ခရု

၂၀၀၉ မှာ ဘလော့ပိုစ့် ၄ခုတည်းရှိတယ်။ ဘလော့မရေးဖြစ်တဲ့နှစ်ပဲ။ တခြားနေရာတွေမှာ ရေးနေပါတယ်။ ဝါသနာကို ဖျာကါလို.မရဘူးဆိုဒါ အဲဒါပေါ့။ ဖျာကါရင်လည်းကာ laptop ပါရင်ပြီးရော။ ဘလော့ မရေးဖြစ်တာ အဆင်ပြေနေလို.လို. မှတ်ပါ။ အဆင်မပြေလို.ကတော့ ရေးလိုက်မယ်ဖြစ်ခြင်း။

အစတုန်းက ဘလော့ရေးမဲ့ mood မရှိရင် ဘာရေးလို.ရေးရမှန်းကိုမသိဘူး။ ကိုယ်က စာရေးမကောင်းဘူး။ စိတ်ကူးစိတ်သန်းလည်းသိပ်မထွက်ဘူး။ ဝါသနာပါတာပဲရှိတယ်။ ကိုယ့်မှာ ခံစားချက်တခုခုရှိမှစာရေးလို.ရတယ်။ ဟော ခံစားချက်မရှိတော့ ဘာရေးလို. ရေးရမှန်း မသိတော့ဘူး။ ကိုယ်ကလည်း ထွေထွေထူးထူး ခံစားနေတတ်တဲ့ လူမဟုတ်တော့ ရေးစရာ တော့ပစ် ရှာမရတာ ကိုယ့်အပြစ်မဟုတ်သလိုပဲ။

ခုတော့ တွေ.ပါပြီ။ ကိုယ်၂၄နာရီ နေ.စဉ်နဲ.အမျှစိတ်ဝင်စားတဲ့အရာ။ ကိုယ် ဘယ်တော့မှ မညီးငွေ.မဲ့ အကြောင်းအရာ။ ကိုယ်ခံစားတတ်တဲ့ အရာ။ အစားအသောက်အကြောင်း။ ၃နာရီခြားတခါ ဗိုက်ဆာတာ အကျင့်လိုဖြစ်နေပြီ။ သူများလို မဆာတဆာ အသာလေးဆာတာမဟုတ်ဘူး။ ဂွီဂွီ ဂွမ်ဂွမ်နဲ. မသိရင် ၇ရက်လောက် ထမင်းမစားထား သလိုမျိုးကိုဆာတာ။ metabolism rate တော်တော်မြင့်ပုံရတယ်။ ဒီလောက်တောင်စားပြီး ဂေါ်ဇီလာမဖြစ်တာ ကျေးဇူးတင်ရမယ်။ အခုတော့ ကိုယ်ရေးရမဲ့ အကြောင်းအရာကို သေသေချာချာ နားလည်သဘောပေါက်သွားပြီ။ Eating Machine လို.အခေါ်ခံထားရတာ အလကားလား။ ကိုယ်အကျွမ်းကျင်အပိုင်နိုင်ဆုံးအလုပ်က စားတဲ့ သောက်တဲ့ အလုပ်ပဲဟာကို။ ဒီတော့ ဒီအပါတ်မှာ တခုစရေးမယ်လို.စိတ်ကူးတယ်။ ခရုအကြောင်း။း)

ကျွန်တော်က ပင်လယ်စာကြိုက်တယ် (အမှန်က ပင်လယ်စာမှမဟုတ်ဘူး။ အကုန်ကြိုက်တာ) ကဏန်း၊ ခရု၊ ပုဇွန်၊ ငါး၊ ကင်းမွန်၊ ရေမှာနေတဲ့ တခြားဘာညာအကောင်ဘလောင် အကုန်ကြိုက်တယ်။ ပင်လယ်စာဆိုလို. ချောင်းက မြောင်းကဟာတွေမပါဘူး မမှတ်နဲ.။ အကုန်စားတယ်။ ရခိုင်မှာ နေခဲ့တာဆိုတော့ ပိုဆိုးတာပေါ့။ စစ်တွေမှာ ပင်လယ်စာအရမ်း ပေါတာ။့  ပုဇွန်တွေ ဂဏန်းတွေဆိုတာ ညီးနေအောင်စားရတယ်။ မြောက်ဦး မင်းပြားဘက်ရောက်သွားတော့ ချောင်းစာတွေ မြောင်းစာတွေ မြစ်စာတွေ စုံနေအောင်စားရတယ်။ ခရုကို စစ်တွေမှာတုန်းက မစားဖူးဘူး။ မြောက်ဦးမှာ စားခဲ့ရတယ်။ မောင်တောမှာ စားခဲ့ရတယ်။ မြောင်ခရုလို.ခေါ်တဲ့ ခရုကြီးတွေ။ မြောက်ဦးမှာ ရခိုင်လို ဂြိတ်ရှေ လို.ခေါ်တဲ့ ခရုအသေးလေးတွေရှိတယ်။ ဆားနည်းနည်း အချိုမှုန်.နည်းနည်းနဲ. ကင်မွန်းချဉ်ရွက်လေးနဲ. ပြုတ်ထားပြီး လမ်းထိပ်တွေမှာ နို.ဆီဘူး တဘူးစာကို ၅၀လောက်နဲ.ရောင်းတယ်။ အရမ်းစားလို.ကောင်းတာပဲ။ တကယ် ပုဇွန်တုပ်နဲ. မလဲပါဘူး။ အခုအဲဒါပေးကျွေးမယ်ဆိုရင် လူတောင်သတ်ပေးမယ် အဟုတ်။ အကောင်းပြောတာ။ ပြီးတော့ သမစုပ် လို.ခေါ်တဲ့ ခရုသေးသေးလေးတွေရှိတယ်။ လက်သည်းခွံနီးပါးလောက်ပဲ ရှိတဲ့ ခရုချွန်ချွန်လေးတွေ။ အဲဒီနှစ်ခုကတော့ ပေါပေါလောလောရတယ်။


စင်ကာပူ ရောက်လာတော့လည်း မဆိုးပါဘူး။ ခရုလေးတွေဟိုနားလည်းရောင်း ဒီနားလည်းရောင်းနဲ.။ ဒါပေမယ့် သိတဲ့အတိုင်း စင်ကာပူက အစားအသောက်တွေက ဘယ်လောက်ပဲလတ်လတ် မြန်မာပြည်က အပုပ်လောက်တောင်အရသာရှိတာမဟုတ်ဘူး။ ရခိုင်က အစားအသောက်တွေများကျွေးလိုက်ရင် ဒီလောက်ကောင်းတာတွေကို ခုမှစားဖူးပါလားဆိုပြီး စလုံးတွေ သတ်သေသွားလိုက်မယ်။ ဆိုလိုတာကတော့ သိပ်ကလည်းအရသာကမရှိ ကိုယ်ကလည်းမချက်တတ်ဆိုတော့ မစားဖြစ်ဘူး။ ဟိုနေ.ကတော့ ချစ်သောအဒေါ်က ခရုလေးတွေဝယ်လာတယ်။ လတ်လို.တဲ့။ သူလည်း မင်းပြားသူဆိုတော့ ခရုလွမ်းတာနေမှာပေါ့။ သမစုပ်လို မျိုး ဒါပေမယ့် အကြီးစားပေါ့။ ပြုတ်စားရင် ကောင်းမှာပဲတဲ့။ ကျွန်တော ကထမင်းတောင် ၂ပန်းကန်မြောက်နေပြီ သူခရုကိုင်ပြီးပြန်လာတော့။ ၃ ပန်းကန်မြောက်ကိုစားနေတဲ့အချိန် ခရုကို ဆားနည်းနည်းအချိုမှုန်.နည်းနည်းနဲ. ပြုတ်ထားလိုက်တယ်။ ခရုကလတ်လိုက်တာမှ အိုးနှုပ်ခမ်းကို တလှုပ်လှုပ်တွယ်တက်နေကြလို. မျက်စိစုံမှတ်ပြီး အိုးထဲထည့်လိုက်ရတယ်။ မဟုတ်လည်း ငရဲရောက်မဲ့လူဆိုတော့မထူးပါဘူး။ ထမင်းပြီး ၁၅မိနစ်လောက်နေတော့ ကျက်ကော။

အမလေး မစားရတာကြလို.လားမသိဘူး။ ကောင်းချက်ကတော့။ ရပ်တောင်မရပ်ချင်ဘူး။ သူကရိုးရိုးစားလို.မရဘူး။ ခရုဖင်ကို ကိုက်လိုက်ရတယ်။ ပြီးမှ ခေါင်းဖက်ကနေ စုပ်ပြီးစားရတာ။ သွားမခိုင်ရင်တော့ ကျွတ်သွားလိမ့်မယ်။ ခရုကနည်းနည်းမာတယ်။ စုပ်ပြီးတော့ အကောင်လေးထွက်လာလို.ရှိရင် ထိပ်ကအမည်းဖတ်လေးကိုလည်း စားလို.မရဘူး။ ဖယ်ထုတ်လိုက်ရတယ်။ စားလိုက်တာ ၁ကေဂျီဘယ်လိုကုန်သွားမှန်းတောင်မသိဘူး။

နောက်အပတ် ၅ကေဂျီလောက်သွားဝယ်စားရမယ်။း) ပုံတွေထည့်ပေးလိုက်တယ်။

ကြောက်တတ်သူများမကြည့်ရ။ မေချောက်ဖုံကိုယ်တိုင်ပါဝင် demostrate လုပ်ထားသည်။


စကားမစပ် ဒါ၁၀နှစ်ကျော်အတွင်း ပထမဆုံးအင်းကျီ အဖြူဝတ်တာပါ။

1 comments:

Shwe Bu said...

ခရု စားချင်လွန်းအားကြီးလို့ online မှာလိုက်ရှာရင်း ရောက်ပါလတ်ပါရေ။
အေးမ.. ခရု ဇာနားမှာဝယ်လို့ရပါလေ။ :D
(ဘုဘု)