မခမ်းနားတဲ့ ခရစ်စမတ်ညစာ

ကိုယ့်အတွက်တော့ ပျော်စရာကောင်းတဲ့ ခရစ်စမတ် မဟုတ်ပါဘူး။ ဒါပေမယ့် ဝမ်းနည်းစရာကောင်းနေသလားဆိုတော့လည်း မဟုတ်ပြန်ဘူး။ ခရစ်စမတ် လို.ကိုမခံစားရတာ။ ဘယ်ခံစားရပမလဲ။ မနေ.ကလည်း အလုပ်လုပ်တယ်။ မနက်ဖြန်လည်းအလုပ်လုပ်ရအုံးမယ်။ ၁၀ ရက်ဆက်တိုက် ကြီးများတောင်။ OT ရလို.ဝမ်းသာပေမယ့် အဲလို OT လေးရတာကို ဝမ်းသာနေရတဲ့ကိုယ့်ဘဝကိုပဲပြန်သနား မိပြန်ရော။ အရင်နှစ်ကဆို ဘဲနဲ. ပျော်လို.ပေါ့ ဒီအချိန်။ သူကပြောတယ် ကိုယ့်ကို။ အရင်တစ်ပတ် နှစ်ပတ်လောက် တုံးကပါ။ နင်နဲ. ငါနဲ.က မတွေ.တာ ၁ နှစ်တောင်ရှိတော့မယ်နော်တဲ့။ ကိုယ်ကပြန်ပြောတယ်။ အေးဟယ် အချိန်တွေ အကုန်မြန်လိုက်တာနော်လို.။ ဘာလိုလိုနဲ. တနှစ်တောင်ပြည့်တော့မယ်လို. ဆိုတော့ စိတ်ဆိုးသွားတယ်။ အေးလေ နောက်မှ ကိုယ်ပြောတာ ကိုယ်ပြန်စဉ်းစားမိတယ်။ သူကသတိတရနဲ. မတွေ.တာကြာပြီလို.ဆိုလိုချင်တာ။ ကိုယ်က အချိန်တွေကုန်မြန်လိုက်တာလို.သွားပြောမိတာကိုး။ ဖြတ်မသွားတာကံကောင်း။ ဟီးဟီး။

ထားလိုက်ပါတော့။ ဒီနေ.တော့ ညီမတော်ကလည်း ရောက်ခိုက်၊ မောင်လေးကလည်းအိမ်မှာ ရှိခိုက်ဆိုတော့ တခုခုတော့သွားစားရအောင် ဆိုတော့ ထုံးစံအတိုင်း ကိုယ်နေတဲ့ ကလီမန်တီ နဲ. အနီးဆုံး CITY VIBE ကိုရောက်သွားကြရော။ ထုံးစံအတိုင်း ဂျပန်စာပဲပေါ့။ ခဏခဏစားရတော့ ငြီးငွေ.လာပေမယ့် ဒါပဲကောင်းကောင်းကန်းကန်းစားစရာ ရှိသလိုပဲ။ ကြုံတုံး ကိုယ်စားဖူးတဲ့ဂျပန်ဆိုင်တွေကို လက်ချိုးရေတော့ သိပ်မများသေးဘူးဆိုတာ သတိထားမိတယ်။ သဘောကတော့ ဒီဆိုင်တွေမှာပဲ ကိုယ်လှည့်ပတ်ပြီး စားဖြစ်နေတာပေါ့။ နောက်ဆိုင်လေးဘာလေး ပြောင်းချင်သေးတယ်။

1. Sushitei
2. Sake Sushi
3. Shin Tokyo
4. Ajisan



တခြားဆိုင်တွေက နာမည်မမှတ်မိတော့ဘူး။ ဟိုနား ဒီနားက ဆိုင်တွေ ကျန်သေးတယ်။ ကိုယ်စားနေကျဆိုင်ဆိုလို. ၄ဆိုင်ပဲရှိတယ်။

စားဖူးသမျှထဲမှာ အကောင်းဆုံးက Sushitei ပါ။ ဆဲလ်မွန် ဆာရှီမီ က အရမ်းကို လတ်ပြီး စားလို.ကောင်းတယ်။ ရာမန်တွေကတော့ ထုံးစံအတိုင်း ချိုချိုပြဲပြဲ ကြီးတွေဆိုတော့ ဘယ်မှာမှကို မကောင်းပါဘူး။ မြန်မာ ပါးစပ်နဲ.ကို မတွေ.တာ။ ဒါပေမယ့် အကောင်းဆုံးခေါက်ဆွဲကို ပြောပါဆိုရင် Shin Tokyo က တုံယမ်းSeafood ကိုပဲပြောရမယ်။ စပ်စပ်ချဉ်ချဉ်ကလေးနဲ. မဆိုးဘူး။ ဆာရှီမီ ပွဲကြီးတွေကို စားချင်ပေမယ့် ငွေမျက်နှာကြည့်နေရတော့ တော်ရုံတန်ရုံ မစားရဲပါဘူး။ Salmon ကကိုယ်ကြိုက်လို. အစိမ်းစားလို.ရပေမယ့် ငါးတိုင်းကမှ အစိမ်းမကောင်းတာ။ ဒီတော့ မှာပြီးမှ လုံးဝစားလို.မဝင်ရင်လဲ ဒုက္ခ။ Tuna belly ကိုတော့ အရမ်းစားကြည့်ချင်တယ်။ ၅လွှာပဲပါတဲ့ တပွဲကို ၂၄ကျပ်ပေးရတယ်ဆိုတော့ နည်းနည်းလန်.နေတယ်။ ဒါပေမယ့်ဘယ်လောက်တောင်ကောင်းလို. ဒီလောက်ပေးရတာလဲဆိုတဲ့ စိတ်လေးကလဲ ဝင်နေတယ်။ နောက်တခေါက် Sushitei ကိုသွားရင်တော့ စမ်းကြည့်အုံးမှပဲ။


သဌေးတွေကတော့ ပြောကြမယ်။ ၂၀ မပြောနဲ. ၅၀ ၊၁၀၀ လောက်ကဘာအရေးလဲလို.။ ကိုယ့်အတွက်ကတော့ အရေးပဲ ။ ကိုယ့်လခ ဘယ်လောက်ရလို.လဲ။ ဒီအစားအသောက်အတွက် အမြဲတမ်းကုန်ကုန်နေတာနဲ. ကိုယ့်မှာ ပိုက်ဆံတောင် သိပ်မစုနိုင်ဘူး။ ကိုယ်ကမဝတ်ရရင်နေ စားတာတော့ကောင်းကောင်းလေးစားချင်တယ်။ ကိုယ်စားတာတွေ ထဲမှာ ဈေးအတိုင်းထက် အလွန်ကြီးတာ ဘာမှမပါဘူး။ တချိန်လုံးလဲ ဟော်တယ်မှာ တက်စားမနေဘူး။ အစားကောင်း အသောက်ကောင်းဆိုတာ ဈေးကြီးမှ ကောင်းတယ်လို. ဘယ်သူပြောသလဲ။ ကိုယ့်ဟာကိုယ် ရှိတာနဲ.လေး လောက်ငအောင်စားတတ်ပါတယ်။ ဒါပေမယ့် အစားအသောက်ဆိုတာ ပြီးပြီးရောလုပ်လို.မှ မရတာ။ အစားကောင်းအသောက်ကောင်း ခင်တွယ်တတ်တယ် ဆိုတာ ဘုရားပေးတဲ့ပါရမီတခုပါ။ လူတိုင်းပိုက်ဆံရှိပေမဲ့ အဲဒီပါရမီမပါဘူးနော်။ တချို.ပိုက်ဆံသာရှိတယ်။ တို.ကချဉ်ပေါင်ဟင်းလေးနဲ.၊ ဗယာကြော်သုပ်လေးနဲ.ဆို ဝမ်းဝတာပဲ ဆိုတာကို ချွေတာတတ်ပါတယ်ဆိုပြီး သူတို.ဟာသူတို. ဂုဏ်ယူတတ်ကြတယ်။ အဲဒီလူတွေကို တော်တော်သနားပါတယ်။

ကိုယ့်ဟာကိုယ်တော့ စဉ်းစားမိတယ်။ ဒီဘလော့ကို ကြည့်ပြီးရင် သဌေးတွေကတော့ ကိုယ့်ကို တော်တော်သနားမှာပဲလို.။ ဒီလောက်ပိုက်ဆံလေးကို တွက်နေရတယ်ဆိုပြီးတော့။ မတတ်နိုင်ပါဘူး ကိုယ့်ဝမ်းနာ ကိုယ်သာသိဆိုသလိုပေါ့။ ကိုယ်က ဂျပန်အစားအသောက်ကို ဂျပန်မှာပဲသွားစားကြည့်ချင်တယ်။ Local Food တွေပေါ့။ သူများတွေအပြောကတော့ ဘယ်ဂျပန်မှ စင်္ကာပူက ဂျပန်ဆိုင်မှာ ဆူရှီလာမစားပါဘူးတဲ့။ အရသာမကောင်းလွန်းလို.တဲ့။ ဂျပန်ကိုသွားတဲ့ သူငယ်ချင်းတယောက်ကပြောသွားတယ်။ ဂျပန်က ဘယ်ဆိုင်ကိုဝင်ဝင် စားလို.မကောင်းတဲ့ဆိုင်ဆိုတာ မရှိဘူးတဲ့။ စင်္ကာပူနဲ.ဆိုင်တွေနဲ.ဆို နံ.သာဆီနဲ. အီးလိုကွာပါတယ်ဆိုပဲ။ အဲလိုပြောလေ ကိုယ်ကသွားချင်လေပဲ။း) တနေ.နေ.တော့ ရောက်မှာပါ။ သိပ်မကြာဘူးထင်တာပဲ။ ဟီးဟီး။

ဂျပန်ဆိုင်တွေအကြောင်းကို ပြောရင်း ကိုယ့်ရဲ. ခရစ်စမတ်နေ.မှာမောင်နဲ. ညီမနဲ.အတူစားခဲ့တဲ့ပုံလေးတွေ ထည့်ပေးလိုက်တယ်။ အစားအသောက်ဆိုတာ တယောက်တည်းစားတာထက် ကိုယ်ချစ်တဲ့ ခင်တဲ့သူတွေနဲ. စားရရင်ပိုအရသာရှိတာပဲလေ။ နောက်ထပ်ကောင်းတဲ့ ဆူရှီဆိုင်တွေကို သိရင်လဲ recommend လုပ်ပေးကြပါအုံး။










1 comments:

Xen said...

"တချို.ပိုက်ဆံသာရှိတယ်။ တို.ကချဉ်ပေါင်ဟင်းလေးနဲ.၊ ဗယာကြော်သုပ်လေးနဲ.ဆို ဝမ်းဝတာပဲ ဆိုတာကို ချွေတာတတ်ပါတယ်ဆိုပြီး သူတို.ဟာသူတို. ဂုဏ်ယူတတ်ကြတယ်။ " it's အရီးချေ .... ဟီးဟီး