်ဝယ်ပေးဖို. တဂျီဂျီတောင်းတော့ သူ.စကားနဲ.သူ ဝယ်ပေးရတော့တာပဲ။



ပြီးတော့ ကလန်မန်တီ တစ်မောလ်လုံး ခွက်ခွက်လန်အောင် တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် လိုက်ကြည့်ကြတာ လိုချင်ဇောတွေနဲ. အဖျားတောင် ဘယ်ထွက်ပြေးမှန်းမသိဘူး။ အင်းကျီဆိုင်ဝယ်လိုက် ဟိုဟာကောက်ကြည့်လိုက် ဒါလေးနဲ. ဟပ်ကြည့်လိုက် ဖိနပ်ဆိုင်ထဲဝင်လိုက် ဟိုတစ်ရံစီးကြည့် ဒီတစ်ရံစီးကြည့် နဲ. တစ်နေ.ခင်းကုန်ပါတယ်။ ဘာာမှလည်းဝယ်တာမဟုတ်။ အိမ်မှာ လက်သည်းနီတော့ပ်ကုတ် ကုန်နေလို. သွားရှာတော့ The Face Shop က ၂.၉၀ ဆိုတာနဲ. ဈေးချိုလို.  သုံးပုလင်း ဝယ်လာခဲ့တယ်။ အဲလို ပိုက်ဆံထွက်သွားတော့မှ အဖျားပြန်ဝင်ပြီး အိမ်ပြန်လာတယ်။



အိမ်ပြန်ရောက်တော့ ခြေထောက်တွေညောင်းကိုက်နေလို. ဘော်ဒီရှော့ပ်က လွန်ခဲ့တဲ့တစ်နှစ်လောက်က ဝယ်ထားတဲ့ Food Message/Deep Cleansing Cream လေးနဲ.နှိပ်နယ်ပြီးတော့ ခြေသည်းနီလက်သည်းနီလေးဆိုးပြီး  စိတ်တွေချမ်းသာသွားတယ်။


အဖျားကတော့ တက်တုန်း။ မနက်ဖြန်ပျောက်ပါစေလို.ပဲ ဆုတောင်းရတော့မှာပဲ။း(

စားနိုင်ရင်ကိုယ့်ဖို.
ခိုင်ဝေဇံ

အပြင်များများထွက်သင့်၏ ။

ဟန်ဆောင်တဲ့ လူတွေကို မုန်း၏။

ကိုယ့်ကို မလှပဲနဲ. လှဟန်ဆောင်တယ်လို.လူတွေက ပြောတယ်။ ဟမ် မှုတ်ပါဘူး။ သူများတို.က ရွက်ကြမ်းရေကြိုလေးကို မိပ်ကပ်နဲ. အဝတ်အစားနဲ. ကျားကန်ထားတာပါ။ ငါ့ဟာငါ ဝယ်ဝတ်တော့ ဘာဖြစ်သေးဒုန်း။ သူ.ပိုက်ဆံသွားသုံးတာလည်း မဟုတ်ပဲနဲ.။  ငါ့ဟာငါ ကျားပဲကန်ကန် ကြောင်ပဲကန်ကန်ပေါ့။ လူတွေများ အားယားနိုင်လွန်းတယ်။ ယားရင် ကုတ်နေ။ စကားသိပ်မရှည်ကြနဲ.။ မိပ်ကပ်လိမ်းတာ အပြစ်လား။ လှတယ်ထင်တဲ့ အန်ဂယ်လ်လေးက ဆွဲရိုက်တယ် ဘာဖြစ်သေးဒုန်း။ မလှတဲ့ ပုံကြီး တင်ရမှာလား။ အပုံ၁၀၀ ရိုက်တဲ့ထဲက ကံကောင်းလို.ထွက်လာတဲ့ လှတဲ့ ၁ပုံကို တင်တာ။ မကျေနပ်ရင် ကျော်ကြည့်။  ဒါဟန်ဆောင်တာမဟုတ်ဘူး။ မလှလှအောင် အပတ်တကုတ် ကြိုးစားအားထုတ်ထားတာ။

အဲ အပေါ်ကဟာကတော့ ဘာရယ်လို.မဟုတ်ဖူး ငါ့ဘလော့မှာ ငါဗိုလ်လို.ပြောချင်တဲ့ သဘောနဲ. အလကားနေရင်းလျှောက်ဆဲကြည့်တာ။ ခုမှ တကယ့်အကြောင်းကစမည်။    ထုံးစံအတိုင်းအစားအသောက်အကြောင်းပေါ့။ အရေးကြီးဒယ်နော် ၂ရက်လောက် ထမင်းမစားပဲ နေကြည့်ပါလား အစားအသောက်အရေးကြီးကြောင်းသိသွားမယ်။  ပြောပြတာပါ။ နိုင်ငံခြားမှာ အလုပ်လုပ်နေရဆိုတာ သူများနိုင်ငံမှာ ကြိုးစားပမ်းစားနဲ. ပင်ပန်းတကြီးလုပ်ကြရတာပါ။ ငါ့အလုပ်က ကုမ္မဏီအကြီးကြီးပဲ  ငါတို.ကအေးဆေးပဲ ဘာညာလုပ်မနေနဲ. ပြုတ်မှခွေးဖြစ်လိမ့်မယ်။ ဒုက္ခရောက်မှ ကိုယ်ချင်းစာတတ်တာ။ များသောအားဖြင့်အားလုံးလိုလို ပင်ပင်ပန်းပန်း လုပ်နေရတာချည်းပါပဲ။ မနက်ကနေ နေတဝင် ကွန်ပျူတာ တစ်လုံးနဲ. တကုပ်ကုပ်လုပ်ပြီး ခါးချည့် နေကြတယ်။  အွန်လိုင်းတက်ပြီးတော့လည်း တာဝန်အရ ချက်တဲ့လူကချက် ကျူတဲ့လူကကျူကြသေးတော့ အိပ်ချိန်ကလည်းနည်းတယ်။ အဲဒါကြောင့် အစားနဲ.ကျားကန်ရမယ်။ ကောင်းကောင်းစား ကောင်းကောင်းသောက် အားရှိအောင် ရွေးစား အားတဲ့နေ.လေးလမ်းလျှောက်။ စိတ်လည်းပျော်ရွှင်တယ်။ လူလည်းကျန်းမာတယ်။

ခုဟာက လုပ်တော့ တစ်ပတ် ၆ ရက်။ စားတော့ အခြောက်အခြမ်းနဲ. ဘဲဥနဲ.။ နေတော့ ၂ ပေပတ်လည်အခန်းမှာ နှစ်ထပ်ခုတင်နဲ.။ အိပ်တာက တစ်နေ. ၄နာရီ။ ကိုယ်လက်လုပ်ရှားမှုလား အိမ်ကနေ ဓါတ်လှေကားကို လမ်းလျှောက်တယ်လေ (ဟင် ချွေးတွေဘယ်စီး ညာစီးနေမှာပေါ့) အဲဒီလို လုပ်နေလို.တာကတော့ ဘယ်လိုလုပ်ဘဝ ကြီးကနေပျော်မှာပါ့မလဲ။ ရောဂါရမှာသေချာတယ်။ ခံနိုင်လှ လေးနှစ်ပေါ့။ ပြီးရင် လျှောမှာပဲ။ တကယ်ပြောတာ။ အိမ်အတွက် ပို.တယ်။ သားသမီးအတွက် ပို.တယ်။ မိဘအတွက်ပို.တယ်။ ကိုယ့်အတွက်ကော။ ကိုယ်စဉ်းစားမိရဲ.လား။ ကိုယ်ရောဂါဖြစ်တော့ ဘယ်သူလာပို.ပေးမလဲ။ ကိုယ်စိတ်မပျော်တော့ ဘယ်သူလာချော့ပေးလို.လဲ။ ကိုယ့်ဘာကို ပျော်အောင်လည်းနေရတယ်။ ကိုယ်ကျန်းမာမှ စိတ်ကချမ်းသာမှာ။ အဲဒါမှ လုပ်နိုင်ကိုင်နိုင် ရှိမယ်။ ပိုက်ဆံများများရှာနိုင်မယ်။ မှုတ်ဘူးလား။

ကိုယ်အလုပ်ပင်ပန်းတော့ ခဏခဏနေမကောင်းဖြစ်တယ်။ အခုအဲဒါကြောင့် ခုတလော ကိုယ့်ကိုယ်ကို ဂရုစိုက်ပေးတယ်။ အစားများများစားတယ် (အစက မစားတာကျလို.)။ လမ်းတွေဘာတွေ ထွက်လျှောက်တယ်။ အပြင်ထွက်လည်တယ်။ သူငယ်ချင်းမိတ်ဆွေ အပေါင်းအသင်းတွေနဲ. ဆုံပြီး ဟိုပြောဒီပြောနဲ. ကိုယ့်စိတ်ကို ပျော်အောင်နေတယ်။ ဗီတာမင်ဆေးတွေ Supplement တွေသောက်ပေးတယ်။ အရမ်းပင်ပန်းရင် ကြက်ပေါင်းရည် တို. ဘာတို. သောက်ပေးတယ်။ နွားနို. နို.ချဉ် စတာတွေ စားပေးတယ်။ နို.ချဉ်က စားလို.လည်းကောင်းတယ် မျက်နှာမှာလည်း လိမ်းတယ်။ ပျားရည် သောက်တယ်။ လှတာက ထူးပြီးတော့မလှလာပါဘူး။ ဒါပေမယ့် အလုပ်ပင်ပန်းရင် ခံနိုင်ရည်ရှိတာပေါ့။ အမှန်က အဓိက အအိပ်မှန်ရမှာ ကိုယ်က အအိပ်မမှန်ဘူးဖြစ်နေလို. အစားလေးဝိုင်းကူပေးတာ။ ဘဝကို ပင်ပန်းပေမဲ့ ပျော်ပျော်ပဲ ဖြတ်သန်းရတာကောင်းပါတယ်။ မဟုတ်ဘူးလား။ ကိုယ့်မိသားစုအတွက် ထောက်ပံ့နိုင်ဖို. အရေးကြီးသလို ငါပဲလုပ်နေရတယ် ငါပဲ အပင်ပန်းခံနေရတယ် ဆိုတဲ့စိတ်တွေ ဝင်မလာဖို.လဲ လိုသေးတယ်လေ။ အဲဒီအတွက် ရောက်တဲ့နေရာမှာ ပျော်အောင်နေတတ်ရတယ်။ သူများတော့ သိဘူး။ ကိုယ်တို.က တော့ ချေးကျရာ ပျော်တဲ့လောက်လိုပဲ။ ရခိုင်ပြည်နေတော့လည်း ပျော်တယ်။ ရန်ကုန်ကျတော့လည်း ပျော်တယ်။ မန်းလေးရောက်တော့လည်းပျော်တယ်။ ဖားအံမယ်နေတော့လည်းပျော်တယ်။ ပခုက္ကူနေတော့လည်းပျော်တယ်။ ခုစင်္ကာပူနေတော့လည်း ပျော်တာပဲ။ အီသီယိုးပီးယားသွားရင်လည်း (စားနေရရင်) ပျော်မှာပဲထင်တယ်။  သိပ်စိတ်မဆင်းရဲတတ်ဘူး။

ဒီ weekend လေး နှစ်ရက်ပိတ်တော့ ဘော်ဘော်သရဲတွေနဲ. ဟိုလျှောက်သွား ဒီလျှောက်သွားပေါ့။ ဘော်ဘော်သရဲ ရယ်လို.တော့ မဟုတ်ပါဘူး။ ကလေးသွားထိန်းတာပေါ့။ အားလုံးကိုယ့်ထက်အငယ်တွေချည်းပဲ။ သို.သော်လည်း ပေါင်းလို.ဖြစ်ပါတယ်။ ရခိုင်အဖွဲ. တွေဆိုပါတော့။ စတိတ်ရှိုးအတွက် အကတိုက်မလို. ဆိုလို. moral support ပေးဖို.လိုက်သွားတာ။ မနက် ၁၂ခွဲ အိမ်က ထွက်တာ ၇ နာရီမှ အိမ်ပြန်ရောက်တယ်။ ဟုတ်ကဲ့ အကတိုက်တာက နာရီဝက်ပါ။ ကျန်တာက စားလိုက် သောက်လိုက် လေပန်းလိုက် အာလူးပွားလိုက် ဟိုနားသွားလိုက် ဒီနားသွားလိုက် စီးတီးဟောမှာ အပေါ်တက်လိုက် အောက်ဆင်းလိုက် လူပျောက်ရှာလိုက်နဲ. ကုန်သွားတာ။ အဟင်း။

ရနံ.သစ် ဒံပေါက်။ Little India မှာစားခဲ့ရတဲ့ ကုလားဒံပေါက်ကလွဲရင် အကောင်းဆုံးပဲ။ ကျန်တဲ့ ဒံပေါက်တွေက Sucks!
ရနံ.သစ်သွားရင် ဘယ်တော့မှ မာလာဟင်းမစားနဲ.။ မန်းလေးစတိုင်ကို လုံးဝမမှီဘူး။ အရမ်းငံတာပဲ။ ကိုယ်က ရတနာကျော်ဆန်းကို သွားပြီး ဒါလေးစားပါလားလို.(အမှန်က ကိုယ်စားချင်လို.) ပြောမိတာ အားတောင်နာတယ်။ မကောင်းလွန်းလို.။း(

ဒါက ဆနွင်းမကင်း။
ဒါက ထောပတ်သီးဖျော်ရည်။ အချိုများတယ်။ သောက်လို.တော့ ကောင်းပါတယ်။ နောက် အချိုလျှော့ခိုင်း၇မယ်။
ဒါက ကိုယ်စားတဲ့ ကြက်တောင်ပံ ။ တစ်ပွဲကို ခြောက်ကျပ်ပဲပေးရပြီး ရှစ်ခုတောင်ပါတယ်။ မဆိုးဘူး။ စားပျော်တယ်။း)


 ရနံ.သစ်က ပင်နီဆူလာပလာဇာ Basement 1 မှာရှိပါတယ်။ အထူးမိတ်ဆက်စရာ လိုမယ်မထင်။

ပြီးတော့ အကသွားတိုက်ကြတာပေါ့။ နာရီဝက်လောက်။ 

ပြီးလည်းပြီးရော ထုံးစံအတိုင်း ဒူးရင်းသီးနားသွားပြီး ဓါတ်ပုံရိုက်ကြပြန်တာပေါ့။  Esplande ထဲက ဝင်သွားရတယ်။

  
ဘာကြီးလဲ ဟုတ်လား။ သူများလဲ ဘယ်သိမလဲ။ အနုပညာ လက်မှုလက်ရာတွေ ခင်းကျင်းပြသထားတာနေမှာပေါ့။ ကိုယ့်မျက်စိထဲမယ်တော့ တရုတ်အသုဘနဲ. တူတယ်။

ထုံးစံအတိုင်း ဖုန်းစုတ်လေးနဲ. လက်သရမ်းထားတာပေါ့။ သီးခံ သီးခံ မကြာခင် ကင်မလာ အကောင်းစားကြီး ဝယ်မှာ (အဲလိုပြောလာတာ ၅နှစ်ရှိပြီ)။

နောက်ထပ်ပုံတွေက ကျန်တဲ့လူတွေဆီကရမှ တင်လိုက်မယ်။း) အခုတလော သူများဓါတ်ပုံတွေတင်တင်ချင်နေတာ အတင်းပဲ။ ကိုယ့်ဓါတ်ပုံပါရင် လာများဖတ်ကြမလားလို.ပေါ့။ ဘလော့ ဒစ်စကောင့်ချတဲ့သဘော။း) နောက်တင်စရာတွေရှိသေးတယ်။း) 

စားနိုင်ရင် ကိုယ့်ဖို.
ခိုင်ဝေဇံ

ထမင်းစားဖိတ်ခံရခြင်း

၂ ပတ်လုံးလုံး စက်တစ်လုံးနဲ. နပန်းလုံး (လုံးတွေများနေတယ် ခွေးလွှတ်ပေးကြပါ) ပြီးတဲ့ နောက် စိတ်ထောင်းကိုယ်ကြေသွားတယ်။ အစကတော့ အိုတီမရ ဘာမရ နဲ. အလုပ်ကိုဆင်းအုံးမလို.ပဲ။ မြတ်ရှင်က ခေါ်တယ်။ မရွတ်စိနဲ. ပိန်းနှဲစိ ချက်တယ်။ သပြုသီး (ရခိုင်အခေါ် ဒပြုတ်သီး) ချက်တယ်လို. တစ်ခွန်းပြောတာနဲ. Lake Side ကို ဒုံးစိုင်းပြီးရောက်သွားရော။

စကားမစပ်. ပထမဦးဆုံး အဖြူဝမ်းဆက် ဝတ်သွားတဲ့နေ.ဆိုပါတော့။း) တစ်ခါမှ မဝတ်ဖူးဘူး။ စိတ်ရူးပေါက်လို. (ဝတ်စရာလည်းမရှိတော့ဘူး) ဝတ်သွားတာ။ တစ်မျိုးကြီးဖြစ်နေတယ်။ လူတွေအားလုံးကိုယ့်ကို ဝိုင်းကြည့်နေတယ်လို.ခံစားရတယ်။ အင်း ဒါလည်းရောဂါပဲ။ ကို.ရိုးကားရားကြီးဖြစ်နေသလိုပဲ။ ဒါပေမဲ့နေလို.ကောင်းတယ်။ အင်းကျီပွတာကိုး။

မြတ်ရှင်တို.အိမ်မှာ ကင်မရာ သရမ်းထားတာ။ လှတော့ လှဝူး။ ဒါပေသိ ပြချင်တဲ့ အရာအားလုံးပါတယ်။ အင်းကျီရယ် လက်သည်းနီ (လက်သည်းပြာ) ရယ်စသည်ဖြင့်ပေါ့။

မရွတ်စိ မစားရတာကြာပေါ့။ ဒီမှာရှိပါတယ်။ အစိုတွေပေါ့။ ဒါပေမယ့် မချက်စားဖြစ်ဘူး။ မလေးဆိုင်တွေမှာ ချက်တာတွေ.ပေမဲ့ အုန်းနို.နဲ.ဆိုတော့ ချိုချိုကြီးတွေ။ စားလို.ကောင်းဘူး။ ပိန်းနှဲစိကိုလည်း ချက်မစားရတာကြာပြီ။ ရခိုင်နေတုန်းမယ် တော့ အတင်းစားတာပေါ့။ အိမ်မှာ ပိန်းနှဲပင်တွေက လည်း ဟီးဟီးထနေတာကိုး။ ပိန်းနှဲပင်က တက်လို.မကောင်းဘူး။ ပရွက်စိတ်အတင်းပေါတယ်။ ဒါကကြုံလို.ပြောပြတာ။ သိကြလားမသိပါဘူး မရွတ်စိ မရွတ်စိနဲ.ပြောပြောနေတာ။ ခရုတစ်မျိုးပါပဲ။ ဗမာလို ဘာခေါ်တယ် မပြောတတ်ဘူး။ ဓါတ်ပုံပဲ တင်ပေးလိုက်တော့မယ်။
ရှယ် ကောင်းမှကောင်း မြတ်ရှင်လက်ရာတိုးတက်လာ၏။ များများချက်ပါ။ များများလာစားပေးမည်။
သပြုသီးဟင်းရည် ။ ပုံသာဘာမှမဟုတ်တာ။ သောက်ကြည့်မှ ကောင်းမှန်းသိမှာ။
ကြက်ယက်ဟင်း (ဗမာလို အခေါ်မသိ)။ စစ်တွေမှာ အရမ်းပေါတယ်။ ကံကောင်းထောက်မစွာနဲ. ဒီမှာတခါတလေ ဝယ်လို.ရတယ်။ အရမ်းချိုတယ်။
ငါးနီတူခြောက်သုပ်။ ချဉ်ချဉ် ငံငံ စပ်စပ် ကောင်းမှကောင်း။
ထမင်းဖိတ်ကျွေးတဲ့ မြတ်ရှင်ကို ကျေးဇူးတင်တယ်။ သူ.အမျိုးသား ကိုစံထွန်းအောင်က ပါးပူကို ထမင်းကျွေးလို.ကောင်းတယ်။ အားရပါးရစားတယ်လို.ပြောတယ်တဲ့။ များများခေါ်ကျွေးပါ။ အား၇အောင် စားပြမယ်။း)

စကားမစပ် မရွတ်စိ အခြောက်နဲ. ငါးနီတူ ခြောက် ကို ပင်နီဆူလာ ငါးထပ်က ဓညဝတီဆိုင်မှာ ဝယ်လို.ရပါတယ်။ မနက်ဖြန် အဲဆိုင်မှာ ငါးမန်းသားခြောက်သုပ်နဲ. သခွပ်ပွင့်သနပ်သွားစားပါမယ်။ ဒါက လျှပ်တပြတ် ကြော်ငြာဝင်တာ။ 

စားပြီးတော့ ထမင်းလုံးစီပြီး မြတ်ရှင်တို. အိမ်မှာ တရေးတမော အိပ်သေးတာ။ ပြီးတော့ အလုပ်သွားမယ်လို.စီစဉ်ထားပေမဲ့ ထုံးစံအတိုင်း အပျင်းထူသွားတာနဲ. မသွားဖြစ်တော့ဘူး။ ဗိုက်ကလည်း လေးနေရောပဲ။ အိမ်လည်းမပြန်ချင်ဘူး။ Lake Side က Chinese Garden နဲ.နီးတာဆိုတော့ လမ်းလျှောက်ထွက်ရအောင် ဆိုတာနဲ. မထွက်ချင်ဘူး တဲ့ မြတ်ရှင်က အင်း အဲလုပ်နေသေးတာ။ ကိုကို.ကို စောင့်ရအုံးမယ်လေး ငါမရှိရင် သူထမင်းစားမှာမဟုတ်ဘူးလေး ဘာလေး နဲ.။ ချစ်စ ခင်စ ချစ်စ ခင်စ။ မနာလိုထှာကွယ်။ ဒါပေမဲ့ အတင်းခေါ်တော့လည်း လိုက်လာရှာပါတယ်။ နောက်ဆံ တငင်ငင်နဲ.ပေါ့။ အောင်မျိုးဥ က ဖုန်းလှမ်းဆက်တော့ လိုက်ပါမယ် ဆိုတာနဲ. အန်တီတွေကြား ကန်.လန်. ကန်.လန်.ပါလာရော။ ဒါနဲ. Chinese Garden ကိုချီတက်သွားကြတယ်။
သာမီးဖုန်းနဲ.ရိုက်တာ လှဒယ်နော် နော်။ အမှန်က စွန်လွှတ်တာကို ရိုက်တာ စွန်မပေါ်ဘူး။း( တေးတေးလေးပဲပေါ်ဒယ်ကွယ်။ ငါ့နှယ်။
ရှိသမျှ ရသမျှလေးပုံတွေ တင်ပေးလိုက်တယ်။ ကင်မလာ တစ်လုံးကတော့ ဝယ်မှကို ဖြစ်မယ်။ ညနေစောင်းသွားရင် ကိုယ့်ဖုံးက သုံးလို.မရတော့ဘူး။း(

လမ်းလျှောက်ပြီး အပြန် (ကျန်းမာရေးလိုက်စားတဲ့လူတွေဆိုတော့) Chinese Garden MRT ရှေ.က Steamboat ဆိုင်မယ် ဝင်စားခဲ့ကြသေးတယ်။ လမ်းလျှောက်တော့ ဗိုက်ချောင်သွားတာကိုးလို.။




ပုံမှန် ဆိုင်ပါပဲ။ အကောင်းကြီးတော့မဟုတ်ဘူး။ ဒါပေမဲ့ ဈေးချိုတယ်လေ။ ၁၆.၈၀ ကျပ်ပဲ ပေးရတယ်။ သူများတွေက အနည်းဆုံး ၁၈ ကျပ်ယူတာကိုး။ နောက်တစ်ခု သဘောကျတာက ဂဏန်းချိုလို.။ လတ်လည်းလတ်တယ်။ မိုက်တယ်။ တုန်ယမ်း စွပ်က သိပ်တော့မကောင်းဘူး။ ဒါပေမဲ့ မဆိုးပါဘူး။


တစ်ပတ်လုံးလုံး မောကြီးပန်းကြီး အလုပ်လုပ်ထားတာ ၂ ရက်လောက်တော့ နားသင့်တာပေါ့နော်။ မနက်ဖြန်လည်း သွားစရာတွေရှိသေးတယ်။း) စားစရာတွေလည်း ရှိသေးတယ်။ တင်ပါအုံးမယ်။း)

စားနိုင်ရင်ကိုယ့်ဖို.
ခိုင်ဝေဇံ

တို.များငယ်ငယ်တုန်းက (၄)

အခုဆိုရင် မောင်တောကိုရောက်ပြန်ပြီပေါ့။ မောင်တောမှာ ဟိုးငယ်ငယ်လေးက နေဖူးခဲ့တာဆိုတော မှတ်မိသလိုလိုရှိပေမယ့် တကယ်တမ်းရောက်လာတဲ့အခါ တစိမ်းပြင်ပြင်ခံစားရပါတယ်။ မောင်တောက မြန်မာပြည်အနောက်ဖက်စွန်းဆုံးလို.ပြောရမယ်ထင်တယ်။ ဘင်္ဂလားဒေ့ခ်ျနဲ.ဆက်စပ်နေတယ်။ ရခိုင်ပြည်နယ်ထဲက မြို.ဆိုပေမဲ့ ကုလားတစ်ဝက် ရခိုင်တစ်ဝက် နေကြတာပါ။ ခုဆို ကုလားကတောင် ပိုများနေပြီထင်တယ်။

ဟိုအရင်တုန်းက နေတဲ့ ကုလားဗလီနားမှာပဲ ပြန်နေရပါတယ်။ ကုလားဗလီက မြန်မာပြည်မှာတွေ.ဖူးသမျှထဲက အကြီးဆုံးပဲ။ ညနေညနေ ၆နာရီဆို အလ္လာ ဝက်ကဘိုင်(ကိုယ်ကြားတာ ဒါပဲကြားတာ မှားနေရင်လည်း သည်းခံပေးပါ) ဆိုပြီးတော့ သံရှည်ဆွဲပြီး ဘုရားစာရွတ်သံကြားရတယ်။ တစ်မျိုးနားထောင်လို.ကောင်းပါတယ်။ ကုလားဗလီနားဆိုတော့ ကုလားဆိုင်တွေချည်းပဲ။ အစတုန်းက ကြောက်သလိုလိုရှိပေမဲ့ အိမ်နားမှာ ရဲစခန်းရှိတော့ စိတ်သက်သာရာရပါတယ်။ သူတို.လည်းလူပဲ သဘောကောင်းတဲ့လူ တွေ အများကြီးရှိတယ်။ ကုလားမတွေက ယောက်ျားရိုက်လို. ခဏခဏ ရဲစခန်းလာတိုင်တာတွေ.တယ်။ အိမ်နားက ဆိုက်ကားနင်းတဲ့ မိုဟက်မက် ခါလီဆိုတဲ့ ကုလားဆိုရင် မယား ၃ ယောက်ရှိပါတယ်။ ကလေးက ၁၀ ယောက်ရှိတယ်။ ညနေတိုင်း မယားနဲ.ကလေးတွေကို ဆိုက်ကားပေါ်တင်ပြီး လေညှင်းခံထွက်တယ်။ လေညှင်းရမရတော့မသိဘူး လျှာထွက်နေတာပဲမြင်တယ်။ နည်းတဲ့လူအုပ်မှ မဟုတ်တာ။ မောင်တောက ကုလားမတွေက ယောက်ျားရပြီဆိုတာနဲ. မျက်နှာအားလုံးအုပ်တဲ့ ဝတ်ရုံတွေဝတ်ရပါတယ်။ တစ်ချို.ဆို မျက်လုံးတောင် အုပ်ထားလိုက်သေး။ ဘယ်လိုများနေကြတယ်မသိဘူးအထဲမှာ။ အဲဒါကို အရပ်စကားနဲ. ဘူခြုပ်တယ်လို.ခေါ်တယ်။ ပါပါကတော့ ဒုံးပျံလို.ခေါ်တယ်။ အစ်လို.ခေါ်တဲ့ ကုလားပွဲကျလို.ကတော့ စားလိုက်ရတဲ့အမဲသား။ သွားတောင်အောင့်တယ် ဝါးရတာ။ အဲအဲ ကိုယ့်အကြောင်းကိုယ်ဆက်အုံးမယ်။

မောင်တောကိုရောက်တော့ ၇တန်းပေါ့။ တက်တာက အမှတ် ၁ အလယ်တန်းကျောင်းမှာ။ ဘယ်ရပ်ကွက်ရယ် ဘာရယ်တော့မမှတ်မိတော့ဘူး။ ကုလားရွာထဲမှာ ဆိုတာပဲသိတယ်။ ကျောင်းကြီးက ကွင်းပြင်ကြီးထဲမှာ အကျယ်ကြီးပဲ။ မိုးရာသီဆို ရေတွေ ပေါင်လယ်လောက်ရောက်တယ်။ အနီးအနားကုလားရွာဆိုတော့ ပေါလိုက်တဲ့ အီးပုံ။ ရွှေရှာသလိုရှာပြီးသွားရတယ်။  သတိ မလွတ်လိုက်နဲ. လွတ်လိုက်ရင် ဗြွတ်ခနဲပဲ။ ကျောင်းအကြောင်းစဉ်းစားလိုက်ရင် ကျောင်းက အိမ်သာတွေသွားပြေးမြင်တယ်။ ညစ်ပတ်ပုံ ညစ်ပတ်ပုံ။ ကျောင်းမှာ နေ.လယ်နေ.ခင်း မုန်.စားလွတ်ပြီဆို ကုလားပဲ( ရခိုင်လို မြင်းစားပဲစိ)နဲ. ခေါက်ဆွဲကြော်။ ဘိန်းမုံ. ။ မုန်.တီသုပ်ပြီး ဗာဒံရွက်နဲ. ထုပ်ထားတာလေးတွေရောင်းပါတယ်။ ကိုယ်ကတော့ အိမ်က ထမင်းဘူး မုန်.ဘူးအမြဲတမ်းထည့်ပေးပေမဲ့ စားချင်ဘူး။ အဲဒီ ရွှံ.အလူးလူးမြေမှာ ထိုင်ရောင်းတဲ့ အစားအစာတွေကို တမက်တမောနဲ. စားချင်တာ။ သူငယ်ချင်းတွေက တော့ ခင်ဝေဝေထွန်း (သူတို.အိမ်မှာကိုယ်ကကျူရှင်တက်တယ်)၊ ဘတ်ဘတ် (ဖြူနုအေးထင်တယ်) မစမ်းရီ ၊ ဝိုင်းဝိုင်း၊ တင်ဇာနွေးနွေး) ကျန်တဲ့သူတွေမေ့ကုန်ပြီ ။ ယောက်ျားလေးထဲက ဗန်းသာသား အောင်ထူးရယ် နောက်ပြီး ဖိုးထူးရယ် နှစ်ယောက်ပဲသိတော့တယ်။ ကိုယ်အရမ်းမေ့တတ်တယ်။ အရမ်းခင်ခဲ့တဲ့ သူငယ်ချင်း ၈ယောက်လောက်ရှိပါတယ်။ ကျောင်းတူတူ ကျူရှင်တူတူ။ နာမည်တွေမမှတ်မိတာအားနာတယ်။ ကိုယ်အဲတုန်းက အရမ်းအရုပ်ဆိုးတယ်။ မည်းတူးပြဲလန်နေတာပဲ။ အမေက နို.သည်အင်းကျီအရှည်ကြီး တွေခြုပ်ခြုပ်ပေးတယ်။ ကို.ရို.ကားရားပုံစံကြီး။ ဘာကြောင့်သိလဲဆိုတော့ ဓါတ်ပုံသူငယ်ချင်းတွေနဲ. စုရိုက်ထားတဲ့ပုံရှိလို.။ ဒါငါပါလားလို.မယုံနိုင်ဘူး။ အဲဒီဓါတ်ပုံတွေကို ဖွက်ဖွက်ထားတယ်။ ဒါပေမယ့် အမေက စိတ်ကူးပေါက်ရင် ပေါက်သလို မိသားစု ဓါတ်ပုံအလ်ဘမ် ထဲမှာ ကားကားကြီးထည့်ထားတတ်တယ်။ အဲဒီပုံတွေကိုတင်ဖို.သတ္တိရှိစမ်းစေချင်တယ်။ သူငယ်ချင်းတစ်အုပ်လုံးထဲမှာ အလှဆုံးက တင်ဇာနွေးနွေးပါ။  ဗမာပြည်ဘက်က ပြောင်းလာတာဆိုတော့ ဝတ်ပုံစားပုံကအစ အားလုံးကွာတယ်။ ရုပ်လေးကလဲ ချစ်စရာလေး။ အခုတော့ အဲဒီတင်ဇာနွေးနွေးနဲ. ဆယ်တန်းကျောင်းနေဖက် မောင်ဖြိုးဝေနဲ. အကြောင်းပါသွားတယ်လို.ကြားပါတယ်။

အမှန်က ၇တန်း ၈တန်းဆို မိန်းကလေးတွေ အပျိုအရွယ်လေးဖြစ်လာပြီး ပဲစများလာပေမဲ့ ကိုယ်က ဒုံရင်းက ဒုံရင်းပဲ။ လှဖို.ပဖို.နေနေသာသာ မျောက်ရှုံးအောင်ဆော့တုန်းပါပဲ။ ဘောလုံးကန်တယ်။ အိမ်ပတ်ပတ်လည်က ကလေးတွေနဲ. စစ်တိုက်တမ်းဆော့တယ်။ အိုးပုတ်လည်းဆော့တုန်း။ ဘယ်သူမှဆော့စရာမရှိရင်း ရေအိုင်ထဲဆင်းပြီး ငါးဖမ်းတယ်။ ရှပ်ပြာ ရှပ်ပြာလည်းဖြစ်လာတယ်။ ထူးဆန်းတာကတော့ အပင်မြင်တိုင်းတက်ချင်တဲ့ အကျင့်ရလာတာဖြစ်ပါတယ်။ အိမ်မှာ အိပ်ချိန်ပဲနေပြီး အိမ်ခေါင်းရင်းက ကုက္ကိုလ်ပင်ထက်တက်ပြီး အိမ်ဆောက်ြပီး အဲမှာပဲနေတော့တယ်။  အမေ့ပါတိတ်ထဘီတွေနဲ. နံရံကာထားလို. ဆော်ပလော်တီးခံရသေးတယ်။ အဲဒီအချိန်တုံးကတော့ ညီမလေးက တော်တော်ကို မုန်းစရာကောင်းတဲ့ ၁တန်း ၂ တန်းအရွယ်လောက်ရောက်နေပြီပေါ့။ သွားတွေကျိုး စကားပြောလည်း ပြန်ပြော နားမထောင် စတာတွေရှိလာတယ်။ သူ.ကို ပြန်မြင်ယောင်ကြည့်တာ မမှတ်မိဘူး။ နှုတ်ခမ်းထော်လော်နဲ. ရန်တွေ.နေတဲ့ မြောက်ဦးကပုံပဲ ပြန်မြင်ယောင်တယ်။ သူကတော့ ကိုယ်သူ.ကို တော်တော်နှိပ်စက်တယ်လို.ပြောတာပဲ။ သူဟော်လစ်မှုန်.စားချင်တယ်ဆိုလို. ကုက္ကိုလ်ပင်ပေါ်ကနေ ဟော်လစ်မှုန်.တွေ ကြဲချပေးပြီး သူ.ကို အောက်ကနေ ပါးစပ်ဟ ခိုင်းထားတယ်လို.ပြောတာပဲ။ သူကလည်း အပိုနည်းနည်းပြောတတ်တာ ဆိုတော့ ဟုတ်မဟုတ်မသိဘူး။ ဟောလစ်မှုန်.ကြဲချတာတော့သိတယ်။ ဟီးဟီး။

မောင်တောက ရွာတွေကထူးဆန်းတယ်။ အလယ်ရွာ ချတာရွာ နှစ်ခုပဲမှတ်မိတယ်။ အမေတို.က မောင်တောမျိုးတွေဆိုတော့ တစ်မြို.လုံးနီးပါးကို အမျိုးတွေစုနေပါတယ်။ အယွေချေ (အဒေါ်)တို. အဘောင်ရှင်တို.ရှိတယ်။ ဝမ်းကွဲညီမ သူဇာကျော် တို.ရှိတယ်။ အရင်းနှီးဆုံးတွေပဲ မှတ်မိပါတယ်။ ပါပါနဲ.မေမေ မင်္ဂလာဆောင်တုန်းက လက်မှတ်ထိုးပေးတဲ့ အရီးသိန်းကျော့ဦးတို.လည်းရှိတယ်။ အမျိုးတွေပဲ။ မောင်တောမျိုးတွေက ကိုယ့်အမျိုးထဲကပဲ အချင်းချင်းပြန်ယူကြတာများတော့ အမျိုးရှုပ်တယ်။ တစ်ခါတစ်လေ နှစ်ထပ်သုံးထပ် တော်တာမျိုးတွေရှိတယ်။ တစ်မြို.လုံးလဲ တစ်ယောက်နဲ.တစ်ယောက်သိကြတယ်။ မောင်တောက လူတွေကို  စစ်တွေဘက်ကလူတွေက အနောက်သားလို.ခေါ်ကြတယ်။ ကိုယ်တို.ဆို အနောက်သမ ဆိုပြီးခေါ်ကြတာပေါ့။ ဘာအဓိပါယ်လည်းတော့သိပါဘူး။ အနောက်ဘက်ဆုံးကျလို.နေမှာပေါ့။ မောင်တောမှာ ဟိုဟိုဒီဒီသိပ်သွားစရာမရှိပါဘူး။ အလယ်သံကျော်တစ်ခေါက်ရောက်ခဲ့တယ်။ သောင်ပြင်လိုလို မြစ်ကမ်းလိုလို တစ်နေရာပဲ မှတ်မိတော့တယ်။ ကျန်တာသိပ်မမှတ်မိဘူး။

သေချာမှတ်မိတဲ့နေရာတစ်ခုတော့ရှိတယ်။ မောင်တောအထွက်မှာ ရှိတဲ့ ၄ မိုင်ဆိုတဲ့နေရာလေးကိုပါ။ ကိုယ်တို.စကားနဲ.ဆိုရင် မြောင်ကိုသွားကြမယ်လို. ပြောလေ့ရှိတယ်။ မောင်တောက ရေမြေအင်မတန်ကောင်းပါတယ်။ စိမ်းစိုပြီးတောင်တွေပေါတယ်။ တစ်ခါတစ်ခါ ဘူးသီးတောင် မောင်တောလမ်းပေါ်မှာ ဆင်အုပ်ကြီးတွေတောင်တွေ.ရတတ်တယ်။ ၄ မိုင်ကကျတော့ တောင်ကုန်းလေးတွေ ဆင့်နေတဲ့ နေရာပေါ့။ တောင်ကျချောင်းလေးတွေလည်း ဟိုတစ်ခုဒီတစ်ခုရှိတယ်။ သစ်ပင်သစ်တော အုပ်အုပ်ဆိုင်းဆိုင်းနဲ. အေးတယ်။ အဲဒီတောင်လေးတွေပေါ်မှာ ရာသီအလိုက် တဲလေးတွေဆောက်ပြီး တောင်ယာလုပ်တဲ့ မိသားစုတွေရှိတယ်။ အဲဒီတဲလေးတွေကိုနွေရာသီဆို သွားပြီး ထမင်းချက်စားကြတာပါ။ မိသားစုလိုက်ပေါ့ မိတ်ဆွေအပေါင်းအသင်းတွေရောပါသေးတယ်။ ဗမာပြည်ဘက်မှာတော့ ပစ်ကနစ်ထွက်တယ်လို.ပဲ ပြောမလားပဲ။ ကိုယ်တွေဆီမှာတော့ ထမင်းသွားချက်စားကြမယ်ဟေ့လို.ပြောတယ်။ အိုးတွေခွက်တွေ သောက်ရေတွေသယ်သွားတယ်။ ဆန် ဆီ ဆား ငရုတ်ကြက်သွန်သယ်သွားတယ်။ ဒါပဲ။ ကြက်သားပဲ ချက်စားကြတာများတယ်။ ကြက်ကတောကြက်တွေလေ ချိုသလားမမေးနဲ. ဒီက ကြက်သား ဖြူစုတ်စုတ် ဘတ်ပြဲ တွေနဲ. နံသာဆီနဲ. အီးလောက်ကွာတယ်။ ကြက်ကို တောင်မတက်ခင် ရွာထဲမှာ ဝယ်ပြီး ဟာလာ လုပ်လာရတယ်။ ကာလသဟင်းအချက်များတယ်။ ဘူးသီးက ယာခင်းထဲက ချိုးရုံပဲ။ ယာခင်းရှင်ကို ပိုက်ဆံနည်းနည်းပေးလိုက်ရင် အားလုံးကြိုက်တာယူစားလို.ရပါတယ်။ ဘူးညွန်. နုနု ထွားထွားတွေကို အရည်သောက်လေးချက်ကြတယ်။ ကိုယ်တို.သွားနေကျ ယာခင်းရှင်က ငှက်ပျောစိုက်တော့  သီးမွှေး ဖီးကြမ်း အချိုတည်းဖို.က အဆင်သင့်။ ပြီးရင် သင်္ဘောရိုင်းပင်တွေကလည်း ပေါမှပေါ။ သင်္ဘောရိုင်းလို. သုံးတာကတော့ မစိုက်ပဲနဲ. ပေါက်နေကြတာမို.လို.။ ဖိုပင် မပင်ရှိတယ်။ ဖိုပင်က သင်္ဘောသီးသုပ် (ပဒကာသီးသုပ်) စားလို.ကောင်းတယ်။ မပင်က မှည့်လွယ်တယ် ပိုချိုတယ်လို.ပြောတယ်။ ကြိုက်သလို ခူးဆွတ်စား အဲဒီမှာ ပေါလွန်းလို. စားမဲ့လူမရှိပါဘူး။ ချက်ပြုတ်စားသောက်ပြီးတာနဲ. ကွပ်ပျစ်မှာတစ်ရေးတစ်မော မှိန်းကြတာပေါ့။ လေတဖြူးဖြူးနဲ.။ တောင်ပေါ်ကနေ ယာခင်းတွေ သစ်ပင် တောအုပ်တွေ မျက်စိတစ်ဆုံးမြင်ရတယ်။ လူကြီးတွေကတော့ ဖဲတစ်ထုပ်ယူလာပြီး လဖက်သုပ် ရေနွေးကြမ်းနဲ. ကွာစိ တွေစားပြီး အပျော်ဆော့ကြတယ်။ ကိုယ်တို.ကလေးတွေကတော့ ဒိုးဇက်နဲ. ထိပ်ခေါက်တမ်းဆော့တယ်။ သွားရင် ဘယ်တော့မှ မပျော်ဘူးဆိုတာမရှိဘူး။ နေညို မိုးစုန်းစုန်းချုပ်မှပြန်ကြတယ်။ ခုတစ်ခေါက်သွားချင်ပါသေးတယ်။ ဒီတိုက်ခန်းကျဉ်းလေးကနေ ပြေးကိုသွားလိုက်ချင်တာ။


မောင်တောမှာ တုံးက ကိုယ် အစားအသောက်တော်တော် သောင်းကျန်းနေပါပြီ။ မှတ်မိသေးတယ်။ ကိုယ်အကြိုက်ဆုံးက ငပိရည် ငပိထောင်း ငရုတ်ကြိတ်တွေ။ နဂိုက ဟင်းသီးဟင်း၇ွက် မစားတဲ့လူက ခုစစားလာတယ်။ အမေက ထမင်းချက်တာ စသင်ပေးတယ်။ ရေငှဲ.ပြီးချက်ရတာပေါ့။ ချက်စတုန်းကတော့ အဆန်းဆိုတော့ အတင်းကို ချက်ချင်ပါတယ်။ နောက်ချက်ခိုင်းတော့ မချက်တော့ဘူး။ ပျင်းသွားပြီ။ စားတာကတော့ မာရသွန်။ ဘာဟင်းမှ ထည့်ပေးစရာမလိုဘူး။ ထမင်းဖြူမှာ ငပိရည် သုံးဇွန်းလောက်ဆမ်းပေးလိုက်ရင် ကိုယ့်ဘာကိုယ် နနွင်းတက်လေးခူး ကြက်သွန်ဖြူလေးကိုက်ပြီးတော့ နှစ်ပန်းကန်လောက် အသာလေးကုန်တယ်။ မောင်တောက ရေခံမြေခံကောင်းတော့ စိုက်သမျှအသီးအပွင့်တွေက အကုန်ချိုတယ်။ မောင်တောက ဂဏန်းလောက်ကောင်းတဲ့ဂဏန်း ကိုယ့်တစ်သက်မစားဖူးဘူး။ ဘာလေးစားစားကို ကောင်းတာ။ ကုလားစာတွေလည်း အရမ်းကိုကောင်းပါတယ်။ ဗလီနားမှာ ပလာတာသေးသေးတွေ ရောင်းတဲ့ကုလားဆိုင်တွေတန်းစီပြီး ရှိပါတယ်။  မိတ်ကပ်ဘူး သာသာလောက်ရှိတဲ့ သကြားပလာတာ သေးသေးလေးတွေပါ။ အိအိလေးနဲ. စားလို.ကောင်းတယ်။ ၂ ကျပ်ဖိုး ၃ ခုရပါတယ်။ စာနာပရာ ကျောင်ကျောင် (ဗမာမှာ ဘာခေါ်လဲမသိ ကိုယ်တွေက ကျောင်ကျောင်ခေါ်တယ်) စာကလေးခွေ မြင်းစားပဲနဲ.ခေါက်ဆွဲကျော်စသည်ဖြင့် ကုလားစာများ တမျိုးပြီးတမျိုး မရိုးအောင်စားရတယ်။ အစ်နေ. ကျရင် အိမ်ကို လက်ဆောင်လာပေးကြတဲ့ နံပြား ၊ ချာပါတီ ( အဘောင်ရှင်က လရီပီယ လို.ခေါ်တယ် အဟီး ဘာကြောင့်မှန်းတော့မသိ ကုလားအခေါ်ကနေ ဆင်းသက်လာတယ်လို.ထင်တာပဲ) နဲ. အမဲသားတွေ အိမ်မှာတန်းစီနေတာပဲ။ အမဲသားကို ထောပတ်နဲ.ချက်တာတွေရှိတယ်။ တော်တော်စားလို.ကောင်းပါတယ်။ ကိုယ်ကတော့ အဝတီးတယ်။ နို.ချဉ်တွေလည်း ပေါတယ်။ နွားနို.စစ်စစ်ချဉ်ပါ။ အိုးလေးတွေနဲ.လာတယ် ဗာဒံရွက်နဲ.အိုးပိတ်ပြီး ဂုံနီကြိုးလေးနဲ. ပိတ်စည်းထားတယ်။ သကြားလေးနဲ.ခေါက်စားလို.ကတော့ ဆွေမျိုးမေ့လောက်တယ်။ တရက်က အလယ်သံကျော်သွားလည်ကြတော့ နို.ချဉ်အိုးကို အိမ်အပြင် ဝရံတာမှာ ချထားခဲ့တာ ပြန်လာတော့ အိမ်မှာမွေးထားတဲ့ ပုဏ်ဏားဆိုတဲ့ခွေးက တက်ပြီး စားလိုက်ပါကောလား။ ဟိုကလည်းပြန်ရောက်ကော ပုဏ်ဏားကိုကြည့်လိုက် ကွဲနေတဲ့ နို.ချဉ်အိုးကို ကြည့်လိုက်နဲ. ရင်ထုမနာငိုရှာပါတယ်တဲ့။  ပုဏ်ဏားမှန်းသိတာပေါ့ ဒင်းနှုတ်သီးမှာ နို.ချဉ်တွေနဲ.ကိုး။

မောင်တောမှာ အသက်အရွယ်လေးရလာတော့ အမေက ထဘီတွေဝတ်ခိုင်းလာပါတယ်။ ကိုယ်ကတော့ ကြီးကောင်ဝင်တာနောက်ကျတယ်လု.ိပြောလို.ရတယ်။ ထူးဆန်းတာတစ်ခုကတော့ အိမ်နားကမသန္တာ အပျိုဖြစ်တော့ လကွယ်မှ ဖြစ်လို. ဆိုလား မသိဘူး အိမ်ထဲက အိမ်ပြင်မထွက်ဘဲနဲ. ၁၅ ရက်တိတိ နေလိုက်ရပါတယ်။ လူများအိမ်ကို သွားမလည်ရဘူး။ သွားလည်ရင် လည်မိတဲ့ အိမ်ကလူနဲ. ပေးစားရတယ်။ မပေးစားချင်ရင် အမေက ငှက်ပျော အုန်းပွဲရွက်ပြီး အိမ်တိုင်ရာရောက်လိုက်တောင်းပန် ရတယ် လို.ပြောပါတယ်။ ကိုယ်တွေမှာတော့ ထန်းသီးကြွေခိုက် ကျီးနင်းခိုက်ဖြစ်မှာ ကို ကြောက်နေခဲ့ရတာ။  ပါးဗလစ်ကိုသွားလို.ရပါတယ်။ ကျောင်းကြီးတက်လို.ရတယ် ဈေးကြီးက ဆိုင်တွေကို သွားလို.ရတယ်။ အိမ်ဆိုင်ကိုမသွားရပါဘူး။ အိမ်တွေကို မဝင်ရပါဘူး။ အဲဒီ ၁၅ရက်ကို ကျူရှင်ဆရာမက အိမ်လာစာပြပေးတယ်။ ထူးထူးဆန်းဆန်းပဲ။ စစ်တွေဘက်တွေမှာရော မြောက်ဦးဘက်တွေမှာရော တနယ်မှာမှ မကြားဖူးဘူးပါဘူး။ မောင်တောမှာပဲရှိတယ်ထင်တယ်။ ခုထိရှိသေးလား မပြောတတ်ဘူး

ထူးထူးဆန်းဆန်း ကြုံရတွေ.ရတာကို ပြောရရင် ရထားပွဲပေါ့။ အုံးအုံးကြွတ်ကြွတ်နဲ. တမြို.လုံး ပျော်ကြတဲ့ပွဲပါ။ တခြားလူမပြောနဲ. ကုလားတွေတောင်ပျော်တယ်။  ရထားလုံးဆွဲတယ်လို.ခေါ်တယ်။ အလယ်ရထားလုံးမှာ ဘုရားတင်ထားပြီးတော့ ကြိုးနဲ. ဟိုဘက်ဒီဘက်ရက်ကွက်အလိုက်ဆွဲကြတာပါ။ မြို.လယ်တည့်တည့်မှာ လုပ်တာ။ လူအုပ်ကြီးဆိုတာ တိုးလို.မပေါက်ဘူး။ မိန်းမသတ်သတ် ယောက်ျားသတ်သတ်ပြိုင်ကြတယ်။ လက်ကသွေးထွက်အောင်ကို ဆွဲကြတာ။ တမြို.လုံးကို ဟီးဟောထနေရော အသံတွေ။ တပြိုင်တည်း စတိတ်ရှိုးတွေလည်း လုပ်သေးတယ်။ အင်မတန်ပျော်စရာကောင်းပါတယ်။ မောင်တောမှာ ရပ်သိရွာသိ သူဌေး ဗန်းသာဆိုတာရှိတယ်။ အပျော်အပျက်အနေနဲ. ရထားကြိုးပြတ်တေ ဗန်းသာ ဟိုဒင်းကြွက်ကိုက်တေ ဆိုပြီး ဆွဲကြတာ သူ.သားအောင်ထူးက ကိုယ်နဲ.တစ်တန်းတည်းဆိုတော့ သူ.ကို ကိုယ်က အားတွေနားရသေးတယ် နေရင်းထိုင်ရင်း။ သူ.ခမျာ ပျော်မှပျော်ရဲ.လားမသိ။ နေရင်းထိုင်ရင်း ကိုယ့်အဖေကို ခလုပ်လာလာတိုက်နေကြတာကိုး။ မှတ်မိသေးတယ် ပထမဆုက ၅၀၀ ပါ။း)

မောင်တောမှာ တစ်နှစ်တိတိပြည့်လို. ၈တန်း ကျောင်း ၃ရက်လား ၄ရက်လားပဲတက်ရသေးတယ်။ မြောက်ဦးကို သွားရပြန်တော့မယ် လို.ဖြစ်လာပါရော။ အဲဒါနဲ.ပဲ အင်မတန်မှရောက်ချင်လှတဲ့ မြောက်ဦးကို ရောက်ခဲ့ရတယ်ဆိုပါတော့။ အပိုင်း၅ ဆက်ပါအုံးမယ်။