ကိုယ့်ညီမက ဖက်ရှင်ဒီဇိုင်းလုပ်တာ ၊ အလှပြင်တာ၊ manicure pedicure ဘာညာလုပ်တာ အရမ်းဝါသနာပါတယ်။ ကိုယ်ဝတ်တယ်ဆိုတာ သူဝတ်တာကို အတုခိုးထားတာ။ ကိုယ့်ဟာကိုဆို မမြင်တတ်ဘူး။ သူမြန်မာပြည် တခေါက်တခေါက်ပြန်ရင် (အခေါက်၁၀၀လောက်ပြန်ပါတယ်) အင်းကျီအသစ်တွေ အမြဲတမ်း ယူယူလာတယ်။ ကိုယ်ကဝယ်လာတယ် မှတ်တာ။ မဟုတ်ဘူးတဲ့ သူ ဒီဇိုင်း စဉ်းစားပြီး အိမ်က အမနဲ. ၂ယောက် ခြုပ်ကျတာတဲ့။ အိမ်မှာ ခြုပ်စက်တလုံးဝယ်ထားတာတော့သိတယ်။ ဒါပေမယ့် ဒါမျိုး High end ပိုင်းနဲ.တူတဲ့ ဖက်ရှင်တွေ ခြုပ်လို.ရမယ်လို. မထင်မိဘူး။ မြန်မာအင်းကျီလေးတွေလောက် လုပ်လို.ရမယ်ထင်တာ။ သူခြုပ်ထားတာက တော်တော်ပုံကျတယ်။ မသိရင် ဈေးကြီးပေးဝယ်ရတဲ့ အထည်တွေလိုပဲ။ သူတက်နေတဲ့ Political Science ဘာသာမယူပဲ ဖက်ရှင်ဒီဇိုင်း သင်တန်းတက်ခိုင်းရင် ဒီထက်ဖြစ်အုံးမယ်။ ကိုယ်ဝါသနာပါတာကို လုပ်ပြီး အသက်မွေးတာ ဘဝမှာ စိတ်ချမ်းသာတာပေါ့။ ဒါမှမဟုတ်ရင် ကိုယ့်ဘဝကြီးလို သူများမျက်နှာကြည့်နေရမယ်။ ထားလိုက်ပါတော့။ သူ.မှာ ဇ ကလေးရှိတယ်ဆိုတာ ပြောချင်တာပါ။ သူ.ဒီဇိုင်းထဲက ကြိုက်တဲ့ဟာလေးတွေ ဝတ်ကြည့်ပြီးတင်ပေးလိုက်တယ်။ သူ.ကိုလည်းအားပေးရာကျအောင်ပေါ့။ ဘယ်သူပြောနိုင်မလဲ သူဒီဇိုင်နာ ဖြစ်မလာဘူးလို.။ ကိုယ်လည်းမော်ဒယ်တော့မဟုတ်ဘူး။ ဒါပေမယ့် တတ်သမျှ မှတ်သမျှ ပို.စ်လုပ်ပေးလိုက်ပါတယ်။
မော်ဒယ် - ခိုင်ဝေဇံ
ဒီဇိုင်နာ - အာဗြဲအိမ်ဇံ
ဒီဇိုင်နာ အာဗြဲ အိမ်ဇံ
Posted by khine wai zan
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment