မန္တလေးစတိုင် Food Review

နွယ်နီလင်းဖုန်းဆက်တယ်။ ခိုင် စီးတီးဟောမှာ ဆိုင်အသစ်ဖွင့်တယ်။ အရမ်းကောင်းတာပဲ။ ခုပဲစားလာတာ။ အစားအသောက်ကောင်းတော့ နင့်ကိုသတိရလို. ဖုန်းဆက်လိုက်တာ။ နောက်နေ.သွားစားရအောင်။ မန္တလေးက သိလားတဲ့။  အဲကျတော့မှ ကိုယ်သတိရသွားတယ်။ Ah fa က ဆိုင်ဖွင့်ဖို.လုံးပန်းနေတာတော့သိတယ် အဲလောက်မြန်မယ်မှန်းမသိဘူး။ သွားရအုံးမှာပေါ့လေ။ Temasek Poly ကလူတွေ ကိုယ့် ကျောင်းက Entrepreneur ကိုအားပေးဖို.မမေ့နဲ.အုံး။

စီးတီးဟောက အင်းလေးဆိုင်နားရောက်တော့ ဘယ်တုန်းကလုပ်ထားမှန်းမသိတဲ့ Underpass လေးတခုတွေ.တယ်။ ဘယ်မှာတုန်းဆိုင်က ဆိုပြီးတော့ ကိုညီ့ကိုဖုန်းဆက်တော့ အဲဒီလှေကားလေးကနေတဲ့တဲ့ပဲတဲ့။ အဲဒါနဲ.ဆင်းလိုက်သွားတော့ ဖူနန် စင်တာရဲ့အောက်ဘက်မှာရှိတဲ့ ဆိုင်ကိုတန်းရောက်သွားရော။

မန္တလေးစတိုင်တဲ့ ဆိုင်နာမည်က။ ဆိုင်အခင်းအကျင်းလေးက ချစ်စရာလေးပါ။ မြန်မာပြည်က လဖက်ရည်ဆိုင်တွေလို ခုံပုလေးတွေနဲ.။ ထိုင်ချလိုက်တော့ ဗိုက်ကအဆီတွေတစ်ပြီးတော့ တင်းတောင်နေတယ်။ ဒီနှစ်တွေမှာ ဝလာတာ ရော၊ အဲလိုခုံလေးတွေနဲ. မထိုင်တာကြာလို.ရော ပေါင်းပြီးတော့ ထိုင်ရတာတမျိုးပဲ။ ပါလာတဲ့သူငယ်ချင်း၂ယောက်က စားပြီးပြီဆိုတော့ ကိုယ်ဂွကျသွားတယ်။ အဲဒါနဲ.ပဲ သူငယ်ချင်း recommend ပေးထားတဲ့ ဝက်ခြေထောက်စွပ်ပြုတ်ရယ် မာလာဟင်းတပွဲရယ် ပြီးတော့ မာလာဟင်းနဲ.တွဲစားမယ့် ပေါက်စီရယ်မှာလိုက်တယ်။ အကင်တွေက ညနေဖက် ၅နာရီနောက်ပိုင်းမှ ရတယ်ဆိုလို. မစားခဲ့ရဘူး။

မြန်ပါတယ် အော်ဒါက။ အဲဒီတုန်းက နေ.လည်ဖက်ဆိုတော့ လူလဲသိပ်မရှိဘူး အေးဆေးပဲ။ ဝက်ခြေထောက်စွပ်ပြုတ်က အရင်ရောက်တယ်။ ရိုးရိုးလေးပါပဲ။ ချက်ထားတာကလဲ ရိုးရိုးလေး၊ ထည့်ပေးတဲ့ ပန်းကန်ခွက်ယောက် တန်ဆာပလာတွေကလည်း ရိုးရိုးပဲ။ အရသာက တော့ တကယ့်အိမ်ချက် ဝက်စွပ်ပြုတ်မျိုး။ သံပုရာသီးလေးညှစ်ထားတော့ ချိုချိုချဉ်ချဉ်လေးနဲ.တော်တော် စားလို.ကောင်းပါတယ်။ မစားဘူး ဗိုက်တင်းလို.သေရပါတော့မယ်ဆိုတဲ့မမက တဇွန်းမြည်းပြီးတော့ သူ.ခွက်ထဲကိုစထည့်ပါတယ်။ ကောင်းရှာတဲ့ဟဲ့တဲ့။ ရခိုင်ဘက်မှာ လုပ်တဲ့ ဝက်စွပ်ပြုတ်နဲ.တူတယ်။ ရခိုင်မှာက ချဉ်အောင်ဆိုပြီး ကန်ပွန်းချဉ်ထည့်ပြုတ်တာပဲရှိတယ်။ ဒါမျိုးရိုးရိုးလေးနဲ. ကောင်းကောင်းလေး မသောက်ရတာကြာပြီတဲ့။ အဲဒါနဲ. သွားနာလို. အမ်စီယူထားတဲ့ သူငယ်ချင်းကလည်း ဝင်မြည်းတယ်။ ဆိုးရှာပါဝူးတဲ့။ ဟင်းရည် အရင်ကုန်သွားလို. နောက်တကျော့တောင်ထပ်တောင်းယူရတယ်။

