အမေနေ. အမှတ်တရ ညစာ

ကဲ မရေးတာကြာလို. ဘာရေးရမှန်းတောင် မသိဘူး။ ဖြစ်နေတယ်။


အမေက ဘလော့ရေးတာမကြိုက်ဘူး။ အိမ်မှာရေးရင် အဆူခံထိတော့ ရေးလို.မရဘူး။ လက်ပ်တော့ပ် ကလည်း ပျက်နေတယ်။ အလုပ်က ကွန်ပျူတာကလည်း မြန်မာဖောင့် အင်စတော လုပ်လို.မရဘူးဆိုလို. ဘလော့နဲ. အဆက်အသွယ်ပြတ်သွားတာ ခုမှပဲ ပြန်စရမှာပါ။ ဖတ်နေကျ လူတွေတောင်မှ အသစ်မတင်တာကြာလို.  လာဖတ်ဖြစ်တော့မှာမဟုတ်ဘူး ထင်တယ်။

ပုံမှန်တင်နိုင်အောင်တော့ ကြိုးစားရမယ်။ ရခိုင်ဘလော့ တခုလည်း လုပ်နေတယ်။ ရခိုင်အစားအသောက်နဲ. ပတ်သတ်ပြီးပဲလုပ်ချင်တာဆိုတော့ ကိုယ်ကလည်း မချက်တတ်တာနဲ. ဓါတ်ပုံ source က ဘယ်က ရှာရမှန်း မသိဘူး။ ဖြည်းဖြည်းတော့ လုပ်ယူရမယ်။  ရခိုင်ဘလော့ကိုတော့ နောက် ၃ လလောက် အချိန်ယူရမယ်။ ရခိုင်စာဖတ် ပရိသတ်ကလည်း မများဘူး။ ကိုယ့် အသိအကျွမ်းကလည်း မရှိဘူးဆိုတော့ လုပ်သာလုပ်ရမှာ အားမရှိပါဘူး။  ဒီမှာ လုပ်ထားတဲ့ ရခိုင်ပို.စ်တွေကိုလည်း ဟိုဘက်ပြောင်းရမယ်။

လောလောဆယ်တော့ Mother's day တုန်းက ဆူရှီတေးမှာ သွားစားဖြစ်ခဲ့တဲ့ ဓါတ်ပုံလေးတွေ တင်ပေးလိုက်တယ်။ မှတ်မိသေးလား Tatsuya ဆူရှီမှာ မစားရမချင်း ဆူရှီအကြောင်းမရေးဘူး လို.ပြောခဲ့တာ။ မစားဖြစ်ပါဘူး။ ဒီလလည်း စားဖြစ်မယ် မထင်ဘူး။ အလုပ်၊ vacation၊ စာမေးပွဲ ရယ် အမေ ရောက်နေတာရယ် ပေါင်းတော့ ယားရင်ကုတ်ဖို. လက်တောင် ငှားရမဲ့သဘောရှိတယ်။

ဘာပဲ ပြောပြော အမေနေ.မှာ အမေရောက်လို. အမေနဲ. အတူစားရတာကိုက ကံကောင်းလို.ပါ။း)

Tradational Sumo Hotpot
Salmon Belly
Sushi Platter
Sushi ကတော့ အကောင်းဆုံးပါပဲ။  အစိမ်းအတိုင်းမဟုတ်ပဲ  light grilled လေးလုပ်ပေးထားတယ်။ ဒါမျိုးကတော့ ၁၀ ပွဲလောက် အသာလေး။း)
Phoenix sushi roll
juicy lobster wrapped with rice and topped with big chunk of unagi and some sprinkle of fish roe... Nom Nom Nom

The last but not the least,  the one and only


ME


Preparing to dig in

း)

စားနိုင်ရင် ကိုယ့်ဖို.ပဲ။
ခိုင်ဝေဇံ

0 comments: