Too precious not to upload!!



MBK မှာ ဒစ်စကောင့် ချတာတွေအားရဝမ်းသာ ဝင်ကြည့်တာ ခလုပ်တိုက်မလို.နည်းနည်းလေးပဲလိုပါတော့တယ်။ အင်းကျီထုပ်တွေ ချထားတယ်ထင်နေတာ။ ဘယ်ဟုတ်မလဲ ။ ကလေးလေး တယောက်မောပြီး အိပ်နေတာ။ ဘေးနားက အကြီးအကျယ် အင်းကျီရွေးနေကြတဲ့ လူတွေကလဲ သတိထားမိပုံမပေါ်ပါဘူး။ သူ.အမေနဲ. အဖေလဲမတွေ.ဘူး။ ချစ်စရာကောင်းလွန်းလို. ကိုယ်ဓါတ်ပုံရိုက်လိုက်တယ်။ ခဏကြာတော့ လူတွေဝိုင်းအုံလာကြတယ်။ ထိုင်ကိုကြည့်နေကြတာ။ တိုးရစ် တယောက်က အမေဘယ်မှာလဲ ဆိုတော့ ရုတ်ရုတ် ရုတ်ရုတ်နဲ. သူ.အမေကို ရှာကြတယ်။ အဲဒီအခါကျတော့မှ အင်းကျီဇောနဲ. ဟိုးဘက်ရောက်နေတဲ့ အမေက ပြေးလာပြီးခေါ်သွားတယ်။ အံ့ရော။ ကိုယ့်ကလေးကိုမေ့သွားတဲ့ အမေကတော့ အာဂအမေပဲ။ ကလေးက လူတွေအများကြီးကြားမှာ ကြမ်းပြင်မှာ အိပ်နေတာ။ တက်နင်းမိသွားရင် ဘယ့်နှယ်လုပ်မလဲ။ သူ.အမေကပြေးလာပြီး ကောက်ချီတော့ အတောင့်လိုက်ကလေး အိပ်ပြီးပါသွားတယ်။ ဟီးဟီး။  တကယ်ပါပဲ.။

1 comments:

Kyaw Nyo Thway said...

ကလေးလေးအိပ်နေတာများ
ဖင်ကိုပေါ်.....လို့ ခိခိ :P