ခဏနေကျတော့ မာလာဟင်းလာချပေးတယ်။ Ah fa က အမ အစပ်စားနိုင်လားတဲ့။ စပ်စပ်လေးလုပ်ထားပေးတယ်တဲ့။ အမလေး ရတယ် စပ်ပေ့စေလို.။ ပေါက်စီလေးနဲ. အရင်တွဲစားကြည့်တယ် မာလာဟင်းအရည်နဲ.။ စပ်တယ် တော်တော်စပ်မယ် ဒါပေမယ့် အရမ်းကိုကောင်းတယ်။ မန္တလေးက အိမ်နားက တရုတ်ဆိုင်မှာ စားခဲ့ရတဲ့ မာလာဟင်းကို သတိရတယ်။ မာလာဟင်းလုပ်လုပ်ကျွေးတဲ့ နွယ်နီလင်းကြီးကို လည်းသတိရသွားတယ်။ ဆက်စပ်ပြီးသတိရသွားတဲ့ အကြောင်းတွေတော်တော်များတယ်။ ကိုယ်လည်းစားပြီးတော့ ပြောလိုက်တယ်။ Ah fa အမနင်တို.ဆိုင်က အစားအသောက်ကို Food Review ရေးချင်တယ်လို.။ ကိုယ့်ဘလော့မှာ မြန်မာအစားအသောက်အကြောင်း ရေးထားတဲ့ဟာမရှိသေးဘူး။ ကိုယ်ကောင်းတယ်လို.ခံစားရတဲ့ ဆိုင်တိုင်းကို ကို ရေးတတ်ပါတယ်။ စီးတီးဟောမှာ ကိုယ်ကြိုက်တဲ့ဆိုင်ဆိုလို. အင်းလေး၊ လွိုင်နိုင် ရယ် အခုဒီဆိုင်ရယ်ပဲရှိတယ်။ ရေး အမ ကောင်းတယ် တဲ့ သူကတော့ ပြောတာပေါ့။ ၂မျိုးပဲစားခဲ့ရလို. အားမရပါဘူး ရေးရတာ။ ကိုယ်ကတော့ ကိုယ်စားပြီးတော့မှ ကောင်းမကောင်းရေးမယ်။ ကိုယ်မမြည်းဘဲနဲ. ကောင်းတယ်လို. မပြောချင်ဘူး။ ခုတော့ ပြောလို.ရပြီ။ အဲဒီမှာ သွားစားရင် ဝက်ခြေထောက်စွပ်ပြုတ်နဲ. မာလာဟင်းကို မြည်းကြည့်ဖို. မမေ့နဲ.။

နောက်နေ.မှာ တခေါက်သွားပါအုံးမယ်။ အကင်စားဖို.။ ငါးကင်နဲ. ဘီယာအရမ်းကောင်းတယ်လို. ပြောတဲ့လူကတော့ ပြောသွားတယ်။ မန္တလေးက ကိုယ်စားနေကျ ငါးကင်နဲ. ယှဉ်နိုင်ပမလား။ ကိုယ်၆နှစ်လုံးလုံး သတိရနေတဲ့ မန္တလေး အစားအစာ အရသာကို ပေးနိုင်ပမလားဆိုတာတော့ အကင်စားပြီးမှပဲ ထပ်ပြောတော့မယ်။း)





Mandalay Style Facebook Profile to become a fan!!
http://www.facebook.com/photo.php?pid=3171802&id=784503009&comments&alert#/pages/Singapore-Singapore/Mandalay-Style/396644770401


ခိုင်ဝေဇံ

In case it happens!!





I knew it. I always know that It will come  one day but I didnt expect that day to come so early.

It has been quite a while that I have frequent dizziness, drowsiness and headache. I feel like my head is spinning,  feel lethargic and weak. After considering all these factors listed below, I am forced to believe that I have high blood pressure.

  • My dad has high blood pressure. So was his dad and his dad's dad.
  • My mom also has high blood pressure. So was her dad and her dad's dad.
  • My  daily food intake contains super high cholestrol level food such as prawns, crayfish, cheese, sea shells, crabs, eggs, fat-loaded singapore chicken and  ++++++++++++.
  • I dont have regular timing to have my breakfast, lunch or dinner.
  • I dont eat breakfast but eat heavy lunch, super heavy dinner and double heavy supper.
  • I would rather kill myself than doing exercise.
Who the hell I am not to get high blood pressure??

Lately, after having some heavy meal, I started to feel drowsy, headache and stiff shoulders and of cuz panadol is not much help althou I double up the dosage. I just feel really really sick and cant move around too much (well I dont move around much even if I can). I just have to stay in my bed all day long. I lost my concentration and focus. I cant use computer as it makes me feel more dizzy. When the frequency has  increased about once in every two days, I came to  notice that when I had certain food like coconut milk,glutinous rice and too much seafood, I started to fall sick the very next day.  I know I deserve to have high blood pressure by all means after realizing I have the gene + my life style issue+ my bad eating habit. But I feel somehow pissed off and disappointed at myself. Lordy lord, what have I become at my late twenties (late late twenties in fact)?? I still have so many food that I havent tried yet. What if I really have high blood pressure and what if  my doctor ask me to stop eating high cholestrol food intake??? I would, then, have no choice but these;
  • Still continue to eat but do exercise regularly (most likely wont happen).
  • Eat happily now and die miserablely later. (**cough cough**)
  • Stop eating those food I like completely and follow doctor's instructions and keep healthy life style ( confirm it wont happen)
How about second choice??? :D So after analyzing what is most likely to happen in next twenty years, I think I would like to say sorry to these personnal ;

  • To my now boyfriend and my future husband; Sorry dear, If I have become a burden to you after having hypertension, diabetes and kidney disease and bed ridden and still havent die ( I wont kill myself ,I am a coward), do take care of me.
  • To my future children; Sorry kiddo, if mommy has become a burden to you as you ll have to take care of me after u all grown up , ur father pass away, but mommy still havent died yet despite of having all these diseases.
  • To my sister; Sorry sis, If I have become a burden to you after being bed ridden. You would have to take care of me in case I divorce or I dont have any children to do so after my husband pass away.
What if I have nobody to take care of me when I become old and bed ridden??? I might consider to commit sucide, then. I wont jump off from high building cuz I dont want to die in ugly and funny posture. I wont run across the road and let the car hit me as I prefer to die in one piece.

The only way for me to kill myself is to eat two incompatible food and die happily of food poisoning. Can you suggest me which food combination is the best to have the worst food poisoning?? I have tried duck egg and melon. No, I didnt die and I am the living proof that, those shit your mom used to tell you not to eat the two food together is WRONG!! I just had a little diarrhoea thou. :D

Khine Wai Zan

Read this, if you are a male Anopheles mosquito!!!


The most amusing news I have ever read.  I know they are being totally serious but still, I found it to be utterly haliriuos. I want to welcome them to Myanmar, the land of bugs, dust and mosquitoes, and see what could they do to thousand of  Anopheles Male Mosquitoes. That is going to be one hell of a big project.
ROFLMAO = Roll on the floor laughing my ass off



Here is the poor thing to take a good look at it.. It is ugly cuz its a male. Remember?? Male mosquito neither bite nor suck blood. They are  used solely for reproduction. How cool is that to be a part of female dominating species?  These female mosquitoes must be sadists. They just step on males after mating and then take a sip of sweet sweet human blood and have fun. They dont live long. Good for them. That means they dont really have to suffer and go thru hell like some of us do. May be I gotta wish to become a female mosquito in my next life, when I pray. :)

ပိုလီကျောင်းသားဟောင်းတယောက်ရဲ့ဖွင့်ဟဝန်ခံချက်** အဟီး**





နာပါတယ်လို.ကြည့်လိုက်တော့ ဒူးမှာ အညိုအမဲတွေစွဲနေတာတွေ.တယ်။ ဘယ်မှာ ခိုက်မိမှန်းတောင် မသိတော့ဘူး။ မခိုက်ပဲနေမလား  Yearly PM(preventive maintainance) လုပ်ရတာ လူတကိုယ်လုံး စက်ထဲဝင်တော့မယ်။ အညိုအမဲ စွဲတာတော့ စာတောင်မဖွဲ.တော့ဘူး။ အရင်တုံးကမှ ဦးစိုင်းလေးဘာလေး လိမ်းသေးတယ်။ အခုကတော့ အရေးသိပ်မလုပ်တော့ဘူး။ အိမ်သာမြန်မြန်သွားပြီးတော့ လေဆာ စက်တွေ troubleshoot လုပ်တဲ့ လေဆာ Lab ထဲကို ပြေးရပြန်တယ်။ ဟောလီးဒေး season မှာ နားများနားရမလားမှတ်တယ် စက်တွေက တလုံးပြီးတလုံး ပျက်နေတော့တာပဲ။ Cleanroom ထဲဝင်ရမှာဆိုတော့ hair net ရယ်။ Mask နဲ. Glove တွေကို မြန်မြန်သွက်သွက်ဝတ်လိုက်ပြီးတော့ Cleanroomဝတ်စုံကြီးကို ခေါင်းကနေ စွပ်ချလိုက်တယ်။ တကိုယ်လုံး ပူစပ်ပူလောင်ခံစားလိုက်ရတယ်။ ဟိုပြေး ဒီပြေးလုပ်နေရတာဆိုတော့ ချွေးတွေကလဲ ပြန်နေတယ်။ လေဆာခန်းထဲ မဝင်ခင် Air Shower အခန်းထဲကို ဝင်ရသေးတော့ အဲဒီ အခန်းရောက်မှ လေတွေတဝူးဝူးနဲ. တကိုယ်လုံးနည်းနည်းအေးပြီး အမောလေးပြေသွားတော့မယ်။ အမလေး မောပ။ လုပ်စားကိုင်စားရတာ မလွယ်ပလား။

လေဆာခန်းထဲရောက်တော့ ပါတနာက ဂိမ်းလေးဆော့နေတယ်။ Temperature Optimization လုပ်နေတယ်တဲ့။ ကိုယ်ကြမ်းပြင်ပေါ်မှာ ခြေပစ်လက်ပစ်ထိုင်ချပြီး ခဏနားလိုက်တယ်။  ခဏကြာတော့ လေဆာ Head က Temperature Optimization ပြီးသွားတယ်။ ကိုယ်လေဆာ မျက်မှန်ကိုတပ်ပြီးတော့ Shutter ကိုဖွင့်လိုက်တယ်။ အစိမ်းရောင်လေဆာတန်းကြီးက ကြည့်ရတာ လှတောင်လှနေသလိုပဲ။လေဆာ ပါဝါက ၃၀ ဝပ်တောင် လက်နဲ.များထိလို.ကတော့ သွေးစိမ်းရှင်ရှင်ထွက်သွားမယ်။ မျက်မှန်မပါပဲ ၂ စက္ကန်.လောက်ကြည့်ရင်တောင် ကာလာဘလိုင်းဖြစ်သွားနိုင်တယ်။ အရင်တုန်းက တော့လေဆာကို ရဲရဲမကြည့်ရဲဘူး။ ခုတော့လည်း ရိုးသွားပါပြီ။ တခါတလေ ပါဝါလေးကိုလျှော့ပြီး လေဆာကို လက်နဲ.တောင် သွားကာပြီးကြည့်လိုက်သေးတယ်။ မျက်မှန်မတပ်ပဲလဲ ကြည့်တာပဲ ကိုယ်ကတော့။ မဟုတ်ရင်သေချာမှ မမြင်ရတာ။ အလိုင်းမန်. (alignment) တွေဘယ်လိုသွားလုပ်မလဲ။

ကြားဖူးတာကတော့ ဆေးရုံမှာ ဓါတ်မှန်ရိုက်တဲ့ စက်နဲ. အလုပ်လုပ်တဲ့ ဝန်ထမ်းတွေက ကင်ဆာနဲ.သေတာများတယ်တဲ့။ လေဆာပါတာဆိုတော့ radiation နဲ. အမြဲတမ်းထိတွေ.နေရလို.ပဲ။ အဲလိုသာဆိုရင်တော့ ကိုယ်လဲ ကင်ဆာနဲ.ပဲ သေမှာပဲလို. စဉ်းစားမိတယ်။ ကိုယ်က radiation တင်မကဘူး လေဆာ ray  ကြီးနဲ. တိုက်ရိုက်ကြီးထိတွေ.နေရတာကိုး။ မတတ်နိုင်ဘူးလေ။ ကိုယ်ရွေးချယ်ခဲ့တဲ့ ဘဝလမ်းကြောင်းပဲ။ ကိုယ့်ဇာတ်ကို နိုင်အောင်ကိုယ့်ဘာကို ကရတော့မှာပေါ့။ ကိုယ့်အမေ မြင်လို.ကတော့ အရမ်းစိတ်ပူမှာ ပဲလို.စဥ်းစားမိတယ်။ အဖေကတော့ သေချာပေါက်ပြောလိမ့်မယ် သမီးဒီအလုပ်ကထွက်လိုက်တော့လို.။ ဒါပေမယ့် ပိုလီကဆင်းပြီးတော့ ပိုက်ဆံလေးပုံမှန်ရှာနိုင်တာ ဒီအလုပ်ပဲရှိတယ်။ OT လေး ၄ ၅ ရက်လောက်ရလိုက်ရင် ပိုက်ဆံမြိုးမြိုးမြက်မြက်ကလေး ရနေတဲ့ အလုပ်တခုကို ရပ်ရဲတဲ့ သတ္တိ ကိုယ့်မှာ မရှိသေးဘူး။ အိမ်ကို ဘယ်လိုပိုက်ဆံပြန်ပို.မလဲ (အမှန်တော့ ခုလဲမပို.ဖြစ်ပါဘူး)။ ကျောင်းလခ ဘယ်လိုလုပ်ပေးမလဲ။

ပိုလီတုန်းကတော့ Seagate တို. HP တို. Chartered တို.လို. Manufacturing ကုမ္ပဏီကြီးတွေမှာ အလုပ်ရချင်တာ နန်.နန်.ကို တက်လို.။ ဘာရယ်လို.မဟုတ်ပါဘူး။ ကိုယ့်စီနီယာတွေ အဲလိုနေရာတွေမှာလုပ်ပြီး ဆိုင်ကယ်လေးတဝီဝီနဲ. သွားနေကြတာမြင်တော့အားကျခဲ့တာပေါ့။ အိုတီ ရလို.ကတော့ လခဘယ်လောက်ရတယ် ညာလောက်ရတယ်နဲ. ပြောသံတွေကလည်း အားရစရာကြီးကိုး။ ပြီးတော့ ပိုလီဆင်းတဲ့ လူတွေမှ သူတို.က ခန်.တာဆိုတော့ ကိုယ့်စိတ်ထဲမှာ အဲဒီတချက်နဲ.တင် တော်တော်လေးကျေနပ် နေပြီ။ ကိုယ်ကပင်ပင်ပန်းပန်းနဲ. ပိုလီသုံးနှစ်သင်လာရပြီးတော့ ကိုယ့်အထက်စီနီယာက ဗမာပြည်ကဘွဲ.နဲ.ဖြစ်နေရင် တော်တော် ဖီးလ်အောက်ရမှာ။ ဟိုကဘွဲ.နဲ. ဒီမှာ NUS မှာ ဘွဲ.လွန်လာတက်ရင်ပိုတောင်ဆိုးသေးတယ်။ သူတို.က မာန်တွေကလဲတက်သေးတာလေ။ NUS ကမာစတာပြီးပါတယ်ဆိုပြီးတော့။ ကိုယ်တို. ပိုလီတွေကတော့ အမြင်ကတ်ကြတာများတယ်။ ဟိုမှာ သက်သက်သာသာလေးတက်လာပြီးတော့ ဒီလာရင် ကိုယ့်ထက် ဘွဲ.သာသွားတာကိုး။ ကြည့်လိုက်တော့ အင်္ဂလိပ်စကားကလဲ လေးလုံးကွဲအောင်မပြောတတ်ဘူး၊ ဝတ်တာစားတာကလဲ အောက်သေးတယ်ပေါ့လေ။ တော်တော်များများက ဘွဲ.ရပြီးမှလာကြတာဆိုတော့ အသက်တွေကြီးကုန်ကြပြီကိုး။ နောက်မှကိုယ်ပြန်စဉ်းစားမိတယ်၊ ကိုယ့်တို. အင်္ဂလိပ်လို ပြောတာကရော ဘယ်လောက်များ ပီနေလို.လဲလို. ဒီစလုံးစကားကိုပဲ အဟုတ်ကြီးလုပ်ပြီး ယားလား နိုးလားနဲ.ပြောနေကြတာပဲဟာကို။ ခုတော့လဲ နားလည်ပေးတတ်ပါပြီ သူတို.ဘက်က။ ဒါပေမယ့် အမြင်ကတ်သလားဆိုတော့ ကတ်သေးတဲ့။ တချို. အထာကြီးနဲ.လုပ်နေတဲ့ ကိုကိုမမများကိုပေါ့။ NTU NUS မှာ ဒီဂရီတန်းတက်တယ်ဆိုရင်တော့ တမျိုးပေါ့လေ။ အင်ပရက်ရှင်က မတူဘူးပေါ့။

အခုတော့လဲ ကိုယ်အခုတက်နေတဲ့ ဒီဂရီကို ပိုက်ဆံပေးပြီးတော့သာ ဝယ်လိုက်ချင်တယ်။ အသက်လဲကြီးပြီဆိုတော့ ကျောင်းလဲမတက်ချင်တော့ဘူး၊ စာလဲမကျက်ချင်တော့ဘူး။ ဒါပေမယ့် ဒီဂရီလေးရှိမှ နောက်ထပ် ပရိုမိုးရှင်းလေး ဘာလေးက ရမှာကိုး။ ဒီပလိုမာ အဆင့်လောက်နဲ.လဲ မကျေနပ်နိုင်ပါဘူး။ ခုမှ ပိုလီတက်မိတာ ကိုယ်နောင်တရတယ်။ ကိုယ့်မှာ အဆက်အသွယ် အဲလောက်မရှိတော့ နိုင်ငံခြားမှာ ကျောင်းတက်ချင်တာပဲသိတယ်။ အရှည်ကို မစဉ်းစားမိဘူး။ ပိုလီလေးတက်ရတာပဲ တော်တော်ဟုတ်လှပြီထင်ခဲ့တယ်။ ခုအချိန်တွေပြန်လှည့်လို.ရရင် ဘယ်လောက်ပဲခက်ခက် ဒီဂရီတန်းယူဖို.ပဲ စဉ်းစားမယ်။ ခုတော့ ကြည့်လေ။ ပိုလီက သုံးနှစ် ဒီဂရီကလေးနှစ် နဲ. ဘွဲ.လေးတခုလောက်ရဖို.ကို ခုနှစ်နှစ်လောက်အချိန်ယူရတယ်။ SAT 1 ရယ် 2 ရယ်ကို ၂ နှစ်လောက်အချိန်ပေးပြီးဖြေလိုက်ရင် ကိုယ့်အရည်အချင်းနဲ. အသာလေး အမှတ်ကောင်းကောင်းနဲ.အောင်တယ်။ ၄ နှစ်နဲ. ဒီဂရီအေးအေးဆေးဆေးပြီးသွားရင် မာစတာတက်ဖို. ကို စဉ်းစားလို.ရပြီ။ အင်း ကိုယ့်ညီမလေးတော့ ကိုယ့်လိုမဖြစ်စေချင်ဘူး။ ခုမှနောင်တရနေလို.လဲ သိပ်တော့မထူးပါဘူး။ တခါတလေ ကိုယ့်ထက်အခြေအနေဆိုးတဲ့လူတွေ အများကြီးပါလားလို.တွေးပြီး စိတ်ဖြေ၇တယ်။

ခုတော့လဲ ဒီစက်တွေကြားမှာနေသားကျသွားပါပြီ။ ပလာယာနဲ. စပါနာဆိုတာ ခွဲသိသွားပြီ။ မိန်းကလေးဆိုပြီး နုနုရွရွလုပ်နေလို. မရတော့ဘူး။ ရာသီလာလို. ဗိုက်တွေနာနေပါတယ်လို.လဲ ထိုင်နေလို.မရဘူး။ မစရာရှိတာ မ ရတယ်။ တင်စရာရှိတာ တင်ရတယ်။ လေဆာရယ်လို.ကြောက်နေလို.မရဘူး။ နဂိုကမှ မနွဲ.တတ်တဲ့ ကိုယ်ကပိုကြမ်းသွားတယ်။ ဒါပေမယ့် မိန်းကလေးဆိုတော့ ဘယ်လောက်ပဲမာမာ တချို.နေရာမှာ ကိုယ့်အားနဲ. မနိုင်တဲ့အလုပ်တွေရှိတယ်။ အဲလိုဆိုတော့ ကိုယ့်ပါတနာကို မျက်နှာပူရသေးတယ်။ ကိုယ်ကံကောင်းပါတယ်။ ကိုယ့်အလုပ်ကလူတွေက အရမ်းကောင်းတယ်။ စလုံးငပျင်းတွေသိပ်မရှိတာလဲပါတယ်။ Manufacturing Company ဆိုတော့ ခြေလက်မလှုပ်ချင်တဲ့ စလုံး တရုတ်တွေသိပ်မရှိဘူး။ အတော်ကိုစိတ်ချမ်းသာတယ်။ အချင်းချင်းလဲ ဖေးဖေးမမ ရှိကြပါတယ်။ ဗမာတွေလည်းအများကြီးပဲ။ ကိုယ့် department ကဗမာတွေအားလုံး ဘက်ညီတယ် စည်းလုံးတယ်။ ပျော်စရာကောင်းတယ်။

အလုပ်ဆိုတာကတော့ ကောင်းတဲ့အချက်ရှိသလို ဆိုးတဲ့အချက်လဲ ရှိမှာပဲ။ ဂျီးများနေလို.မရဘူးဆိုတာ ကိုယ်နားလည်တယ်။ ဒါပေမယ့် ကိုယ်လုပ်နေရတဲ့ အလုပ်က ကိုယ်လုပ်ချင်တဲ့အလုပ်မဟုတ်ဘူး။ ကိုယ်အင်ဂျင်နီယာ အလုပ်ကိုလုံးဝ ဝါသနာမပါဘူး။ ကိုယ်က Litreature ဝါသနာပါတယ်။ ကိုယ် UN တို.NGOတို.မှာ အလုပ်လုပ်ချင်တယ်။ ဒါမှ မဟုတ် ဟိုတယ်ဝန်ထမ်းလုပ်ချင်တယ်။ ကိုယ်က Customer Service ကိုဝါသနာပါတယ်။ ဒါမှ မဟုတ်ရင်တော့ Food Show Host လုပ်ချင်တယ်။ ဒါကတော့ ကိုယ့်ရဲ့ Life Long Ultimate ရည်မှန်းချက်ပဲ ဟီးဟီး။ ဒါပေမယ့် ကိုယ်ပိုလီလျှောက်တဲ့ နှစ်က Engineering Courses တွေပဲယူလို.ရတယ်။ ကျန်တဲ့ ဟာတွေ ပေးမလျှောက်ဘူး။ ဒီတော့ မြန်မြန်လာချင်ဇောနဲ. ရတာယူလိုက်တာ။

ပေးချင်တဲ့ မက်ဆေ့ခ်ျကတော့ အသက်ငယ်သေးရင် ကိုယ့်လျှောက်ရမဲ့လမ်းကို အသေအချာစဉ်းစားပါ။ ခဏလေးကို မကြည့်နဲ.။ PLAN ကို အသေအချာချပြီးတော့မှ လုပ်စရာရှိတာကို ရဲရဲသာလုပ်တော့။ အသက်မွေးဝမ်းကြောင်းတခုကိုရွေးပြီးရင် နောက်တခုကို ပြောင်းဖို.ဆိုတာအတော်ကို ခက်ပါတယ်။ ကိုယ်ဒီဂရီယူမယ်လို. စဉ်းစားတော့ အင်ဂျင်နီယားရင်း နဲ. မဟုတ်ပဲ တခြားဟာတွေပြောင်းယူဖို. စဉ်းစားတယ်။ ဒါပေမယ့် သတ္တိမရှိဘူး။ ကိုယ်လိုင်းကြောင်သွားမှာအရမ်းကြောက်တယ်။ အဲဒီလိုနဲ.ပဲ ဒီလမ်းမှားကြီးကို ဆက်လျှောက်ရတော့တယ်။ ခုတော့လဲ စိတ်ဒုန်းဒုန်းချလိုက်ပြီ။ ဖြစ်အောင်တော့လုပ်မယ်လို.။  အငယ်လေးတွေကတော့ စဉ်းစားကြပေါ့။ ကိုယ်ကရေးသာရေးရတာ သူတို.နားထောင်မယ်လဲ မထင်ပါဘူး။ ကိုယ့်တုန်းကလဲ လာချင်ရက် စက်စက်ယို နားမှ မထောင်တာ။း) နောက်ဆုံးတော့လည်း ကံကိုပဲ အပြစ်ပုံချရတော့မယ်ထင်ပါရဲ့။

ခိုင်ဝေဇံ

New Year Night



ဘာလုပ်နေလဲ လို.မမေးနဲ.။  ကိုယ်လည်းတတ်နိုင်သမျှ celebrate လုပ်လိုက်တာပါ။ Channel 5 ကလာတဲ့ Count Down Show လောက် Lame ဖြစ်တဲ့ ရှိုးမျိုးကို တော်တော်ရှာယူရမယ်။ ပွဲစားနိုင်ငံလို.မပြောရဘူး။ အနုပညာဘက်မှာ ပါရမီကိုမရှိကြတာ။ ကောင့်ဒေါင်းပွဲမှာ ဆိုတဲ့အဆိုတော်ထဲမှာ ကောင်းတဲ့သူ တယောက်မှ မပါဘူး။ အံ့ရောဘဲ။ အဲဒါနဲ. ဖဲပဲထိုင်ဆော့နေလိုက်တယ်။ အေးရာအေးကြောင်းပေါ့။ 

အဲဒါတွေလုပ်နေတာ။

ဘဇောင်စော်တိလေး


၃၁ ရက်နိမှာ ဇာလုပ်နီလေဆိုကေ ငုတ်တုတ်ထိုင်နီပါရေ အိမ်မှာ။ အဂုမှ အလုပ်ကပြန်ရောက်သိ။ ညောင်းကညောင်းနန်.။ စားဖို.စော်လေ့ တခုလေ့ မရှိ။ အေ၁ရက် ၂ရက်မှာ ကောင်းစိတ်အနှောက်အယှက်ပီးစော်လူတိ များစော်ရာမနား။ နိလေ့ မအီးချမ်း၊ ညည့်လေ့မအီးချမ်း။ အေနိခါ အရာပြသနာတခုထပ်လို.တက်တေ။

အကျွန်အေအမ်ပီ ရခိုင်ဝဘ်ဆိုဒ်ကထွက်လာခကပင် ဆုံးဖြတ်ချက်တခုချထားရေ။ Facebook ရို. Friendster ရို.ပိုင် Social network တိက လုံးဝ ဓါတ်ပုံမတင်ရေလူတိ Friend Request ရောက်လာဂေ လက်မခံဖို.။ ကိုယ့်ရုပ်ကို ကိုယ်မပြဝံ့ရေလူတိတောမှာ မနီချင်လို.ထွက်လာစော်။ နောက်ပိုင်း Friendster အကောင့်က လူကကောင်းများပြီးကေ ဗြောက်သောက်ဖြစ်လာလို. ဖျက်ပလိုက်ရရေ။ Facebook တခုရာ အလှပ သုံးဖြစ်နီရေ။ ယင်းချင့်မှာလေ့ ဓါတ်ပုံတင်ရေလူမှ လက်ခံရေ။ ဓါတ်ပုံ အတုကိုတင်ထားလာ၊ အစစ်ကို တင်ထားလာဆိုစော်ကို ခွဲဖို.ကလွယ်ရေ။ ဓါတ်ပုံတင်ထားရေလူတိစော် မဟုတ်စော်လုပ်စော်ယလောက်မရှိ။ ဓါတ်ပုံမတင်ဘဲနဲ. မမချေတိကို လိုက်လို. အပ်ဒ်လုပ်ဖို.။ ယပြီးကေ စုတ်ပီစုတ်ပ ပြောဖို.။ တခါပြောလိုက်ရဂေလေ့ နည်းလာ ဆိုစော်လူတိက ရှိသိရေ။ ဇာအဓိပ္ပါယ်လေ မဆိုနိုင်။ ယင်းပိုင်လူတိ ကောင်းအများကြီးလတ်။ သူငယ်ချင်းမမချေတိ ပကလေ့ ပြန်ကြားရရေ။ မမချေတိ သတိထားကတ်ပါ။

အဂုတလော Facebook မှာ ရခိုင်သားတိ ကောင်းအများကြီးရောက်ပါလတ်တေ။ သူရို.ကလည်း ကိုယ့်ကို အပ်ဒ်လုပ်တေ။ အော် ကိုယ့်ရခိုင်သားရာမနား ဆိုပြီးကေ ဓါတ်ပုံတင်ထားရေလူတော်တော်များများကို လက်ခံလိုက်တေ။ ယဂေတခါ ယင်းသူရို. သူငယ်ချင်း စာရင်းထဲမှာ ရှိရေ ကုလားတိက လာပြီးကေတခါ invite လုပ်ကတ်တေ။ တခါတခါ ဘင်္ဂလားကရခိုင်သားတိကလေ့ ကုလားပိုင်နာမည်နဲ. ရှိတတ်တေခါကိုယ်ကလေ့ Confuse ဖြစ်တေ။ အယင်တပတ်ကယင်းပိုင်တယောက်လာပြီးကေ အပ်ဒ်လုပ်တေ။ သူ.ဓါတ်ပုံကိုလေ့တွိရေ အသေအချာတော့မကြည့်လိုက်။ ယပြီးကေ သူနဲ.ကိုယ်နဲ.ကြားမှာ mutual friend ကိုကြည့်လိုက်တေအခါ ရခိုင်သမချေတယောက်ကိုတွိရေ။ ကိုယ်လေ့ အချင်းချင်းလားမသိဆိုပြီးကေ လက်ခံလိုက်တေ။ ယေမှာ အယင်၁ရက် ၂ရက်က မဟုတ်စော် ဟုတ်စော် message တိပို.ရေ။ ကိုယ်ကတော့ခါ အေကိစ္စမျိုးကြုံဖူးလို. ဒေါသကိုနောက်ထား Facebook Team ဘမှာ အရင် Report လုပ်လိုက်တေ။ ယပြီးက သူ.သူငယ်ချင်းစာရင်းထဲမှာ ရှိရေ ရခိုင်သမချေကိုလေ့ သတိပီးလိုက်တေ။ ယင်းကလေ Profile ကိုပါထည့်ပြီးကေ သတိပီးလိုက်စော်။ ယေမှာ ယင်းကုလားက အရှက်မရှိ ဇာပိုင်ပြန်ပြောလေဆိုကေ ခိုင်ဝေဇံက သူ.ဘကို တကူးတက မတ်ဆေ့ခ်ျ ပို.ပြီးကေ ယင်းပိုင်စော်တိကို ပြောရေဆိုမနားယေ။ ယင်းပိုင်နဲ.ပင် ပြသနာတိရှုတ်လခစော် နောက်နိမှာ ယင်းကလေ ရည်းစားသည်က ကိုယ့်ကို မက်ဆေ့ခ်ျပို.ပြီးကေ ဆဲရေ။ ကိုယ်က ထို ကလေ ပြောခါယလောက်ဒေါသမထွက် အရာ ရည်းစားသည်က ကိုယ့်လူအကြောင်းကို ကိုယ်မသိ လင်တရူးပြီးကေ ဆဲလာခါ ကောင်းဒေါသထွက်လခရေ။ ကိုယ်ပြောခါ မယုံ သူ.ရည်းစားပို.ရေဆိုစော်ကို။ နောက်မှ အတိအကျ သူ.ရည်းစားမက့်ဆေ့ခ်ျကို Print Screen လုပ်ပြီးကေ ပို.လိုက်ခါမှ ယုံလခရေ။ ကိုယ့်ကို တောင်းပန်ပါရေ သူက။ ယကလေ့ ယင်းကလေဖက်က ကာလို.ပြောသိရေ။ ယလောက်မဆိုးပါဘူး ဆိုဝါ။ အော် မမချေတိ မမချေတိ။ ကကောင်းဂွကျရေ။

ွှလမိုက်ရည်းစား; 31 December at 19:40 Report
u knw max is ma bf...n hw dare u to say anytng abt him..........u fukin moreon..............

ကိုယ်;
This is ur lovely bf message to me.. CONGRATULATION CUZ u have a fucking loser as your bf.
you pathetic loser should go and bang your head on the wall to have this kind of lunatic as your bf. I have reported him to facebook team also.. shut the fuck up if you oso dont want to get reported okie??? dont mess with me... how dare i say this to him????? i can scold him until he wants to kill himself for being brought into this world. i can guess what kind of family he came from by looking at these messages.

he must be ugly as hell... so nobody like him and he has become cyber sex offender.... isnt his life pathetic?? i didnt reply him cuz he is not worth replying. i reply you cuz you r a girl. may be u might not know he is doing all these things behind your back. so lady. ask your bf clearly first before you scold other ppl.


ွှလမိုက်ရည်းစား;
i dont believe you .first acceptmy friend req den i wana see da msg........if u relly care abt a woman den do it.......

ကိုယ်;
use ur brain... he is not even worthy to be any girl's bf. why should i add u? u think you can see the messsage if u r in my friendlist?? can anybody see this message and what's between u and me?? anyway, here is the proof... check the image that i attached.


ွှလမိုက်ရည်းစား;
tnxx...fr dat n so sorry.dat i misunderstood u ............have a happy nw year.bt y his pic is nt showing?
i can see his profile pic over dere.................

ကိုယ်;
he deleted aleady... i should have captured when it was sitll in display. but is that his real photo. I dont think so. He looks like a white there.


ွှလမိုက်ရည်းစား;
dere is ambigiuty because i dont tnk its my max cz his pic is nt showing..........i tnk u r misunderstanding him..........n by the way am saying soryy to you on behalf of him.........he is kinda naughty........bt nt bad u knw.........jst forget it............

