မနက်တည်းက ဗိုက်ကတော်တော်ဆာနေပြီ။ စနေနေ.ကြီး အလုပ်လုပ်နေရလို.စိတ်မရွှင်ရတဲ့အထဲ စင်္ကာပူမိုးကလည်း သည်းကြီးမည်းကြီး မရွာစဖူးရွာလို.။ နေ.လည်စာကို ဝေးဝေးလံလံတောင် သွားမစားနိုင်ဘူး။ အလုပ်နဲ.အနီးဆုံး Depot Height Canteen မှာပဲသွားစားလိုက်တယ်။ ဆိုင်က သေးသေးလေးပါ။ Hawker Center အငယ်စားလိုမျိုး။ စားလို.ကောင်းတဲ့ ဆိုင်လည်း ၃ ၄ ဆိုင်ပဲရှိတယ်။ မစားရညှော်ခံ ရွတ်ပြလိုက်ပါအုံးမယ်။
ခေါက်ဆွဲဆိုင် - သူ.ရဲ. Hokkien Mee ကတော်ရုံတန်ရုံနာမည်ကြီး Hokkien Mee လောက်ကိုပျင်းတယ်ဆိုတာမျိုး။ ရက်ရက်ရောရောလည်းပေးသေးတယ်။ အထူးသဖြင့် Chilli က အရမ်းကိုကောင်းတယ်။ ဝက်နံရိုးခေါက်ဆွဲလည်းမဆိုးဘူး။
Western Food and Chinese soup Stall - သူကကျတော့ အဆန်း။ Western Food နဲ. ဂျင်စင်းကြက်ပေါင်းလို စွပ်ပြုပ်တွေနဲ. တွဲရောင်းတာ။ သူတို.ဆိုင်က စွပ်ပြုတ်က စားဖူးသမျှထဲမှာတော့ အကောင်းဆုံးပဲ။ တရုတ်စာတွေဆိုတော့ ကိုယ်လည်း စားသောက်ဆိုင်တွေမှာ စွပ်ပြုတ် တခါ နှစ်ခါပဲစားဖူးတာ။ မကောင်းဘူးကော။ ဒီ ဘာမဟုတ်တဲ့ ဆိုင်သေးလေးက တော်တော် အရသာရှိတယ်။ GRILLED LAMB CHOP လည်းကောင်းတယ်။ အသားချည်းပဲတော့ မဟုတ်ဘူး။ အရိုးနည်းနည်းလည်းပါတယ်။ ကိုယ်တွေက အဲဒါကို ကိုကြိုက်တာ။ အသားချည်းဆိုမကောင်းဘူး။ BOTAK JONES ထက်ပိုကောင်းတယ် ဒါက။ ဈေးနှုန်းလည်းမေးကြည့်ပါအုံး။ ၆ ဒေါ်လာထဲ။ LAMB CHOP ၆ ဒေါ်လာနဲ.စင်္ကာပူမှာ ဘယ်မှာများရလို.တုန်း။
LAKSA ဆိုင် - FAMOUS DEPOT HEIGHT LAKSA ဆိုပြီးရောင်းတာတွေ.တယ်။ တော်တော်စားလို.ကောင်းတယ်။ တချို. LAKSA တွေက အုန်းနို.အရသာကြီးထွက်ပြီးတော့ အီတယ်။ သူက ဗမာကြိုက်လေး။ စပ်စပ်ကလေးနဲ.။ ပုဇွန်တွေ ခရု (cockles) လေးတွေလဲထည့်ပေးတယ်။ Fishball လည်းပါသေးတယ်။ မကောင်း ခံနိုင်ရိုးလား။
LAMB CHOP ပဲစားဖြစ်ပါတယ်။ ကြည့်ပြီးသရေလေး ယိုလိုက်ကြပါအုံး။ တချို.ကတော့ သွေးသံရဲရဲနဲ. မကြည့်ဝံ့ရင်လဲ မပြောတတ်ဘူး။ မကျက်တကျက်လုပ်ထားတာ။
ညနေပိုင်းကျတော့ အလုပ်ကစောစောပြန်ပြီးတော့ ရုပ်ရှင်သွားကြည့်ကြတယ်။ AVATAR လေ။ Review တွေကတော့ 5 out of 5 တွေချည်းပဲ။ စိတ်တော့ဝင်စားတယ်။ 3D ရုပ်ရှင် ကိုတခါမှ မကြည့်ဖူးသေးဘူး။ Bugis က အသစ်ဖွင့်တဲ့ ILUMA SHOPPING MALL ကရုပ်ရှင်ရုံမှာလဲ တခါမှ မကြည့်ဖူးသေးဘူး။ ဆိုတော့ သွားဆိုလည်းသွားပေါ့။ မနည်းအချိန်လုပြီးသွားလိုက်ရတယ်။ ရုပ်ရှင်ရုံရောက်တော့ စနေပြီ။ ဘယ်လောက်ကောင်းလဲဆိုတော့ ဝယ်လာတဲ့ မုန်.နဲ. အအေးတောင် မစား မသောက်လိုက်ရပါဘူး။ တခါမှ အဲလိုမဖြစ်ဖူးဘူး။ အရမ်းကြိုက်တယ်။ ရုပ်ရှင်လက်မှတ် ၁၃ ကျပ်ကို ၂၃ကျပ်လောက် ပေးချင်စိတ် ပေါက်သွားအောင် ကောင်းပါတယ်။ 3D မျက်မှန်နဲ.ကြည့်လိုက်ရင် ခေါင်းမူးမယ် ထင်ထားတာ။ ဘာမှမဖြစ်ဘူး။ ကိုယ့်ရှေ.မှာ ဖြစ်နေတဲ့ အတိုင်းပဲ အရာရာအားလုံးက။ ကြည့်ရကျိုးနပ်ပ။ ကိုယ့်ဟာကို ငိုမယ်ထင်ထားတာ။ ဝမ်းနည်းစရာကောင်းတာတွေ ပါတယ်ဆိုလို.။ မငိုဘူးဗျား။ ထူးထူးဆန်းဆန်း။ နောက်တခေါက်ပြန်သွားပြီး ကြည့်ဖို.စိတ်ကူးထားတယ်။ အဟိအဟိ။
ရုပ်ရှင်ကြည့်ပြီးထွက်လာတော့ ယောက်ျားအိမ်သာထဲမှားဝင်မိသေးတယ်။ လူတွေအများကြီးရှေ.မှာ။ ရှက်လိုက်တာ ပြောမနေပါနဲ.တော့။ ကိစ္စဝိစ္စတွေရှင်းပြီးတော့သွားကြမယ်ပေါ့ စားဖို.သောက်ဖို.။ ထုံးစံအတိုင်း Beach Hotel အောက်ထပ်က စားနေကျဆိုင်ကိုပဲ အကုန်လုံးကိုပင့်လာခဲ့တယ်။ စားလို.ကောင်းပါတယ်။ ဒါပေမယ့် အလုပ်ကလူတွေက ဗမာတယောက်မှမပါဘူး။ စလုံး တရုတ် ၃ ယောက်နဲ. ဖိလစ်ပိုင် တယောက်။ စားဖို. အဖော်လုံးဝမရဘူး။ ဒီဘူဖေးဆိုင်ကို ကြည့်ပြီးတော့ အရင်ကစဉ်းစားဖူးတယ်။ ကိုယ်တွေ လို စားပုံမျိုးနဲ. မြတ်မှ မြတ်ပမလားလို.။ ခုမှ သဘောပေါက်တယ်။ မြတ်တော့မှာပေါ့။ တရုတ်တွေက ဘူဖေးဆိုင်လာပြီး ဆလတ်ရွက်တို. Fishball တို.လောက်ကိုပဲ စားကြတာကိုး။ သူတို.က များများမစားတော့ ကိုယ်ကလည်း ပဲလေးနဲ.ဘဲ စားခဲ့ရတယ်။ နည်းနည်းစီပေါ့။ စားနေကျလိုမျိုးစားလိုက်ရင် သူတို.ကြည့်ပြီး လန်.သေသွားမှာစိုးလို.။ အားကတော့မရပါဘူး။ နောက်ဆို ဘယ်တော့မှာ စလုံးတွေနဲ. ဘူဖေးသွားမစားတော့ဘူး။ ကိုယ့်မြန်မာ အချင်းချင်းနဲ. ပဲသွားတော့မယ်။ စားသောက်လည်းပြီးရော ၁၂နာရီခွဲသွားပြီ။ အိမ်ပြန်ရောက်တော့ ၁နာရီခွဲပါပြီ။ မောင်လေးအိမ်ရောက်နေတော့ သူ.ကို ဆင်းလာကြိုလို.ပြောထားရတယ်။ ညသန်းခေါင်ကြီး ဓါတ်လှေကား မစီးရဲလို.။ ၂နာရီမှ အိပ်ရတယ်။ နောက်နေ.လည်းအလုပ်ရှိသေးတယ် ဒီအပါတ်က အော် ဘဝ ဘဝ ။ စားသောက်ပြီးတာတောင် ကောင်းကောင်းမနားရတဲ့ဘဝပါလားနော်။
စားပြီးမနားရတဲ့ဘဝ
Posted by khine wai zan
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment