ဟေးဟေး လင်းလင်းဖုန်းဆက်တယ်။ အမ တွေ.ရအောင်တဲ့ တနင်္လာ နေ.။ အေးအေးလို.။ ပိုလီတုန်းက ဘော်ဘော်သရဲတွေလေ။ မတွေ.တာကြာပေါ့။ သူလည်း သူတို. အလုပ်နဲ. သူတို.ရှုပ်၊ ကိုယ်လည်းကိုယ့်ဟာကိုယ် မရှုနိုင် မကယ်နိုင်နဲ. မတွေ.ဖြစ်ကြဘူး။ ဖုန်းတော့ တခါတလေ ဆက်ဖြစ်တယ်။
အားလုံးနီးနီးက ဆီးဂိတ်မှာ လုပ်နေတာဆိုတော့ Woodland မှာ ဆုံကြမယ်တဲ့။ အစားအသောက်ကို ကိုယ်ရှာပေးမယ်။ Preference ကိုပြောဆိုတော့ ဟော့ပေါ့တဲ့။ အဲဒါနဲ. ထုံးစံအတိုင်း 'hungry go where' ဆိုတဲ့ ကိုယ့်ရဲ. ဖေးဘရိတ် ဝက်ဘ်ဆိုဒ် ကိုသွားရှာတော့ တန်းတွေ.ပါတယ်။ Seoul Garden တဲ့။ တခေါက်ပဲ စားဖြစ်တယ်။ လွန်ခဲ့တဲ့ ၂နှစ်တုန်းက ထင်တယ်။ အရသာတွေမေ့ကုန်ပြီ။ ကျန်တဲ့ လူတွေကလဲ ကောင်းတယ် ကောင်းတယ် ဆိုတာနဲ. အဲဒီကိုပဲ သွားဖြစ်သွားတယ်။
ဆိုင်က Causeway point shopping center ရဲ့ ၄ထပ်မှာ ရှိပါတယ်။ ဆိုင်လေးက တော့ သန်.သန်.ပြန်.ပြန်.ပဲ။ အမလေး ဆူလိုက်တဲ့ အမျိုး။ ဘေးနားက တရုတ်မ ဝိုင်းက အော်ချက်က ကမ်းကုန်တယ်။ လူတွေကလဲ ဗြောက်သောက်။ ကိုယ်တို.သွားတော့ ရောက်တဲ့လူတွေက ရောက်နေကြပြီ။ စားပွဲယူထားပေးတယ်။ စားပွဲအလယ်မှာ ဟင်းချိုခွက်သာသာ ရှိတဲ. ဘုရားစူး မိုးကြိုးပစ် စွပ်ပြုတ်အိုးလေးနဲ. griller လေးတွဲပြီးချထားတယ်။ ရောက်တာနဲ. အလ္လာပ သလ္လာပ မပြောနိုင်ပါဘူး။ အစားအသောက်တွေသွားယူတာပေါ့။
သူတို.ရဲ. အစားအသောက် အမယ်ကတော့ တော်ရုံ ဟော်ကာဆန်တာ က yao to phu ဆိုင်လောက်တောင် အဖြစ်မရှိပါဘူး။ ဟာလာဆိုင်တဲ့။ မှားပါတယ်။ ကိုယ်က ဝက်သားမှ မစားရရင် လောကကြီးမှာ နေပျော်တယ်ထင်တာမဟုတ်ဘူး။ ကြက်သားတွေပဲရှိတယ်။ အားမရလိုက်တာ။ ကင်းမွန်လေးနည်းနည်းပါးပါး။ fishball လေး တလုံးနှစ်လုံး။ အရွက်လေး တရွက်နှစ်ရွက်။ အမလေး ဟဲ့။ ဂဏန်းလေးတောင် မရှိဘူး။ စွပ်ပြုတ်ကို Spicy Kimchi Soup မှာလိုက်တာ။ မြည်းကြည့်တော့ ရေသာသာပဲ ရှိပါတယ်။ ပေါ့လိုက်တာ မပြောနဲ.။ အဲဒါနဲ. ပဲ အားမရတရနဲ. စားတယ်။ ပြီးတော့ salad လေးလုပ်စားတယ်။ သခွားသီးလေးနဲ.။ olive သီးလေးနဲ.။ ဆလပ်ရွက်လေးနဲ.။ ခရမ်းချဉ်သီးလေးနဲ.။ သူတို.ရဲ့ thousand island ဆော့စ် ကတော့ တော်တော်ကောင်းတယ်။ အအေးလဲ အလကားရတယ်။
ပြီးတော့ ရေခဲသုပ်လို ice kachang တို.လိုမျိုးတွေ ကိုယ့်ဟာကိုယ် လုပ်စားလို.ရတယ်။ စပါဂတီး( နည်းနည်းလေးရယ် mushroom sauce နဲ. tomato sauce ရယ်ပေးထားတယ်။ ကောင်းမယ့်ပုံမပေါ်ပါဘူး။ ပြီးတော့ အသီးတွေက Dragon fruit ရယ် ဖရဲသီး ရယ် ပန်းသီးရယ် ပေးထားတယ်။ အိုက်စကရင် လေးငါးပုံးရယ် ကိတ်မုန်.လေးငါးတုံးရယ် ပေးထားတယ်။ ပြီးတော့ တရုတ်အစားအစာ အချိုပွဲပစ္စည်းလေးတွေ နည်းနည်းပါးပါးပေးထားတာ။ သူ.ဟာက ဘာမှ ကောင်းကောင်းကန်းကန်းမရှိဘူး။ ဒါပေမယ့် အမျိုးစုံအောင်ပေးထားတယ်။
ကိုယ်က ဘာဘီကျုး ကိုယ့်ဟာကိုယ် လုပ်စားရတဲ့ဆိုင်မျိုးကို မကြိုက်ဘူး။ အင်းကျီတွေမှာလဲ အနံ.စွဲတယ်။ ဆီကလည်းစင်သေးတယ်။ မကောင်းဘူး။ မကျက်တာနဲ. တူးသွားတာနဲ. ဘယ်တော့ မှ ကောင်းကောင်းစားရတယ် မရှိဘူး။ ခုလည်း ဒီအတိုင်းပဲ တော်ပါပြီ seoul garden ကတော့ လက်လန်သွားတယ်။ ဒါပေမဲ့သူငယ်ချင်းတွေနဲ. ဆုံရတော့ ပျော်စရာကြီးပေါ့။ ထုံးစံအတိုင်း အတင်းတွေအုပ်ကြ ၊ အော်ကြ ဟစ်ကြ ရယ်ကြ မောကြနဲ.။ ကိုညီလေးက မိန်းမနဲ.ဆိုတော့ အန်ပေါင်းပေးတယ်။ ကျန်တဲ့ လူတွေကတော့ တယောက်မှ မရသေးဘူး။ ဘယ်တော့ ယူကြမယ် ဘာမယ် နဲ. ပြောကြတာပေါ့။ ချောကလက်က လဲ စီးတီးဟောမှာ ဆိုင်ဖွင့်ထားတယ် အမတဲ့.။ အမ ဝယ်ရင် မြန်မာပြည် လေယဉ်လက်မှတ်ကို လျှော့ပေးမယ်တဲ့။ ဟီးဟီး။ ဆိုင်နာမည်တောင် မမေးခဲ့ရဘူး။ စီးတီးဟောလည်း နောက်ဆို တီမားဆက် ပိုလီ အပိုင်ဖြစ်တော့ မယ်။ ခုကို တီပီက လူတွေ တော်တော်များနေပြီ အဲဒီမှာ။
ကိုအော်စီသက်နိုင်က ဒကာခံပါတယ်။ ပုံမှန် ၂၅ ကျပ်ကို ဒီနေ. ဒစ်စကောင့် ၅၀% ရှိတယ် ဆိုပြီးတော့ ၁၃ ကျပ်ပဲ ယူပါတယ်။ ဘယ်နေ.အထိ ရှိတယ် လို.တော့ မမေးခဲ့ရဘူး။ ဒကာခံတဲ့ ကိုအော်စီသက်နိုင် သူ.ဒေါက်တာမနဲ. မြန်မြန်ညားပါစေလို. ဆုတောင်းပေးလိုက်ပါတယ်။း) ဟီးဟီး။
ဘော်ဘော်သရဲများနဲ. Woodland Seoul Garden Food review!!
ကင်းမွန်က လတ်လတ်ဆတ်ဆတ်ပါ။ အတော်စားလို.ကောင်းတယ်။ ဒါကလွဲပြီးဘာမှ မကောင်းဘူး။
ကိုယ့်ဟာကိုယ်ကောက်ထည့်ချင်ရာ ထည့်ပြီးသုပ်ထားတဲ့ ဆလပ်
ကိုယ်တိုင်ပြင် အချိုပွဲ
အိုက်စကရင်နဲ. ကိတ်မုန်.က နောက်ဆုံးအစာပိတ်ပေါ့။
ပိုလီ ဘော်ဘော်သရဲများ
ခိုင်ဝေဇံ
Posted by khine wai zan
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment