ရေးစရာတွေ ပေါပါလျက် မအားတော့ (အလုပ်ကြီးအကိုင်ကြီး - ဇူးမား ဆော့တယ်) မရေးဖြစ်တာ အတော်ကြာပြီ။ ဘလော့ဂါလုပ်စားရတာ လွယ်တယ်မထင်နဲ.။ လူတွေက ကိုယ့်ဆို အလကားနေရင်း ကုန်ကြမ်းရှာတယ်မှတ်တာကိုး (အမှန်ကတော့ ဟုတ်တယ်)။ ဒါပေသိ ဘယ်ဟာတွေကို ရေးသင့်တယ် မရေးသင့်ဘူးဆိုတာကိုတော့ သတိထားရတာပေါ့။ ခုဟာက ကိုယ့်ရှေ. အီးလေးပေါက်မိရင်တောင် ဟဲ့ ငါအီးပေါက်တာကို ဘလော့ထဲထည့်မရေးရဘူးနော် ဆိုပြီး ငိုကြီးချက်မဖြစ်ကုန်ကြရော။ အဟီး။ သိပါတယ်။ ရေးပါဘူး။ တကယ်တည်းမှပဲ။ ဒါပေမဲ့ ကိုယ့်ဘလော့ကို နည်းနည်းပါးပါး ဂရုစိုက်ပြီးလာဖတ်တာကို သိရတော့ ဝမ်းသာပါတယ်။
ဒီနေ.သင်္ကြန်သွားတယ်။ ရေးသေးဘူး အဲဒီအကြောင်းကို ဓါတ်ပုံစုလိုက်အုံးမယ်။ ပြီးမှ ရေးမယ်။ စိတ်ချ။ အသကုန်ရေးမှာ မညှာဘူး။ ညှင်းညှင်းညှင်း။
ခုတော့ အစားအသောက်အကြောင်းနည်းနည်းပြန်ကောက်အုံးမယ်။ တမြန်မနေ.ညနေက မခင်ငြိမ်းချမ်းက ဖုန်းခေါ်တယ်။ မိန်းကလေးတွေစုပြီးအပြင်ထွက်တစ်ခုခုစားမယ်တဲ့။ အဲ့ အမနဲ. တစ်ကြိမ်ပဲ ဆုံဖူးပါတယ်။ အရမ်းယဉ်ကျေးတယ်။ စကားပြောရင် ကြီးကြီးငယ်ငယ် ပါ ထည့်ထည့်ပြီးပြောတယ်။ ခင်စရာကောင်းပါတယ်။ ဘယ်နှစ်ခေါက်ပဲဆုံဖူးဖူး တစ်ခုခုစားမယ် ဆိုတာ ပါမှတော့ ထုံးစံအတိုင်း လာထားပေါ့။ လာခဲ့မယ် အမလို.။ ပြီးတော့ အလုပ်စောစောဆင်းပြီး Bugis ကိုရောက်သွားပါလေရော။ ထုံးစံအတိုင်း ကလေးတစ်အုပ်နဲ.ပေါ့။ ရောက်တော့ ဆိုင်တစ်ဆိုင်ကို ခေါ်သွားတယ်။ ဗမာဆိုင်တဲ့။ တရုတ်မတွေရောင်းတာပါ။ ငါးစားလို.ကောင်းတယ်တဲ့။ Bugis Village ထောင့်က KFC ဆိုင်နားမှာ ဆိုတာပဲမှတ်မိတယ်။ ကျောက်ဖြူသူက ဦးဆောင်ပြီးခေါ်သွားတယ်။ ငါးအင်မတန်စားကောင်းတဲ့ အကြောင်း သူဆို အတင်းလာချင်လွန်းလို. ခဏခဏ လာကြောင်းစသည်ဖြင့် ရွှန်းရွှန်းဝေ အင်ထရိုဝင်ပါတယ်။ ဆားဗစ်မကောင်းတဲ့အကြောင်းလည်းကြိုပြောထားတယ်။ ဆားဗစ်ကတော့ အောချလောက်ပါပေတယ်။ စောင့်ရတာကြာ။ ရေတောင်းတာတောင်ချမပေး။ မျက်နှာထားကတင်း စသည်ဖြင့်ပေါ့။ သို.သော်လည်း စားကောင်းရင် ပြီးတာပဲ ဆိုပြီး အောင့်အီးသည်းခံပြီး စောင့်ရတော့တာပေါ့။ စောင့်ရတာက ၄၅ မိနစ်လောက်တောင် ရှိတယ်နဲ.တူတယ်။
ငါးက သုံးကောင်၊ ဟင်းနှစ်ပွဲ၊ ဝက်နားရွက်သုပ်က တစ်ပွဲ မှာပါတယ်။ လူက ၆ယောက်။ ဒါတောင်မှ ငါး၎ ကောင်မှာမလို. နောက်မှ မကုန်မှာစိုးလို. အတင်းထိန်းထားရတယ်။ အားလုံးက စားမယ် ဆိုတာကြီးပဲ။ ဗိုက်ဆာလွန်းအားကြီးလို. တော်တော် အိနြေ္ဒ မဆောင်နိုင်တွေ ဖြစ်ကုန်ကြတယ်။ တော်တော်ကြာလို. နှုတ်ခမ်း တွေ တစ်တောင်လောက်စူထွက်ပြတဲ့ အခါ ဟင်းတစ်ပွဲ လာချပါတယ်။ စားမယ်ဟဲ့ သောက်မယ်ဟဲ့ လုပ်နေကြတာကို တားပြီးဓါတ်ပုံ အရင်ဖမ်းရိုက်ရတယ်။ စမယ်။

3 comments:
မမဆိုင်ရှင်ဖတ်မိကေ.တော. ငါ.ဆိုင်ကိုနာမည်ဖျက်နိန်ရေဆိုပြီးကေ ပြောဖို.ထင်ရေ။ မှန်ရေ service မှမကောင်းစွာမှာ စားလို.ကလဲ ဆားနည်းနည်းငံသိရေ။ တော်သိရေ အားလုံးကုန်ခလို. ငွေကုန်ရကျိုးနပ်အောင်စားပီးစွာ၇ာ။ ဟေဟေ :P
ဆိုင်နာမည်က Oriental House ပါ။ City Hall Basement မှာလည်းရှိပါသဗျ။ :D
Ko Mg Sai yay, kyay zuu par... i was asking around to find out that restaurant name. :)
Post a Comment