Birthday Wishes!!

14th June, A girl was born.

A proud Gemini.

Selfish at times but soft-hearted.

Moody and Messy but merry and marvelous mostly and as playful as monkey.

She has a brain inside her chest and a heart inside her head.

Sometimes she is too honest that she becomes a dumbass.

Considered too outgoing, too liberal for her society that she becomes an outcast.

She loves food over family.

She likes to talk to herself whenever she is alone.

She loves the feeling of being bored. :)

She is like a durian. She lives inside a tough thorny outer shell  and doesnt let people come closer to her but she is sweet. Like durian, some people despise her but some people love her to death.

She hates emo and metrosexual guys.

She accepts homosexuality and she thinks there is nothing wrong with two people falling in love with each other no matter what gender they are of.

She wishes for just a simple life and she thinks that life is not meant to be taken seriously.

She never pray but she keeps Buddha in her heart.

She looks for a sense of humour and sincerity in a guy and found one qualified guy.

She can be extremely smart but equally dumb at times and she loves to make fun of herself.

She follows her heart on no matter what she does and she is correct most of the time but when she tries to calculate with her brain, that is when she goes wrong.

If her personality has to be summerized in one word, that would be UNPREDICTABLE .

And she knows very well that she is still immature.

And she still loves who she is despite knowing her flaws. And she wishes that she could be funny, silly, crazy and grouchy person as she is for the rest of her life. And that she could eat till her heart contents every single day for her whole life.
-----------------------------------------------------


Lord... May she be having all the food that she likes in her whole life.

:D:D

It is good to talk about your own self . Isn't it????? Anyway, I am blessed with a loving family, a caring boyfriend, great friends and great colleagues. What more possibly could I ask for my birthday right??? Feels like I am already near perfect as a human being.. a hee.

Anyway, here is special message to my boyfriend..... Below is my sis's message to my boyfriend and it can summerize whatever I want .... Darling...you must fulfill those wishes....... :)

*******
I think she is really lucky to have u. And I do know that she is sometime unpredictable and really different from other naive kind of rakhine tha ma. But that's who we r and that's what will make the boring lifelong marriage interesting. Love her for what she is although I know u already did. Treasure her as I regardless of thinking that I m better than her, take her as a blessing of my life. And most importantly let her think the way she wants, let her do what she wants, let her handle things which she likes . And let her be who she is. And just try to get out of the mundane couple routine who marry, have babe and die. :) I even if I can't force myself to talk to u, wish u guys the best things which a human can possibly gets.


:) take care of her well ok,

Ps. My eyes are all teary .. Gosh I can be a best seller

*******
haha.. love her words.

Have a great day ahead people.
With Love,
Khine Wai Zan

ဟိုရောက်ဒီရောက်

အခုတလော ဘလော့ ရေးဖို. အချိန်မရပါဘူး။ အိုတီတွေနဲ. နေ.လည်း မအား ညလည်း မအား၊ အားတဲ့ အချိန်လေးမှာ ပြေးအိပ်ရသေးတယ်ဆိုတော့ ရေးဖို.အချိန်မပေးနိုင်ဘူး။ ရေးဖို.အကြောင်းအရာ ရှာမရတာလဲ  ပါတယ်။ ဘာရေးလို. ရေးရမှန်းကို မသိဘူး။

ကိုယ်ဘလော့ရေးတာကို ရပ်လိုက်ရမလားစိတ်ကူးတယ်။ တခါတခါပေါ့။ ကိုယ့် မိဘကလည်း မကြိုက်ဘူး။ ကိုယ့် ဘဲက လည်းမကြိုက်ဘူး။  ပရိသတ်ကလည်း အဲလောက်ရှိတာမဟုတ်ဘူး။ ဒါပေမယ့် မရပ်ချင်ဘူး။ ကိုယ်အသက်ကြီးလို. ကိုယ့်ဘဝကို ပြန်ကြည့်တဲ့အချိန်မှာ ဒီဘလော့က ကိုယ့် Biography ပဲလေ။ အသက် ၂၅ နှစ်မှာ ကိုယ်ဘာတွေစဉ်းစားနေခဲ့လဲ။ ကိုယ် ဘာတွေလုပ်နေခဲ့လဲ ဆိုတာကို ဒီဘလော့ က ပို.စ်အဟောင်းလေးတွေ ပြန်ဖတ်ပြီး ပြန်သိလာရမှာပေါ့။ ကိုယ့် ဒိုင်ယာရီတောင် ပျောက်သွားရင် ရေးထားသမျှဆုံးရှုံးအုံးမယ်။ ဒါကတော့ ပျောက်ပျက်စရာ အကြောင်းမရှိတော့ဘူး။ မကောင်းတာက ကိုယ်ရေးထားသမျှကိုယ်ပြန်ကြည့်လို.ရသလို သူများလည်းပြန်ကြည့်လို.ရတယ်။ ကိုယ်ရူးတာ လူသိတာပေါ့။

ဒါပေမယ့်လည်း လူသိများတဲ့ ဘလော့ တခုမဟုတ်တဲ့ အတွက် ကိုယ်ကတော့ သိပ်ဂရုမစိုက်ပါဘူး။  အခု မရေးတာ နည်းနည်းကြာပြီဆိုတော့ အဆက်ပြတ်မသွားအောင် ကိုယ် Zoo သွားတုံးက ပုံလေးတွေတင်ပေးလိုက်တယ်။ အများကြီးမဟုတ်ပါဘူး။ မပူနဲ. ။ ကိုယ့်ပုံလည်း မပါဘူး။  အကောင်ဗလောင်တွေကို လျှောက်ရိုက်ထားပြီး ကိုယ်ပြန်ကြည့်တိုင်း ရယ်ချင်နေလို. ရယ်ရအောင် ရှယ်ပေးလိုက်တာ။

ရိုက်ခဲ့သမျှထဲမှာ သဘောအကျဆုံးပုံကတော့ ပိုလာ ဝက်ဝံရဲ. ခံ့ခံ့ကြီးနဲ. စန်.စန်.ကြီး ဇိမ်ခံနေတဲ့ပုံပါ။ သူ.ကတော့  ကိုယ်တို.လို ငပျင်းဂိုဏ်းဝင် ဖြစ်ပုံရတယ်။ ဒါပေမယ့် ကိုယ်တို.ထက်သာတယ်။ အစာကျွေးမယ့်လူအဆင်သင့်နဲ. အအေးခန်း လုပ်ပေးထားတယ်။ အဲဒီနေ.က ရာသီဥတု သိပ်မပူတော့ အဲယားကွန်း အခန်းထဲကထွက်ပြီး ရေကန်ဘေးမှာ နေပူစာခံနေလားမှမသိ။ 

ဒီမျောက်ကတော့ ခြေ၂ဖက်ရော လက်၂ဖက်ပါမိုးပေါ်ထောင်ပြီး အုန်းရွက်နဲ. ကစားနေတာ။ ကိုယ်မြင်တုန်းကတော့ အူလိမ့်နေအောင်ရယ်မိတယ်။ ဓါတ်ပုံရိုက်တော့ Angle သိပ်မကောင်းလို. ဘာပုံမှန်းမသိဖြစ်နေတယ်။း)

ဒီငှက်ကတော့ သူများငှက်တွေ အထဲဝင်ပြီးပုန်းနေကြတဲ့အထဲမှာ တမူထူးခြားပြီး ဓါတ်ပုံရိုက်သူမှန်သမျှကို Show Off လုပ်နေတဲ့အတွက် ရိုက်ယူခဲ့တာပါ။ အပြင်မှာ ဒီလောက်လှတယ်လို.မမြင်ရပါဘူး။ Flash နဲ. ဆွဲရိုက်လိုက်တော့မှ အလှကြီးလှနေတော့ ကိုယ်နဲ. အဖြစ်ချင်းတူလို.။ အဟီး။

အဲလိုမြွေတကောင်လောက် Pet အဖြစ်နဲ.မွေးချင်တယ်။ ကိုယ်က မြွေကို အရမ်းလည်း ကြောက်တယ်။ အရမ်းလည်း စိတ်ဝင်စားတယ်။ မြွေနဲ. ဓါတ်ပုံရိုက်လို.ရတဲ့ နေရာကို ရောက်တိုင်း အား ၁နာရီလောက် ထုတ်မွေးပြီးတော့ မြွေကို လည်ပင်းမှာပတ်ပြီး ရိုက်ဖို. ကြိုးစားပေမယ့် ခုထိ မအောင်မြင်သေးပါဘူး။  မြွေကို ကြည့်နေရမယ်ဆိုရင် ၁နာရီလောက် ထိုင်ပြီးကြည့်နေရလည်း မပျင်းဘူး။  အဲ မြွေသားလည်းကြိုက်တယ်။ မြွေသားစားဖူးတယ်။ ဆိုးပါဘူး။ စားလို.ကောင်းတယ်။ နည်းနည်းတော့ မာတယ်။ နောက်တခါ စားချင်သေးတယ်။ ဗီယက်နမ်ရောက်ရင် မြွေသားသွားစားမယ်။ မြွေသွေးအရက်လည်း သောက်ကြည့်ချင်သေးတယ်။ အဲ ပြောရင်းပြောရင်းဘယ်ရောက်သွားမှန်းမသိတော့ဘူး။  ဆောရီး။

အရှည်ကြီးအစအဆုံးရေးချင်ပါတယ်။ ပျင်းလို.။ တိရိစ္ဆန်ရုံပဲ ဘယ်သူမရောက်ဖူးတာမှတ်လို.လို. မပြောနဲ.။ ရေးတတ်တဲ့လူရေးရင် စာဖြစ်တယ် နော်။ မရေးချင်လို.။  ဒီလောက်ပဲ။ နောက် ဘလော့ပို.စ်တခုကို တော့ စင်္ကာပူ က တွေ.ခဲ့ကြုံခဲ့ရတဲ့ လူတွေအကြောင်း  ကိုရေးမယ်လို.စိတ်ကူးတယ်။

By the way, ကိုယ့်မွေးနေ.နီးလာပြီ။ ကိုယ်စိတ်ညစ်တယ်။

စားနိုင်ရင်ကိုယ့်ဖို.။
ခိုင်ဝေဇံ

မြန်မာ ဂီတလောက က ဆွဲချများ

ဒီတစ်ရက် နှစ်ရက် အတွင်းမှာ မြန်မာသီချင်းအဟောင်းတွေ ကိုတော်တော် နားထောင်ဖြစ်ပါတယ်။ ကိုယ်က Classical Music ကြိုက်တယ်။ ငယ်ငယ်တည်းကပါ။  မြန်မာခေတ်ပေါ်သီချင်းတွေကို Acid အဖွဲ. ပေါ်လာပြီးတည်းက သိပ်နားမထောင်ဖြစ်တော့ပါဘူး။ အခုမြန်မာပြည်နဲ. ဝေးနေတဲ့ အချိန်အတွင်းမှာ မြန်မာပြည်က အသစ်ပေါ်တဲ့ နောက်ပေါက် အဆိုတော်တွေနဲ. သီချင်းတွေကို ပြန်နားထောာင်တဲ့အခါ ဘယ်လိုမှနားထောင်လို. မရတော့ဘူး။ ဒီတလော မြန်မာသီချင်းတွေ အသစ်ရော အဟောင်းရော ပြန်နားထောင်ပြီး ယှဉ်ကြည့်တဲ့ အခါမှ မြန်မာ ဂီတလောက ဘယ်လောက် ကမောက်ကမ ဖြစ်နေလဲဆိုတာ သတိထားမိတယ်။

ကိုယ့်ဘလော့မှာ တခါရေးဖူးတယ်။ ခုရန်ကုန်မှာ အိမ်ထဲကနေလမ်းထိပ်ကို ထွက်ရင် အဆိုတော် ၄ ယောက် ၅ ယောက် ကို ခလုပ်မတိုက်ပဲနဲ. မရောက်ဖူးလို.။ ရက်ပါတွေဆိုတာ ဟောတစ်ယောက် ဟောတစ်ယောက်နဲ. ဇီးသီးပင် ကိုလှုပ်ချလိုက်တဲ့အတိုင်းပဲ တဖြောက်ဖြောက်နဲ.ကြွေကျကြတယ်။ ဘာဆိုလို. ဆိုနေမှန်း ကိုယ်လည်းမသိသလို သူတို.ကိုယ်တိုင်လည်း သိချင်မှသိမယ်။ အဲ သူတို.လုပ်လို. မြန်မာ ဂီတ အဆင့်အတန်းနိမ့်သွားတယ်လို. ပြောရင် လွန်ရကျမယ်။ သူတို.ရေးတဲ့ သီချင်းကို ကွမ်းယာရောင်းတဲ့ ကုလားတောင် စပ်တတ်တယ်။ ပိုက်ဆံမရှိလို. ခွေမထုတ်တာပဲရှိမယ်။  ကိုယ်တို. အလုပ်မှာ Graph Reading လုပ်ရတာရှိတယ်။ Average ကြည့်တဲ့သဘောပေါ့။  အဲဒီ ဂရက်ဖ်ထဲမှာ ဘယ်လောက်ပဲ ကောင်းကောင်း Outlier လို.ခေါ်တဲ့ Low Point (Defect) တွေပါလာလို.ရှိရင် Overall performance ကလျော့သွားပါတယ်။ အခုလဲ မြန်မာ့ဂီတလောကရဲ. Outlier  ဆွဲချတွေကို List လုပ်ပြမယ်။

၁။ ခေါတ်ပေါ် ရက်ပါ ၊ဟစ်ဟော့ပါ များ

အခုမှ ဥကပေါက်ခါစ ရှိသေး ဒီဂျေပွတ်မယ် ဆိုတာကြီးပဲ။ လမ်းဘေးမှာပျော်တယ်၊ လမ်းဘေးမှာ သီချင်းစပ်မယ်။ အရက်နဲ. ဆေးခြောက်နဲ. ဒေါ်လာနဲ. Bling Bling နဲ. NYC ဦးထုပ်ဆောင်းပြီးဓါတ်ပုံရိုက်နိုင်ရင် ခေါတ်မီတယ်။ လူမည်း Music ကိုအတုယတာထားတော့ ပြောတာဆိုတာ ဝတ်တာစားတာက အစ အတိအကျလိုက်လုပ်စရာမှ မလိုတာ။ စကားပြောရင်လည်း လူလိုမပြောဘူး။ Yo တို. Mother Fucker တို. ကိုလည်း ထည့်ထည့်ပြောရသေးတယ်။ ဟဲ့ ဟိုက မူရင်းတွေ။ သူတို. ဂိုက်နဲ.ဆိုက်နဲ. ဘောင်းဘီပွပွဝတ်ရင်လည်းကြည့်ကောင်းတယ်။ စွပ်ကျယ်ဝတ်ရင်လည်း ကြည့်ကောင်းတယ်။ ဘလင်းဘလင်း ဝတ်လည်းကြည့်ကောင်းတယ်။ နင်တို.က အပွား။  မြန်မာက ဟာတွေက အရပ်က တစ်ထွာ တစ်မိုက်နဲ. ခွေးပစ်တဲ့ တုတ်တွေက ဘောင်းဘီ ဂွမြေလူးဝတ် ပြီး အရောင်ထွက်ပြီးရော ဆွဲကြိုးအတုတွေဝတ်၊ နံကြားပိန်လေးတွေနဲ. စွပ်ကျယ်ဝတ်တာကတော့ လူမြင်လို. မကောင်းဘူး။  ကိုယ်နဲ. လိုက်မှန်းမသိ မလိုက်မှန်းမသိ။

ဂျေမီကတော့ ထားလိုက်ပါတော့။ လုပ်ပြနေတယ်။ ကြိုးစားနေတယ်ပေါ့။  ကောင်းပါတယ်။  ဒါပေမယ့် စကား၂ခွန်းပြောတာ Fuck အခါတရာလောက်ထည့်ပြနေဖို. မလိုအပ်ဘူး။ 

အက်ဆစ်ပေါ်တဲ့အထိ လိုက်မီပါသေးတယ်။ ခံစားလို.ရတယ်။ ကျော်သူစိုးဆိုရင် လည်း အင်း ဒီလိုဆိုတော့လည်း ဟုတ်ပေသားပဲလို.။ သားစိုးက ကဂျိုးကဂျောင် ဟစ်ဟော့နဲ. မြန်မာသံ ပေါင်းတာလည်း ကိုယ့်လမ်းကိုယ်ဖောက်ကြည့်တာပဲ လို. နားလည်ပေးနိုင်သေးတယ်။ ဒါပေမဲ့ ဒါလက်ကုန်ပဲ။  Examplex ထွန်းထွန်း တို.ပေါ်လာတော့ စိတ်ကုန်သွားပြီ။ အသံရယ်လို.လည်း မကောင်း၊ သံစဉ်စာသားရယ်လို.လဲ အဓိပ္ပါယ်မရှိဘဲနဲ. ကော်ပီလေးတွေဆိုပြီး အဆိုတော်ဖြစ်သွားကြတာ။ နောက်တော့ ဘာတွေမှန်းလဲမသိတော့ဘူး။ Punk Rock လားဘာလားမသိတဲ့ Antibiotic တို.  နောက်ပေါ်လာတဲ့ ကြက်ဖလားဘာလား ရှိပါသေးတယ်။ ဒီလောက်ပဲ ဟစ်ဟော့လောက ကိုငုံ.ကြည့်နိုင်မယ်။ ခုနောက်ပေါက်လေးတွေကတော့ လာမမေးနဲ.။ ဟိုးအောက်ကိုရောက်သွားတော့ မငုံ.နိုင်တော့ဘူး။ အသက်ကြီးလာတော့ ငုံ.ရင် သွေးတက်တယ်။

အဲမိန်းမတွေကလည်း မညံ့ပါဘူး။ လာသေးတယ်။ လိမ္မာလိုက်တဲ့ ငါ့သမီးလေးဆိုတဲ့ စန္ဒီမြင့်လွင်။ အသံက ဘယ်ကီးနဲ.မှ မကိုက်ဘူး။ အေးလေ စင်ပေါ်တက်ပြီး စကားပြောရုံ ပြောရတာဆိုတော့လည်း အသံကောင်းစရာ မှမလိုတာ။ လျှောက်အော်နိုင်ရင် ပြီးတာပဲ လို.သဘောထားလိုက်ရတယ်။

အဲ အဆိုးတွေကြားက အကောင်းနည်းနည်းပြောမယ်။ မျိုးကျော့မြိုင် ရှိသေးတယ်။ နောက်ပေါ်တဲ့အထဲမှာ ရသ မဆိုးဘူး။  ကျန်တဲ့ဟာတွေက ဖွတ်ရွှတ်ဒိုင်း။

၂။ သီချင်းဆိုချင်သော မော်ဒယ်များ

တချို.လည်း အောင်မြင်တယ်။
ဥပမာ -  စိုင်းစိုင်း ၊ ဝိုင်းစုခိုင်သိန်း (အတိုင်းအတာ တစ်ခုထိ)

ဖွတ်ချီး
ဥပမာ -  နန်းစုရတီစိုး (လက်လျှော့ပုံမရဘူး၊ ဟိုနားတက်ဆို ဒီနားတက်ဆို လုပ်တုန်း)

ဘယ်တစ်ယောက်ကမှ မကောင်းပါဘူး။  စိုင်းစိုင်းကကော ဘယ်လောက်ကောင်းနေလို.လဲ။ စာသားလေးတွေ  ကတော့ မဆိုးပါဘူး။ ကိုယ်ပိုင်ဘယ်နှစ်ပုဒ်ရှိလဲ။ ကော်ပီတွေကို စာသားထည့်ထားတာပဲ ရှိတယ်။  အသံကတော့ ၁၀ ပေးရင် ၅ သာသာပဲရှိတယ်။ ကော်ပီဆိုတာချင်းအတူတူ ချစ်ကောင်းကို မီလား။ အောင်မြင်တာတော့ အောင်မြင်တာပေါ့။ အောင်မြင်တိုင်း အရည်အချင်းရှိတာမဟုတ်ဘူး။

မော်ဒယ်တွေရဲ. သီချင်းတစ်ပုဒ် ကို ဥပမာထည့်ပေးထားတယ်။ နားထောင်ကြည့်ပေါ့။



၃။ ဝါသနာပါပြီး ပိုက်ဆံပေါတဲ့လူတွေ

ဝါသနာ  (ရှိ)
ပိုက်ဆံ (ရှိ)
အရည်အချင်း (မရှိ)

ဥပမာ - နေရဲမာန်

ကြားဖူးကြရဲ.လားမသိဘူး။ ပရိုမိုးရှင်းတွေအကြီးအကျယ်လုပ်တယ်။ အမ်တီဗွီ ရိုက်ရင် နာမည်ကြီးပေ့ဆိုတဲ့ မင်းသားတွေကို ၆ ယောက်လောက်ပြိုင်သုံး။ Billboard အကြီးကြီးတွေထောင်။ ခွေရောင်းတဲ့နေ.ကျရင် မင်းသားတွေကို လက်မှတ်ထိုးခိုင်းတယ်။ တီဗွီတွေ ကတ်ဆတ်တွေ ကံစမ်းမဲဖောက်တယ်။ တချို.သီချင်းလေးတွေ မဆိုပါဘူး။ ဒါပေမယ့် ခြုံကြည့်လိုက်ရင်တော့ သူလည်း သင်္ကြန်အမြှောက်ပါပဲ။

ကြိုးစားရှာပါတယ်။ ဒါပေမယ့် မဖြစ်နိုင်ပါဘူး။ ဒါခဏပဲရမယ်။  ရေရှည်ထိ ပရိတ်သတ်ကို ထိန်းထားချင်ရင် အနုပညာ အရည်အချင်းနဲ.မှရမယ်။  ပရိုမိုးရှင်းနဲ. မရပါဘူး။ နားထောင်ကြည့်ပေါ့ နေရဲမာန်ကို မသိရင်


၎။ ပေါပေါလောလော မြန်မာသံစဉ်များ

တွံတေးစိုးအောင် ခေတ်တည်းက စပါတယ်။ သူက အရည်အချင်းမရှိတာမဟုတ်ဘူးနော်။ ရှိတယ်။ မယ်ဒလင် တလက်နဲ. ဖြစ်အောင်  လုပ်ပြသွားတာ။ ရက်ပါတွေ ရှက်တက်ရင် လဲတောင်သေဖို.ကောင်းတယ်။ သူတို.မှာ ဒီလောက် ဝတ်စားရတာ နည်းတဲ့ ငွေမဟုတ်ဘူး။  စိုးအောင် အသံကလည်း မဆိုးပါဘူး။ တွံတေး သိန်းတန်တို. ခေတ်က ဆိုတော့ ဒီလိုင်းက ဒီအသံမျိုးနဲ.ပဲ ရတာကိုး။ သူက ယောင်ဝါးသွားတာ။ သူနာမည်ကြီးတာ ၃နှစ်လောက်ရှိမယ်။ သီချင်းကို အားချင်းထိုင်ရေးပြီး ခွေကို စက်နဲ.ထုတ်သလို လှည့်ထုပ်သွားတယ်။ နောက်ဆုံးတော့ သံစဉ်ထပ်သွားတယ်။ တခါလာလည်း ခပ်ဆင်ဆင် ဒီသံစဉ် ဒီစာသားပဲဖြစ်သွားတာ။ ငသိုင်းများပြီး ဟင်းဟုန်သွားတဲ့သဘော။ နောက်ဆုံးကျတော့ တွံတေး သိန်းတန်သီချင်းက တင်တယ်။ တွံတေး စိုးအောင်သီချင်း မတင်ဘူး။ ပျောက်ထွက်သွားတယ်။ နောက်ပိုင်းပေါ်တာတွေကတော့ အမည်ချပြလို.တောင် မရပါဘူး။ ပေါက်တာ ဘယ်နှစ်ခွေပါလဲ။ အရင်တလောတုန်းကတော့ မြန်မာသံ နတ်သီချင်းတွေကို Techno နဲ.ရောထားတဲ့ သီချင်းတစ်ခွေတွေ.လိုက်တယ်။ ဒီလိုပါပဲ။ လမ်းအသစ်ထွင်ကြည့်တာတော့ နားလည်ပေးလို.ရတယ်။ မြန်မာသံက နောက်ပိုင်းထွက်တဲ့ ကိုယ်ပိုင်သံစဉ်အခွေတွေက လက်ချိုးရီလို.ရတယ်။  ထွက်တော့လည်း မပေါက်ဘူးလေ။ အားလုံးက ပြန်ဆိုတွေချည်းပဲ။ ကြည်ကြည်ဌေးတို.ခေတ်က ဟာကို တင်တင်မြတို.ကဆို။ တင်တင်မြခေတ်ကဟာကို ဟေမာနေဝင်းတို.ကဆို၊ ဟေမာနေဝင်းဆို.ခေတ်ကဟာကို ရေဘက်ကာဝင်းတို.ကဆိုနဲ. ပတ်ချာလည်ရိုက်နေကြတယ်။ ခုနာမည်ကြီးတဲ့ သီချင်းအားလုံးကိုကြည့်ရင် အရင်သီချင်း ဆိုကောင်း လေးတွေကို ရက်ပ် တစ်ပိုဒ်စီထည့်ထားတာ။ ဒီလောက်ပြန်ဆိုရင်လဲ တော်ကြရောပေါ့။

၅။ နောက် ဆွဲချတွေကတော့ ပိုက်ဆံမြင်ရင် ထုတ်ပေးတဲ့ ပရိုဂျူဆာတွေ၊ ဖြစ်သလိုရေးပေးတဲ့ တေးရေးတွေ၊ ဖြစ်သလိုရိုက်ပေးတဲ့ ဒါရိုက်တာတွေ၊ ကိုယ့်သားသမီး အရည်အချင်းမသိ ပရိသတ်ကို နားဒုက္ခပေးလို.ရအောင် ပိုက်ဆံထုတ်ပေးတဲ့ မိဘတွေလည်းပါပါလိမ့်မယ်။

ဒီအကြောင်းအရာတွေအားလုံးက ကိုယ့်ရဲ. လူပိန်းအမြင်လေးနဲ.ရေးတာနော်။ Music အကြောင်းကို နားလည်လွန်းလို.မဟုတ်ဘူး။ သီချင်းတွေကို ခံစားဖို.အတွက်  ဒီဂရီမလိုဘူးလေ။ လူပိန်းတောင်မှ ဒီလောက် Impressed မဖြစ်ရင် တကယ်တတ်တဲ့သူတွေဆိုရင် ဘယ်လောက်များ ခေတ်ပေါ်တေးဂီတနဲ. ပေါ်ပင်သမားတွေကို မြင်ပြင်းကတ်လိုက်မလဲမသိဘူး။

ခုကိုယ်တို.ဘဝက နင်တို. မြန်မာသီချင်းတစ်ပုဒ်လောက်ဖွင့်ပြစမ်းပါဆိုရင် တကယ်ဘာကို ပြလို.ပြရမှန်းမသိဘူး။ ဇော်ဝင်းထွဋ် တို.ခေတ်ကတည်းက ကူးချထားကြတာဆိုတဲ့ နိုင်ငံကျော် ရောခ့်ကာတွေကို လုံးဝချမပြရဲပါဘူး။ ဒီဘက်ခေတ်ရက်ပါတွေကလည်း အသုံးမကျ၊ ဟစ်ဟော့တွေကလည်း အမြီးအမောက်မတည့်။ အင်း မိုးညှင်းသံမ္ဗုဒေ ပဲ ဖွင့်ပြစရာကျန်တော့တယ်။

ဝင်းဦးတို.လို ရုပ်ချော အသံကောင်း စာရေးတတ်တဲ့ ပရိုဂျူတာ ဒါရိုက်တာ တွေဘယ်တော့များမှပေါ်လာပါတော့မလဲ။ ခုပေါ်တဲ့ ထွန်းထွန်းကို ဝင်းဦးနဲ. နှိုင်းတဲ့လူကရှိသေးတယ်။  အမလေး နံသာဆီနဲ. အီး။ ဘာမှ မဆိုင်ဘူး။ ထွန်းထွန်းဆိုတာ ပေမမီ ဒေါက်မမီ၊ အသံကမကောင်း၊ ရုပ်ရည်ကလည်း မရှိနဲ. ဟာကို။

ထားလိုက်ပါတော့။ မကောင်းတာတွေပြောရရင် ပြောလို.တောင် ဆုံးမှာမဟုတ်ဘူး။  ခုခေတ်ပေါ်တွေထဲက ကောင်းတဲ့လူတွေကိုတော့ ရေးပေးလိုက်ပါတယ်။

၁။ blackhole (နာမည်ပေးပုံကိုတော့ သဘောမကျပါဘူး။ ဘလက်ဟိုး ဆိုပဲ။း(     ....)
၂။ L မောင်နှမ ( L လွန်းဝါနဲ. L ဆိုင်းဇီ)
၃။ ရသ
၎။ သားစိုး
၅။ ဗညားဟန် (မြန်မာသံ)

ရေးရတာ မောတယ်။  ရော့ နားထောင်ကြည့်။ မြို.မငြိမ်းရေးတဲ့ ကသစ်ပန်း။  အခုခေတ် ရက်ပါခေါင်း အလုံးတသောင်းပေါင်းပြီး ရေးရင်လည်း ဒီလို စာသားတွေ ဒီလိုသံစဉ်တွေ မရတော့ဘူး။



ရေးရတာ ရှည်တော့ မောတယ်။ ထမင်းသွားစားအုံးမယ်။
စားနိုင်ရင် ကိုယ့်ဖို.ပဲ။
ခိုင်ဝေဇံ

အမေနေ. အမှတ်တရ ညစာ

ကဲ မရေးတာကြာလို. ဘာရေးရမှန်းတောင် မသိဘူး။ ဖြစ်နေတယ်။


အမေက ဘလော့ရေးတာမကြိုက်ဘူး။ အိမ်မှာရေးရင် အဆူခံထိတော့ ရေးလို.မရဘူး။ လက်ပ်တော့ပ် ကလည်း ပျက်နေတယ်။ အလုပ်က ကွန်ပျူတာကလည်း မြန်မာဖောင့် အင်စတော လုပ်လို.မရဘူးဆိုလို. ဘလော့နဲ. အဆက်အသွယ်ပြတ်သွားတာ ခုမှပဲ ပြန်စရမှာပါ။ ဖတ်နေကျ လူတွေတောင်မှ အသစ်မတင်တာကြာလို.  လာဖတ်ဖြစ်တော့မှာမဟုတ်ဘူး ထင်တယ်။

ပုံမှန်တင်နိုင်အောင်တော့ ကြိုးစားရမယ်။ ရခိုင်ဘလော့ တခုလည်း လုပ်နေတယ်။ ရခိုင်အစားအသောက်နဲ. ပတ်သတ်ပြီးပဲလုပ်ချင်တာဆိုတော့ ကိုယ်ကလည်း မချက်တတ်တာနဲ. ဓါတ်ပုံ source က ဘယ်က ရှာရမှန်း မသိဘူး။ ဖြည်းဖြည်းတော့ လုပ်ယူရမယ်။  ရခိုင်ဘလော့ကိုတော့ နောက် ၃ လလောက် အချိန်ယူရမယ်။ ရခိုင်စာဖတ် ပရိသတ်ကလည်း မများဘူး။ ကိုယ့် အသိအကျွမ်းကလည်း မရှိဘူးဆိုတော့ လုပ်သာလုပ်ရမှာ အားမရှိပါဘူး။  ဒီမှာ လုပ်ထားတဲ့ ရခိုင်ပို.စ်တွေကိုလည်း ဟိုဘက်ပြောင်းရမယ်။

လောလောဆယ်တော့ Mother's day တုန်းက ဆူရှီတေးမှာ သွားစားဖြစ်ခဲ့တဲ့ ဓါတ်ပုံလေးတွေ တင်ပေးလိုက်တယ်။ မှတ်မိသေးလား Tatsuya ဆူရှီမှာ မစားရမချင်း ဆူရှီအကြောင်းမရေးဘူး လို.ပြောခဲ့တာ။ မစားဖြစ်ပါဘူး။ ဒီလလည်း စားဖြစ်မယ် မထင်ဘူး။ အလုပ်၊ vacation၊ စာမေးပွဲ ရယ် အမေ ရောက်နေတာရယ် ပေါင်းတော့ ယားရင်ကုတ်ဖို. လက်တောင် ငှားရမဲ့သဘောရှိတယ်။

ဘာပဲ ပြောပြော အမေနေ.မှာ အမေရောက်လို. အမေနဲ. အတူစားရတာကိုက ကံကောင်းလို.ပါ။း)

