ဘာရယ်လို.မဟုတ်ဘူး။ တစ်ပတ်အတွင်း စားဖြစ်ခဲ့တာ လေးတွေ တင်ပေးလိုက်တာ။း)
နံပြား
တန်ဒိုရီ ကြက်သား နံပြား နဲ. ဆိတ်သားဟင်းရည်း)
Mango AloeVera Ice
Rojak (အီကြာကွေး ပဲပြား သစ်တော်သီး ပန်းသီး နာနတ်သီး သရက်သီး စတာတွေကို ဆော့စ်နဲ.နယ်ပြီး မြေပဲမှုန်.ဖြူးထားတာ။ ဆော့စ်က ငါးပိပါတယ်ထင်တယ်။ ငါးပိနဲ.သင်းပြီး လေးလေးချိုချိုနဲ. စားလို.ကောင်းတယ်။
Saba Fish လို.ခေါ်တယ်။ မြန်မာလိုအခေါ်သိဘူး။ Bukit Timah ဘက်က ABC Canteen မှာစားခဲ့တာပါ။ ၅ ကျပ်ပဲပေးရတယ်။ အရမ်းစေးချိုတာပဲ။ ပုံမှန် ၆ ကျပ် ၇ ကျပ်လောက် နေရာတိုင်းမှာပေးရတာ။ စားလို.လဲကောင်းတယ်။ သံပုရာခြမ်းလေး ထည့်ပေးတာကို ငါးပေါ်ညှစ်လိုက် ကင်ချီ ကြွပ်ကြွပ်ကလေးနဲ. ကောင်းမှကောင်း။
ဒါလဲ အဲဒီကန်တင်းက ဝယ်တာပဲ။ Fish&Chips. အကြီးကြီးပဲ။ အဲဒါ လည်း ၅ကျပ်ပဲ။ စားလို.လဲကောင်းတယ်။
ဒါက ကြီးတာကို သိစေချင်လို. ဟီးဟီး။ အဲဒါလေးနဲ. Grass Jelly Juice နဲ. ရှယ်။း)
တခြားမယ်မယ်ရရ ရေးစရာမရှိပါဘူး။ လောကကြီးကပြသနာတွေသိပ်ရှုပ်တယ်။ စားစားသောက်သောက် နားနားနေနေ အေးအေးလူလူပဲနေတော့မယ်။
စားနိုင်ရင်ကိုယ့်ဖို.
ခိုင်ဝေဇံ
0 comments:
Post a Comment