မြန်မာတွေ အင်္ဂလိပ်စကား မပြောတတ်ဘူး ???

ပြောလည်းသိပ်တော့ မပြောချင်ပါဘူး။
အဲ ပြောလည်း ပြောချင်တယ်။
ပြောပြန်ရင်လည်း ကိုယ်လွန်ရာကျမယ်။

အဖြစ်ကတော့ မနှစ်က ဒီဇင်ဘာလောက်က စတာ။ မြန်မာတွေ အင်္ဂလိပ်စကားမပြောတတ်လို.ဆိုပြီးတော့ သတင်းစာမှာဆိုလား ဘာလားပါလို.တဲ့။ ကိုယ့်ဆီကို forwarded mail တွေ ရောက်လာတယ်။ လင့်ခ်တခုလည်းပေးထားတယ်။ တမျိုးသားလုံးကို စော်ကားထားတယ် သွားကြည့်ကြတဲ့။ သွားကြည့်တော့ ဗမာနာမည်သုံးထားတာတွေ.တယ်။ တခြားထူးထူးခြားခြားဘာပါလို.လဲ။ ဘာမှပါဘူး။

မေးလိုက်အုံးမယ်။ အမှန်ပြောတာ နာစရာလားလို.။ ပြောသင့်တာကြာပြီ။ ဗမာတွေအင်္ဂလိပ်စကားမပြောတတ်ဘူးလို. ပြောတာကို နာနေသေးတယ်။ မဟုတ်တာကျနေတာပဲ။  တယောက်ကောင်းရုံနဲ.  ငါ့အင်္ဂလိပ်စာကောင်းတယ်လို.ပြောလို.မရဘူး။ လူ၁၀၀ရာမှာ ၇၀ လောက်မကောင်းတဲ့ကိစ္စကို လက်ခံနိုင်ရမှာပေါ့။ မြန်မာတွေကိုလည်း အပြစ်မပြောပါဘူး။ ပညာရေး System ကိုက မကောင်းတာကြီးကို။ ဒါပေမယ့် နိုင်ငံခြားရောက်လာမှတော့ အတတ်နိုင်ဆုံးပြောတတ်အောင်ကြိုးစားရမှာပဲ။

ခုတော့ ရောက်တာနဲ. စကပ်တို ဘောင်းဘီတို နဲ. အင်းကျီ ကြိုးတကိုင်းလောက် ဝတ်ရရင် အတော်ကြီးကိုဟုတ်တယ် ထင်နေကြတယ်။ ကောင်လေးတွေဆိုလည်း Branded အင်းကျီ ဖိနပ် လေးနဲ. Laptop အကောင်းလေး ကိုင်နိုင်လို.ကတော့ သူများကို သိပ်လူထင်တာမဟုတ်ဘူး။ ယားလား နိုးလားလောက်ပြောတတ်ရင် ဘဝင်ကိုင်နေပြီ။ ပိုက်ဆံလေး တပြား နှစ်ပြားရှိရင် နိုက်ကလပ်သွားမယ် ၊ စားမယ် သောက်မယ်နဲ.။ မြင်ဘူးပါတယ်။ ဝတ်စားထားတာကတော့ ပျံလန်နေတာပဲ။  စကားပြောရင်တော့  ယားလား နိုးလားတောင် မနည်းပြောရတယ်။

ကိုယ့်အင်္ဂလိပ်စာ အရမ်းကောင်းတယ် ထင်နေကြအုံးမယ်။ မကောင်းပါဘူး။  ဒါပေမယ့် စလုံးတွေနဲ. Level လောက်ကတော့ ရတယ်။ သူတို.ကကော ဘယ်လောက်ကောင်းနေလို.လဲ။ ရှင်းရှင်းပြောရင် ၁၀၀ မှာ ၅၀ လောက်ပဲ ကောင်းတဲ့သူပါတယ်။ တော်တော်များများက ထမင်းစားရေသောက်ပြောလို.ရတယ်။ ဒါပဲ။ စလုံးအသံထွက်နဲ.တူအောင် ဘယ်တော့မှ လိုက်မထွက်နဲ.. သောက်တလွဲအသံထွက်တွေ။ အမြဲတမ်း Standard English အသံပဲထွက်နိုင်အောင်ကြိုးစားပါ။ သူတို.က ကိုယ့်ကို စကားမပြောတတ်ဘူးလို.ပြောတာ ထမင်းအိုးက ရေနွေးအိုးကို ဖင်မည်းတယ်လို.ပြောသလိုပဲ။ သူကမမည်းတာ ကျနေတာပဲ။ ပြောရင် ကိုယ်အလွန်ဖြစ်မယ်။

နာစရာအကြောင်းတော့ မရှိပါဘူး ။ အင်္ဂလိပ်စာ သင်တန်းတွေတော့ အချိန်ပေးပြီး တက်ကြဖို.တော့လိုမယ်နဲ.တူတယ်။ ကိုယ်လည်းတက်ဖို. စဉ်းစားနေတယ်။ သိပ်ဈေးမကြီးတာလေးပေါ့။ စလုံးဆရာသင်တယ်ဆိုရင်တော့ သွားကို မတက်ဘူး။ အာမောတွေသင်တာပဲ သွားတက်မယ်။ စလုံးကို အထင်မကြီးလို.။

ခိုင်ဝေဇံ

5 comments:

CoolAsIce said...

ဟို... အာမော ဆိုတာဘာလဲဟင်...

khine wai zan said...

အာမော က အင်္ဂလိပ်ကို ပြောတာ

CoolAsIce said...

ဒါပေမဲ့... အဲဒီကောင်မလေးက သင်တန်းတက်ပြီး ကြိုးစားနေတာကို သတင်းစာကနာမည်ကြီးနဲ့အဲလိုရေးတာတော့မကောင်းဘူးပေါ့
နော်

khine wai zan said...

ဓါတ်ပုံတွေဘာတွေမှ မပါဘဲနဲ.။ နာစရာမရှိပါဘူး။ ဒါပေမယ့် သူတို.က လည်း မကောင်းလို. မကောင်းဘူးလို. ပြောတာပဲကို။ ကိုယ်က နာနေလို.ဘာမှ ဖြစ်မလာဘူးလေ။ ကြိုးစားရမှာပေါ့။

CoolAsIce said...

ဒါပေမဲ့ သူတို့က အစကတည်းက ဒါကိုဒီလောက်ရမှ ဒီမှာလုပ်လို့ရမယ်လို့ပြောထားတာမှမဟုတ်ဘဲ။ သြဇီး လိုမျိုး အိုင်အက်စ် ၇ ရမှ ဆိုတာမျိုးသူအရင်ကတည်းကလုပ်ထားရင် ဘာမှပြဿနာတက်စရာအကြောင်းမရှိပါဘူး။