Tradational Sumo Hotpot
Salmon Belly
Sushi Platter
Sushi ကတော့ အကောင်းဆုံးပါပဲ။  အစိမ်းအတိုင်းမဟုတ်ပဲ  light grilled လေးလုပ်ပေးထားတယ်။ ဒါမျိုးကတော့ ၁၀ ပွဲလောက် အသာလေး။း)
Phoenix sushi roll
juicy lobster wrapped with rice and topped with big chunk of unagi and some sprinkle of fish roe... Nom Nom Nom

The last but not the least,  the one and only


ME


Preparing to dig in

း)

စားနိုင်ရင် ကိုယ့်ဖို.ပဲ။
ခိုင်ဝေဇံ

Been to ' Henderson waves'

I am not sure about others but it is not so long ago that I know this place exists.  Want to get in touch with green? Why dont we take a walk over the bridge??

Henderson waves @ night
Photo source;https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpyWLDpt4ATe3agzsQNXBkwiLJnWuJdhPpLCcuNyc5zVm2FTCZFqokfsZNVddzICxeoIoFpgRF28GT_-hBX5SAyqKCaBvtwuouZz53frM9CJPHgF1XuZ1FECjzxkDsBieRJ4N5Ox960BEi/s400/henderson-wave-bridge.jpg
@day 
photo credit; https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgo_F59YHAHoP-pY0-acH4_lkHySVKtuDC0fL88XcJ1SS_8EgfzExLsWx179BWW01WzFrehnzOTi-xyquHjieUA-3NNp-58swYewiEuw6rCuKyXP_ieqfA7zOhYmvbzaYUSSL7luIh0CwBc/s400/normal_southern-ridges-henderson-waves-9.jpg

Mom taking a walk
Scene from the bridge
 The bridge is connected to Hort Park, Telok Blangah hills park, Mount Faber Park, and Kent Ridges park. Its good to get in touch with green sometimes. :)
@ Telok Blangah hills park
That particular spot  makes you feel like you are on vacation @ some European countries' hillside. 
Can spot me and mom waving???? :D @ That walk is awesome. 

Singapore doesnt have much green spots which makes you feel like you are home @ Rakhine but I am glad I found some. Pity on those Yangon thu/thar as they might not have much memory of Scenery like this. I grew up in Rakhine which wall is Rakhine Roma Mountains on one side and  endless ocean, Bay of Bengal on the other side. I grew up breathing the fresh sea breeze everyday and playing up and down the hills. I had my time as a kid and I considered myself as very lucky to grow up in that environment and in that society. I wish I could go back on coming 2012. I swear I would make a Travel documentary out of the trip.

Khine Wai Zan





I-SOMETHING

With Apple I phone/I pod/ I pad taking over the world, I present you things that I belong from 'I - something' Series.

1. I pod shuffle

2. I pad

3. I PooP
hehe.
Khine Wai Zan

Too precious not to upload!!



MBK မှာ ဒစ်စကောင့် ချတာတွေအားရဝမ်းသာ ဝင်ကြည့်တာ ခလုပ်တိုက်မလို.နည်းနည်းလေးပဲလိုပါတော့တယ်။ အင်းကျီထုပ်တွေ ချထားတယ်ထင်နေတာ။ ဘယ်ဟုတ်မလဲ ။ ကလေးလေး တယောက်မောပြီး အိပ်နေတာ။ ဘေးနားက အကြီးအကျယ် အင်းကျီရွေးနေကြတဲ့ လူတွေကလဲ သတိထားမိပုံမပေါ်ပါဘူး။ သူ.အမေနဲ. အဖေလဲမတွေ.ဘူး။ ချစ်စရာကောင်းလွန်းလို. ကိုယ်ဓါတ်ပုံရိုက်လိုက်တယ်။ ခဏကြာတော့ လူတွေဝိုင်းအုံလာကြတယ်။ ထိုင်ကိုကြည့်နေကြတာ။ တိုးရစ် တယောက်က အမေဘယ်မှာလဲ ဆိုတော့ ရုတ်ရုတ် ရုတ်ရုတ်နဲ. သူ.အမေကို ရှာကြတယ်။ အဲဒီအခါကျတော့မှ အင်းကျီဇောနဲ. ဟိုးဘက်ရောက်နေတဲ့ အမေက ပြေးလာပြီးခေါ်သွားတယ်။ အံ့ရော။ ကိုယ့်ကလေးကိုမေ့သွားတဲ့ အမေကတော့ အာဂအမေပဲ။ ကလေးက လူတွေအများကြီးကြားမှာ ကြမ်းပြင်မှာ အိပ်နေတာ။ တက်နင်းမိသွားရင် ဘယ့်နှယ်လုပ်မလဲ။ သူ.အမေကပြေးလာပြီး ကောက်ချီတော့ အတောင့်လိုက်ကလေး အိပ်ပြီးပါသွားတယ်။ ဟီးဟီး။  တကယ်ပါပဲ.။