ကိုယ်က ဟိုလျှောက် ဒီလျှောက်လျှောက်နေရင်းနဲ. ဆိုင်လေးတဆိုင်ကို သတိထားမိတယ်။ အရုပ်လေးတွေ တန်းစီပြီးချထားတာ။ ကိုယ်က Naruto တို. Bleach တို.က Action Figurines တွေရောင်းတယ်လို.ထင်နေတာ။ အနားကပ်သွားတော့ မဟုတ်ဘူးဗျ။ သူက ပုံတူ အရုပ်လေးတွေလုပ်ပေးတာ။ ကိုယ်လဲ ဝင်စပ်စုတာပေါ့။ အရုပ်လေးတွေက ချစ်စရာလေးတွေ။ ပထမဆုံးက ဓါတ်ပုံပေးရတယ်တဲ့။ မျက်နှာပုံပေါ့။ ပါတ်စ်ပို. ပုံလောက်ဆိုရပြီ။ ပြီးတော့ အဝတ်အစားတွေ ဒီဇိုင်းတွေရွေးရတယ်။ သူတို.မှာ ၇ှိပြီးသားထဲကပေါ့။ ပြီးရင်တော့ အဲဒီ အရုပ်လေးရဖို. အချိန်၂ ပတ်စောင့်ရပါမယ်တဲ့။ ပေးထားတဲ့ ဓါတ်ပုံနဲ. တကယ်လဲတူပါတယ်။ သူတို.ဓါတ်ပုံနဲ. အရုပ်ကိုတွဲပြီးပြထားတာ အများကြီးပဲ။ တော်တော်လေးကို ဆင်တယ်။ အဲဒီဆိုင်က အရောင်းစာရေးမလေးကို ခွင့်တောင်းပြီး ဓါတ်ပုံရိုက်လာခဲ့တယ်။
တစ်ရုပ်တည်း လုပ်မယ်ဆိုရင် ၁၀၈ဒေါ်လာတဲ့။ အတွဲဆိုရင်တော့ ၁၆၈ ဒေါ်လာ။ မင်္ဂလာဆောင်ပုံဆိုရင် ၂၁၅ ဒေါ်လာပါ။ မင်္ဂလာဆောင်ပုံတွေ အများကြီးပဲတွေ.တယ်။ ဆိုင်နာမည်က IGongZai တဲ့။ GongZai ဆိုတာက အဲလို Figurine ကိုပြောတာ။ Iphone တို. IPad တို. Ipod တို.ကို အားကျလားမသိဘူး။ IGongZai ဆိုပဲ။ ဆိုင်ခွဲက Vivo ရယ် Plaza Singapura ရယ်မှာ ရှိပါတယ်တဲ့။ ဗမာတွေက တော့ သိပ်လုပ်မယ် မထင်ဘူး။ ဈေးကြီးလို.။ ကိုယ်လဲ လုပ်တော့လုပ်ချင်တယ်။ ကိုယ်နဲ.ကိုယ့်ဘဲပုံကို။ ဈေးကြည့်ရသေးတယ်။ အဲဒီအရုပ်လုပ်မယ့် အစား ဆူရှီပဲစားလိုက်တော့မယ်။ Vivo Level 1 မှာ Shabushabu ဆိုတဲ့ ဂျပန် ဆိုင်၁ဆိုင်တွေ.ခဲ့တယ်။ အဟစ်အဟစ်။
Dont they look alike with actual pics and look so cute?? I adore it so much.
0 comments:
Post a Comment