ကိုယ့်ဘလော့ လူမဖတ်ရခြင်းအကြာင်းအရင်း

 မြန်မာ အမျိုးသမီး ဘလော့ဂါများစတိုင်နဲ. (မျက်နှာမပြရ)


ဒီနေ. ဘလော့ကို ဝင် ကြည့်တော့ ကြည့်တဲ့ လူဦးရေ တက်မလာဘူး။
 ဟင် ဒီလောက်ကောင်းတဲ့  ဘလော့ ကို ဘယ်သူမှ မဖတ်ကြဘူးလား။
အံ့သြောပ။ ဟီးဟီး။

ဒီတော့ ဖတ်တဲ့သူများအောင်ဘာလုပ်ရရင် ကောင်းမလဲလို. စဉ်းစားတယ်။
အတော်ကြာကြာ စဉ်းစားကြည့်တော့

.........
.......
......
....
..

ဘာအဖြေမှထွက်မလာပါဘူး။

ဒီလိုဆိုရင် ဘာလို. လူဖတ်နည်းရတာလဲ စဉ်းစားကြည့်မယ်။
၁။ ကိုယ်က ကိုယ့်အကြောင်းပဲ ကိုယ်ရေးတာများတာကိုး။ အစားအသောက် အကြောင်းကိုယ့် အကြောင်း  ချီးပါသေးပေါက်အကြောင်း     ဒါပဲ။ ဒီတော့ သူများတွေက ဘယ်ဖတ်ပါ့မလဲ။ အစားအသောက်ဆိုတာ လူတိုင်းကိုယ့်လို ခရေဇီဖြစ်တာမှ မဟုတ်တာ။

၂။ ကိုယ့်မှာ သူငယ်ချင်းနည်းတယ်။ အပေါင်းအသင်းနည်းတယ်။ ကိုယ်က ဝါသနာတူရာ ဘလော့ဂါများနဲ. ပေါင်းမိသွားရင်တော့ ကိုယ်မရေးချင်ရင်တောင် ရေးဖြစ်သွားလိမ့်မယ်။ စာပေမိတ်ဆွေတွေ မရှိတော့ လာအားပေးမဲ့သူ မရှိဘူးပေါ့။

၃။ ကိုယ့်မှာ ဒသနတွေ ဆွေးနွေးထားတာမရှိဘူး။ ဖွဲ.ဖွဲ.နွဲ.နွဲ.နဲ.  အချစ်အကြောင်းတွေ အသည်းကွဲတဲ့ အကြောင်းတွေ မရေးတတ်ဘူး။ ကိုယ်က ရေးရင် ရိုးရိုးရှင်းရှင်း စကားပြောပုံစံ နဲ.ရေးရတာ ကြိုက်တယ်။ စာရေးရေးရင် သိပ်မကြိုက်ဘူး။ အရေး အသား အဖွဲ.အနွဲ.နဲ.  အကြောင်းအရာပိုင်းလိုတာလဲ ပါလိမ့်မယ်။

၎။ ဓါတ်ပုံလှလှလေးတွေ မတင်နိုင်ဘူး။ လှတဲ့ ကောင်မလေးတွေ ဘလော့ ရေးရင် အရမ်းကိုလူကြည့်များလိမ့်မယ် ထင်တယ်။  ဓါတ်ပုံတင်နိုင်ရင်ပေါ့လေ။  မြန်မာက ကောင်မလေး ချောချောလေးတွေ ဘလော့ရေးတာ မတွေ.ဖူးဘူး။ ရုပ်ကို မပြကြတာများတယ်။ ဘာသဘောလည်းတော့မသိဘူး။  စားရေးလည်းကောင်း ဓါတ်ပုံလည်းကြည့်ရတော့ ပိုမကောင်းဘူးလား။ နိုင်ငံခြားမှာတော့ ပုံလှလှလေးတွေ တင်ပြီး လူစိတ်ဝင်စားအောင်လုပ်တာများတယ်။ ဘီကီနီပုံ တင်စရာမလိုပါဘူး။ ကိုယ်တို. စားခဲ့တာတွေ သွားခဲ့တာတွေ ဓါတ်ပုံရိုက်ပြီးတင်ကြတာပေါ့။ စိတ်ဝင်စားစရာတော့ ကောင်းပါတယ်။ ကိုယ်ကတော့ လှလှ မလှလှတင်တယ်။ စာသတ်သတ်ဆိုရင် ပျင်းမှာစိုးလို.။

၅။ ဘလော့ဂါဖြစ်ဖို. ကံမပါလို.။ ဟီးဟီး။ ကိုယ်က  တော့ပ်ဖိုက် လုပ်ချင်တာ။ ၄ခုပဲဖြစ်နေလို. ကံကို ဆွဲထည့်လိုက်တာ။

တခုတော့ ရှိတယ်။ ကိုယ်ကအပျော်ရေးတာ။ ဝါသနာပါလို.ရေးတာ။ အစောကတည်းက ဖတ်မဲ့လူမရှိတာ သတိထားမိတယ်။ ဒါပေမယ့် မရေးပဲ မနေနိုင်ဘူး။ ကြိုတင်ပြင်ဆင်ပြီးသား။ စိတ်ပျက်ပြီးတော့ တော့ ရပ်မှာမဟုတ်ဘူး။ ကိုယ်ရေးချင်တဲ့ အချိန်အတိုင်းအတာ တခုအထိ ကိုယ်ရေးချင်တဲ့ အကြောင်းအရာတွေကို ရေးနေမှာပဲ။ ပိုက်ဆံပေးရတာမှ မဟုတ်တာ...... နော။

ဘာပဲပြောပြော လူဖတ်များတာတော့ သဘောကျတာပေါ့။
.
.
.
.
.
.
ခုတော့ ကြည့်ရတာ နိပ်ကပ်ပုံတင်မှ လူလာမဲ့သဘောမှာ ရှိတယ်။
(ရွဲ.ပြောတာဟေ့)

ခိုင်ဝေဇံ

2 comments:

flyboy said...

Ah..yooo. No need to do like that. Mei Mei shy..shy... ha.haa

Iora said...

ဆက်ရေးပါဦး။
လာဖတ်မယ်လေ။
လူမလာတာတခြားဘလော့တွေကိုလင့်မထားလို့ လို့ ထင်ပါတယ်။ နို့ မို့ ဆိုမတိုက်ဆိုင်ဘဲတွေ့ ဘို့ မလွယ်ဘူးလေနော်။
ခင်မင်သော..
အိုင်အိုရာ