ကိုယ်;
i realize you are a good girl after chatting a while with you. If he didnt sent me the message, why must he remove his pic?? You can ask whoever commented in Khin Mu's profile about this topic. they all have seen his pic before.. yeah,, i will just forget it. but just want to warn you.. dont ever get blinded cuz of his out appearance. he might be doing that to a lot of girls behind you back. I m talking about the high possibility there as you can see from this incident... Anyway, i ll just cut the topic off here... i wish you all the best and a happy new year.. take care....

ဇာတ်လမ်းက မသန်းဆိုပိုင်ဖြစ်နီဗျယ်။ အော် လောက လောက။ မမချေတိလေ့ ချစ်ပျယ်ဆိုကေ မလွယ်။ ကိုယ်လေ့ ကိုယ့် င်္Facebook security ကိုအတတ်နိုင်ဆုံး စိတ်ချရအောင်လုပ်ထားရဖို.။ ကိုယ်သိစော်လူတိလောက်ကိုပဲ လက်ခံဖို.ဗျယ်။ အလကားပြသနာများရေ။ သူဆဲလို. ကိုယ်ကပြန်ပြောစော်။ ယပြီးကေကိုယ်ဆဲပြီးလို. သူကတောင်းပန်ကေ ကိုယ်ကအလကားနီယင်းနဲ. ၁နာရီလောက် အားနာမိလခသိရေ။ ကိုယ့်စိတ်ကလေ့ ပျော့စော်နေရမှာ တို.ဟူး။

စားမယ်ဝါးမယ် (၁)



(၁) လို.ပြောထားမှတော့ (၂) + ++++ တွေရှိသေးတယ်ဆိုတာ သဘောပေါက်ပေါ့။ ဒီနေ.တော့ စားချင်တာလေးတွေရေးပြီး အကုသိုလ်ယူအုံးမှပဲ။ ကိုယ်ကြိုက်တာထဲမှာ အသက်လွတ်တာက ခပ်ရှားရှားမို.လို.။ အင်တာနက်မှာပဲမြင်ရပြီး အပြင်မှာ စားခွင့်မကြုံသေးတဲ့ အစားအသောက်တွေပါ။ တနေ.နေ. တချိန်ချိန်တော့ စားရမှာပေါ့လေ။ ကိုယ်က ထူးထူးဆန်းဆန်း အစားအသောက်တွေဆို မြည်းကြည့်ချင်တယ်။ သိပ်မကြောက်တတ်ဖူး။ ရွံလည်းတအားမရွံတတ်ဖူး။ လူမျိုးတိုင်း တိုင်းပြည်တိုင်းမှာတော့ Local Delicacy လို.ခေါ်တဲ့ ထူးထူးဆန်းဆန်း အစားအသောက်တွေပေါ့ ။ ကိုယ်တွေအတွက် မထူးဆန်းပေမဲ့ တခြားလူမျိုးအတွက်ကတော့ အံ့သြောစရာပေါ့လေ။ ဥပမာ ဝက်သားတုတ်ထိုး။ ကိုယ့်အတွက်ကတော့ သရေယိုစရာ ဖြစ်ပေမဲ့ အင်္ဂလိပ်တွေကတော့ နှာခေါင်းရှုံ.ကြမှာပေါ့။ ကိုယ်ကတော့ ဘယ်အစားအသောက်ကိုမှ မစားကောင်း မသောက်ကောင်းဘူးရယ်လို. မသတ်မှတ်ပါဘူး။ မကောင်းတတ်လို. လူသားတော့ ချန်ထားလိုက်မယ်။ ကျန်တာတော့ ဘာလာလာရတယ်။ Exotic Food လို.ခေါ်တဲ့ ထူးထူးဆန်းဆန်း အစားအသောက်တွေ ထဲက ကိုယ်မြည်းကြည့်ချင်တဲ့ ဟာလေးတွေ ကို ရေးပေးလိုက်ပါတယ်။

၁။ ပိုးကောင်ကြော်

အေးရှား ဖက်မှာ ပေါပါတယ်။ ထိုင်း တရုတ် ဟောင်ကောင် ဗီယက်နမ်တွေမှာ ပေါပေါလောလောတွေ.ရတယ်။ မြန်မာပြည်မှာတော့ ပုရစ်ကြော်လောက်ပဲရှိတယ်။ ရှမ်းပြည်ဘက်မှာ ကြက်လောက်လို.ခေါ်တဲ့လောက်ကောင်ကြီးတွေကိုကြော်စားကြတယ်လို.ပြောတယ်။ ကြက်ကို အပုပ်ခံပြီး အိမ်ခေါင်မိုးမှာချိတ်ထားရတယ်။ အောက်မှာ ဂျုံမှုန်.တွေခင်းတာရတယ်တဲ့။ ကြက်ကပုပ်ပြီးလောက်တက်တော့ လောက်တွေက အကြီးကြီးတွေဖြစ်လာတယ်တဲ့။ အဲဒီလောက်တွေက ကြက်သားစားပြီး ဝတုတ်နေတာပဲတဲ့။ အစာဝတော့ လေးပြီး အောက်ကခင်းထားတဲ့ ဂျုံမှုန်.ပေါ်ကို ပြုတ်ကျရော။ အဲဒါကို ကြော်စားတာ။ အရမ်းဆိမ့်တာဆိုပဲ။ ခုစားချင်တာက နှံကောင်တို. ချီးပိုးထိုးကောင်တို. ကောပါတယ်။ ကင်းမြီးကောက်ကတော့ အဓိကပေါ့။ ဘာအကောင်ဖြစ်ဖြစ် ပဲဆီလေးနဲ.ကြော်စားလိုက်ရင် ကောင်းမယ်ထင်တာပဲ။ ဟီး။